← Chapters

မျက်နှာဖုံးနဲ့ သူရဲကောင်း..

Vol. 33 Ch. 495

မျက်နှာဖုံးနဲ့ သူရဲကောင်း..

Vol. 33 Ch. 495

ဆန်နီ အိမ်ကို ပြန်ရောက်လာတဲ့ အချိန်မှာတော့..မြို့ရဲ့ ဂုဏ်သရေရှိတဲ့ ရပ်ကွက်တစ်ခုမှာ..ဂိတ်ပေါက် ပွင့်လာတဲ့ အကြောင်းက အင်တာနက်ပေါ်မှာ ပျံံ့နှံ့ပြီးနေခဲ့ပါပြီ..။ကံကောင်းချင်တော့..ရိမ်း တက်နေတဲ့ ကျောင်းရဲ့ တည်နေရာက..သူတို့နှစ်ယောက်စလုံးနေတဲ့ နေရာနဲ့ အတော်လေးကို အလှမ်းဝေးနေခဲ့တယ်..။သူတို့နေထိုင်တဲ့ အိမ်နီးနား ပတ်ဝန်းကျင်တွေကို အပျက်အစီးတွေက တစ်ခုမှ သက်ရောက်ခြင်းမရှိပဲ..ခါတိုင်းလိုပဲ တိတ်ဆိတ်ပြီး အေးချမ်းနေခဲ့ပါတယ်..။

ဒါက အတော်လေးတော့ ထူးဆန်းနေခဲ့တယ်…။အိပ်မက်ဆိုးသားရဲ အလောင်းတွေ ပုံနေတဲ့ မြေပြင်ပေါ်ကနေ မိနစ်အနည်းငယ်လောက် ရထားစီးလာလိုက်တာနဲ့…အရာရာတိုင်းက ပုံမှန်အတိုင်းပဲ ရှိနေခဲ့တာပါ..။ဘဝ က ရိုးရိုးရှင်းရှင်း ပဲ ရှေ့ဆက်ဖြစ်သွားနေခဲ့တယ်..။

ကောင်းပြီလေ..ဒါက သိပ်တော့လည်း အံ့ဩစရာ မကောင်းပါဘူး..။တကယ်လို့ ဂိတ်ပေါက်တစ်ခု ပွင့်လာတာနဲ့ လူတွေက အပြင်းအထန် တုန့်ပြန်ကြမယ်ဆိုရင်..ဘယ်အရာကမှ အဆုံးသတ်တော့မှာ မဟုတ်ပေ..။ပြီးတော့ လူတိုင်းကလည်း သူတို့ရဲ့ ဘဝကို နေ့ရက်တိုင်းမှာ ကြောက်လန့်တကြားနေနေ ရတော့မှာပါ..။ဒီတော့..ကပ်ဆိုးရဲ့ တိုက်ရိုက်သက်ရောက်မူကို မခံခဲ့ရတဲ့ လူတွေအနေနဲ့..ဒီကိစ္စကြောင့် သူတို့ရဲ့ ခံစားချက်တွေ ၊ နေ့စဉ်လုပ်ကိုင်စရာတွေကို အထိခိုက်မခံကြတော့ပေ..။

လူတွေက ဘယ်အရာနဲ့ မဆို အသားကျနိုင်ကြပါတယ်..။ဒါက သူတို့ရဲ့ လမ်းကြားထဲမှာ အက်ကွဲကြောင်းကြီးတစ်ခု ရုတ်တရက်ပေါ်လာပြီး..ကြောက်မက်ဖွယ်ရာ မွန်းစတားတွေ ဝင်ရောက်လာနိုင်တယ် ဆိုရင်တောင်မှပါ..။မြို့ရဲ့ အခြေခံကျတဲ့ နေရာတွေ ပျက်စီးသွားတာမျိုး အဖြစ်သ၍ ဘယ်သူကမှ ဂရုစိုက်ကြမှာ မဟုတ်ပါဘူး..။ပြီးတော့..ဒီလိုဖြစ်လာမယ် ဆိုရင်တောင် လူတွေက ဒီလိုအရာတွေကိုလည်း အသားကျအောင် နေနိုင်ပါသေးတယ်..။လူထုသယ်သူပို့ဆောင်ရေး လမ်းကြောင်းတွေကို ပြောင်းလဲမယ်..။လျှပ်စစ် ဓာတ်အားတွေကို အလိုလျောက် ဓာတ်အားထုတ်လုပ်ရေး တွေ ဒါမှမဟုတ် ရိုးရှင်းစွာပဲ ဖယောင်းတိုင်တွေ အသုံးပြုပြီး..အစားထိုးသွားကြမှာပါ..။

ဂိတ် ကို ထိန်းချုပ်လိုက်ကြပြီး..သက်ရောက်ခံခဲ့ရတဲ့ နေရာတွေကိုတော့ အစိုးရအလုပ်သမားတွေက ရှင်းလင်းရေးတွေ လုပ်ဆောင်နေကြလောက်ပါပြီ..။မနက်ဖြန်ရောက်လာတဲ့ အချိန်ကြရင်တော့..ဆန်နီ လည်ပတ်ခဲ့တဲ့ ကဖေး ဆိုင်လေးကလည်း ဘာမှ မဖြစ်ခဲ့သလိုပဲ ပြန်လည်ဖွင့်လှစ်နေခဲ့တော့မှာပါ..။အသက်ရှင်နေထိုင်မူ အားလုံးက ပုံမှန်ပဲ ပြန်ဖြစ်သွားပါလိမ့်မယ်..။

…ဂိတ်ပေါက်ပွင့်ပြီး..ထိပ်လန့်ဖွယ်ရာ အန္တရာယ်နဲ့ ရင်ဆိုင်ခဲ့ရတဲ့ သူတွေကတော့..သူတို့ရဲ့ နှလုံးသားထဲမှာ မမြင်နိုင်တဲ့ အမာရွက်တစ်ခုက တိတ်တဆိတ်ဆိုသလိုပဲ နေရာယူသွားခဲ့ပါပြီ..။သို့ပေမယ့် ဒါက အဆင်ပြေပါသေးတယ်..။အမာရွက်တွေ ကို စုဆောင်းတာကလည်း..ဒီကမ္ဘာပေါ်က လူတိုင်း ရင့်ကျတ်လာဖို့အတွက် မဖြစ်မနေ လုပ်ရမယ့်အရာတစ်ခုပါပဲ..။ဒါက ..အိပ်မက်ဆိုးအခိုက်အတန့်ရဲ့ စစ်မှန်တဲ့ လက်တွေ့ အခြေအနေတစ်ခုပါ..။

‘ငါက ဘာလို့ ရုတ်တရက်ကြီး အတွေးအခေါ်ပညာရှင် တစ်ယောက်လို ခံစားချက် ဝင်သွားရတာလဲ..’

ဆန်နီ ခေါင်းခါယမ်းလိုက်ပြီး လှောင်ပြောင်လိုက်ကာ..သူ့ရဲ့ အိမ်တံခါးကို ဖွင့်လိုက်တယ်..။

အယ်ဖီကတော့ ဧည့်ခန်းထဲမှာ ရှိနေခဲ့ပြီး..ဆန်နီ ငွေပေးဝယ်ထားခဲ့ရတဲ့..အဆင့်မြင့်ဖျော်ဖြေရေး စစ်စတန်တစ်ခုကို ဇိမ်ကျကျ အသုံးပြုနေခဲ့ပါတယ်..။သူမ သူ့ကို မြင်လိုက်တဲ့ အချိန်မှာတော့..သူမရဲ့့ မျက်နှာပေါ်မှာ အံ့ဩတဲ့ အမူအရာတစ်ခု ပေါ်လာခဲ့တယ်..။

“ဘုရားရေ ..နင် ဘာဖြစ်လာတာလဲ..။နင့်ခေါင်းပေါ်ကို ပီယာနို တစ်ခု ပြုတ်ကျလာတာလား..”

‘ဘယ်လို ထူးဆန်းတဲ့ မေးခွန်းမျိုးလဲ..’

ဆန်နီ သက်ပြင်းချလိုက်ပြီး..သူမကို တိတ်တခိုး လှမ်းကြည့်လိုက်တယ်..။

“မဟုတ်ဘူး..။ငါ့ခေါင်းပေါ်ကို ဂိတ်ပေါက်က ပြုတ်ကျလာတာ..။အဲဒီအရာက ငါထိုင်နေတဲ့ ကဖေး ဆိုင်ရဲ့ အနားမှာ ပွင့်လာခဲ့တာလေ..။သူတို့က တကယ်ကို မယုံနိုင်စရာကောင်းတဲ့ အစာသွပ်မုန့်တွေကို ရောင်းကြတာ..။သတင်းကောင်းကတော့..ငါ အဲဒီကနေ ထွက်မလာခင်မှာ..ငါမှာထားတာကို ကုန်အောင် စားခဲ့ရတယ်..”

အယ်ဖီ သူ့ကို အံ့ဩတကြီး ကြည့်လိုက်ပြီး..

“ဘုရားရေ..နင်က အဲဒီအရှုပ်ထုတ်တွေ အနားကို ရောက်သွားတာလား..။ဒီတစ်ကြိမ်မှာ အစိုးရက ဂိတ်ပေါက်ကို ထိန်းချုပ်ဖို့အတွက် အချိန်မှီရုံလေးတတင် လူတွေကို ပို့နိုင်လိုက်တယ်လို့ ငါကြားထားတယ်.”

ဆန်နီ ပုခုံးတွန့်လိုက်ပြီး..

“ အချိန်မှီရုံလေးတင်လား…ဟုတ်မှာပါ..”

ငယ်ရွယ်တဲ့ အမျိုးသမီက သူ့ကို စိုက်ကြည့်ကာ ပြုံးလိုက်ပြီး..

“ဒီတော့..နင် ထောက်ပံ့ရေး အမှတ်တွေ ဘယ်လောက်တောင် ရခဲ့လဲ..။ဒါက ဖျော်ဖြေရေး စစ်စတန်ကို အဆင့်မြင့်ဖို့ အတွက်တော့..လုံလောက်မှာပါ..။ဒီခေတ်ကြီးမှာ နှစ်ဖက်မြင် ခံစားနိုင်စွမ်းရှိတဲ့ စနစ်က အတော်လေးကို အရည်အသွေးကောင်းနေတာ နင်ယုံနိင်မှာတောင် မဟုတ်ဘူး..။ငါဆိုလိုတာက..ဒါပေါ့ နင်မဝယ်ချင်ဘူးဆိုရင် မဝယ်ပဲ နေလို့ရတယ်လေ..။ငါက ဒီတိုင်း ထည့်စဉ်းစားကြည့်ဖို့ကို ပြောပြတာ..”

သူ အံကိုကြိတ်လိုက်ပြီး စိတ်ရှုပ်တဲ့ ပုံစံနဲ့ သက်ပြင်းချလိုက်တယ်..။

“မရခဲ့ဘူး..။ငါ ဘာအမှတ်မှ မရခဲ့ဘူး.။အိုကေလား..”

အယ်ဖီ အကြိမ်အနည်းငယ် မျက်တောင် ခတ်လိုက်ပြီး သူ့ကို စိတ်ပျက်တဲ့ အမူအရာနဲ့ ပြောလိုက်တယ်..။

“ကောင်းပြီလေ..ဒီလောက်လဲ ခံစားနေစရာ မလိုပါဘူး..။ဒီလို တိုက်ခိုက်မူမျိူးမှာ ထွက်ပြေးတယ် ဆိုတာက ရှက်စရာမှ မဟုတ်တာ..။လူတိုင်းက ရှင်သန်ချင်ကြတာချည်းပဲ..သိတယ်မလား..”

ဆန်နီ မကျေနပ်စွာ လက်ဝေ့ယမ်းလိုက်ပြီး..တစ်ဖက်ကို လှည့်လိုက်တဘ်..။

“ဟုတ်တယ်..။ငါ သိတယ်..။ဘာပဲဖြစ်ဖစ်..ငါ ရေသွားချိုးတော့မယ်..။ပျော်ပျော်သာ နေပေတော့..”

ဒီလိုနဲ့ သူ့ရဲ့ ဧည့်သည်ကို ထားခဲ့လိုက်တယ်..။ကောင်းပြီလေ..သူ့ရဲ့ အိမ်မှာ မဖိတ်ခေါ်ထားပဲ အတူတူလာနေနေတဲ့ ဧည့်သည်ဆိုရင် ပိုပြီးတော့ မှန်ကန်ပါလိမ့်မယ်..။ဆန်နီ ထွက်လာခဲ့ပြီးနောက်မှာတော့.သူ့ရဲ့ ခန္တာကိုယ်ကို ရေခဲရေနဲ့ ရေချိုးဖို့အတွက် ပြင်ဆင်လိုက်ပါတော့တယ်..။

သူ့ရဲ့ နာကျင်ကိုက်ခဲနေတဲ့..ခန္တာကိုယ်ကို ရေခဲရေထဲကို ဆင်းလိုက်တဲ့ အချိန်မှာတော့..စစချင်း အံ့ဩသင့်သလို ဖြစ်သွားခဲ့ရပေမယ့် နောက်ပိုင်းမှာ..ခံစားလို့ကောင်းတဲ့ ထုံထိုင်းမူ တစ်ခုက သူ့ရဲ့ ခန္တာကိုယ်ကို ဖုံးလွှမ်းသွားခဲ့ပါတယ်..။ဆန်နီ ဟာ သူ့ရဲ့ အရည်ပြားပေါ်က ညိုမဲစွဲ နေတဲ့ အမာရွတ်တွေကို ကြည့်လိုက်ပြီး သက်ပြင်းချလိုက်တယ်..။

“ငါ့ ခန္တာကိုယ်တစ်ခုလုံး..အညိုရောင် နဲ့ အနက်ရောင် အမာရွက်တွေနဲ့ ပြည့်နေတဲ့ အချိန်မှာ ဖြူဖတ်ဖြူရော် ဖြစ်နေတယ်လို့ပြောလို့ ရပါဦးမလား..။ငါက ဖြူဖျော့နေတယ်လို့ ပြောခံရတာကို အမြဲတမ်း ရပ်တန့်ချင်ခဲ့ပေမယ့်..ဒီပုံစံ အတိုင်းတော့ မဟုတ်ဘူးလေ..”

သူက မျက်လုံးတွေကို ပိတ်ထားလိုက်ပြီး သက်သောင့်သက်သာ နေလိုက်တယ်..။ရေခဲရေထဲမှာ စိမ်ရတဲ့ အရသာကို ခံစားနေခဲ့တာပါ..။သူ့ရဲ့ ဒဏ်ရာတွေ အားလုံးက စိုးရိမ်ရလောက်တဲ့အထိ ဆိုးဝါးတာ မျိုးတော့ မရှိခဲ့ပေ..။သူ့ရဲ့ ခန္တာကိုယ်က အလိုလျောက် ပြန်လည် ကုသ ပြီးသွားတဲ့ အထိ သူက စောင့်နေလိုက်ရုံပါပဲ..။ဒါက ရက်အနည်းငယ်လောက်တော့ ကြာမှာဖြစ်ပြီး..ဆန်နီအနေနဲ့ ဘာအလုပ်မှ မလုပ်ပဲ ဒီအရာကို စောင့်ဆိုင်းနေလို့ရပါတယ်..။

ဒါက သူ့ရဲ့ အိပ်မက်မဟုတ်ဘူးလား..

အတော်ကြာပြီးတဲ့ နောက်မှာတော့..သူက ပျင်းရိလာခဲ့တာကြောင့် တစ်ခုခု အကျိုးရှိတာ လုပ်ဖို့ ဆုံးဖြတ်လိုက်တယ်..။သူက အတော်လေး သွေးထွက်များခဲ့တဲ့ တိုက်ပွဲမှာ ဘယ်လောက်အထိ ရရှိခဲ့လဲ..ဒါမှမဟုတ်..တစ်စုံတစ်ယောက်က ခွေးသား နဲ့ သူ့ကို ဆက်စပ်မိသွားပြီလား ဆိုတာကို စစ်ဆေး ကြည့်လို့ရပါတယ်..။

ဆန်နီ ခနလောက်တွေး လိုက်ပြီး ဆက်သွယ်ရေးစက် ဆီကို လက်လှမ်းယူလိုက်တယ်..။

‘ အပျက်အစီးတွေ ဘယ်လောက်ရှိလဲဆိုတာကို အရင်ကြည့်ကြည့် ရအောင်..’

ခနအကြာမှာတော့..သူ့ နှုတ်ခမ်းကနေ ညဉ်းညူတဲ့ အသံတစ်ခုက အလိုလျောက်ထွက်လာခဲ့ပါပြီ..။

“အိုး…အခိုက်အတန့်ရဲ့ ကျေးဇူးတွေပဲ…”

…..

“ထိပ်လန့်ဖွယ် သတင်း - ဆန်းကျယ်တဲ့ အင်တာနက် အသဲစွဲ ခွေးသားက..အဆင့်နှစ် ဂိတ်ပေါက်ကို တစ်ယောက်တည်း ထိန်းချုပ် ဖို့အတွက် ပြန်လည်ထွက်ပေါ်လာခဲ့..”

“အရှင်သခင်ရဲ့ အရိပ်အတွင်းမှာ - အရှင်သခင် ခွေးသား ရဲ့ သူရဲကောင်းဆန်တဲ့ကြံ့ကြံ့ခံ တိုက်ခိုက်မူကို ကင်မရာမှာ ဖမ်းမိထားတယ်..”

“အရှင်သခင် ခွေးသား ဆိုတာ ဘယ်သူလဲ..။လူတိုင်းပြောနေကြတဲ့ သတ္တိ အရှိဆုံး သူရဲကောင်းဆိုတာ ဘယ်သူလဲ..။အဖြေက မင်းကို အံ့ဩသင့်စေလိမ့်မယ်..”

“ ကြံ့ကြံ့ခံပြီး တိုက်ခိုက်ကြ - ဒီစကားလုံးတွေနဲ့ ရှင်သန်နေထိုင်ကြရမယ်..။ခွေးသားက ဘယ်တော့မှ လက်လျော့မှာ မဟုတ်ဘူး..”

“ငါတို့ အစကတည်းက သိနေခဲ့တယ်.။ခွေးသား ဆိုတာ မိန်းကလေး တစ်ယောက်ဖြစ်ကြောင်း အတည်ပြုလိုက်ပြီ..”

ဆန်နီ ဆက်သွယ်ရေးစက်ပေါ်မှာ ပြသထားတဲ့ အရာတွေကို နောင်တရစွာ ကြည့်နေခဲ့ပါတယ်..။သူက ဒီအရာကိုလက်နဲ့ ချေမွပစ်ချင်စိတ်ကို ထိန်းထားရတယ်..။

“ဒီလူတွေက ဘာြဖစ်နေကြတာလဲ..”

သိသာစွာပဲ..သူ့ရဲ့ လတ်တလော ဆောင်ရွက်ခဲ့မူတွေက..ကင်မရာ တစ်ခုမှာ ရိုက်ကူးမိသွားခဲ့ပါတယ်..။ဂိတ်ပေါက် တစ်ခုပွင့်လာတဲ့ ရိုက်ခတ်မူကြောင့်..လျှပ်စစ်လှိုင်းတွေကို ရှုပ်ထွေးသွားစေခဲ့ပေမယ့်..ကင်မရာတစ်ခုက ဆန်းကျယ်စွာပဲ ရှင်သန်နိုင်နေခဲ့တာပါ..။

ပုံရိပ်က အတော်လေး ဝေဝါးနေပြီး စက္ကန့်အနည်းငယ် ကြာတိုင်းမှာလည်…ပြတ်တောင်း ပြတ်တောင်း ဖြစ်နေပါသေးတယ်..။သို့ပေမယ့်..အိပ်မက်ဆိုးသားရဲ အုပ်ထဲမှာ အနက်ရောင်ပုံရိပ်တစ်ခု ရွေ့လျားနေခဲ့တယ် ဆိုတာကိုတော့ သူ သိနိုင်ခဲ့တယ်..။သူက ဝိဉာဉ်မြွေကို ဝေ့ရမ်းရင်း သွေးမြူတွေကို ဖန်တီးနေခဲ့တာပါ..။သူ့ရဲ့ ဓားမှာလည်း..အနက်ရောင် ရောင်ခြည်တွေက ဝန်းရံနေခဲ့တယ်..။သချ်ိုင်း တစ္ဆေတွေရဲ့ တိုက်ခိုက်ရေး ဟန်ပန် နဲ့..သွေးထွက်အောင် ပြုလုပ်ဖို့လိုအပ်မူတွေက..သူ့ကို အလင်းမရှိတဲ့ ငရဲကနေ လွတ်မြောက်လာတဲ့ နတ်မိစ္ဆာတစ်ကောင်နဲ့တောင် တူနေစေခဲ့ပါတယ်..။

ဆန်နီ နာကျင်စွာ မျက်နှာရှုပ်မဲ့လိုက်ပြီး..အောက်ကိုငုံ့ကာ..ဗီဒီယိုအောက်က ကြည့်ရူသူ အရေအတွက် နေရာကို ကြည့်လိုက်ပါတယ်..။

သူ ဒါကို မြင်တဲ့ အချိန်မှာတော့..ဆက်သွယ်ရေးစက်က..သူ့ရဲ့လက်ထဲကနေ..ချော်ထွက်သွားပြီး ရေထဲကို ပြုတ်ကျသွားခဲ့ပါပြီ..။

‘ချီးတဲ့မှပဲ…။ကောင်းပြီလေ..မင်းက ဒီအရာကို လုပ်ခဲ့တာပဲ အရူး..။ဂုဏ်ယူပါတယ်..မင်းတော့ ဆယ်လီ ဖြစ်သွားပြီ..’

အပိုင်း ( ၄၉၅ ) ပြီး၏။

All Chapters