ပထမဆုံး တွေ့ဆုံမူ
Vol. 33 Ch. 481
‘သူမက ဒီမှာ ဘာလုပ်နေတာလဲ..။ဘာလို့ ငါ့ကို စကားလာပြောနေတာလဲ..’
ဆန်နီက စိတ်ထဲမှာ ထိပ်လန့်နေခဲ့ပေမယ့်..ဒီခံစားချက်တွေအားလုံးက သူ့ရဲ့ မျက်နှာပေါ်မှာ ပေါ်မလာခဲ့ပေ။လှည့်စားမူ ၊ ကြိုးကိုင်ခြယ်လှယ်မူ အတွေ့ အကြုံတွေနဲ့ အိပ်မက်ဆိုးသားရဲတွေ အများကြီကို ရင်ဆိုင်တွေ့ခဲ့ဖူးတဲ့ အတွေ့အကြုံတွေကြောင်..သူရဲ့ မျက်နှာအမူအရာက ပုံမှန်အတိုင်းပဲ ဆက်ရှိနေနိုင်ခဲ့ပါတယ်..။သူက ရိမ်းကို နက်မှောင်စွာ ကြည့်ပြီး တည်ငြိမ်စွာ ပြောလိုက်တယ်..။
“ ငါ ဘာကိုမှ ကြည့်နေတာ မဟုတ်ဘူး..။ပြီးတော့ နင် ဘယ်သူ့ကို ကောင်လေးလို့ ခေါ်နေတာလဲ..။အကြီးတွေကို လေးစားမူ ရှိပါ..”
မိန်းကလေးက ပြန်ပြောလိုက်တယ်..။
“ ဘာကို အကြီးလဲ..။နင်က ငါ့ထက်ငယ်တယ် ဆိုတာ အသိသာကြီးပဲ..”
ဆန်နီ ဒေါသကြောင့် မျက်လုံးပြူးကျယ်သွားခဲ့တယ်။
‘ ဟင်..’
သူက ပုံမှန်အသက်အရွယ်ထက် ငယ်ရွယ်တဲ့ပုံစံပေါက်တယ် ဆိုတာကို သိထားပြီးသားပါ..။သို့ပေမယ့်..အလယ်တန်းကျောင်းသူ တစ်ယောက်ရဲ့ အထင်မှားခြင်းကို ခံရတာကတော့..အတော်လေးကို လွန်သွားခဲ့ပါပြီ။
အခုချိန်က အနည်းငယ်မှောင်ရီပျိုးစ အချိန်ဖြစ်တာကြောင့်လည်း..သူမ မှားယွင်းနေတာ ဖြစ်နိုင်ပါတယ်။
အဲ့အချိန်မှာတော့..ရိမ်း ဟာ ဆက်တိုက်ပြောလာခဲ့တယ်။
“ပြီးတော့..နင်က ကျိန်းသေပေါက် ငါ့ကို မကောင်းတဲ့ အကြည့်တွေနဲ့ ကြည့်နေခဲ့တာလေ..။ငါ ချော်လဲမလိုတောင် ဖြစ်သွားသေးတယ်..။နင့်ရဲ့ မိဘတွေက စိုက်မကြည့်ရဘူးလို့ မသင်ထားဘူးလား..”
ဆန်နီ ပါးစပ်ကို ဖွင့်လိုက်ပြီးမှ ပြန်ပိတ်လိုက်တယ်..။ယင်းနောက် နောက်တစ်ကြိမ့် ပြန်ဖွင့် လိုက်ပါတယ်။
“ ပထမဆုံး အနေနဲ့ ..ငါ့အသက်က ၁၈ နှစ်ပဲ..။ဒုတိယက..ငါက ကိစ္စတစ်ခုခု ကို စဉ်းစားနေခဲ့တာ..။ဒါက မင်းတို့လို ကလေးတွေ နားမလည်နိုင်တဲ့ ကိစ္စပဲ..။ပြီးတော့ နောက်ဆုံးအနေနဲ့..ငါ့ မိဘတွေက သင်ကြားပေးသင့်တဲ့ အရာတွေ အားလုံး ငါ့ကိုသင်ကြားပေးထားတယ်..။ဒါပေမဲ့ အဲတာက အခုဖြစ်နေတဲ့ ကိစ္စနဲ့ ဘာဆိုင်လို့လဲ..။သူတို့က ဒီမှာ မရှိကြဘူး..”
ရိမ်းက မျက်ခုံးပင့်ပြီး လှောင်ပြောင်စွာ ရယ်မောလိုက်တယ်..။
“အိုး..ဟုတ်လား..။ဒါဆို နင်က ဒီအိမ်အကြီးကြီးမှာ တစ်ယောက်တည်း နေနေတာပေါ့..”
ဆန်နီ မျက်ခုံး ပင့်တင်လိုက်တယ်။
“ ငါ ဒီအိမ်မှာ တစ်ယောက်တည်း နေယုံတင်မကဘူး..ဒီအိမ်ကိုငါ ပိုင်တာ..”
သို့ပေမယ့် အဲဒီအချိန်မှာပဲ..ရုတ်တရက် အတွင်းထဲကနေ အယ်ဖီ ရဲ့ အော်သံက ထွက်ပေါ်လာခဲ့ပါတယ်..။
“ဆန်နီ..လာစားတော့လေ..။ညစာတွေ အေး ကုန်တော့မယ်..”
သူက အေးခဲသွားခဲ့ပြီး..နားရွက်တွေ ပူလာသလို ခံစားလိုက်ရပါတယ်..။
‘ချီးပဲ..အဲတာက အယ်ဖီပဲ..’
“အာ..အဲတာက ငါ့ရဲ့ ဧည့်သည်ပဲ..။သူက အကြောင်းပြချက်တစ်ချို့ကြောင့်..ဒီမှာ နေနေတာ..”
ရိမ်းက ရယ်ချင်နေတဲ့ မျက်နှာ အမူအရာနဲ့ သူ့ကို တစ်ခနလောက် စိုက်ကြည့်နေပြီးမှ မေးလိုက်တယ်..။
“ နင့်ရဲ့ နာမည် က ဆန်နီ လား..”
ဆန်နီ ပုခုံးတွန့်လိုက်ပြီး..ပုံမှန် အမူအရာအတိုင်း ဖြစ်ဖို့ ကြိုးစားလိုက်ပါတယ်..။
“သေချာတာပေါ့..။ဘာဖြစ်လို့လဲ..”
သူမ ရုတ်တရက် ရယ်မောလိုက်တယ်..။
“ ဘာတွေများ ရယ်စရာကောင်းနေလို့လဲ..”
“ မ..မဟုတ်ပါဘူး..။ဒီတိုင်းပဲ..ငါ့ရဲ့ အမေက ငါ့ကို ရိမ်းနီ လို့ ခေါ်တာလေ..။ဘယ်လောက်တောင် တိုက်ဆိုင်လိုက်လဲ..”
သူ စိတ်သက်သာရာ ရသွားခဲ့တယ်..။
‘အိုး..တစ်ခနလောက်.ငါ့ကို မှတ်မိသွားတော့မယ်လို့ထင်ခဲ့တာ..။ဒါပေမဲ့ ဒီလို ဖြစ်လာမယ့်ပုံ ရှိမနေဘူး..။ကောင်းတယ်..ဒါက ကောင်းတယ်..”
သူ အနည်းငယ် စိတ်ပျက်သွားခဲ့တာလား..
ဆန်နီ သူ့ရဲ့ ဆက်သွယ်ရေးစက် ကို ထုတ်ယူလိုက်ပြီး..ခလုတ်တစ်ခုကို နိုပ်လိုက်ကာ..စက်ထဲကနေ..ကတ်ပြားတစ်ခုကို ထုတ်ယူပြီး ရိမ်း ဆီကို ပစ်ပေးလိုက်ပါတယ်..။
သူမကတော့ နောက်ထပ် မေးခွန်းတစ်ခုကို မေးဖို့ ပြင်ဆင်နေခဲ့ပါတယ်..။
“ အိုး..ပြီးတော့ စကားမစပ်..။နင်က..ဒီခုံမှာ အမြဲတမ်း လတ်လျားလတ်လျား လုပ်ပြီး ကျောင်းပြေးနေတာကို ငါ တွေ့တယ်နော်..။ဘာလဲ…နင်က လူဆိုးလေး လား..ဒါမှမဟုတ်..”
ယင်းနောက် သူက ဆန်နီ ပစ်ပေးလိုက်တဲ့ ကတ်ပြားကို ဖမ်းပြီး..စိတ်ရှုပ်ထွေးစွာ စိုက်ကြည့်လိုက်တယ်..။
“ အာ..ဒါက ဘာလဲ..”
ဆန်နီ အနည်းငယ် ပြုံးလိုက်ပြီး..
“ မမြင်ဘူးလား..။အစိုးရက ..မြို့သားကတ်ကို ထုတ်ပေးထားတာ..။ငါသာ အသက်မပြည့်သေးဘူးဆိုရင်..အဲလိုမျိုးဟာ ဘယ်လိုလုပ် ရှိမှာလဲ..”
ရိမ်းက ကတ်ပြားကို..ကြည့်လိုက်ပြီး..ဖြူဖျော့သွားခဲ့ပါတယ်..။
“ အစ်ကို…အစ်ကိုက တကယ် အသက် ၁၈ နှစ်လား.”
သူမ က အရမ်းကို အံ့ဩသင့်သွားပြီး အသုံးပြုတဲ့ စကားလုံးတွေကတောင် ရုတ်တရက်ကြီး ယဉ်ကျေးးသွားခဲ့ပါတယ်။
ဆန်နီ ရယ်မောလိုက်ပြီး..
“ဒါပေါ့..ဟုတ်တယ်လေ..။လေးစားရတဲ့ လူကြီးတစ်ယောက်နေနဲ့..ငါက ဘယ်တုန်းကမှ မလိမ်ညာဘူး..။တကယ်တော့ ငါက ကမ္ဘာပေါ်မှာ အရိုးသားဆုံး လူတစ်ယောက်ပဲ…”
မိန်းကလေး ကြည့်ရတာတော့..လတ်တလောမှာ..ကမ္ဘာ့အနက်ရှိုင်းဆုံး တွင်းတစ်တွင်းထဲကို ဝင်ပုန်းချင်စိတ် ပေါက်နေသလိုပါပဲ။
“အိုး…ညီမတောင်းပန်ပါတယ်..ဒါဆိုလည်း..။မ..မထင်ခဲ့ဘူး…လေ..”
ကောင်းမွန်တဲ့ မိသားစုတစ်ခုမှာ ကြီးပြင်းလာခဲ့တဲ့ ကလေးးတစ်ယောက် အနေနဲ့..သူမက အကြီးတွေကို ရိုသေရမယ် ဆိုတာကို အဆုံးစွန်အထိ သင်ကြားပေးခြင်းခံရပြီးသားပါ..။ဒီတော့ လက်ရှိအခြေအနေက သူမ အတွက်တော့ အိပ်မက်ဆိုးတစ်ခုလိုပါပဲ။ဆန်နီ ကိုယ်တိုင်လည်း..ယဉ်ကျေးမူကို အလေးထားတဲ့လူတွေ နဲ့ေနထိုင်ဖူးတာမျိုး မရှိပေမယ့်..ရိမ်းရဲ့ ကျောင်းတွင်းအခြေအနေကို မြင်ရသလောက်တော့..သူမတို့တွေ ကြားထဲက..လူမူအဆင့်အတန်းနဲ့ ယဉ်ကျေးမူ သတ်မှတ်ချက်တွေက အတော်လေးကို ပြင်းထန်ပါတယ်..။
ကံကောင်းချင်တော့..အယ်ဖီက အဲ့အချိန်မှာပဲ ကွက်တိပေါ်လာခဲ့ပြီး..ရှက်ရွံ့စရာ အခြေအနေကို အဆုံးသတ်ပေးခဲ့ပါတယ်..။သူမက တံခါးကို ဖွင့်လိုက်ပြီး..ခုံတန်းရှည်ရှိတဲ့နေရာကို ဝှီးချဲနဲ့ရောက်လာခဲ့ပြီး..ဒေါသတကြီး ပြောလိုက်တယ်..။
“ နားတောင်..ငတုံးလေး..နင်က စားမှာလား မစားဘူးလား..။ဘာလို့လဲဆိုတော့..နင်မစားဘူးဆိုရင်..ငါက နင့်ရဲ့ ဝေစုကိုပါ စားလိုက်တော့မှာ..သိရဲ့လား..”
ယင်းနောက်..သူမ ရပ်လိုက်ပြီး..ရိမ်းကို ကြည့်ကာ..ဆန်နီကို ပြန်ကြည့်လိုက်ပါတယ့်..။ခနလောက် ကြာပြီးကာမှ..သူမ မေးလိုက်တယ်..။
“ နင့် ရဲ့ သူငယ်ချင်းလား..”
ဆန်နီ မျက်နှာကို ပွတ်လိုက်ပြီး..
“ နင် စားချင်သလောက်သာ ယူစားလိုက်တော့..။ပြီးတော့ ဒီ ကလေးမလေးက အိမ်းနီးနား မှာနေတာပဲ..။သူမက ဒီတိုင်း ဖြတ်သွားတာ..”
ရိမ်းက ခေါင်းညိမ့်လိုက်တယ်..။
“တွေ့ရတာ ဝမ်းသာပါတယ်..မဒမ်..သမီး..အာ..အရမ်းအားနာမိပါတယ်..။သမီးက ကျောင်းကနေ အိမ်ကို ပြန်လာတာ..ပြီးတော့ အမှားလုပ်မိခဲ့တာ..။သိတဲ့အတိုင်းပဲ…အဲလိုဖြစ်သွားခဲ့ပါတယ်..”
အယ်ဖီ ပြုံးလိုက်ပြီး..သူမကို ထပ်မပြောဖို့အတွက် လက်ဟန်ပြလိုက်တယ်..။
“ ငါ ခန့်မှန်းကြည့်ရအောင်..ဒီမှာရှိနေတဲ့..တစ်ယောက်က..သမီးကို မကောင်းတဲ့ အမူအရာနဲ့ ကြည့်နေပြီး..မသင့်တော်တဲ့ အရာ တစ်ခုခု ပြောခဲ့တယ်မလား..”
ရိမ်းက အကြိမ်အနည်းငယ် မျက်တောင် ခတ်လိုက်ပြီးမှ ပြန်ဖြေလိုက်တယ်..။
“ဟုတ်ပါတယ်…ဟင်..မဟုတ်ပါဘူး…အစ်ကိုက ဘာမှ မပြောခဲ့ပါဘူး..။သမီးကပဲ..မသင့်တော်တဲ့ အရာတစ်ခုခုကို ပြောမိခဲ့တာပါ..”
မုဆိုးမိန်းကလေးက ခေါင်းခါယမ်းလိုက်ပြီး..
“ ဒါဆို မင်း ကံကောင်းသွားတယ်။ဒီမှာ ရှိနေတဲ့ ဆန်နီက အရမ်းကို ထူးခြားတဲ့ လူတစ်ယောက်..။သူ့ပါးစပ်က ထွက်လာတဲ့ အရာတွေက…။အတော်လေးစားစရာပဲ..”
ဆန်နီ သူမကို ဒေါသသကြီး ကြည့်လိုက်ပြီး..ပြန်ပြောလိုက်တယ်..။
“ငါ့ ပါးစပ်က ထွက်လာတဲ့ အရာတွေ တဲ့လား..။နင်ကသာ အဲလိုတွေ ပြောနေတာပဲလေ..”
သူမ သက်ပြင်းချလိုက်ပြီး..ရိမ်းကို နာကျင်တဲ့ မျက်နှာ အမူအရာနဲ့ ကြည့်လိုက်တယ်..။
“ သူ အစ်မကို ဘယ်လို အနိုင်ကျင့်လဲ မြင်ပြီလား..။အာ..ဧည့်သည်ကို ဧည့်မခံတော့ဘူးလား ဆန်နီ..။အတော်လေး ယဉ်ကျေးမူ မရှိတာပဲ..။ဒီ လိမ္မာယဉ်ကျေးတဲ့ အိမ်နီးနားချင်း ကလေးက နင့်ကို ဘယ်လိုထင်သွားမလဲ..”
ရိမ်း က သူမရဲ့ ခေါင်းကို အလျင်အမြန် ခါယမ်းလိုက်ပြီး..
“..မ..မဟုတ်တာ..သမီး ဘယ်လိုမှ မထင်ပါဘူး..။တကယ်တော့..သမီး အိမ်ကို ပြန်တော့မလို့..။တွေ့ရတာ ဝမ်းသာပါတယ်..”
ဒီလို ပြောပြီးတာနဲ့..သူမ အလျင်အမြန်တစ်ဖက်ကို လှည့်ပြီး လျောက်သွားခဲ့ပါတယ်..။
အယ်ဖီ သူမရဲ့ အသံကို အနည်းငယ် မြင့်တင်လိုက်တယ်..။
“ ဘိုင့်ဘိုင်..။တွေ့ရတာ ဝမ်းသာတယ်နော်..။တကယ်လို့ သမီးက နားလည်မူလွဲသွားတာ ကို စိတ်မကောင်းဖြစ်နေတယ် ဆိုရင်..အချိန်မရွေး ပြန်တောင်းပန်လို့ရတယ် သိလား..။အစားအသောက် တွေနဲ့..။အားလုံးကို တစ်ခါတည်း ခွင့်လွတ်ပေးလိုက်မယ်..”
ဆန်နီ သူမကို မျက်လုံးပြူးပြီး ကြည့်နေခဲ့မိတယ်..။သူ ကြားနေရတဲ့ အရာကိုတောင် မယုံကြည်နိုင်တော့ပါဘူး..။နောက်ဆုံး..ရိမ်း ရဲ့ ပုံရိပ်က သူတို့ခြံဝန်းကနေ ပျောက်ကွယ်သွားတဲ့အချိန်မှာ အယ်ဖီက သူ့ဖက်ကို လှည့်ကာ ပြုံးလိုက်ပြီး..
“..ဒီမြို့ထဲက တစ်နေရာရာမှာ..ဖြူဖျော့ပြီး ပိန်လှီတဲ့ ဆယ်ကျော်သက် သေးသေးလေးတွေကို ထုတ်လုပ်ပေးတဲ့ စက်ရုံများ ရှိနေတာလား မသိဘူး..။သူမကလည်း..နင့်လောက်နီးပါးကို ဖြူဖျော့နေတာပါလား..။ငါ တကယ် မယုံနိုင်တော့ဘူး..”
ဒီလိုပြောပြီးတာနဲ့ သူမက ခေါင်းခါယမ်းလိုက်ပြီး..ညစာဆက်စားဖို့အတွက် အတွင်းထဲကို ဝင်သွားခဲ့လိုက်ပါတယ်..။
ဆန်နီကတော့..မယုံကြည်နိုင်ဖြစ်နေခဲ့တယ်.။လတ်တလောမှာ..ဒီအရာတွေက တကယ်ဖြစ်ပျက်သွားခဲ့တာလား ဆိုတာကို နားလည်ဖို့ ကြိုးစားနေခဲ့ရပါတယ်..။
‘..အဲတာက ဘာတွေလဲ..။ဘာတွေ ဖြစ်သွားတာလဲ..”
ရိမ်း နဲ့ ပထမဆုံးတွေ့ဆုံမူက ဘယ်လိုဖြစ်လာနိုင်သလဲ ဆိုတာနဲ့ပတ်သက်ပြီး သူ့ခေါင်းထဲမှာ စဉ်းစားထားတဲ့ ဇာတ်လမ်းပေါင်းများစွာ ရှိနေခဲ့ပြီးသားပါ..။
ဒီတစ်ခုကတော့..ကျိန်းသေပေါက်..အဲဒီဇာတ်လမ်းတွေထဲမှာ မပါဝင်ခဲ့ပါဘူး..။
အပိုင်း ( ၄၈၁ ) ပြီး၏။