ငြိမ်းချမ်းရေး ကမ်းလှမ်းခြင်း
Vol. 33 Ch. 482
ဒီနေ့ဖြစ်ပျက်ခဲ့တဲ့အရာက အတော်လေး တုန်လှုပ်စရာကောင်းတာကြောင့်..ဆန်နီက တစ်ခြားဘာကိုမှ ထပ်ပြီး မလုပ်နိုင်တော့ပါဘူး..။ဒီတော့ သူက မြေအောက်ခန်းမထဲကို ဝင်ရောက်သွားခဲ့ပြီး..အိပ်မက်ကမ္ဘာထဲကို သွားကာ အိပ်မက်ဆိုးသားရဲတွေနဲ့ တိုက်ခိုက်ရမယ့်အစား..ခံတပ်ထဲက အခန်းထဲမှာပဲ နေနေခဲ့လိုက်ပါတယ်..။
အဲဒီမှာတော့..သူက တစ်ညလုံးအေးအေးဆေးဆေး အိပ်စက်နေခဲ့တယ်..။
နိုးထသူတွေ အများကြီးက ဒီလိုနေထိုင်တာ ပုံမှန်ပြ ဆိုပေမယ့် ဆန်နီ အတွက်ကတော့ အတော်လေး ထူးဆန်းပါတယ်..။တကယ်လို့ အိပ်မက်ကမ္ဘာထဲက တစ်ခြားနေရာတွေမှာ ဖြစ်ပျက်နေသလိုမျိုး..ခံတပ်ကို တိုက်ခိုက်ခံရတာ ဒါမှမဟုတ်..ထမ်းဆောင်စရာ တာဝန်ချိန် ရှိနေတာမျိုးမဟုတ်ရင်..လူတွေက သူတို့နေထိုင်တဲ့ နေရာမှာပဲ နေပြီး..အိပ်စက်ကာ အစစ်အမှန် ကမ္ဘာဆီကို ပြန်သွားခဲ့ကြပါတယ်..။သူတို့က အပြင်ကိုထွက်ပြီး အန္တရာယ်တွေကို ရင်မဆိုင်ကြတော့ပါဘူး.။
တစ်ချို့လူတွေကတော့..ခံတပ်ထဲမှာ ရှင်သန်နေထိုင်ဖို့အတွက် လုံခြုံစွာ နေထိုင်ရင်း တစ်ခြားသောအရာတွေကို လုပ်ကြတာမျိုးတွေလည်း ရှိကြပါတယ်..။နည်းပါးတဲ့ ပမာဏလောက်ကသာ..အပြင်ကို ထွက်ပြီး ..အိပ်မက်ကမ္ဘာရဲ့ တောထဲမှာ စိန်ခေါ်မူတွေ ပြုလုပ်ကြပါတယ်.။
ပြီးတော့.သူတို့ကို ဘယ်သူက အပြစ်တင်နိုင်မှာလဲ..။
ဘာပဲဖြစ်ဖြစ် သူတို့အများစုက..သူတို့စိတ်ဆန္ဒအလျောက် နိုးထသူတွေ ဖြစ်လာကြတာမျိုး မဟုတ်ပါဘူး..။အခိုက်အတန့်ကပဲ..ဒီလူတွေရဲ့ အသက်ကိုစွန့်စားတာ ၊ သေစေနိုင်တဲ့ စမ်းသပ်မူတွေကို ဖြတ်သန်းတာနဲ့..ဆိုးဝါးတဲ့ ခံစားမူတွေကို ကြုံတွေ့စေချင်ခဲ့တာပါ..။ဒီတော့..လူတစ်ယောက်က လုံခြုံနိုင်သလောက်..အချိန်ကြာကြာ နေထိုင်ချင်တာက..ဘာမှမမှားယွင်းပေ..။
တကယ်လို့ တစ်ခုခု ဆိုရင်..ဆန်နီကသာ ပုံမှန်မဟုတ်တဲ့ လူတစ်ယောက်ပါ..။
ဘယ်လိုပဲဖြစ်ဖြစ်..သူ နောက်တစ်နေ့မနက် အစစ်အမှန်ကမ္ဘာကို ပြန်တဲ့အချိန်မှာတော့..အတော်လေး လန်းဆန်းပြီး နေရထိုင်ရကောင်းနေသလို ခံစားလိုက်ရတယ်..။တစ်ညလောက် ကောင်းကောင်းအိပ်စက်လိုက်ရတာက..သူ့အတွက် ရိမ်းနဲ့ ဖြစ်ခဲ့တဲ့ မတော်တဆမူကိုတောင်..အကောင်းမြင်နိုင်စေခဲ့ပါတယ်။
ဟုတ်ပါတယ်..ဒါက သူ့ရဲ့ ကံဆိုးတဲ့ အမှားလေးတစ်ခုပါ..။သို့ပေမဲ့ အနည်းဆုံးတော့..သူမက သူ့ရဲ့ မျက်နှာနဲ့ နာမည်ကို သိသွားခဲ့ပါသေးတယ်..။အမှန်အတိုင်း ပြောရရင်တော့..ဆိုးဝါးတာ ဘာတစ်ခုမှ မဖြစ်ပျက်ခဲ့ပါဘူး..။ရိမ်းက သူ့ကို အိမ်နီးချင် တစ်ဦးလို့ပဲ သဘောထားခဲ့တာပါ..။မိတ်ဆွေတစ်ယောက် အဖြစ်တောင် မဟုတ်ပဲ..ဒီတိုင်း..သူစိမ်း တစ်ယောက် အဖြစ်ပါပဲ..။
ဒါက ဆန်နီ လိုချင်တဲ့အတိုင်း ဖြစ်နေခဲ့တယ်..။
..ဒါတောင်မှ..ညနေရောက်တဲ့အချိန်မှာ.သူက အပြင်ဖက်က ခုံတန်းရှည်မှာ ပြန်ထိုင်နေမိခဲ့ပါတယ်..။သူက လုပ်နေကြအရာတစ်ခုလို ဖြစ်လာတဲ့ လဖက်ရည်တစ်ခွက်ကို သောက်ပြီး..မြင်ကွင်းကို ခံစားနေခဲ့တယ်..။
‘မနေ့က ပြီးတဲ့နောက်မှာတော့..သူမက..ဒီအိမ်နားကို ထပ်ပြီး ကပ်လာရဲတော့မှာ မဟုတ်ဘူး..။ဒီတော့ ငါ အဆင်ပြေလောက်ပါတယ်..’
သို့ပေမယ့် ရလာဒ်ကတော့ သူ ထင်သလို မဟုတ်ခဲ့ပါဘူး..။
လမ်းတွေကို ကြည့်ရူ့ဖို့လွတ်ထားတဲ့..အရိပ်တွေကြောင့်.. အများပြည်သူပို့ဆောင်ရေးဂိတ်ကနေ..သူ့အိမ်ရှိတဲ့နေရာကို လျောက်လာနေတဲ့ ရိမ်းကို ဆန်နီ သတိထားမိလိုက်ပါတယ်..။သူ သက်ပြင်းချလိုက်ပြီး..မျက်လွှာကိုချကာ..ခုံတန်းရှည်ပေါ်က သစ်သားမျက်နှာပြင်ကို လေ့လာနေတဲ့ ပုံစံ ဟန်ဆောင်လိုက်တယ်..။သူက ဆယ်ကျော်သက်အရွယ်မိန်းမငယ်လေးနဲ့..အကြည့်ချင်းမဆုံဖို့ကိုသာ မျှော်လင့်နေခဲ့မိပါတယ်..။
ဒီတစ်ကြိမ်မှာတော့ သူမ..သူ့အနားကိုလာပြီး စကားပြောဖို့ အကြောင်းပြချက်ပေးတော့မှာ မဟုတ်ပါဘူး..။
သို့ပေမယ့် ဒါတွေက အသုံးမဝင်ခဲ့ပေ..။ရိမ်း က..သူ့ရဲ့ တံခါးပေါက်နားကိုလာမယ့် လမ်းကြောင်းကို ရောက်လာတဲ့ အချိန်မှာတော့..ခနလောက်တွေဝေလိုက်ပြီး..သူ့ဆီကို တည့်တည့်လျောက်လာခဲ့ပါတယ်..။
“သောက်ကျိုးနဲ..”
ဆန်နီ ..ခေါင်းကို မော့လိုက်ပြီး..သူမကို အံ့ဩတဲ့ မျက်နှာ အမူအရာနဲ့ ကြည့်လိုက်တယ်.။
“အာ..ဟိုင်း..။မင်း ပါလား..”
သူမ ခေါင်းညိမ့်လိုက်ပြီး လွယ်အိတ်ကို ချွတ်ကာ..အရသာရှိတဲ့ အစားအသောက်တွေ ပါဝင်တဲ့ ဗူးတစ်ဗူး ထုတ်ယူလိုက်ပါတယ်..။ ယင်းနောက် ရိမ်းက..ဆန်နီကို ကမ်းပေးလိုက်တယ်..။
“ဒီမှာ..။ညီမရဲ့ အမေကိုယ်တိုင် လုပ်ထားတာ..။အစ်ကိုရဲ့ သူငယ်ချင်းက အစားအသောက် ယူလာဖို့ပြောခဲ့တယ်မလား…။အိုး..ပြီးတော့..ညီမ တကယ်တောင်းပန်ပါတယ်..။သိတယ်မလား..မနေ့က ကိစ္စအတွက်ပေါ့..”
ဆန်နီ အကြိမ်အနည်းငယ် မျက်တောင်ခတ်လိုက်ပြီး..သူမလက်ထဲက ဗူးကို လှမ်းယူလိုက်ကာ..ခနလောက် စိုက်ကြည့်နေလိုက်ပါတယ်..။
‘ချီးပဲ..အယ်ဖီ..သူမကို ဘယ်သူက အစားအသောက် တောင်းခိုင်းလို့လဲ..။ငါတို့နှစ်ယောက်စလုံးအတွက် အစားအသောက် ကောင်းတွေ လုံလောက်အောင် ချက်ပေးနေတာကို..’
ယင်းနောက် သူ ဟန်ဆောင်ကာ ပြုံးပြီး ပြောလိုက်တယ်..။
“ဟုတ်တယ်..သူမ အဲလိုပြောခဲ့တာ..။ပြီးတော့ မနေ့က ကိစ္စက ဘာမှမဖြစ်ပါဘူး..။မင်းရဲ့ အမေကိုလည်း ကျေးဇူးတင်ပါတယ်လို့ ပြောပေးဦး..”
ဒီဟာပြီးတဲ့နောက်မှာတော့..သူတို့စကားပြောတာက ပြီးဆုံးသွားပြီလို့ ဆန်နီ ထင်လိုက်ပေမယ့်..ရိမ်းက တွေဝေနေခဲ့သေးတယ်..။သူမရဲ့ မျက်နှာပေါ်မှာတော့..သိချင်တဲ့စိတ်တွေကို မြင်တွေ့နေရပါတယ်..။
“ဒါက ဘာမှထွေထွေထူးထူး မဟုတ်ပါဘူး..။ဒီတိုင်း..မှိုနဲ့လုပ်ထားတဲ့ ပါစတာ အချို့ရယ်..ခရင်ဆော့ ရယ်..။ညီမ အကြိုက်ဆုံးပေါ့..။အာ..ဆန်နီ ဟုတ်တယ်နော်..။စကားမစပ်..ညီမ နာမည်က ရိမ်း ပါ..”
ဆန်နီ အစားအသောက်ထည့်ထားတဲ့ ဗူးကို ထပ်ပြီးကြည့်လိုက်ကာ..ဒီအပေါ်မှာ ထားရှိတဲ့ သူ့ရဲ့ သဘောထားကို ပြန်လည်သုံးသပ်လိုက်ပါတယ်..။သိပ်ပြီး မထူးခြားပေ..။ဒီထဲမှာ ပါဝင်တဲ့ ပါဝင်ပစ္စည်းတွေ အားလုံးက ပုံမှန်အရာတွေပဲ ဆိုတာကို သူ လောင်းတောင် လောင်းလိုက်ချင်ပါသေးတယ်..။သို့ပေမယ့် သူ့လို မြို့ပြင်မှာ နေထိုင်တဲ့ လူတွေ စားသောက်ကြရတဲ့ အရာနဲ့ နှိုင်းယှဉ်လိုက်ရင်တော့ အတော်လေးကို ကွာခြားတဲ့အရာပါ..။ဒီလိုအရာမျိုးကို စားသောက်ခွင့်ရဖို့ဆိုရင် လူတောင် သတ်နိုင်တဲ့ လူမျိုးတွေကို ဆန်နီ တွေ့ဖူးပါတယ်..။
‘ဟုတ်တယ်..။အစ်ကို့ နာမည်က ဆန်နီပါ..။တွေ့ရတာ ဝမ်းသာပါတယ် ရိမ်း..”
သူမ ပေါ့ပါးစွာ ရယ်မောလိုက်ပြီး ခနလောက်တွေဝေလိုက်ပြီးကာမှ မေးလာခဲ့တယ်..။
“ဒီတော့..အစ်ကိုက ၁၈ နှစ် ပြည့်ပြီးပြီပေါ့..။ပြီးတော့ ဒီအိမ်မှာ တစ်ယောက်တည်း နေတာလား..။ပြောချင်တာက..အဲဒီ ခင်စရာကောင်းနဲ့ သူငယ်ချင်းနဲ့ပေါ့..”
ဆန်နီ ပုခုံးတွန့်လိုက်ပြီး..
“သေချာတာပေါ့..။သူမက ကိုယ်ပိုင်အိမ်တစ်လုံး ရှာမတွေ့ခင်အချိန်အထိတော့ ဒီမှာနေနေဦးမှာ..။ဘာဖြစ်လို့လဲ..”
မိန်းကလေးက သူ့ကို မျက်လုံးပြူးပြီး ကြည့်လိုက်တယ်..။
“ညီမ ဆိုလိုတာက..အစ်ကိုက အိမ်တစ်လုံး ပိုင်ဆိုင်ဖို့အတွက် အရမ်းငယ်နေသေးတာ မဟုတ်ဘူးလား..။အစ်ကို့ရဲ့ မိဘတွေက စိတ်မပူကြဘူးလား..”
သူက သူမကို စက္ကန့်အနည်းငယ်လောက် စိုက်ကြည့်ပြီး..စိတ်ဝင်စားစွာတွေးလိုက်တယ်..။
“အစ်ကိုကတော့ အခုအသက်အရွယ်က ကိုယ်ပိုင်အိမ်မှာနေဖို့ ပြီးပြည့်စုံမူရှိတယ်လို့ ထင်တာပဲ..။ပြီးတော့..မိဘတွေကလည်း..တစ်စက်ကလေးမှကို..စိုးရိမ်တာမျိုး မရှိကြဘူး..”
ရိမ်း က..အံ့ဩစရာအကောင်းဆုံး စကားလုံးတစ်ခုကို ကြာားလိုက်ရသလိုပဲ ပြုံးလိုက်တယ်..။
“ဒါပေမဲ့..ဘယ်သူက ချက်ပြုတ်ပေးတာလဲ..။မဟုတ်ဘူး ခနလေး…အစားအသောက်တွေကို ဘယ်သူဝယ်ပေးတာလဲ..။အစ်ကို့မှာ ဝင်ငွေရော ရှိရဲ့လား..။ဒါမှမဟုတ် တက္ကသိုလ်ကနေ ထောက်ပံ့ကြေးရနေတာလား..။ခနလေး..အစ်ကိုက တက္ကသိုလ်ရော..တက်နေသေးလား..။ညီမမှာ မေးစရာတွေ အများကြီး ရှိတယ်..”
ဆန်နီ စိတ်ထဲက ညဉ်းညူလိုက်တယ်..။
‘မေးခွန်းတွေ..ငါ မေးခွန်းတွေကို မုန်းတယ်..’
သို့ပေမယ့်..သူက သွေးကြောင်စွာပဲ တိတ်ဆိတ်နေခဲ့တယ်..။
“အဲတာက ဘယ်လိုမေးခွန်းမျိုးတွေလဲ..။အစ်ကိုက ကိုယ့်ဟာကို အစားအသောက်ဝယ်ပြီး ချက်ပြုတ်နေတယ် ဆိုတာ သိသာနေတာပဲ မဟုတ်ဘူးလား..။ပြီးတော့..ဘယ်သူက တက္ကသိုလ် ကို သွားဖို့ လိုအပ်လို့လဲ..။ထောက်ပံ့ကြေးအတွက်ကတော့..မင်းသိထားရမှာက..အစ်ကိုက..ငယ်ရွယ်ပြီး အောင်မြင်တဲ့ စီးပွားရေး လုပ်ငန်းရှင်တစ်ယောက်ပဲ..။အခြေခံအားဖြင့်တော့..လုပ်ချင်တာ အားလုံး လုပ်လေ့ရှိတယ်..”
ရိမ်းက သူ့ကို စိုက်ကြည့်လိုက်ပြီး..
“မိဘတွေက ခွင့်ပြထားတယ်လား..။သူတို့က အနာဂတ်မှာ အလုပ်အကိုင်ကောင်းရဖို့က အရေးကြီးကြောင်းနဲ့..အခိုက်အတန့်ကူးစက်ခံရမူအတွက် အမြဲတမ်း အဆင်သင့်ဖြစ်နေရမယ်ဆိုပြီး နေ့တိုင်း ဆိုဆုံးမနေတာတွေ မရှိဘူးလား..”
ဆန်နီ မျက်မှောင်ကျုတ်လိုက်တယ်..။
“ဟင့်အင်..ဘာမှမပြောဘူး..”
ရိမ်း က သူ့ကို မနာလိုစွာကြည့်ပြီး သက်ပြင်းချလိုက်တယ်..။
“ တကယ်ကံကောင်းတာပဲ..။ညီမရဲ့ အမေ နဲ့အဖေကတော့ သိမ်းငှက်တွေလိုပဲ..”
‘..သိမ်းငှက်ဆိုတာက ဘယ်လိုငရဲကို ဆိုလိုတာလဲ..။ဆိုးဝါးတဲ့ အရာတစ်ခုခုလို့တော့ ငါထင်တယ်..’
သူ တစ်ခနလောက် တိတ်ဆိတ်နေခဲ့ပြီးနောက်.မျက်နှာပေါ်မှာ ရှုပ်ထွေးတဲ့ အမူအရာတစ်ခု ပေါ်လာခဲ့ပါတယ်..။
နောက်ဆုံးမှာတော့..ဆန်နီ ပြောလိုက်တယ်..။
“မင်းရဲ့ အမေနဲ့ အဖေ အပေါ်မှာ အရမ်းကြီး မဆိုးပါနဲ့..။တကယ်တော့ ညီမက တကယ်ကို ကံကောင်းတဲ့ သူပဲ..။ငါက မင်းကို နည်းနည်းလေး လှည့်စားပြီးပြောခဲ့တာ..။အစ်ကို့ရဲ့ မိဘတွေက အစ်ကို ဘယ်မှာနေလဲ ၊ ဘာလုပ်နေလဲဆိုတာ ဂရုမစိုက်ကြဘူးဆိုတာက..အစ်ကို့မှာ မိဘတွေ မရှိကြတော့လို့ပဲ..။ဒီတော့..အစ်ကို့ရဲ့ အခြေအနေထက်စာရင် ညီမရဲ့ အခြေအနေက ပိုပြီး ကောင်းမွန်တယ်လို့ ထင်တာပဲ..”
ရိမ်းက ပြုံးနေတာကို ရပ်လိုက်တယ်။သူမက..ဝမ်းနည်းပြီး မဖော်ပြနိုင်လောက်တဲ့ မျက်နှာအမူအရာနဲံ သူ့ကို ကြည့်နေခဲ့ပါတယ်..။ယင်းနောက် သူမက တိုးညှင်းတဲ့လေသံနဲ့..
“အိုး..သိပါပြီ..။တောင်းပန်ပါတယ်..။ညီမ မသိခဲ့ဘူး..”
သူမ အနည်းငယ်ပြုံးပြီး လက်ဝေ့ယမ်းပြလိုက်ပါတယ်..။
“ကောင်းပြီလေ..ဒါဆိုလည်း ညီမသွားတော့မယ်..။ပါစတာ ကို ..ကောင်းကောင်းစားပါ..ဆန်နီ..”
မိန်းမငယ်လေးက သူမရဲ့ ကျောပိုးအိတ်ကို လွယ်ပြီး..တစ်ဖက်ကိုလှည့်ကာ..ထွက်သွားခဲ့လိုက်ပါတယ်..။
ဆန်နီ ခုံတန်းရှည်ပေါ်မှာ ရှိနေရင်း..အစားအသောက်တွေကို အချိန်အတော်ကြာအောင် စိုက်ကြည့်နေမိခဲ့တယ်..။ဖြည်းညှင်းစွာပဲ..သူ့ရဲ့ မျက်နှာပေါ်မှာ နက်မှောင်တဲ့ အမူအရာတစ်ခု ပေါ်လာခဲ့ပါတယ်..။
‘ငါ ထပ်ပြီးတော့..ဘာမှမလုပ်ပဲ နေနေလို့ မရတော့ဘူး..။ဆုံးဖြတ်ချက်ချပြီး လုပ်ဖို့ လိုအပ်လာပြီ..။ငါ အချိန်တွေ အများကြီးကို ဖြုန်းတီးမိနေပြီးပြီ..’
သူက ရိမ်း ကို အခိုက်အတန့်က ကူးစက်လာတဲ့အချိန်မှာ အဆင်သင့်ဖြစ်နေဖို့အတွက် ဘာမှမလုပ်ပေးပဲ နေနေခဲ့တာက..ဘာလုပ်ပေးရမလဲ..ဘယ်လိုလုပ်ပေးရမလဲ ဆိုတာကို မသိတာကြောင့်ပါ..။
အပိုင်း ( ၄၈၂ ) ပြီး၏။