စက္ကန့် နှစ်ရာ…
Vol. 33 Ch. 483
ပြသနာက..သူ့မှာ ကောင်းမွန်တဲ့ ဆုံးဖြတ်ချက်ချဖို့အတွက်..လုံလောက်တဲ့ အသိပညာတွေရှိမနေခဲ့တာပါပဲ..။တကယ်လို့ သိရှိထားမယ် ဆိုရင်တောင် သူ့ရဲ့ အရည်အသွေးတွေက ဒီဟာကို ပြုလုပ်ဖို့ လုံလောက်မူ ရှိပါ့မလား..။
ဆန်နီက..များပြားလှတဲ့ အခြေအနေတွေကို ဖြေရှင်းတာ ၊ လျင်မြန်တဲ့ဖြတ်ထိုးဉာဏ် ပိုင်ဆိုင်ထားတာ ၊ ပါးနပ်တာ ၊ တစ်ခြားသက်ရှိတွေကို သတ်ဖြတ်တဲ့ နေရာမှာ ပါရမီပါတာ နဲ့..အသက်ရှင်ကျန်ရစ်တာတွေမှာ. အတော်လေးကို အတွေ့အကြုံ ရှိထားပါတယ်..။
သူက မှားယွင်းတဲ့ အရာတွေမှာ အချိန်ကုန်ခံနေစရာ မလိုပဲ. အရာတွေအများကြီးမှာ ကျွမ်းကျင်မူ ရှိတယ် ဆိုတာကိုတော့ ဝန်ခံရပါလိမ့်မယ်..။
သို့ပေမယ့် သူ ကျွမ်းကျင်တဲ့အရာတွေက ဆယ်ကျော်သက်အရွယ်..မိန်းကလေးတစ်ယောက်ကို အိပ်မက်ဆိုးအခိုက်အတန့်…အတွက် အဆင်သင့်ဖြစ်ဖို့..လေ့ကျင့်ပေးတဲ့နေရာမှာ အထောက်အကူဖြစ်ပါ့မလား..။ဘာပဲဖြစ်ဖြစ် သူ သူမကို ပေးချင်တဲ့အရာက..အဆင့်မြင့်ကျောင်းတွေမှာ သင်ကြားပေးပြီးသား ဖြစ်တဲ့..ကိုယ်ခံပညာ နည်းစနစ်တွေ ၊ ရှင်သန်မူ နည်းစနစ်တွေ မဟုတ်ပါဘူး..။ဆန်နီလို လူမျိုးကတော့..ဒီအရာတွေကို ဘယ်တုန်းကမှ မသင်ယူခဲ့ရဖူးပေ..။
သူ သူမကို ပေးချင်တဲ့အရာက အိပ်မက်ကမ္ဘာထဲက ကြောက်မက်ဖွယ် ငရဲမှာတောင် ရှင်သန်နိုင်တဲ့..အတွေးအခေါ်တွေပါ..။ပြီးတော့..စိတ်…စိတ်က အရမ်းကို နူးညံ့တဲ့အရာတစ်ခုပါပဲ..။
တကယ်လို့ သူသာ ဒီအရာကို မှားယွင်းတဲ့ နည်းလမ်းတွေနဲ့ အသုံးပြုမယ် ဆိုရင်..ကောင်းကျိုးထက် ဆိုးကျိုးကိုသာ ပိုပြီး ယူဆောင်လာပါလိမ့်မယ်..။
လူတိုင်းကတော့ ကွာခြားမူရှိကြပြီး ..သူ့မှာ အလုပ်ဖြစ်တဲ့အရာက တစ်ခြားလူတစ်ယောက် အတွက် အလုပ်ဖြစ်ချင်မှ ဖြစ်မယ် ဆိုတဲ့ အချက်ကိုတော့ ပြောနေစရာတောင် မလိုအပ်တော့ပေ..။ဉပမာအနေနဲ့ ပြောရရင် သူ့ရဲ့ သူငယ်ချင်းတွေ ပါပဲ..။သူတို့အားလုံးက မတူညီတဲ့ အတွေးအခေါ်တွေ ရှိနေကြပြီး..တစ်ခုချင်းစီတိုင်းကလည်း ကြောက်မက်ဖွယ်ကောင်းတဲ့ မေ့ပျောက်ကုန်းမြေလိုနေရာမှာတောင်..ရှင်သန်နိုင်စွမ်းတွေ ရှိကြပါတယ်..။
‘ဒီတော့…ငါ ဘယ်လို အရာကို လုပ်ရမှာလဲ..’
ဆန်နီ သူ့နှာဖူးကို နိုပ်ရင်း..သက်ပြင်းချလိုက်တယ်..။
ပထမဆုံးအနေနဲ့ ငါက..ပိုလေ့လာပြီး..ပို နားလည်းအောင် လုပ်ရမယ်..။သူ ဘယ်အရာကိုပဲ လုပ်ဖို့ဆုံးဖြတ်ပါစေ..ရိမ်း ရဲ့ စာသင်ခန်းထဲက အခြေအနေကို တစ်ရက်လောက် လေ့လာပြီး..ဆုံးဖြတ်ချက်ချရင်တော့ အရမ်းကို တုံးအလွန်းသွားမှာပါ..။
‘ဖြစ်နိုင်တာက..ငါ ပိုကောင်းတဲ့ အကြံဉာဏ် ရလာနိုင်တာပဲ.။ဒါမှမဟုတ် ငါ့ရဲ့ မသိစိတ်ကလည်း..သဲလွန်စ ပေးလာတာ ဖြစ်နိုင်တယ်..’
ဒီလိုတွေးလိုက်ရင်း..သူ့ရဲ့ လဖက်ရည်ကို အဆုံးသတ်လိုက်ပြီး..အိမ်ထဲကို ပြန်ဝင်သွားလိုက်ပါတယ်..။
……
နောက်တစ်ရက် မနက်မှာတော့ ဆန်နီက အိမ်ကနေ စောစော ထွက်လာခဲ့တယ်..။ပြီးတာနဲ့ အများပြည်သူသုံး ယာဉ်ကို အသုံးပြုကာ..ရိမ်း ရဲ့ကျောင်းရှိနေတဲ့ နေရာကို ထွက်လာခဲ့ပါတယ်..။
အခု သူက နေရာကို သိထားပြီးပြီ ဆိုတော့..သူ့ညီမလေးရဲ့ နောက်ကို ဆက်တိုက်လိုက်နေစရာ မလိုတော့ပါဘူး..။အဲဒီအစား..သူက ရှေ့ကိုဆက်သွားပြီး..ပြီးခဲ့တဲ့တစ်ခေါက်က သူ ပုန်ုးခိုနေခဲ့တဲ့..ကဖေးဆိုင်ကိုသာ ပြန်သွားလိုက်ပါတယ်..။ပြီးတာနဲ့ သူ့ရဲ့ အရိပ်တစ်ခုကို ကျောင်းပေါက်ဝမှာ စောင့်ခိုင်းထားပြီး..မိန်းမငယ်လေး ရောက်လာမယ့် အချိန်ကို စောင့်ခိုင်းထားခဲ့တယ်။
နာရီဝက်ကြာပြီးနောက်မှာတော့..သူက သူမရဲ့ ပုံရိပ်ကို တွေ့လိုက်ရပြီး.၊ ရိမ်း ရဲ့နောက်ကို လိုက်ဝင်သွားဖို့ သူ့ရဲ့ အရိပ်ကို အမိန့်ပေးလိုက်တယ်..။
“ငါ သူမရဲ့ ပြုမူနေထိုင်ပုံတွေကို အတော်ကြာအောင် စောင့်ကြည့်နေမှ ဖြစ်မယ်..အနည်းဆုံးတော့ တစ်ပတ်လောက်ပေါ့..။ပြီးသွားရင်တော့..ငါ့ရဲ့ ကနဦးထင်မြင်ချက်က မှန်ကန်လား..ဒါမှမဟုတ် ငါ့ရဲ့ အကဲဖြတ်မူတွေကို ပြန်ပြီး သုံးသပ်ဖို့လိုသေးလား ဆိုတာကို ရှင်းလင်းသွားလိမ့်မယ်..။ငါက သူမရဲ့ ခွန်အားနဲ့ အားနည်းချက်ကိုလည်း ပိုပြီး နားလည်နိုင်လိမ့်မယ်..’
ဆန်နီက ညဉ်းညူနေတာတွေကို ရပ်တန့်လိုက်သင့်ပါပြီ..။
တပတ်လောက်ကတော့ သူက အချိန်ပေးထားရပါလိမ့်ဦးမယ်..။အရိပ်အပိုင်းအစ အတွက် အမဲလိုက်တာ နဲ့ အယ်ဖီ ၊ သူတော်စင်တို့နဲ့ လေ့ကျင့်တာကို လည်း ခနလောက်..ရပ်တန့်ထားရပါဦးမယ်..။လတ်တလောမှာတော့..သူက ရက်စက်သော မြင်ကွင်းကို ကိုင်တွယ်တဲ့နေရာမှာ ယုံကြည်မူ ရှိနေပြီးပါပြီ..။
အစကတော့..ဆန်နီက လှံရှည်ကို ကိုင်တွယ်ရခက်ပြီး တသမတ် တည်း အသုံးပြုရတဲ့ လက်နက်တစ်ခု အဖြစ်သုံးသပ်ခဲ့တာပါ..။အမှန်တကယ်တော့..ဒီအရာက သူ့ရဲ့ကောင်းမွန်တဲ့ အချက်အလက်တွေ ထဲက တစ်ခုပါပဲ..။
လူတိုင်းက..လှံတစ်ချောင်းကို ကောင်းမွန်တဲ့ သက်ရောက်မူ တွေနဲ့အတူ အသုံးပြုနိုင်ပါတယ်..။ဒါကြောင့်ပဲ လှံရှည်က တိုက်ပွဲကွင်းပြင်မှာ နှစ်ထောင်ပေါင်းများစွာ..ကြီးစိုးနေခဲ့တယ်..။ဓား နဲ့ မတူတဲ့အချက်က..လူတစ်ယောက်ဟာ လှံတစ်ချောင်းကို ကောင်းကောင်းကိုင်တွယ် နိုင်ဖို့အတွက်..နာရီပေါင်းများစွာ လေ့ကျင့်နေဖို့ မလိုအပ်ပေ..။
သို့ပေမယ့်..မာစတာတစ်ယောက်…မာစတာတစ်ယောက် ရဲ့ လက်ထဲမှာသာ ဆိုရင်..လှံရှည်ကလုံးဝကို မတူညီတဲ့ သားရဲ တစ်ကောင်လိုပါပဲ..။ဒါက..သေစေနိုင်မူ ၊ မခန့်မှန်းနိုင်မူ တွေနဲ့ ပြည့်နှက်နေပြီး..အကွာအဝေးတစ်ခု အတွင်းမှာ နည်းမျိုးစုံနဲ့ကို တိုက်ခိုက်နိုင်တဲ့ လက်နက်တစ်ခုပါ..။ဒီ လက်နက်ရဲ့ ကောင်းမွန်တဲ့စွမ်းဆောင်နိုင်စွမ်းက..ကိုင်ဆောင်သူရဲ့ အနီးကို ချည်းကပ်လာရဲတဲ့ အရာမှန်သမျှကို ဖျက်ဆီးအား ပြင်းပြင်းနဲ့..ရင်ဆိုင်နိုင်တာပါပဲ။ဆန်နီ အကြိုက်ဆုံးအရာကတော့..လှံတစ်ချောင်းရဲ့ လှည့်စားနိုင်တဲ့ အချက်ပါ..။
ရက်စက်သော မြင်ကွင်းက အထူးသဖြင့်တော့ သူ့ရဲ့ ရှည်လျားတဲ့ဓားသွားကြောင့်..ထိုးဖောက်တာရော ခုတ်ဖြတ်တာပါ ပြုလုပ်နိုင်ကာအသုံးပြရတာ အတော်လေးကို အဆင်ပြေပါတယ်..။သူ့ရဲ့ အလျားကို လိုအပ်သလို ပြောင်းလဲနိုင်တဲ့ အချက်ကိုတော့ ပြောနေစရာတောင် မလိုအပ်တော့ပါဘူး..။
…ဒါတောင်မှ ဆန်နီက ဓားကို အသုံးပြုရတာကိုပဲ ပိုပြီး နှစ်သက်နေပါသေးတယ်,.,။အထူးသဖြင့် ရင်းနှီးပြီးသားဖြစ်တဲ့ သန်းခေါင်းယံ အမြုတေ နဲ့ ဝိဉာဉ်မြွေရြ့ ကြီးမြတ်တဲ့ အိုဒါချီ ဓားပုံစံတို့ပါ..။ဘာပဲဖြစ်ဖြစ်..ရက်စက်သောြမင်ကွင်းကြောင့်..ရန်သူကို သူ့ရဲ့ ခန္တာကိုယ်နဲ့ အဝေးမှာ ရှိနေစေတဲ့ အချက်ကိုလည်း သူ စတင်ပြီး သဘောကျလာခဲ့ပါပြီ။
ဒီတော့..ဒီလိုမျိုး လေ့ကျင့်တဲ့ အချိန်တွေကို လျော့ချလိုက်ရတာက တကယ်ကို ရှက်ရွံ့စရာပါပဲ..။ဒါက ကျောင်းမှာ ရှိနေတဲ့ ရိမ်းကို တစ်ပတ်လောက် စောင့်ကြည့်နေရမယ့်အပေါ်..သူ စိတ်ပျက်နေတဲ့ တစ်ခုတည်းသော အကြောင်းပြချက်မဟုတ်ပေ..။
အဓိက အကြောင်းပြချက်ကတော့…ဆယ်ကျော်သက်တွေပါ..။
သိသာစွာပဲ ဆန်နီက..ပထမတစ်ခေါက်တုန်းက..ငယ်ရွယ်တဲ့ ထူးချွန်သူတွေက ဂုဏ်သိက္ခာရှိတဲ့ ကျောင်းကို လာတက်ပြီး..ဆရာတွေ ရော သူတို့ကိုယ်သူတို့ပါ ခက်ခဲအောင် လုပ်ခဲ့ကြတာကို မှတ်မိပါသေးတယ်..။သူ ဒီဟာကို အတင်းတွန်းအားပေးကြည့်ရင်း စိတ်ဒဏ်ရာ ရရှိခဲ့တာပါ..။အဆုံးမရှိတဲ့ချောက်နက်ထဲကို ပုတ်နေတဲ့ နတ်ဆိုးရဲ့ အသားတွေ စားရင်း ပြုတ်ကျသွားတာ..ကောင်းကင်မီးတောက်ပင်လယ်ရဲ့ လောင်ကျွမ်းခြင်းခံရတာတွေကို ကြုံတွေ့ခဲ့ရပြီးတာတောင်...သူက ကျောင်းသားဘဝကို ရွေးချယ်ရမယ့်အစား…ဒီ ဖြစ်ရပ်ကြီးတစ်ခုလုံးကို ပဲ ထပ်ကာထပ်ကာ ပြန်ဖြစ်လိုက်ချင်ပါတယ်..။
ကောင်းပြီလေ…လုနီးပါးပေါ့..။
တကယ် ဘယ်ဟုတ်ပါ့မလဲ..။
ဆန်နီ သက်ပြင်းချလိုက်ပြီး သူ့ရှေ့က အစာသွပ်မုန့်ကို အာရုံစိုက်လိုက်ကာ..ရှည်လျားပြီး ခက်ခဲတော့မယ့် နေ့တစ်နေ့ အတွက် ပြင်ဆင်လိုက်ပါတယ်..။အစာသွပ်မုန့်က အသားစိမ်းကနေ ပြုလုပ်ထားတာ မဟုတ်တဲ့ အချက်ကြောင့်..သူ့ရဲ့ ခံစားချက်တွေက ပိုမိုကောင်းမွန်လာခဲ့တယ်..။
ငယ်ရွယ် ထူးချွန်တဲ့ ကလေးတွေကတော့ အရင်အတိုင်းပဲ..အငြိုးအတေးတွေ ၊ မယုံနိုင်စရာကောင်းမူတွေ ၊ လမ်းလွှဲရောက်မူတွေ ၊ ဒေါသထွက်စရာတွေ နဲ့သာ ပြည့်နှက်နေကြပါတယ်..။ကံကောင်းချင်တော့..ရိမ်းက ဒီ ဒရမ်မာတွေ အားလုံးကို ရှောင်ရှားပြီး..တိတ်ဆိတ်စွာပဲ လေ့လာသင်ယူနေခဲ့တယ်..။ဒါက အခြေခံအားဖြင့် သူမကို အပယ်ခံတစ်ယောက် ဖြစ်လာစေပါတယ်..။
‘တကယ်တော်တဲ့ ကလေးမလေးပဲ..ရိမ်း..ဒါက မှန်တယ်,,၊အဲဒီအရေးမပါတာတွေ အားလုံးကို ဂရုမစိုက်ပဲ သင်ယူစရာရှိတာကိုသာ သင်ယူထား..။အသိပညာဆိုတာ အခွင့်အရေးတစ်ခုပဲ..မင်းရဲ့ ဒီအတန်းဖော်တွေအားလုံးက ငတုံးတွေ ဆိုတော့ ဒီဟာကို တန်ဖိုးထားရမှန်း မသိကြဘူး..။ဒါပေမဲ့ မင်းကတော့ အဲလို မဟုတ်ဘူး..”
ကောင်းပြီလေ..ဒီကလေးတွေက ဆိုးသွမ်းနေကြတဲ့ ကလေးတွေ မဟုတ်ကြပါဘူး..။အကယ်ဒမီ အောင်မြင်မူက လူမူအဆင့်အတန်းတွေကိုပါ သက်ရောက်နိုင်ခြင်း ရှိနေတာကြောင့် ကျောင်းသားတွေ ကြားထဲက ပြိုင်ဆိုင်မူက အတော်လေးကို ပြင်းထန်ပါတယ်..။သူတို့က ဒီတိုင်း သင်ယူမူကို အဆင့်အတန်းမြင့်ဖို့အတွက် လက်နက်တစ်ခုလို သဘောထားနေတာပဲ ရှိတာပါ..။ဒါတွေက..ပန်းတိုင်နဲ့ လုံးဝကို ဆန့်ကျင်နေခဲ့တယ်..။
သူတို့ရဲ့ ဦးစားပေးမူတွေ အတွက်ကတော့ ဆန်နီ တစ်ခုမှ ဂရုမစိုက်ပေ..။
တစ်နာရီပြီး တစ်နာရီ ကုန်လွန်လာပြီးတဲ့ နောက်မှာတော့..သူက ကဖေးကနေ အပြင်ထွက်လမ်းလျောက်ပြီး..ပျင်းရိမူတွေကို မောင်းထုတ်ဖို့ လုပ်လိုက်ပါတယ်..။
သို့ပေမယ့်..သူ ဒီလို မလုပ်နိုင်ခင်မှာပဲ တစ်ခုခုက ဖြစ်လာခဲ့တယ်..။
သူ့ရဲ့ ဆက်သွယ်ရေးစက်က..ရုတ်တရက် တုန်ခါလာခဲ့ပြီး ဆက်တိုက်ဆိုသလိုပဲ အသံတွေ ထွက်ပေါ်လာခဲ့ပါတယ်..။တစ်စက္ကန့်အကြာမှာတော့ ဒီအသံက ထပ်ခါထပ်ခါ မြည်နေခဲ့တယ်..။
…ပြီးတော့ ဒါက သူတစ်ယောက်တည်း ဖြစ်နေတာ မဟုတ်ပါဘူး..။ဧည့်သည်တွေကနေ အစ..ဝန်ထမ်းတွေ အကုန်လုံး ကဖေး ထဲက လူတိုင်း တူညီတဲ့ အချက်ပေးမူကို လက်ခံရရှိနေခဲ့ကြတယ်..။
ဆန်နီ ရဲ့ ရင်ဘတ်တွေ အေးစက်သွားခဲ့ပါပြီ။
ဒါပေါ့ သူ ဒီအသံကို သိထားပြီးသားပါ..။ဒီကမ္ဘာပေါ်မှာ ရှိနေတဲ့လူတိုင်းက ဒီအသံကို သိထားကြပြီး ကြောက်ရွံ့ကြပါတယ်..။
အောက်ကို ငုံ့ကြည့်လိုက်တဲ့ အချိန်မှာတော့ ရင်းနှီးတဲ့ စာသားတစ်ခုက..သူ့ ဆက်သွယ်ရေးစက်ရဲ့ မျက်နှာပြင်ပေါ်မှာ ပြသနေခဲ့တယ်..။
‘..မဟုတ်ဘူး..’
အချက်ပေးမူကတော့…
အရေးပေါ် သတိပေးချက်..
အရေးပေါ် သတိပေးချက်…
သင့်ရဲ့ တည်နေရာ ပတ်ဝန်းကျင်မှာ..ထွက်ပေါက် လှုပ်ရှားမူကို ထောက်လှမ်းမိနေပါတယ်..။
ကျန်ရှိချိန် : ၂၀၁ စက္ကန့်
အခုချက်ချင်း နေရာ ရွေ့ပြောင်းပါ…။
အပိုင်း ( ၄၈၃ ) ပြီး၏။