ဂိတ်ပေါက်..
Vol. 33 Ch. 484
‘ဂိတ်ပေါက်တစ်ခု..အဲဒီမှာ ဂိတ်ပေါက် တစ်ခု..’
ဆန်နီ ဒီစကားလုံးတွေကို နားမလည်နိုင်သေးခင်မှာပဲ..သူက တုန်ရီနေခဲ့ပါပြီ..။ကြောက်လန့်မူက သူ့ရဲ့ နှလုံးသား နက်ရှိုင်းတဲ့ အပိုင်းကနေ ဝင်ရောက်လာခဲ့ပြီး..သူ့ရဲ့ တစ်ကိုယ်လုံးကို လွှမ်းခြုံသွားခဲ့တယ်..။ဒါက သိစိတ်ရဲ့ တုန်ပြန်မူ တစ်ခု မဟုတ်ပဲ မသိစိတ်ကနေ တုန့်ပြန်လိုက်မိတဲ့ အပြုအမူတစ်ခုပါ..။ ဒါက သူ့ရဲ့ခန္တာကိုယ် အရင်တုန်းက သင်ယူခဲ့ရတဲ့ အရာတစ်ခုဖြစ်ပြီး..ခေတ်သစ်လူသားတွေ အားလုံးရဲ့ အရိုးထဲမှာ စွဲထင်နေတဲ့ ကြောက်လန့်မူတစ်ခုပါ..။
ဒီကြောက်မက်ဖွယ်ကောင်းတဲ့ ပဲ့တင်ထပ်သံက တစ်ခုတည်းကိုပဲ ဆိုလိုပါတယ်..။ပြေးတော့…မင်း သာ အသက်ရှငိချင်သေးတယ် ဆိုရင် ပြေးတော့..။စကားလုံးနဲ့တောင် ဖော်ပြလို့မရနိုင်တဲ့ ထိပ်လန့်ဖွယ်ရာ သေဆုံးမူနဲ့ မရင်ဆိုင်ချင်ဘူးဆိုရင် ပြေး တော့..။
သို့ပေမယ့် ဆန်နီကတော့ သာမန်လူတစ်ယောက် မဟုတ်တော့ပါဘူး..။
သဘာဝအလျောက်ဖြစ်ပေါ်လာတဲ့ အကြောက်တရားကို ဘေးဖယ်ထားလိုက်ရင်း..သူက ဆက်သွယ်ရေးးးစက်ရဲ့ မျက်နှာပြင်ကို နက်မှောင်တဲ့ အမူအရာတစ်ခုနဲ့ ကြည့်နေခဲ့တယ်..။
အချက်ပေးမူက သူအတိတ်တုန်းက အကြိမ်များစွာ မြင်ခဲ့ဖူးတြ့ အရာနဲ့ အတူတူပါပဲ..။သူ မြို့ပြင်မှာ နေထိုင်ခဲ့တဲ့ အချိန်တုန်းက..ပွင့်လာတဲ့ ဂိတ်ပေါက်တစ်ခုက ဘယ်လို ဖျက်ဆီးမူမျိုးတွေကို ယူဆောင်လာနိုင်လဲဆိုတာကို ကိုယ်တိုင် မြင်တွေ့ခဲ့ရဖူးပါတယ်..။မင် ဘယ်နေရာမှာပဲ နေထိုင်ပါစေ..ဒီလိုအသံကိုတော့ နှစ်အနည်းငယ်အတွင်းမှာ တစ်ကြိမ်ကြားနေရမှာပါပဲ..။
အမှန်တရားကတော့..မြို့ပြင်မှာရှိနေတဲ့ ကာကွယ်ရေး အဆောက်အဦးတွေက..မြို့ထဲက သင့်တော်တဲ့ နေရာတွေထက် ပိုအားနည်းပြီး..နိုးထသူ အရေအတွက်ကလည်း ပတ်ဝန်းကျင်မှာ သိပ်ပြီးမရှိပေ..။ဒီတော့ ရလာဒ်က အတော်လေးကို ဆိုးဝါးစေပါတယ်..။
သူက အခုချိန်မှာ အတော်လေးကို သင့်တင့်လျောက်ပတ်တဲ့ စီရင်စုတစ်ခု မှာ ရှိနေခဲ့တယ်..။
ဆန်နီက ထွက်ပေါက်တစ်ခု ပေါ်ထွက်လာတော့မယ် ဆိုတာကို အစိုးရက ထောက်လှမ်းတဲ့ နည်းပညာပိုင်းတွေကို မသိပေမယ့်…ဒိတစ်ကြိမ်မှာတော့ ဒီနည်းပညာက ကျရှုံးသွားခဲ့တယ် ဆိုတာကို သူ သိထားပါတယ်..။ပုံမှန်အားဖြင့် ဆိုရင်လူတွေက အချက်ပေးချက်တွေကို အနည်းဆုံး ဆယ်မိနစ် ၊ နာရီဝက် လောက် ကြိုတင်ရရှိကြတာပါ။တစ်ခါတစ်လေ ဆိုရင်..ဆိုးဝါးတဲ့ အခြေအနေတွေ မစတင်ခင်..ရက်အချို့ ကြိုတင်ပြီးတော့တောင် သိခွင့်ရပါသေးတယ်..။
ဒါက လူအများစုကို အန္တရာယ် ဇုံထဲကနေ ထွက်သွားဖို့အတွက်..အချိန်ရရှိစေပြီး..အစိုးရအဖွဲ့တွေကလည်း..အိပ်မက်ဆိုးသားရဲတွေ ဂိတ်ပေါက်ကို ဖြတ်ပြီး ရောက်မလာခင် အချိန်မှာ..ရောက်ရှိနိုင်ကြပါတယ်.။ဒါဆိုရင် အနီးအနားမှာ ရှိနေကြတဲ့ နိုးထသူတွေကလည်း..အချိန်တွေ အကြားကြီး တားဆီးပေးထားစရာ မလိုအပ်တော့ပါဘူး..။
စက္ကန့် နှစ်ရာ…ဒါက ဘာမှမဟုတ်ပေ..။ဘာမှမဟုတ်တာ ထက်တောင် ပိုပြီးနည်းနေပါသေးတယ်..။ဒီပမာဏက လူတွေ ထွက်ပြေးဖို့အတွက် လုံလောက်တဲ့ အချိန်ပမာဏ မဟုတ်သလို..အကူအညီတွေ ရောက်ရှိလာဖို့အတွက်လည်း နီးတောင် မနီးစပ်ပါဘူး..။ဒီလို သေးငယ်တဲ့ အချိန် အပိုင်းအခြားလေးတစ်ခုက တစ်ခုတည်းကိုပဲ ဆိုလိုပါတယ်..။
တကယ်လို့ တစ်ခုခုသာ ဖြစ်ပေါ်မလာခဲ့ရင်..အစုလိုက်အပြုံလိုက် သေကြေမူတွေက ဖြစ်ပေါ်လာတော့မှာပါ..။
သို့ပေမယ့် သူကတော့ လုံခြုံပါတယ်..။သူက အရိပ်ခြေလှမ်းကို အသုံးပြုပြီး အချိန်မရွေး ဒီနေရာကနေ ထွက်သွားလိုက်ရုံပါပဲ..။
လူတွေက ထွက်ပေါက်ဆီကို ကြောက်လန့်တကြား ထွက်ပြေးနေကြတဲ့ အချိန်မှာတော့..ဆန်နီ သက်ပြင်းချလိုက်ပြီး အချက်ပေးချက် ခလုတ်ကို နိပ်လိုက်တယ်..။
ချက်ချင်းဆိုသလိုပဲ ပေါ်ထွက်လာတော့မယ့် ထွက်ပေါက်ရဲ့ တည်နေရာမြေပုံက သူ့ရဲ့ စက်ထဲမှာ ပြသလာခဲ့ပါတယ်..။အလားတူစွာပဲ..အကောင်းမွန်ဆုံး ရွေ့ပြောင်းနိုင်တဲ့ လမ်းကြောင်းတွေကိုပါ ပြသထားခဲ့တယ်..။
‘ အရမ်း နီးနေပြီ..’
ရိမ်း ရဲ့ ကျောင်းက ကျောင်းသား ထောင်နဲ့ချီကို စက္ကန့်ပိုင်းအတွင်းမှာ အချိန်မှီ ရွေ့ပြောင်းပေးနိုင်ဖို့ဆိုတာက မဖြစ်နိုင်ပါဘူး..။တကယ်လို့ သူတို့ရဲ့ ခုခံကာကွယ်ရေးစနစ်တွေကို အကောင်းမွန်ဆုံးပြင်ဆင်ထားမယ် ဆိုရင် ဒီလိုလုပ်ကြမှာတောင် မဟုတ်ပေ..။သူတို့က ဒီတိုင်းပဲ ကျောင်းသားတွေကို ကာကွယ်ထားတဲ့ နေရာတွေ ဆီကိုပဲ ခေါ်သွားပြီး..ခုခံရေးစနစ်တွေကို ဖွင့်လှစ်ထားခဲ့ကြမှာပါ..။ပြီးတာနဲ့ အကူအညီတွေ ရောက်လာတဲ့ အချိန်အထိ တောင့်ခံထားကြပါလိမ့်မယ်..။
သို့ပေမယ့် ကျောင်းက ပွင့်လာမယ့် ဂိတ်ပေါက် ရဲ့ အနားမှာ တည်ရှိနေခဲ့တယ်..။သူတို့ရဲ့ ခုခံကာကွယ်ရေးစနစ်တွေက ဘယ်လောက်ပဲ ကောင်းမွန်တယ်လို့ပြောပြော ဒီအရာတွေက ဘယ်လို အလုပ်လုပ်တာလဲ ဆိုတာကို ဆန်နီ မသိသေးပါဘူး..။ဒီဖြစ်ရပ်မှာတော့..လုံခြုံရေးအဖြစ် ဒါမှမဟုတ် နည်းပြတွေ နည်းပြတွေ အများအပြား ရှိနေတယ် ဆိုရင်တောင်..သူတို့လည်း အများကြီး တတ်နိုင်ကြမှာမဟုတ်ပေ..။ဘာပဲဖြစ်ဖြစ်..အမှန်တကယ် အရည်အချင်းရှိတဲ့ လူတွေက ဒီလိုနေရာမျိုးတွေမှာ ရှိမနေကြပါဘူး..။
‘ ဘာလုပ်ကြမလဲ..’
ဒီတစ်ကြိမ် အင်တာနက် သတိပေးချက်က ဆန်နီ အရင်က မြင်တွေ့ဖူးတာနဲ့ အနည်းငယ်ကွာခြားချက်တော့ ရှိနေခဲ့ပါတယ်..။
အဲဒီမှာတော့..အပိုထပ်ဆောင်းအနေနဲ့..မြေပုံပေါ်မှာ အရေးပေါ် သကေ်တ တစ်ခုက မှိတ်တုတ် မှိတ်တုတ် ပေါ်နေခဲ့တယ်..။ဒါက မာစတာ ဂျက် ရဲ့ လက်မောင်းပေါ်မှာ ဝတ်ဆင်ထားတဲ အမှတ်တံဆိပ်နြ့ အတူတူပဲ ဖြစ်ပြီး ကြယ်သုံးပွင့်အစား..နှစ်ပွင့်ကိုသာ ပြသထားခဲ့တာပါ..။
ဒီအမှတ်သား ရှိနေရတဲ့ အကြောင်းအရင်းကတော့..ဆက်သွယ်ရေးစက်က..ဆန်နီဟာ နိုးထသူ တစ်ယောက် ဖြစ်တယ် ဆိုတာကို သိနေလို့ပါပဲ..။
အခုဆိုရင် ဂိတ်ပေါက် မပွင့်လာခင်အချိန်အထိ တစ်ရာ ကိုးဆယ့်နှစ်စက္ကန့် ကျန်ရှိနေပါသေးတယ်..။သူ့ရဲ့အရိပ်ပုန်းအောင်းနေတဲ့ စာသင်ခန်းထဲမှာတော့..ကလေးတွေနဲ့ ဆရာတွေ က အသိပေးချက်ကို အံ့ဩတဲ့ မျက်နှာအမူအရာတွေနဲ့ ကြည့်နေတုန်းပါပဲ..။ဘာတွေဖြစ်ပျက်နေတာလဲ ဆိုတာကို အတိအကျ နားမလည်ကြသေးပေ..။ဒါမှမဟုတ် ရိုးရှင်းစွာပဲ..စိတ်ရှုပ်ထွေးနေကြတာပါ..။
သူ့ဘေးမှာ ဖြစ်ပေါ်နေတဲ့ ဗရမ်းဗတာ အခြေအနေတွေကို ဂရုစိုက်မနေတော့ပဲ..ဆန်နီက သကေ်တ ခလုတ်ကိုနိုပ်လိုက်တဲ့ အချိန်မှာ စခရင်ပေါ်မှာ အချက်အလက် အသစ်တွေ ပေါ်လာခဲ့ပါတယ်..။
နိုးထသူ အားလုံး အာရုံစိုက်ပေးကြပါ…
ချက်ချင်း လှုပ်ရှားရန် အကူအညီတောင်းခံချက်…
နိုးထသူ အားလုံး အာရုံစိုက်ပေးပါ..
ချက်ချင်း လုပ်ဆောင်ရန်….
အဲဒီအောက်ဘက်မှာတော့..စာသားတစ်ချို့ကိုပါ ထပ်ပြီး ဖော်ပြပေးထားခဲ့တယ်..။
ဂိတ်ပေါက် အမျိုးအစား ..၂ ( ၈၉ % ဖြစ်နိုင်ချေ ) ၊ အမျိုးအစား ၃ ( ၁၀ % ဖြစ်နိုင်ချေ ) ၊ ပိုမြင့်တဲ့အမျိုးအစား ( မသတ်မှတ် )
အင်အားရောက်ရှိချိန် … ၁၆ မိနစ် ၊ ၁၄ စက္ကန့်
‘ဆယ့်သုံး မိနစ်..’
ဆန်နီ ရဲ့ နှုတ်ခမ်းတွေ တွန့်ကွေးသွားခဲ့ပြီး သူ့မျက်နှာပေါ်မှာ နောင်တရတဲ့ အမူအရာ တစ်ခု ပေါ်လာခဲ့တယ်..။
အစိုးရ တိုက်ခိုက်ရေး အင်အားစုတွေ ဂိတ်ပေါက်ဆီကို ရောက်ရှိလာမယ့် ကြာမြင့်ချိန်က..ဂိတ်ပေါက်ပွင့်ပြီး ၁၃ မိနစ် ကြာမှပါ..။ဆယ့်သုံးမိနစ်..ဒါက အဆုံးမရှိအောင် ကြာြမင့်တော့မယ့် အချိန်ကာလ တစ်ခုလိုပါပဲ..။
‘ အရမ်း ကြာလွန်းတယ်..’
ပြီးတော့ အခုချိန်မှာ ဆန်နီက..ဆုံးဖြတ်ချက် ချဖို့ လိုအပ်နေပါပြီ..။
သူက ထွက်ပြေးဖို့အတွက် ရွေးချယ်မှာလား..။ဒါမှမဟုတ် အိပ်မက်ဆိုးဂိတ်ပေါက် ရဲ့ ရှေ့မှာ မားမားမတ်မတ်ရပ်ပြီး မွန်းစတားအုပ်လိုက်ကြီးရဲ့ အောက်မှာ ဆယ့်သုံးမိနစ်လုံး အသက်ရှင်သန်နိုင်ဖို့အတွက် မျှော်လင့်နေမှာလား..။
ကောင်းပြီလေ..တကယ်တော့ ဒါက ဆုံးဖြတ်ချက်ချဖို့အတွက် မခက်ခဲလှပါဘူး..။သူက ကိုယ်ကျင့်တရား ၊ စည်းမျဉ်းစည်းကမ်းတွေကို မချိုးဖောက်ပဲ ..ဒီမှာပဲ ရှိနေမယ် ဆိုတာကို ဆန်နီက သိထားပြီးသားပါ..။ဘာလို့လဲဆိုတော့..ရိုးရှင်းစွာပဲ သူ ဒီလိုလုပ်ချင်လို့ပါပဲ..။
အခိုက်အတန့်က သူ့ရဲ့ ကမ္ဘာကို ဆိုးဝါးစွာ ကျူးကျော်နေတဲ့ အချိန်မှာ..သူက အမြီးကုတ်ပြီး ထွက်ပြေးတာမျိုး ပြလုပ်ဖို့ ဝန်လေးမိသလို..သာမန်လူတွေ အများကြီးက အိပ်မက်ဆိုးသားရဲတွေရဲ့ ပါးစပ်ထဲမှာ သေကြေကြတာမျိူးကိုလည်း မကြည့်ချင်ပါဘူး..။သူ့ကို အရသာရှိတဲ့ အစာသွပ်မုန့်တွေ ချပေးတဲ့ ယဉ်ယဉ်ကျေးကျေး ဝိတ်တာ မိန်းကလေး နဲ့..ဒီမုန့်တွေကို ပြုလုပ်တဲ့ မုန့်ဖုတ်သမားကိုလည်း မသေဆုံးစေချင်ပေ..။
ဒါက..သူ့ရဲ့ ကမ္ဘာ..၊ သူ့ရဲ့ မြို့ ဖြစ်ပြီး..သူ့ရဲ့ လူသား တွေပါ..။အရင်တုန်းကတော့..ဆန်နီက အမြဲတမ်းအားနည်းနေခဲ့တာကြောင့် ရွေးချယ်စရာ မရှိပဲ..ထွက်ပြေးပြီး..ကြောက်လန့်တကြား ပုန်းအောင်ကာ တုန်ရီနေခဲ့ရပါတယ်..။
..ဒါပေမဲ့ သူက ဒီအကြောက်တရားတွေနဲ့ နေခဲ့ရတဲ့ ဘဝကို အစောကြီးကတည်းက ထားရစ်ခဲ့ပြီးပါပြီ..။တစ်စုံတစ်ယောက် ဒါမှမဟုတ် တစ်စုံတစ်ခုက သူပိုင်ဆိုင်တဲ့ အရာတွေကို သွေးထွက်သံယိုတိုက်ပွဲတစ်ခု မဆင်နွဲပဲ ယူဆောင်သွားဖို့ ဆိုတာက မဖြစ်နိုင်တော့ပါဘူး.။
သူ အားနည်းခဲ့တယ် ဆိုတာက အတိတ်မှာပါ..။
သို့ပေမယ့် ဒီအရာတွေက အကြောင်းပြချက်အစစ်အမှန်တွေ မဟုတ်ပေ..။နီးကပ်လာတဲ့ ကပ်ဆိုးက အရမ်းကို စွန့်စားမူ များနေရင် ဆန်နီက နောက်ဆုတ်ဖို့အတွက် စဉ်းစားတာ မျိုးတွေ ဖြစ်နိုင်ပါတယ်..။သို့ပေမယ့်..ဂိတ်ပေါက်ရဲ့ အန္တရာယ်ဇုံလို့ သတ်မှတ်ထားတဲ့ မြေပုံရဲ့ အလယ်ဗဟို နားမှာ ရိမ်းက ရှိနေခဲ့တာပါ..။
ဒီတော့..အမှန်တကယ်က ထွက်ပြေးတယ်ဆိုတာ သူ့အတွက် ရွေးချယ်စရာ တစ်ခု မဟုတ်တော့ပါဘူး..။
တစ်ရာ နဲ့ ရှစ်ဆယ် စက္ကန့် ကျန်ရှိနေသေးတယ်..။
အခုတော့..ဆန်နီက ဘယ်သူမှ မရှိတော့တဲ့ ကဖေးဆိုင်ထဲမှာ..မတ်တတ်ထရပ်လိုက်ပြီး..အကြောဆန့်လိုက်တယ်..။လေးလံတဲ့ သက်ပြင်းချသံ တစ်ခုက သူ့ရဲ့နှုတ်ခမ်းကနေ ထွက်ပေါ်လာခဲ့ပါတယ်..။
“ဒါက..အရမ်း ..အရမ်းကို ကြမ်းတမ်းတဲ့..ပွဲတစ်ပွဲ ဖြစ်လာတော့မယ်..”
အပိုင်း ( ၄၈၄ ) ပြီး၏။