← Chapters

မလိုလားတဲ့ ရွေးချယ်မူ

Vol. 33 Ch. 485

မလိုလားတဲ့ ရွေးချယ်မူ

Vol. 33 Ch. 485

အခုချိန်မှာ..သူက မိုက်မဲစွာပဲ ဒီလိုလုပ်ဆောင်တော့ မယ် ဆိုတာကို သိသွားတဲ့ အချိန်မှာတော့…ဆန်နီက ဘယ်လို တိတိကျကျ လုပ်ဆောင်မှာလဲ ဆိုတာကို ဆုံးဖြတ်ဖို့လိုအပ်ပြီး..ဒါကို မြန်မြန်ဆန်ဆန် လုပ်ဆောင်ရပါလိမ့်မယ်..။

စိတ်မကောင်းစရာက..ဒီမေးခွန်းက ထင်သလောက် လွယ်မနေခဲ့ပေ..။

အရာရာတိုင်းက လွယ်ကူနေဖို့အတွက် သူ့ရဲ့ဘဝက အတော်လေးကို ရှုပ်ထွေးပါတယ်..။

မေးခွန်းအတွက် အဖြေက ဖော်ထုတ်ဖို့အတွက် လွယ်ကူမူ မရှိရုံတင်မကပဲ..ပိုပြီးဆိုတာက..ဒီအရာကို ဆုံးဖြတ်ချက်ချဖို့အတွက် သူ့မှာ စက္ကန့်တစ်ချို့ပဲ အချိန်ရှိနေခဲ့တာပါ..။ဒါက ဘယ်လို ပြသနာကို မဆို သေချာစဉ်းစားဖို့အတွက် လုံလောက်တဲ့အချိန်တစ်ခု မဟုတ်ပါဘူး..။

ဒါပေမယ့် သူ့မှာ ဘာ ရွေးချယ်စရာများ ရှိနေသေးလို့လဲ..။ဘာတစ်ခုမှ မရှိပါဘူး..။

ဆန်နီ မျက်နှာရှုံ့မဲ့သွားခဲ့ပြီး..

“ငါတို့ရဲ့ ရွေးချယ်စရာတွေကို မြန်မြန် စဉ်းစားလိုက်ရအောင်..”

အလုံခြုံဆုံးနဲ့ သွေးအကြောင်ဆုံးနည်းလမ်းကတော့..ရိမ်းရဲ့ စာသင်ခန်းထဲမှာ စောင့်ကြည့်နေတဲ့ အရိပ်ကနေ တဆင့် အရိမ်ခြေလှမ်းကို အသုံးပြုပြီး မိန်းကလေးကို ခေါ်ယူကာ ဒီနေရာကနေ ထွက်သွားတာပါပဲ..။

အနည်းဆုံးတော့ ဒါက အပေါ်ယံမှာ လုံခြုံပုံရပါတယ်..။

အမှန်တော့ ဒီလိုရွေးချယ်မူက သူနဲ့ သူ့ ညီမလေး နှစ်ယောက်စလုံးအတွက် ဆိုးဝါးတဲ့ နောက်ဆက်တွဲအကျိုးဆက် တွေကို ဖြစ်ပေါ်လာစေမှာပါ..။သူက ဖြေရှင်းချက်တွေ အများကြီး ပေးရမှာတင်မကပဲ..သူ လျိုဝှက်ထားချင်တဲ့အရာတွေလည်း ထွက်ပေါ်သွားမှဦပါ..။ဒီနေရာမှာ..သူနဲ့ ရိမ်း ရဲ့ ဆက်နွယ်မူကို သက်သေပြုသွားနိုင်တဲ့..မရေမတွက် နိုင်တဲ့လူတွေ..ကင်မရာတွေ ရှိနေခဲ့ပါတယ်..။

အနာဂတ်မှာ သူက အရမ်းကို အားကောင်းတဲ့ ရန်သူတစ်ယောက်ကို တွေ့ရှိခဲ့ရရင်..ဒီသက်သေတွေက..အသက်ဝင်လာပြီး ဒီလူတွေကို ရိမ်း ဆီကို အရောက်ပို့ကြပါလိမ့်မယ်..။တစ်နေ့မှာ ဒီလိုနေ့ရက်ရောက် လာနိုင်တယ် ဆိုတဲ့အချက်ကို ဆန်နီ သံသယ မရှိခဲ့ပေ..။ဒါက သူလက်ခံနိုင်တဲ့ အရာတစ်ခု မဟုတ်ပါဘူး.။

ဒီတော့..သူက ဒီရွေးချယ်မူကို နောက်ဆုံးအခြေအနေအတွက်သာ ထားထားလိုက်တယ်..။ကျောင်းရဲ့ ခုခံရေးစနစ်က ကျိုးပေါက်သွားခဲ့ပြီး..ရိမ်းက အန္တရာယ်နဲ့ ထိပ်တိုက်ရင်ဆိုင်နေရတဲ့ အချိန်ကျမှ သူ ဒီနည်းလမးကို အသုံးပြုမှာပါ..။

ဒီတစ်ခုကို ဖယ်လိုက်မယ် ဆိုရင်..နောက်ထပ် နည်းလမ်းတစ်ခု ကျန်ရှိနေပါသေတးယ်..။ဒါကတော့ သူ့ရဲ့ နိုင်ငံသသားတာဝန်ကို ထမ်းဆောင်ပြီး..ဂိတ်ပေါက်ဆီကို တိုက်ရိုက်သွားကာ အင်အားစုတွေ ရောက်ရှိလာတဲ့အထိ အိပ်မက်ဆိုးသားရဲအုပ်ကြီး ထိန်းထားတာပါပဲ..။

အစိုးရအတွက် အလုပ်မလုပ်ကြတဲ့ နိုးထသူတွေကိုလည်း..ဒီအခြေအနေအတွက် မျှော်လင့်ပြီး…တိုက်တွန်းထားခဲ့ပေမယ့်..လက်တွေ့မှာတော့..ဒီအခြေအနေကို တုန့်ပြန်ဖို့ တာဝန်မရှိကြပါဘူး..။ဖြစ်နိုင်တာက..အများစုကတော့..ဒီအရာကို မတုန့်ပြန်ပဲ..ထွက်ပြေးဖို့ကို ရွေးချယ်ကြမှာပါ..။ပြီးတော့ သူတို့ကို ဘယ်သူက အပြစ်တင်နိုင်မှာလဲ..။လူတိုင်းက တိုက်ခိုက်ရေး ကဏ္ဏစွမ်းရည်ကို ရရှိထားကြတာ မဟုတ်ပါဘူး..။ပြီးတော့..အဲဒီလူတွေအားလုံးက နိုးထသူ ဖြစ်ချင်လို့ ဖြစ်လာကြရတာမဟုတ်ပေ..။

စိတ်ဒဏ်ရာရနေပြီးသားလူတွေကို..တကယ်လို့သူတို့က သတ်မှတ်နေရာကို မလာရင်..အပြစ်ဒဏ်ချမှတ်မယ်လို့ ခြိမ်းခြောက်ပြီး..သေစေနိုင်တဲ့နေရာကို ပို့တာက..အစိုးရအနေနဲ့ လုပ်သင့်တဲ့အရာတစ်ခု မဟုတ်ပါဘူး..။ဒါမှမဟုတ် ရိုးရှင်းစွာပဲ သူတို့ ဒီလိုလုပ်နိုင်ကြမှာ မဟုတ်ပေ..။နိုးထသူတွေကို တစ်ခုခုလုပ်ဖို့အတွက် တွန်းအားပေးတယ် ဆိုတာက အရမ်းကို အန္တရာယ်များတဲ့ အကြံဉာဏ်ပါ..။ဘာလို့လဲဆိုတော့ တကယ်လို့အရမ်းတွန်းအားပေးလာမယ် ဆိုရင် သူတို့မှာ အစိုးရကိုတောင် ဖြုတ်ချနိုင်တဲ့ အင်အားတွေ ရှိနေလို့ပါပဲ..။

ဒီတော့..အစိုးရအနေနဲ့ ဒီလိုအခြေအနေတွေကို ရင်ဆိုင်တဲ့နေရာမှာ တုတ်တစ်ချောင်းကို ကိုင်ထားမယ့်အစား မုန်လာဥ နဲ့သာ မြားခေါ်ဖို့ ကို ပိုပြီးလိုလားပါတယ်..။

ဒါပေမဲ့ သူက မုန်လာဥကို မြင်တွေ့ခွင့်ရမှာလား ဆိုတာကိုတော့..ဆန်နီလည်း သေချာမသိပေ..။ဘာလို့လဲဆိုတော့ သူက ကျဉ်းထဲကြပ်ထဲ အခြေအနေကို ရောက်နေတာကြောင့်ပါ..။

ဟုတ်ပါတယ်..သူက ဂိတ်ပေါက်ရဲ့ ထိပ်ဆုံးမှာ ဝင်ရောက်တိုက်ခိုက်ဖို့အတွက် ဆုံးဖြတ်ထားခဲ့ပေမယ့်..ဒါကလည်းနည်းလမ်းတွေ အများကြီးနဲ့ လုပ်ဆောင်နိုင်ပါတယ်..။

…အမှန်တော့..နည်းလမ်း နှစ်ခုပေါ့..။

ဆန်နီက သူ့ရဲ့ အစစ်အမှန်ပုံစံနဲ့..တိုက်ပွဲဆီကို သွားမှာလား..။ဒါမှမဟုတ်..အာရုံစိုက်မူတွေ ၊ သားကောင်မျက်လုံးတွေကနေ ရှောင်ရှားဖို့အတွက် သူ့ရဲ့ ပုံစံအမှန်ကို ဖုံးကွယ်ပြီး ခွေးသား အနေနဲ့ သွားမှာလား ..ဆိုတာပါပဲ..။

ဝီဗာ မျက်နှာဖုံးကို အသုံးပြတာကလည်း စွန့်စားမူ မရှိတဲ့အရာတစ်ခု မဟုတ်ပေ..။သူက ဒီအရာကို ပြင်ဆင်မူမရှိပဲ အသုံးပြုတဲ့ အချိန်တိုင်း..ဉာဏ်ကောင်းတဲ့လူတွေအတွက် ခန့်မှန်းရတဲ့ ကန့်သတ်မူတွေက ပိုပြီး ကျဉ်းမြောင်းလာနေပါတယ်..။

ဒါပေမဲ့ တစ်ခြားတစ်ခုကို ရွေးချယ်ဖို့အတွက် အခုချိန်မှာ အကောင်းအဆိုးတွေကို တွက်ဆနေဖို့ အချိန်မရှိတော့ပါဘူး..။တစ်ခြားရွေးချယ်စရာတစ်ခုက ပိုပြီး ဆိုးဝါးတယ်လို့ ဆန်နီ ခံစားရပါတယ်..။

တကယ်လို့ သူက ဆယ့်သုံးမိနစ်ကြာအောင် အသက်ရှင်နေချင်တယ် ဆိုရင် သူက အပြင်ကို ထွက်သွားတဲ့အချိန်မှာ..ရှိသမျှခွန်အား အကုန်လုံးကို ပြသပြီး အပြင်းအထန်..တိုက်ခိုက်ရပါလိမ့်မယ်..။ဒါက သူဖန်တီးထားတဲ့..အရည်အသွေးရှိတဲ့ ၊ ငယ်ရွယ်ပြီး အန္တရာယ်မများတဲ့ နိုးထသူ တစ်ယောက်ရဲ့ ပုံရိပ်တစ်ခုကို ဖျက်ဆီးခံရတော့မယ်လို့ ဆိုလိုတာပါ..။

သူက အရမ်း..အရမ်းကို ပေါ်ပြူလာ ဖြစ်သွားတော့မှာြဖစ်ပြီး..သူ့ရဲ့ တည်ရှိမူကို အတော်ကြာအောင် မသိချင်ယောင်ဆောင်နေခဲ့တဲ့ လူတွေရဲ့ မျက်လုံးတွေကလည်း ကျရောက်လာပါလိမ့်မယ်..။

ပိုဆိုးတာက..သူ့ရဲ့ များပြားလှတဲ့ တိုက်ဆိုင်မူတွေကြောင့်..ရိမ်း က သူ့ရဲ့ တိတ်တဆိတ် ဂရုစိုက်နေမူကို သတိထားမိသွားနိုင်တာပါပဲ..။တကယ်လို့ မင်းရဲ့ကျောင်းမှာ မင်းအမှန်တကယ်လိုအပ်နေတဲ့ အချိန်..ပေါ်ထွက်လာတဲ့ အိမ်နီးချင်းက..သူ့ရဲ့မျိုးဆက်တစ်ခုလုံးမှာ အန္တရာယ်အရှိဆုံး နိုးထသူ တစ်ယောက်ဖြစ်နေမယ် ဆိုတာကိုသာ သိသွားခဲ့ရင်..။ဒါက သူမအတွက် ဆန်နီ အဆင်သင့် မဖြစ်သေးတဲ့ မေးခွန်းတွေမေးလာစေဖို့အတွက်..လုံလောက်တဲ့ အကြောင်းပြချက်တွေ ဖြစ်လာစေနိုင်ပါတယ်..။

ဒီတော့…

နိုးထသူ ဆန်းလပ်စ်က သွေးကြောင်ပြီး ဂိတ်ပေါက်ကနေ ထွက်ပြေးရပါတော့မယ်..။

အဲ့အချိန်မှာ..ခွေးသား..ကတော့..မားမားမတ်မတ် ရပ်တည်ပြီး တိုက်ခိုက်သွားမှာပါ..။

ဒီဆုံးဖြတ်ချက်က သိပ်ပြီး မသင့်တော်လှဘူးဆိုတာကို သေချာသိနေတဲ့ ဆန်နီက သက်ပြင်းချလိုက်တယ်..။ခွေးသား ရဲ့ ပြုမူနေထိုင်ပုံအရဆိုရင်..သူ့ရဲ့ အင်အားအကောင်းဆုံး လက်နက်တွေကို ထုတ်သုံးလို့ရနိုင်မှာ မဟုတ်ပါဘူး..။ရက်စက်သော မြင်ကွင်းလို လက်နက်မျိုးတွေက ဆန်နီ နဲ့ ဆက်စပ်မူရှိနေတဲ့ အရာတွေပါ..။

သို့ပေမယ့်..လူအနည်းငယ်လောက်ပဲ သူက သူတော်စင်ကို ထုတ်ပြီး အသုံးပြုတာကို မြင်ဖူးထားကြပါတယ်..။အမှန်တော့ နစ်ဖီရဲ့ အဖွဲ့သားတွေကလွဲရင် မော်ဒရက် က ပထမဆုံး မြင်ဖူးထားတဲ့ အပြင်လူပါပဲ..။သေဆုံးမူအရှင်သခင်ကို သူနဲ့ အတူတိုက်ခိုက်ကြတဲ့ လူတွေလည်း ရှိကြသေးပေမယ့် အခုတော့ သူတို့အားလုံးမရှိကြတော့ပါဘူး.။ဆိုင်ရှန် တစ်ယောက်က လွဲလို့ပေါ့..။ဆိုင်ရှန်က ကလန်ကြီးသုံးခုရဲ့ ပွေ့ဖက်မူ တစ်နေရာရာမှာ အသက်ရှင်လျက်ရှိနေပါသေးတယ်..။

ဒီတော့ သူတော်စင်ကို ထုတ်ပြီး အတူတိုက်ခိုက်တာကလည်း အကြံကောင်း မဟုတ်ပေ..။တစ်ခြားတစ်စုံတစ်ယောက်ကလည်း တူညီတဲ့ ထပ်တူညီမူမျိုးကို ရနိုင်တယ် ဆိုပေမယ့်..သူမကို ထုတ်ဖော်လိုက်တာက အရမ်းကို စွန့်စားမူများပါတယ်..။အခြေအနေတွေ အရမ်းဆိုးဝါးလာမှသာ သူက ဒီအရာကို အသုံးချနိုင်မှာပါ..။

‘အာ…ငါ ပြန်ပြီး စဉ်းစားသင့်သေးလား..’

သို့ပေမယ့် ထပ်ပြီး စဉ်းစားဖို့အတွက် အချိန်မရှိတော့ပေ..။

ဂိတ်ပေါက် ပွင့်လာဖို့အတွက် သုံးမိနစ်အောက် ပဲ အချိန်ကျန်ရှိပါတော့တယ်..။သူက ဘယ်လိုနည်းနဲ့မဆို လုပ်ကို လုပ်ရတော့မှာပါ..။

ဆန်နီ မျက်လုံးတွေကို တစ်ခနလောက်ပိတ်ထားလိုက်ပြီး..ကဖေးရဲ့ ကင်မရာတွေ တည်ရှိနေတဲ့ နေရာကို စစ်ဆေးလိုက်ကာ..ဘယ်အရာမှ မမြင်နိုင်တဲ့‌ေ နရာတစ်ခုကို လျောက်သွားလိုက်တယ်..။အဲဒီမှာတော့..သူက တပ်မက်ခြင်း သေတ္တာကို ထုတ်ဖော်လိုက်ပြီး..သူ့ရဲ့ ဆက်သွယ်ရေးစက်ကို အထဲမှာ ထည့်လိုက်ကာ..သူ သွားဖို့လုပ်နေတဲ့ နေရာနဲ့ ဆန့်ကျင်ဖက်နေရာတစ်ခုကို ပို့လိုက်ပါတယ်..။

ပြီးတဲ့နောက်မှာတော့ ဆန်နီက အသက်ကို ပြင်းပြင်းရူပြီး..အရိပ်တွေထဲမှာ ပျောက်ကွယ်သွားခဲ့တယ်..။

စက္ကန့်အနည်းငယ်ကြာအပြီးမှာတော့..မီတာ ရာနဲ့ချီပြီးကွာဝေးတဲ့ နေရာတစ်ခုမှာ အကာအကွယ်အက်ျီနဲ့ ကြောက်လန့်ဖို့ကောင်းတဲ့ အနက်ရောင်မျက်နှာဖုံးကို ဝင်ဆင်ထားတဲ့ ပုံရိပ်တစ်ခုက..လမ်းလျောက်လာနေခဲ့ပါတယ်..။ကြီးမားတဲ့ အိုဒါချီ ဓားကြီးကို လည်း သူ့ရဲ့ ပုခုံးထက်မှာ တင်ထားခဲ့တယ်..။

ခွေးသားက..အိပ်မက်ဆိုး ဂိတ်ပေါက် ဆီကို ရောက်ရှိလာခဲ့ပါပြီ..။

အပိုင်း ( ၄၈၅ ) ပြီး၏။

All Chapters