← Chapters

အိပ်မက်ဆိုးရဲ့ ခေါ်သံ

Vol. 33 Ch. 486

အိပ်မက်ဆိုးရဲ့ ခေါ်သံ

Vol. 33 Ch. 486

ဆန်နီရဲ့ ရှေ့မှာရှိနေတဲ့ လမ်းက ဘာမှမရှိသလောက်နီးပါး ဖြစ်နေခဲ့တယ်..။သူ့ရဲ့နောက်ကျောဘက် မီတာတစ်ရာကျော်လောက်မှာ..ဒေါင်လိုက်အနေထား မျဉ်းတစ်ခုက လေထဲမှာ ထူးဆန်းစွာ လှုပ်ခတ်နေခဲ့ပါတယ်..။လူတစ်ချို့က ဒီမျဉ်းကြောင်းတွေကနေ ထိပ်လန့်တကြား ထွက်ပြေးနေတာကို သူ မြင်နေခဲ့ရတယ်..။ နောက်မှာကျန်ရှိနေကြတဲ့ လူတွေက သူ့ကို မြင်တာနဲ့ လန့်ပြီးနောက်ဆုတ်သွားခဲ့ကြပါတယ်..။တစ်စုံတစ်ယောက်ရဲ့ ကြောက်လန့်တကြား အော်ဟစ်သံတောင် ထွက်လာခဲ့တယ်..။

ဆန်နီ ဒီလူတွေကို ဂရုမစိုက်ပဲ..တည်ငြိမ်စွာ ရှေ့ကို ဆက်လျောက်လာခဲ့လိုက်တယ်..။

ဝိဉာဉ်မြွေကတော့..သူ့ရဲ့ ပုခုံးပေါ်မှာ ရှိနေခဲ့ပါတယ်..။

‘ ထူးဆန်းတယ်..ငါက ပွင့်နေတဲ့ ဂိတ်ပေါက်တစ်ခုကို အနီးကပ်ဘယ်တုန်းကမှ မမြင်ဖူးခဲ့ဘူး..”

သူ့ရှေ့မှာ ရှိတဲ့ လူသူကင်းမဲ့တဲ့ လမ်းတွေက အတော်လေးကို ကြောက်မက်ဖွယ်ကောင်းနေခဲ့ပါတယ်..။ဒီလမ်းတွေမှာ ဖြတ်သွားဖြတ်လာလူတွေ ၊ PTV ကားတွေ မရှိရုံတင်မကပဲ..အလင်းနဲ့အရိပ်တွေကပါ ထူးဆန်းစွာ ပြုမူနေကြတာပါ..။အလင်းတွေရဲ့ အရောင်က အနည်းငယ်ကွဲလွဲမူ ဖြစ်ပေါ်နေပြီး အရိပ်တွေရဲ့ ရွေ့လျားမူကလည်း ထူးဆန်းစွာ ရွေ့လျားနေသလိုပါပဲ..။

အသံတွေကလည်း ထူးခြားနေခဲ့သေးတယ်..။ဒီနေရာတစ်ခုလုံးက သေလောက်အောင် တိတ်ဆိတ်နေပေမယ့်..ဘယ်ကမှန်းမသိပဲ နေရာအနှံ့ကနေ တိုးဝင်လာနေတဲ့ အသံတွေက ဆန်နီရဲ့ နားထဲကို ဝင်ရောက်နေခဲ့ပါတယ်..။အရမ်းဝေးကွာတဲ့ နေရာတစ်ခုကနေ နားမခံနိုင်လောက်တဲ့ အသံတွေက သူနားကို ရိုက်ခတ်နေခဲ့တာပါ။

ထူးဆန်းတဲ့ ဖိအားတစ်ခုကလည်း..လေထဲမှာ လွင့်ပျံနေခဲ့တယ်..။ဒီအရာက သူ အိပ်မက်ဆိုး ဂိတ်ပေါက်တည်ရှိရာနေရာနဲ နီးကပ်လာလေလေ ပိုပြီး ဖိအားများလာလေပါပဲ..။

ဂိတ် ပေါက်ကိုယ်တိုင်ကလည်း မှတ်မိဖို့အတွက် အတော်လေးကို လွယ်ကူပါတယ်..။အဲဒါက ကမ္ဘာကြီးရဲ့ ဖြစ်တည်မူမှာ ဒေါင်လိုက်အနေအထား အတိုင်းရှိနေခဲ့တယ်..။ဒီနေရာရဲ့ အလင်းရောင်တွေက သဘာဝမကျတဲ့ နည်းလမ်းနဲ့ အလင်းပြန်နေခဲ့ကာ..ကျယ်လောင်ပြီး နားမခံနိုင်သာလောက်တဲ့ အသံတွေကိုပါ ကြားနေရပါသေးတယ်,..။အမှန်တကယ် အက်ကွဲကြောင်းတစ်ခု ဖြစ်မလာသေးပေမယ့် ဖြစ်လာဖို့အတွက် အရိပ်အယောင်တွေကို စတင်ပြီး ပြသနေခဲ့ပါပြီး..။

ဂိတ်ရဲ့ရှေ့နားမှာတော့..ဒါဇင်ဝက်လောက်ရှိတဲ့ လူတွေက လေးလံတဲ့အမူအရာတွေနဲ့ တိတ်တဆိတ်ရှိနေခဲ့ကြတယ်…။ဒါကတော့ ဆန်နီလိုပဲ..ခေါ်ဆိုမူကို ဖြေကြားဖို့ ဆုံးဖြတ်ခဲ့ကြတဲ့ နိုးထသူ တွေပါ..။

“သူတို့ ခြောက်ယောက်တည်းလား…”

ဒီအချက်က သူ့အတွက်ကောင်းမွန်တဲ့ အရာတစ်ခုမဟုတ်ပေမယ့် ဒါက ထင်ထားတဲ့အတိုင်းပါပဲ..။စက္ကန့်နှစ်ရာ ဆိုတဲ့ပမာဏက အသက်စွန့်ပြီး တိုက်ခိုက်ချင်ကြတဲ့လူတွေ ရောက်လာဖို့တောင် လုံလောက်တဲ့ အချိန်တစ်ခု မဟုတ်ပါဘူး..။ဘာပဲဖြစ်ဖြစ်..မြို့သူ မြို့သားတွေကို ကာကွယ်ဖို့အတွက် အသက်ကို ပေးဆပ်ဖို့အဆင်သင့်ရှိနေတဲ့လူတွေ တောင် ဂိတ်ပေါက်ကို ရောက်အောင်လာဖို့ အချိန်လိုအပ်ပါသေးတယ်..။ဒီလူတွေဆိုတာက သူတို့ရဲ့ ဆက်သွယ်ရေးစက်က အသံမြည်လာတဲ့အချိန်မှာ ဆန်နီလိုပဲ အန္တရာယ် ဇုံထဲမှာ နဂိုကတည်းက ရောက်နေတဲ့လူတွေပါ..။

သူတို့က ကိုယ့်ရဲ့စွမ်းရည်အပေါ် ယုံကြည်မူရှိကြတဲ့သူတွေ ဖြစ်ရင်ဖြစ်..ဒါမှမဟုတ်ရင်တော့..ဆန်နီလိုပဲ ပတ်ဝန်းကျင်အနီးအနားမှာ သူတို့ဂရုစိုက်တဲ့ လူတွေရှိနေကြပါလိမ့်မယ်..။ဖြစ်နိုင်တာက သူတို့ရဲ့နောက်ကျော မီတာ အနည်းငယ်အကွာမှာရှိတဲ့ ရိမ်း..တက်နေတဲ့ ကျောင်းမှာ ရှိနေတာတောင် ဖြစ်နိုင်ပါတယ်..။

ဘာပဲဖြစ်ဖြစ် သူက မတတ်နိုင်စွာပဲ ဒီလူတွေကို အနည်းငယ် လေးစားသွားခဲ့တယ်..။မွန်းစတားအုပ်ကြီးကို အတူတိုက်ခိုက်ဖို့ နိုးထသူ ဆယ်ယောက်လောက်ပဲ ရှိမယ် ဆိုတာ သိနေတဲ့အချိန်မှာ..ဂိတ်ပေါက် ကို ကပ်လာရဲတာက တကယ်ကို လေစားဖို့ကောင်းပါတယ်..။

ဒီလူတွေက သူတို့ရဲံ တာဝန် ဝတ္တရားတွေကို လုပ်ဆောင်ရင်း သေဆုံးဖို့အတွက်် အဆင်သင့် ရှိနေကြတဲ့ သူတွေပါ..။

‘အရူးတွေ..။ရဲရင့်တယ်..ရဲရင့်တဲ့ အရူးတွေ..’

ဆန်နီ ကိုယ်တိုင်ကရော ဘာလဲ..။

“ငါလည်း အရူးတစ်ယောက်ပဲ..။ဒါပေမဲ့ ကြောက်တတ်တဲ့ အရူးတစ်ယောက်..”

ဆန်နီက ဒီနေ့မှာ သေဆုံးဖို့အတွက် အစီအစဉ်မရှိပေ..။သူ ဘာလုပ်နေတာလဲ ဆိုတာကို သူ သိပါတယ်။ ..အခြေအနေတွေ အရမ်းဆိုးဝါးလာရင်လည်း ထွက်ပြေးဖို့နည်းလမ်းတွေကို သိထားပြီးသားပါ..။

နည်းနည်းလေးတောင် တုန့်ဆိုင်းနေခြင်းမရှိပဲ..ဆန်နီက နိုးထသူခြောက်ယောက်ကို ကျော်ဖြတ်သွားခဲ့ပါတယ်..။ပြီးတာနဲ့ သူတို့ကို နောက်ကျောပေးပြီး..ဂိတ်ပေါက်နဲ့ အနီးဆုံး နေရာတစ်နေရာမှာ ရပ်လိုက်တယ်..။

သူကိုယ်တိုင်တောင် မသိလိုက်တဲ့ အချိန်မှာပဲ..ဆန်နီက ခုခံကာကွယ်ရေးအဖွဲ့ငယ်လေးရဲ့ ခေါင်းဆောင်နေရာမှာ ရောက်နေခဲ့ပါပြီ။

ဒီလူတွေနဲ့ မတူညီတဲ့ အချက်က သူ့မှာ ကြောက်ရွံ့နေတဲ့ လက္ခဏာ မျိုးတွေ ရှိမနေခဲ့ပါဘူး..။တစ်ခြားလူတွေကတော့..ဖြူဖျော့တဲ့ မျက်နှာတွေနဲ့ ထွက်ပေါက်ကို ကြည့်နေခဲ့ကြတယ်။..သူတို့ရဲ့ မျက်လုံးတွေက မသက်သာ မူတွေရှိနေကြပြီး..နောင်တရမူတစ်ချို့ကိုတောင် တွေ့နေရပါတယ်..။သိုပေမယ့် ဆန်နီရဲ့ အမူအရာကတော့..ယုံကြည်မူရှိ ပြီး ဂရူမစိုက်တဲ့ အမူအရာတစ်ချို့ရှိနေခဲ့တယ့်..။သူက သက်သောင့်သက်သာ ရှိနေလုနီးပါးပါပဲ..။

အကြောင့်အလန့်ကင်းတဲ့ မျက်နှာဖုံးရဲ့ မျက်လုံးတွေနေရာမှာတော့..ဘာမှမမြင်တွေ့ရပဲ အမှောင်ထုကိုသာ မြင်တွေ့နေခဲ့ရပါတယ်..။

တစ်ခြားသူတွေက သူ့ရဲ့ရောက်ရှိမူကို စိတ်လှုပ်ရှားစွာ..တုန့်ပြန်လာခဲ့ကြတယ်..။သူတို့နဲ့ အတူ တိုက်ခိုက်ဖို့ နိုးထသူ တစ်ယောက် ထပ်ပြီးရောက်လာတာက ကောင်းမွန်တဲ့အချက် ဖြစ်နေပြီ ဖြစ်ပေမယ့်..ဒီတစ်ယောက်ကတော့ ထူးခြားပါတယ်..။အထူးသဖြင့် သူ့ရဲ့ အမူအရာတွေပါ..။သူ့ရဲ့ မဟူရာ အကာအကွယ််အက်ျီနဲ့..ထိပ်လန့်စရာ ဓားက သူတို့ပိုင်ဆိုင်ထားတဲ့ မှတ်သားမူတွေထက် ပိုပြီး အဆင့်မြင့်တယ်ဆိုတာ အသိသာကြီးပါပဲ..။ပြီးတော့ သူ့ရဲ့ တည်ငြိမ်တဲ့ အပြုအမူတွေကနေတဆင့် သူဟာ အတွေ့အကြုံရှိတဲ့ တိုက်ခိုက်ရေးသမားတစ်ယောက် ဆိုတာ ဖော်ပြနေခဲ့တယ်..။ဒီလိုမဟုတ်ရင်တော့..သူက အရူးတစ်ယောက်ပါပဲ..။

ယင်းနောက် တစ်စုံတစ်ယောက်က သူ့ကို မှတ်မိသွားခဲ့တယ်..။

“ခနလေး..ဒါက..ဒါက ခွေးသား…မဟုတ်ဘူးလား..”

တစ်ခြားသူတွေက စကားပြောလာခဲ့တဲ့ မိန်းကလေးကို စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်ကြတယ်.။

“ဘယ်သူလဲ..”

သူမက ဆန်နီကို မျက်လုံးပြူးကျယ်စွာ ကြည့်နေခဲ့ပါတယ်..။

“ဒါ…ဒါက..အရှင် ခွေးသား,,ပဲ..။နင်တို့ သူ့အကြောင်းကို မကြားဖူးကြဘူးလား..”

ဂိတ်ပေါက်ရဲ့ ရှေ့မှာ စုဝေးနေကြတဲ့ နိုးထသူတွေရဲ့ မျက်လုံးထဲမှာ ..မှတ်မိတဲ့ အရိပ်အယောင် တစ်ချိူ့ ပေါ်ပေါက်လာခဲ့ပါပြီ..။သူတို့ထဲက တစ်ယောက်က ဆန်နီကို ကြည့်လိုက်ပြီး ခနလောက်တွေဝေကာ မေးလိုက်တယ်..။

“တောင်းးပန်ပါတယ် မိတ်ဆွေ..။ဒီမိန်းကလေး က မိတ်ဆွေရဲ့ အကြောင်းကို ကြားဖူးနေတယ်တဲ့..။မိတ်ဆွေက ကျော်ကြားတဲ့ လူတစ်ယောက်လားဆိုတာ မေးလို့ရမလား..”

ဆန်နီက ဘာမှကြိုးစားအားထုတ်နေစရာတောင် မလိုအပ်ပဲ..အလိုအလျောက် လိမ်ညာစက်တစ်ခုလိုမျိုး လိမ်ညာလိုက်ပါတယ်..။

“..ငါက နိုးထသူတစ်ယောက် မဟုတ်ဘူး..။ငါက မကျော်ကြားဘူး..”

လူကြီးက မျက်ခုံးပင့်တင်သွားခဲ့တယ်..။

“နိုးထသူ မဟုတ်ဘူးဆိုတာက ဘာကိုဆိုလိုတာလဲ..။အဲတာဆိုရင် မိတ်ဆွေက ဘယ်သူများလဲ..”

ဆန်နီ စိတ်ထဲက ကျိန်ဆဲလိုက်တယ်..။

‘သောက်ကျိုးနဲ လျှာ..’

သူ အံ့ကိုကြိတ်ထားပြီး တစ်စက္ကန့်လောက်တွေဝေပြီးကာမှ..တည်ငြိမ်တဲ့လေသံနဲ့ ပြန်ဖြေလိုက်ပါတယ်..။

“ငါက ဒီတိုင်း လူသားတစ်ယောက်ပဲ..”

ယင်းနောက်..သူက သက်ပြင်းချလိုက်ပြီး သူ့ခေါင်းကို အနည်းငယ်စောင်းကာ နိုးထသူ ခြောက်ယောက်ကို စိတ်ဝင်တစား ကြည့်လိုက်တယ်..။

သူတို့ရဲ့ မှတ်သားမူ တွေနဲ့ သူတို့ ကိုင်ဆောင်ထားတဲ့ ပုံစံတွေကို ကြည့်ရသလောက်တော့..ဒီလူတွေက ကျွမ်းကျင်သူတေွ မဟုတ်ကြပါဘူး..။အများစုက ဓားတစ်ချောင်းကို ဘယ်လိုကိုင်တွယ်ရမလဲ ဆိုတာကို သိထားကြပေမယ့်..သူတို့သိတာက ဒါအကုန်ပါပဲ..။ဂိတ်ပေါက်ပွင့်ပြီ ဆိုတာနဲ့ သူတို့က ချက်ချင်းစားသောက်ခံကြရမှာပါ..။

သူ အားနာမနေတော့ပဲ မေးလိုက်တယ်.။

“တိုက်ခိုက်ရေး စွမ်းရည်လား..”

ခုခံကာကွယ်သူတွေက တစ်ယောက်နဲ့တစ်ယောက် ကြည့်လိုက်ပြီး ..သူ့ကို မှတ်မိတဲ့ မိန်းကလေးက ပြန်ဖြေလိုက်ပါတယ်..။

“ကျွန်မမှာ..က လျင်မြန်မူကို တိုးမြင့်ပေးတဲ့ နိုးထမူစွမ်းရည်ရှိပြီး..ဒါက သေလောက်အောင် တိကျတဲ့ တိုက်ခိုက်မူမျိူးကို ပြုလုပ်လို့ရတယ်..။နှစ်ယောက်ကတော့..ခွန်အားနဲ့ ခံနိုင်ရည်ရှိမူကို အခြေပြုတဲ့ အသွင်ပြောင်းအဆင့် စွမ်းရည်တွေရှိကြပြီး..ကျန်တဲ့နှစ်ယောက်ကတော့ အကွာအဝေးတစ်ခုကနေ တိုက်ခိုက်နိင်စွမ်း ရှိကြတယ်..”

ဒီတော့..အားနည်းတဲ့ တိုက်ခိုက်ရေးသမား သုံးယောက် ၊ အကူအညီပေးနိုင်တဲ့ တိုက်ခိုက်ရေးသမားနှစ်ယောက် ရှိပြီး..ထောက်ပံ့ရေး ဒါမှမဟုတ် ကုသရေး နဲ့ ပတ်သက်တဲ့ နိုးထသူ ရှိမနေခဲ့ပေ..။

သူ ခနလောက် ခေါင်းကို ငုံ့ထားခဲ့တယ်..။

ဂိတ်ပေါက်ပွင့်ဖို့က စက္ကန့်သုံးဆယ်ပဲ ကျန်ပါတော့တယ်..။သူ့ခြေထောက်အောက်မှာ ရှိနေတဲ့ မြေပြင် က အနည်းငယ် တုန်ခါနေခဲ့တယ်..။ဖုန်မှုန့်နဲ့ ကျောက်တုံး အပိုင်းအစလေးတွေက ဖြည်းညှင်းစွာပဲ လေထဲမှာ လွင့်ပျံလာခဲ့ပါတယ်..။လေထဲမှာ ထွက်ပေါ်နေခဲ့တဲ့ မမြင်ရတဲ့ စွမ်းအင်လှိုင်းတွေက သူတို့ကို ဒီလို ဖြစ်ပေါ်နေစေခဲ့တာပါ..။

‘ငါ ဒါကို ဘယ်လိုလုပ်ရတော့မလဲ..’

ဆန်နီ ဝိဥာဉ်မြွေရဲ့ လက်ကိုင်ကို တင်းကြပ်စွာဆုပ်ကိုင်ထားရင်း အက်ကွဲတဲ့လေသံနဲ့ ပြောလိုက်တယ်..။

“နောက်မှာနေပြီး..ငါ့ကို ကျော်လာတဲ့ သတ္တဝါ မှန်သမျှကို သတ်ကြ..”

သူမ ခနလောက် ရပ်တန့ပြီးကာမှ ထပ်ပြီးပြောလိုက်တယ်..။

“သူတို့ကို သွေးထွက်အောင် လုပ်ကြ.”

မိန်းကလေးက သူ့ကို ပြူးကျယ်တဲ့ မျက်လုံးတွေနဲ့ ကြည့်လိုက်ပြီး..

“နောက်…နောက်မှာနေရမှာလား..။ဒါပေမဲ့ ဆရာ..ဆရာတစ်ယောက်တည်း ဒီလိုလုပ်လို့ မရဘူးလေ..။သူတို့က အုပ်လိုက်ကြီး ရောက်လာကြမှာ..။ဆရာ့လို လူမျိုးအယောက်တစ်ရာ ရှိမယ်ဆိုရင်တောင် သူတို့အကုန်လုံးကို သတ်ဖို့ လုံလောက်မှာ မဟုတ်ဘူး..”

ဆန်နီတစ်ဖက်ကို လှည့်လိုက်ပြီး..သူ့ရှေ့မှာ ဖြည်းဖြည်းချင်းပွင့်လာနေတဲ့ အက်ကွဲကြောင်းကို ကြည့်လိုက်ပါတယ်..။

ဒီလူတွေကို သူ့ရဲ့ အနားမှာ ရှိမနေကြအောင် ဘယ်လိုလုပ်ရမလဲ..။သူတို့အတွက်အကာင်းဆုံး နေရာကတော့..အနောက်ဘက်မှာ နေကြတာပါ..။ဒီကနေတဆင့် သူတို့က ဆန်နီ သတ်ဖို့ကျရှုံးခဲ့တဲ့ သားရဲတွေကို ..ရိမ်းရဲ့ ကျောင်းတည်ရှိနေတဲ့ မြို့ထဲကို ဝင်ရောက်မသွားအောင် တားဆီးကြရပါလိမ့်မယ်..။

ပိုကောင်းတဲ့ အလိမ်အညာတစ်ခုကို မစဉ်းစားနိုင်တော့တာကြောင့် ..သူက အေးစက်စွာပဲ ပြောလိုက်တယ်..။

“ ငါတစ်ယောက်တည်းကတင်..သူတို့အားလုံးကို သတ်ဖို့လုံလောက်နေပြီ..”

ဒီလိုပြောပြီးတာနဲ့..ဆန်နီက ပါးစပ်အဟောင်းသားဖြစ်နေတဲ့ မိန်းကလေးကို ထားရစ်ခဲ့ပြီး ရှေ့ကို လျောက်သွားလိုက်ပါတယ်..။

‘ ဘာတွေများ ဆိုးဝါးနိုင်မှာ မို့လို့လဲ..။ဒါက..ဒါက ဒီတိုင်း..အိပ်မက်ဆိုး ဂိတ်ပေါက် လေးပဲလေ..’

သိုပေမယ့် သူ့ရဲ့ ခြေထာက်တွေကတော့ အနည်းငယ် တုန်ရီနေခဲ့ပါတယ်..။

အဲ့အချိန်မှာပဲ..အတော်လေးကို သန်မာတဲ့ တုန်ခါမူတစ်ခုက မြေပြင်တစ်လျောက်လုံးမှာ ..ဖြတ်သန်းသွားခဲ့တယ်..။

အရိပ်တွေက ရူးသွပ်စွာ ကခုန်လာကြပြီး..နေရောင်က အနည်းငယ်မှိန်ဖျော့ကာ..တစ္ဆေ ဆန် သွားခဲ့ပါပြီ..။

လေထုက လူသူကင်းမဲ့တဲ့ လမ်းမထက်မှာ မြည်ဟည်းလာခဲ့တယ်..။ဒါက..တဖြည်းဖြည်းကျယ်လာတဲ့..အက်ကွဲကြောင်းထဲကို စုပ်ယူခြင်းခံနေရသလိုပါပဲ..။

ယင်းနောက် မမြင်ရတဲ့ လေလှိုင်းတစ်ခု ဖြစ်ပေါ်လာခဲ့ပြီး..ပတ်ဝန်းကျင် အဆောက်အဦးတွေက ပြတင်းပေါက်တွေကို ပိတ်သွားစေခဲ့တယ်..။

ဆန်နီ ဟာ တွန်းအားကို ခုခံလိုက်ပြီး..ရုတ်တရက်သူ့ရဲ့ ဝိဉာဉ်မှာ ရင်းနှီးပြီးသားဖြစ်တဲ့ ခံစားချက်တစ်ခု ပေါ်လာတာကို ခံစားလိုက်ရတယ်..။

…အိပ်မက်ဆိုးရဲ့ ခေါ်သံ..

ဂိတ်ပေါက်က ပွင့်သွာခဲ့ပါပြီ..။

အပိုင်း ( ၄၈၆ ) ပြီး၏။

All Chapters