ပထမ လှိုင်း
Vol. 33 Ch. 487
ဆန်နီဟာ..ဝိဉာဉ်မြွေကို ဝှေ့ယမ်းလိုက်ပြီး..ရှေ့ကို ခြေတစ်လှမ်း တိုးလိုက်တယ်..။သူတော်စင်ရဲ့ မြေပြင်အခြေပြု တိုက်ပွဲဟန်ပန်က သူ့ရဲ့ အရိုးတွေထဲကို စိတ်ဝင်လာနေတာ ခံစားနေခဲ့ရပါတယ်..။သုန်မုန်နေတဲ့ အရိပ်က အိုဒါချီဓားသွားကို ရစ်ပတ်လိုက်တဲ့ အချိန်မှာတော့…ဓားက အနက်ရောင် အလင်းရောင်နဲ့အတူပဲ ပိုမို တောက်ပလာခဲ့တယ်..။
တိတ်ဆိတ်တဲ့ သူတော်စင်လိုပဲ..ဝိဉာဉ်မြွေကလည်း အရိပ်တွေနဲ့ ဆက်နွယ်မူရှိနေတာကြောင့် သူရရှိထားတဲ့ အားဖြည့်မူက ဆန်နီကိုယ်တိုင်ရရှိတာထက်တောင် ပိုပြီး များပြားနေပါသေးတယ်..။အိုဒါချီဓားက အခုချိန်မှာ အသွင်ပြောင်းအဆင့်သာ ရှိနေသေးပေမယ့်..အခုချိန်မှာတော့ ဒီဓားက..ထက်ရှမူ ၊ ခံနိုင်ရည်ရှိမူ နဲ့ သေစေနိုင်မူအပိုင်းမှာ နိုးထမူအဆင့် ဓားတွေနဲ့ တန်းတူအဆင့်အထိ ယှဉ်နိုင်နေခဲ့ပါပြီ..။
သူက..[ သက်ရှိကျောက်တုံး ] နဲ့ [ အမှန်တရား တောင်ပံ ] တိုးမြင့်မူတွေကို ဖွင့်လိုက်ပြီး..မဟူရာချပ်ဝတ်အကျ်ီကို ငှက်တောင် တစ်ခုလိုပေါ့ပါးစေကာ..ရရှိလာမယ့် ထိခိုက်မူတွေအတွက် လည်း ပြန်လည်ပြင်ဆင်နိုင်အောင် အသင့်ပြင်ထားလိုက်ပါတယ်..။
ဆန်နီ သွေးပန်းပွင့် အဆောင် ကို ထုတ်ယူလိုက်ပြီး အကာအကွယ်နဲ့ ပေါင်းစပ်ဖို့အတွက် ညွှန်ကြားလိုက်တယ်..။ပြီးတဲ့ နောက်မှာတော့..မြေအောက်လက်နက် တိုးမြင့်မူကို အသက်သွင်းလိုက်ပါတယ်..။ဒီနည်းလမ်းနဲ့ ဆိုရင် ..ကြက်သွေးရောင် ပန်းပွင့်ရဲ့ မှတ်သားမူတွေ အပေါ်သက်ရောက်နိုင်စွမ်း နဲ့ အရိပ်တွေက ဝတ်ရုံကြောင့် ထပ်မံသန်မာလာကြပါလိမ့်မယ်..။
သူက တစ်ခြားနိုးထသူတွေကို အိပ်မက်ဆိုးသတ္တဝါတွေကို သွေးထွက်အောင် လုပ်ခိုင်းတာက လူမြင်ကောင်းအောင် လုပ်ခိုင်းနေတာ မဟုတ်ပါဘူး..။ဒီလမ်းတစ်လျောက်မှာ တတ်နိူင်သမျှ သွေးတွေအများကြီး စွန်းထင်းနေတာ မျိုးကို သူက ပိုပြီးလိုအပ်ပါတယ်..။ဒီကနေတဆင့် သူရဲ့ အကာအကွယ်တွေနဲ့ ဓားတွေက ပိုပြီး သန်မာလာကြမှာပါ..။
အခုချိန်မှာ ဂိတ်က ပွင့်းသွားခဲ့ပြီး အစစ်အမှန် အခြေအနေမှာ အက်ကွဲကြောင်း တစ်ခု ပေါ်လာခဲ့တယ်..။ဒါက လမ်းတစ်ခုလုံးစာလောက်အထိ ကျယ်ပြီး..အဆောက်အဦးတွေလောက်ကို မြင့်မားပါတယ်..။ဒီအရာက ပတ်ဝန်းကျင်မှာ ရှိနေတဲ့ အလင်းတွေအားလုံးကို ဝါးမြိုပြီး သူ့ကို လှမ်းခေါ်နေသလိုပါပဲ…။
သူ့ကို ဝင်ရောက်လာဖို့အတွက် ခေါ်နေခဲ့တယ်.။
…သို့ပေမယ့် ဆန်နီက ဂိတ် ပေါက်နဲ့ပတ်သက်ပြီး စိတ်ပူပန်နေတာမျိုး မရှိပါဘူး..။သူ့ရဲ့ အကြည့်တွေက အမှောင်ထုထဲမှာ ရွေ့လျားနေကြတဲ့..အရိပ်တွေကိုသာ အာရုံစိုက်ပြီး ကြည့်နေခဲ့ပါတယ်..။
မကြာခင်မှာပဲ..ပထမဆုံး အိပ်မက်ဆိုးသားရဲက နေ့အလင်းရောင် အောက်ထဲကို ဝင်ရောက်လာခဲ့ပြီး..သူ့ရဲ့ လက်သည်းတွေကြောင့် အောက်ဘက်က မြေကြီး ကတ်တရာပေါ်မှာ..အက်ကွဲကြောင်းတွေ ဖြစ်ပေါ်စေခဲ့တယ်..။
‘ကောင်းတယ်..’
သူက အရိပ်အပိုင်းအစ တွေကို လိုအပ်နေတာ မဟုတ်ဘူးလား..။သူက မြေအောက်မ္ဘာရဲ့မင်းသား တိုးမြင့်မူကို တိုးမြင့်ချင်နေခဲ့တာ မဟုတ်ဘူးလား..။
ကောင်းပြီလေ..သူက သူလိုချင်နေတဲ့ ဆန္ဒတွေအတွက် အထူးဂရုစိုက်ဖို့ လိုအပ်လာပါပြီ..။
သူ့ရဲ့ လိုအင်ဆန္ဒတွေကို ဖြည့်ဆည်ပေးဖို့အတွက် ဒီနေ့မှာ အက်ကွဲကြောင်းကနေ အိပ်မက်ဆိုးသားရဲ အကောင်တစ်ရာလောက် ဝင်ရောက်လာခဲ့ကြမှာပါ..။
ဒုတိယမြောက်အဆင့် ဂိတ်ပေါက်တွေက အိပ်မက်ကမ္ဘာထဲမှာ မကြာခန ပေါ်လာလေ့ရှိကြပါတယ်..။ဒါကြောင့် လူတိုင်းက သူ့ရဲ့ အလုပ်လုပ်ပုံ နဲ့ ပတ်သက်ပြီး သိနေခဲ့ကြတယ်..။
ပထမလှိုင်းအနည်းငယ်မှာ ထွက်ပေါ်လာတဲ့ အိပ်မက်ဆိုးသားရဲ့ တွေက အရမ်းကြီး ကြောက်ဖို့မကောင်းသေးပါဘူး..။အနည်းဆုံးတော့ ဆန်နီလို တိုက်ခိုက်ရေးသမား တစ်ယောက်အတွက်ပါ..။သူတို့အများစုက အသွင်ပြောင်းအဆင့် သားရဲတွေဖြစ်ကြပြီး နိုးထမူအဆင့် သားရဲတွေလည်း ရောပါလာတတ်ပါတယ်..။သူတို့ရဲ့ အမျိုးအစားနဲ့ အရေအတွက်ကလည်း..အတော်လးကို နိမ့်ကျကြပါတယ်..။
သို့ပေမယ့်..ဒီလှိုင်းအနည်းငယ် ဆိုတာက..နောက်ဆက်တွဲရောက်ရှိလာမယ့် ထိပ်လန့်မူကြီးတွေအတွက်..ရှေးပြေးအဖြစ်ပဲ ရှိနေပါသေးတယ်..။
မကြာခင်မှာပဲ..ဂိတ်ပေါက်ကနေ ထွက်လာတဲ့ အိပ်မက်ဆိုးသားရဲတိုင်းက နိုးထမူအဆင့်ကို ပြောင်းလဲသွားမှာဖြစ်ပြီး..နောက်ထပ် နောက်ထပ် ကျရှုံးမူ အဆင့် သားရဲတွေလည်း ပေါ်လာကြပါလိမ့်မယ်.။သူတို့ရဲ့ အမျိုးအစားတွေကလည်း မြင့်တက်လာကြမှာဖြစ်ပြီး..မွန်းစတား နဲ့ သားရဲတွေနည်းတူ ..နတ်မိစ္ဆာ အဆင့်တွေပါ အများကြီး ပါလာကြမှာပါ..။
ပြီးတော့ ဆန်နီက ဒုတိယအဆင့် ပြီးဆုံးခါနီး အချိန်အထိ အသက်ရှင်နေသေးမယ် ဆိုရင်တော့..သူ့အတွက် ဘာကောင်းကျိုးမှ မရှိတဲ့ အရာနှစ်ခုက ဖြစ်လာနိုင်ချေရှိပါတယ်..။
ဒါကတော့..ဂိတ်ပေါက်က တကယ်ပဲ ဒုတိယအမျိုးအစား အဖြစ်ရှိနေဦးမှာလား..ဒါမှမဟုတ် မရှိဘူးလား ဆိုတာပါပဲ..။
တကယ်လို့သာ ဂိတ်ပေါက် က ဆက်ပြီးမြင့်တက်လာမယ်ဆိုရင်..ရာနဲ့ချီတဲ့ ကျရှုံးမူအဆင့်သားရဲတွေ ၊ ပျက်ပြားခြင်းအဆင့် သားရဲတေွ နဲ့ အမျိုးအစားပိုမြင့်တဲ့ သတ္တဝါတွေက..ကမ္ဘာတွေကြားထဲက လေဟာနယ်ထဲကနေတဆင့် အစစ်အမှန်ကမ္ဘာဆီကို နောက်ထပ် လှိုင်းလုံးတွေ အဖြစ် ဝင်ရောက်လာကြပါလိမ့်မယ်..။
တကယ်လို့ ထပ်ပြီးမြင့်တက်မူ မရှိတော့ဘူးဆိုရင်တော့..ဂိတ်ပေါက်ရဲ့ အစောင့်ကိုယ်တိုင်က..အစစ်အမှန် ကမ္ဘာထဲကို ဝင်ရောက်လာပါလိမ့်မယ်..။အစောင့်အကြပ်ဆိုတာက အမြဲတမ်း ဂိတ်ပေါက်အမျိုးအစားထက် အနည်းဆုံး တစ်ဆင့်ပိုမြင့်တာာကြောင့်..သူ့ရဲ့အမျိုးအစားက..နတ်ဆိုးကနေ…ကြောက်မက်ဖွယ်ရာ တိုက်တန် အထိ ဖြစ်နေနိုင်ပါတယ်…။
..ဒီအခြေအနေအရ..အဆုံးမှာ သူ့ကို ဘယ်လိုသားရဲမျိုးက သတ်ချင်မလဲ ဆိုတာကို သိချင်ရင်တော့ ဆန်နီက ပထမ လှိုင်းလုံးတွေမှာ ရှင်သန်နေဖို့လိုအပ်ပါတယ်..။
ကြောက်မက်ဖွယ်ရာ မြေခွေးနဲ့ဆင်တူတဲ့ ပထမဆုံး သားရဲက..အရိုးဆူးချွန်တွေနဲ့အတူပဲ..အမှောင်ထုထဲကနေ စတင်ပေါ်ပေါက်လာခဲ့တယ်..။သူက လမ်းမပေါ်ကို ရောက်လာခဲ့ပြီး..ပါးစပ်ကိုဖွင့်းစွာ အက်ကွဲတဲ့အသံနဲ့ ဟိန်းဟောက်မူတစ်ခုကို ပြုလုပ်လိုက်ပါတယ်..။
ယင်းနောက်..အရိပ်မြွေရဲ့ဓားက သူ့ရဲ့လည်ပင်းကို ဖြတ်တောက်ပြီး ဦးခေါင်းကို ဖြတ်လိုက်တာကြောင့်..ချက်ချင်းပဲ တိတ်ဆိတ်သွားခဲ့ပါတယ်..။
[ သင်က အသွင်ပြောင်းအဆင့် သားရဲကို သတ်လိုက်ပါပြီ… ]
ဆန်နီ နောက်ကို ပြန်ခုန်ဆုတ်လိုက်တဲ့ အချိန်မှာပဲ..နောက်ထပ်အရိပ်တွေက..အနက်ရောင်အက်ကွဲကြောင်းထဲကနေ ထွက်ပေါ်လာခဲ့ပါပြီ..။သူတို့ရဲ့ မျက်လုံးတွေက ရူးသွပ်မူတွေ ၊ သွေးဆာမူတွေနဲ့ လောင်ကျွမ်းနေခဲ့တယ်..။ဒါက သူတို့ရဲ့ရှေ့မှာ စောင့်ဆိုင်းနေတဲ့ အရာတွေကို အနံ့ခံမိကြလို့ပါ..။
ဒီအကာအကွယ်မဲ့နေတဲ့ ကမ္ဘာကြီးက..သူတို့စားသောက်ဖို့အတွက် သန့်ရှင်းတဲ့ ဝိဉာဉ်တွေနဲ့ ပြည့်နှက်နေသလိုပါပဲ..။
‘အရမ်း အလျင်လိုအနေနဲ ၊ အညစ်အကြေးကောင်တွေ..’
ဆန်နီ မှာ အရမ်းကို ရိုးရှင်းတဲ့ အစီအစဉ်တစ်ခု ရှိပါတယ်..။
သူက ဂိတ်ပေါက်ရဲ့ ရှေ့မှာ အတားအဆီး တစ်ခု ပြုလုပ်တော့မှာပါ..။
သူက အမှောင်ထုရဲ့ နယ်စပ်တစ်လျောက်မှာ..သွေးထွက်နေတဲ့ အလောင်းပုံတံတိုင်းကြီး တည်ဆောက်သွားမှာဖြစ်ပြီး..နောက်ထပ်ဝင်ရောက်လာမယ့် အိပ်မက်ဆိုးသားရဲ တွေကို အစစ်အမှန်ကမ္ဘာက သူတို့ကို ဘယ်လိုကြိုဆိုလဲဆိုတာကို ပြသသွားမှာပါ..။
ဆူးချွန် မြေခွေးတွေ အလင်းရောင်ထဲကို ဝင်ရောက်လာတာနဲ့ တစ်ပြိုင်နက်..သူက ရှေ့ကို တက်သွားပြီး းသူတို့နဲ့ ချက်ချင်းထိတွေ့လိုက်တယ်..။
သွေးတွေက လေထဲမှာ ဖြာထွက်သွားပြီး..အိုဒါချီဓားက နောက်ထပ်အသက်တစ်ချောင်းကို နှုတ်ယူလိုက်ပါတယ်..။ဆန်နီ သူ့ရဲ့ ကိုယ်ကို ရွေ့လျားလိုက်ပြီး..ခုန်အုပ်လာတဲ့ သားရဲရဲ့ မျက်နှာကို ဓားလက်ကိုင်ရိုးနဲ့ ရိုက်ချလိုက်တယ်..။ပြီးတာနဲ့..ရှေ့ကို ထပ်တိုးသွားလိုက်ပြီး..တတိယတစ်ကောင်ရဲ့ လည်ပင်းကို ဓားဦးနဲ့ ထိုးဖောက်လိုက်ပါတယ်..။
သွေးစက်တွေက မြေပြင်ပေါ်ကို မကျဆင်းနိုင်သေးခင်မှာပဲ..သူက သားရဲမှာစိုက်ဝင်နေတဲ့ ဓားကိုပြန်ဆွဲလိုက်တယ်..။ဒီအရာက သားရဲကို နှစ်ပိုင်းပြတ်သွားမတတ် ဖြစ်စေခဲ့ပြီး..အစောကို ရိုက်ချက်ကြောင့် မြေပြင်ပေါ် ပြုတ်ကျသွားတဲ့ သားရဲရဲ့ ခေါင်းကို ခြေထောက်နဲ့ နင်းချေလိုက်ပါတယ်..။ဒီလို လုပ်တဲ့အချိန်မှာတော့..သူက မြေအောက်ကမ္ဘာရဲ့ ဝတ်ရုံတော် ရဲ့ အလေးချိန်ကို မြင့်တင်လိုက်ပြီး ..သားရဲရဲ့ ခေါင်းကို သူ့ရဲ့ ခြေထောက်အောက်မှာ ကွဲကြေသွားစေခဲ့ပါတယ်..။
ဒီအရာတွေ အားလုံးက နှစ်စက္ကန့်ထက်ပိုပြီး..မကြာခဲ့ပါဘူး..။
…တတိယ စက္ကန့်မြောက်မှာတော့..တစ်ဒါဇင်ခန့်ရှိတဲ့ ငရဲလို သားရဲတွေက အက်ကွဲကြောင်းထဲကနေ ထပ်မံထွက်ပေါ်လာခဲ့တယ်..။သူတို့ထဲက အချို့က ပြေးလွှားပြီး..တစ်ချိုးက လေပေါ်ကို ခုန်တက်ကာ..သူ့ရဲ့ အပေါ်ကို လှမ်းအုပ်ဖို့ ကြိုးစားလာခဲ့ကြပါတယ်..။
ဒီသားရဲတွေရဲ့ နောက်ဘက်မှာတော့..အသွေးအသားတွေ ၊ လက်သည်းတွေ နဲ့ ဦးချိုတွေ ပါဝင်တဲ့ နံရံကြီးတစ်ခုက..အမှောင်ထုထဲကနေ ဒီရေတွေလို စိမ့်ထွက်လာဖို့ ကြိုးစားနေခဲ့ကြပါတယ်..။
ဆန်နီဟာ..သွေးပန်းပွင့်ရဲ့ စွမ်းရည်က အသက်ဝင်လာပြီး..သူ့ရဲ့ဓားကို..မငြိမ်းသတ်နိုင်တဲ့ သွေးဆာမူတွေ ဖြည့်တင်းပေးတာကို ခံစားလာခဲ့ရတယ်..။
‘လာ..လာ..ခွေးသားတွေ..။ဒီ ခွေးသားက မင်းတို့ကို ငရဲဆီကို လမ်းပြပေးမယ်..’
အပိုင်း ( ၄၈၇ ) ပြီး၏။