← Chapters

ပိုကြောက်မက်ဖွယ်ကောင်းတဲ့ သားရဲတစ်ကောင်..

Vol. 33 Ch. 488

ပိုကြောက်မက်ဖွယ်ကောင်းတဲ့ သားရဲတစ်ကောင်..

Vol. 33 Ch. 488

ဆန်နီ ဘယ်လောက်ပဲ မြန်ဆန်နေပါစေ..တစ်လလောက်လေ့ကျင့်ပြီး အရိပ်အဆီအနှစ်တွေကို ဘယ်လောက်ပဲ တိတိကျကျ ထိန်းချုပ်နိုင်းစွမ်းတွေ ရှိနေပါစေ..သူ့ရဲ့ ခန္တာကိုယ်က ဘယ်လောက်ပဲ သန်မာနေပါစေ..နေရာတွေအများကြီးကိုတော့ တစ်ယောက်တည်း မသွားနိုင်သေးပါဘူး..။

ဟုတ်တယ်..သူ့မှာ စွမ်းအားတွေပေးနိုင်တဲ့ အမြုတေနှစ်ခု ၊ အကာအကွယ် အက်ျီ နဲ့ တိုးမြင့်မူတွေ ပေါင်းစပ်ပေးထားတဲ့..လက်နက်တွေ ရှိပါတယ်..။မြေခွေးတစ်ကောင်ကို ဘာထိခိုက်ဒဏ်ရာမှ မရလိုက်ပဲ သတ်ဖြတ်ဖို့ဆိုတာက သူ့အတွက်တော့ ပြသနာ တစ်ခု မဟုတ်ပါဘူး..။

ဒါပေမဲ့ တစ်ဒါဇင်လောက် ဆိုရင်ရော..။ဒါက သူ့အတွက်တောင် အတော်လေးကို များပြားလွန်းပါတယ်..။

ဒီတော့ ဆန်နီက ကြိုးတောင် မကြိုးစားတော့ပေ..။

အဲအချိန်မှာတော့..မြေအောက်ကမ္ဘာရဲ့ ဝတ်ရုံတော်က မှတ်သားမူတစ်ခုအဖြစ် အမြင့်ဆုံးဖြစ်တဲ့ တက်ရောက်မူအဆင့်ကို ရောက်လုနီးပါး ဖြစ်နေပြီ ဖြစ်တာကြောင့်..ဒီအသွင်ပြောင်းသားရဲတွေရဲ့ တိုက်ခိုက်မူတွေက သူ့ကို ထိုးဖောက်ဖို့အတွက် အခွင့်အရေး မရှိကြပေ..။သူကိုယ်တိုင်ကလည်း..အကြိမ်အနည်းငယ် အကိုက်ခံ လို့ ရပါသေးတယ်..။

သူက ဒီအရာကို နည်းစနစ်ကျကျ ဆောင်ရွက်ဖို့ပဲ လိုအပ်တာပါ..။

သူက သူ့ရဲ့ လည်ပင်းနဲ့ ခေါင်းနောက်ဖက်တွေကိုတော့ ကာကွယ်ထားဖို့ လိုအပ်သေးပြီး..သားရဲအုပ်ကြီးတွေရဲ့ ကြားထဲမှာ ဟန်ချက်ထိန်းဖို့ကိုလည်း အာရုံးစိုက်ထားရပါသေးတယ်..။ဟုတ်ပါတယ်..သားရဲတွေက သူ့ရဲ့အသွေးအသားတွေကို မစားသုံးနိုင်ကြသေးဘူးဆိုပေမယ့် သက်ရောက်နိုင်စွမ်းကတော့ ရှိနေတုန်းပါပဲ..။တကယ်လို့ သူသာ ဂရုမစိုက်ဘူးဆိုရင်..ဒီခွေးသားတွေက သူ့ကို လဲကျအောင် လုပ်ကြမှာပါ..။သူသာ မြေကြီးပေါ်ကို လဲကျသွားမယ် ဆိုရင်..ကစားပွဲက ပြီးဆုံးသွားပါပြီ..။

ကံကောင်းချင်တော့..သူ့မှာ မဟူရာအကာအကွယ်ရဲ့ အလေးချိန်ကို ထိန်းညှိနိုင်တဲ့ အမှန်တရားတောင်ပံ စွမ်းရည် ရှိနေခဲ့တယ်..။ဒါက..သူ့ကို တောင်တစ်တောင်လောက်ရှိတဲ့ အလေးချိန်အဖြစ်ကိုလည်း ပြောင်းလဲနိုင်ပါတယ်..။သူ့ရဲ့ခြေလှမ်းတွေကို မြဲမြံစေတဲ့ သူတော်စင် ရဲ့ မြေပြင်အခြေပြု ဟန်ပန်ကို ပေါင်းစပ်လိုက်တဲ့ အချိန်မှာတော့..သူက သားရဲတွေ ဘယ်လောက်ပဲ တိုက်ခိုက်နေပါစေ..မတ်တတ်ရပ်ပြီး ထိန်းထားနိုင်ခဲ့တယ်..။

မြေပြင်ကနေ တိုက်ခိုက်နေတဲ့ မြေခွေးတွေကို လျစ်လျူရူလိုက်ပြီး..ဆန်နီဟာ သူ့အပေါ်ခုန်အုပ်လာတဲ့ သားရဲတစ်ကောင်ကို ဘေးဖက်ကို ရွေ့ကာ ရှောင်ရှားလိုက်တယ်.။ပြီးတာနဲ့ နောက်ထပ်တစ်ကောင်ကို အိုဒါချီ ဓားဦးနဲ့ထောက်ထားပြီး ကြိုဆိုလိုက်ပါတယ်..။သားရဲက သူ့ရဲ့ အရှိန်နဲ့ အတူပဲ ဓားထဲကို စိုက်ဝင်သွားခဲ့တယ်..။

လေးလံတဲ့ အလောင်းကြောင့် အရိပ်မြွေက အောက်ကို ပြုတ်ကျမလာခင်မှာပဲ..ဆန်နီဟာ ဓားရိုးကို လွဲလိုက်ပြီး..သေဆုံးနေတဲ့ သားရဲကို တစ်ခြားတိုက်ခိုက်နေကြတဲ့ သူ့ရဲ့ အမျိုးတွေဆီကို လွင့်ပစ်လိုက်တယ်..။

အဲ့အချိန်မှာတော့..ပါးစပ်တစ်ခုက သူ့ရဲ့ ပါးနားကို နီးကပ်နေခဲ့ပြီဖြစ်ပြီး နောက်ထပ်တစ်ခုက..သူ့လက်မောင်းနဲ့ စင်တီမီတာလောက် အကွာကို ရောက်နေခဲ့ပါပြီ..။

သွေးရောင် အစွယ်တွေက မဟူရာ အကာအကွယ်ရဲ့ ကျောက်တုံးလို သတ္တုတွေနဲ့ ထိတွေ့သွားခဲ့ပေမယ့်..ခြစ်ရာတောင် မထင်ခဲ့ပါဘူး..။

ဆန်နီဟာ အိုဒါချီဓားရဲ့ လက်ကိုင်ကနေ လက်တစ်ဖက်ကို လွတ်လိုက်ကာ တိုက်ခိုက်နေတဲ့ သားရဲရဲ့ လည်ချာင်းကို ထိုးလိုက်တယ်..။ပြီးတာနဲ့ ရှေ့ကို ရိုးရှင်းသွား တက်သွားလိုက်ပြီး..သူ့ရဲ့ အမွှေးနဲ့ အရည်ပြားတို့ကို ဖြတ်သန်းကာ အသွေးအသားတွေကို ပြတ်တောက်သွားစေခဲ့ပါတယ်..။

သူ့ရဲ့ လက်သီးကတော့ တစ်ခြားသားရဲတစ်ကောင် ရဲ့ ဦးခေါင်းဆီကို ရောက်သွားခဲ့တယ်..။တစ်ခြားဘယ်သူမှ မမြင်လိုက်တဲ့ အချိန်မှာပဲ လ အမြုတေက သူ့ရဲ့ လက်ထဲမှာ ရုတ်တရက် ပေါ်လာခဲ့ပြီး..သူ့ရဲ့ တစ္ဆေဓားသွားက..သားရဲရဲ့ ဦးခေါင်းကို လွယ်ကူစွာ ထိုးဖောက်သွားခဲ့ပါတယ်..။ပြီးတာနဲ့..သူက ပေါ်ထွက်လာခဲ့သလိုပဲ ရုတ်တရက် ပြန်လည်ပျောက်ကွယ်သွားခဲ့တယ်..။

ဆန်နီ ခန္တာကိုယ်ကို တစ်ပတ်လှည့်လိုက်ပြီး အလောင်းနှစ်ခုစလုံးကို ဖယ်ရှားလိုက်ကာ ဓားကို လက်နှစ်ဖက်နဲ့ ပြန်ကိုင်ထားလိုက်ပါတယ်..။ပြီးတာနဲ့ သူ့အပေါ်ကို ခုန်အုပ်လာခဲ့တဲ့ သားရဲရဲ့ မျက်လုံးတည့်တည့်ကို လှမ်းလိုးလိုက်တယ်..။ယင်းနောက် ချက်ချင်းနေရာကနေ ရွေံလျားလိုက်ပြီး..ဓားထိပ်မှာရှိနေတဲ့ သားရဲရဲ့နောက်မှာ ရှိနေတဲ့ သားရဲတွေနဲ့ ရင်ဆိုင်လိုက်ပါတယ်..။

နောက်ပိုင်း ဖြစ်ပျက်လာတဲ့ အရာတွေ အားလုံးကတော့ စိတ်ပျက်ဖွယ်ရာ သွေးထွက်သံယို ကခုန်မူတွေ ချည်းပါပဲ..။ဆန်နီက အိပ်မက်ဆိုးသားရဲ အုပ်ကြီးထဲကို တိုးဝင်သွားခဲ့ပြီး..ဒီကောင်တွေထက် ပိုမြန်အောင် လှုပ်ရှားကာ..သူ့ရဲ ဓားက လေထဲမှာ လွင့်ပျံနေခဲ့တယ်..။လေထဲမှာတော့..သွေးတွေ အများကြီး ဖြာထွက်နေခဲ့ပါပြီ..။တစ်နည်းအားဖြင့် သူက တိုက်ခိုက်မူ အများစုကို ရှောင်တိမ်းနိုင်နေခဲ့ပြီး..မရှောင်နိုင်လိုက်တဲ့ အရာတွေကလည်း သူ့ရဲ့ အကာအကွယ် အက်ျီပေါ်မှာတင် အဆုံးသတ်သွားခဲ့ကြပါတယ်..။

သူပုံစံအရ တိုက်ခိုက်မူတွေက လွယ်လွယ်ကူကူ ဖြစ်ပေါ်နေသလိုပါပဲ..။

..သိူ့ပေမယ့် ဒါပေါ့..ဒါက မလွယ်ကူလှပါဘူး..။

ဒီသားရဲတွေက အသွင်ပြောင်းအဆင့်တွေ ဖြစ်ကြပေမယ့် တစ်ကောင်ချင်းစီတိုင်းက..မရေတွက်နိုင်တဲ့ သာမန်လူသားတွေ နဲ့ တိုက်ရည်ခိုက်ရည် မရှိတဲ့ နိုးထသူတွေကို သတ်ဖြတ်နိုင်စွမ်း ရှိကြပါတယ်..။ဒါက ဒီတိုင်း ဒီနေ့မှာ သူတို့က ပိုပြီးကြောက်မက်ဖွယ်ကောင်းတဲ့ သတ္တဝါတစ်ကောင်နဲ့ ရင်ဆိုင်တွေ့ခဲ့ကြလို့ပါ..။

စစ်မှန်တဲ့ နိုးထမူအဆင့် တိုက်ခိုက်ရေးသမားတစ်ယောက်..။

ဆန်နီဟာ ဆူးချွန်မြေခွေး အုပ်ကြီးကို ဖြတ်တောက်ပြီး နည်းဗျူဟာကျကျ နဲ့ သူတို့ကို သေလုမျောပါး အခြေအနေမှာ ထားထားခဲ့တယ်..။သူတို့က မသေခင်အချိန်အထိ အတတ်နိုင်ဆုံးသွေးထွက် နိုင်ကြပါတယ်..။ပြီးတော့..သွေးပန်းပွင့်ရဲ့ စွမ်းအားကို အထွတ်အထိပ် ရောက်လာနိုင်ဖို့အတွက် သူက သွေးတွေကို လိုအပ်နေခဲ့တာပါ..။

သူ့ဘေးမှာတော့..အတော်များများကို ဒီလိုမျိုး ရှိနေခဲ့ကြတယ်..။အရမ်းများတယ်..။တကယ်တော့ ဒီအရာတွေကို သူ့ရဲ့ အကျိုးကျေးဇူးအဖြစ် အသုံးချနိုင်ပါတယ်..။သူက သူသတ်ခဲ့တဲ့ သားရဲတွေရဲ့အလောင်းတွေ ၊ သေလုမျောပါးဖြစ်နေတဲ့ သားရဲတွေကို အသုံးချပြီး သူ့ဓားနဲ့ မထိတွေ့ရသေးတဲ့ သားရဲတွေကို နှေးကွေးသွားဖို့အသုံးချုနိုင်ပါတယ်..။သူ့ရဲ့ မြန်ဆန်တဲ့ အလျင်နှုန်း နဲ့ ဉာဏ်ကောင်းတဲ့ နေရာရွေးချယ်မူတွေကြောင့် သူက ဆက်တိုက်ရွေ့လျားနေနိုင်ရုံတင်မကပဲ..အဝိုင်းမခံရအောင်ပါ စွမ်းဆောင်နိုင်ခဲ့တယ်…။

အခြေအနေတွေက အတိအကျကြီး လွယ်ကူနေတာမျိုးမဟုတ်ပေမယ့်..အရမ်းကြီး ဖိအားမများပဲ ဆောင်ရါက်နေနိုင်ဆဲပါ..။လက်ရှိဖြစ်ပေါ်နေတဲ့ သူ့ရဲ့ အဓိက ပြသနာကတော့..ဒီသားရဲတွေကို သူ့ကို ကျော်ပြီး နောက်က လမ်းထဲကို ထွက်မသွားကြစေဖို့ပါပဲ..။

ကံကောင်းချင်တော့..သူ့ကို ကျော်သွားတဲ့ သားရဲ အနည်းငယ်ကို အနောက်မှာ စောင့်ကြပ်နေကြတဲ့ နိုးထသူ ခြောက်ယောက်က အလျင်အမြန်ပဲ သတ်ဖြတ်နေနိုင်ခဲ့ကြပါတယ်..။ဒီလူတွေက သူသတ်ဖြတ်နေတာတွေကို..ကြမ်းတမ်းမူ ၊ သတိထားမူ ၊ အံ့ဩမူဖြစ်တဲ့ အမူအရာတွေနဲ့ ကြည့်နေခဲ့ကြပါတယ်..။

သို့ပေမယ့်..ဒီ အောင်မြင်တဲ့ စတင်မူက လှည့်စားမူတစ်ခုသာ ဖြစ်တယ်ဆိုတာကို ဆန်နီ သတိမထားမိခဲ့ပေ..။

ဘာပဲဖြစ်ဖြစ် ပထမလှိုင်းဆိုတာက အမြဲတမ်း အစမ်းသဘောမျိုးပါ..။ရိုးရှင်းစွာပဲ နောက်ဘက်မှာ စစ်မှန်တဲ့ ကပ်ဆိုးတစ်ခုက ရှိနေပါသေးတယ်..။

ဒီတော့ အခုချိန်မှာ..သူ့ရဲ့ ပန်းတိုင်ကတော့..တတ်နိုင်သမျှ အသွင်ပြောင်းသားရဲတွေ အများကြီးကို သတ်ဖြတ်ဖို့ဖြစ်ပြီး..သွေးပန်းပွင့်ကို သန်မာလာအောင် လုပ်ရမှာပါ..။ပြီးတော့ အလောင်းတွေ အများကြီးကို ဂိတ်ပေါက်ဝမှာ တတ်နိုင်သမျှ ထားဖို့ဖြစ်ပြီး..ဒီကနေတဆင့် ပိုသန်မာတဲ့ သားရဲတွေ အစစ်အမှန်ကမ္ဘာထဲကို အရှိန်ပြင်းပြင်းနဲ့ ဝင်ရောက်လာမူကို တားဆီးနိုင်ပါလိမ့်မယ်..။

သို့ပေမယ့် မကြာခင်မှာပဲ..ကြောက်မက်ဖွယ်ရာ ပြောင်းလဲမူတစ်ခုကို ခံစားလိုက်ရတယ်..။

ဒါက မြေခွေးတွေရဲ့ ရှည်ကြားပြီး..ကြောက်မက်ဖွယ်ကောင်းတဲ့ အူသံတွေကနေ တဆင့်ဖြစ်ပေါ်လာခဲ့တာပါ။.။

ယင်းနောက်..

မြားတစ်စင်းက အမှောင်ထု အက်ကွဲကြောင်းကနေ တဆင့် ရုတ်တရက် ထွက်ပေါ်လာခဲ့တယ်..။ဒါက သူ့ရဲ့ မျက်လုံးကို ထိမှန်လုနီးပါးပါပဲ..။မြားခေါင်းကို အနီးရောင် အရိုးနဲ့ ပြုလုပ်ထားခဲ့ပြီး..ဝီဗာ မျက်နှာဖုံးရဲ့ သစ်သားကို ထိမှန်ပေါက်ကွဲသွားကာ..သူ့ရဲ့ ခေါင်းကို နောက်ကို လှန်ကျသွားခဲ့တယ်..။

‘သောက်ကျိုး…နဲ ‘

ဆန်နီ ဟန်ချက်ကို အမြန်ပြန်ထိန်းလိုက်ပြီး..ရှေ့ကို ပြေးတက်သွားကာ..အရိပ်မြွေနဲ့ နောက်ထပ် သားရဲ တစ်ချို့ကို ခုတ်ထစ်လိုက်တယ်..။

နောက်ထပ် မြားတွေ အများကြီးက အမှောင်ထုထဲကနေ ထွက်ပေါ်လာခဲ့ပြီး..တိုက်ခိုက်နေတဲ့ မြေခွေးတွေကို ထိမှန်တာ ဒါမှမဟုတ် အကာအကွယ်အကျ်ီကို ထိမှန်တာတွေ ဖြစ်ပေါ်နေခဲ့ပါတယ်..။

သူ့ကို တစ်ချက်ထိလိုက်တိုင်း ကောင်းကောင် ခံစားမိနေခဲ့တယ်..။မြားတွေရဲ့ နောက်ဖက်မှာ ရှိနေတဲ့ အင်အားက အတော်လေးကို ကြောက်မက်ဖွယ်ကောင်းတာပါ..။

‘ နိုးထမူ..နိုးထမူ အဆင့် သားရဲတွေက ရောက်လာနေပြီလား..အခုကတည်းကလား..’

သူဒီလိုတွေးလိုက်တာနဲ့ တစ်ပြိုင်နက်..အမဲလိုက်သူတွေထဲက ပထမတစ်ရောက်က သူ့ရဲ့ခွေးတွေနောက်ကို လိုက်ပြီး အစစ်အမှန် ကမ္ဘာထဲကို ခြေချလာခဲ့ပါတယ်..။

ဆန်နီ အံကို ကြိတ်လိုက်တယ်..။

မီးခိုးရောင် အရည်ပြားနဲ့ ရှေးဟောင်းသစ်ပင်တွေလို မာကျောတဲ့ အရပ်ရှည်ရှည် လူသားပုံစံသားရဲတစ်ကောင်က..ပုပ်သိုးနေတဲ့ သားမွှေးအကာအကွယ်တစ်ခုကို ဝတ်ဆင်ထားခဲ့တယ်..။သူက သစ်သားနဲ့ ပြုလုပ်ထားတဲ့ ကြောက်မက်ဖွယ်လေးကို မြှောက်ကာ..မျက်လုံးရှိသင့်တဲ့နေရာမှာ ဘာမှမရှိတဲ့ အပေါက်နှစ်ခုနဲ့ သူ့ကို ကြည့်နေခဲ့ပါတယ်..။

အဲဒီအစား. အပေါက်နှစ်ခုထဲမှာ ဒေါသတကြီးတောက်လောင်နေတဲ့ မီးတောက်နှစ်ခုသာ ရှိနေခဲ့တယ်..။

‘ ခရက် ‘

ဆန်နီသည် မြေခွေးတစ်ကောင်ကို ဆွဲကိုင်ပြီး အပေါ်ကို မြောက်လိုက်တဲ့ အချိန်မှာတော့..အချိန်မှီဆိုသလိုပဲ မြားက သူ့ရဲ့ မျက်နှာကို ထိမှန်မယ့်အစား..မြေခွေးရဲ့ ခန္တာကိုယ်မှာသာ စိုက်ဝင်သွားခဲ့ပါတယ်..။

‘လေးတွေ…သူတို့က လေးတွေကို သုံးနေတာလား..’

ဒါက ဘယ်လိုလုပ် မျှတမူ ရှိတော့မှာလဲ..

သွေးပန်းပွင့် အဆောင်ရဲ့ သွေးဆာလောင်မူက သူ့ရဲ့ နှလုံးသားထဲကို ဝင်ရောက်လာခဲ့တဲ့..ဆန်နီဟာ သေအံ့ဆဲဆဲ ဖြစ်နေတဲ့ မြေခွေးကို အရိုးအမဲလိုက်သူထံ ပစ်လိုက်ကာ..ဓားကို ဆုပ်ကိုင်ရင်း နောက်တစ်ကြိမ် ရှေ့ကို တက်သွားလိုက်ပါတယ်..။

အပိုင်း ( ၄၈၈ ) ပြီး၏။

All Chapters