← Chapters

ဒုတိယ လှိုင်း

Vol. 33 Ch. 489

ဒုတိယ လှိုင်း

Vol. 33 Ch. 489

အဲဒီမှာတော့..ရှေးဟောင်းလေးသမား အချို့က သူ့ကို ချိန်ရွယ်ပြီး နေခဲ့ပါပြီ..။အမှောင်ထုထဲကနေလည်း..အမဲလိုက်သူတွေက ထပ်ထပ်ပြီး ပေါ်လာနေခဲ့တယ်…။တစ်ချို့က လေးတွေကို ကိုင်ထားခဲ့ကြပြီး ၊ တစ်ချို့က..ကျောက်သားနဲ့ပြုလုပ်ထားတဲ့ လှံတွေ ၊ ဓားတွေနဲ့ ရိုးရှင်းတဲ့ပုဆိန်တွေကို ကိုင်ဆောင်ထားခဲ့ကြတယ်..။

သူတို့အာလုံးက နိုးထမူအဆင့် မွန်းစတားတွေ ပါ..။သူတို့တစ်ကောင်ချင်းစီတိုင်းက ဆန်နီ အရင်တုန်းက မေ့ပျောက်ကုန်းမြေမှာ တိုက်ခိုက်ဖူးခဲ့တဲ့ ကြေးခွံသားရဲ ခေါင်းဆောင် တွေနဲ့ အဆင့်ချင်းအတူတူပါပဲ..။

ပြီးတော့..အခြေခံအရဆိုရင်တော့ ဆန်နီ နဲ့လည်း အဆင့်အတူတူပါ..။

…သူသတ်ဖို့အတွက် ပိုပြီး ခက်ခဲတဲ့ ရန်သူတွေ..။

ဆန်နီဟာ ပျံသန်းလာနေတဲ့ မြားကို ခေါင်းငုံ့ရှောင်လိုက်ပြီး..ရှေ့ကို တိုးကာ..လေးသမားတစ်ယောက်ရဲ့ အသွေးအသားထဲကို အိုဒါချီ ဓားရဲ့ ထိပ်နဲ့ ထိုးသွင်းလိုက်ပါတယ်..။သစ်ခေါက်လိုမျိုး အနက်ရောင် အရည်ပြားတွေက အရိပ်ဓား ထိုးဖောက်ဝင်ရောက်ဖို့အတွက် အတော်လေး မာကျောနေပေမယ့် နောက်ကနေ လိုက်ပါလာတဲ့ အားက သူ့ရဲ အသွေးအသားတွေကို ဖောက်ဝင်ပြီး နောက်ကျောဖက်ကနေ ပြန်ထွက်လာစေဖို့အတွက် လုံလောက်နေခဲ့တယ်..။

ဒီ ခွေးကောင် တွေရဲ့ ခန္တာကိုယ်သဘောတရားက လူသားတွေနဲ့ တူပြီး သူတို့ရဲ့ နှလုံးကလည်း တူညီတဲ့ နေရာမှာ ရှိနေကြလိမ့်မယ်လို့ ဆန်နီ မျှော်လင့်လိုက်မိတယ်..။

အခြေအနေကို ကြည့်ရသလောက်တော့..အမှန်တကယ် ရှိနေကြပုံပါပဲ..။သိုပေမယ့်..မွန်းစတားက..လူသားတွေ နှလုံးသား ဖျက်ဆီးခံရရင် တုန့်ပြန်တဲ့ အတိုင်း တုန်ပြန်လာခြင်းမရှိခဲ့ပါဘူး..။သူက သေအံ့ဆဲဆဲ ဖြစ်မယ့်အစား အရိပ်ဓားကို ဆုပ်ကိုင်လိုက်ကာ..ရှေ့ကို ခြေတစ်လှမ်းတိုးပြီး သူ့ခန္တာကိုယ်ကို ပိုမိုတိုးဝင်လာစေခဲ့တယ်..။ပြီးတာနဲ့ ကျန်တဲ့ လက်တစ်ဖက်နဲ့ ဆန်နီကို တိုက်ခိုက်ဖို့အတွက် ကြိုးစားလာခဲ့ပါတယ်..။

‘..ချီးပဲ..’

ဆန်နီ ဓားကို တစ်ပတ်လှည့်လိုက်ပြီး..သတ္တဝါရဲ့ လက်ချောင်းတွေကို ဖြတ်တောက်လိုက်ကာ..အပြင်ကို ပြန်ဆွဲထုတ်လိုက်တယ်..။ပြီးတာနဲ့..သူ့ရဲ့ လည်ပင်း နဲ့ ခေါင်းကို ပိုင်းဖြတ်လိုက်ပါတယ်..။

နောက်ဆုံးမှာတော့…ကျိန်စာသင့် လေးသည်တော်က သေဆုံးသွားခဲ့ပါပြီ.။

[ သင်က နိုးထမူအဆင့် မွန်းစတား, ရှေးခေတ် သချ်ိုင်း တစ္ဆေကို သတ်လိုက်ပါပြီ.. ]

‘သေရွာပြန်တွေလား..ကောင်းတယ်..။တကယ်ကောင်းတယ်…ချီးပဲ..’

ဒီတော့ သူက သတ်ဖြတ်လိုစိတ် အတော်လေးကို ပြင်းထန်တဲ့ အလောင်းကောင်တွေနဲ့ တိုက်ခိုက်နေရတာပေါ့..။ဒါကြောင့် ဒီ မုဆိုးတွေက အသိဉာဏ် အပြည့်အဝ မရှိကြတာပါ..။သို့ပေမယ့် သူတို့က အကုန်လုံးကို မေ့နေကြတာမျိုးတော့ မဟုတ်ကြပါဘူး..။သူတို့က သူတို့ရဲ့ လက်နက်ကို ကျွမ်းကျွမ်းကျင်ကျင် ကိုင်ဆောင်နိုင်ကြရုံတင်မကပဲ..ဆန်နီကို သားကောင်တစ်ကောင်လို ဝန်းရံထားပြီး ..တိုက်ခိုက်မူတွေကို ပူးပေါင်းနိုင်ကြပုံလည်း ရကြပါတယ်..။

လေးသည်တော် တွေက နေရာခွဲထားကြတာကြောင့် သူက ရွေးချယ်စရာမရှိပဲ…တစ်ယောက်ကို တိုက်ခိုက်နေတဲ့ အချိန်မှာ ကျန်တဲ့ တစ်ယောက်ကို နောက်ကျောပေးထားခဲ့ရပါတယ်..။အနီးကပ်လက်နက်တွေကို ကိုင်ဆောင်ထားကြတဲ့ သူတွေက..ရှေ့ကို အမြန်တက်လာခဲ့ကြပြီး သူ့ကို ဝန်းရံဖို့ ကြိုးစားနေခဲ့ကြတယ်..။အခြေအနေကတော့ အဆိုးဘက်ကို အလျင်အမြန် ဦးတည်နေခဲ့ပါပြီ..။

ဆန်နီ အံ့ကိုကြိတ်လိုက်ပြီး..ကျောက်တုံး ပုဆိတ်တစ်လက်ရဲ့ ခုတ်ချက်ကို ရှောင်တိမ်းလိုက်တယ်..။ဒါက အောက်ကို ပြုတ်ကျပြီး..ကတ္တရာ လမ်းကို ကွဲကြေသွားတာ မြင်လိုက်ရပါတယ်..။ပြီးတာနဲ့ သူက အရိပ်ဓားနဲ့ ပိုင်းဖြတ်လိုက်တယ်..။အိုဒါချီဓားရဲ့ ကြီးမားတဲ့ ဓားသွားက..တိုက်ခိုက်သူရဲ့ လက်ကို ဖြတ်တောက်သွားတဲ့ အချိန်မှာတော့..မြားတးစ်စင်းက..သူ့ရဲ့ ပုခုံးကို လာရောက် ထိမှန်သွားခဲ့ပြီး..ဆန်နီကို ယိမ်းယိုင်သွားစေကာ..ဟန်ချက်ပျက်မလို ဖြစ်သွားခဲ့ပါတယ်..။

သူပတ်ဝန်းးကျင်ကို ကြည့်လိုက်တဲ့ အချိန်မှာ ရန်သူတွေဟာ သာမန်ရန်သူ တစ်ဦးကို အဆုံးသတ်နိုင်လောက်တဲ့ နေရာယူပုံတွေနဲ့ နေရာယူထားတာကို သိလိုက်ရတယ်..။သူက နေရာပေါင်းစုံကနေ ဝန်းရံထားခြင်းကို ခံနေရတာပါ..။လှံတွေ ၊ ပုဆိန်တွေကို ကိုင်ဆောင်ထားတဲ့..ကြေက်မက်ဖွယ် မုဆိုးတွေရဲ့ နောက်ဖက်မှာတော့..လေးသည်တော်တွေက ပုန်းအောင်းနေခဲ့ပါတယ်..။

‘ ချီးပဲ..ငါ ဒါကို မလုပ်ချင်ဘူးနော်..’

ဒါဇင်နဲ့ချီတဲ့ မြားတွေက..သူကို သတ်ဖြတ်ဖို့အတွက် လေထဲမှာ ပျံသန်းလာနေတဲ့ အချိန်မှာတော့..ဆန်နီက ရုတ်တရက် ပျောက်ကွယ်သွားခဲ့တယ်..။

ခနအကြာမှာတော့..သူက လေးသည်တော်တစ်ယောက် ရဲ့ နောက်ဖက်မှာ ပေါ်လာခဲ့ပြီး..ဆိုးဝါးတဲ့ တိုက်ခိုက်မူ တစ်ချက်တည်းနဲ့ အဆုံးသတ်ပေးလိုက်ပါတယ်..။

တစ်ခြားသားရဲတွေက ဘာြဖစ်နေတာလဲတောင် မသိလိုက်ကြသေးတဲ့ အချိန်မှာပဲ..ဆန်နီက..သူတို့ဝန်းရံထားတဲ့ နေရာရဲ့ အပြင်ဖက်မှာ ရောက်နေခဲ့ပါပြီ..။သူ့ရဲ့ အိုဒါချီ ဓားသွားကတော့ နောက်ထပ် လေးသည်တော် တစ်ယောက်ရဲ့ ဦးခေါင်းကို ဖြတ်တောက်သွားခဲ့တယ်..။

နောက်ဖက်မှာ အရိပ်များစွာ ကျန်ရစ်လုနီးပါး ဖြစ်နေတဲ့အလား..မဟူရာအကာအကွယ်ကို ဝတ်ဆင်ထားတဲ့ စစ်သည်တော်တစ်ယောက်ရဲ့ ပုံရိပ်က..စက္ကန့်အပိုင်းအခြားလေးတွေ အတွင်းမှာပဲ..ပေါ်လာလိုက် ပျောက်သွားလိုက်ဖြစ်ပေါ်နေခဲ့ပါတယ်..။သူ တစ်ကြိမ်ပေါ်လာတဲ့ အချိန်တိုင်းမှာ..သားရဲတွေထဲက တစ်ကောင်က သေဆုံးနေခဲ့ပြီး..သူတို့ရဲ့ အမည်းရောင် ခန္တာကိုယ်တွေက ..ခြေလက်တွေ ၊ ခေါင်းတွေကို ဖြတ်တောက်ခြင်း ခံထားရပါတယ်…။

ခနအကြာမှာတော့..ပျက်ဆီးနေတဲ့..ကတ္တရာလမ်းပေါ်မှာ နောက်ပြန်လျောစီးလာခဲ့တယ်။သူ့နောက်မှာတောင့်..သွေးစီးကြောင်းရာကြီး ကျန်နေခဲ့ပါတယ်..။

မျက်နှာဖုံးရဲ့အောက်ကနေ..တိုးလျတဲ့ ညဉ်းတွားသံတစ်ခု ထွက်ပေါ်လာခဲ့ပါတယ်..။

မြေအောက်ကမ္ဘာလက်နက် စွမ်းရည်နဲ့ အားဖြည့်ထားတာကြောင့်..သွေးပန်းပွင့်က ထူးဆန်းစွာ ပြုမူနေခဲ့တယ်..။ဒါကသွေးတွေအများကြီး ထွက်လာနေတဲ့အချိန်မှာ သူ့ရဲ့ မှတ်သားမူတွေ ၊ ထပ်တူညီမူတွေ နဲ့..အရိပ်တွေကို အားဖြည့်ပေးရမှာ ဖြစ်ပေမယ့်..သူ့ရဲ့ စိတ်နဲ့ ခန္တာကိုယ်က ဒီအဆောင်ငယ်လေးရဲ့ သက်ရောက်မူကို ခံနေရတယ် ဆိုတာကို ဆန်နီ သိလိုက်ပါတယ်..။

သူက တက်ကြွကျေနပ်မူ နဲ့ စိတ်ပျက်မူတွေကို ခံစားနေခဲ့ရတယ်..။သူ သတ်ဖြတ်လိုက်ရတဲ့ သားရဲတွေကြောင့် ကျေနပ်အားရမူတွေ ဖြစ်ပေါ်နေပြီး..နောက်ထပ် သတ်ချင်စိတ်တွေ ၊ ဖြတ်တောက်ချင်စိတ်တွေ နဲ့ အရမ်း အရမ်းကို သွေးထွက်အောင် လုပ်ချက်စိတ်တွေကြောင့် အားမလိုအားမရ မူတွေကို ခံစားနေခဲ့ရတာပါ.။

‘သွေး…သွေး…ထပ်ပြီးတော့..’

ဆန်နီဟာ..ဒီသွေးဆာလောင်နေမူထဲကို တစ်စက္ကန့်လောက် နစ်မြုပ်သွားပြီးကာမှ..သူ့စိတ်ကို ရုန်းထွက်လိုက်ပြီး..ဒီဆာလောင်မူတွေကို လျော့ကျစေလိုက်ပါတယ်..။

သူက ဂရုစိုက်ဖို့ လိုအပ်ပါတယ်..။ဒီသွေးဆာလောင် မူတွေက အကျိုးရှိနိုင်ပေမယ့်..သူ့ကို လွယ်ကူစွာပဲ ဘာမှမမြင်တဲ့အထိ ဖြစ်လာစေပါလိမ့်မယ်..။သူက ရှင်းလင်းပြတ်သားမူကို ထိန်းထားနိုင်မှသာ..တိုက်ပွဲရဲ့ အရှိန်ကို ထိန်းထားနိုင်ပြီး..ရှန်သန်နိုင်မှဦပါ..။ကျေးဇူးတင်စွာပဲ..ခေါင်းအေးအေးထားနိုင်တာက သူ့ရဲ့ အားသာချက်ဖြစ်နေခဲ့တယ်..။

…မည်သို့ပင်ဆိုစေကာမူ.. အရိပ်ခြေလှမ်းကို အကြိမ်ကြိမ် အသုံးပြုပြီး ရန်သူရဲ့ ဗျူဟာကို ဖျက်ဆီးကာ လေးသည်တော်တွေကို သတ်ရတာက..သူ့ရဲ့ အရိပ်အဆီအနှစ်တွေကို အများကြီး ကုန်ဆုံးစေပါတယ်..။အခုဆိုရင် ကျန်တဲ့ အရာတွေကို ရှင်းလင်းရတာက ပိုပြီး လွယ်ကူသွားခဲ့ပါပြီ..။

သို့ပေမယ့် ဒါပေါ့ ဂိတ်ပေါက်က သူ့အတွက် အဆုံးသတ်သွားမှာကို မလိုလားပါဘူး..။ဒါက ပိုပိုများတဲ့ ရန်သူတွေကို ထပ်လွတ်ပေးနေပြီး..သူလုပ်လိုက်တဲ့ ဘယ်အကျိုးဆက်ကို အချည်းနှီး ဖြစ်နေစေခဲ့ပါတယ်..။

နောက်ထပ် မုဆိုးတွေ နဲ့ ရူးသွပ်နေတဲ့ မြေခွေးအုပ်ကြီးတွေ အမှောင်ထုထဲကနေ ထပ်မံ ထွက်ပေါ်လာနေတဲ့အချိန်မှာတော့..သူ မျက်နှာ ဖြူဖျော့သွားခဲ့တယ်..။

‘ အရမ်းများးသွားပြီ..’

သူ့ရဲ့ အကာအကွယ်တွေ ၊ လက်နက်တွေ နဲ့ ကျွမ်းကျင်မူတွေက ဘယ်လောက်ပဲ ကောင်းမွန်နေပါစေ..ဒီအိပ်မက်ဆိုးသားရဲ အုပ်ကြီးရဲ့ အရှိန်အဟုန်နဲ့ ဆိုရင် သူက ချက်ချင်းပဲ အောက်ကို နစ်မြုပ်သွားတော့မှာပါ..။

ပြီးတော့..သူက သားရဲတွေကို ထိုးဖောက်နိုင်ခဲ့တယ် ဆိုရင်တောင် ကျန်တဲ့ သားရဲတွေက..နောက်မှာ ရှိနေတဲ့ နိုးထသူ ခြောက်ယောက်ဆီကိုရောက်သွား ကြပါလိမ့်မယ်..။ပြီးတဲ့နောက်မှာတော့..သူတို့က မြို့ထဲက လမ်းကြားတွေ ဆီကို ရောက်သွားမှာပါ..။

ရိမ်းရဲ့ ကျောင်းဆီကို…။

‘ချီးပဲ..ဒါကြီးက အတော်ဆိုးဝါးတော့မယ်..’

သားရဲလှိုင်းလုံး အသစ်က ရှေ့ကို ရောက်လာပြီး အရင်ရောက်ပြီးသား အဖွဲ့တွေနဲ့ ပူးပေါင်းသွားတဲ့အချိန်မှာတော့..ဆန်နီက သူ့ရဲ့ မှတ်သားမူတွေကို လဲလှယ်လိုက်တယ်..။တစ်ခနလောက်..သွေးပန်းပွင့်ရဲ့နေရာမှာ..ကျိုးပျက်ကျိန်စာက အစားထိုးသွားခဲ့ပါတယ်..။သူ့ရဲ့ ဝိဉာဉ်ဖျက်ဆီးတဲ့ အော်ရာက..မြေအောက်ကမ္ဘာ ဝတ်ရုံတော်ရဲ့ အားဖြည့်တင်းမူကို ခံလိုက်ရတယ်..။

မအီမသာနဲ့ ပျိုု့အန်ချင်တဲ့ လှိုင်းလုံးကြီးက ချက်ချင်းဆိုသလိုပဲ ဆန်နီရဲ့ စိတ်ထဲကို ဝင်ရောက်လာခဲ့ပါတယ်..။

‘အား..’

သူ့စိတ်ထဲမှာတော့..အော်ဟစ်သံကြီး တစ်ခု ထွက်ပေါ်နေခဲ့ပါတယ်..။

ကံကောင်းချင်တော့..သူက ဒီနာကျင်မူအတွက် ပြင်ဆင်ထားပြီးးသားပါ..။သူ့ရဲ့ အကာအကွယ် အက်ျီကနေ ဒီအရာက ထွက်လာနေခဲ့တာ ဖြစ်ပေမယ့်..ဒီအရာက..သူ့ကို ဝိဉာဉ်တိုက်ခိုက်မူကနေ ပြန်ပြီး ကာကွယ်ထားပေးထားခဲ့ ပြန်ပါတဘ်..။တစ်ဖက်မှာတော့..တိုက်ခိုက်ခံနေရတဲ့ အိပ်မက်ဆိုးသားရဲတွေဟာ ဘာခုခံမူမှ ရှိမနေခဲ့ပေ..။

ဆန်နီဟာ..ကျိုးပျက်ကျိန်စာကို တစ်စက္ကန့်လောက်သာ အသက်သွင်းလိုက်ပြီး..ချက်ချင်းဆိုသလိုပဲ..သွေးပန်းပွင့်နဲ့ ပြန်လဲလှယ်ထားလိုက်တယ်..။သို့ပေမယ့် ဒီအရာကတင်..သားရဲလှိုင်းလုံးကြီးရဲ့ အရှိန်အဟုန်ကို တားဆီးထားဖို့အတွက် လုံလောက်နေခဲ့ပါပြီ..။

မုဆိုးတွေက..ယိမ်းယိုင်သွားကြပြီး..မြေခွေးတွေက တုန်ရီကာ..နှေးကွားသွားခဲ့ကြတယ်..။တစ်ခနလောက်..မွန်းစတား အုပ်ကြီးက အသိစိတ်ကင်းမဲ့ သွားခဲ့သလိုပါပဲ..။

ဆန်နီ ဒီအခွင့်အရေးကို ကောင်းကောင်း အသုံးချလိုက်ပါတယ်..။

မျက်နှာဖုံးဝတ်ဆင်ထားတဲ့ အနက်ရောင် ပုံရိပ်တစ်ခုက..ရုတ်တရက် ရန်သူတွေရဲ့ အလယ်မှာပေါ်လာခဲ့ပြီး..အိပ်မက်ဆိုးသားရဲတွေ အသိစိတ်ပြန်မဝင်လာခင် အချိန်လေးမှာ..အနက်ရောင်အိုဒါချီ ဓားကြီးနဲ့အတူ..နက်မှောင်တဲ့ လေဆင်နှာမောင်း တစ်ခု အဖြစ်ပြုလုပ်ပါတော့တယ်..။သူရောက်သွားတဲ့ နေရာတိုင်းမှာ သွေးမြူတွေ နဲ့ အလောင်းအပိုင်းအစတွေ ပျံ့ကျဲနေခဲ့တယ်။

ဆန်နီက သူတော်စင်ရဲ့ မြေပြင်အခြေပြု ဟန်ပန်ကို စွန့်ပယ်လိုက်ပြီး..မြေအောက်ကမ္ဘာ ဝတ်ရုံတော် ရဲ့ အလေးချိန်ကို ငှက်တောင်ပံတစ်ခုလို ပေါ့ပါးးစေကာ အပြင်းအထန်တိုက်ခိုက်နေခဲ့တာပါ..။သူက သတ်ဖြတ်ခြင်း အမှောင်နတ်ဆိုးတစ်ပါးလို ရန်သူတွေကြားမှာ ကခုန်ရင်း သတ်ဖြတ်နေခဲ့တယ်..။

..အခုချိန်မှာတော့..သူက အထွတ်အထိပ်အခြေအနေ မှာပါပဲ..။

သို့ပေမယ့်..မောပန်းနွမ်းနယ်မူကလည်း..အဝေးကြီးမှာ ရှိမနေခဲ့ပေ..။သူတိုက်ခိုက်နေချိန်အတွင်းမှာပဲ..သူ့ရဲ့ အသက်ရူသံတွေက နှေးကွေးပြီး ကြမ်းတမ်းလာနေခဲ့ပါတယ်..။

‘ဘယ်လောက်…ဘယ်လောက်တောင် ကြာနေပြီလဲ..’

သူက အခုချိန်အထိ ဖြစ်ပျက်ခဲ့တာတွေကို ပြန်စဉ်းစားကြည့်လိုက်တယ်..။

ပြီးတဲ့ နောက်မှာတော့..စိတ်ပျက်မူအချို့ကို ပထမဆုံး ခံစားလိုက်ရပါတယ်..။

မိနစ်အနည်းငယ်လောက်ပဲ ရှိနေသေးတယ်..။

ဒီတိုက်ပွဲကြီးတစ်ခုလုံးက..နှစ်မိနစ်ကျော်ကျော်လောက်ပဲ..ကြာသွားခဲ့တာပါ..။

ပြီးတော့..သူက..အနည်းဆုံး နောက်ထပ် ဆယ်တစ်မိနစ်လောက် တိုက်ခိုက်ရပါဦးမယ်..။

အပိုင်း ( ၄၈၉ ) ပြီး၏။

All Chapters