← Chapters

ချိုးဖျက်မှတ်

Vol. 33 Ch. 490

ချိုးဖျက်မှတ်

Vol. 33 Ch. 490

ခြောက်မိနစ်..။

ဒါက အခြေအနေ ဆိုးဝါး နေရာကနေ အဆိုးဆုံးအခြေအနေအထိ ရောက်မသွားခင်မှာ ဆန်နီ ထိန်းထားနိုင်ခဲ့တဲ့ အချိန်ပါပဲ..။

အခုချိန်မှာတော့ ဂိတ်ပေါက်ရဲ့ရှေ့က မြေပြင်ဟာ..အလောင်းပုံကြီးနဲ့ ပြည့်နှက်နေခဲ့ပြီး..သူတို့ရဲ့သွေးတွေက..လမ်းတစ်လျောက်လုံးမှာ ကြက်သွေးရောင် စမ်းချောင်းတစ်ခုလို စီးဆင်းနေခဲ့ပါတယ်..။သူက အသွင်ပြောင်းသားရဲတွေ ဘယ်လောက်များများ သတ်ဖြတ်ခဲ့လဲ..ရှေးခေတ်မုဆိုးတွေကို ဘယ်လောက်တောင် သတ်ဖြတ်ခဲ့သလဲ ဆိုတာကို တောင် မသိတော့ပါဘူး..။ရှေးခေတ် တစ္ဆေတွေက ဘယ်လောက်ပဲ သန်မာပြီး ကြောက်မက်ဖွယ်ကောင်းနေပါစေ..သူတို့ရဲ့ တိုက်ခိုက်မူတွေက သူ့ရဲ့. စိတ်ဆန္ဒ ၊ စွမ်းရည်နဲ့ ဓားသွား အောက်မှာ ကျရှုံးခဲ့ကြပါတယ်..။

ဆန်နီလည်း ဒီအတွက် တန်ကြေးကို ပြန်ပေးဆပ်ရတာပါပဲ..။

အခုချိန်မှာတော့..သူ့ရဲ့ ကြွက်သားတွေက လောင်ကျွမ်းနေခဲ့တယ်..။သူ့ရဲ့ အဆုတ်တွေကလည်း အသက် ရူးသွင်း ရူထုတ်ဖို့ကိုတောင်..ရုန်းကန်နေကြရပါတယ်..။မြေအောက်ကမ္ဘာ ဝတ်ရုံတော်ကို ဝတ်ဆင်ထားပေမယ့်..ကျောက်တုံးလို သတ္တုတွေရဲ့ အောက်ဘက်က သူ့ရဲ့ ခန္တာကိုယ်က..ရိုက်နှက်ခံထားရပြီး ဖွတ်ဖွတ်ညက်ညက် ကြေသလိုတောင် ဖြစ်နေခဲ့တယ်..။အကာအကွယ်ကိုယ်တိုင်ကလည်း..သွေးတွေ စွန်းထင်းနေပြီး..နေရာအချို့မှာ ချိုင့်ခွက်တွေ ပေါ်နေခဲ့ပါတယ်..။

ဒီချိုင့်ခွက်တွေက မုဆိုးတွေကြောင့် ဖြစ်ပေါ်လာခဲ့တာ မဟုတ်ပေ..။

တတိယလှိုင်း အတွင်းမှာတော့..အိပ်မက်ဆိုးသားရဲ အသစ်တွေက ဂိတ်ပေါက်ရဲ့ အမှောင်ထုထဲကနေ ထွက်ပေါ်လာခဲ့ပြီး..သူတို့ကြားထဲမှာတော့..ပိုသန်မာပြီး..ပိုကြောက်မက်ဖွယ်ကောင်းတဲ့ မြေခွေးတွေပါလာခဲ့ပြန်ပါတယ်..။

ပြီးတော့..သူတို့ရဲ့ မာစတာတွေ ..။

လျိုဝှက်ဆန်းကျယ်တဲ့..သချ်ိုင်း က နတ်မိစ္ဆာတွေက..ခြောက်သွေ့တဲ့..မုဆိုးတွေနဲ့ ကွာခြားပြီး..အရပ်ပိုရှည်၊ ပိုသန်မာပြီး ပိုကောင်းတဲ့ လက်နက်တွေကို ကိုင်ဆောင်ထားကြတာပါ..။သူတို့က သေချာထုလုပ်ထားတဲ့ ကျောက်သား လက်နက်တွေ ၊ ပုတ်သိုးနေတဲ့ လည်သာတွေ၊ အရိုးတွေ က ပြုလုပ်တဲ့ အကာအကွယ်အက်ျီတွေ ဝတ်ဆင်ထားကြပြီး..သူတို့ရဲ့ ဘာမှမရှိတဲ့ မျက်လုံးတွေက ဆာလောင်မူကြောင့် လောင်ကျွမ်းနေခဲ့တယ်..။

ပိုပြီးဆိုးဝါးတာက..သူတို့က သူတို့ရဲ့ ကျောက်တုံးလို လှံတွေ ၊ ဓားတွေကို ဘယ်လို အသုံးပြုရမလဲ ဆိုတာကို ကောင်းကောင်း သိနေတာပါပဲ..။

နတ်မိစ္ဆာတွေ ရဲ့..ထူးဆန်း ၊ ရက်စက်ပြီး..သေစေနိုင်တဲ့ တိုက်ပွဲဟန်ပန် တွေကို ရင်ဆိုင်ရတဲ့ အချိန်မှာတော့..ဆန်နီက အံ့ဩသင့်သွားခဲ့တယ်..။ဒီလို အတွေ့အကြုံမျိုးကို သူ ဘယ်တုန်းကမှ မတွေ့ကြုံဖူးပါဘူး..။သူတို့က ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်ကြပြီး..လှည့်စားတတ်တဲ့ အတွင်းစိတ်သဘောတွေကို ပိုင်ဆိုင်ထားကြပါတယ်..။သတ်ဖြတ်ဖို့အတွက် လိုအပ်တဲ့ ဘယ်နည်းလမ်းကို မဆိုအသုံးပြုကြပြီး..လွှမ်းမိုးနိုင်းစွမ်းရှိဖို့အတွက် ရက်စက်တဲ့လမ်းကြောင်းကို အသုံးပြုကြမှာပါ..။

ဒါက အလုပ်မဖြစ်သင့်တဲ့ အရာတစ်ခု ဖြစ်ပေမယ့်..အလုပ်ဖြစ်နေခဲ့တယ်..။

ဆန်နီ ရဲ့ အကာအကွယ်ပေါ်မှာ ရှိနေတဲ့..ချိုင့်ခွက်တွေက ဒီအတွက် သက်သေပါပဲ..။

ကောင်းပြီလေ…သူက ဒီအရာတွေအတွက အံ့ဩမနေသင့်ပါဘူး..။တကယ်လို့ ရှေးဟောင်း တစ္ဆေတွေသာ ..လက်ရှိကမ္ဘာပေါ်က သမိုင်းမတိုင်ခင် လူသားတွေ ဆီကနေ ဆင်းသက်လာတာဆိုရင် ..သူတို့တွေက ဖျက်ဆီးနိုင်စွမ်းအရှိဆုံး သားရဲတွေ ဖြစ်ကြပါလိမ့်မယ်..။တစ်ကမ္ဘာလုံးမှာတောင် အရက်စက်ဆုံးသတ္တဝါတွေ..။

ဆန်နီ အနည်းငယ် သိထားတဲ့ သမိုင်းကြောင်းအရ ဆိုရင်တော့..ရှေ့ဟောင်းလူသားတွေက တစ်ကမ္ဘာလုံးအနှံ့ကို ကပ်ရောဂါတစ်ခုလိုပျံ့နှံ့သွားခဲ့ပြီး ဖွံ့ဖြိုးစ လူသားမျိုးနွယ်တွေ အပါအဝင် သတ္တဝါတွေ အားလုံးကို တစ်ပြိုင်နက်တည်း သတ်ဖြတ်ခဲ့ကြပါတယ်..။သူတို့ရဲ့ လက်နက်တွေနဲ့ မီး ကို အသုံးချနိုင်တဲ့ အသိပညာတွေ ကြောင့် ခြောက်ကြိမ်မြောက် မျိုးတုန်းသတ်ဖြတ်မူကြီးရဲ့ အကြောင်းတရားနဲ့ တရားခံတွေ ဖြစ်လာကြပါတယ်..။သူတို့ရဲ့ အရွယ်အစားက သေးငယ်ပြီး အသက်က တိုတောင်းမူတွေ ရှိပေမယ့် ကြီးမားတဲ့ ဂြိုလ်တွေ နဲ့ ရာသီဉတုပြောင်းလဲမူတေွကို သက်ရောက်နိုင်စွမ်းတွေ ရှိကြပါတယ်..။

…သူက ကြေးခွံသားရဲ ခေါင်းဆောင်တွေကိုတောင် ပြန်ပြီး သတိရနေမိပါပြီ။

ဘယ်လိုအခြေအနေပဲ ဖြစ်ဖြစ် ဆန်နီက ဒီကြောက်စရာ သားရဲတွေကို သတ်နိုင်ခဲ့တယ်..။အနည်းဆုံးတော့ သူတို့ထဲက အချို့ကိုပါ..။ထပ်ပြောရရင် သူက အရိပ်ကခုန်မူရဲ့ အနှစ်သာရ ထဲကို ရောက်ရှိသွားပြီး..သူတို့ရဲ့ ရှေးကျပြီး ရက်စက်တဲ့ တိုက်ခိုက်ရေးဟန်ပန်ကို လောဘတကြီး စုပ်ယူနေခဲ့ပါတယ်..။ပြီးတာနဲ့ အိပ်မက်ဆိုးသားရဲ အုပ်တွေ ဆီမှာ ပြန်အသုံးချနေခဲ့တယ်..။ဒီကနေတဆင့်..သူ့ရဲ့ ကြောက်မက်ဖွယ်ကောင်းပြီးသား သေဆုံးခြင်းကခုန်မူကို..အရက်စက်ဆုံး အခြေအနေအထိ မြင့်တင်နိုင်ခဲ့ပါတယ်..။

သွေးပန်းပွင့်ကတော့ အစောကတည်းက အကန့်အသတ်ကို ရောက်နေခဲ့ပါပြီ။.။

မိနစ်တွေ ကုန်ဆုံးသွားခဲ့တယ်..။ဆန်နီက အန္တရာယ်များလောက်အောင် ပင်ပန်းနေပြီး..သူ့ရဲ့ အဆီအနှစ်တွေကလည်း လျော့နည်းလာနေပေမယ့်..အခြေအနေတွေက သူ့ရဲ့ ထိန်းချုပ်မူအောက်မှာ ရှိနေသေးတယ်လို့ ခံစားနေခဲ့ရပါတယ်..။

ဒါက ..ဒါက..သူက ဆယ့်သုံးမိနစ်လုံးလုံး ဒီနေရာမှာ ရှိနေပြီး ကာကွယ်ထားနိုင်တာလည်း ဖြစ်နိုင်ပါတယ်..။

ယင်းနောက်..ဒီလို မဟုတ်ဘူးဆိုတာကို နားလည်လိုက်တယ်..။

ခြောက်မိနစ် ကုန်ဆုံးခါနီး အချိန်မှာတော့..ကမ္ဘာကြီးကိုတောင် တုန်လှုပ်စေလောက်တဲ့ အသံတစ်ခုက ထွက်ပေါ်လာခဲ့တယ်..။တစ်ခုခုကြီးမားတဲ့ အရာကြီးက..ဂိတ်ပေါက်ရဲ့ အမှောင်ထုထဲကနေ ထွက်လာပြီး..သူ့ဆီကို ခုန်အုပ်လာခဲ့ပါတယ်..။ရှေ့မှာရှိနေတဲ့ အလောင်းပုံအတားအဆီးကြီးက ချက်ချင်းပေါက်ကွဲထွက်သွားခဲ့တယ်..။ဒီအရာက ဆန်နီ ထက် နှစ်ဆနီးပါး ရှည်လျားပြီး အလေးချိန်အရဆိုရင် တို့ အဆနှစ်ဆယ်လောက် ပိုများမှာပါ..။သူ့ရဲ့ ဘာမှမရှိတဲ့ မျက်လုံးနေရာမှာတော့..အနီရောင် တစ္ဆေမီးတောက် နှစ်ခုက တောက်လောင်နေခဲ့ပါတယ်..။

ဆန်နီ ပြူးကျယ်နေတဲ့ မျက်လုံးတွေ နဲ့ စိုက်ကြည့်နေခဲ့တယ်..။

ဒီသားရဲက ကြီးမားတဲ့ ကျွဲကြီးတစ်ကောင်နဲ့ ဆင်တူပါတယ်..။သူ့ရဲ့ မဲနက်နေတဲ့ အမွှေးတွေက ပုတ်သိုးနေပြီး..ရှည်လျားတဲ့ အရိုးဆူးချွန်ကြီးတွေကလည်း သူ့ရဲ့ ကျောရိုးတစ်လျောက်မှာ ထွက်ပေါ်နေပါသေးတယ်.။သားရဲ ရဲ့ ခေါင်းမှာတော့..ချွန်ထက်ပြီး သွေးနီရောင်လွှမ်းနေတဲ့ ဦးချိုနှစ်ချောင်းက သရဖူပုံစံ ရှိနေခဲ့ပါတယ်..။

‘ကျ…ကျရှုံးမူ အဆင့် သားရဲ..’

ကျွဲကြီးရဲ့ ပုံစံက မြေခွေး တွေ ဒါမှမဟုတ် သူ တိုက်ခိုက်နေတဲ့ သားရဲကြီး တွေနဲ့ ကွာခြားပါတယ်..။သူက ရှေးဟောင်းမုဆိုးတွေလိုပဲ..တစ္ဆေတစ်ကောင် ပါပဲ..။အနီးရောင် မီး ရဲ့ ဝိဉာဉ်စွမ်းအားတွေနဲ့ ပြန်လည်ရှင်သန်လာခဲ့တဲ့ အလောင်းကောင် တစ်ကောင်ပါ…။

‘ ခရက်..’

ဆန်နီဟာ..[ အမှန်တရား တောင်ပံ ] ကနေတဆင့် သူ့ရဲ့ အကာအကွယ်အက်ျီကို လေးနိုင်သမျှလေးအောင် ဖန်တီးထားဖို့ အမြန်ညွှန်ကြားလိုက်တယ်..။ဒီအရာကြီးကို ကျော်ဖြတ်သွားခွင့်ပေးလို့ မရဘူးဆိုတာကို သိနေတာကြောင့် ..ခြေထောက်ကို မြဲမြံအောင် ထားထားလိုက်ပါတယ်..။

နောက်တစ်ခန အကြာမှာတော..ကီလိုဂရမ် နှစ်ထောင်လောက် လေးတဲ့..ပုပ်သိုးနေတဲ့ အသွေးအသားတွေ နဲ့ ထက်ရှတဲ့ ဉီးချိုက သူ့ကို ပြင်းထန်တဲ့ အရှိန်နဲ့ ဝင်ရောက် တိုက်ခိုက်လာခဲ့တယ်..။

‘အာ..’

တစ်စက္ကန့်လောက် အရာရာတိုင်းက မှောင်မိုက်သွားခဲ့သလိုပါပဲ..။

..ဆန်နီ အသိစိတ်ပြန်ဝင်လာတဲ့ အချိန်မှာတော့ သူက ကတ္တရာလမ်းပေါ်ကနေ မြောက်တက်နေပြီး..ဘေးဖက်ကို လျင်မြန်တဲ့ အရှိန်နဲ့ လှိမ့်နေတာကို တွေ့လိုက်ရပါတယ်..။အဆောက်အဦးတစ်ခုရဲ့ နံရံကို ဝင်တိုက်ပြီး..ဘိလပ်မြေအစအနတွေ လေထဲကို ပေါက်ကွဲထွက်သွားတဲ့ အချိန်ကြမှ သူက ရပ်တန့်သွားခဲ့တယ်..။

‘ မကောင်းတော့ဘူး..’

သူက စိတ်တွေဝေဝါးစွာပဲ ခေါင်းကို ခါယမ်းလိုက်တယ်..။ဝီဗာမျက်နှာဖုံးရဲ့ အောက်ဖက်ကနေ သွေးတွေစီးကျလာတာကို ခံစားရင်း..အရိပ်မြွေရဲ့ အကူအညီနဲ့..မတ်တတ်ထရပ်လိုက်ပါတယ်..။ယင်းနောက်..သူက မြင်ကွင်းကို ဖုံးလွှမ်းနေတဲ့ အနီရောင် သွေးမှုန်တွေရဲ့ ကြားကနေ ဂိတ်ပေါက်ဆီကို ကြည့်လိုက်တယ်.။

ဧရာမ တစ္ဆေကတော့..ကြောက်လန့်တကြားဖြစ်နေတဲ့ နိုးထသူ ခြောက်ယောက်ဆီကို ဦးတည်နေခဲ့ပါပြီ..။သိုပေမယ့် သူ့ရဲ့ အမြန်နှုန်းက အတော်လေးကို နှေးကွေးပြီး..ခြေလှမ်းတွေက ယိုင်နဲ့နေခဲ့ပါတယ်..။

သူ့ရဲ့ နှာဖူးတည့်တည့်မှာတော့..ကြီးမားတဲ့ အပေါက်ကြီးတစ်ခု ရှိနေပြီး..အဲဒီနေရာမှာ..အဖြူရောင်အရိုးတွေက ကွဲကြေနေခဲ့ကာ..သွေးရောင် အသားစတွေက မြေကြီးပေါ်ကို အဆက်မပြတ် စိမ့်ထွက်ကျနေခဲ့ပါတယ်..။

အစောက မတိုက်မိခင်အချိန်မှာ..ဆန်နီက သူ့ရဲ့ အကာအကွယ်လက်သီးနဲ့ ကျွဲကြီးရဲ့ ခေါင်းကို ထိုးချလိုက်ပြီး နောက်ဆုံးအခိုက်အတန့်မှာပဲ..လအမြုတေကို ထုတ်ဖော်ခဲ့လိုက်တာပါ..။

သူ့ရဲ့ အစီအစဉ်ကတော့ သားရဲရဲ့ ဦးနှောက်ကို ဖျက်ဆီးပစ်ဖို့ပါပဲ..။သူ့ရဲ့ ပြင်းထန်တဲ့ အား နဲ့ သတ္တဝါကြီးရဲ့ ဝင်တိုက်တဲ့ အရှိန်ကြောင့်..သူက သတ္တဝါကြီးရဲ့ နှာဖူးတည့်တည့် ကို ဆူးတွေပါတဲ့ လက်အိတ်နဲ့ အပေါက်ဖောက်နိုင်လိုက်ပါတယ်..။

ဆန်နီရဲ့ အတွေးတွေက နှေးကွေးပြီး ဝေဝါးနေခဲ့ပေမယ့်..ဒါက ဖြည်းဖြည်းချင်းဆိုသလိုပဲ ပြန်ပြီး အသိစိတ်ဝင်လာနေခဲ့တယ်..။

‘ ငါ့ ဦးနှောက်မှာ ဒဏ်ရာရနေပြီ ထင်တယ်..’

နိုးထသူခြောက်ယောက် ရှိနေတဲ့ နောက်ဆုံးမီတာ အနည်းငယ်ကိုတောင် မသွားနိုင်တော့တဲ့..ကျွဲကြီးက ရပ်တန့်သွားပြီး.ယိမ်းယိုင်နေခဲ့တယ်..။သူ့ရဲ့ ခြေထောက်တွေက ရုတ်တရက် ချိနဲ့လာခဲ့ပြီး..လဲပြိုကျသွားခဲ့ကာ..မြေကြီးတစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့ပါတယ်..။

..သို့ပေမယ့်. ကျန်နေတဲ့ .သားရဲအုပ်ကြီးကတော့..ကျွဲတစ္ဆေကြီး ချိုးဖောက်ထားတဲ့ နေရာကနေတဆင့် အထဲကို ဝင်ရောက်နေခဲ့ကြပါပြီ..။

အဲတာကတော့..ဆန်နီ ရှိနေခဲ့တဲ့ နေရာလွတ်ဆီကိုပါ..။

စိတ်ကြည်လင်မူမရှိသေးတဲ့ ဆန်နီက ယိမ်းယိုင်နေခဲ့ပြီးနောက်မှာ ..သူ့ရဲ့ ဝိဉာဉ်မြွေကို အားနည်းစွာ မြှောက်လိုက်တယ်..။

‘ဆိုးတယ်…။ဒါက…တကယ်…တကယ်ကို ဆိုးဝါးတယ်..’

အပိုင်း ( ၄၉၀ ) ပြီး၏။

All Chapters