← Chapters

စိုးရိမ်ဖွယ်ရာ ခန့်မှန်းချက်များ..

Vol. 33 Ch. 491

စိုးရိမ်ဖွယ်ရာ ခန့်မှန်းချက်များ..

Vol. 33 Ch. 491

အိပ်မက်ဆိုးသတ္တဝါတွေ ရှေ့ကို အလျင်အမြန် တက်လာကြတဲ့အချိန်မှာတော့..နိုးထသူ ခြောက်ယောက်က စတင်ပြီး တုန့်ပြန်လာခဲ့ကြတယ်..။

ဒြပ်စင် စွမ်းရည်ရှိတဲ့ နှစ်ယောက်က အရင်ဆုံးစတင်ပြီး တိုက်ခိုက်လိုက်ပါတယ်..။တစ်စုံတစ်ခုက လေထဲမှာအရောင်လက်သွားခဲ့ပြီး..နောက်မှာတော့..သူတို့ထဲက တစ်ကောင်က ရုတ်တရက် မီးလျှံတွေရဲ့ ဝန်းရံခြင်းကို ခံလိုက်ရတယ်..။မီးလျှံတွေဟာ ရှေ့ကို ပျံသန်းသွဦးခဲ့ပြီး..သားရဲအုပ်ကြီးကို ထိမှန်သွားခဲ့ကာ..မြေခွေးတစ်ကောင်ကို သေစေပြီး တစ်ခြားအကောင်တွေကို မီးတွေ လောင်ကျွမ်းသွားစေခဲ့တယ်..။

နောက်တစ်ယောက်က သူမရဲ့ လက်ကို မြောက်လိုက်တဲ့အချိန်မှာ..လေ နဲ့ပြုလုပ်ထားတဲ့ ဓားတစ်ချောင်းက ထွက်ပေါ်လာခဲ့ကာ မုဆိုးတွေထဲက တစ်ကောင်ကို ထိမှန်သွားပြီး လက်မောင်းတွေထဲက တစ်ဖက်ကို ပြတ်တောက်သွားစေခဲ့တယ်..။

ဆန်နီ မျက်တောင် ခတ်လိုက်တယ်..။

[ သင်က ကျဆုံးမူအဆင့် မွန်းစတား ကို သတ်လိုက်ပါပြီ…]

အမြန်ဆုံးအိပ်မက်ဆိုးသားရဲ တစ်ကောင်ကတော့ ခုခံကာကွယ်သူတွေ ရှိတဲ့ နေရာကို ရောက်သွားခဲ့ပါပြီ..။သူ့ကို စကားပြောခဲ့တဲ့ မိန်းကလေးက..ရှေ့ကို ခြေတစ်လှမ်းတိုးလိုက်ပြီး..ဓားရှည်တစ်ချောင်းနဲ့ တိုက်ခိုက်လိုက်တယ်..။ဒါက ဆူးချွန်မြေခွေးရဲ့ လည်ပင်းကို ခုတ်ဖြတ်ပြီး သွေးလွှတ်ကြောကို တိတိကျကျ ပြတ်တောက်သွားခဲ့ပါတယ်..။

နောက်ဆုံးတစ်ယောက်ကတော့..သူတို့ဆီကို ပျံသန်းလာနေတဲ့ မြားတွေကိုတစ်ခုခု လုပ်နေခဲ့ပေမယ့်..သူဘာလုပ်နေတာလဲ ဆိုတာကို ဆန်နီလည်း မသိပါဘူး..။

[ သင့်ရဲ့ အရိပ်က ပိုသန်မာလာခဲ့ပါပြီ..]

နိုးထသူတွေက ကောင်းကောင်း လုပ်ဆောင်နေခဲ့ကြတယ်..။ကောင်းပြီလေ..သူတို့က ကောင်းမွန်တဲ့ ပူးပေါင်းဆောင်ရွက်မူတွေ ၊ ကြိုမြင်မူတွေ နဲ့ သားရဲအုပ်ကြီးကို နှေးကွေးသွားစေဖို့အတွက် သူတို့ရဲ့ လုပ်နိုင်စွမ်းအတွင်း မှာ အစွမ်းကုန် လုပ်နေခဲ့ကြတာပါ..။သူတို့က ထူးချွန်သူတွေ မဟုတ်ကြပေမယ့်လည်း တစ်ယောက်ချင်းစီက တိုက်ခိုက်နိုင်နေခဲ့ကြတယ်..။သူတို့က ရဲရင့်ပြီး စိတ်ဓာတ်ပြတ်သားကြတဲ့ သူတွေပါ..။

..ဒီလိုဆိုရင်တောင်မှ ဒါက လုံလောက်မူ မရှိသေးပါဘူး..။ဒီကျူးကျော်သူတွေ မြို့ထဲဝင်သွားမှာကို တားဆီးဖို့ မပြောနဲ့..သူတို့ အသက်ရှင်ဖို့အတွက်တောင်. လုံလောက်အောင် နီးစပ်မူ မရှိကြပေ..။

[ သင်က မှတ်သားမူ တစ်ခု ရရှိပါသည်.. ]

‘ဘာလုပ်ရမလဲ..ဘာလုပ်ရမလဲ…’

သူကိုယ်သူ ဘာလုပ်နေမှန်းတောင် မသိလိုက်ခင်မှာပဲ..ဆန်နီက အရိပ်ကို သူ့ရဲ့ ခန္တာကိုယ်ကို ရစ်ပတ်ခိုင်းလိုက်ပြီး ဝိဥာဉ်မြွေကို..သူ့ရဲ့ ကိုယ်ပေါ်ကို ပြန်သွားခိုင်းလိုက်ပါတယ်..။

ချက်ချင်းဆိုသလိုပဲ..သူက ပိုပြီး အားကောင်းသလို ခံစားရကာ..ဦးခေါင်းကလည်း ပိုမို ကြည်လင်လာခဲ့တယ်..။သူ့ရဲ့ ကြွက်သားတွေကလည်း လွန်ခဲ့တဲ့ စက္ကန့်အနည်းငယ်ကထက် နှစ်ဆနီးပါး ပိုမို သန်မာလာခဲ့ပါတယ်.။သူ့ရဲ့ အသက်ရူသံတွေက ပိုမိုနက်ရှိုင်းလာခဲ့တယ်..။

ဆန်နီက ဒီသတ္တဝါတွေကို မဖြစ်မနေ တားဆီးဖို့အတွက် သူက တိုက်ပွဲထဲကို ပြန်သွားဖို့လိုအပ်တယ် ဆိုတာကို သူ သိထားပြီးသားပါ..။

ဒါက တစ်ခုတည်းသော နည်းလမ်းပါပဲ…

ရှေ့ကို ခြေတစ်လှမ်းတိုးလိုက်တဲ့ အချိန်မှာ သူက အနည်းငယ် ယိမ်းယိုင်သွားခဲ့တာကြောင့်..ဘေးနားမှာ စွန့်ပစ်ထားတဲ့ PTV ကား အမိုးကို ကိုင်ပြီး ဟန်ချက်ကို ထိန်းလိုက်ရပါတယ်..။

…သူ အောက်ကို ကိုင်းလိုက်ပြီး..ကြီးမားတဲ့ ယာဉ်ကြီးရဲ့ အောက်ခြေ ကို နောက်ထပ်လက်တစ်ဖက်နဲ့ ဆုပ်ကိုင်လိုက်တယ်..။

သူ့ရဲ့ ခန္တာကိုယ်ထဲမှာ ရှိနေတဲ့ အဆီအနှစ်တွေ အားလုံးကို ထုတ်သုံးလိုက်ပြီး..သံမဏိပြားတွေကို သူ့ရဲ့ လက်ချောင်းတွေ နဲ့ ထိုးဖောက်လိုက်တယ်..။

ပြီးတဲ့နောက်မှာတော့..ကတ္တရာလမ်းကို အက်ကွဲစေရင်း ဆန်နီရဲ့ ခန္တာကိုယ်ထဲက ခွန်အားအကုန်နဲ့ ပြင်းထန်ပေါက်ကွဲစေတဲ့ တွန်းအားတစ်ခုကို ဖန်တီးလိုက်ပါတယ်..။

ကားရဲ့ ပြတင်းပေါက်တွေ ပေါက်ကွဲသွားပြီး..ဘေးဘောင်တွေ ပျက်စီးသွားတာနဲ့ ကားတစ်စီးလုံးဟာလည်း ရုတ်တရက် လေပေါ်ကို မြောက်တက်လာခဲ့တယ်..။ဒါက သူနဲ့ သတ္တဝါအုပ်ကြာထဲကို ဖြတ်သန်းသွားခဲ့ပြီး..ဘေးဘက်ကနေ အမြောက်တစ်ခုနဲ့ ပစ်လိုက်သလို ဝင်တိုက်သွားကာ..အသွင်ပြောင်းသားရဲ တစ်ချို့ကို အပိုင်းပိုင်း အစစ ဖြစ်သွားစေခဲ့ပါတယ်..။ရှေ့ဆုံးတန်းမှာ ရှိနေတဲ့ သားရဲအများစုကိုလည်း လဲကျသွားစေခဲ့တယ်..။

ဆန်နီ ရဲ့ ရှေ့မှာ အချက်အလက်ဇယား ပေါ်လာတဲ့ အချိန်မှာတော့..အချိန်ဖြုန်းမနေတော့ပဲ..သူ့ရဲ့ မှတ်သားမူအသစ်ကို လိုက်ရှာပြီး ဖတ်ကြည့်လိုက်ပါတယ်..။သူက တစ်ခုတည်းကို သာ စိတ်ဝင်စားခဲ့တယ်..။

မှတ်သားမူ အမျိုးအစား - လက်နက်..။

‘ ဒါ အဆင်ပြေတယ်..’

ကျန်တာတွေကို ဖတ်ဖို့စိတ်မဝင်စားတော့တဲ့ ဆန်နီက လက်နက်ကို ထုတ်ယူလိုက်ပြီး အရိပ်ခြေလှမ်းကို အသုံးပြုကာ သားရဲအုပ်ရဲ့ ကြားထဲမှာ ပြန်ပေါ်လာခဲ့ပါတယ်..။

တစ်ချို့သတ္တဝါတွေကတော့..သူ့ရဲ့ တိုက်ခိုက်မူတွေနဲ့လွတ်မြောက်သွားကြပြီဖြစ်ပြီး..နိုးထသူခြောက်ယောက်နဲ့ တိုက်ခိုက်နေတာ ဒါမှမဟုတ်..လမ်းထဲကို လွတ်မြောက်သွားတာမျိုးတွေ ဖြစ်နေခဲ့ကြပါတယ်..။

အခုချိန်မှာ ဒီအတွက် သူ ဘာမှ မလုပ်နိုင်သေးပါဘူး..။

သူက ဘာလုပ်နိုင်တော့မှာလဲ…

သူ့ရဲ့လက်ထဲမှာတော့..ထက်ရှတဲ့ အနက်ရောင် မီးတောင်ကျောက်နဲ့ ပြုလုပ်ထားတဲ့ ရှေးဟောင်းလှံရှည်တစ်ချောင်း ရှိနေခဲ့တယ်..။သူက တစ္ဆေတစ်ကောင်ရဲ့ လည်ချောငး်ကို ထိုးဖောက်လိုက်ပြီး..နောက်တစ်ကောင်ရဲ့ ရင်ဘတ်ကို လှံရဲ့ အနောက်ဖက်နဲ့ရိုက်ချလိုက်ပါတယ်..။

ယင်းနောက် ဆန်နီ လှံကို မွေ့ယမ်းလိုက်ပြီး..ခုန်တက်လာတဲ့ မြေခွေတစ်ကောင်ရဲ့ ဦးခေါင်းဆီကို ပြင်းပြင်းထန်ထန် တိုက်ခိုက်ပြီး အရိုးကို ကြေမွသွားစေခဲ့တယ်...။

သူ ဆက်လက်တိုက်ခိုက်ရင်း နားထဲမှာ မြည်နေတဲ့အသံတွေကို ကျော်လွှားနိုင်ဖို့ကြိုးစားနေချိန်မှာတော့..အိပ်မက်ဆိုးသတ္တဝါတွေက ပိုပိုပြီး သူ့ကို ဖြတ်သန်းသွားခဲ့ကာ..ဂိတ်ပေါက်ကနေလည်း အများကြီး ထပ်မံ ထွက်လာနေကြပါသေးတယ်..။

‘ သေ..သေ..သေ…သေစမ်း..သောက်ကျိုးနဲ တစ္ဆေတွေ မြန်မြန်သေကြ..’

….

‘သူတို့က ကာကွယ်သူတွေကို ချိုးဖျက်နိုင်သွားကြပြီ..’

ကျောင်းအုပ်ကြီးရဲ့ အသံက တည်ငြိမ်ပြီး..အခြေအနေကို သုံးသပ်နေခဲ့ပါတယ်..။ဒါမှလည်း ကျောင်းရဲ့..လေ့ကျင့်ရေးခန်းမမှာ စုဝေးနေကြတဲ့ ကျောင်းသားတွေကလည်း ထိပ်လန့်မူ မရှိကြတော့မှာပါ..။ဘာပဲဖြစ်ဖြစ်.လူကြီးတွေသာ ကြောက်ရွံ့နေကြတာကို ခံစားမိသွားတာကြောင့် အကြောက်တရားက အားလုံးဆီကို ကူးစက်သွားခဲ့တာပါပဲ..။

ကလေးတွေကလည်း ကြောက်လန့်နေခဲ့ကြတယ်..။

ငယ်ရွယ်တဲ့ကလေးတွေ အတွက်ကတော့ သူတို့ရဲ့ အနီးအနားမှာ ဂိတ်ပေါက်တစ်ခု ပွင့်လာတယ် ဆိုတာ ဒါက ပထမဆုံးအကြိမ်အတွေ့အကြုံပါ..။အသက်ကြီးတဲ့ လူတွေကတော့ ဘာလုပ်ရမလဲ ဆိုတာကို သိထားကြပေမယ့်..သီအိုရီ အရဆိုရင်တော့ ဒီအရာတွေ တစ်ခုမှ လုပ်ဆောင်နိုင်တော့မှာ မဟုတ်ပါဘူး..။သူတို့က ရွေ့ပြောင်းတာတွေ ၊ အနီးဆုံးအကာအကွယ်ဆီကို သွားတာတွေ တစ်ခုမှ မလုပ်နိုင်တော့ပေ..။ပြီးတော့..သူတို့ သင်ကြားခဲ့ရတဲ့ သင်ခန်းစာတွေ အားလုံးကလည်း အသုံးမဝင်တော့ပါဘူး..။

လူတိုင်းက ကျောင်းရဲ့ အလုံခြုံဆုံးနေရာတစ်ခုဖြစ်တဲ့ အားကစား ခန်းမမှာသာ စုဝေးနေခဲ့ကြတယ်..။ငယ်ရွယ်တဲ့လူတွေကို အလယ်မှာ ထားထားကြပြီး အသက်ပိုကြီးတဲ့ လူတွေကတော့..အစွန်မှာ နေနေကြရပါတယ်..။ဆရာတွေကတော့..အလယ်ဗဟိုနဲ့ အဝေးဆုံးနေရာမှာသာ ရှိနေခဲ့ကြတယ်..။

ကိုယ်ခံပညာနည်းပြကတော့..စစ်မှန်တဲ့..မှတ်သားမူ လက်နက်တစ်ခုကို ကိုင်ဆောင်ထားခဲ့ပြီး..အတော်လေးကို ကြည့်ကောင်းနေခဲ့ပါတယ်..။အနည်းဆုံးတော့..သူမရဲ့ ဆရာက အစစ်အမှန် လက်နက်တစ်ခု ကိုင်ဆောင်တာကို ဘယ်တုန်းကမှ မမြင်ခဲ့ဖူးတဲ့ ရိမ်း အတွက်ပါပဲ..။

သူနဲ့အတူပဲ..တစ်ခြားနည်းပြတွေ နဲ့ ကျောင်းထဲမှာ ရှိနေကြတဲ့ ဘော်ဒီဂတ်တစ်ချို့ အားလုံးပေါင်းရင်..နိုးထသူ ငါးယောက်ရှိနေပြီး..လက်နက်တွေကို ကိုင်ဆောင်ထားကာ တိုက်ခိုက်ဖို့အဆင်သင်ရှိနေခဲ့ကြတယ်..။ဘော်ဒီဂတ်တွေက..အရမ်းကို အရေးပါအရာရောက်တဲ့ မိဘတွေက သူတို့ရဲ့ ကလေးတွေ အတွက် သပ်သပ် ထားထားပေးထားတာပါ..။

တစ်ခြားဆရာတွေ နဲ့ အသက်ကြီးတဲ့ ကျောင်းသားတွေကလည်း သာမန် လက်နက်တွေကို ကိုင်ဆောင်ထားခဲ့တယ်..။ရိမ်းကတော့ လေ့ကျင့်ရေး လက်နက်ကို ကိုင်ဆောင်ထားခဲ့ပြီး..ပထမဆုံးအကြိမ်အဖြစ် သူမရဲ့ လက်နက်က အတော်လေးအားနည်းပြီး သနားစရာကောင်းတာကို ခံစားမိလိုက်ပါတယ်..။အရင်တုန်းကတော့ ဒီဓားက အတော်လေးကို ထက်ရှပြီး မလိုအပ်ပဲ တန်နဲ့ချီအောင် လေးလံနေတယ်လို့ တွေးခဲ့မိတာပါ..။

အခုတော့..သူမက လေ့ကျင့်ရေးဓားမဟုတ်ပဲ..တကယ်စစ်မှန်တဲ့ ဓားတစ်ချောင်း ရှိနိုင်ဖို့ကိုတောင် မျှော်လင့်နေခဲ့တယ်..။

‘ဘာဆက်ဖြစ်လာမှာလဲ..’

သူမက ကျောင်းအုပ်ကြီးရဲ့ အနားမှာ ရပ်နေရတာကြောင့် သူမရဲ့ ကိုယ်ခံပညာနည်းပြ က ကျောင်းအုပ်ကြီးကို ကြည့်လိုက်ပြီး တီးတိုးပြောလိုက်တာကို မြင်နေခဲ့ရပါတယ်..။ရိမ်း အနေနဲ့ ဒါကို မကြားသင့်ဘူးဆိုပေမယ့်လည်း..သူမက ကြားနေခဲ့ရတယ်..။

သူ ပြောတာက..

“ တကယ်တော့..သူတို့ ဒီလောက်ကြာအောင် ထိန်းထားနိုင်တာတောင် အတော်လေးကို ဆန်းကျယ်နေပြီ..။သူတို့က ခုနှစ်ယောက်ပဲ ရှိကြတာ..။သူတို့က ဘယ်သူတွေလဲဆိုတာ မသိပေမယ့်..အစောပိုင်း တစ်မိန်စလောက်ကတည်းက သူတို့က သေဆုံးသွားခဲ့ကြသင့်တယ်..”

‘သေသွားရမှာလား..။ဒါပေမဲ့..ဒါပေမဲ့…တကယ်လို့ နိုးထသူ ခုနှစ်ယောက်တောင် တစ်မိနစ်လောက်နဲ့ သေဆုံးကြမယ်ဆိုရင်..ငါတို့ကို ကာကွယ်နေကြတဲ့ ငါးယောက်ကရော..’

ရိမ်းက ရုတ်တရက် အေးစက်ပြီး ကြောက်ရွံ့သွားခဲ့တယ်..။အခြေအနေတစ်ခုလုံးက အမှန်တကယ်ဖြစ်ပျက်နေတယ် လို့တောင် မထင်ရပါဘူး..။ဘယ်လိုလုပ် ဒီလိုအရာတွေက ဖြစ်ပျက်လာရတာလဲ..။ဒီကျောင်းက အတော်လေး ဂုဏ်သိက္ခာ ရှိပြီး..စေ◌ျးကြီးလှပါတယ်..။ပြီးတော့ အရေးပါတဲ့ လူတွေအများကြီးကလည်း သူတို့ရဲ့ ကလေးတွေကို ဒီကျောင်းကိုပဲ ပို့ကြတာပါ..။သေချာစွာပဲ…ခုခံကာကွယ်မူကတော့…

သူမရဲ့ အတွေးတွေကို ပြန်ဖြေလိုက်သလိုပဲ.. မီးနဲ့ ပစ်ခတ်တဲ့ အသံတွေက နံရံတွေကို ကျော်ဖြတ်ပြီး ဝင်ရောက်လာခဲ့တာကြောင့်..အားလုံးက ကြက်သီးမွှေးညှင်းထသွားခဲ့တယ်..။အလိုလျောက် လက်နက်များက အသက်ဝင်လာပြီ ဖြစ်တာကြောင့် အိပ်မက်ဆိုးသားရဲတွေက နီးကပ်လာနေပြီလို့ ဆိုလိုပါတယ်..။

ရိမ်း ရဲ့ အဖေက အစိုးရအတွက် အလုပ်လုပ်တဲ့ လူတစ်ယောက်ပါ..။သူက နိုးထသူများကို နည်းပညာပိုင်းဆိုင်ရာ ထောက်ပံ့တဲ့ အလုပ်တွေကို လုပ်ကိုင်ပါတယ်..။သူက အလုပ်က ကိစ္စတွေကို ပြောပြလေ့မရှိပေမယ့်..သူမက ဒီအသက်အရွယ်ကလေးတွေ ထက်တော့ ဒီကိစ္စတွေကို ပိုပြီး သိထားပါတယ်..။ဒါကြောင့်လဲ သာမန်လက်နက်တွေက အခိုက်အတန့်ရဲ့ သတ္တဝါတွေ ကို တိုးမပေါက်နိုင်ဘူးဆိုတာကို သိနေခဲ့တယ်..။အထူးသဖြင့် ပိုမြင့်တဲ့ အဆင့်တွေကိုပါ..။

ဒီတော့..သူမက ဒီတိုင်းသာ မျှော်လင့်နေခဲ့တယ်..။

တစ်စုံတစ်ခုက နားကျိန်းလောက်တဲ့ အသံနဲ့ ထိမှန်သွားခဲ့တာကြောင့် ..အားကစား ခန်းမတစ်ခုလုံးက သိမ့်ခနဲ တုန်ခါသွားခဲ့တယ်..။

‘.ချီးပဲ..’

ရိမ်းက ဓားရဲ့ လက်ကိုင်ရိုးကို တင်းကြပ်နေအောင် ဆုပ်ကိုင်ထားလိုက်ပြီး..ထိခိုက်မူတွေ ရောက်လာတဲ့နေရာဖက်ကို ဖြူဖျော့စွာကြည့်လိုက်တယ်..။

သူမရဲ့ မျက်လုံးတွေကတော့ ပြူးကျယ်သွားခဲ့ပါပြီ..။

……

မီတာ တစ်ရာလောက် အကွာမှာတော့…အိပ်မက်ဆိုးသားရဲအုပ်ကြီးကြားထဲမှာ ဆန်နီက နောက်ထပ်သားရဲတစ်ကောင်ကို ငရဲပို့ပေးလိုက်ပြီး သူ့ရဲ့ ခန္တာကိုယ်ကို လွင့်ပစ်လိုက်တယ်..။

ဒီမှာတော့..အရမ်းကို..အရမ်းကို အများကြီးပါပဲ..။

ရိမ်းရဲ့ ဘေးနားမှာ ပုန်းအောင်းနေတဲ့ အရိပ်ကနေတဆင့် သူက ..သူ့ကို ဖြတ်ကျော်သွားတဲ့ မွန်းစတား တွေကို မြင်တွေ့ နေရပြီး..ကျောင်းမှာရှိနေတဲ့ ခုခံသူတွေကိုပါ မြင်နေခဲ့ရတယ်..။

ဂိတ်ပေါက်ကနေ သားရဲတွေ ပိုပိုပြီး ဝင်ရောက်လာတာကိုလည်း သူမြင်တွေ့နေရပါသေးတယ်..။သားရဲ ၊ မွန်းစတား နဲ့ နတ်မိစ္ဆာတွေ…။ နိုးထမူအဆင့် နဲ့ ကျရှုံးမူအဆင့်တွေ….ပါဝင်လာကြပြီး..ရိုးရှင်းစွာပဲ သူတို့ကမရပ်တန့် ကြတော့ပါဘူး..။

ပြီးတော့ သူက သေလောက်အောင်..ပင်ပန်းပြီး လျင်မြန်မူက အားနည်းလာခဲ့ပါပြီ..။

သူ့ခန္တာကိုယ်က အကန့်အသတ်ကို ရောက်နေခဲ့တယ်..။သူ့ရဲ့ အရိပ်အဆီအနှစ်တွေက ခြောက်ကပ်လာခဲ့ပြီး..မြေအောက်ကမ္ဘာ ဝတ်ရုံတော်ကတောင် အဆက်မပြတ်ဖြစ်ပေါ်နေတဲ့..တိုက်ခိုက်ခံရမူတွေကို သိပ်ပြီး မခုခံနိုင်တော့ကြောင်း အချက်ပြလာခဲ့ပါတယ်..။

သူ့ရဲ့ မျက်နှာပေါ်ကို သွေးတွေ စီးကျလာတာကို ခံစားနေခဲ့ရတဲ့ ဆန်နီက..ကျောင်းရှိနေတဲ့‌ေ နရာကို တစ်ခနလောက်လှမ်းကြည့်လိုက်ပြီး ဂိတ်ပေါက်ကို ပြန်ကြည့်လိုက်တယ်..။

ယင်းနောက် သူ ကြက်သီးမွှေးညှင်းထသွားခဲ့ပါတယ်..။

တစ်ခုခုက ပြောင်းလဲသွားခဲ့တယ်..။

တစ်စုံတစ်ခုက ရောက်လာနေခဲ့ပါပြီ..။

ဂိတ်ပေါက်ရဲ့ အမှောင်ထုထဲမှာတော့..အရိပ်အသစ်တစ်ခုက ပေါ်ထွက်လာခဲ့တယ်..။

တစ်ခနလောက်..သူ့ကို ဝန်းရံနေကြတဲ့ သားရဲတွေအားလုံးက..ရပ်တန့်သွားခဲ့ကြပြီး..ကမ္ဘာကြီးထဲကို အသစ်ရောက်ရှိလာတဲ့ သတ္တဝါကို ကြိုဆိုတဲ့အလား..ပျော်ရွင်အားရစွာ ဟစ်ကြွေးလိုက်ကြပါတယ်..။

ဂိတ်ပေါက်ရဲ့ အစောင့်က ရောက်ရှိလာခဲ့ပါပြီ..။

အပိုင်း ( ၄၉၁ ) ပြီး၏။

All Chapters