တပ်ကူများ
Vol. 33 Ch. 494
ဆန်နီရဲ့ တစ်ဘဝလုံး မှာ တစ်စုံတစ်ယောက်ကို တွေ့ရလို့ ဒီလောက်အထိ ပျော်ရွှင်မိတယ် ဆိုတာ မရှိဘူးခဲ့ပေ..။မာစတာ ဂျက်က အချိန်မှီရောက်လာပြီး သူ့ရဲ့ အသက်ကို ကယ်တင်ပေးခဲ့တာပါ..။ဒါက ရိမ်းကို ကယ်တင်ဖို့အတွက် သူတော်စင်ကို ပို့ထားခဲ့တဲ့ သူ့ရဲ့ ဆုံးဖြတ်ချက်အတွက် နောင်တမရအောင် ကယ်တင်ပေးခဲ့ပါတယ်..။
…သူမက ကြည့်ရတာ အတော်လေး လှပနေတဲ့ အချက်ကိုတော့ ပြောနေစရာတောင် မလိုအပ်တော့ပေ..။
ပိုပြီး အရေးကြီးတာက..ကျရှုံးမူအဆင့် တိုင်းရန့် တစ်ကောင်ရဲ့ လက်မောင်းကို တစ်ချက်တည်းနဲ့ခုတ်ဖြတ်သွား ခဲ့တာပါ.။တက်ရောက်မူအဆင့်တွေ အတွက်တောင် ဒါက တကယ်ကို မယုံနိုင်စရာ တိုက်ခိုက်မူတစ်ခုပါပဲ.။တိုင်းရန့် တွေဆိုတာက..ပုံမှန်အားဖြင့် တစ်စုံတစ်ယောက်က တစ်ယောက်တည်း စိန်ခေါ်လို့ရတဲ့ သတ္တဝါတွေ မဟုတ်ကြပေ..။သူတို့က အတွေ့အကြုံရှိပြီး တိုက်ရည်ခိုက်ရည် ပြည့်ဝနေတဲ့ တိုက်ခိုက်ရေးအဖွဲ့ တစ်ဖွဲ့လုံးကိုတောင် သူတ်သင် ရှင်းလင်းနိုင်စွမ်း ရှိကြပါတယ်..။
အရေအတွက် အရမ်းကို နည်းပါးတဲ့ အချက်ကြောင့် မာစတာတွေက တစ်ယောက်နဲ့တစ်ယောက် အတူတူ လက်တွဲလုပ်ကိုင်လေ့ မရှိကြပါဘူး..။သို့ပေမယ့်..တိုင်းရန့် တစ်ကောင်နဲ့ ရင်ဆိုင်ရမယ် ဆိုရင်တော့…သူတို့ကို အတူတူလက်တွဲလုပ်စေဖို့ အတွက် တွန်းအားတစ်ခု ဖြစ်သွားစေပါတယ်..။ပြီးတော့..ဒီလိုဆိုရင်တောင် လူတိုင်းက အသက်ရှင်လျက် ပြန်လာနိုင်ပါမယ်လို့ အာမ ခံနိုင်မှာ မဟုတ်ပေ..။
မှန်ကန်စွာပဲ…စိတ်ဝိဉာဉ် ရိတ်သိမ်းသူ ဂျက် ကို သူတော်စင်တွေတောင် ကြောက်ရွံံ့ရတယ်လို့ ဆရာဂျူးလီယက် ပြောခဲ့တဲ့ စကားက ချဲ့ကားနေတာ မဟုတ်ပါဘူး..။
သို့ပေမယ့်..သူမရဲ့ ရောက်ရှိလာမူက အတော်လေး လှပတယ် ဆိုရင်တောင်..သူမက တိုင်းရန့် နဲ့ တိုက်ခိုက်တဲ့အချိန်မှာ ရှင်သန်နိုင်ပါ့မလား..။တစ္ဆေဖြစ်သူက ဆိုးဆိုးဝါးဝါး ဒဏ်ရာရထားခဲ့ပေမယ့်..ဒီဒဏ်ရာက လျှပ်တပျတ် တိုက်ခိုက်မူကနေ ရောက်လာခဲ့တာပါ..။အခု သူမက အားသာချက် ပျောက်ဆုံးသွားပြီ ဖြစ်တာကြောင့်..အခြေအနေတွေက မြန်မြန်ဆန်ဆန် ဖြစ်ပျက်လာနိုင်ပါတယ်..။
သူ့ရဲ့ အတွေးတွေကို ပြန်ဖြေလိုက်တဲ့အလား..မာစတာဂျက်က သူ့ကို ကြည့်လိုက်တယ်..။
သူတို့ကို အလောင်းပုံကြီးတွေက ဝန်းရံထားခဲ့ပေမယ့်..ကြောက်မက်ဖွယ် သတ္တဝါကြီးကတော့..သူတို့ရဲ့ အပေါ်မှာ သေဆုံးခြင်းနိမိတ်တစ်ခုလို လွှမ်းမိုးထားနေပါသေးတယ်..။သူမရဲ့ အေးစက်တဲ့ မျက်နှာပေါ်မှာ မထင်မှတ်ထားတဲ့ အပြုံးတစ်ခု ပေါ်လာခဲ့တယ်..။
“တကယ်မိုက်တဲ့ မျက်နှာဖုံးပဲ..”
ဒီလိုပြောပြီးတာနဲ့ စိတ်ဝိဉာဉ် ရိတ်သိမ်းသူက ရှေ့ကို တက်သွားခဲ့ပြီး..အပြာရောင် ပုံရိပ်အဖြစ် ဝေဝါးသွားခဲ့တယ်..။သူမရဲ့ လှုပ်ရှားမူတွေက အရမ်းကို မြန်ဆန်တာကြောင့်..ဆန်နီ အနေနဲ့ မြင်နိုင်တယ် ဆိုရုံလေးပဲ ဖြစ်နေခဲ့ပါတယ်..။ဒါကလည်း..သူက နိုးထသူတစ်ယောက်ဖြစ်ပြီး သာမန်လူတွေထက် အာရုံခံစားမူ ပိုကောင်းနေခဲ့လို့ပါ..။
တစ်ချိန်တည်းမှာပဲ..ကိစ္စတော်တော်များများ ဖြစ်ပျက်သွားခဲ့တယ်..။
လက်ကိုင်အရှည်နဲ့ ဓားက..ဝေဝါးနေတဲ့ စက်ဝိုင်းတစ်ခုဖြစ်တဲ့ အထိကို မြန်မြန်ဆန်ဆန် နဲ့ လည်ပတ်သွားခဲ့ပါတယ်..။ဒါက သားရဲအုပ်ကြီးရဲ့ ကြားထဲမှာ..သွေးတွေများစွာ ဖြစ်ပေါ်လာတဲ့ အထိဖြတ်တောက်သွားခဲ့တယ်..။တစ်စက္ကန့်လောက်အတွင်းမှာပဲ..အရာအားလုံးကို ဖျက်စီးနိုင်တဲ့ လမ်းကြောင်းတစ်ခု အဖြစ် ရွေ့လျားသွားခဲ့ပါတယ်..။
တစ်ချိန်တည်းမှာပဲ..မာစတာဂျက်က သွေးတွေစွန်းပြီး ပျက်စီးနေတဲ့ ကတ္တရာလမ်းကို ဖြတ်သန်းပြီး တိုင်းရန့်ရဲ့ နောက်ဖက်မှာ ပေါ်လာခဲ့တယ်..။ယင်းနောက်..ဓားကို မြောက်တင်လိုက်ပြီး ရှေ့ကို ချက်ချင်းတက်ကာ..ပြင်းပြင်းထန်ထန် တိုက်ခိုက်လိုက်ပါတယ်..။
သိုပေမယ့် ခေါင်းဆောင်က ပိုပြီး မြန်ဆန်ပါတယ်..။
သူ့ရဲ့ လှံက ဓားရောက်လာမယ့် လမ်းကြောင်းဆီကို ချက်ချင်းရောက်ရှိသွားခဲ့ပြီး..တားဆီးဖို့အတွက် နေရာယူပြီးထားခဲ့ပါပြီ..။
ယင်းနောက် တစ်စုံတစ်ခု ဖြစ်ပျက်သွားခဲ့တယ်..။
မာစတာဂျက် ရဲ့ လက်နက်က ရုတ်တရက် ဝိဉာဉ်တစ်ခုလို ပြောင်းလဲသွားပြီး ကြောက်မက်ဖွယ် အလင်းရောင်တေွ ထွက်ပေါ်လာခဲ့ပါတယ်…။ပြီးတာနဲ့ တားဆီးထားတဲ့လှံရှည်ကို ရိုးရှင်းစွာပဲ..ဖြတ်ကျော်သွားခဲ့ပြီး..သတ္တဝါကြီးကို ထိုးဖောက်သွားခဲ့ပါတယ်..။ဒါက သတ္တဝါရဲ့ အကာအကွယ်ကို ဖောက်ထွက်ပြီး ရင်ဘတ်ထဲကို တည့်တည့် ဝင်သွားခဲ့တာပါ..။
သူ့ရဲ့ ဝိဉာဉ်အမြုတေ တွေထဲက တစ်ခုရှိသင့်တဲ့ နေရာကို…
‘သောက်ကျိုး..’
သို့ပေမယ့် အခြေအနေတွေက သူမ ထင်ထားသလို ဖြစ်ပေါ်မလာခဲ့ပါဘူး..။သူမရဲ့ မျက်နှာပေါ်မှာ မျက်မှောင်ကျုတ်တဲ့ အမူအရာတစ်ခု ပေါ်လာတာကြောင့် ဆန်နီ ဒါကို သိလိုက်တာပါ..။တိုင်းရန့် အနေနဲ့လည်း နည်းနည်းလေးဖြစ်ဖြစ် နှေးကွေးသွားတာမျိုးတောင်မရှိခဲ့ပေ..။
သူ့ရဲ့ ဝိဉာဉ်ကို ထိခိုက်တာ ဒါမှမဟုတ်..သူ့ရဲံ အမြုတေတစ်ခု ဖျက်ဆီးခံရမယ့်အစား..ခွေးသားက ရိုးရှင်းစွာပဲ ရှေ့ကိုတစ်လှမ်း ထပ်တိုးပြီး သူ့ရဲ့ လှံရှည်ကို မြှောက်လိုက်ပါတယ်..။ဒါက ရုတ်တရက် တောက်ပတဲ့ အလင်းရောင်တွေဖြာထွက်လာခဲ့ပြီး..ဂိတ်ပေါက်ရဲ့ရှေ့က နေရာတစ်ခုလုံးကို အနီရောင်အလင်းတန်းတွေ နဲ့ ဖုံးလွှမ်းသွားစေခဲ့တယ်..။
ဆန်နီ သက်ပြင်းချလိုက်ပြီး..
“ကောင်းပြီလေ…ဒါတွေက ငါ့ကို ထွက်ပြေးဖို့ အချက်ပေးနေတာပဲ..”
ဒါက သူ ကိုင်တွယ်နိုင်တဲ့ တိုက်ပွဲတစ်ခု မဟုတ်ပါဘူး..။အနည်းဆုံးတော့ သူ့ရဲ့ လက်ရှိ အဆင့်နဲ့ပါ..။မာစတာဂျက် အနေနဲ့..တစ္ဆေခေါင်းဆောင်အတွက် ပြိုင်ဖက်မဟုတ်ခဲ့ရင်တောင် အခြေအနေကိုတော့ ကောင်းကောင်း ထိန်းချုပ်နိုင်လောက်ဦးမှာပါ..။သူမက အနည်းဆုံးတော့..အစိုးရအဖွဲ့တွေ ရောက်လာတဲ့ အထိ ထိန်းထားနိုင်ပါလိမ့်မယ်..။
တစ်ဖက်မှာတော့..ဆန်နီက သူတို့ရဲ့တိုက်ပွဲက ထွက်ပေါ်လာတဲ့ ဖျက်ဆီးနိုင်စွမ်းတွေကြောင့် သူ့ရဲ့ တည်ရှိမူက ပျောက်ကွယ်သွာသလိုတောင် ဖြစ်နေခဲ့တယ်..။
ကျောင်းရဲ့..အားကစားခန်းမမှာ သူတော်စင်ကလည်း..ကလေးတွေနဲ့ ဆရာတွေကို ကောင်းမွန်စွာ ကာကွယ်ပေးနေ နေခဲ့တာကြောင့်..သူ့အနေနဲ့ ရိမ်းကို စိတ်ပူဖို့ မလိုအပ်တော့ပါဘူး..။
လုပ်ဖို့ကျန်တာကတော့…
ဒါပေါ့..လုပ်ဖို့ကျန်တာကတော့..ဝိဉာဉ် ရိတ်သိမ်းသူက တာဝန်ကြီးကို ယူထားတဲ့ အချိန်မှာ သူက အရိပ်အပိုင်းအစတွေနဲ့..မှတ်သားမူတွေကို ရနိုင်သမျှ ရဖို့အတွက် မျှော်လင့်ရမှာပါ..။
“သူမက ဆယ့်သုံးမိနစ်ထက် စောပြီး ရောက်လာတာက ကောင်းမွန်တဲ့ အချက်ပဲ..။ဘယ်လောက်တောင် ကြိုးစားတဲ့ အလုပ်သမားလေးလဲ..။မာစတာဂျက်က ဘာလို့အမြဲတမ်း အိပ်ငိုက်နေတာလဲ ဆိုတာကို ငါ နားလည်သွားပြီ..။အစိုးရ အနေနဲ့ သူ့ကို ရာထူးတိုးပေးဖို့ မျှော်လင့်ရတာပဲ..”
ဒီလိုပြောပြီးတာနဲ့ ဆန်နီ မြေကြီးပေါ်ကနေ ထ ရပ်လိုက်ပြီး..အရိပ်ခြေလှမ်းကို အသုံးပြုကာ..များပြားလှတဲ့ အိပ်မက်ဆိုးသားရဲတွေရဲ့ ဝန်းရံမူကို ခံနေရတဲ့ နိုးထသူ ခြောက်ယောက်နားမှာပေါ်လာခဲ့ပါတယ်..။
အရိုးသားဆုံးပြောရရင် သူတို့ အခုချိန်ထိ အသက်ရှင်နေသေးတာကတောင် အတော်လေး ဆန်းကျယ်နေခဲ့ပါပြီ..။
ဆန်နီဟာ အိုဒါချီ ဓားကို နောက်ထပ်တစ်ကြိမ် ထုတ်ဖော်လိုက်ပြီး..ရင်းနှီးတဲ့ မိန်းမငယ်လေး ကို တိုက်ခိုက်နေတဲ့ မုဆိုးတစ်ကောင်ကို ခုတ်ချလိုက်တယ်..။ပြီးတာနဲ့ သူမကို အသိအမှတ်ပြုစွာ ကြည့်လိုက်ပါတယ်..။
မာစတာဂျက် နဲ့ တိုင်းရန့်တိုက်ခိုက်နေကြတဲ့ သူ့ရဲ့ နောက်ဖက်မှာတော့ တစ်ခုခုက ပေါက်ကွဲထွက်သွားပြီး သူ့ရဲံ နောက်ကျောကို သွေးတွေနဲ့ စွန်းပေ စေခဲ့ပါတယ်..။
‘အ..အရှင် ခွေးသား..။ကျွန်မတို့ ဘာလုပ်ကြမလဲ..”
ဒါက သိသာနေတာပဲ မဟုတ်ဘူးလား..
‘ထွက်ပြေးတော့လေ..အရူးတွေရဲ့..’
ကြောက်မက်ဖွယ်ရာ မျက်နှာဖုံးရဲ့ နောက်မှာတော့..ဆန်နီဟာ ပါးစပ်ကို ဖွင့်ပြီးပြောလိုက်တယ်..။သူ့ရဲ့ အသံကတော့ အလိမ်အညာတစ်ခုကိုပဲ ပြောနိင်တဲ့အတွက် နောင်တရမူတွေ ပါဝင်နေခဲ့ပါတယ်..။
“ကြံ့ကြံ့ခံပြီး တိုက်ခိုက်ကြ..”
မိန်းကလေးက သူ့ကို စိုက်ကြည့်လိုက်ပြီး..သိသာစွာပဲ သူမရဲ့ မျက်နှာပေါ်မှာ ရှက်ရွံ့မူတစ်ခု ပေါ်လာခဲ့ပါတယ်..။
“ဒါပေါ့..ဒါပေါ့..ဒါက နိုးထသူ တွေ လုပ်ဆောင်ရမယ့် အရာပဲ..”
ဒေါသတကြီး ပြောဆိုချင်တဲ့ စိတ်ကို ထိန်းထားရင်း..ဆန်နီ သူ့ရဲ့..ကြွက်သားတွေကို ဆန့်တန်းလိုက်ကာ.ဝိဉာဉ်မြွေကို မြှောက်လိုက်ပါတယ်…။
‘ဘယ်လို ဟာသမျိုးလဲ..။ဒီစကားက..အင်တာနက် ပေါ်မှာ ပျံ့နှံ့နေတာမျိုးကို မမြင်ရရင် ကောင်းလိမ့်မယ်..’
…..
အဆုံးမှာတော့..ဂိတ်ပေါက်ကို ဆန်းကျယ်စွာပဲ ထိန်းချုပ်သွားနိုင်ခဲ့ပြီး..ဘယ်မြို့သားမှ ထိခိုက်ဒဏ်ရာ မရရှိခဲ့ပါဘူး..။
မာစတာဂျက် ထွက်ပေါ်လာပြီး မကြာခင်မှာပဲ..အစိုးရအဖွဲ့တွေက နောက်ဆုံးမှာ ရောက်လာခဲ့ကြပါတယ်..။လေပေါ်ကနေ ပျံသန်းနိုင်တဲ့ ယာဉ်တစ်ချို့က ကောင်းကင်ကနေ ဆင်းသက်လာခဲ့ပြီး ဒါဇင်နဲ့ ချီတဲ့ နိုးထသူတွေကို ချပေးခဲ့တယ်..။သူတို့အားလုံးက အဆင့်မြင့်အကာအကွယ် အက်ျီတွေနဲ့ အင်အားကောင်းတဲ့ လက်နက်တွေကို ကိုင်ဆောင်ထားခဲ့ကြပါတယ်..။
တစ်ချိတည်းမှာပဲ..အကာအကွယ် ယာဉ်တွေက လမ်းတွေမှာ ပေါ်လာခဲ့ပြီး အိပ်မက်ဆိုသားရဲအုပ်ကြီး ထဲကို စပဲလ်တပ် နည်းပညာသုံး မီး အမြှောက်တွေနဲ့ ပစ်ခတ်ခဲ့ကြပါတယ်..။ဒီအရာက..အဆင့်နိမ့်သားရဲတွေကို ဖျက်ဆီးပစ်နိုင်ပြီး အဆင့်မြင့်သားရဲတွေကိုတော့..လမ်းကနေ နောက်ဖက်ကို ပြန်မောင်းထုတ်နိုင်ပါတယ်..။သာမန်လူတွေက လုပ်ဆောင်နေကြတာ ဖြစ်ပေမယ့် ဒီအရာတွေက တိုက်ပွဲကွင်းပြင်ကို ထိန်းချုပ်နိုင်စွမ်း ရှိနေခဲ့တယ်..။ပြီးတော့ လူသားတွေရဲ့ လက်နက်တွေ တိုးမပေါက်နိုင်တဲ့ သားရဲတွေကို နိုးထသူတွေ သတ်ရတာလည်း လွယ်ကူသွားစေခဲ့ပါတယ်..။
ပိုများတဲ့ အဖွဲ့သားတွေ..၊ စက်လက်နက်တွေ နဲ့ သာမန်စစ်သားတွေကလညး် နောက်ကနေ လိုက်လာခဲ့ကြတယ်..။
မာစတာဂျက်က မယုံနိုင်စရာပဲ တိုင်းရန့် ကို သတ်ဖြတ်နိုင်ခဲ့ပါတယ်..။သူမက ခေါင်းဆောင်ကို တိုက်ခိုက်နေရင်းကနေ သူ ဝတ်ဆင်ထားတဲ့ မျက်နှာဖုံးကို ပြောင်းလဲတိုက်ခိုက်လိုက်တဲ့ အချိန်မှာတော့..တိုက်ပွဲက အထွတ်အထိပ်ကို ရောက်ရှိသွားခဲ့တာပါ..။
သူမက အရိုးခေါင်းကို ကွဲအက်အောင် လုပ်နိုင်တဲ့ အချိန်မှာတော့..တစ္ဆေတွေရဲ့ မျက်လုံးတွေထဲမှာ လောက်ကျွမ်းနေကြတဲ့…အနီရောင် မီးတောက်တွေက..သေဆုံးသွားခဲ့ကြပါတယ်..။ဒါက သူတို့ကို အာရုံစိုက်မူ ပျက်ပြားစေပြီး အားနးည်းစေခဲ့တယ်..။အများကြီးက ရိုးရှင်းစွာပဲ မြေကြီးပေါ်မှာလဲကျသွားခဲ့ပြီး..အသက်ဓာတ်တွေ ကုန်ဆုံးသွားကြပါတယ်..။
တိုင်းရန့် ကလည်း ယိမ်းယိုင်လာခဲ့ပြီးတော့..သူ့ရဲ့ ခြောက်သွေ့နေတဲ့ အသွေးအသားတွေနဲ့ မြေကြီးပေါ်ကို ဖင်ထိုင်လျက် ပြုတ်ကျသွားခဲ့ကာ..တိုက်ပွဲကွင်းပြင်တစ်ခုလုံးကို တုန်ခါသွားစေခဲ့ပါတယ်..။ဒီတစ်ကြိမ်တော့ သူက အမှန်တကယ်ကို သေဆုံးသွားခဲ့ပါပြီ။
ပြီးတဲ့နောက်မှာတော့ တိုက်ပွဲရဲ့ အနေအထားက လူသားတွေရဲ့ ထိမ်းချုပ်မူအောက်ကို လုံးဝ ရောက်ရှိသွားခဲ့တယ်..။
အရမ်းကြိုးစားတဲ့ နိုးထသူ အဖွဲ့တစ်ဖွဲံက..ကျောင်းသားတွေရဲ့ လုံခြုံရေးအတွက် ကျောင်းထဲကို ဝင်သွားခဲ့ကြတဲ့ အချိန်မှာတော့..ဆန်နီ တိုက်ပွဲမြင်ကွင်းကို နောက်ဆုံးတစ်ကြိမ် ကြည့်လိုက်ပြီး..သူတော်စင်ကို သိမ်းဆည်းလိုက်ပါတယ်..။
သူ့ရဲ့ နှလုံးသားကတော့ နာကျင်နေခဲ့ပါပြီ..။
..ဒါက တစ်ချိန်တုန်းက အေးချမ်းနေတဲ့ လမ်းလေးက..ဆိုးဝါးပြီး အပျက်အဆီးတွေနဲ့ ကြုံတွေ့ရတာကြောင့် မဟုတ်ပါဘူး..။ဘာလို့လဲဆိုတော့..သူ လွဲချော်ရတော့မယ့်..ဝိဉာဉ် အမြုတေ တွေနဲ့..ထောက်ပံ့ရေး ရမှတ်တွေ ကြောင့်ပါ..။
‘ ဒီလို ရက်စက်မူ..။ဒီလို တရားမမျှတမူ..’
ကောင်းပြီလေ..သူက အနည်းဆုံးတော့ အရိပ်အပိုင်းအစ အမှတ်တွေနဲ့ မှတ်သားမူ အချို့ကို ရရှိခဲ့ပါသေးတယ်..။ပြီးတော့..နက်ရှိုင်းပြီး တစ္ဆေဆန်တဲ့ သေဆုံးခြင်း တိုက်ပွဲဟန်ပန် အသစ်တစ်ခုကို သင်ယူနိုင်ခဲ့တယ်..။
သို့ပေမယ့် ဒါက သူ့ကို အရမ်းကြီး မနှစ်သိမ့်နိုင်ခဲ့ပါဘူး..။
ဆန်နီ ငိုကြွေးလုနီးပါး ဖြစ်နေခဲ့ပြီးမှ သက်ပြင်းချလိုက်တယ်..။
ပြီးတော့ အရိပ်တွေထဲကို တိုးဝင်သွားခဲ့ပါတယ်..။
ဘာစကားမှ မပြောပဲ..ဒါမှမဟုတ် ဘာအကျိုးအမြတ်မှ မတောင်းဆိုပဲ…ခွေးသားက သူပေါ်ထွက်လာခဲ့တဲ့ အတိုင်း ရုတ်တရက် ပြန်လည်ပျောက်ကွယ်သွား ခဲ့ပါပြီ..။ကျန်ခဲ့တာဆိုလို့ သေဆုံးနေတဲ့ အိပ်မက်ဆိုးသားရဲတွေနဲ့ သူတိုက်ခိုက်ခဲ့တာကို မြင်တွေ့ခဲ့ရတဲ့ မှတ်ဉာဏ်တွေပါပဲ..။
အချိန်တစ်ချို့ကြာပြီးနောက်မှာတော့..နက်မှောင်တဲ့ လမ်းကြားလေးတစ်ခုမှာ နိုးထသူ ဆန်းလပ်စ် ရှိနေခဲ့တယ်..။သူကတော့..ဂိတ်ပေါက်ကို ကာကွယ်ဖို့ကနေ ရှောင်ပြေးခဲ့တဲ့ သူတစ်ယောက်ပါ..။သူက အထူးစွန့်ပစ်ထားတဲ့ ထောင့်တစ်နေရာကို လျောက်သွားလိုက်ပြီး..ကြီးမားတဲ့ အမှိုက်ပုံးကြီးတစ်ခုရဲ့ နောက်ဖက်မှာ ပုန်းအောင်းနေတဲ့ တပ်မက်ခြင်း သေတ္တာကို ကောက်ယူလိုက်ပါတယ်..။
ဆန်နီ သူ့ရဲ့ ဆက်သွယ်ရေးစက်ကို ယူလိုက်ပြီး..သေတ္တာအဖုံးကို ပြန်ပိတ်လိုက်ကာ သိမ်းဆည်းလိုက်တယ်..။ပြီးတာနဲ့ စခရင်ပေါ်ကို နက်မှောင်တဲ့ အမူအရာနဲ့ ကြည့်လိုက်ပါတယ်..။
သူ့နှုတ်ခမ်းကနေ လေးလံတဲ့ သက်ပြင်းချသံတစ်ခု ထွက်ပေါ်လာခဲ့ပါတယ်..။
“..အာ…သွေးကြောင်ရတာ တကယ် ကောင်းမွန်တာပဲ..”
အပိုင်း ( ၄၉၄ ) ပြီး၏။