← Chapters

သေခြင်းတရား ရောက်ရှိမူ..

Vol. 33 Ch. 493

သေခြင်းတရား ရောက်ရှိမူ..

Vol. 33 Ch. 493

ဆန်နီ အံကိုကြိတ်ပြီး ညဉ်းတွားလိုက်တယ်..။သူ့ရဲ့ ခန္တာကိုယ် တစ်ခုလုံးကို..သချ်ိုင်း တစ္ဆေတွေရဲ့ ခေါင်းဆောင်က ဖြည်းဖြည်းချင်း..ခြေမွနေသလို ခံစားနေခဲ့ရပါတယ်..။သူ့ရဲ့ လက်တစ်ဖက်က သူ့ကို ဖြစ်ညှစ်ထားပြီး..တစ်ခြားတစ်ဖက်ကလည်း အလားတူစွာ လုပ်ထားခဲ့ပါတယ်..။သို့ပေမယ့် အဲ့တစ်ဖက်က နည်းနည်းလေးတော့..လွှတ်ထားပါသေးတယ်..။

တကယ်လို့သာ..သူ လွတ်မြောက်နိုင်မယ် ဆိုရင်..

သို့ပေမယ့်..သူ ဘယ်လောက်ပဲ ကြိုးစားပါစေ..တိုင်းရန့် ရဲ့ ခွန်အားက အရမ်းကို သန်မာလွန်းနေခဲ့ပါတယ်..။

…အားကစားခန်းမထဲမှာတော့..ကြောက်မက်ဖွယ်ရာ သားရဲက အကာအကွယ်မဲ့နေတဲ့ ကလေးတွေရဲ့ အပေါ်ကို ရောက်လာခဲ့တယ်..။သူ့ရဲ့ ပါးစပ်က ကျယ်လောင်စွာ ပွင့်နေခဲ့ပြီး..သူ့ရဲ့မျက်လုံးထဲမှာတော့ အနီရောင် မီးတောက်တွေ တောက်လောင်ကာ..ချွန်ထက်တဲ့ ဦးချိုတွေကို အလင်းပြန်နေခဲ့ပါတယ်..။

ဒီအကောင်က ရိမ်း ဆီကို တည့်တည့်ရောက်လာနေခဲ့ပြီး..သတ္တဝါရဲ့ ပါးစပ်က သူမနဲ့ ထိတွေ့ဖို့ အနည်းငယ်လောက်သာ လိုအပ်ပါတော့တယ်..။

သူမက ကြောက်လန့်မူကြောင့် ခန္တာကိုယ်တစ်ခုလုံး လှုပ်မရဖြစ်နေခဲ့ပါတယ်..။သူမက ပြေးဖို့ကြိုးစားနေခဲ့ပေမယ့်..လှုပ်ရှားလို့ မရခဲ့ပေ..။

သူမက ဒီပုံစံအတိုင်း သေရတော့မှာလား.။မဟုတ်ဘူး..မဟုတ်ဘူး…ဒါက မဖြစ်နိုင်ဘူး…။

သို့ပေမယ့်..ဒါက အမှန်တကယ်ပါပဲ..။

ရုတ်တရက် ဆိုသလိုပဲ ထူးဆန်းတဲ့ ခံစားချက်တွေက ရိမ်းရဲ့ နှလုံးသားထဲမှာ ထွက်ပေါ်လာခဲ့တယ်..။

‘သေရမှာလား..။မဟုတ်ဘူး..ဒီလိုတော့ မဟုတ်ဘူး..ငါ ဆန့်ကျင်တယ်..’

သူမ ဓားတစ်ချောင်းကို ကိုင်ထားတယ်လေ..။မဟုတ်ဘူးလား…။

တကယ်လို့ ဒီအရာက သူမက ဝါးမြိုသွားတော့မယ် ဆိုရင်တောင်…ရိမ်းကတော့..သူမကို သင်ကြားပေးထားခဲ့တဲ့ အတိုင်း ပြန်တိုက်ခိုက်ပြီး မှ သေဆုံးချင်ခဲ့ပါတယ်..။သူမက လူသားတစ်ယောက် အဖြစ်ပဲ ရှိနေရမှာပါ..။အားကြီးတဲ့ သားရဲ ရဲ့ သားကောင်အဖြစ် ကြောက်ရွံပြီး နေနေရတဲ့ တိရစ္ဆာန်တစ်ကောင်တော့ အဖြစ်မခံနိုင်ပါဘူး..။

အနည်းဆုံးတော့..သူမက သူမရဲ့ မိဘတွေကို အများကြီး အကြွေးတင်နေပါသေးတယ်..။

သူမရဲ့ လေ့ကျင့်ရေးဓားက ဒီသားရဲကို တားဆီးနိုင်စွမ်းရှိမှာ မဟုတ်ဘူးဆိုတာကို သိနေခဲ့ပေမယ့်..ရိမ်းဟာ ခေါင်းမာစွာပဲ ဓားကို မြောက်လိုက်ပါသေးတယ်..။သူမရဲ့ စိတ်က ထိပ်လန့်နေပေမယ့်..သူမရဲ့ အတွေးတွေက ပျံ့ကျဲနေပေမယ့်..ခန္တာကိုယ်ကတော့..နာရီပေါင်းများစွာ လေ့ကျင့်ထားတဲ့ အတိုင်း ရှိနေတုန်းပါပဲ..။

ဒါက သူမအတွက် အကျိုးရှိစေမယ့် အရာတော့ မဟုတ်တော့ပေ..။

မြေခွေး သူမနဲ့ အရမ်းကို နီးကပ်နေပြီဖြစ်တာကြောင့်..သူ့ရဲ့ ကြောက်မက်ဖွယ်ရာ ကောင်းတဲ့ အစိတ်အပိုင်းတိုင်းကို မြင်နေခဲ့ရပါတယ်..။သူ့ရဲ့ ဒဏ်ရာရနေတဲ့ နှာခေါင်းနဲ့ အမြုပ်တွေ ထွက်နေတဲ့ ပါးစပ်တွေကိုပါ..။လွတ်မြောက် ဖို့ ဆိုတာ နည်းလမ်းမရှိတော့ပါဘူး..။

‘မမျှတဘူး…။ဒါက မမျှတဘူး..’

ဒီလိူမျိုး ကလေးအတွေး တစ်ခုက သူမရဲ့ စိတ်ထဲမှာ ပေါ်လာခဲ့ပါတယ်..။ဒါက မရေမတွက် နိုင်တဲ့ လူတွေ သူတို့ အသတ်မခံရခင် အချိန်မှာ ပေါ်လာတတ်တဲ့ အတွေးမျိုးအတိုင်းပါပဲ..။

..ပြီးတဲ့ နောက်မှာတော့ တစ်ခုခု ထူးဆန်းတဲ့ အရာက ဖြစ်ပျက်သွားခဲ့တယ်..။

ရုတ်တရက် လှပတဲ့ အနီရောင် အလင်းနှစ်ခုက..သားရဲရဲ့ ဘေးနားမှာရှိတဲ့ အမှောင်ထုထဲကနေ ထွက်ပေါ်လာခဲ့ပါတယ်..။

ခနအကြာမှာတော့..ကျောက်တုံးပုံစံ ထူးဆန်းတဲ့ဓားတစ်ချောင်းက အရိပ်ထဲကနေ ထွက်ပေါ်လာခဲ့ပြီး..သားရဲ ရဲ့ လည်ပင်းကို လွယ်ကူစွာပဲ ပိုင်းဖြတ်သွားခဲ့ပါတယ်..။ဦးခေါင်းက..သားရဲရဲ့ ခန္တာကိုယ်ကနေ ပြတ်ထွက်သွားခဲ့တယ်..။

ကျောက်တုံးနဲ့ ဆင်တူတဲ့ အဝိုင်းပုံစံ ဒိုင်းကာ တစ်ခုက..ပေါ်ထွက်လာခဲ့ပြီး..ဦးခေါင်းမရှိတဲ့ ခန္တာကိုယ်ကြီးကို ရိမ်းနဲ့ ဝေးရာဆီကို ရိုက်ထုတ်ပေးလိုက်တယ်..။သူမအပေါ်မှာ သွေးတစ်စက်တောင် မထိမှန်စေခဲ့ပါဘူး..။

သူမ ထိပ်လန့်မူကြောင့် အေးခဲနေတုန်းမှာပဲ..အနက်ရောင်အကာအကွယ်ကို ဝတ်ဆင်ထားတဲ့ ထည်ဝါလှတဲ့ အမျိုးသမီး တစ်ယောက်က..အမှောင်ထုထဲကနေ ထွက်လာခဲ့ပါတယ်..။ပတ္တမြားရောင်..မီးတောက်နှစ်ခုက..သူမရဲ့ ခေါင်းစွပ်ရဲ့ မျက်လုံးဖော်ထားတဲ့ နေရာမှာ တောက်ပနေခဲ့တယ်..။

ရိမ်း အနေနဲ့ ဒီလောက်ကြောက်ဖို့ကောင်းပြီး..လှပနေတဲ့ တစ်စုံတစ်ယောက်ကို တစ်ခါမှ မမြင်ဖူးခဲ့ပေ..။

အမျိုးသမီးက ..သူမက မထူးခြားတဲ့ အကြည့်နဲ့ ကြည့်လိုက်ပြီး တစ်ဖက်ကို လှည့်ကာ နောက်ထပ် မြေခွေးတစ်ကောင်ကို သူမရဲ့ ကျောက်တုံးလိုဓားနဲ့ ခုတ်ဖြတ်လိုက်ပါတယ်..။ပြီးတဲ့နောက်မှာ ပြင်းထန်ရက်စက်တဲ့ ဓားချက်ကြောင့်ပဲ..နောက်ထပ် သားရဲတစ်ကောင်ကလည်း နှစ်ပိုင်းဖြစ်သွားခဲ့တယ်..။ဒါက သားရဲတွေရဲ့ အသွေးအသားတွေက ဘာခုခံနိုင်စွမ်းမှ မရှိကြတဲ့ အတိုင်းပါပဲ..။

‘သုံးကောင်..သူမက အိပ်မက်ဆိုးသားရဲ သုံးကောင်ကို ဒီတိုင်းပဲ သတ်ပစ်လိုက်တာ..’

ပြီးတော့ ဒီဟာတင် မကသေးပဲ..သူမက စက္ကန့်ပိုင်းအတွင်းမှာတင် ဒီသားရဲတွေကို ယုံကြည်မူရှိရှိနဲ့ အေးဆေးစွာ သတ်သွားခဲ့တာပါ..။

‘ဘယ်သူလဲ…သူမက ဘယ်သူလဲ..’

ရိမ်းက သူမကိုယ်သူမ ဘာလုပ်နေတာလဲဆိုတာတောင် မသိလိုက်ခင်မှာပဲ..ညှင်သာတဲ့ အသံတစ်ခုနဲ့ ပြောလိုက်မိပါတယ်..။

“အစ်မက ဘယ်သူလဲ..”

လှပတဲ့ စစ်သည်တော်ကတော့ ပြန်မဖြေခဲ့ပေ..။သူမက ဒီတိုင်း ကလေးတွေနဲ့ ချီတက်လာတဲ့ မွန်းစတားတွေ ကြားထဲမှာ ရပ်နေခဲ့ပါတယ်..။သူမရဲ့ နောက်ကျောကတော့..ဖြောင့်မတ်ကျစ်လစ်တဲ့ ကျောက်တုံး နံရံကြီးတစ်ခုလိုပါပဲ..။

ရိမ်းက ဒီနောက်ကျောကို ကြည့်ပြီး ဘယ်အရာကမှ ဒီ ကြောက်မက်ဖွယ်ကောင်းတဲ့ စစ်သည်တော်ကို ကျော်လွှားနိုင်မှာ မဟုတ်ဘူးဆိုတာကို ခံစားလိုက်ရတယ်..။

ရုတ်တရက် ပြင်းပြတဲ့စိတ်ဆန္ဒ တစ်ရပ်က သူ့ရဲ့ နှလုံးးသားထဲမှာ လောင်ကျွမ်းလာခဲ့ပါတယ်..။

ဒီ ကြောက်မက်ဖို့ကောင်းတဲ့ အနက်ရောင် စစ်သည်တော်က လူသားတစ်ယောက်လား ၊ ဝိဥာဉ်တစ်ယောက်လား ဒါမှမဟုတ် ထူးဆန်းတဲ့အိပ်မက်ဆိုးသားရဲ လား ဆိုတာကို သူမ မသိပါဘူး..။သိုပေမယ့် သူမ သိတာကတော့ တစ်ခု ရှိပါတယ်..။

‘သန်မာချင်တယ်..ငါ တစ်နေ့မှာ သန်မာလာချင်တယ်..။သူမ လိုမျိုး…’

…..

ဂိတ်ပေါက်ရဲ့ ရှေ့ဖက်မှာတော့..ဆန်နီက ကျရှုံးမူအဆင့် တိုင်းရန့်ရဲ့ ဖျစ်ညှစ်မူကြောင့် ဖြည်းဖြည်းချင်း အသက်ရူ ကြပ်လာနေခဲ့ပါပြီ..။သူက တောက်ပနေတဲ့ အနီရောင် မျက်လုံးသုံးလုံး ဆီကို ဖြည်းညှင်းစွာပဲ နီးကပ်သွားနေခဲ့တယ်..။ဒီလို နီးကပ်လာတဲ့ အချိန်မှာတော့..သူ့ရဲ့ ခန္တာကိုယ်ထဲမှာ ရှိနေတဲ့ အသက်စွမ်းအင်တွေ ကိုယ်တိုင်က စုပ်ယူခြင်းခံနေရတဲ့ အတိုင်းပါပဲ..။သူ့ရဲ့ စိတ်က..ပျက်စီးလုနီးပါး အခြေအနေမှာ ရောက်နေခဲ့တယ်..။

‘သောက်ကျိုး …နဲ..’

သူ လုပ်နိုင်တဲ့အရာတစ်ခုခုတော့ ရှိနေသင့်ပါတယ်..။တိုင်းရန့် ရဲ့ လက်ထဲကနေ လွတ်မြောက်နိုင်မယ့် လှည့်စားမူနည်းလမ်း တစ်ခုခု..။သူ ထုတ်ယူပြီး အသက်သွင်းနိုင်မယ့် မှတ်သားမူ တစ်ခုခု..။

သို့ပေမယ့်..သူ ဘယ်လောက်ပဲ ကြိုးစားပါစေ..ဘယ်အရာမှ အလုပ်မဖြစ်ခဲ့ပါဘူး..။

ဆန်နီ ရဲ့ အမြင်အာရုံတွေက တစ်ဖြည်းဖြည်းနဲ့ နက်မှောင်လာခဲ့တယ်..။

‘ချီးတဲ့မှပဲ…ငါ လိုအပ်.. ‘

တကယ်လို့ သူ့လက်တွေသာ လွတ်နေမယ် ဆိုရင် သူက ရက်စက်သောမြင်ကွင်းကို ထုတ်ယူနိုင်လောက်မှာပါ..။သို့ပေမယ့် ဒီလို မဟုတ်ခဲ့ပေ..။သူက မြေအောက်ကမ္ဘာဝတ်ရုံတော် ကို အလေးဆုံး အခြေအနေအထိ ထားခိုင်းထားပေမယ့်..ဒါကလည်း [ အမှန်တရားတောင်ပံ ] စွမ်းရည်က ခွင့်ပြုပေးနိုင်တဲ့ အကန့်အသတ်ထိအောင် ရောက်နေခဲ့ပါပြီ..။ဒါက တောင်ငယ်လေး တစ်တောင်လောက်ကို လေးလံနေခဲ့တယ်..။သူ့ရဲ့ လက်နက်တိုက်ထဲမှာ ဘာများရှိနေသေးလဲ..။

ဆန်နီက ထိပ်လန့်လု နီးပါး ပါပဲ..။ယင်းနောက် ရုတ်တရက် ကမ္ဘာကြီးမှာ သိမ်မွေ့တဲ့ ပြောင်းလဲမူတစ်ခု ဖြစ်လာခဲ့တယ်..။

ဒါက အလွယ်တစ်ကူ လွဲချော်သွားနိုင်သလို..လျစ်လျူရူမိသွားတာမျိုးလည်း ဖြစ်နိုင်ပါတယ်..။ဒါက အမှန်တကယ် ပြောင်းလဲမူတစ်ခုထက်..ခံစားချက်တစ်ခုလိုပါပဲ..။

..ဒါက ရုတ်တရက် ကမ္ဘာကြှီးတစ်ခုလုံးက ဒီဂရီ အနည်းငယ်လောက် အပူချိန် ကျဆင်းသွားသလိုမျိုး ခံစားလိုက်ရတာပါ..။

ဒါပေမဲ့ ဘာလို့လဲ..။

ဒီလို သိမ်မွေ့စွာ ပြောင်းလဲသွားမူရဲ့ အဓိပ္ပာပါယ်ကို သူအဖြေမထုတ်နိုင်သေးခင်မှာပဲ..တစ်စုံတစ်ခုက လေထဲမှာ လင်းလက်သွားခဲ့တယ်..။ပြီးတဲ့နောက်မှာတော့..ဆန်နီက ရုတ်တရက် အသက်ပြန်ရူနိုင်သွားခဲ့ပါတယ်..။

သူ ဒီလိုအသက်ရူနိုင်လိုက်တာက…ဘာလို့လဲဆိုတော့..ဘာလို့လဲဆိုတော့..သူ့ကို ဖျစ်ညှစ်ထားတဲ့ လက်တွေက..တိုင်းရန့်ရဲ့ ခန္တာကိုယ်နဲ့ ချိတ်ဆက်နေခြင်း မရှိတော့လို့ပါပဲ..။လက်မောင်းက တံတောင်ဆစ်ကနေပြီး ဖြတ်တောက်ခြင်းခံလိုက်ရတာပါ..။

‘ဘယ်လိုတောင်လဲ…’

ဆန်နီ မြေကြီးပေါ်ကို ပြုတ်ကျသွားခဲ့ပြီး..ဘေးဘက်ဆီကို လိမ့်သွားခဲ့တယ်..။တစ္ဆေခေါင်းဆောင်ရဲ့ လက်တစ်ဖက် ဖြစ်ခဲ့တဲ့ အရာကတော့..သွေးတွေ အဆက်မပြတ်ပန်းထွက်နေခဲ့ပြီး..အနီရောင် မြူတွေအဖြစ် အငွေ့ပျံသွားခဲ့ပါတယ်..။

‘ အခု ဘာဖြစ်သွားတာလဲ..’

သူ ရုန်းကန်ကြိုးစားရင်း မတ်တတ်ထရပ်လိုက်တဲ့ အချိန်မှာတော့..သူ့ရဲ့ ဘေးနားက အုတ်အပိုင်းအစတွေရဲ့ အပေါ်မှာ တစ်စုံတစ်ယောက် ရောက်နေတာကို သတိထားမိလိုက်ပါတယ်..။

ဒါက အသက်နှစ်ဆယ် နှောင်းပိုင်းအရွယ် လှပတဲ့ အမျိုးသမီး တစ်ဦးဖြစ်နေခဲ့တယ်..။သူမက နက်ပြာရောင် ယူနီဖောင်းကို ငွေရောင် ပုခုံးထောက်တွေနဲ့အတူ ဝတ်ဆင်ထားခဲ့တာပါ..။ပြီးတော့..လည်သာ ဖိနပ်တွေကိုလည်း ဝတ်ဆင်ထားပါသေးတယ်..။သူမရဲ့ ဆံပင်အတိုက ကျီးကန်းရဲ့ တောင်ပံလို နက်မှောင်နေခဲ့ပြီး..သူမရဲ့ အသားအရေ ကတော့ နှင့်ပွင့်လေးတွေ လိုမျိုး ဖြူဖွေးနေခဲ့တာပါ..။

သူမရဲ့ ရေခဲလို အပြာရောင် မျက်လုံးတွေက အေးစက်တဲ့ ငရဲတစ်ခုရဲ့ အနက်ရှိုင်းဆုံးအပိုင်း ထက်တောင် ပိုပြီး အေးစက်နေပါသေးတယ်..။

လှပတဲ့ အမျိုးသမီးရဲ့ လက်ထဲမှာတော့..လက်ကိုင်ရှည်တဲ့ တစ်ဖက်သွားဓားကို ကိုင်ဆွဲထားခဲ့ပါတယ်..။ လက်နက်ရဲ့အသွားမှာ..ဆူပွက်နေတဲ့ သွေးတွေက..ရေခဲတွေအဖြစ် ပြောင်းလဲသွားနေခဲ့ပါပြီ..။

သူမက..သူမကိုယ်တိုင်က…သေခြင်းတရား နဲ့တောင် တူနေခဲ့တယ်..။

‘မာစတာ ဂျက်..’

အမှန်တကယ်ပဲ..ဒါက စိတ်ဝိဉာဉ် ရိတ်သိမ်းသူ ဂျက် ပါ..။

…တပ်ကူတွေက ရောက်လာခဲ့ကြပါပြီ..။

အပိုင်း ( ၄၉၃ ) ပြီး၏။

All Chapters