← Chapters

ဂိတ်ပေါက် အစောင့်အကြပ်

Vol. 33 Ch. 492

ဂိတ်ပေါက် အစောင့်အကြပ်

Vol. 33 Ch. 492

ဆန်နီ ဂိတ်ပေါက်ကို ကြည့်နေရင်းနဲ့ ကြောက်လန့်မူကြောင့်..တစ်ခနလောက် မလှုပ်ရှားနိုင်ဖြစ်သွားခဲ့ပါတယ်..။ယင်းနောက် သူ ဒီအခြေအနေကနေ ရုန်းထွက်လိုက်ပြီး ပင်ပန်းနွမ်းနယ်စွာပဲ ထပ်မံတိုက်ခိုက်လိုက်တယ်..။သူက အစောင့်က ဂိတ်ပေါက်ထဲကနေ ထွက်မလာခင်မှာ သားရဲတွေကို တတ်နိုင်သလောက် များများ သတ်ဖြတ်ချင်နေခဲ့တာပါ.။

ပြီးတဲ့နောက်မှာ ဒီသားရဲတွေကို ဂရုစိုက်နိုင်တော့မှာ မဟုတ်ဘူးဆိုတဲ့ အရိပ်အယောင်တွေကို..သူ ခံစားနေခဲ့ရတယ်..။

‘ဒါ…ဒါက အစောင့်အကြပ်လား..။ဘယ်နှစ်မိနစ်တောင် ကြာသွားပြီလဲ..’

သူ ဒါကို မသိတော့ပေ..။လမ်းတစ်လျောက်လုံးမှာတော့…ဆန်နီက အချိန်ကို ရေတွက်ဖို့အတွက်တောင် မေ့လျော့နေခဲ့ပါပြီ..။သူသိတာကတော့ ဒါက လုံလောက်တဲ့ အချိန်မဟုတ်သေးဘူးဆိုတာပါပဲ..။

အဲဒီအချိန်မှာတော့..ကြီးမားတဲ့ ပုံရိပ်က ဂိတ်ပေါက်ရဲ့ အမှောင်ထုထဲကနေ ထွက်လာခဲ့တယ်.။ဒီလိုထွက်လာတာနဲ့ တစ်ပြိုင်နက်..ရှေးဟောင်း တစ္ဆေတွေရဲ့ မျက်လုံးမှာတောက်လောင်နေတဲ့ မီးတောက်တွေက ပိုမိုတောက်ပလာခဲ့ပြီး..သူတို့ရဲ့ ပါးစပ်တွေကလည်း ကြောက်မက်ဖွယ်ရာ ဟစ်ကြွေးသံတွေ ထွက်ပေါ်လာခဲ့တယ်..။

‘ ခရက်..’

အစောင့်အကြပ်ရဲ့ အရပ်က လေးမီတာလောက် ရှည်လျားပြီး..သူ့ရဲ့ ခြောက်သွေ့တဲ့ ခန္တာကိုယ်က ဆန်နီတိုက်ခိုက်ခဲ့တဲ့.. မုဆိုးတွေ ၊ နတ်မိစ္ဆာတွေနဲ့ ဆင်တူပါတယ်..။တစ်ချိန်တည်းမှာပဲ သူက ပိုပြီး ကြောက်မက်ဖွယ်ကောင်းနေခဲ့တယ်..။သူက လှံရှည်တစ်ချောင်းကို ကိုင်ဆောင်ထားခဲ့ပြီး သူ့ရဲ့ ဓားသွားက မီးတောင်ကျောက်သား နဲ့ ပြုလုပ်ထားခဲ့တာပါ..။ဓားသွားမှာ ခြောက်သွေ့နေတဲ့ သွေးတွေ အများကြီး စွန်းထင်းနေခဲ့ပြီး..ကျောက်တုန်းကိုယ်တိုင်က သွေးတွေကို စုပ်ယူထားတဲ့ အတိုင်းပါပဲ..။

သတ္တဝါကြီးက..အနုစိတ်ပြုလုပ်ထားတဲ့ လည်သာ အကာအကွယ်ကို ဝတ်ဆင်ထားခဲ့ပြီး..သေးငယ်တဲ့ တစ္ဆေများထက် ပိုမိုခိုင်မာကာ..ထူးဆန်းတဲ့ ကြိုးတွေ ၊ အပြာရောင် သံတွေနဲ့ ရက်လုပ်ထားခဲ့ပါတယ်..။သူ့ရဲ့ လက်ကောက်ဝတ်မှာတော့..သံ ၊ အရိုးတွေနဲ့ ပြုလုပ်ထားတဲ့ လက်ကောက်များစွာ ဝတ်ဆင်ထားခဲ့တယ်..။သူ့ရဲ့ ပုခုံးမှာတော့..ကြောက်မက်ဖွယ် မွန်းစတား တစ်ကောင်ရဲ့ သားရေနဲ့ ပြုလုပ်ထားတဲ့ ခြုံထည်တစ်ခုကို ဝတ်ဆင်ထားခဲ့ပါတယ်..။

သတ္တဝါရဲ့ ဦးခေါင်းကတော့ အဓိက အစိတ်အပိုင်း တစ်ခုပါ..။သူ့ရဲ့ မျက်နှာကိုတော့..မျက်နှာဖုံးတစ်ခု နဲ့ ဖုံးအုပ်ထားခဲ့ပြီး ..မျက်နှာဖုံးရဲ့ အသွင်အပြင်က..လှည့်စားပြီး ရက်စက် ကြမ်းကြုပ်နေခဲ့ပါတယ်..။

သူ့ခေါင်းမှာ ရှိနေတဲ့ မျက်နှာဖုံး နဲ့ အရိုးခွံတွေမှာတော့.. မျက်လုံးသုံးလုံး စီ ပါဝင်နေခဲ့တယ်..။မျက်လုံးခြောက်လုံးစလုံးမှာတော့..အားပြင်းတဲ့ အနီရောင် အလင်းတန်းတွေ ဖြာထွက်နေခဲ့တယ်..။

ဆန်နီ ကျောချမ်းသွားခဲ့သလို ခံစားလိုက်ရပါတယ်..။

‘ဘာလဲ..ဒီအရာက ဘာကြီးလဲ..’

ရှေးဟောင်း ခေါင်းဆောင်က ဘယ်လို သားရဲ အမျိုးအစားလဲ ဆိုတာကိုတော့ သူလည်း မသိပါဘူး..။သိုပေမယ့် သံသယ ဖြစ်စရာ မလိုတဲ့ အချက်က ဒီသတ္တဝါက ကျရှုံးမူအဆင့် တိုင်းရန့် တစ်ကောင်ပါ..။ပြီးတော့ အတော်လည်း အင်အားကြီးပါလိမ့်မယ်..။ဒီ သချ်ိုင်း တစ္ဆေသားရဲ တွေက ..ရှေးဟောင် သတ္တဝါကြီး ကို ဂူသွင်းတဲ့ အချိန်မှာ ဖြစ်တည်လာခဲ့ကြတာတောင် ဖြစ်နေနိုင်တာပါ..။

ပြီးတော့..သူ့ရဲ့ မျက်နှာဖုံးမှာလည်း မျက်လုံးသုံးလုံး ရှိနေခဲ့သေးတယ်..။

…မျက်လုံးသုံးလုံး ရှိတဲ့ အရာတိုင်းက ဆန်နီကို တုန်လှုပ်စေပါတယ်..။ဒါက သူ အပြည့်အတ နားမလည် ထားလို့ပါ..။မေ့ပျောက်ကုန်းမြေမှာကတည်းက..ဒီလို မျက်လုံးသုံးလုံးနဲ့ သတ္တဝါတွေက သူသိဖို့အတွက်တောင် အတော်လေး ဆိုးဝါးတယ် ဆိုတာကို သိထားပြီးသားပါ..။

သူက ကျရှုံးမူအဆင့် တိုင်းရန့် တစ်ကောင်ကို သတ်နိုင်ပါ့မလား..။

တကယ်လို့ သူ့မှာသာ ပြင်ဆင်ချိန်အများကြီးရှိပြီး..သူ့ရဲ့ ရန်သူကို လေ့လာကာ..အရိပ်ထဲက နေ တိုက်ခိုက်ရမယ် ဆိုရင်တော့ ဖြစ်နိုင်လောက်ပါတယ်..။

သို့ပေမယ့် အခုချိန်မှာက ဆန်နီဟာ ပင်ပန်းနွမ်းနယ်ပြီး ဖွတ်ဖွတ်ညက်ညက် ကြေနေခဲ့တာပါ..။သူ့ရဲ့ အရိပ်အဆီအနှစ်တွေကလည်း .ကုန်ခမ်းစ ပြုနေခဲ့ပါပြီ..။ပြီးတော့..အိပ်မက်ဆိုးသားရဲ တစ်ရာကျော်လောက်ကလည်း..သူတို့ရဲ့ သခင်ကို..သွေးဆာလောင်မူတွေနဲ့ ကာကွယ်ထားကြပါသေးတယ်..။သူ့မှာအခွင့် အရေးမရှိပါဘူး..။လုံးဝ မရှိပေ..။

ကောင်းပြီလေ..အခွင့်အရေး သေးသေးလေး ရှိနေတာ ဖြစ်နိုင်ပါတယ်..။

ပြီးတော့..ကြိုးစားပြီး တိုက်ခိုက်တာက လွဲပြီး တစ်ခြားသူလုပ်နိုင်တာ ဘာရှိသေးလို့လဲ..။သူ့ရဲ့ အမြီးကိုကုတ်ပြီး..ထွက်ပြေးဖို့လား..။

ကောင်းပြီလေ…သေချာတာပေါ့..။ဘာလို့ ဒီလို မလုပ်နိုင်ရမှာလဲ..။ဆန်နီက သူရဲကောင်းတစ်ယောက် မဟုတ်သလို ၊ သူရဲကောင်းတစ်ယောက်လည်း ဘယ်တုန်းကမှ မဖြစ်ချင်ခဲ့ပေ..။

သို့ပေမယ့် သူ အခုချိန်မှာတော့.ထွက်ပြေးဦးမှာ မဟုတ်သေးပါဘူး..။

အိပ်မက်ဆိုးသားရဲတွေက ထိမ်းချုပ်လို့ မရနိုင်တဲ့ ဒေါသတရားတွေနဲ့ ထပ်မံတိုက်ခိုက်မလာခင်မှာပဲ..သူက မီးတောင်ကျောက် လှံတံကို ဝေ့ယမ်းလိုက်တယ်..။ရှေးဟောင်း တစ္ဆေတွေရဲ့ ..မူလပထမတိုက်ပွဲဟန်ပန်က သူ့ရဲ့ အရိုးထဲမှာ စီးဆင်းနေတာကိုတောင် ခံစားနေခဲ့ရပါတယ်..။

ဆန်နီ ရဲ့ သွေးထွက်သံယို မူတွေက ပြီးဆုံးးသွားခြင်း မရှိသေးပါဘူး..။

သူမှာ တိုက်ခိုက်လိုစိတ် အနည်းငယ် ရှိနေတုန်းပါပဲ..။

….

အားကစား ခန်းမထဲမှာတော့..တိတ်ဆိတ်မူ နဲ့ ကြောက်လန့်မူတွေက ဖရိုဖရဲ ဖြစ်မူနဲ့ ထိပ်လန့်မူတွေ အဖြစ်ပြောင်းလဲသွားခဲ့ပါပြီ..။

ကျောင်းရဲ့ နံရံတွေက ချိုးဖျက်ခြင်းခံလိုက်ရပြီး…အိပ်မက်ဆိုးသားရဲတွေက သူတို့ရဲ့မျက်လုံးတွေမှာ ရူးသွပ်မူတွေ လောင်ကျွမ်းပြီး အထဲကို ဝင်လာခဲ့ကြတယ်..။

“နောက်ဆုတ်…နောက်ကိုဆုတ်..”

ကလေးတွေက နံရံဖက်ကို တွန်းပို့ခြင်း ခံလိုက်ရပြီး..ဆရာတွေက သူတို့ရဲ့ ကြားမှာ ရပ်ကာ..သူတို့ရဲ့ တုန်ရီနေတဲ့ လက်တွေထဲမှာ သာမန်လက်နက်တွေကို ကိုင်ဆောင်ထားခဲ့ကြပါတယ်..။

နိုးထသူ တွေဆိုတာက ကြမ်းတမ်းတဲ့ တိုက်ပွဲတွေနဲ့ ရင်းနှီးမူရှိကြပေမယ့်..သူတို့ငါးယောက်ထဲနဲ့ သားရဲတွေကို တားဆီးဖို့ ဆိုတာကတော့..လုံလောက်အောင် နီးစပ်မူ ရှိမနေခဲ့ပါဘူး..။ဒါက စောပြီးတော့ပဲဖြစ်ဖြစ် နောက်ကျပြီးတော့ပဲ ဖြစ်ဖြစ်..မလွဲဧကန် ဖြစ်လာမယ့်အရာတစ်ခုပါ..။သားရဲတွေထဲက တစ်ချို့က သူတို့ဆီကို လာရောက်ဖို့ ကြိုးစားနေခဲ့ကြပါပြီ..။

မကြာခင်မှာပဲ သူတို့က ရောက်လာနိုင်ခဲ့ကြတယ်..။

အနက်ရောင် အရည်ပြားတွေကနေ ချွန်ထက်တဲ့ ဆူးချွန်တွေထွက်ပေါ်နေတဲ့ ဝံပုလွေ နဲ့ ဆင်တူတဲ့ သားရဲတစ်ကောင်က..ပါးစပ်ထဲကနေ သားရေတွေကျပြီး ပေါ်လာခဲ့တယ်..။ဒီသားရဲက တိုက်ပွဲကနေ လွတ်မြောက်လာပြီး ကလေးတွေဆီကို ရောက်လာခဲ့တာပါ..။

ရိမ်းက ဒီလိုအရာမျိုးကို သူ့ရဲ့ ဘဝမှာ ဘယ်တုန်းကမှ မမြင်ဖူးခဲ့ပေ..။

တစ်စုံတစ်ယောက် က ဒီလို အရာမျိုးကို ဘယ်လို သွားပြီး တိုက်ခိုက်ရမှာလဲ..။ဒါက လူသားတစ်ယောက် လုပ်ဆောင်နိုင်တဲ့ အရာ မဟုတ်ပါဘူး..။

ဆရာတွေက ကြိုးစားကြပေမယ့်လည်း..

သူတို့ထဲက တစ်ချို့က လေးတွေကို မြောက်ပြီး ပစ်လိုက်ကြပေမယ့်..မြားတွေက ရိုးရှင်းစွာပဲ ငရဲ မြေခွေးတွေရဲ့ အမွှေးတွေကို ထိမှန်ကာ ချော်ထွက်သွားခဲ့ကြတယ်..။ကျောင်းအုပ်ကြီးက လေးလံတဲ့ လှံတိုတစ်ချောင်းနဲ့…သားရဲကို တားဆီးဖို့ ကြိုးစားခဲ့ပေမယ့်..ရိုးရှင်းစွာပဲ အဝေးကိုရိုက်ထုတ်ခံလိုက်ရပါတယ်..။သူ့လက်ထဲက..လက်နက်က လေထဲကို လွင့်စင်သွားခဲ့တယ်..။

ပြီးတဲ့ နောက်မှာတော့..မွန်းစတား တွေနဲ့ ကလေးတွေ ကြားထဲမှာ ဘယ်အရာမှ ရှိမနေတော့ပါဘူး..။

…..

‘ဘုရားရေး ချီးတဲ့မှပဲ..’

ဆန်နီက ကြိုးရဲ့ အဆုံးသတ်ကို ရောက်လာခဲ့ပါပြီ..။တစ်နည်းအားဖြင့် ပြောရရင်တော့ သူက သူလိုချင်တဲ့ နေရာ တည့်တည့်ကို ရောက်လာခဲ့တယ်…။

သူက အိပ်မက်ဆိုးသားရဲတွေကို သတ်ပြီး..သူတို့ကို ရပ်တန့်ဖို့ ကြိုးစားတာမျိုးကို ထပ်ပြီး မလုပ်တော့ပါဘူး..။သူတို့ရှိနေတဲ့ အရေအတွက်နဲ့ ဂိတ်ပေါက်ကနေ ထပ်ပြီး ထွက်လာနေတဲ့ ပမာဏကို ယှည်ကြည့်လိုက်မယ်ဆိုရင် ဒါက ရိုးရှင်းစွာပဲ မဖြစ်နိုင်ပေ..။

သို့ပေမယ့်..သူက တတ်နိုင်သလောက် အားလုံးရဲ့ အာရုံကို ဆွဲဆောင်ထားတော့မှာပါ..။

အမှန်တကယ်ပဲ အားလုံးရဲ့ အာရုံစိုက်မူကို..။

ပြီးတော့..ဒီလိုလုပ်ဆောင်နိုင်ဖို့အတွက်ဆိုရင်..လုပ်ဖို့လိုအပ်တာကအရမ်းကို ရိုးရှင်းပါတယ်..။

သူက တိုင်းရန့် ကို တိုက်ခိုက်ရမှာပါ..။

ဒါက ဘယ်လောက်တောင် ခက်ခဲနိုင်မလဲ..။

ဆန်နီက ဒီ သောက်ကျိုးနဲ သချ်ိုင်း ခေါင်းဆောင် ဒါမှမဟုတ် သူ့နာမည်က ဘာပဲဖြစ်ဖြစ်…သူနဲ့အကြာကြီး တိုက်ခိုက်ဖို့ကို မစီစဉ်ထားခဲ့ပေ..။သူက ဒီကြောက်စရာ ခွေးသားနဲ့ တစ်ချက် နှစ်ချက်လောက်ပဲ လက်ရည်စမ်းဖို့ စီစဉ်ထားတာပါ..။ဒီကနေ တဆင့်သေးငယ်တဲ့ ဒဏ်ရာအနည်းငယ် ပေးနိုင်ဖို့ကိုတော့ မျှော်လင့်နေခဲ့တယ်..။ပြီးတာနဲ့ အရိပ်ခြေလှမ်းကို အသုံးပြုပြီး လုံခြုံတဲ့ နေရာကို သွားတော့မှာပါ..။

ဒီလောက်ဆိုရင် တော်လောက်ပြီ..။

သူက ကိုယ့်အကန့်အသတ်ကို သိပါတယ်..။

ဆန်နီဟာ သားရဲအုပ်ကြီးကို ဖောက်ထွက်ရင်း..ကြီးမားတဲ့ တိုင်းရန့် ဆီကို သွားဖို့ လမ်းကြောင်းတစ်ခုကို ဖန်တီးလိုက်တယ်..။နောက်ဆုံးမှာတော့..ဒီသတ္တဝါက သူ့ရဲ့ မှာပေါ်လာခဲ့ပါပြီ..။

အနီရောင် မျက်လုံးသုံးလုံး နဲ့ မြုပ်နံခြင်း မျက်နှာဖုံးက သူ့ဖက်ကို လှည့်လာခဲ့တာနဲ့..ဆန်နီဟာ ရုတ်တရက် အားနည်းပြီး သေးငယ်သွားခဲ့သလို ခံစားလိုက်ရတယ်..။သူ့ရဲ့ ခန္တာကိုယ်မှာ ခံစားနေရတဲ့ နာကျင်မူတွေက ပိုမိုနာကျင်လာခဲ့ပြီး..သူ့ပါးစပ်ကနေ ဆန္ဒအလျောက် ညဉ်းညူတဲ့ အသံတောင် ထွက်ပေါ်လာခဲ့ပါတယ်..။

သူက ဒီတိုင်း ရပ်တန့်လိုက်ပြီး..မြေကြီးပေါ်ကို လဲကျလိုက်ချင်နေခဲ့တာပါ.။

ဒူးထောက်ပြီး ပြိုလဲကျချင်နေခဲ့တယ်..။

‘အာ..စိတ်ဝိဥာဉ် တိုက်ခိုက်မူလား..။ဘာလဲ..ဒါအကုန်ပဲလား..။လူတွေကို ကြောက်ရွံ့အောင် ဘယ်လိုလုပ်ရမလဲဆိုတာကို ဂန်လောင် ဆီမှာ သွားသင်လိုက်ဦး ခွေးသား..’

ပြီးတော့..တိုင်းရန့် ရဲ့ မျက်နှာပေါ်က မျက်နှာဖုံးနဲ့စာရင် သူ့ရဲ့ မျက်နှာဖုံးကမှ ပိုပြီး ကြောက်ဖို့ကောင်းနေပါသေးတယ်..။

ဖိနိပ်လာတဲ့ စိတ်စွမ်းအားတွေကို ပြန်လည်တိုက်ခိုက်ရင်း ဆန်နီက ရှေ့ကို တက်သွားကာ..သွေးစွန်းနေတဲ့ လှံရှည်ကို မြောက်လိုက်တယ်..။

သို့ပေမယ့် သူ တိုက်ခိုက်ခွင့် မရခဲ့ပေ..။

တိုင်းရန့် ရဲ့ ပုံစံက လျင်လျင်မြန်မြန် ရွေ့လျားနေတဲ့ ပုံစံမရှိပေမယ့်လည်း အမှန်တကယ် တုန့်ပြန်လာတဲ့ အချိန်မှာတော့..သူ့ရဲ့ လက်က ဆန်နီ ဆီကို ပြင်းထန်တဲ့ အလျင်နှုန်းနဲ့အတူ ရောက်ရှိလာခဲ့တယ်..။ဒီသားရဲက သူ့ရဲ့ လက်နက်ကို ထုတ်သုံးဖို့အတွက်တောင် မလိုအပ်သလိုပဲ..သူ့ကို လက်တစ်ဖက်နဲ့တင် အဆုံးသတ်ဖို့ လုပ်လာခဲ့တာပါ..။

မြေအောက်ကမ္ဘာရဲ့ ဝတ်ရုံတော်ကို အလေးဆုံးအခြေအနေအထိ ဖန်တီးထားလိုက်ပြီး..ဆန်နီဟာ လှံကို လှည့်ပတ်လိုက်ကာ လက်နှစ်ဖက်စလုံးနဲ့ ဆုပ်ကိုင်ထားခဲ့တယ်..။သူက ဒီတိုက်ခိုက်မူကို တားဆီးရမယ့်အစား..လှံရှည်နဲ့ ထောက်ပြီး ခံထားချင်ခဲ့တာပါ..။

သူ ဒီအရာကို လုပ်နိုင်လောက်တယ်မလား…

ခြောက်သွေးနေတဲ့ သတ္တဝါကြီးရဲ့ လက်နဲ့ လှံရှည်က ထိတွေ့သွားခဲ့တယ်..။

…ပြီးတော့ လှံရှည်ကို သာမန် တုတ်ချောင်းတစ်ချောင်းလို လွယ်ကူစွာပဲ ကျိုးပဲ့သွားစေခဲ့ပါတယ်..။ဒီအရာက တက်ရောက်မူ အဆင့် မှတ်သားမူတစ်ခုလို့တောင် မထင်ရပေ..။

ဆန်နီဟာ သူ့ရဲ့ အရိုးတွေ အပေါ်ကို ကျရောက်လာတဲ့ သက်ရောက်မူကို မခံစားရသေးခင်မှာပဲ..ကြီးမားတဲ့ လက်ချောင်းကြီး ငါးချောင်းက သူ့ရဲ့ ခန္တာကိုယ်ကို နီးကပ်လာခဲ့ပြီး..ထောင်ခြောက်မှာ မိနေတဲ့ သံချောင်းတစ်ချောင်းလို ရစ်ပတ်သွားခဲ့ပါတယ်..။

ပြီးတော့..ညှစ်ထားခဲ့တယ်..။

‘ခရက်..’

[ သင့်ရဲ့ မှတ်သားမူ ဖျက်ဆီးခံလိုက်ရပါပြီ…]

တကယ်ရှက်စရာပဲ..။ဒီ မှတ်သားမူရဲ့ နာမည်က ဘာလဲဆိုတာတောင် သူ သိခွင့်မရလိုက်ပါဘူး..။

မြေအောက်ကမ္ဘာဝတ်ရုံတော် ရဲ့ ကျောက်တုံးပုံစံ သတ္တုတွေက အသံတွေ ထွက်ပေါ်လာပြီး တောင့်ခံထားခဲ့တယ်..။

ဝီဗာရဲ့ အရိုးတွေနဲ့ ခိုင်မာအောင် တည်ဆောက်ထားတဲ့ သူ့ရဲ့ အရိုးတွေကလည်း တောင့်ခံထားကြတာပါပဲ..။

ဒါက ဆန်နီ အခြေအနေကောင်းနေခဲ့တယ် လို့ မဆိုလိုနိုင်ပေ..။သူက ဖြည်းဖြည်းချင်းနဲ့ သေတဲ့အထိ အညှစ်ခံရတော့မယ် ဆိုတာကို ခံစားနေခဲ့ရပါတယ်..။ဒါက အသက်တောင် ရူလို့ မရတော့ပါဘူး..။အခြေအနေက ငရဲလိုနာကျင် နေခဲ့ပြီး…လက်တွေ့ အခြေအနေမှာ ဒီထက်တောင် ဆိုဝါးပါတယ်..။

သို့ပေမယ့် ပိုပြီး ဆိုးဝါးတဲ့ အချက်က..တိုင်းရန့်က သူ့ကို ညှစ်ထားတဲ့ အချိန်မှာ..သူက..အရိပ်ခြေလှမ်းကို အသုံးပြုလို့ မရတော့ပါဘူး..။

သူက မလွတ်မြောက်နိုင်တော့ပေ..။

‘ငါ…ငါကတော့..သွားရှုပ်မိပြီ ထင်တယ်…’

ဆန်နီ တိုင်းရန့် ရဲ့ ချုပ်နှောင်မူကနေ လွတ်အောင် ရုန်းကန်နေတုန်းမှာပဲ သတ္တဝါကြီးက အနည်းငယ်စိတ်ဝင်စားသွားခဲ့ပြီး..သူ့ခန္တာကိုယ်ကို မြေကြီးကနေ အလွယ်တကူ မတင်လိုက်တယ်..။ပြီးတာနဲ့ သူ့ရဲ့ သားကောင်ကို..တောက်လောင်နေတဲ့ အနီရောင် မျက်လုံးသုံးလုံး ရဲ့ အနားကို ခေါ်ဆောင်သွားခဲ့ပါတယ်..။

အပိုင်း ( ၄၉၂ ) ပြီး၏။

All Chapters