← Chapters

ကောင်းကင်နတ်ဓားဧကရာဇ်

Vol. 20 Ch. 243

ကောင်းကင်နတ်ဓားဧကရာဇ်

Vol. 20 Ch. 243

နောက်ဆက်တွဲအနေဖြင့် ယွမ်ရှောင်သည် ထာဝရ ဓားအကျဉ်းထောင်မှ ဧည့်သည်များကို နတ်ဘုရားတိုက်ကြီး နှင့် နတ်ဆိုးတိုက်ကြီးများရှိ အခြေအနေများအကြောင်း အကျဉ်းချုပ် တင်ပြခဲ့သည်။ တိုက်ကြီးနှစ်ခုအကြား မကြာသေးမီက ဖြစ်ပွားခဲ့သော စစ်ပွဲကြီး နှင့် မိစ္ဆာမျိုးနွယ်၏ ဝင်ရောက်စွက်ဖက်မှုတို့လည်း ပါဝင်သည်။ သို့သော် သူက အမှန်အတိုင်း မပြောဘဲ ဇာတ်လမ်းတစ်ပုဒ် ဖန်တီးပြီး နတ်ဆိုးမျိုးနွယ် နှင့် မိစ္ဆာမျိုးနွယ်ကို ယုတ်မာပြီး ရက်စက်ကြမ်းကြုတ်သော သတ္တဝါများအဖြစ် ပုံဖော်ခဲ့၏။ ထို့အပြင် ကုပိုင်ရီ နှင့် သူ၏ရှေ့တွင် ရပ်နေသော ထာဝရ ဓားအကျဉ်းထောင်၏ ဓားကျင့်ကြံသူများကို ကမ္ဘာကြီး၏ ကယ်တင်ရှင်များအဖြစ် အမွှန်းတင်ပေးခဲ့သည်။

"အဆုံးမဲ့ ငရဲပြည်နဲ့ ထာဝရ ဓားအကျဉ်းထောင် နှစ်ခုလုံးက နတ်ဆိုးတိုက်ကြီးကို မျက်စိကျနေကြတယ်။ ဒါပေမယ့် ငါ့မှာ သူတို့အားလုံးကို ရင်ဆိုင်ဖို့ အင်အား မလုံလောက်သေးဘူး။ တစ်ခုတည်းသော အခွင့်အရေးက သူတို့ အချင်းချင်း ရန်တိုက်ပေးပြီး အချိန်ကောင်းရောက်ရင် ငါက ပိုင်ပိုင်နိုင်နိုင် ဆုပ်ကိုင်ဖို့ပဲ။ အဲ့ဒီလိုဆိုရင် နတ်ဘုရားတိုက်ကြီးရဲ့ လူသားမျိုးနွယ်က စစ်ပွဲဂယက်ကနေ လွတ်မြောက်နိုင်လိမ့်မယ်"

ယွမ်ရှောင်က အတွေးနက်နေပြီး အကယ်၍ နယ်ခြား ဓားကျင့်ကြံသူများ နှင့် မိစ္ဆာများ ပူးပေါင်းသွားလျှင် လူသား နှင့် နတ်ဆိုးမျိုးနွယ် နှစ်ဖက်စလုံး အလွန်အမင်း အားနည်းသွားနိုင်သည်။

ကောင်းကင်ဘုံဟူသော ဒဏ္ဍာရီတစ်ခုသည် အမှန်တကယ်အားဖြင့် နတ်ဘုရားတိုက်ကြီးနှင့် နတ်ဆိုးတိုက်ကြီးကို အန္တရာယ်ကျရောက်စေခဲ့သည်။ သို့သော် အဆုံးမဲ့ ငရဲပြည် ဖြစ်စေ၊ ထာဝရ ဓားအကျဉ်းထောင် ဖြစ်စေ ဝင်ပေါက် နှစ်ခုစလုံးသည် သူ အစပျိုးခဲ့သော မဟာ ကရုဏာ ကပ်ဘေးကြောင့် ဖြစ်တည်လာခဲ့သည်။ ထို့ကြောင့် ကံကြမ္မာအရ သူက ကယ်တင်ရှင်လား၊ ဖျက်ဆီးသူလား ဝေခွဲမရနိုင်ပေ။ သို့ရာတွင် သူ့အတွက် ဤမေးခွန်းများကို အဖြေထုတ်စဥ်းစားနေရန် အချိန်မရှိသော်လည်း အဆုံးတိုင် တာဝန်ယူရပေလိမ့်မည်။

"ဘယ်လိုဖြစ်ဖြစ် ငါ့အတွက် တကယ်ကိုအချိန် မလောက်ဘူး"

ယွမ်ရှောင်က အံကြိတ်၍ ရေရွတ်လိုက်ပြီး ကြောက်မက်ဖွယ်ရာ ခြိမ်းခြောက်မှုတစ်ခုကို တားဆီးပြီး မကြာမီမှာပင် နယ်ခြား ဓားကျင့်ကြံသူများ နှင့် မိစ္ဆာမျိုးနွယ် ရောက်ရှိလာခဲ့၍ လျင်မြန်လွန်းသောကြောင့် သူ့အတွက် အသက်ပင် ဝဝမရှူနိုင်တော့ပေ။

"ယွမ်ရှောင်၊ မင်းက လူသား စစ်တပ်ကို ဦးဆောင်ပြီး နတ်ဆိုး သန်း ၁၀ ကျော်ကို ကိုယ်တိုင် သတ်ဖြတ်ခဲ့တယ်၊ ဟုတ်လား။ မင်းလို ပါရမီရှင်မျိုးက ငရဲကိုးထပ်ရဲ့ လောက အလွှာတွေထဲမှာတောင် ဓားအော်ရာ အလွှာ ၁,၀၀၀ ကျော် သန့်စင်နိုင်ခဲ့တာ အံ့ဩစရာ မရှိဘူးပဲ။ အခု ကုပိုင်ရီက ဘာလို့ ယောက်ျားလေး တပည့်တစ်ယောက်ကို လက်ခံဖို့ ချွင်းချက်ထားခဲ့လဲဆိုတာ ငါ နားလည်သွားပြီ။ မင်းရဲ့ ဓားသိုင်းပညာ အရည်အချင်းနဲ့ဆိုရင် ဓားအပျက်အစီးနယ်မြေမှာတောင် တောက်ပလိမ့်မယ်"

မျက်ခုံးဖြူ ဓားကျင့်ကြံသူက ယွမ်ရှောင်၏ ဇာတ်လမ်းကို နားထောင်ပြီး ပို၍ပင် လေးစားလာခဲ့သည်။

"မင်းရဲ့ မွေးရာပါ အရည်အချင်းအပြင် လူငယ်လေးတစ်ယောက်ဖြစ်နေပြီး ပြည်သူတွေကို ဦးဆောင်လို့ နတ်ဆိုးတွေနဲ့ ဆန့်ကျင်တိုက်ခိုက်ရဲတဲ့ သတ္တိရှိတာက လုံးဝ အံ့ဩစရာပဲ"

အခြား ဓားကျင့်ကြံသူများကလည်း ယွမ်ရှောင်ကို ချီးကျူးစကား ​ပြောလိုက်ကြပြီး အထင်သေးမှု အရိပ်အယောင် မရှိခဲ့ပေ။ ထိုစကားဝိုင်းမှ ယွမ်ရှောင်သည် သူတို့၏ အထောက်အထားများကို သိရှိခဲ့ပြီး မျက်ခုံးဖြူ အဘိုးကြီးမှာ ဤအုပ်စု၏ ခေါင်းဆောင်ဖြစ်ကြောင်း နားလည်လာသည်။ သူက ထာဝရ ဓားအကျဉ်းထောင်မှ ထိပ်တန်း ဓားကျင့်ကြံသူတစ်ဦး ဖြစ်ကာ အခြားသူများမှ အဘိုးပိုင်ဟု လေးစားစွာ ခေါ်ဆိုကြသည်။ ကျန်အကြီးအကဲများမှာလည်း ထာဝရ ဓားအကျဉ်းထောင်၏ ဓားအပျက်အစီးနယ်မြေမှ ဖြစ်နိုင်ပြီး ဓားစီရင်သူများဟူ၍ လူသိများကာ ဤဘွဲ့ထူးသည် ဓားတာအို၌ ဆရာတစ်ပါးဖြစ်ကြောင်း ဖော်ပြနေ၏။ ကုပိုင်ရီသည် ဓားစီရင်သူတစ်ဦး ဖြစ်သော်လည်း သူ ကိုယ်တိုင်ကြွေးကြော်ခဲ့သော ဓားနတ်ဘုရားဘွဲ့ကမူ ကြွားဝါနေခြင်းသာ ဖြစ်၏။ အဘိုးပိုင် နှင့် ဓားစီရင်သူများအပြင် ယွမ်ရှောင်ကို စူးစမ်းလိုဟန်ဖြင့် စိုက်ကြည့်နေသော လူငယ် ဓားကျင့်ကြံသူအချို့လည်း ဓားအကျဥ်းထောင်မှ လိုက်ပါလာခဲ့သည်။

ယွမ်ရှောင်က ထိုလူအုပ်နှင့် ရောနှောပြီး စကားစမြည်ပြောပြီးနောက် ရင်းနှီးမှု ရရှိလာသည်။ အဘိုးပိုင်ဦးဆောင်သော အဖွဲ့၏ ရည်ရွယ်ချက်မှာ ကောင်းကင်ဘုံမြေ၏ တည်ရှိမှုကို အတည်ပြုရန် ဖြစ်သည်။ နတ်ဆိုးတိုက်ကြီးအတွင် ခဏတာ ခြေဆန့်ပြီးနောက် သူတို့က ၎င်းကို အတည်ပြုနိုင်ခဲ့ပြီး ၎င်း၏ အဓိကအူတိုင်မှာ မျက်စိတစ်ဆုံး မြင်နိုင်သော ခရမ်းရောင် သလင်းကျောက်များဖြင့် ဖွဲ့စည်းထားသည်။

"ဒီလောက်ကြီးတဲ့ သလင်းကြောတစ်ခုက ကောင်းကင်ဘုံ မဟုတ်ရင် တခြား ဘာဖြစ်နိုင်ဦးမှာလဲ"

အဘိုးပိုင်သည် ခြေဖဝါးအောက်မှ ဖျက်ဆီးမရနိုင်သော ခရမ်းရောင် သလင်းကျောက်ကို စိုက်ကြည့်နေရင်း သူ၏ မျက်လုံးများ စိတ်ဝင်စားမှုဖြင့် တောက်ပနေသည်။

"အဘိုး၊ တကယ့် ပြဿနာက ငါတို့ ဒီ ကောင်းကင်ဘုံအပိုင်းကို ဘယ်လို ရယူကြမလဲ။ ဒါကို ထာဝရ ဓားအကျဉ်းထောင်အထိ ပြန်သယ်သွားဖို့ အရမ်း ကြီးလွန်းတယ်မလား"

မေးခွန်းထုတ်လိုက်သူမှာ အဖြူရောင်ဝတ် လူငယ်တစ်ယောက် ဖြစ်သည်။ သူ၏ ဝတ်ရုံက ယွမ်ရှောင်၏ ဝတ်စုံနှင့် ကွဲပြားပြီး ယွမ်ရှောင်၏ ဝတ်စုံသည် ကျောက်ရန်ရန် ချုပ်လုပ်ပေးထားခြင်းဖြစ်ကာ သပ်ရပ်ရိုးရှင်းသည်။ သို့သော် ဤ လူငယ်၏ အဖြူရောင် ဝတ်ရုံအထက်တွင် ကနုတ်ပန်းများ နှင့် တိမ်တိုက်များ ထိုးထွင်းထားပြီး လှပသော အဝတ်အစားအပြင် သံချပ်ကာအဖြစ်လည်း အသုံးပြုနိုင်သည့် ရတနာတစ်မျိုး ဖြစ်သည်။ ပိုင်ဝူချွဲဆိုသူ ဖြစ်ကာ ထာဝရ ဓားအကျဉ်းထောင်၏ ကျော်ကြားသော ပါရမီရှင်တစ်ဦးပင်။ သူ၏ မျက်လုံးများရှိ ဓား စွမ်းအင်သည် ပင်လယ်သမုဒ္ဒရာကဲ့သို့ နက်ရှိုင်းကာ ချောမောခန့်ညားသော ရုပ်ရည်နှင့်အတူ ဓားသိုင်းပညာ နှင့် ကျင့်ကြံမှု လမ်းကြောင်းတွင် သူက ချန်တိထက် သိသိသာသာ အဆင့်မြင့်မားပြီး ယွမ်ရှောင်ကိုပင် လွှမ်းမိုးနိုင်စွမ်း ရှိနေ၏။

"ကောင်းကင်ဘုံမြေအကြောင်း ငါတို့သိသလောက်က ဒဏ္ဍာရီတွေပဲ ရှိတယ်။ ငါတို့ ဘိုးဘေးတွေက ဒီအရာမှာ ဗဟိုအူတိုင်တစ်ခု ရှိနိုင်တယ်လို့ မှတ်တမ်းတင်ထားတယ်။ တကယ်လို့ တစ်ယောက်ယောက်က ဒါကို ထိန်းချုပ်နိုင်ခဲ့ရင် ကောင်းကင်ဘုံမြေကို သယ်ယူသွားဖို့ ဖြစ်နိုင်လောက်တယ်"

အဘိုးပိုင်က လေးနက်စွာ ပြောသည်။

"ဒါဆိုရင် ဗဟိုအူတိုင်က ဘယ်မှာလဲ"

ပိုင်ဝူချွဲက ဆက်မေးသည်။

"အဲ့ဒါကို ငါတို့ မသိဘူး။ ဘယ်လိုအရာမျိုးအနေနဲ့ တည်ရှိနေတယ်ဆိုတာတောင် ငါတို့ မသိဘူး။ ဒါကို အဖြေထုတ်ဖို့က ငါတို့ တာဝန် ဖြစ်လာပြီ"

အဘိုးပိုင်က ကြီးမားကျယ်ဝန်းသော ခရမ်းရောင်သလင်းကျောက်ကြောတစ်လျှောက် ငေးကြည့်ရင်း အမှန်တရားကို ဝန်ခံလိုက်၏။ ကောင်းကင်ဘုံမြေသို့ အဆုံးမဲ့ ငရဲပြည်မှ ဝင်ပေါက်တစ်ခုလည်း ဖွင့်လှစ်ထားကြောင်း သိရှိခဲ့ရသည်။ ထို့ကြောင့် သူက ထာဝရ ဓားအကျဉ်းထောင်သို့ ထောက်လှမ်းရရှိသော သတင်းအသစ်များ ပြန်လည် ပေးပို့ခဲ့သည်။ ဤလုပ်ရပ်ကိုမူ ယွမ်ရှောင်အနေဖြင့် တားဆီးရန် မဖြစ်နိုင်ပေ။

"အဘိုးပိုင်နဲ့ လေးစားရသော ဓားစီရင်သူတို့ ကျုပ်မှာ ဒီကောင်းကင်ဘုံကို အရယူဖို့ နည်းလမ်းတစ်ခု ရှိပါတယ် ခင်ဗျာ"

မထင်မရှားဟန်ပန်ဖြင့် မီးခိုးရောင်ဝတ်ထားသော လူငယ်တစ်ယောက် ရုတ်တရက် ရှေ့တိုးလာသည်။ ယွမ်ရှောင်သည် သူ့ကို အစောကတည်းက သတိထားမိခဲ့ပြီး ဆံပင် ဖရိုဖရဲ နှင့် ညစ်ပတ်စွန်းထင်းနေသော အဝတ်အစားများကြောင့် ပိုင်ဝူချွဲ နှင့် အခြားပါရမီရှင် လူငယ်များနှင့် သိသိသာသာ ကွဲထွက်နေ၏။ သို့ရာတွင် သူ၏ မျက်လုံးများက စူးရှတောက်ပ၍ ချောမောပြီး ချဉ်းကပ်ရလွယ်ကူသော ရုပ်ရည်သွင်ပြင် ပိုင်ဆိုင်ထားသည်။

"ဓားကျွန်၊ အဓိပ္ပာယ်မရှိတာ မပြောနဲ့"

မီးခိုးရောင်ဝတ် လူငယ် စကားပြောလာသည်နှင့်တပြိုင်နက် ပိုင်ဝူချွဲမှာ မကျေမနပ် ဖြစ်သွားပြီး အေးစက်စက် ဖြတ်ပြောလိုက်ရာ ကျယ်လောင်ခြင်း မရှိသော်လည်း သတိပေးချက်တစ်ခု အရိပ်အမြွက်ပြနေသည်။ အကြီးအကဲများသည်လည်း မီးခိုးရောင်ဝတ် ထိုလူငယ်ကို ဂရုမစိုက်ကြဘဲ သူ့အပေါ် လုံးဝ လျစ်လျူရှုထားကြ၏။

"ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးကြပါ။ ငါ့ရဲ့ ဒီဓားကျွန် ဦးခေါင်းပေါ်ကို ဟိုတစ်နေ့က ဓားကျိုးတစ်စင်း ပြုတ်ကျတာ ခံလိုက်ရတယ်။ အဲ့ဒီကတည်းက သူဟာ ပုံမှန်မဟုတ်တော့ဘဲ မကြာခဏ အဓိပ္ပာယ်မရှိတာတွေ ပြောတတ်တယ်"

ပိုင်ဝူချွဲက ရှင်းပြသည်။

"ဓားနှစ်ချင်း မင်္ဂလာအခမ်းအနားပြီးရင် ငါတို့ သူ့ကို အစားထိုးပေးမယ်"

အဘိုးပိုင်က ခေါင်းညိတ်သည်။

"ဟုတ်ကဲ့"

သူတို့၏ စကားဝိုင်းအရ ဓားအပျက်အစီးနယ်မြေ၏ ဓားနှစ်ချင်း မင်္ဂလာအတွက် ပြန်သွားချင်နေကြောင်း ထင်ရှားသည်။ ဝင်ပေါက်နှင့် နီးကပ်နေသည့်အတွက် သူတို့က အရင်ဆုံး ခရီးထွက်လာရပြီး အဆင့်နိမ့် ဓားကျွန်တစ်ယောက်ကို အတူတကွ ခေါ်ဆောင်လာရသည့် အကြောင်းရင်းလည်း ဖြစ်၏။ ဤမြေးအဘိုးသည်နတ်ဆိုးတိုက်ကြီး၏ လျှို့ဝှက်ချက်များကို ဆက်လက် စူးစမ်းနေကြရင်း ထာဝရ ဓားအကျဉ်းထောင်မှ ပေးပို့လာမည့် ညွှန်ကြားချက်များကို စောင့်ဆိုင်းနေကြသည်။

"အဘိုးပိုင်ရဲ့ ကျင့်ကြံမှု အဆင့်က တာအို နှလုံးသား နယ်ပယ်အထက် ကျော်လွန်နေတာ ဖြစ်ရမယ်"

ယွမ်ရှောင်က စဥ်းစားခန်းဝင်နေရင်း ဤမျှအစွမ်းထက်သော ဓားကျင့်ကြံသူတစ်ယောက်က နတ်ဘုရားတိုက်ကြီး နှင့် နတ်ဆိုးတိုက်ကြီး နှစ်ခုလုံးအတွက် ကြောက်စရာကောင်းလွန်းသဖြင့် သူ၏ နှလုံးသားကို ဓားတစ်လက် ထောက်ထားသည့်ပမာ မသက်မသာ ခံစားနေရ၏။

"လင်းချန်လို့ခေါ်တဲ့ အဲ့ဒီဓားကျွန်က တစ်ခုခု ထူးခြားနေတယ်"

ကြယ်ပြာက ရုတ်တရက် မှတ်ချက်ချသည်။

"ဟုတ်လား"

ယွမ်ရှောင်သည် လူအုပ်၏ အစွန်အဖျားတွင် ခေါင်းငုံ့၍ ရပ်နေသော လင်းချန်ထံ တစ်ချက်လှမ်းကြည့်လိုက်သောအခါ စိတ်ထဲရှိ ဒေါသကို ဖြေဖျောက်နေဟန်ဖြင့် လက်သီးများ ဆုပ်လိုက်ဖြန့်လိုက် လုပ်နေကြောင်း တွေ့လိုက်ရသည်။

"ဟူး"

လင်းချန်သည် မှောင်မည်းနေသော ဝဲဂယက်တစ်ခုအတွင်း နှစ်တစ်သန်းကြာအောင် ရုန်းကန်နေခဲ့ရသကဲ့သို့ ခံစားလိုက်ရသည်။ သူက အရောင်ကိုးရောင် ရှေးဟောင်း ဓားတစ်လက်တွင် တွယ်ကပ်နေခဲ့ရပြီး ဓား၏ အရောင်တစ်ခုချင်းစီတွင် ရှေးကျသော အင်မော်တယ် နှင့် မိစ္ဆာ ပုံရိပ်များ ထင်ဟပ်၍ ထာဝရ တာအို နိယာမတစ်ခုဖြင့် ထွင်းထုထားသည်။ တာအို နိယာမတိုင်းက အာကာသ၏ စွမ်းအားဖြင့် တုန်ခါနေပြီး စစ်မှန်သော ကမ္ဘာများကဲ့သို့ လှုပ်ရှားနေ၏။

"ကျစ်ရွှမ်း။ ငါ မင်းကို ညီအစ်ကိုတစ်ယောက်လို ဆက်ဆံခဲ့ပေမယ့် ငါ ကပ်ဘေး ကျော်လွှားခဲ့လို့ အားနည်းနေတုန်း မင်းက တိုက်ခိုက်ခဲ့တယ်။ ငါ့ရဲ့ အင်မော်တယ် ဓားအရိုးကို ခိုးယူပြီး ငါ့ရဲ့ အာကာသနတ်ဓားကို လုယက်ချင်ခဲ့တယ်"

မရေမတွက်နိုင်သော အကြိမ်များစွာ ဝိညာဉ် ပြိုကွဲလုနီးပါး ဖြစ်ခဲ့သော်လည်း သူ၏ နှလုံးသားထဲမှ အမုန်းတရား နှင့် အရောင်ကိုးမျိုး ဓားကြောင့် နှစ်တစ်သန်းကြာအောင် တည်တံ့စေခဲ့သည်။ သူ၏ နှလုံးသားထဲမှ အမုန်းတရားက ပို၍ပို၍ ကြီးမားလာပြီး ငရဲမီးတောက်ပမာ ထိုဓားအပေါ်၌ စုစည်းတောက်လောင်နေ၏။

ဤရှေးဟောင်းဓားသည် မရေမတွက်နိုင်သော လောကများကို ဖောက်ထွက်၍ အမြင့်ဆုံး ကောင်းကင်နယ်မြေမှ သာမန်လောကများထံ ပြုတ်ကျလာသည်။

နောက်ဆုံးတွင် အလင်းတစ်ခုပမာ ရှေ့တွင် ထွက်ပေါ်လာပြီး မီးခိုးရောင်ဝတ် လူငယ်တစ်ယောက်ကို ထိမှန်သွားကာ ဆတ်ခနဲ တုန်ခါသွားစေ၍ လင်းချန်၏ မျက်လုံးများ ရုတ်ချည်း ပြန်လည် ကြည်လင်သွားခဲ့၏။

"ငါက ဘယ်သူလဲဟ"

မတူညီသော မှတ်ဉာဏ် နှစ်ခု လူငယ်၏ စိတ်အတွင်း တွေ့ဆုံသွားကြ၏။

"ငါဟာ ကောင်းကင် နတ်ဓားတရားရုံးရဲ့ အရှင်သခင်၊ တစ်ချိန်က ကျော်ကြားခဲ့တဲ့ ကောင်းကင် နတ်ဓားဧကရာဇ်၊ အင်မော်တယ်တစ်ပါးပဲ။ ဓားတစ်စင်းနဲ့ ငါက ကျယ်ပြန့်တဲ့ စကြဝဠာတစ်ခွင်လုံးကို ချေမှုန်းခဲ့တယ်။ ဒါပေမယ့် သွေးသောက် ညီအစ်ကို သစ္စာဖောက်တာ ခံခဲ့ရပြီး အင်မော်တယ် ဓားအရိုးနဲ့ ဓားဝိညာဥ် လုယူခံခဲ့ရတယ်"

"ငါက ဓားတာအို ပါရမီရှင်အဖြစ် မွေးဖွားလာတယ်။ မွေးဖွားလာချိန်မှာ ပုံမှန်မဟုတ်တဲ့အရာတွေကို ဖြစ်ပေါ်စေခဲ့လို့ အကြီးအကဲတွေက မနာလိုဖြစ်ပြီး ငါ့ရဲ့ ဓားအရိုး နုတ်ယူခံခဲ့ရတယ်၊ ငါ့ရဲ့ ဓားဝိညာဉ်ကိုလည်း လုယက်သွားကြလို့ သာမန် ဓားကျွန်တစ်ယောက်အဖြစ် အဆုံးသတ်သွားတယ်"

ဤ မှတ်ဉာဏ်များ ပေါင်းစပ်သွားသည်နှင့်တ​ပြိုင်နက် လင်းချန်မှာ ပြန်လည်မွေးဖွားလာကြောင်း သိလိုက်ရသည်။

"ဒီခန္ဓာကိုယ်ကလည်း လင်းချန်လို့ အမည်ရတယ်"

သူက ထောင့်တစ်နေရာတွင် ရပ်နေပြီး နှလုံးသားမှာ စိတ်ခံစားမှုကြောင့် လှုပ်ရှားနေသည်။ နှစ်တစ်သန်းကြာအောင် မဆုတ်မနစ် တောင့်ခံခဲ့သော ဇွဲလုံ့လ၏ အကျိုးရလဒ်က ပြန်လည်မွေးဖွားစေခဲ့သည်။

"ဟမ်"

လင်ချန်က သူ၏ လက်ကို ဆန့်တန်းလိုက်ရာ အရောင်ကိုးမျိုး ဓားဝိညာဉ်တစ်ခု ရုတ်တရက် ထွက်လာသည်။ ၎င်း၏ အပိုင်း ကိုးပိုင်းတွင် တစ်ခုချင်းစီသည် သေးငယ်သော ကမ္ဘာတစ်ခုနှင့် ဆင်တူ၍ အာကာသ စွမ်းအားများ ပြည့်နှက်နေသည့်အပြင် အင်မော်တယ်များ နှင့် မိစ္ဆာများ၏ ရုပ်တုများ တည်ရှိနေသည်။

"အာကာသနတ်ဓား။ ဒါက ငါနဲ့အတူ ပြန်လည်မွေးဖွားလာခဲ့ပြီး ငါ့ရဲ့ ဓားဝိညာဉ် ဖြစ်လာခဲ့တယ်"

လင်ချန်၏ မျက်လုံးများ ပျော်ရွှင်မှုကြောင့် ပြူးကျယ်သွားကာ ရှေးခေတ်ဟောင်းမှ အာကာသချီ စွမ်းအားဖြင့် ဖန်တီးထားသော နတ်ဓားကို ပိုင်ဆိုင်နိုင်ခဲ့၏။ ဘဝဟောင်းတွင် သူက ၎င်း၏ လျှို့ဝှက်ချက်များကို မဖော်ထုတ်နိုင်ဘဲ နှစ်ပေါင်းများစွာ ကုန်ဆုံးခဲ့သည်။ ၎င်းကြောင့် သစ္စာဖောက်ခြင်း ခံရရုံသာမက အမုန်းတရား နှလုံးသားနှင့် သေဆုံးခဲ့ရသည်။

"ဒီ ဓားနဲ့ဆိုရင် ငါက ဓားတာအိုကို အသုံးချပြီး ကောင်းကင်ကို နောက်တစ်ကြိမ် တက်လှမ်းမယ်၊ ငါ့ရဲ့ အတိတ်ဘဝထက် ကျော်လွန်စေရမယ်"

အာကာသနတ်ဓားကို ဆုပ်ကိုင်ရင်း လင်းချန်၏ မျက်လုံးများသည် ကောင်းကင် နတ်ဓားဧကရာဇ်၏ စိတ်ဓာတ်မျိုးဖြင့် တောက်လောင်နေသည်။

"ဒီဘဝမှာ ငါက ယူစရာရှိတဲ့ အကြွေးကို မြန်မြန် ဖြေရှင်းမယ်။ သေသင့်တဲ့ သစ္စာဖောက်တွေကို သူတို့ရဲ့ အဆုံးသတ်နှင့် တွေ့ပေးရလိမ့်မယ်။ ဒီဘဝမှာ ငါ့ရဲ့ ချစ်သူကို နောက်တစ်ကြိမ် တွေ့ခွင့်ရရင် နောင်တရစရာ မရှိဘူး။ ငါ အမြင့်ဆုံး ကောင်းကင်သို့ ပြန်လည် ရောက်ရှိတဲ့နေ့မှာ ကျစ်ရွှမ်း၊ မင်းက အဆတစ်ထောင်အထိ တန်ရာတန်ကြေး ပေးဆပ်ရမယ်"

လင်းချန်၏ မျက်ဝန်းများနှင့်အတူ နတ်ဓားက တောက်ပနေသော်လည်း ခဏအတွင်း မျက်နှာအထက်၌ ခါးသီးသော အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ငါ့ရဲ့ ခန္ဓာကိုယ်အသစ်က တော်တော်လေး အားနည်းတယ်။ ကောင်းကင်ရောက်ဖို့ အပြန်ခရီးက အစကနေ လျှောက်လှမ်းရတော့မယ်"

သူက မျက်မှောင်ကြုတ်၍ တီးတိုးရေရွတ်နေသည်။

"ချင်ထျန်း၊ မင်းက အဆင့်အတန်းကို အသုံးချပြီး လင်းချန်ရဲ့ ဓားအရိုးကို သားအတွက် ခိုးယူခဲ့တယ်။ ချင်လော့၊ မင်းကတော့ လင်းချန်ရဲ့ ဓားပါရမီကို ယူပြီး အခု ဓားအပျက်အစီးနယ်မြေရဲ့ ထိပ်တန်း ပါရမီရှင်တစ်ယောက်အဖြစ် ထွန်းလင်းတောက်ပနေတယ်။ ငါက မင်းတို့ကို လူငယ်လေး လင်းချန်အစား ဒီသွေးကြွေးအတွက် ပေးဆပ်ခိုင်းမယ်"

သူက ကောင်းကင် နတ်ဓားဧကရာဇ်အပြင် ဓားအပျက်အစီးနယ်မြေ၏ လင်းချန်လည်း ဖြစ်သည်။ အတိတ်ဘဝမှ ရန်ငြှိုးကို သူ၏ နှလုံးသားတွင် နက်ရှိုင်းစွာ မြှုပ်နှံထားရသော်လည်း လက်ရှိဘဝ၏ အမုန်းတရားကို အရင်ဆုံး လက်စားချေပေလိမ့်မည်။

"ပိုင်ဝူချွဲ၊ မင်းက ငါ့ကို ဓားကျွန်တစ်ယောက်လို အနိုင်ကျင့်လို့ရတယ်လို့ ထင်နေတာလား။ အခု မှတ်မိပြီ၊ မင်းကလည်း ချင်လော့ရဲ့ သူငယ်ချင်းပဲ"

ချင်မျိုးနွယ်ဝင်က သူ၏ အသက်ကို ချမ်းသာပေးခဲ့သည်မှာ ထပ်ခါထပ်ခါ အရှက်ရစေရန် နှင့် ဖိနှိပ်ရန်အတွက်သာ ဖြစ်သည်။ အကယ်၍ လင်းချန်၏ မိဘများသာ ဓားအပျက်အစီးနယ်မြေကို ကူညီမပေးခဲ့လျှင် ဘဝက ပို၍ပင် ဆိုးရွားပေလိမ့်မည်။ သူ၏ မိဘများ ပျောက်ကွယ်သွားသောကြောင့် ချင်ထျန်းမှာ သူ၏ ဓားအရိုးကို လောဘတက်ရဲခဲ့ခြင်းပင်။

"အခု၊ ခွန်အား အလုံအလောက် မရှိသေးလို့ ငါက တိတ်တဆိတ် ကျင့်ကြံရမယ်။ အာကာသနတ်ဓားကို ငါ့ရဲ့ ဓားဝိညာဉ်အဖြစ်ထားပြီး ဓားနှစ်ချင်း မင်္ဂလာက ငါ့အတွက် အခွင့်အရေးပဲ။ တကယ်လို့ ငါကသာ ဓားကို ကိုးကြိမ် ပဲ့တင်ထပ်စေနိုင်ခဲ့ရင် ဓားအပျက်အစီးရဲ့ မင်းသား ဖြစ်လာနိုင်တယ်၊ ဆရာတစ်ယောက် ရွေးချယ်ပြီး တာအိုကို ကာကွယ်နိုင်လိမ့်မယ်"

လင်းချန်၏ ရည်မှန်းချက်က ခိုင်မာစွာ ဖြစ်တည်လာ၍ မြေကြီးရှိ ခရမ်းရောင် သလင်းကျောက်ကို ရုတ်တရက် ငုံ့ကြည့်၍ မျက်ဝန်းများ တောက်ပလာသည်။

"အာကာသနတ်ဓားက ဒီ မြေကြီးကို တုံ့ပြန်နေတယ်။ ဒီလို သာမန် လောကမှာ ဒီလောက် အံ့ဩစရာကောင်းတဲ့ အရာတစ်ခု ရှိနေတာလား။ တကယ်လို့ ငါသာ ဒီ ကောင်းကင်ဘုံကို စုပ်ယူနိုင်ခဲ့ရင် အာကာသနတ်ဓားက သေချာပေါက် ပိုအစွမ်းထက်လာလိမ့်မယ်။ ဒီဘဝမှာ ကောင်းကင်က ငါ့ကို တကယ်ကူညီနေတာပဲ"

နှစ်တစ်သန်းအကြာတွင် ကံတရားက နောက်ဆုံး၌ သူ့အပေါ် မျက်နှာသာပေးခဲ့သောကြောင့် တစ်ချက်ပြုံးလိုက်လေသည်။

All Chapters