ဓားအပျက်အစီးနယ်မြေ၏ ဓားနှစ်ချင်းအခမ်းအနား
Vol. 20 Ch. 245
စစ်မင်းသမီးသည် လက်ရှိ အခြေအနေတွင် သူမကို ယွမ်ရှောင်မှလွဲ၍ အခြားသူများ မြင်သွားလျှင် ညည်းသံများကြောင့် အရှက်ကွဲပေလိမ့်မည်။ သူမက ဦးခေါင်းကို ငုံ့ထားပြီး မိစ္ဆာ မင်းသမီး၏ ဂုဏ်သိက္ခာမှာ လေထဲတွင် ဖုန်မှုန့်ကဲ့သို့ လွင့်ပါသွားသည်။ ကံကောင်းစွာဖြင့် ထိုအချိန်၌ အဆုံးမဲ့ ငရဲပြည်၏ ဝင်ပေါက်တွင် အရိပ်များ တဖြတ်ဖြတ် လှုပ်ခတ်နေသည်။
"ကျင့်ကြံတာ ရပ်လိုက်တော့၊ တစ်ယောက်ယောက် လာနေတယ်။"
သူမ၏စကား မဆုံးခင်မှာပင် သွေးနဂါးများ သူမ၏ ခန္ဓာကိုယ်အတွင်း ဝင်ရောက်ပျောက်ကွယ်သွားသည်။ နောက်ဆုံးတွင် သူမက ခါးကို တည့်မတ်၍ အသက်ဝဝရှူလိုက်ပြီး မျက်နှာပေါ်ရှိ ရှက်သွေးများ မှိန်ဖျော့လာခဲ့၏။ သူမ၏ အမူအရာက အေးစက်၊ အထီးကျန်ပြီး ချဉ်းကပ်မရနိုင်သော အသွင်မျိုးသို့ ပြောင်းလဲသွား၏။ အရပ်ရှည်ရှည် ပုံရိပ်များစွာ စစ်မင်းသမီးရှေ့တွင် ပေါ်ထွက်လာကာ သူတို့အားလုံး မိစ္ဆာများ ဖြစ်ကြ၏။
"ယောင်ယောင်"
မိစ္ဆာအုပ်စု၏ အလယ်တွင် လူငယ် မိစ္ဆာတစ်ယောက် ရပ်နေပြီး ယွမ်ရှောင်ထက် အနည်းဆုံး ခေါင်းနှစ်လုံးခန့် မြင့်မားသည်။ အချိုးအစားကျနသော ခန္ဓာကိုယ်တွင် ခရမ်းရောင် သံချပ်ကာ ဝတ်ဆင်ထားကာ နီရဲသော မျက်လုံးများမှ မိစ္ဆာတစ်ဦး၏ အေးစက်၍ သွေးဆာသော အရှိန်အဝါကို ထုတ်လွှတ်နေသည်။ အထင်ရှားဆုံးမှာ ရှည်လျားသော ငွေရောင် ဆံပင်ဖြစ်၍ သပ်ရပ်စွာ စည်းနှောင်ထားပြီး နဖူးပေါ်တွင် ခရမ်းရောင် ချိုနှစ်ချောင်း ချွန်ထက်စွာ တည်ရှိနေသည်။ ပတ်ဝန်းကျင်မှ အခြားမိစ္ဆာများသည်လည်းလည်း အထင်ကြီးဖွယ်ရာ တည်ရှိမှုများဖြစ်ကြပြီး သူတို့ ရောက်ရှိလာရုံဖြင့် သေခြင်း၏ အေးစက်စက် အငွေ့အသက်ကို ဆောင်ကြဉ်းလာသောကြောင့် ပတ်ဝန်းကျင် ဆယ်မိုင်၌ ငရဲအလား ဖြစ်သွားစေ၏။ ဤမိစ္ဆာများမှာ အဆုံးမဲ့ ငရဲပြည်၏ ထိပ်တန်းပါရမီရှင်များ ဖြစ်ကြောင်း ရှင်းလင်းနေသည်။
"မင်း ငါ့ကို ခုနက ဘယ်လိုခေါ်လိုက်တာလဲ"
စစ်မင်းသမီး၏ မျက်နှာက ရေခဲတုံးအလား အေးစက်တင်းမာနေသည်။
"ကျွန်တော် မှားသွားပါတယ်။ ကျွန်တော် အရှင်မင်းသမီးကို စောင့်ခိုင်းမိတဲ့အတွက် တောင်းပန်ပါတယ်"
ငွေရောင်ဆံပင် မိစ္ဆာက တစ်ချက်ပြုံး၍ ပြောလိုက်၏။
"ဘာလို့ မင်းတို့ လူငယ်တွေပဲ ရောက်လာရတာလဲ"
စစ်မင်းသမီးက သူတို့ကို စစ်ဆေးပြီး မျက်မှောင်ကြုတ်လိုက်သည်။
"အကြီးအကဲတွေက လမ်းကြောင်းကို ချဲ့ထွင်နေတုန်းပါ။ တကယ် အစွမ်းထက်တဲ့ ကျင့်ကြံသူတွေက ခုထိ မဖြတ်သန်းနိုင်သေးဘူး။ ထာဝရ ဓားအကျဉ်းထောင်ရဲ့ အဘိုးကြီးတွေ ဖြတ်သန်းလာခဲ့ရင်တောင် ကျွန်တော် သူတို့ကို ကိုင်တွယ်နိုင်တယ်"
ငွေရောင်ဆံပင် မိစ္ဆာက နတ်ဆိုးတိုက်ကြီးကို တစ်ချက်ဝေ့ကြည့်၍ နှာခေါင်းရှုံ့လိုက်ပြီး ကျန်မိစ္ဆာများလည်း ယုံကြည်မှုရှိစွာ ပြုံးနေကြသည်။
"အရှင်မင်းသမီး။ အရှင်သခင်က အရှင်မင်းသမီးကို နန်းတော်ဆီ ပြန်လည် ပို့ဆောင်ပေးဖို့ ညွှန်ကြားထားပါတယ်။ အရှင်မင်းသမီးက ကောင်းကင်ဘုံမြေ ကိစ္စမှာ ကြီးမားတဲ့ အမှုတော်ထမ်းဆောင်ခဲ့လို့ ဆုလာဘ်တွေ စောင့်ကြိုနေပါတယ်"
ငွေရောင်ဆံပင် မိစ္ဆာက ဒူးတစ်ဖက် ထောက်၍ လက်တစ်ဖက်ကို ရင်ဘတ်တွင် လေးစားစွာ ထား၍ လျှောက်တင်လိုက်၏။
"ငါ မပြန်ဘူး"
စစ်မင်းသမီးက တည်ငြိမ်စွာ ခေါင်းယမ်းပြသည်။
"အရှင်မင်းသမီးရဲ့ ဆယ့်ရှစ်နှစ်မြောက် မွေးနေ့က နီးကပ်လာပြီ။ ဒါက ပျော်ရွှင်စရာမျိုး မဟုတ်ပေမယ့်၊ အရှင်မင်းသမီးရဲ့ မိဘတွေက လက်ခံခဲ့ပြီးပြီ။ မင်္ဂလာပွဲပြီးရင် ဘယ်လို ပြဿနာ ဖြစ်ဖြစ် ကျွန်တော်က အရှင်မင်းသမီးကို အသက်နဲ့ရင်း ကာကွယ်ပါမယ်။ အရှင်မင်းသမီးကို အပုပ်ချရဲတဲ့ ဘယ်သူမဆို သူတို့ရဲ့ မျိုးနွယ်တစ်ခုလုံးကို ချေမှုန်းပစ်ပါမယ်"
ဒူးထောက်နေသော လူငယ်မိစ္ဆာက ခေါင်းမော့ကြည့်လာ၍ သတိပေးခဲ့သည်။
"ဆယ့်ရှစ်နှစ်မွေးနေ့ ဟုတ်လား"
စစ်မင်းသမီး သူမ၏ သွေးကြာပွတ်ကို ရုတ်တရက် ဆန့်ထုတ်၍ ထိုလူငယ်၏ လည်ပင်းကို ရစ်ပတ်ကာ ဦးခေါင်းရှိ သွေးဦးချိုများအား ညွှန်ပြခဲ့သည်။
"မိစ္ဆာသွေး ကိုးဆင့် အားလုံး ဖွင့်လှစ်ပြီးပြီ။ ဒါတွေကို မြင်လား"
သူမ၏ စကားကြောင့် အခြား လူငယ် မိစ္ဆာများ တုန်ရီသွားကာ မယုံကြည်နိုင်ဟန်ဖြင့် မျက်လုံးပြူးနေကြသကဲ့သို့ ငွေရောင်ဆံပင်မိစ္ဆာလည်း ဒူးနှစ်ဖက်လုံး ထောက်လိုက်ရ၏။
"ဒါ အမှန်ပဲလား"
"မိစ္ဆာ နှလုံးသား နယ်ပယ်"
သူတို့၏ အကြည့်များက ထိတ်လန့်မှု နှင့် ရှုပ်ထွေးမှုမှ လေးစားကြည်ညိုမှုသို့ ပြောင်းလဲသွားကာ စိတ်ခံစားချက်များ ဗြောင်းဆန်နေသည်။ စစ်မင်းသမီးက လက်ရှိအခြေအနေမျိုးကို ကျေနပ်စွာ မျှော်လင့်ထားပြီး အဆုံးမဲ့ ငရဲပြည်မှ ပါရမီရှင်များသည် သူမ၏ အဆင့်အတန်းကြောင့်သာ အပေါ်ယံ ဟန်ဆောင် လေးစားကြကြောင်း သိထားသည်။ အတွင်းစိတ်တွင် သူတို့က သူမကို သနားစရာကောင်းသော ပုံရိပ်တစ်ခုအဖြစ် အမြဲတမ်း သတ်မှတ်ထားကြသဖြင့် ရှေ့တစ်မျိုး နောက်ကွယ်တစ်မျိုး သဘောထားများကို ငြီးငွေ့နေပြီဖြစ်သည်။ စိတ်လှုပ်ရှားစရာ ခံစားချက်ကို သူမအနေဖြင့် ဆယ့်ခုနစ်နှစ်ကြာအောင် တောင့်တခဲ့ပြီး အိပ်မက်မက်ခဲ့သော ပန်းတိုင်ဖြစ်၍ ဤခံစားချက်ကို မူးယစ်ဆေးအလား စွဲလန်း မြတ်နိုးသွားသည်။
"ဂုဏ်ယူပါတယ်၊ အရှင်မင်းသမီး"
ငွေရောင်ဆံပင် မိစ္ဆာက မြေကြီးပေါ်တွင် ဝပ်တွား၍ အော်ဟစ်လိုက်သောအခါ ကျန်မိစ္ဆာများလည်း ချက်ချင်း ဒူးထောက်လိုက်ကြ၏။ ကိုးဆင့်မိစ္ဆာသွေး အသက်ဝင်လာခြင်း၏ ရလဒ်အကြောင်း သူတို့သည် အခြားသူများထက် ပို၍ သိရှိနားလည်ကြပြီး တစ်ချိန်က အသုံးမကျသော မင်းသမီးတစ်ပါးကို အထွတ်အထိပ်သို့ ပြန်လည် မြှင့်တင်ပေးနိုင်သည်။
"ဖုန်းယို၊ မင်း တကယ် ဝမ်းသာလို့လား။ အခု မင်းက ငါနဲ့ မထိုက်တန်ဘူး"
စစ်မင်းသမီးက ငွေရောင်ဆံပင် မိစ္ဆာကို သတိပေးဟန်ဖြင့် စိုက်ကြည့်လိုက်သည်။ ဖုန်းယိုက မြေကြီးကို မျက်နှာအပ်ထားပြီး အမူအရာ ဖုံးကွယ်ထားသော်လည်း လက်သီးကို တင်းတင်းဆုပ်ထားမိသည်။
"အရှင်မင်းသမီး။ ခင်ဗျားရဲ့ ဆန္ဒ ပြည့်သွားခြင်းက ငါတို့ မိစ္ဆာမျိုးနွယ်ကို ငရဲဘုံ ကိုးထပ်ရဲ့ အထွတ်အထိပ် ရောက်သွားစေနိုင်တယ်။ဒါက ငါတို့ မျိုးနွယ်ရဲ့ ဂုဏ်ကျက်သရေ၊ ငါတို့ရဲ့ အနာဂတ် ဖြစ်ပါတယ်။ ကျွန်တော်က အရှင်မင်းသမီးအတွက်၊ မိစ္ဆာ မျိုးနွယ်အတွက် အလွန် ဝမ်းသာမိပါတယ်။ အရှင်မင်းသမီးက ကျွန်တော့်ကို လက်မထပ်ရင်တောင် အသက်နဲ့ရင်းပြီး တစ်သက်လုံး အမှုထမ်းပါမယ်"
ဖုန်းယိုက သူ၏ ဦးခေါင်းကို မော့၍ သွေးရောင် မျက်လုံးများဖြင့် စစ်မင်းသမီးကို ကြည့်နေခဲ့၏။
" ငါ့ရဲ့ မိစ္ဆာသွေး အသက်ဝင်လာတာက မင်းအတွက် အန္တရာယ်တစ်ခု မဟုတ်ဘူးလား။ ငါ မှတ်မိပါတယ်။ အတိတ်က ငါ့ရှေ့မှာ မင်းအနေနဲ့ ဒီလောက်မနှိမ့်ချခဲ့ဘူး။ မင်းက ငါ့ကို တစ်သက်လုံး ကာကွယ်မယ်လို့ ပြောတယ်။ ဒါပေမယ့် မင်းရဲ့ မျက်လုံးတွေကတော့ ငါ့ကို အမှန်အတိုင်း ပြောနေတယ်။ မင်းရဲ့ အမြင်မှာ ငါက တန်ဖိုးမရှိတဲ့ အသုံးချခံ ကိရိယာတစ်ခုပဲ"
ထိုစကားကြောင့် ဖုန်းယို တစ်ကိုယ်လုံး တုန်ခါသွားကာ သူ၏ နဖူးကို မြေကြီးနှင့် သုံးကြိမ်တိတိ ဆက်တိုက် ဆောင့်ချလိုက်သည်။ သူလုပ်နိုင်သမျှမှာ တစ်ဖက်လူရှေ့မှောက်တွင် ဝပ်တွား၍ အဆက်မပြတ် ခေါင်းငုံ့တောင်းပန်ရန်သာ ဖြစ်၏။
"ကျွန်တော်မျိုးရဲ့ ယခင်က မိုက်မဲမှုအတွက် အလေးအနက် တောင်းပန်ပါတယ်။ ကျွန်တော့်ရဲ့ အမှားတွေကို အရှင်မင်းသမီးဆီမှာ အပြစ်ဖြေဖို့ အသက်ကို ပေးဆပ်ဖို့ ကတိပြုပါတယ်"
"ထားလိုက်တော့"
စစ်မင်းသမီး သူ၏ မျက်နှာကို ရုတ်တရက် ကန်ထုတ်လိုက်သောကြောင့် ဘန်းခနဲ လိမ့်သွားကာ သွေးများ မျက်နှာမှ စိမ့်ထွက်နေသည့်တိုင်အောင် ခေါင်းငုံ့၍ တိတ်ဆိတ်နေခဲ့သည်။
"ကျွန်တော်က မင်းသမီးကို သေသည်အထိ သစ္စာစောင့်မယ်လို့ ကျိန်ဆိုပါတယ်"
"ဒါဆိုရင်တော့ မင်း အခုချက်ချင်း သေလိုက်တာ ပိုကောင်းမယ်"
စစ်မင်းသမီးက သူ့ကို မြေကြီးထဲရောက်အောင် နောက်တစ်ကြိမ် နင်းချလိုက်သည်။ ဤပါရမီရှင်များ သူမရှေ့တွင် ခေါင်းငုံ့နေရသောအခါ တစ်သက်လုံး သည်းခံလာရသော ဝမ်းနည်းပူဆွေးမှု နှင့် ဒေါသအားလုံးကို ဖောက်ထုတ်နေခဲ့သည်။ သူမကို အထင်သေးပြီး နောက်ကွယ်တွင် လှောင်ပြောင်ခဲ့ သူများစွာကို အတိအကျ မှတ်သားထားခဲ့သည်။ ကိုးဆင့်မိစ္ဆာသွေး အသက်မဝင်လာသောကြောင့်
သူမ၏ မိဘများ အလျှော့ပေးခဲ့ရပြီး ဖုန်းယိုနှင့် သူမကို လက်ထပ်ပေးရန် သဘောတူညီခဲ့ရသည်။ ထိုသို့သော မိစ္ဆာများ၏ နောက်ကွယ်မှ အတင်းအဖျင်း နှင့် နှာခေါင်းရှုံ့ခြင်းများမှာ သူမ၏ နှလုံးသားအတွက် အနာကျင်ဆုံးဒဏ်ရာများ ဖြစ်နေခဲ့၏။ ဖုန်းယိုကို စိတ်ကြိုက် ကန်ကျောက်နေရသောအခါ ကောင်းကင်သို့ ရောက်သွားသကဲ့သို့ စိတ်လှုပ်ရှားမှုမျိုး ခံစားနေရသည်။ သူမကို ဤအခြေအနေ ရောက်လာအောင် ဖန်တီးပေးခဲ့သောကြောင့် ယွမ်ရှောင်အပေါ် မကျေနပ်မှုများ ရုတ်တရက် ပျောက်ကွယ်သွား၏။
"ထကြစမ်း"
စစ်မင်းသမီးက ရပ်တန့်ရမည့်အချိန်ကို နားလည်သောကြောင့် အေးစက်စက် အမိန့်ပေးလိုက်သည်။
"ဟုတ်ကဲ့"
ပါရမီရှင် မိစ္ဆာများ သူမရှေ့တွင် ဦးခေါင်းများ ငုံ့ထားလျက် ချက်ချင်း ထရပ်ခဲ့ကြ၏။
"အတိတ်ကို အတိတ်မှာ ထားလိုက်ကြ။ မင်းတို့ရဲ့ အနာဂတ် လုပ်ရပ်တွေက ငါ့အမြင်ကို ပြောင်းလဲနိုင်မလား စောင့်ကြည့်မယ်"
စစ်မင်းသမီး ကြေညာသည်။
"ဟုတ်ကဲ့"
သူတို့၏ အသံများ စိတ်အားထက်သန်နေသည်။
"ဖုန်းယို၊ ငါ ပြန်လာပြီး မင်းနဲ့ လက်ထပ်ဖို့က ငါ့အဖေရဲ့ ဆန္ဒလား"
"ဟုတ်ကဲ့"
ဖုန်းယို စကားအပိုများ မပြောရဲပေ။
"မျိုးနွယ်ကိုပြန်သွားပြီး သူ့ကို ပြန်မလာဘူးလို့ ပြောလိုက်ပါ။ ငါ ဒီမှာပဲ ကောင်းကင်ဘုံမြေကို သိမ်းပိုက်ဖို့ ရည်ရွယ်ထားတယ်"
"ဟုတ်ကဲ့။ အရှင်သခင်သာ အရှင်မင်းသမီးရဲ့ သွေးမျိုးရိုး အသက်ဝင်တာကို သိခဲ့ရင် သူ ကျေနပ်မှာပါ။ ဒါပေမယ့် ကောင်းကင်ဘုံမြေနဲ့ ပတ်သက်ပြီး သတင်းအသစ်တစ်ခု ရှိနေပါတယ်"
"ဘာသတင်းလဲ။ သူ ဘာပြောခဲ့တာလဲ"
စစ်မင်းသမီးက စုံစမ်းလိုက်သည်။
"အရှင်သခင်က ထာဝရ ဓားအကျဉ်းထောင်ရဲ့ ဓားကျင့်ကြံသူတွေနဲ့ ညှိနှိုင်းခဲ့ပါတယ်။ သူတို့က စစ်ပြေငြိမ်းထားပြီး ကောင်းကင်ဘုံမြေကို ကိုယ်တိုင် စူးစမ်းရှာဖွေဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ ကျုပ်တို့ကို မတိုက်ခိုက်ဘဲ သည်းခံနေဖို့ အမိန့်ပေးထားပါတယ်။ သူတို့ ဝင်ပေါက်ကို အပြည့်အဝ ဖွင့်နိုင်ဖို့ စွမ်းအင်တွေ အသုံးပြုနေကြတယ်။ အနာဂတ်မှာ မိစ္ဆာမျိုးနွယ်ရဲ့ လူငယ်တွေ အများကြီး ရောက်လာလိမ့်မယ်။ အသက်ငယ်ပြီး သွေးမျိုးရိုး မြင့်မားလေလေ၊ ကောင်းကင်ဘုံမြေကို ရယူနိုင်မယ့် အခွင့်အရေး တိုးလာလေလေပဲ။ ထာဝရ ဓားအကျဉ်းထောင်ကလည်း အလားတူ လုပ်ဆောင်နိုင်ပါတယ်"
ဖုန်းယိုက ချက်ချင်း ရှင်းပြသည်။
"နားလည်ပြီ။ ပြန်သွားပြီး ငါ့အဖေကို ကောင်းကင်ဘုံမြေရဲ့ ကိစ္စကို ငါ အပြည့်အဝ တာဝန်ယူမယ်လို့ ပြောလိုက်။ အဆုံးမဲ့ ငရဲပြည်က ဝင်ရောက်လာတဲ့ ပါရမီရှင်အားလုံး ငါ့အမိန့်တွေကို လိုက်နာရမယ်။ ဒါက ငါ့ရဲ့ နယ်မြေ၊ ငါပဲ အမိန့်ပေးမယ်"
စစ်မင်းသမီးက ခေါင်းညိတ်၍ တင်းမာပြတ်သားစွာ ညွှန်ကြားခဲ့သည်။
အခြား ဝင်ပေါက်တစ်နေရာတွင် ထာဝရ ဓားအကျဉ်းထောင်မှ နောက်ထပ် ဓားကျင့်ကြံသူတစ်ဦး ဝင်ရောက်လာသည်။ သူမက အဖြူရောင် ဝတ်စုံဖြင့် အလှပဂေးတစ်ယောက် ဖြစ်ကာ ဓားပျံပေါ်တွင် ပျံသန်းနေစဥ် ဝတ်စုံ နှင့် ဆံပင်ရှည်များ လှိုင်းထနေ၍ အမူအရာ အေးစက်နေသည်။
"အမေ"
ပိုင်ဝူချွဲ၏ မျက်နှာက ရိုသေလေးစားမှုဖြင့် အလျင်အမြန် နှုတ်ဆက်သည်။ သူမ၏ အေးစက်စက် မျက်နှာက က သားကို မြင်ရသည်နှင့်တပြိုင်နက် ပျော့ပျောင်းသွားသည်။ ယွမ်ရှောင်က သူမကို ပိုင်ဝူချွဲ၏ အစ်မဟု ထင်ခဲ့သောကြောင့် အနည်းငယ်အံ့သြသွားကာ တစ်ဖက်လူမှာ အလွန် နုပျိုပြီး အစ်မကြီးတစ်ယောက်နှင့် ပို၍ ဆင်တူသည်။
"ချင်းရွှယ်၊ ဓားအပျက်အစီးနယ်မြေက ဘာသတင်းထူးလဲ"
အဘိုးပိုင် နတ်ဆိုးတိုက်ကြီးကို လေ့လာနေရာမှ သူမကို မော့ကြည့်သည်။
" အဆုံးမဲ့ ငရဲပြည်နဲ့ ဆွေးနွေးပြီး အခုလောလောဆယ် ပြဿနာကို ရှောင်ရှားရင်း အရည်အချင်းအလိုက် စူးစမ်းရှာဖွေဖို့ သဘောတူခဲ့ကြတယ်"
"နှစ်ဖက်စလုံးက ဝင်ပေါက်ကို အရင်ဆုံး ဖွင့်ချင်ကြတယ်ပေါ့။ ဟုတ်လား"
အဘိုးပိုင်က ဓားကျင့်ကြံသူများနှင့် မိစ္ဆာမျိုးနွယ် မဟာမိတ်ဖွဲ့လိုကြောင်း နားလည်သဘောပေါက်ဟန်ဖြင့် ခေါင်းညိတ်သည်။
"ငရဲဘုံ ကိုးထပ် တိုက်ပွဲက နီးကပ်လာပြီ။ နှစ်ဖက်စလုံးက အချိန်မတိုင်ခင် အင်အား အများကြီး ဆုံးရှုံးချင်မှာ မဟုတ်ဘူး။ မဟုတ်ရင် အားနည်းသူက မျိုးနွယ်အားလုံးရဲ့ ပစ်မှတ် ဖြစ်လာလိမ့်မယ်၊"
ပိုင်ချင်းရွှယ်က ကြည်လင်ပြတ်သားစွာ မှတ်ချက်ချလိုက်၏။
"ဓားနှစ်ခြင်းအခမ်းအနားပြီးရင် ဓား ပါရမီရှင်တွေကို ထပ်ပို့လာလိမ့်မယ်"
သူမက ထပ်ပြောသည်။
"နားလည်ပြီ"
ထိုသတင်းမှာ အဘိုးပိုင် မျှော်လင့်ထားသည့်အတိုင်း ဖြစ်သော်လည်း ယွမ်ရှောင်ကိုမူ အကြံအိုက်သွားစေသည်။ ထာဝရဓားအကျဥ်းထောင်နှင့် အဆုံးမဲ့ငရဲပြည်က ပူးပေါင်းဆောင်ရွက်နေလျှင် သူ့အနေဖြင့် လှုပ်ရှားရန် မလွယ်ကူတော့ပေ။
"ဓားအပျက်အစီးနယ်မြေက ကောင်းကင်ဘုံမြေအောက်မှာ လူသား တိုက်ကြီးတစ်ခု ရှိတယ်လို့ ပြောထားတယ်။ မိစ္ဆာတွေ ဆင်းသက်လာပြီး အပြစ်မဲ့သူတွေကို ဖျက်ဆီးသတ်ဖြတ်တာကို သတိထားရမယ်"
ထိုအချိန်၌ ပိုင်ချင်းရွှယ်က နောက်ထပ် ညွှန်ကြားချက် တစ်ခု တင်ပြလာသည်။
" မင်း ကုပိုင်ရီရဲ့ အခြေအနေအကြောင်းကို သတင်းပို့ပေးပါ။ ကုပိုင်ရီ မကွယ်လွန်ခင် သူက ဒီလူငယ်လေး ဓားအပျက်အစီးနယ်မြေမှာ လေ့ကျင့်ပေးဖို့ နောက်ဆုံး ဆန္ဒတစ်ခု ရှိခဲ့တယ်။ ဝူချွဲကို မင်းနဲ့အတူ ဓားနှစ်ချင်းအခမ်းအနားဆီ ခေါ်သွားရင် သူ့ကိုလည်း အတူတူ ခေါ်သွားလိုက်"
အဘိုးပိုင်က ပိုင်ချင်းရွှယ်ကို ကုပိုင်ရီအကြောင်း အသိပေးပြီး ယွမ်ရှောင်ကို ညွှန်ပြလိုက်သည်။ ပိုင်ချင်းရွှယ်က ယွမ်ရှောင်ကို တစ်ချက်ကြည့်လိုက်သောအခါ ချောမောသော ရုပ်ရည်ကြောင့် သူမ၏ ခိုင်မာသော နှလုံးသားပင် တုန်လှုပ်သွားခဲ့သည်။
"သွားကြစို့"
ထို့နောက် ပိုင်ချင်းရွှယ်သည် သူမ၏ ဓားပျံပေါ်သို့ တက်ကာ ကောင်းကင်ကို ဖြတ်သန်းပြီး ထာဝရ ဓားအကျဉ်းထောင် ဝင်ပေါက်သို့ ဦးတည်သွားခဲ့သည်။
"ဒီနေရာမှာ လနတ်သားနဲ့ သွေးကျွန်ကို ထားခဲ့မယ်။ ငါ့ရဲ့ ခန္ဓာကိုယ်အစစ်က စွမ်းအား အကန့်အသတ်ရှိတယ်။ ဒီမှာ နေတာက အချိန်ဖြုန်းတာပဲ။ ဓားအပျက်အစီးနယ်မြေမှာ စွမ်းအားတိုးတက်ဖို့ အခွင့်အရေးတစ်ခု ရှာတာ ပိုကောင်းတယ်"
ယွမ်ရှောင်က အတွေးတစ်ချက်ဖြင့် လျင်မြန်စွာ လိုက်ပါသွားသည်။
"ဓားနှစ်ချင်းအခမ်းအနား"
ယွမ်ရှောင်၊ လင်းချန်၊ နှင့် ပိုင်ဝူချွဲ သူတို့အားလုံး ထိုနေ့တွင် ဓားအပျက်အစီးနယ်မြေကို အံ့ဩမင်သက်သွားအောင် စွမ်းဆောင်ရန် စောင့်မျှော်နေကြလေသည်။