ထာဝရ ဓား ဆင်းသက်လာခြင်း
Vol. 20 Ch. 247
"ငါက တားမြစ်ကံကြမ္မာကို လျစ်လျူရှုထားရင် ဒီမီးတောင်တစ်ခုလုံးကို ဝါးမျိုနိုင်သေးတယ်"
လနတ်သားက အတွေးနက်နေပြီး အလောင်းနတ်ဆိုးမှာ ယွမ်ရှောင် လူသား နှင့် လနတ်သား နတ်ဆိုး ပေါင်းစပ်ခြင်း၏ လျှို့ဝှက်ချက်ကို မြင်ထားနှင့်ပြီးဖြစ်သည်။ စစ်မင်းသမီးက ယွမ်ရှောင်ထံ လက်နက်ချထားခြင်းအကြောင်းပင် သိထားသောကြောင့် လျှို့ဝှက်ချက်အားလုံး တားမြစ်ကံကြမ္မာ မျက်မြင်ပင်။ ၎င်းမှာ ယွမ်ရှောင်အတွက် အကြီးမားဆုံး စွန့်စားမှု ဖြစ်ကြောင်း ဆိုလိုသည်။ အန္တရာယ်ကင်းကင်း လှုပ်ရှား၍ မစွန့်စားချင်သောကြောင့် ခန္ဓာကိုယ်အစစ်က ဓားနှစ်ချင်းအခမ်းအနားကးသို့ တက်ရောက်နေစဉ် သူ၏ကိုယ်ပွားက မျက်မြင်သက်သေကို ရှင်းပစ်ရန် အနောက်တွင် ကျန်ရစ်ခဲ့သည်။ နတ်ဘုရားတိုက်ကြီး၏ လူသား မျိုးနွယ်အပေါ် ခြိမ်းခြောက်မှုတိုင်းကို သုတ်သင်ရှင်းလင်းပြီးနောက် နတ်ဆိုးတိုက်ကြီး၏ တစ်ယောက်တည်းကျန်ရစ်သော နတ်ဆိုးဧကရာဇ်ကိုလည်း အလွတ်မပေးနိုင်ချေ။
ကောင်းကင်သင်္ချိုင်း ဓားဝိညာဉ် ပို၍ ကြောက်မက်ဖွယ်ကောင်းလေလေ၊ ယွမ်ရှောင်က နတ်ဆိုးတိုက်ကြီးကို ပို၍ သိမ်းပိုက်ချင်လေလေ ဖြစ်သည်။ လနတ်သား၏ ဝတ်ရုံ လှိုင်းထနေပြီး အဖြူရောင် မီးလျှံများအတွင်း ပြုတ်ကျသွားသည်။ ၎င်းမှာ အလောင်းများ၏ အမုန်းတရားမှ မွေးဖွားလာ၍ ပြင်းထန်စွာ တောက်လောင်နေပြီး ဤနေရာတွင် ဆုံးရှုံးခဲ့သော မရေမတွက်နိုင်သည့် အသက်များအကြောင်း ကြောက်မက်ဖွယ်ရာ သတိပေးချက်တစ်ခုလည်း ဖြစ်သည်။
"ငါက တားမြစ်ကံကြမ္မာကို လိုက်ရှာဖို့ မလိုအပ်ဘူး။ ငါက သူ့ရဲ့ နယ်မြေကို ကျူးကျော်လိုက်ရုံပဲ။ သူ့ကိုယ်တိုင် ထွက်လာလိမ့်မယ်"
လနတ်သားက လေထဲတွင် ဝဲပျံနေစဥ်အနက်ရောင် မြူခိုးများ စုစည်းသွားကာ နောက်ဆုံးတွင် အနက်ရောင် ပုံရိပ်တစ်ခုအဖြစ် ပုံပေါ်လာသည်။ ၎င်း၏ ခန္ဓာကိုယ်ကို လူသား နှင့် နတ်ဆိုး အလောင်း တစ်ဒါဇင်ကျော်ဖြင့် ဖွဲ့စည်းထားကာ ခရမ်းရောင်ဧကရာဇ်၏ အရေပြားမဲ့ ဦးခေါင်းပြတ်မှာလည်း ယခုထိ မပျက်စီးသေးသည့်အပြင် တားမြစ်ကံကြမ္မာ၏ တစ်ခုတည်းသော ဦးခေါင်း ဖြစ်နေခဲ့သည်။
"မင်းက ဘာကောင်လဲ"
စိတ်ဖောက်ပြန်လုနီးပါး ဖြစ်နေသော တားမြစ်ကံကြမ္မာက အော်ဟစ်လိုက်၏။
"ဒါက အရေးမကြီးပါဘူး။ အရေးကြီးတာ ငါက မင်းနဲ့ နတ်ဆိုးတွေ ပိုင်ဆိုင်သမျှ အရာအားလုံးကို ဖျက်ဆီးပစ်ပြီး နတ်ဆိုးတိုက်ကြီးကို သမိုင်းထဲ ပို့ပေးချင်နေတာပဲ"
လနတ်သားက ထူးဆန်းစွာ ပြုံးလိုက်၏။
"ဒါဆိုရင် မင်းက တကယ့် နတ်ဆိုးတစ်ကောင် မဟုတ်ဘူး"
တားမြစ်ကံကြမ္မာ၏ မျက်နှာက အမုန်းတရား နှင့် ကြောက်ရွံ့မှုကြောင့် ရှုံ့မဲ့နေပြီး တစ်ဖက်လူမှာ သူ့ထက်ပို၍ မကောင်းဆိုးဝါးဆန်နေသည် မဟုတ်ပါလော။
"ဟုတ်တယ်၊ ငါက ယွမ်ရှောင်၊ ယွမ်ရှောင်က ငါပဲ။ အစကတည်းက ဒါတွေ အားလုံးဟာ ငါ မင်းတို့ကို ကစားနေခဲ့တာပဲ"
လနတ်သား၏စကားကို ကြားလိုက်ရသည်နှင့်တပြိုင်နက် တားမြစ်ကံကြမ္မာသည် မိုးကြိုး ထောင်ပေါင်းများစွာ ထိမှန်သွားသကဲ့သို့ ခံစားလိုက်ရသည်။ သူ၏ မျက်နှာက အက်ကွဲပွင့်ထွက်သွားကာ ထူးဆန်းစွာ တွန့်လိမ်နေပြီး ဒေါင်းမင်းသား ကုန်းမင်၏ သေဆုံးခြင်း၊ ခရမ်းရောင်ကောင်းကင် နတ်ပြည်ထောင်၏ ပျက်စီးခြင်းနှင့် လနတ်သားက နတ်ဆိုးတိုက်ကြီးကို သိမ်းပိုက်ခြင်းအထိ အားလုံးမှာ ယွမ်ရှောင်၏ လက်ချက် ဖြစ်နေသည်။ စစ်မင်းသမီးသည်လည်း ယွမ်ရှောင်၏ ကျွန်တစ်ယောက် ဖြစ်နေကာ လူသား၊ နတ်ဆိုးနှင့် မိစ္ဆာ၏ ပူးပေါင်းမှုကြောင့် တားမြစ်ကံကြမ္မာ လုံးဝ စိတ်လွတ်သွားသည်။
"ငါက မင်းရဲ့ လျှို့ဝှက်ချက်အားလုံးကို သိတယ်။ တကယ်လို့ ငါက အဲ့ဒီဓားကျင့်ကြံသူတွေကို ပြောပြလိုက်ရင် မင်း သေပြီ"
တားမြစ်ကံကြမ္မာက လျင်မြန်စွာ ပြန်လည် တည်ငြိမ်သွားကာ ခပ်ညစ်ညစ် ခြိမ်းခြောက်နေခဲ့သည်။
"ငါ့ရဲ့ လျှို့ဝှက်ချက်အားလုံး ဟုတ်လား။ မင်းသိထားတာက နည်းနည်းလေးတောင် မနီးစပ်ဘူး"
လနတ်သားက ရုတ်တရက် လက်ဖြန့်၍ ရယ်မောလိုက်သောအခါ မီးတောင်၏ ဗဟိုမှ ဖြူဖျော့သော မီးလျှံများ တုန်ခါပြီး သူ့ထံ တိုးဝင်လာသည်။ သူ၏ ပျက်စီးနတ်ခန္ဓာက အဆုံးမရှိသော ချောက်နက်ကြီးကဲ့သို့ ၎င်းတို့ကို လောဘတကြီး ဝါးမျိုပစ်လိုက်သည်။
"မင်းက ပျက်စီးအဆီအနှစ်ကို တိုက်ရိုက် စုပ်ယူပြီး အဆင့်နိုင်တာလား"
တားမြစ်ကံကြမ္မာ၏ စိတ်ထဲတွင် ရှုပ်ထွေးနေသည်။ ထိုသို့သော မကောင်းဆိုးဝါးတစ်ကောင် တည်ရှိနေရသည့် အကြောင်းအရင်းကို မစဥ်းစားနိုင်ခဲ့ပေ။ တစ်ဖက်လူမှာ ကြောက်စရာအကောင်းဆုံး နတ်ဆိုး ဖြစ်သော်လည်း မြေခွေး မျိုးနွယ်၏ နူးညံ့သိမ်မွေ့သော အသွင်အပြင်ကိုပါ ပိုင်ဆိုင်ထားသည်။ မသေနိုင်သော အလောင်း နတ်ဆိုးတစ်ကောင်က လနတ်သားကို အမှန်တကယ် ကြောက်လန့်နေပြီး သူ့ကို ဆက်လက် ရှင်သန်စေသောအရာမှာ အမုန်းတရားမှလွဲ၍ မဟုတ်ပေ။ မရေမတွက်နိုင်သော ဝိညာဉ်မဲ့ အလောင်းများ၏ စုစည်းမှု စွမ်းအားကို အသုံးပြုရသောကြောင့် အလောင်းအရေအတွက်များစွာဖြင့် ထောက်ပံ့ထားခြင်းမရှိလျှင် သူက မယုံနိုင်လောက်အောင် အားနည်းပျော့ညံ့သည်။ သို့သော် တားမြစ်ကံကြမ္မာ၏ ဝိညာဥ်က အမုန်းတရားများ ပြည့်နှက်နေလျှင် ဓားမြှောင်များနှင့် တာအို ဂါထာများကို ခုခံနိုင်ပြီး မည်မျှ အားနည်းသွားပါစေ၊ အမြဲတမ်း ပြန်လည် စုစည်းနိုင်သည်။ ခန္ဓာကိုယ်တစ်ခုလုံး ပြန့်ကျဲသွားလျှင်ပင် သူ၏ မွေးရပ်မြေ၊ တားမြစ်ကံကြမ္မာ မီးတောင်မှ စွမ်းအားကို ဆွဲယူ၍ ပြန်လည် ဖွဲ့စည်းနိုင်သဖြင့် မသေနိုင်ချေ။
"ယွမ်ရှောင်၊ မင်းက အစွမ်းထက်ပေမယ့် ကြွားဝါရတာကို အရမ်းကျေနပ်ပြီး မင်းရဲ့ အားသာချက်ကို ဖြုန်းတီးပစ်တတ်တယ်"
တားမြစ်ကံကြမ္မာ၏ အသံက အေးစက်တင်းမာနေပြီး အဖြူရောင် မီးလျှံများအတွင်း ဝင်ရောက်ပျောက်ကွယ်သွားသည်။
"တကယ်လား။ ငါက မင်းကို ချေမှုန်းပစ်နိုင်တယ်လို့ လုံးဝ သေချာနေခဲ့ရင် ဘယ်လိုလုပ်မလဲ"
လနတ်သား၏ အသံက ပို၍ပင် အေးစက်လာသည်။ တားမြစ်ကံကြမ္မာ ဆတ်ခနဲ တုန်ခါသွားကာ ထူးဆန်းသော စွမ်းအားတစ်ခုက ရုတ်တရက် ချိတ်ပိတ်သွားခဲ့၏။ သူ၏ ပတ်ဝန်းကျင်တွင် မရေမတွက်နိုင်သော မီးလျှံများက ကြောက်မက်ဖွယ်ရာ ဝဲတစ်ခု ဖွဲ့စည်းသွားကာ အလယ်ဗဟိုတွင် ငွေရောင် မြေခွေးတစ်ကောင် ရပ်နေသည်။ ငွေရောင် မျက်လုံးများက ကြီးစိုးမောက်မာသော အေးစက်မှုဖြင့် တောက်ပနေစဥ် ပါးစပ်ကို ဖွင့်လိုက်သောအခါ မီးလျှံဝဲ၏ အဆုံးနှင့် ချိတ်ဆက်သွား၏။
"ဟင်"
တားမြစ်ကံကြမ္မာက မလှုပ်ရှားနိုင်တော့ကြောင်း ရုတ်တရက် သိလိုက်ရသည့်အပြင် လနတ်သား၏ စုပ်ယူခြင်း ခံနေရသည်။
"မဟုတ်ဘူး"
တစ်ဖက်လူ၏ စွမ်းရည်ကို မလွန်ဆန်နိုင်သောကြောင့် သူက အသံကုန် အော်ဟစ်နေသော်လည်း မြေခွေးမျိုးနွယ်၏ ပုံရိပ်ယောင် ပညာ မဟုတ်ဘဲ နားလည်နိုင်စွမ်းကို ကျော်လွန်နေသည်။ အလောင်းများဖြင့် ထပ်မံဖွဲ့စည်းထားသော သူ၏ ခန္ဓာကိုယ်က နေရောင်အောက်မှ ရေခဲကဲ့သို့ အရည်ပျော်သွားကာ အမုန်းတရားဖြင့် ပြည့်နှက်နေသော အလောင်း ဝိညာဉ်တစ်ခုသာ ကျန်ရစ်ခဲ့သည်။ ၎င်းက မီးလျှံဝဲအတွင်း ရေနစ်နေသကဲ့သို့ ခံစားလိုက်ရပြီး ရုန်းကန်လေလေ ပို၍ လျင်မြန်စွာ နစ်မြုပ်လေလေ ဖြစ်ကာ အော်သံများတွင် စိတ်ရှုပ်မှု၊ နားမလည်နိုင်ခြင်း နှင့် ကြောက်စိတ်ဖြင့် ပြည့်နှက်နေသည်။
ဖန်ဆင်းရှင် အင်မော်တယ်၏ စွမ်းအားက သူ စိတ်ကူးယဥ်နိုင်သော အိပ်မက်ဆိုးထက်ပင် ပို၍ ကျော်လွန်နေသည်။
"ကောင်းကင်နယ်မြေ တိုက်ပွဲမှာ မင်းကသေပြီးသားပဲ။ သာမန် အလောင်း နတ်ဆိုးတစ်ကောင်ကများ တကယ် မသေနိုင်ဘူးလို့ ထင်နေတာလား"
လနတ်သား၏ စကားသံက နောက်ဆုံး အခိုက်အတန့်တွင် တားမြစ်ကံကြမ္မာ၏ နောက်ဆုံးထွက်သက်ကို ဖျက်ဆီးနေရင်း သူ၏ အမုန်းတရားအားလုံးကို ကြောက်စိတ်အဖြစ် ပြောင်းလဲစေသည်။
"ငါ မင်းကို နောက်တစ်ကြိမ် ပြောမယ်။ နတ်ဆိုးတိုက်ကြီးရဲ့ ကံကြမ္မာက ပျက်စီးဖို့ သတ်မှတ်ထားပြီးသားပဲ"
လနတ်သားက အေးစက်စွာ ပြောသည်။
"ဒါ ကောင်းကင်ဘုံရဲ့ အလိုတော်လား"
တားမြစ်ကံကြမ္မာ၏ ညည်းသံ ထွက်ပေါ်လာ၏။
"မဟုတ်ဘူး၊ ဒါက ငါ့ရဲ့ ဆုံးဖြတ်ချက်ပဲ"
နောက်ဆုံးတွင် သူ၏ ဝိညာဥ်က မြေခွေး၏ ပါးစပ်အတွင်း ရောက်ရှိသွားကာ အဆုံးသတ်သွားခဲ့၏။ လနတ်သားက ပါးစပ်ကို ပိတ်၍ လူအသွင်ပြောင်းကာ တားမြစ်ကံကြမ္မာအား မျိုချသန့်စင်ပစ်ခဲ့သည်။
"နောက်ထပ် နတ်ဆိုးစွမ်းရည် တစ်ခု ရလိုက်ပြီ။ မင်းတို့ပြောတာ မှန်တယ်။ ဒီနတ်ဆိုးစွမ်းရည်က ပျက်စီးနတ်ဘုရားရဲ့ စိတ်ဆန္ဒကနေ မွေးဖွားလာတာပဲ။ တော်တော်လေး အစွမ်းထက်တယ်"
လနတ်သားက ပခုံးတစ်ချက်တွန့်၍ ကြယ်ပြာ နှင့် လနီကို ပြောနေသည်။ ဤနတ်ဆိုးစွမ်းရည်က 'နတ်ဘုရားဝါးမျို' ဟု အမည်ရပြီး ဘိုးဘေး နတ်ဘုရား ခြောက်ပါးအနက် တစ်ယောက်ဖြစ်သော ပျက်စီးနတ်ဆိုး နတ်ဘုရား၏ မူလ နတ်ဆိုးစွမ်းရည်များအတွင်း ပါဝင်သည်။ နတ်ဆိုးဧကရာဇ် နယ်ပယ်သို့ ရောက်ရှိသည်နှင့်တပြိုင်နက် နတ်ဆိုးစွမ်းရည်များ တဖြည်းဖြည်း နိုးထလာပြီး ပို၍ အားကောင်းလာသည်။ ၎င်းက စိတ်ဝင်စားဖွယ်ကောင်း၍ အမုန်းတရားကို စုပ်ယူပြီး နတ်ဆိုး စွမ်းအားအဖြစ် ပြောင်းလဲပေးနိုင်သဖြင့် ရုပ်ခန္ဓာကို အားဖြည့်မပေးနိုင်သော်လည်း နတ်ဆိုးချီကို သိသိသာသာ အားကောင်းစေသည်။
"တားမြစ်ကံကြမ္မာ သွားပြီဆိုတော့ နောက်ဆုံးမှာ စိတ်အေးလက်အေး နေနိုင်ပြီ။ အခု၊ ဒီမီးတောင်ထဲက ပျက်စီးအဆီအနှစ်အားလုံးကို စုပ်ယူလိုက်ရင် ငါ ဘယ်လောက်အထိ အစွမ်းထက်သွားမလဲ ကြည့်ရအောင်"
လနတ်သား၏ မျက်ဝန်းများက မီးတောင်အတွင်း ပြည့်နှက်နေသော ပျက်စီးအဆီအနှစ်များကို စိုက်ကြည့်ရင်း တောက်ပလာခဲ့သည်။
ထာဝရ ဓားအကျဉ်းထောင်က ကျယ်ပြန့်သော လောကကြီးတစ်ခုဖြစ်ကာ နတ်ဘုရားတိုက်ကြီးထက် ဆယ်ဆ ပို၍ ကြီးမားသည်။ သို့တိုင် ၎င်းမှာ ငရဲ ကိုးထပ်၏ ကိုးပုံတစ်ပုံသာဖြစ်၍ ငရဲကိုးထပ်သည် နတ်ဘုရားတိုက်ကြီးထက် အဆတစ်ရာ ကြီးမားကာ စစ်မှန်သော ပြီးပြည့်စုံသည့် စကြဝဠာတစ်ခု ဖြစ်နေသည်။ ထာဝရ ဓားအကျဉ်းထောင်တွင် လူတိုင်းက ဓားတာအိုကို ကျင့်ကြံကြပြီး အထွတ်အထိပ်အင်အားစုမှာ ဓားအပျက်အစီးနယ်မြေပင်။
"ဒီ ထာဝရ ဓားအကျဉ်းထောင်ရဲ့ ချီစွမ်းအင်က ကောင်းကင်နယ်မြေထက်တောင် ပိုများတယ်"
ယွမ်ရှောင် မျှော်လင့်ထားသည့်အတိုင်း ဖြစ်နေပြီး နတ်ဘုရားတိုက်ကြီးမှာ ငရဲ ကိုးထပ်၏ အလွှာတစ်ခုသာ ဖြစ်၏။ ကောင်းကင်နယ်မြေ နှင့် အောက်နယ်မြေများကဲ့သို့ ချီစွမ်းရှိသော နယ်မြေများမှလွဲလျှင် ကျင့်ကြံသူတစ်ဦး မွေးဖွားလာရန်ပင် ခက်ခဲသည်။ လနတ်သားက တားမြစ်ကံကြမ္မာကို ချေမှုန်းနေစဉ် ယွမ်ရှောင်သည် ပိုင်ချင်းရွှယ်အနောက်မှ လိုက်ပါ၍ ကမ္ဘာလမ်းကြောင်းကို ဖြတ်သန်းပြီး ဓားအပျက်အစီးနယ်မြေသို့ ရောက်ရှိလာပြီဖြစ်သည်။
သူ၏ ရှေ့တွင် တိမ်တိုက်များ နှင့် မြူခိုးများ ထူထပ်သိပ်သည်းနေပြီး မြူခိုးများအလွန်၌ နေတစ်စင်းက လောင်ကျွမ်းနေသကဲ့သို့ ၎င်း၏ မီးလျှံများဖြင့် ကောင်းကင်ကို လောင်မြိုက်နေသည်။ ထို နေ၏ မီးလျှံများအတွင်း ကြီးမားသော ဓား ၉၉၉ လက် ရှိနေကာ တစ်ခုချင်းစီသည် မီတာပေါင်းများစွာ မြင့်မားသည်။ ၎င်းတို့က ချွန်ထက်၍ ခန့်ညားကာ အဆုံးမရှိဟု ထင်မှတ်ရပြီး မရေမတွက်နိုင်သော တိမ်တိုက်များက ဓားကြီးများ ပတ်ပတ်လည်တွင် ရစ်ပတ်နေသည်။ ဤမြင်ကွင်းမှာ ယွမ်ရှောင်အတွက် အသစ်စက်စက် ဖြစ်ပြီး သာမန် နယ်မြေမှ ရောက်လာသော လူတစ်ယောက်အနေဖြင့် သူက အလွန်အံ့သြနေခဲ့သည်။
"ဒါက ဓားတာအိုရဲ့ စစ်မှန်တဲ့ ဒေသတစ်ခု ဖြစ်ရမယ်"
ဓားအပျက်အစီးနယ်မြေနှင့် နှိုင်းယှဉ်လျှင် အသူရာဓားဂိုဏ်း နှင့် ဓားပင်လယ်ကဲ့သို့ နေရာများမှာ ကျေးလက်တောရွာပမာ ဖြစ်သည်။ ဓားအပျက်အစီးနယ်မြေမှာ ဓားသိုင်းပညာ၏ စစ်မှန်သော အထက်တန်း ဂိုဏ်းတစ်ခု ဖြစ်ပေသည်။
"ဒီဓားတွေက ဓားအစစ်တွေ မဟုတ်ဘူး။ ဓားပုံစံနဲ့ တောင်တန်းတွေများလား"
ယွမ်ရှောင်က တီးတိုးရေရွတ်ရင်း ပို၍ နီးကပ်လာသည်နှင့်အမျှ ဓားများမှာ ပို၍ ကြီးမားလာပုံရပြီး ပို၍ရှင်းလင်းစွာ မြင်တွေ့လာနိုင်သည်။ ဓားအသွင် တောင်တန်း ၉၉၉ ခုတွင် မရေမတွက်နိုင်သော ဓားကျင့်ကြံသူများ လေ့ကျင့်ပြီး ယှဉ်ပြိုင်ကြသည်။ ၎င်းမှာ ထာဝရ ဓားအကျဉ်းထောင်၏ အစွမ်းထက် ဓားအပျက်အစီးနယ်မြေပင်။
"ဓားနှစ်ချင်းအခမ်းအနား စတင်တော့မယ်။ လူတိုင်း၊ ယဇ်ပလ္လင်ဆီသို့ အခု သွားကြ"
ဓားသွားကဲ့သို့ ထက်ရှသော အသံတစ်ခု မြေပြင်တစ်ခွင် ပဲ့တင်ထပ်နေပြီး ထာဝရ ဓားအကျဉ်းထောင်၏ နေရာတိုင်းမှ အရည်အချင်းရှိသော ဓားကျင့်ကြံသူ တစ်သိန်းကျော် ထွက်ပေါ်လာကြ၏။ သူတို့က ကောင်းကင်တွင် လှပသော ဓား အလင်းတန်းများအဖြစ် ပြောင်းလဲသွားကာ ဓားအပျက်အစီးနယ်မြေ၏ ဝင်ပေါက်ထံ ဦးတည်နေကြသည်။ အများစုမှာ
ကုပိုင်ရီ၏ တပည့်၊ ချန်တိနှင့် အဆင့်တူ ဖြစ်ကြသောကြောင့် ယွမ်ရှောင်၏ အမြင်ကို ကျယ်ပြန့်စေခဲ့သည်။ ဤအရာအားလုံးကို ဖန်ဆင်းရှင် အင်မော်တယ်က တည်ထောင်ခဲ့ပြီး နယ်မြေများကို အဆင့်သတ်မှတ်ကာ သက်ရှိသတ္တဝါများ၏ ကျင့်ကြံဆင့်ကို ခွဲခြားခဲ့သည်။ အထွတ်အထိပ်သို့ တက်ရောက်နိုင်သော လမ်းကြောင်းများစွာကို ကိုယ်တိုင် ဖန်တီးပေးခဲ့ပြီး သက်ရှိအားလုံး လျှောက်လှမ်းနေကြပေသည်။
"ဖန်ဆင်းရှင် မျိုးစေ့တွေ အများကြီးပါလား"
ယွမ်ရှောင်က တီးတိုးရေရွတ်၍ ပါရမီရှင် ဓားကျင့်ကြံသူများကို ကြည့်နေရင်း သိုးအုပ်အတွင်း ဝင်ရောက်လာသော ဝံပုလွေတစ်ကောင်ကဲ့သို့ ဆာလောင်နေသည်။
"ဒါပေမယ့် လောလောဆယ်တော့ ဒီသိုးကြီးက အသားအထွက်ဆုံး ဖြစ်လိမ့်မယ်"
သူက ဘေးမှ လင်းချန်ကို တစ်ချက်ကြည့်လိုက်ပြီး ကောင်းကင် နတ်ဓားဧကရာဇ်သည် ဓားနှစ်ချင်းအခမ်းအနားကို စိတ်အားထက်သန်စွာ မျှော်လင့်နေသည်။
ယနေ့သည် ထာဝရ ဓားအကျဉ်းထောင်ရှိ တပည့်တိုင်း၏ ဘဝတွင် အရေးကြီးဆုံး အခိုက်အတန့်ဖြစ်ကာ ကောင်းကင်သို့ ရောက်မည်လား သို့မဟုတ် မြေကြီးအတွင်း နစ်မြုပ်သွားမည်လား ဆိုသည်က ထာဝရ ဓားအပေါ် မူတည်သည်။
မရေမတွက်နိုင်သော နှစ်ပေါင်းများစွာကြာအောင် လူငယ် ဓားကျင့်ကြံသူများသည် မျိုးဆက်တိုင်း ဤနေရာတွင် စုဝေးခဲ့ကြသည်။ အချို့က ဒဏ္ဍာရီများ ဖြစ်လာကြ၍ အချို့မှာ မထင်မရှား ထွက်ခွာသွားရသဖြင့် ကံကြမ္မာ၏ အဆုံးအဖြတ်ကြမ်းတမ်းသော နေ့တစ်နေ့ပင်။ စိတ်လှုပ်ရှားမှုက လူငယ်ဓားကျင့်ကြံသူတိုင်း၏ မျက်နှာအထက်တွင် ထင်ရှားနေပြီး နောက်ခံကောင်းသော ပိုင်ဝူချွဲပင် တည်ငြိမ်မနေနိုင်ချေ။ သူ၏ အမေ၊ ပိုင်ချင်းရွှယ်က နှစ်သိမ့်အားပေးနေစဥ် ဓားအပျက်အစီးနယ်မြေအတွင်း မရေမတွက်နိုင်သော အစွမ်းထက် ပုံရိပ်များ ကောင်းကင်မှ စောင့်ကြည့်နေကြသည်။
"ထာဝရဓား ဆင်းသက်လာပြီ"
လူငယ်ပေါင်းများစွာ၏ နှလုံးသားများကို လှုံ့ဆော်လိုက်သော အော်သံတစ်ခု ကျယ်လောင်ပြတ်သားစွာ ထွက်ပေါ်လာခဲ့လေသည်။