← Chapters

အမည်ခံ ဓားအင်မော်တယ် အစစ်နှင့် အတု

Vol. 20 Ch. 255

အမည်ခံ ဓားအင်မော်တယ် အစစ်နှင့် အတု

Vol. 20 Ch. 255

"ညီလေးယွမ်၊ ဂုဏ်ယူပါတယ်"

လင်းချန်က ချဉ်းကပ်လာ၍ တစ်ချက်ပြုံးပြီး ယွမ်ရှောင်ကို ဦးညွှတ်လိုက်သည်။

"ခင်ဗျားအတွက်လည်း အတူတူပါပဲ၊ အစ်ကိုလင်း"

ယွမ်ရှောင်က ပြန်ဖြေသည်။

"မင်းရဲ့ အောင်မြင်မှုက ငါ့​​ထက် ပို ကြီးမားပုံရတယ်၊ ထာဝရ ဓားကို အကြိမ် တစ်သိန်းအထိ ပဲ့တင်ထပ်စေခဲ့တာမျိုး ငါ လုံးဝ မယှဉ်နိုင်ပါဘူး"

လင်းချန် သက်ပြင်းချ၍ ချီးကျူးလိုက်သောအခါ ယွမ်ရှောင်သည် ပြုံးရယ်ပြီး ခေါင်းခါပြခဲ့၏။

"အစ်ကိုလင်း၊ ခင်ဗျားက နောက်နေတာပဲ။ အရူးတစ်ယောက်တောင် ထာဝရ ဓား တစ်ခုခု မှားယွင်းခဲ့တယ်ဆိုတာ သိနိုင်တယ်။ ငါ့အတွက် ကံကောင်းရုံသက်သက် ဖြစ်သွားပြီး အမည်ခံ ဓားအင်မော်တယ် ဘွဲ့ကို အလကား ရခဲ့တာပါပဲ။ တကယ်တော့ အတုက အတုပါပဲ။ အစစ်အမှန် အမည်ခံ ဓားအင်မော်တယ်အနေနဲ့ ခင်ဗျားရဲ့ လမ်းညွှန်မှုကို ကျုပ် လိုအပ်ပါလိမ့်မယ်"

"မင်းက အရမ်း နှိမ်ချလွန်းတယ်။ ဘာပဲဖြစ်ဖြစ်၊ ငါတို့က လမ်းကြောင်းတစ်ခုတည်းမှာ အဖော်တွေ ဖြစ်သွားပြီ။ မင်းအတွက် တကယ် ဝမ်းသာမိပါတယ်။ ငါတို့ အတူတူ ဓားအပျက်အစီးနယ်မြေမှာ အထက်ကို တက်လှမ်းပြီး ဓားသိုင်းပညာကို အထွတ်အထိပ်ရောက်အောင် ကျင့်ကြံကြမယ်"

"ကောင်းပါပြီ"

လင်းချန်၏ အကြံပေးစကားကို ယွမ်ရှောင်က ခေါင်းညိတ်သည်။

"စကားမစပ်၊ ညီလေးယွမ်၊ မင်းရော အင်မော်တယ် ဓားအဆင့်သတ်မှတ်ချက်မှာ ပါဝင်မှာလား"

လင်းချန်က ဆက်မေးသည်။

"ခင်ဗျားရဲ့ စွမ်းရည်ကို အနီးကပ် မြင်နိုင်ခွင့်ရဖို့ ကျုပ်လည်း ပါဝင်ရမှာပေါ့"

"ဒါဆိုရင်တော့ ငါလည်း မင်းကို အနီးကပ် ကြည့်ရှုနေပါ့မယ်"

လင်းချန်နှင့် ယွမ်ရှောင် စကားကောင်းနေစဥ် ဖုန်းပုဟွေက ရှေ့တိုးလာ၍ ဖြတ်ပြောခဲ့သည်။

"သခင်လေး လင်း၊ ကျွန်တော် ခင်ဗျားကို အမည်ခံ ဓားအင်မော်တယ် နန်းတော်ဆီ ပို့ဆောင်ပေးရမလား"

" ညီလေးယွမ်လည်း အတူတူသွားမှာလား"

လင်းချန်က စုံစမ်းသည်။

"အမည်ခံ ဓားအင်မော်တယ် နန်းတော်က တစ်ခုတည်းပဲ ရှိပြီး ခင်ဗျားအတွက် စီစဉ်ထားတာပါ။ သခင်လေး ယွမ်အတွက်တော့ ဓားအစောင့်အရှောက်မှာ တခြား အစီအစဉ်တွေ ရှိမှာပါ"

ဖုန်းပုဟွေက ချက်ချင်း ခေါင်းယမ်းပြ၏။

"အဓိပ္ပာယ်မရှိလိုက်တာ။ ငါတို့နှစ်ယောက်လုံးက အမည်ခံ ဓားအင်မော်တယ်တွေပဲ။ ဘယ်လိုလုပ် ဆက်ဆံတာက ကွဲပြားခြားနားနေရတာလဲ"

လင်းချန်က မျက်မှောင်ကြုတ်၍ မကျေမနပ် ရေရွတ်ကာ ယွမ်ရှောင်ဘက်သို့ လှည့်လိုက်သည်။

"ညီလေးယွမ်၊ ငါတို့ အတူတူ နေကြမလား"

"ကျုပ် မနေချင်ဘူး၊ ယောက်ျားအချင်းချင်း တစ်အိမ်တည်း အတူတကွ နေထိုင်တာမျိုးကို အကျင့်မရှိဘူး"

ယွမ်ရှောင်က ခေါင်းခါလိုက်သည်။

"မင်းရဲ့ ချောမောတဲ့ ရုပ်ရည်နဲ့ဆိုရင် အချစ်ဇာတ်လမ်းတွေ အများကြီးနဲ့ လူတစ်ယောက် ဖြစ်ကြောင်း သိသာတယ်။ အမျိုးသမီးတွေနဲ့ ပတ်သက်ရင် ကံကောင်းတာက အားကျစရာပဲ။ စကားပြောတာ တော်လောက်ပြီ။ ဘိုးဘေး ဓားသင်္ချိုင်းဂူမှာ တွေ့ကြမယ်"

လင်းချန်က ပြုံး၍ အနီးအနားမှ ကြီးကြပ်သူများကို တစ်ချက်ကြည့်လိုက်ပြီး ယွမ်ရှောင်ဘေးမှ မုတာလုံအား မြင်လိုက်ရသောအခါ အမူအရာ အနည်းငယ် ထူးဆန်းလာသည်။

"အဲ့ဒီမှာ တွေ့ကြမယ်"

ယွမ်ရှောင်က ပြန်လည် နှုတ်ဆက်လိုက်ခြင်း ဖြစ်၏။ ထို့နောက် လင်းချန်ကို ဖုန်းပုဟွေ၊ ယွမ်ရှင်းဟယ်၊ နှင့် ရွှမ်းကျန်း ဟူသော ထာဝရ ဓားအကျဉ်းထောင်၏ လေးစားရသည့် ကြီးကြပ်သူ သုံးဦးက ခေါ်ဆောင်သွားသည်။

" လင်းချန်က ဓားအပျက်အစီးနယ်မြေကို ပူးပေါင်းပြီး အရိုးခြောက် စောင့်ရှောက်သူနဲ့ ဆက်ဆံရေး အဆင်ပြေသွားတယ်။ ဒါကြောင့် ဓားအစောင့်အရှောက်က ငါ့ကိုလည်း အမည်ခံ ဓားအင်မော်တယ် ဖြစ်လာအောင် တွန်းတင်ခဲ့တာလား"

လက်ရှိအခြေအနေ၏ နောက်ကွယ်မှ အကြောင်းအရာများက အသေးစိတ် လေ့လာကြည့်လျှင် နားလည်ရန် မခက်ခဲပေ။ ယွမ်ရှောင်၏ အကျင့်စရိုက်အရ အကယ်၍ တစ်စုံတစ်ယောက်က သူ့ကို ယုံကြည်ရန် ရွေးချယ်ပြီး အကျိုးအမြတ်များ ဆောင်ကြဉ်းလာခဲ့လျှင် ပုံမှန်အားဖြင့် သူတို့ကို စိတ်ပျက်စေမည် မဟုတ်ချေ။

"လင်းချန်က အ​ခြေအ​နေကို ကောင်းကောင်း အသုံးချတတ်တယ်။ အရည်အချင်းက အရည်အချင်း၊ အင်အားက အင်အားပဲ။ အမည်ခံ ဓားအင်မော်တယ်ဖြစ်ပြီး မြင့်မားတဲ့ အရည်အချင်း ပိုင်ဆိုင်ထားရင်တောင် ခြေလှမ်းတစ်လှမ်းလောက် မှားယွင်းတာနဲ့ သေဆုံးပျောက်ကွယ်သွားနိုင်တယ်။ ဒါကြောင့် အမည်ခံ ဓားအင်မော်တယ် ဖြစ်လာရင်တောင် အရာအားလုံးလို့ ပိုင်ဆိုင်နိုင်ပြီလို့ ဘယ်တော့မှ မထင်လိုက်နဲ့။ ငရဲဘုံ ကိုးထပ်ရဲ့ အခြေအနေက ကောင်းကင်နယ်မြေထက် ပိုရှုပ်ထွေးပြီး နက်ရှိုင်းနေတာပဲ"

ယွမ်ရှောင်က အတွေးနက်​နေရင်း ဓားအပျက်အစီးနယ်မြေကို ဝေ့ကြည့်လိုက်သောအခါ ညဘက်တွင် တောက်ပနေသော ဓားတောင်ထွတ် ၉၉၉ ခုကို မြင်တွေ့ခဲ့ရသည်။ မရေမတွက်နိုင်သော ဓားများအလား အေးစက်စက်ဖြင့် သတ်ဖြတ်လိုသော အရှိန်အဝါများ ထုတ်လွှတ်နေသကဲ့သို့ ထင်မှတ်ရ၏။

"သခင်လေး ယွမ်"

မုတလုံက ညင်သာစွာ ခေါ်လိုက်ပြီး လှိုင်းထ၍ အနည်းငယ် ကောက်နေသော ဆံပင် နှင့် အိပ်မက်ဆန်ဆန် မျက်ဝန်းများကြောင့် လှပနေပုံရသည်။ လရောင်အောက်တွင် အလှကြီး လှနေသော ငွားငွားစွင့်စွင့် ယုန်နှစ်ကောင်ကြောင့် ယွမ်ရှောင်၏ အင်္ကျီရင်ဘတ်အတွင်းမှ လနီလည်း တံတွေး မျိုချမိလိုက်သည်။

" ကြီးကြပ်သူ မု"

"ကျွန်မကို နာမည်ပဲ ခေါ်နိုင်ပါတယ်"

သူမက သိမ်မွေ့စွာ ခွင့်ပြုလိုက်၏။

"တလုံ လို့ ခေါ်ရမှာလား"

"ဟုတ်ကဲ့"

ယွမ်ရှောင်၏ အခေါ်အဝေါ်ကြောင့် သူမက ရှက်ကိုးရှက်ကန်း ပြုံးလိုက်မိ၏။ ကျောက်ရန်ရန် ဖြစ်စေ၊ စစ်မင်းသမီး ဖြစ်စေ ဆွဲဆောင်အား ပြင်းထန်သော်လည်း လူငယ်များသာ ဖြစ်သောကြောင့်အနည်းငယ် ရိုးအသည်။ သို့သော် သူ၏ ရှေ့တည့်တည့်မှ ဤမိန်းကလေးသည် ဉာဏ်ထက်လွန်းသဖြင့် သူ၏ အတွေးနှင့် လုပ်ရပ်အားလုံးကို အကဲခတ် ရိပ်မိနေကြောင်း ထင်ရှားသည်။

"ညနက်လာပြီ။ ကျေးဇူးပြုပြီး၊ သခင်လေးယွမ်ကို နေထိုင်ရမယ့်နေရာဆီ လိုက်ပို့ပေးပါမယ်။ ငါ့နောက်ကို လိုက်ခဲ့ပါ"

သူမက ညင်သာစွာ ဖိတ်ခေါ်၍ ယွမ်ရှောင်အနေဖြင့် မည်သည့်နေရာတွင် နေထိုင်ရမည်ကို ခုထိ မသိရသေးချေ။ အကြီးအကဲများ ထင်မှတ်ထားသည့်အတိုင်း အမည်ခံ ဓားအင်မော်တယ် အစစ်နှင့် အတုအကြောင်း ကောလာဟလသတင်းများ ဓားအပျက်အစီးနယ်မြေတစ်လျှောက် ပျံ့နှံ့သွားရန် အချိန် ကြာမြင့်မည် မဟုတ်ပေ။ တီးတိုးစကားသံများတွင် အမည်ခံ အင်မော်တယ် နန်းတော်၌ နေထိုင်ခွင့်မရသော ယွမ်ရှောင်ကို အတုအဖြစ် သေချာပေါက် သတ်မှတ်ကြပေလိမ့်မည်။

"အမည်ခံ အင်မော်တယ် နန်းတော်အသစ် မတည်ဆောက်ရသေးခင်မှာ သခင်လေးယွမ်က ငါ့အိမ်မှာ နေထိုင်ရလိမ့်မယ်လို့ ထင်ပါတယ်"

"သေချာတာပေါ့။ ပြဿနာ လုံးဝ မရှိဘူး။ ကျုပ် နေမယ်"

သူမ၏ ဖိတ်ကြားချက်ကို ယွမ်ရှောင် မတုံ့ပြန်နိုင်ခင်မှာပင် လနီက အသံတုပြုလုပ်၍ အော်ဟစ်ပစ်လိုက်သည်။

အမည်ခံ အင်မော်တယ် နန်းတော်တွင် ညနက်ပိုင်း ရောက်လာသည့်တိုင်အောင် ခမ်းနားသော ရွှေရောင်ရင့်ရင့် နန်းဆောင်ရှေ့မှောက်၌ ဒူးထောက်နေသော ပုံရိပ်နှစ်ခုသည် ပုရွက်ဆိတ်များကဲ့သို့ လျစ်လျူရှုခံထားရသည်။ သူတို့က ပိုင်ချင်းရွှယ် နှင့် ပိုင်ဝူချွဲဖြစ်ကာ ပိုင်ဝူချွဲ၏ မျက်နှာသည် တစ္ဆေတစ်ကောင်အလား ဖြူဖျော့နေပြီး သူ၏ စိတ်ဓာတ် ပျက်စီးသွားသဖြင့် ခန္ဓာကိုယ်တစ်ခုလုံး မထိန်းချုပ်နိုင်လောက်အောင် တုန်ရီနေသည်။ သူ၏ အမေ ပိုင်ချင်းရွှယ်သည်လည်း အေးစက်သော မာနကြီးကြီး မိန်းမအသွင် ပျောက်ကာ တစ်ချိန်က ရေခဲမျက်နှာတွင် ကြောက်စိတ်တို့ ထင်ဟပ်နေ၏။ ဤမျှ ကြောက်လန့်နေရသည်မှာလည်း အကြောင်းပြချက် ရှိပေသည်။ သူမ၏ ဖခင်မှာ တောင်သခင်တစ်ဦးဖြစ်ကာ ဓားအပျက်အစီးနယ်မြေတွင် ထင်ရှားသဖြင့် ဓားအပျက်အစီးနယ်မြေရှိ ကိုးဆယ့်ကိုးရာခိုင်နှုန်းသော လူများ သူမကို မစော်ကားရဲကြပေ။ သို့တိုင်အောင် သူမ၏ ဖခင်သည်ပင် ထိပ်တန်း ဓားတရားသူကြီးများအတွက် နောက်လိုက်တစ်ဦးမျှသာ ဖြစ်သည်။ သူတို့က နောင်တစ်ချိန်တွင် ကြီးကြပ်သူများ ဖြစ်လာရန် ဓားအပျက်အစီးနယ်မြေကို အလုပ်အကျွေးပြုရသည်။ လက်ရှိတွင် အမည်ခံ အင်မော်တယ် နန်းတော်ရှေ့တွင် ဓားအပျက်အစီးနယ်မြေ၏ ကြီးကြပ်သူ သုံးဦး ရပ်နေပြီး စိတ်ခံစားချက်ကင်းမဲ့စွာဖြင့် ထိုသားအမိကို အေးစက်စက် စိုက်ကြည့်နေကြသည် မဟုတ်ပါလော။

"ကျေးဇူးပြုပြီး ကျွန်မတို့ကို အပြစ်ဖြေဖို့ အခွင့်အရေးတစ်ခု ပေးသနားပါ"

အချိန်အတန်ကြာအောင် ဒူးထောက်ပြီးနောက် မျက်ရည်များ စီးကျနေသော ပိုင်ချင်းရွှယ်က အသနားခံခဲ့သည်။

"ပိုင်ချင်းရွှယ်ကို ဝင်ခွင့်ပြုလိုက်ပါ"

ကြီးကြပ်သူသုံးယောက်က တိတ်ဆိတ်နေကြပြီး အလွန်ကြာညောင်းသောအခါတွင်မှ နန်းတော်အတွင်းမှ အသံတစ်ခုဖြင့် အမိန့်ပေးလာသည်။

"ဟုတ်ကဲ့"

ဖုန်းပုဟွေက နန်းတော် တံခါးများကို ဖွင့်၍ ပိုင်ချင်းရွှယ်ကို မျက်ခုံးပင့်လျက် အချက်ပြခဲ့သည်။

"သခင်လေး လင်း"

ပိုင်ချင်းရွှယ်က ဒူးထောက်နေရာမှ လူးလဲထပြီး အလွန်အမင်း နှိမ့်ချရိုကျိုးဟန်ဖြင့် နန်းတော်အတွင်း ခပ်ရို့ရို့ ဝင်ရောက်သွားခဲ့သည်။

"အမေ…"

ပိုင်ဝူချွဲမှာ မြေကြီး၌ ဝပ်တွားနေရသောအခါ ပွတ်တိုက်မှုကြောင့် နဖူးမှ သွေးထွက်နေသည်။ နန်းတော် တံခါးများ ဘုန်းခနဲ ပိတ်သွားသောအခါ ပိုင်ချင်းရွှယ်သည် တုန်ရီစွာဖြင့် မော့ကြည့်လိုက်ရာ ဧကရာဇ်တစ်ပါးကဲ့သို့ ထိုင်နေသော လင်းချန်ကို မြင်တွေ့လိုက်ရ၏။ သူက ရေချိုးသန့်စင်၍ ဓားကျွန်ဘဝ၏ အညစ်အကြေးများကို ဖယ်ရှားခဲ့သဖြင့် ချောမောသော မျက်နှာ ထွက်ပေါ်လာသော်လည်း စူးရှလွန်းသော မျက်လုံးများကြောင့် ကြောက်စရာကောင်းနေသည်။ သူက ခရမ်းရောင်နှင့်ရွှေရောင် ချည်ထိုးဝတ်ရုံကို ဝတ်ဆင်ထားကာ ရေစိုနေသော ဆံပင်အား ဖားလျားချပြီး ပေါ့ပေါ့ပါးပါး ထိုင်နေသည်။ သူက ပိုင်ချင်းရွှယ်ကို လက်ဝယ်ရောက်လာသော သားကောင်တစ်ကောင်ပမာ မကောင်းဆိုးဝါးဆန်ဆန် စိုက်ကြည့်နေခဲ့သည်။

"သခင်လေး လင်း"

ပိုင်ချင်းရွှယ်က သူ့ရှေ့တွင် ချက်ချင်း ဒူးထောက်လိုက်သည်။

"မင်းရဲ့ ခေါင်းကို မော့ထားစမ်း"

တစ်ဖက်လူ၏ ကလူကျီစယ်လိုသော စကားသံမှာ သူမ၏ နားများတွင် ပဲ့တင်ထပ်နေသည်။ နူးညံ့သိမ်မွေ့သော ခန္ဓာကိုယ် အနည်းငယ် တုန်ခါသွားပြီး ဦးခေါင်းကို ဖြည်းဖြည်းချင်း မော့လိုက်ရာ အနားသို့ လင်းချန် ရောက်နေသဖြင့် ထိတ်လန့်သွားမိသည်။ သို့သော် သူ၏ ဝတ်ရုံက ပလ္လင်ပေါ်တွင် ကျန်ရစ်ခဲ့ပြီး အဝတ်ဗလာ ဖြင့် ချဉ်းကပ်လာခဲ့ခြင်း ဖြစ်နေ၏။

"ဟင်"

ပိုင်ချင်းရွှယ် မင်သက်သွားစဉ်မှာပင် လင်းချန်က သူမ၏ မေးကို ကိုင်၍ မော့ခိုင်းလိုက်၏။

"သခင်မပိုင်၊ ခင်ဗျားရဲ့ သားကို သေခြင်းထက် ဆိုးရွားတဲ့ ကံကြမ္မာတစ်ခုနဲ့ အသက်ရှင်စေချင်လား"

သူက စကားတစ်လုံးချင်း ပီပီသသ ရွတ်ဆို၍ ခြိမ်းခြောက်ခဲ့သည်

"လင်းချန်၊ မင်း...."

ပိုင်ဝူချွဲမှာ အခြေအနေကို ရိပ်မိပုံရသောကြောင့် ဒေါသတကြီး ထရပ်ရန် ကြိုးစားလိုက်သော်လည်း သူ၏ ဒူးများ မြေကြီးပေါ်သို့ ချက်ချင်း ဖိချခံလိုက်ရ၏။

ကြီးကြပ်သူ ဖုန်းပုဟွေ နှင့် ယွမ်ရှင်းဟယ်က တံခါးဝတွင် အေးစက်စက် ရပ်နေကာ သူ့ကို ကြည့်နေရင်း အရှိန်အဝါဖြင့် ဖိနှိပ်ထားသောကြောင့် လုံးဝ မလှုပ်ရှားနိုင်တော့ပေ။

"အား…"

ခါးသီးလွန်းသော အဖြစ်ကြောင့် သူက လဲကျသွားကာ ခါးသီးစွာ ငိုကြွေးနေမိသည်။

"ဝူချွဲ၊ အဆင်ပြေပါတယ်၊ အခု အဆင်ပြေသွားပြီ။"

အချိန်အတော်ကြာပြီးနောက် ပိုင်ချင်းရွှယ် ပြန်လည်ရောက်ရှိလာကာ သားဖြစ်သူကို ပွေ့ဖက်အားပေးလိုက်သော်လည်း သူမ၏ အသံတွင် စိတ်ပျက်အားငယ်မှုများ ပြည့်နှက်နေသည်။

"ဖယ်ပါ" ပိုင်ဝူချွဲက သူမကို တွန်းဖယ်၍ အမည်ခံ အင်မော်တယ်နန်းတော်နှင့် ဝေးရာသို့ ဒယိမ်းဒယိုင် ထွက်ခွာသွားခဲ့သည်။

"ရပ်စမ်း"

လင်းချန်က တံခါးဝတွင် ရပ်နေပြီး ကြီးကြပ်သူ သုံးဦးသည် သက်တော်စောင့်များပမာ ဘေးတွင် နေရာယူထား၏။

"သခင်လေး ရှင် ပြောခဲ့တယ် မဟုတ်ဘူးလား"

ပိုင်ချင်းရွှယ်၏ ခန္ဓာကိုယ် တုန်ခါသွား၍ နောက်လှည့်ကြည့်ပြီး ကြေကွဲစွာ ရေရွတ်လိုက်သည်။

"ဟုတ်တယ်။ သူ သေစရာ မလိုဘူးလို့ ငါ ပြောခဲ့တယ်။ ဒါပေမယ့် အခုအချိန်ကနေစပြီး ငါ့ရဲ့ ဓားကျွန်အဖြစ် အမှုထမ်းရလိမ့်မယ်"

လင်းချန်က ပိုင်ဝူချွဲကို လှောင်ပြောင်ရင်း အထက်စီးမှ အမိန့်ချခဲ့သဖြင့် သူ့ကို နောက်တစ်ကြိမ် ပြိုလဲသွားစေကာ ကြောက်စိတ်ကြောင့် မျက်လုံးများ ချာချာလည်နေသည်။

"ပြီးတော့ တစ်ခုကျန်သေးတယ်၊ သခင်မပိုင်။ မင်းရဲ့သားကို အသက်ရှည်စေချင်ရင် ငါ့ကို မကြာခဏ အခစားဝင်ရလိမ့်မယ်"

လင်းချန်က ဆိုးယုတ်သော အပြုံးမျိုးဖြင့် ပိုင်ချင်းရွှယ်ဘက်သို့ လှည့်ကြည့်ကာ သတိပေးလိုက်လေသည်။

All Chapters