← Chapters

စက်ဆုပ်ဖွယ်ရာ တည်ရှိမှု

Vol. 24 Ch. 332

စက်ဆုပ်ဖွယ်ရာ တည်ရှိမှု

Vol. 24 Ch. 332

….

မြို့ထဲတွင် သူ့အပေါ် ထိုမျှပြင်းထန်သော သတ်ဖြတ်လိုစိတ်ရှိနေသူမှာ တစ်ဦးတည်းသာရှိလေ၏။

အထူးသဖြင့် သူသည် ဤနေရာရှိ အခြားသူများအတွက် သူစိမ်းတစ်ဦးဖြစ်နေသောကြောင့်လည်းဖြစ်သည်။

အတိတ်တွင် အာရန်သည် မှတ်ဉာဏ်အပိုင်းအစတစ်ခုကို ဖွင့်ကြည့်နိုင်ရန်အတွက် သူ၏ သိစိတ်ပင်လယ်ကို ပိုမိုကျယ်ဝန်းလာစေရန် ရည်ရွယ်ချက်ဖြင့် ပင်လယ်နဂါးတစ်ကောင်အား လိုက်လံရှာဖွေဖို့ ပင်လယ်ပြင်သို့ သွားရောက်ခဲ့၏။

ထိုအချိန်က သူသည် အရွယ်ရောက် အခမ်းအနားအတွက် ပါဝင်ယှဥ်ပြိုင်နေခဲ့သော ပင်လယ်နဂါးမင်းသားနှင့် တွေ့ဆုံရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

ပင်လယ်နဂါးမင်းသားက အာရန်တို့အား သတ်ဖြတ်ရန် ကြိုးပမ်းခဲ့သောကြောင့် သူသည် ထိုနဂါးငယ်ကို သတ်ဖြတ်ရန် ဖိအားပေးခံခဲ့ရသည်ဟုဆိုနိုင်သည်။

ထိုစဥ်က ပင်လယ်နဂါးမင်းသားကို သတ်နိုင်ခဲ့၍ ထိုနေရာမှ လျင်မြန်စွာ ထွက်ခွာနိုင်ခဲ့ပါက သူ၏လုပ်ရပ်ကို မည်သူမျှမသိနိုင်ဟု ထင်မှတ်ခဲ့သော်လည်း ကံမကောင်းစွာဖြင့် ပင်လယ်နဂါးဧကရီမှ ထိုနေရာသို့ ရောက်ရှိလာခဲ့ပြီး သူ၏မျက်နှာအား သိရှိသွားခဲ့လေသည်။

ထိုအချိန်က သူသည် အလုံအလောက် အစွမ်းမထက်သေးသောကြောင့် သူမ၏လက်တွင်းမှ လက်မတင်လေး လွတ်မြောက်အောင်ပင် အသဲအသန်ကျိုးစားခဲ့ရသည်။

သို့သော် အခုမူ အခြေအနေများသည် မတူညီတော့ပေ။

သူသည် ယခုအခါ ယခင်နှင့်ယှဥ်ပါက များစွာပို၍ အစွမ်းထက်လာခဲ့ပြီဖြစ်ပြီး အနည်းဆုံး သူ့ကိုယ်သူ ကာကွယ်နိုင်လောက်အောင်အထိတော့ သန်မာနေခဲ့ပြီဖြစ်၏။

ထို့ပြင် ယခုမြို့ထဲတွင် သန့်စင်ပရောဟိတ်မကိုယ်တိုင် ရောက်ရှိနေလေသည်။

ပင်လယ်နဂါးဧကရီသည် သူ့အား ယခုအချိန်တွင် တိုက်ခိုက်ပါက သန့်စင်ပရောဟိတ်မကိုပင် ဤ ပဋိပက္ခအတွင်းသို့ ဆွဲသွင်းနိုင်ပေလိမ့်မည်။

သူသည် ဤတိုက်သို့ရောက်ရှိလာသော ဧည့်သည်တစ်ဦးသာဖြစ်နေပြီး သန့်စင်ပရောဟိတ်မသည် အရှေ့တိုက်အား သိမ်းသွင်းလိုနေသောသူဖြစ်၏။

ထိုအချိန်တွင် ပင်လယ်နဂါးဧကရီမှာမူ အာရန်နှင့် ဆန့်ကျင်ဘက်ပင် သန့်စင်အင်ပါယာ၏ ဂိုဏ်းအုပ်ဘုန်းတော်ကြီးများစွာကို သတ်ဖြတ်ခဲ့သူဖြစ်နေသည်။

သန့်စင်ပရောဟိတ်မသည် ထိုအချိန်တွင် ဘယ်သူ့ဘက်မှ ရပ်တည်မည်ဆိုသည်မှာ လုံးဝ ရှင်းလင်းလှသည်။

သူမတို့ နှစ်ဦးသာ ထိပ်တိုက်တွေ့ပါက သန့်စင်ပရောဟိတ်မ၏ သွေးတစ်စက်ကို ရရှိရန် အခွင့်အရေးတစ်ခုရရှိချင် ရရှိနိုင်လိမ့်မည်ဖြစ်၏။

အာရန်မှာ မူလက သန့်စင်အင်ပါယာ၏ တော်ဝင်မြို့တော်သို့ ရောက်မှသာ ဤအစီအစဉ်ကို အကောင်အထည်ဖော်နိုင်မည်ဟု ထင်မှတ်ထားခဲ့သော်လည်း ယခုမူ အခွင့်အရေးမှာ သူ့ဆီသို့ များစွာစော၍ ရောက်ရှိလာပြီဖြစ်သည်။

သို့သော် ထိုသို့လွယ်ကူပုံရသော အစီအစဉ်တွင်ပင် ချို့ယွင်းချက်အနည်းငယ်ရှိနေသေး၏။

အကြီးမားဆုံးပြဿနာမှာ အာရန်သည် ပင်လယ်နဂါးဧကရီအား တော်ဝင်မြို့တော်အတွင်းသို့ ဝင်ရောက်နိုင်အောင် ကူညီပေးရမည်ဟူသော စနစ်ဆီမှ ရွေးချယ်မှုတစ်ခုကို လက်ခံထားခြင်းပင် ဖြစ်သည်။

အကယ်၍ ပင်လယ်နဂါးဧကရီသာ ဤနေရာတွင် သေဆုံးသွားပါက သူသည် ထိုရွေးချယ်မှုကို ထာဝရကျရှုံးသွားလိမ့်မည်ဖြစ်လေသည်။

ထို့ကြောင့် သူသည် ထိုအမျိုးသမီးနှစ်ဦးအား တိုက်ပွဲတစ်ခုအား ဖော်ဆောင်စေနိုင်ခဲ့လျှင်ပင် ပင်လယ်နဂါးဧကရီအား သေဆုံးစေ၍မရပေ။

အာရန်သည် သူမအား သန့်စင်မြို့တော်အတွင်းသို့ ထိုးဖောက်ဝင်ရောက်နိုင်ရန်လည်း ကူညီ‌ပေးရဦးမည်ဖြစ်ကာ ထိုအရာကလည်း ပြောရလွယ်သလောက် လုပ်ရခက်လေ၏။

အာရန်သည် ဘုန်းတော်ကြီးများစွာ၏ စောင့်ကြည့်နေမှုအောက်တွင်ပင် တဖြည်းဖြည်းလျှောက်လာရင်းဖြင့် စိတ်အနည်းငယ်ပင် ပျက်လာခဲ့သည်။

သတ်ဖြတ်လိုသည့် အော်ရာတစ်ခုမှာ အစောပိုင်းကအတိုင်း ပြင်းထန်နေဆဲဖြစ်သော်လည်း ပင်လယ်နဂါးဧကရီသည် သူ့အားသတ်ဖြတ်ရန် အလျင်စလို ထွက်မလာခဲ့ပေ။

သူမသည် သူထင်ထားသည်ထက် ပိုမို၍ ဉာဏ်ကောင်းကာ သူမစိတ်ကို သူမထိမ်းချုပ်နိုင်ခဲ့လေ၏။

သို့တိုင် အာရန်သည် အလျင်မလိုခဲ့ပေ။ သူသည် သူမအား တိုက်ပွဲတစ်ခုထဲသို့ ဆွဲသွင်းနိုင်ခဲ့လျှင် သူ့အတွက် အထောက်အကူများစွာ ဖြစ်စေနိုင်မည်ဖြစ်ကာ ထိုအရာသည် မကြာမှီအချိန်အတွင်း အကောင်အထည်ဖော်နိုင်လိမ့်မည်လည်းဖြစ်ကာ သူမအတွက် အချိန်တစ်ခုသာလိုအပ်မည်ဖြစ်သည်။

အာရန်သည် မြို့စားအိမ်တော်ရှေ့တည့်တည့်တွင် ရပ်လိုက်၏။

ထိုအိမ်တော်သည် သန့်စင်ပရောဟိတ်မ ရှိနေခြင်းကြောင့် ဤမြို့ထဲတွင် ကောင်းချီးစွမ်းအင်များ အသိပ်သည်းဆုံးနေရာလည်း ဖြစ်နေခဲ့သည်။

အိမ်တော်နှင့် နီးကပ်လာသည်နှင့်အမျှ အာရန်သည် သူ၏ခွန်အားမှာ (၂၀) ရာခိုင်နှုန်းခန့် အထိ အလိုအလျှောက် ဖိနှိပ်ခံလိုက်ရသည်ဟု ခံစားလိုက်ရသည်။

“ဒါက အနောက်ပိုင်းအရှင်သခင်ရဲ့ ထူးခြားတဲ့တည်ရှိမှုတစ်ခုဖြစ်တဲ့ ကောင်းချီးနယ်မြေဆိုတာလား... ဘယ်လောက်တောင် သက်ရောက်မှုကြီးလိုက်သလဲ...”

အနောက်ပိုင်းတိုက်ကြီးတွင်ဆိုပါက သန့်စင်ပရောဟိတ်မအား မည်သူမျှ မယှဉ်ပြိုင်နိုင်ဟု ပြောစမှတ်တွင်ထားလေသည်။

၎င်းသည် ကောင်းချီးနယ်မြေကြောင့်လည်း တစ်စိတ်တစ်ပိုင်း ပါဝင်နေဟန်ရသည်။

ဤစွမ်းရည်မှာ နတ်ဘုရားမ၏ ချစ်မြတ်နိုးမှုကိုအများဆုံးရရှိထားသည့် ပုဂ္ဂိုလ်တစ်ဦးသာ ပိုင်ဆိုင်နိုင်သည့် ထူးခြားသည့် စွမ်းရည်တစ်ခုလည်းဖြစ်လေ၏။

အနည်းဆုံးတော့ ကောလဟာလများအရ ထိုသို့ပင်ဖြစ်လေသည်။

အနောက်ပိုင်းတိုက်ကြီးတွင်ဆိုပါက သန့်စင်ပရောဟိတ်မသည် ပုံမှန်အားဖြင့် အလိုလိုနေရင်းဖြင့်ပင် သူမ၏ ပင်ကိုယ်စွမ်းရည်ထက်ပင်များစွာပိုမို အစွမ်းထက်နေပြီဖြစ်၏။

ထို့ပြင် ထိုကောင်းချီးနယ်မြေအစွမ်း၏ သက်ရောက်မှုကြောင့် အခြားသူများသည် သူမနှင့်ရင်ဆိုင်ရပါက ၎င်းတို့၏ ခွန်အားမှာ အနည်းဆုံး ၅ပုံ ၁ပုံလောက်အထိ အလိုလို ဆုံးရှုံးသွားရမည်ဖြစ်သဖြင့် ခွန်အားကွာဟချက်ကို ပို၍ပင် တိုးသွားစေလိမ့်မည်။

အာရန်သည် ရုတ်တရက် သူ၏ခန္ဓာကိုယ်ကို ဓားဧကရာဇ်၏ အော်ရာဖြင့် ဝန်းရံလိုက်သည်။

ထို့နောက် ပတ်ဝန်းကျင်ရှိ အနောက်ပိုင်းတိုက်ကြီးမှ မဟုတ်သောသူများအတွက် သီးခြား တိုးမြှင့်ထားသော ဖိနှိပ်မှုအချို့ကို တွန်းလှန်ရန်ကျိုးစားလိုက်လေသည်။

အာရန်သည် ဝါးမြိုသူအဖြစ်ဟန်ဆောင်စဥ်က သူ၏မူလအချက်အလက်များကို ပေါ်လွင်စေမည် စိုးရိမ်သောကြောင့် ဓားဧကရာဇ်၏အော်ရာကို အသုံးမပြုနိုင်ခဲ့ပေ။

သို့သော် ယခုအခြေအနေမှာမူ မတူတော့ပေ။ လက်ရှိတွင် သူသည် တောင်ပိုင်းတိုက်ကြီးမှ ဝါးမြိုသူ မဟုတ်တော့ပေ။

ထို့အစား သူသည် မိစ္ဆာဂိုဏ်းမှ မဟာအကြီးအကဲရန် အဖြစ်နှင့်လာရောက်ခြင်း ဖြစ်လေသည်။

သူ၏ခန္ဓာကိုယ်ပတ်လည်တွင် ထိုအော်ရာပေါ်လာသည်နှင့်တစ်ပြိုင်နက် ထိုကောင်းချီးနယ်မြေ ဆွဲအား၏ သက်ရောက်မှုမှာ လုံးဝပျောက်ကွယ်သွား၏။

“ဟမ် ဒါက...”

အာရန်သည်ပင် သူ၏ခွန်အားကို အပြည့်အဝ ပြန်လည်ရရှိလိုက်သည်ကို ခံစားမိလိုက်သဖြင့် အံ့အားသင့်သွားရသည်။

ဓားဧကရာဇ်၏အော်ရာသည် နတ်ဘုရားမ၏ ကောင်းချီးနယ်မြေ ဖိနှိပ်မှုမှ လွတ်မြောက်စေရုံသာမကဘဲ သူ၏ခန္ဓာကိုယ်အပေါ်သို့သက်ရောက်နေသော အထူးကောင်းချီး အကာအကွယ်လွှာများ၏ ကန့်သတ်မှုကိုပါ လုံးဝပယ်ဖျက်ပစ်လိုက်နိုင်လေသည်။

အာရန်သည် ထိုအရာအတွက် အတော်လေး အံ့အားသင့်ခဲ့ရသလို အတော်လေးလဲ ပျော်ရွှင်သွားမိခဲ့သည်။

ယာယီဖိနှိပ်ခံထားရသော သူ၏ စွမ်းရည်များသည် ပုံမှန်အတိုင်း ပြန်ဖြစ်လာခဲ့၏။

‘ကောင်းချီးနယ်မြေဆိုတာ ထူးခြားတဲ့စွမ်းရည်တစ်ခုပဲ ဓားဧကရာဇ်ရဲ့အော်ရာက ဘယ်လိုလုပ် ဒါကိုတောင် လုံးဝ ပယ်ဖျက်ပစ်နိုင်ရတာလဲ’

အာရန်သည် ဓားဧကရာဇ်၏အော်ရာကို ပို၍ပင် အထင်ကြီးသွားမိပြီး ဤအော်ရာကို ဖန်တီးခဲ့သော ဓားဧကရာဇ်သည် မည်သို့သော ပုဂ္ဂိုလ်ဖြစ်မည်နည်းဟု တွေးတောမိလိုက်သည်။

အာရန်သည် အရှင်သခင်တစ်ဦးနှင့်ယှဥ်ပါက အလွန်အားနည်းနေသေးသော်လည်း သန့်စင်ပရောဟိတ်မ၏ ဤကဲ့သို့ ထူးခြားသောစွမ်းရည်ကိုပင် ဖိနှိပ်နိုင်ခဲ့ပြီး သူမ၏အားသာချက်များကို ဖယ်ရှားပစ်နိုင်ခဲ့သည်။

ဓားဧကရာဇ်သည် တစ်ချိန်တစ်ခါက အတော်ပင် စွမ်းအားကြီးခဲ့သူဖြစ်လိမ့်မည်ဟု ယူဆနိုင်ပြီဖြစ်၏။

ထိုသို့ယူဆနိုင်လျှင် ထိုဓားဧကရာဇ်သည် သန့်စင်ပရောဟိတ်မထက် များစွာပို၍ အစွမ်းထက်ခဲ့သူဟု ဆိုလိုခြင်းမဟုတ်ပေဘူးလား...။

‘ဓားဧကရာဇ် အော်ရာရဲ့ ပြင်းထန်မှုက ဖန်းယုရဲ့ အော်ရာနဲ့တောင် နှိုင်းယှဉ်နိုင်တယ် ဒ့ါအပြင် တခြား အရှင်သခင်ရဲ့ သီးခြားစွမ်းရည်တွေကိုပါ ပယ်ဖျက်နိုင်စွမ်းရှိနေတယ် ဓားဧကရာဇ်ဟာ အရှင်သခင်တွေထက်တောင် တကယ်ကြီး ပိုအစွမ်းထက်ခဲ့တဲ့သူတစ်ယောက်လား...’

အာရန်သည် အတွေးများထဲတွင် နစ်မြုပ်နေရင်း မြို့စားအိမ်တော်ရှေ့တွင် ရပ်နေခဲ့သည်။ မကြာမီပင် အိမ်တော်၏ ဝင်ပေါက်တံခါးသည် ပွင့်လာခဲ့သည်။

ဂိုဏ်းအုပ်ဘုန်းတော်ကြီးဝတ်စုံကို ဝတ်ဆင်ထားသော သက်လက်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် မြို့စာမင်း၏ စံအိမ်တော်အတွင်းမှ ထွက်လာပြီး အာရန်အား ပြုံးပြကာ နှုတ်ဆက်လိုက်သည်။

“ကျွန်ုပ်တို့ရဲ့ မြင့်မြတ်တဲ့ သန့်စင်ပရောဟိတ်မကိုယ်တိုင် အရှေ့တိုက်က သံတမန်တွေ ရောက်လာတာကို သတင်းရထားတဲ့အတွက် သူမကိုယ်တိုင် အထဲမှာ စောင့်ကြိုနေပါတယ် ကျေးဇူးပြုပြီး ကျုပ်နောက်ကနေ လိုက်ခဲ့ပေးပါ” ဟု ထိုဘုန်းတော်ကြီးက အာရန်အား ရိုသေစွာဖြင့် ဖိတ်ခေါ်လိုက်၏။

အရှေ့ပိုင်းတိုက်သို့ ဝင်ရောက်ခဲ့သော ဂိုဏ်းအုပ်ဘုန်းတော်ကြီး နာသန်နီယယ်သည် အာရန်နှင့် ပထမအကြိမ်တွေ့ဆုံခဲ့စဥ်က လေးစားသမှုကို ပြသခဲ့သော်လည်း ဤမျှအဆင့်အထိတော့ မဟုတ်ခဲ့ပေ။

မည်သို့ပင်ဆိုစေ အာရန်သည် သူနှင့် အဆင့်တူ တစ်ဦးနှင့် စကားပြောနေသကဲ့သို့ ပုံမှန်အတိုင်းဖြစ်နေသည်ဟု ခံစားလိုက်ရသည်။

တစ်ဖက်တွင် ဤဂိုဏ်းအုပ်ဘုန်းတော်ကြီးသည်လည်း ပို၍ပင် ရိုသေသမှုပြနေခဲ့သည်။

အာရန်သည် ထိုအပြုအမူမှာ သန့်စင်ပရောဟိတ်မမှ မိစ္ဆာဂိုဏ်းမှ လူများကို သိမ်းသွင်းလိုသောကြောင့်လော သို့မဟုတ် သူသည် ယခုအခါ မဟာအကြီးအကဲတစ်ဦးအဖြစ် သတ်မှတ်ခြင်း ခံထားရပြီ ဖြစ်သောကြောင့်လော ...မသေချာပေ။

သို့သော် အာရန်သည် သိပ်မစဉ်းစားလိုတော့ဘဲ ဂိုဏ်းအုပ်ဘုန်းတော်ကြီး နောက်မှလိုက်ကာ အိမ်တော်ထဲသို့ လိုက်ပါဝင်‌ရောက်ရင်း တတိယမြောက် အရှင်သခင်တစ်ဦးနှင့် တွေ့ဆုံရန် ပြင်ဆင်လိုက်သည်။

ဤကမ္ဘာရှိ လူအတော်များများသည် သူတို့၏ တစ်သက်တာလုံးတွင်ပင် အရှင်သခင်တစ်ဦးကို တွေ့ဆုံနိုင်ရန် လွန်စွာခဲယင်းလေသည်။

သို့သော် အာရန်အတွက်မူ ယခုသည် တစ်နှစ်ပင်မပြည့်သေးခင်မှာပင် သူထပ်မံ တွေ့ဆုံရမည့် တတိယမြောက်အရှင်သခင်တစ်ဦးပင် ဖြစ်၏။

ထို့နောက် သူ့အတွက်တွေ့ဆုံရန် ကျန်ရှိသည်မှာ သူတို့အားလုံးထဲတွင် အလျှို့ဝှက်ဆုံးဖြစ်သည့် နစ်ခရိုမန်ဆာမျှော်စင်၏ အရှင်သခင်တစ်ဦးတည်းသာ ကျန်တော့သည်။

မြို့စားအိမ်တော်အတွင်း၌ သန့်စင်ပရောဟိတ်မသည် သူမ၏မျက်လုံးများကို ဖွင့်လိုက်သည်။

သူမသည် သူမ၏ ကောင်းချီးနယ်မြေအတွင်းသို့ ကျူးကျော်ဝင်‌ရောက်လာသော မနှစ်မြို့ဖွယ် အော်ရာတစ်ခုကို ခံစားမိလိုက်သောကြောင့် စက်ဆုပ်ဖွယ်ရာ အမူအရာတစ်ခုကို ထုတ်ဖော်လိုက်မိသည်။

“အဲဒီ စက်ဆုပ်ဖို့ကောင်းတဲ့ အော်ရာ... ဘာလို့များ ဒီအချိန်ကြီး ပေါ်လာရတာလဲ”

#Catfoot

All Chapters