← Chapters

အစစ်အမှန်ကိုယ်စာလှယ်

Vol. 24 Ch. 337

အစစ်အမှန်ကိုယ်စာလှယ်

Vol. 24 Ch. 337

….

ပင်လယ်နဂါးဧကရီအား မြို့စားစံအိမ်တော်သို့ ပြန်လည်ခေါ်ဆောင်သွားခဲ့ပြီးနောက် ထိုစံအိမ်တွင်ပင် အစောင့်အကြပ်များစွာဖြင့် တင်းကျပ်စွာ စောင့်ကြပ်ထားသည့် အကျဥ်းထောင်၏ အခန်းတစ်ခန်းအတွင်း၌ သူမအား သီးသန့်ထားရှိလေသည်။

ထိုအခန်းတွင် ပြတင်းပေါက်မရှိချေ၊ နံရံများသည် ထူထဲအေးစက်သော ကျောက်တုံးများဖြင့် ပြုလုပ်ထားခြင်းဖြစ်ကာ မည်သည့် ပုံမှန်မဟုတ်သည့် စွမ်းအင် အဆီအနှစ်ကိုမဆို စုပ်ယူပစ်နိုင်သည့်အလားပင် ထင်မှတ်ရလေ၏။

ထူထဲသော သံတိုင်ကြီးများဖြင့် တံခါးကို တည်ဆောက်ထားပြီး ထိုတံခါးကိုဖွင့်ရန်မှာ မြို့စားမင်းတစ်ဦးတည်းသာ ပိုင်ဆိုင်သည့် သော့ဖြင့်သာ ရနိုင်ပြီး ရှုပ်ထွေးသော ယန္တရားအစီအရင် အဆင့်အဆင့်ဖြင့် ပိတ်ဆို့ထားခြင်းလည်းဖြစ်လေသည်။

အခန်းအပြင်ဘက် စင်္ကြံလမ်းရှိ လမ်းမီးတိုင်တစ်ခုဆီမှသာ မှိန်ဖျော့ဖျော့ အလင်းရောင်အနည်းငယ် ကျရောက်လျက်ရှိသည်။

ထိုအကျဥ်းထောင် ကြမ်းပြင်မှာလည်း ညီညာခြင်းမရှိသည့်အပြင် အေးစက်စက် နိုင်လွန်းနေခဲ့၏။

သစ်သားခုံတန်းလျားငယ်လေးတစ်ခုသည် ဟောင်းနွမ်းလျက်ရှိသည့်အပြင် ဘေးနားတွင် အစအနများပင် ဖွာလန်ကျဲထွက်လျက်ရှိနေပြီး ထိုအရာသည် အခန်းထဲတွင်ရှိနေသော တစ်ခုတည်းသော ထိုင်စရာနေရာလည်းဖြစ်လေသည်။

၎င်းသည် ရိုးရှင်းဟန်ရသော်လည်း ထိုအခန်းတစ်ခုလုံးသည် တစ်ခုတည်းသော ရည်ရွယ်ချက်ဖြင့် ဖန်တီးတည်ဆောက်ထားခြင်းဖြစ်၏။

ထိုရည်ရွယ်ချက်မှာ မည်သူမျှ ထိုအခန်းမှ ထွက်ပြေးရန် မဖြစ်နိုင်စေရန်ပင်တည်း။

ထိုအကျဥ်းခန်း၏ မျက်နှာကျက်အပါအဝင်နေရာအတော်များများတွင် ဝှက်ထားသော ထောင်ချောက်များပါဝင်နေပြီး အသေးစိတ်အကွက်ချ၍ စီစဥ်ထားသော အခန်းတစ်ခုလည်းဖြစ်လေသည်။

အခန်းအပြင်ဘက်ရှိ အစောင့်များကိုပင် သစ္စာရှိမှုနှင့် သန်မာမှုအတွက် သေခြာစွာ စီစစ်ရွေးချယ်၍ ခန့်အပ်ထားခဲ့ခြင်းဖြစ်၏။

ထိုအကျဥ်းခန်းကို ခံတပ်ကြီးတစ်ခုအတွင်းရှိ နောက်ထပ် ခံတပ်တစ်ခုဟုပင် အဓိပ္ပါယ်ဖွင့်ဆိုနိုင်လေသည်။

ပင်လယ်နဂါးဧကရီကို ထိုအကျဥ်းအခန်းထဲသို့ ထည့်သွင်းလိုက်ပြီးနောက် သူမ၏ လက်များကို နံရံပေါ်ရှိ မြင့်မားသောချိတ်ကြီးများနှင့် တွဲလျက်ရှိနေသည့် သံကြိုးကြီးများနှင့် ချည်နှောင်ထားလိုက်ကြသည်။

မြို့စားမင်းဖြစ်သည့် ဂိုဏ်းအုပ်ဘုန်းတော်ကြီးသည် အချုပ်ခန်းမှ ထွက်ခွာသွားစဉ် ပင်လယ်နဂါးဧကရီအား ဒုတိယအကြိမ်ပင် အကြည့်တစ်ချက်ထပ်မံ မပေးခဲ့ပေ။

ထိုနေရာမှ လွတ်ရန်မဖြစ်နိုင်သည့် တစ်စုံတစ်ယောက်အတွက် တစ်ညလုံး အချိန်ကုန်မခံလိုသောကြောင့်လည်း ဖြစ်၏။

သို့သော် သူသည် အပြင်သို့ပြန်လည်မထွက်ခွာမှီ သူ၏ အစောင့်များအား ပင်လယ်နဂါးဧကရီကို ညလုံးပေါက် သေခြာစောင့်ကြည့်ထားစေရန်အတွက်မူ မမေ့မလျော့ သေခြာသတိပေးခဲ့သေး၏။

သူ၏မျက်နှာတွင် ကျေနပ်သည့်အမူအရာများ ပေါ်လွင်နေခဲ့သည်။

အစောပိုင်းတွင် သူသည် အတုအယောင် ပရောဟိတ်မလေးတစ်ဦး သူ၏ လက်မှ လွတ်မြောက်သွားခဲ့ခြင်းကြောင့် အတော်လေးစိတ်ပျက်ကာ ကြိတ်မနိုင်ခဲမရ ဖြစ်နေခဲ့ရသည်။

သို့သော် ယခုတွင်မူ ပင်လယ်နဂါးဧကရီကို ပြန်လည်၍ ထိမ်းသိမ်းထားခွင့် ရခဲ့ပြီဖြစ်သောကြောင့် ထိုစဥ်ကိစ္စအတွက် တစ်နည်းအားဖြင့် ပြန်လည် လျော်ကြေးပေးလိုက်နိုင်ပြီဟု သတ်မှတ်နိုင်လေသည်။

ဤကိစ္စတွင် သူ၏ပံ့ပိုးမှုမှာ လျစ်လျူရှုနိုင်လောက်အောင် နည်းပါးခဲ့သော်လည်း သူ၏မြို့တွင် ဖြစ်ပျက်ခဲ့ခြင်းဖြစ်သောကြောင့် သူ့အတွက် အတော်ပင် ကျေနပ်စရာတစ်ခုဟု ဆို၍ရလေသည်။

သို့သော် အကယ်၍ထိုသို့ဖမ်းမမိပဲ ပင်လယ်နဂါးဧကရီသည် သူ၏မြို့မှ သာသာယာယာထွက်ခွာသွားနိုင်ခဲ့ကြောင်းသာ တစ်စုံတစ်ဦးကသိရှိခဲ့ပါက သူ့အပေါ် မည်သည့်အရာများ ကျရောက်လာမည်ကို သူစိတ်ကူးပင်မယဉ်ဝံ့ပေ။

ရာထူးမှ ထုတ်ပယ်ခံရခြင်းသည် အသက်သာဆုံးအခြေအနေဖြစ်ပြီး သူ၏အသက်ပင် ဆုံးရှုံးရနိုင်သောကြောင့်ပင်တည်း။

သူသည် ဤနေရာတစ်ခုလုံးကို သေခြာစွာ အသေးစိတ်စစ်ဆေးကြည့်ရှုပြီးနောက် ထိုနေရာမှ ထွက်လာခဲ့သည်။

ထို့နောက် သန့်စင်ပရောဟိတ်မအား တော်ဝင်မြို့တော်သို့ပြန်ပို့ပေးရန် ထိုမြို့နှင့်ချိတ်ဆက်မည် ဂိတ်ဝင်ပေါက်ကို ကျိုးစားဖွင့်လှစ်ရဦးမည်ဖြစ်လေ၏။

ပုံမှန်အားဖြင့် သန့်စင်ပရောဟိတ်မသည် မျက်စိတစ်မှိတ်အတွင်းမှာပင် သူမဘာသာသူမ ချက်ချင်း ပြန်သွားနိုင်စွမ်းရှိသည်။ သူမသည် အရှင်သခင်တစ်ဦးလည်းဖြစ်လေသည်။

သူမတစ်ဦးတည်းဆိုပါက ဤကဲ့သို့ ဂိတ်ဝင်ပေါက်များ ပြုလုပ်ကာအချိန်ကုန်ခံ၍ နှောင့်နှေးစရာမလိုပေ။

ကံမကောင်းစွာဖြင့် ယခုတစ်ကြိမ်တွင် သူမတစ်ယောက်တည်း မဟုတ်ပေ။ သူမသည် ပင်လယ်နဂါးဧကရီကိုပါ သူမနှင့်အတူ ပြန်ခေါ်သွားရဦးမည်ဖြစ်သည်။

၎င်းတစ်ဦးတည်းကိုသာဆိုပါက အဆင်ပြေနိုင်သေးသော်လည်း သူမသည် အာရန်နှင့် အရှေ့ပိုင်းတိုက်မှ အခြားသံတမန်များကဲ့သို့သော လူများကိုလည်း ခေါ်ဆောင်သွားရဦးမည် ဖြစ်သဖြင့် အရာများမှာ ပိုမိုရှုပ်ထွေးသွားခဲ့၏။

သူတို့ကို သူမမျက်စိအောက်မှ အပျောက်ခံ၍ ထားခဲ့လိုခြင်းလည်း မရှိသောကြောင့်ဖြစ်သည်။

သန့်စင်တော်ဝင်မြို့တော်သို့ ပြန်လည်ခေါ်သွားရမည့် လူအရေအတွက် တိုးလာသည်နှင့်အမျှ သူမသည် ဝန်ထုပ်ဝန်ပိုးကို သူမကိုယ်တိုင် မထမ်းဆောင်လိုတော့ဘဲ ဂိတ်တံခါးပေါက် ချိတ်ဆက်မှုပုံစံ၏ အကူအညီကို ရယူရန် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

ဂိုဏ်းအုပ်ဘုန်းတော်ကြီးသည် ဂိတ်ပေါက်ချိတ်ဆက်ရန် လိုအပ်သည်များကို စတင်စုဆောင်းနေပြီး ပုံစံကွက်တစ်ခုကို စတင်ဖန်တီးလေတော့သည်။

သူ၌ ၎င်းကို အပြီးသတ်နိုင်ရန် တစ်ညတာသာ အချိန်ရရှိထားလေသည်။

အခြားတစ်ဖက်တွင် သန့်စင်ပရောဟိတ်မသည် အစောပိုင်း အာရန်၏ မသတီစရာ အထိအတွေ့အချို့အား ဆေးကြောသန့်စင်ရန် ရေချိုးခန်းအတွင်းသို့ ဝင်ရောက်သွားခဲ့သည်။

သူမသည် အထူးသဖြင့် အာရန်ထိတွေ့ခဲ့သော နေရာများကို ထပ်ခါတလဲလဲ ပွတ်တိုက်နေခဲ့မိသည်။

ရေချိုးနေစဥ် တစ်လျှောက်လုံးတွင် သူမသည် ထိုစက်ဆုပ်ဖွယ်ကောင်းသော ခံစားချက်ကို သူမ၏ စိတ်၌ ပြင်းပြစွာပြန်လည်မြင်ယောင်နေမိခဲ့၏။

သူမသည် ထိုအော်ရာ၏ မူလအစကို ဆက်စပ် စဉ်းစားနေမိခဲ့သည်။

၎င်းမှာ ထိုပုဂ္ဂိုလ်၏ အော်ရာပင်ဖြစ်မှန်း ကြိမ်းသေလေသည်။

သို့သော် သူမ၏စိတ်ထဲတွင် မေးခွန်းများစွာလည်း ရှိနေခဲ့သည်။

ယခုအရှေ့တိုက်မှ မဟာအကြီးအကဲတွင် ထိုအော်ရာများ မည်သို့ရှိနိုင်နေရသနည်း။

ထိုသူသည် အရှေ့ဘက်တိုက်မှလာသူဖြစ်နေသည်။ မည်သို့ဖြစ်နိုင်မည်နည်း။

ဤအော်ရာအမျိုးအစားသည် သွေးမျိုးဆက်စွမ်းရည်တစ်ခုမဟုတ်ဘဲ ဝိညာဉ်ရေးရာနှင့်ဆက်စပ်နေသော အရာတစ်ခုလည်း ဖြစ်သောကြောင့် အမွေဆက်ခံခြင်းမျိုးဖြင့် ရရှိလာနိုင်စရာအကြောင်းမရှိပေ။

ထိုမဟာအကြီးအကဲသည် များစွာငယ်ရွယ်သေးဟန်ရပြီး လူတစ်ဦးမှတစ်ဦးသို့ လက်ဆင့်ကမ်းသင်ကြားပေးရသည့် ထိုဓားဧကရာဇ် အော်ရာကို သင်ယူနိုင်ခဲ့ရန် မှာလည်း ထိုမူလအော်ရာပိုင်ရှင်သည် ထိုအချိန်ထိ ရှင်သန်နိုင်ခဲ့မည် မဟုတ်သည်မှာ သေချာနေခဲ့၏။

သူမသည် ထိုမဟာအကြီးအကဲအား ဓားဧကရာဇ်၏ မျိုးဆက်များလား ဟုပင်တစ်ချက် တွေးမိလိုက်သည်။

ထို့ကြောင့်ပင် သူ၏ဘိုးဘေးများသည် အနောက်ပိုင်းတိုက်ကြီးနှင့် ဆက်နွှယ်မှုရှိမရှိ သေခြာစေရန် သူမက မေးမြန်းခဲ့ခြင်းလည်း ဖြစ်လေသည်။

အာရန်က သူမှတ်မိသလောက် သူ၏ဘိုးဘေးများသည် အရှေ့တိုက်မှသာဖြစ်ကြောင်း ပြန်လည် ပြောကြားကာ ရိုးရိုးလေးပင် ငြင်းဆိုခဲ့သည်။

သန့်စင်ပရောဟိတ်မသည် သူ့အား ဆက်လက်စုံစမ်း မေးမြန်းနိုင်ခြင်း မရှိခဲ့သော်လည်း ဆက်စပ်မှု တစ်နေရာရာကို သူမလွဲချော်ခဲ့မိမှန်း သေချာနေခဲ့သည်။

“သူ့ရဲ့ တည်ရှိမှုကပဲ ဒီဓားကို မကြာခင်က ဒီလောက်အထိ မတည်မငြိမ်တွေ ဖြစ်လာစေခဲ့တဲ့ အကြောင်းပြချက်များလား”

သူမသည် ရေချိုးခန်းမှ ထွက်လာရင်း သူမ၏ဆံနွယ်စများကို သေခြာစွာ သုတ်လိုက်သည်။

သူမ၏သွယ်လျသော ခန္ဓာကိုယ်တွင် မည်သည့်အဝတ်အစားမျှ ဝတ်ဆင်ထားခြင်းမရှိပေ။

“အစောပိုင်းကာလက ပေါ်လာတဲ့ နိမိတ်ဆိုး ဆိုတာ ... သူ့ကိုရည်ညွှန်းတာများလား” ဟု သူမတွေးမိလိုက်သည်။

မည်သို့ဖြစ်နိုင်သည်ကို သူမနားမလည်နေသော်လည်း အရာအားလုံးသည် အဆက်အစပ်ရှိနေပုံရနေ၏။

သူမ၏ နှလုံးသားအတွင်း၌လည်း ဝေခွဲမရသော ခံစားချက်တစ်ခု ဖြစ်ပေါ်နေခဲ့သည်။

၎င်းက သူမသည် အာရန်အား ကြည့်လိုက်မိတိုင်းတွင် အန္တရာယ်ရှိသည်ဟူသော ခံစားချက်ကို အလိုလိုခံစားမိလိုက်သောကြောင့်ပင်တည်း။

သူမ ပို၍တွေးမိလေလေ ဤကဲ့သို့ သူမျိုးကို ဆက်လက် တည်ရှိခွင့် မပြုနိုင်ကြောင်း ပို၍ သဘောပေါက်လေလေ ဖြစ်သည်။

သို့သော် ကံမကောင်းစွာဖြင့် သူမသည် သူ့အား ယခုအချိန်တွင် ဘာမှလုပ်၍ မရသေးပေ။

ထိုသူသည် သာမန်ဧည့်သည်တစ်ဦးမဟုတ်ပေ။

သူသည် ဖန်းယုမှ စေလွှတ်လိုက်သော ကိုယ်စားလှယ်တစ်ဦးဖြစ်နေခဲ့သည်။

အနည်းဆုံးတော့ သူမက ထိုသို့ထင်မိခဲ့လေသည်။

အကယ်၍ သူမသည် သူ့အား အမှန်တကယ် သတ်ဖြတ်လိုမည်ဆိုလျှင်ပင် သူမထံသို့ ဦးတည်မလာနိုင်သည့် နည်းလမ်းများဖြင့် လုပ်ဆောင်ရမည်ဖြစ်သည်။

သို့ မဟုတ်ပါက သူမ ဂရုတစိုက်စီစဉ်ထားသော စစ်တုရင်ကစားကွက်များအားလုံး ထိုနားလည်ရခက်သော အမျိုးသမီးကြောင့် ပျက်စီးသွားလိမ့်မည်ဖြစ်ကြောင်း ကောင်းကောင်းသိထားလေသည်။

....

“နင်က င့ါ ကို သံတမန်တစ်ဦးအနေနဲ့ သန့်စင်မြို့တော်အတွင်းကို ဝင်စေချင်တာလား”

မိစ္ဆာဂိုဏ်းတွင် ရှုယင်းသည် သူမ၏ ဘိုးဘေးများပိုင်နယ် ခရီးစဥ်မှ ပြန်ရောက်လာခဲ့ပြီး ဖြစ်၏။

သူမသည် ပထမဆုံး အာရန်ကို တွေ့ဆုံလိုနေခဲ့သော်လည်း သူ့အား မည်သည့်နေရာတွင်မှ ရှာမတွေ့ခဲ့ရပေ။

ထို့နောက် သူမသည် ဂိုဏ်းရှိ ယခင်နှင့်မတူတော့သောပြောင်းလဲမှုများကို သတိထားမိလိုက်ပြီး ဂိုဏ်းချုပ် ဖန်းယုကို တွေ့ဆုံရန် သွားရောက်ခဲ့ရာ ဖန်းယုက အာရန်မှာ နယ်မြေအချို့ကို လေ့လာရန် ခရီးထွက်သွားပြီဖြစ်ကြောင်း ပြောပြခဲ့သည်။

သူ ဘယ်ကိုသွားသည် သို့မဟုတ် ဘယ်တော့ပြန်လာမည်ကို သူမပင်မသိကြောင်းလည်း ထပ်မံပြောလိုက်သေးသည်။

ထို့နောက် ရှုယင်းသည် သူမ မရှိစဉ် ဘိုးဘေးအကြီးအကဲများနှင့် ဖြစ်ပွားခဲ့သော ပဋိပက္ခအားလုံးကိုလည်း သိရှိလိုက်ရသည်။

နောက်ဆုံးတွင် ဖန်းယုသည် သူမအား သူမတစ်ဦးတည်းကိုသာ ပေးအပ်နိုင်တော့သည့် အလုပ်တစ်ခုကို အပြီးသတ်ရန် တောင်းဆိုခဲ့သည်။

“ဟုတ်တယ် အဲဒီမှာ ဘာဖြစ်နေလဲဆိုတာ ငါ ခန့်မှန်းပြီးသားဖြစ်ပေမယ့် နင့်ကို သွားပြီး အတည်ပြုပေးစေချင်တယ်”

ဖန်းယုက ခေါင်းညိတ်ရင်းပြန်ပြောလိုက်သည်။

#Catfoot

All Chapters