ဇီယာကို စနောက်ခြင်း
Vol. 24 Ch. 338
….
အာရန်သည် ကုန်သည်သင်္ဘောဆီသို့ ပြန်လာခဲ့၏။
သင်္ဘောအနီးတွင် သူနှင့်အတူတကွ လာရောက်ခဲ့ကြသော လူအုပ်များကို ပြန်တွေ့လိုက်ရသည်။
သို့သော် ထိုသူများထဲမှ အတော်များများမှာ ကြိုးတုတ်ခံထားရပြီး အကျဥ်းထောင်သို့ ပို့ဆောင်ခံရရန် စောင့်ဆိုင်းနေသည့်အလားပင် ထင်မှတ်ရ၏။
ကံမကောင်းစွာဖြင့် သူတို့အား လိုက်ပို့ရန် တာဝန်ကျသော အစောင့်ဘုန်းတော်ကြီးများမှာ နာကျင်စွာဖြင့် သတိလစ်မေ့မြောနေခဲ့ကြသည်။
အချို့မှာမူ တစ်စုံတစ်ဦးက ရိုက်နှက်ထားသည့်အလား မျက်နှာများပင် မမှတ်မိနိုင်လောက်အောင် ဖူးယောင်နေလေသည်။
သန့်စင်ပရောဟိတ်မသည် ထိုဖြစ်ရပ်ကို သိရှိနှင့်ပြီးသား ဖြစ်သော်လည်း သတိလစ်နေသော အစောင့်များကို ပြန်လည်ခေါ်ဆောင်ရန် မည်သူ့ကိုမျှ မစေလွှတ်ခဲ့ပေ။
အာရန်သည် သူမ၏ အပြုအမူကို နားလည်ပေးနိုင်လေသည်။
ပထမဆုံးအနေဖြင့် ၎င်းသည် သူတို့၏ ပြစ်ဒဏ်တစ်ခုသာဖြစ်ကာ သန့်စင်ဘုရားကျောင်းသည် ၎င်းတို့၏ ဤလုပ်ရပ်များတွင် ဝင်မပါဟု ဆိုလိုရာလည်း ရောက်လေ၏။
ဒုတိယအနေဖြင့် သူမသည် အစောင့်များကို လာရောက်ခေါ်ဆောင်လိုခြင်း မရှိနေပေ။
အဘယ်ကြောင့်ဆိုသော် သူတို့သည် ပြင်ပလူတစ်ဦးမှ ပြင်းပြင်းထန်ထန် ရိုက်နှက်ခြင်းကို ခံထားသောကြောင့်ဖြစ်လေသည်။
ပြင်ပလူစိမ်းသည် အစွမ်းထက်သည်မှာ မှန်သော်လည်း ၎င်းသည် သန့်စင်ဘုရားကျောင်းအပေါ် မလေးစားရာရောက်နေသည်။
သူတို့၏လူများ၏ တရားမျှတမှုကို မဆောင်ကျဥ်းပေးနိုင်ပဲ ထိုရိုက်နှက်ခံရခြင်းကို သူတို့ အမှန်တကယ် လက်ခံပေးနိုင်ပါမည်လော...။
သန့်စင်ပရောဟိတ်မအတွက်မူ သူမ၏မာနနှင့် မိမိကိုယ်ကိုလေးစားမှုသည် အခြားအရာအားလုံးထက် ပို၍အရေးကြီးလေ၏။
သူမသည် သူမ၏လူများ၏ မှားယွင်းမှုများအတွက် တောင်းပန်ရန် သို့မဟုတ် တာဝန်ယူရန် ဆန္ဒမရှိနေပေ။
အာရန်သည် ပျက်စီးနေသော သင်္ဘောအပြင်ဘက် နံရံများမှတစ်ဆင့် သင်္ဘောထဲသို့ လွယ်ကူစွာ ဝင်ရောက်နိုင်ခဲ့သည်။
၎င်းမှာ ထိုရှုပ်ထွေးမှုကို ဖန်တီးခဲ့ကြသူများကို ဖြတ်ကျော်သွားရန် အကောင်းဆုံးလမ်းကြောင်း
တစ်ခုလည်း ဖြစ်လေ၏။
မကြာမီမှာပင် အာရန်သည် သင်္ဘောထဲသို့ ဝင်ရောက်နိုင်ခဲ့ပြီး သင်္ဘောဝင်ပေါက်တွင် ပေါ်လာခဲ့သည်။
ထိုနေရာရှိ တံခါးမှာ ပျက်စီးနေနှင့်ပြီးဖြစ်သောကြောင့် သော့ဖွင့်ရန်မလိုအပ်တော့ပေ။
သူသည် တံခါးကို တွန်းဖွင့်လိုက်ကာ အတွင်းသို့ ဝင်ရောက်လိုက်သည်။
“ဆရာ”
ယူလင်းသည် သူမ၏ အခန်းထဲတွင် ရုတ်တရက်ပေါ်လာသောသူကို တိုက်ခိုက်တော့မည့် ဆဲဆဲတွင် ထိုသူမှာ သူမ၏ဆရာဖြစ်ကြောင်း တွေ့လိုက်ရသောအခါ ပိုမို အံ့အားသင့်သွားခဲ့ရသည်။
အာရန်သည် သူမ၏ ဦးခေါင်းအားတစ်ချက်ပုတ်ပေးလိုက်၏။
သူသည် အဖြေကို သိနှင့်ပြီးသားဖြစ်သော်လည်း “မင်းအဆင်ပြေရဲ့လား” ဟု မေးလိုက်မိသည်။
“တပည့်အဆင်ပြေပါတယ် ဒါပေမယ့်...”
ယူလင်းသည် သူမ၏ ခေါင်းကို အနည်းငယ်ငုံ့ထားလိုက်ပြီး သင်္ဘောဆီမှ ပျက်စီးမှုများကို စိုက်ကြည့်နေလိုက်သည်။
သူမသည် သူမတို့၏အဆင့်အတန်းမှာ ဤနေရာတွင် ခေါင်းငုံ့ခံရလောက်သည်အထိ နိမ့်ကျမနေဟု ခံယူထားသော မဟာအကြီးအကဲဇီယာနှင့် မတူပေ။
ယူလင်းသည် ဤပြသနာများကြောင့် တိတ်တဆိတ် ခရီးထွက်လာခဲ့သော အာရန်အတွက် ပြဿနာများ ထပ်မံ ဖန်တီးမိမည်ကို ပို၍ စိုးရိမ်နေခဲ့မိသည်။
သူသည် ထင်ပေါ်ကျော်ကြားလိုသူတစ်ဦးမဟုတ်သောကြောင့် အခြားသူများအား သူတို့၏ အကြောင်းများကို မသိစေလိုနေသည်မှာ ရှင်းလင်းနေသည်။
သို့သော် ယခုမူ အရာရာ နောက်ကျသွားပြီဖြစ်၏။
“ကျွန်မတို့ ဆရာ့အတွက် ပြဿနာအချို့ ဖန်တီးမိခဲ့တယ်” ဟု သူမက စိတ်မကောင်းဟန်ဖြင် ပြန်ဖြေလိုက်သည်။
“ဘုန်းတော်ကြီးတွေ ဒီကိုရောက်လာတာတောင် ပြဿနာမရှိသေးဘူးလို့ နင်က ထင်နေခဲ့တာလား”
ဇီယာသည် ရေချိုးခန်းအတွင်းမှ တဘက်တစ်ထည်ကို ပတ်၍ ထွက်လာခဲ့သည်။
“ဟိတ် ငါတစ်ယောက်လုံး ဒီမှာရှိနေတယ်ဆိုတာ မင်းမေ့နေတာလား”
အာရန်က ဇီယာ၏သွယ်လျသော ခန္ဓာကိုယ်လေးကို တစ်ချက်ကြည့်လိုက်မိရင်း ပြောလိုက်၏။
“ရှင်ရှိနေတော့ဘာဖြစ်လို့လဲ”
ဇီယာက မသိနားမလည်ဟန်ဖြင့် သူမ၏ဆံပင်များကို ချီအစွမ်းဖြင့် ခြောက်သွေ့စေလိုက်ရင်း အာရန်အား ပြန်မေးလိုက်သည်။
အာရန်သည် သူ၏နဖူးကို ပြန်ပွတ်သပ်လိုက်ရင်း ပြောစရာစကားလုံးများ ပျောက်ရှသွားရ၏၊
သူမကို ယောက်ျားနှင့် မိန်းမကြား ကွဲပြားခြားနားမှုအကြောင်း ရှင်ပြလိုက်ချင် သော်လည်း သူ၏တပည့် အဖြူထည်ကောင်မလေးဖြစ်သော ယူလင်းမှာ ဤနေရာတွင် ရှိနေသေး၏။
“ယူလင်း မင်း အပြင်မှာ ကြိုးတုတ်ခံထားတဲ့လူတွေကို သွားလွှတ်ပေးလိုက်ပါလား သူတို့ကို အခု လွတ်လပ်သွားပြီလို့လည်း ပြောလိုက်ဦး” ဟု အာရန်သည် ယူလင်းအား အပြင်သို့ ထွက်သွားရန် ညွှန်ကြားလိုက်သည်။
“ဟုတ်ကဲ့ပါ ဆရာ” ယူလင်းသည် ပြန်လည် ခေါင်းညိတ်ပြလိုက်သည်။
သို့သော် ဇီယာနှင့် သူမ၏ဆရာ ဘာဆက်ဖြစ်မည်ကို အနည်းငယ် သံသယဝင်နေဟန်ဖြင့် နောက်သို့ ကွက်ကြည့်ကွက်ကြည့်ဖြင့် တအောင့်လောက် လုပ်နေလိုက်သေး၏။
ထို့နောက် ခဏအကြာ ယူလင်းထွက်သွားသည်နှင့်တစ်ပြိုင်နက် အာရန်သည် သူ၏ နဂါးလျှာအစွမ်းဖြင့် တံခါးကို ချိတ်ပိတ်ပစ်လိုက်သည်။
အာရန်သည် သူ၏စကားလုံးများကို လုံးဝနားမလည်ဟန်ဖြင့် ကြောင်ကြည့်နေသော ဇီယာကို မြင်ပြီးနောက် အံ့အားသင့်သွားဟန်ဖြင့် မေးလိုက်သည်။
“ဟိတ်ဒီမှာ ကျုပ်က ယောက်ျားတစ်ယောက်ဖြစ်တယ်ဆိုတာ မင်းသတိရသေးတယ်မလား”
“အော် ရှင်အဲ့ဒါကိုဆိုလိုမှန်း ကျွန်မ မခန့်မှန်းမိခဲ့ဘူး”
ဇီယာက အာရန်၏ ထင်ရှားသောမေးခွန်းများအပေါ် ရှုပ်ထွေးနေရာမှ လှောင်ပြောင်သည့်လေသံ အနည်းငယ်စွက်ကာ ပြန်ဖြေလိုက်သည်။
“ဒါက ဒီကမ္ဘာမှာ လူတိုင်းလိုက်နာသင့်တဲ့ အခြေခံကျင့်ဝတ်တစ်ခု မဟုတ်ဘူးလား ငါက မင်းအတွက် သူစိမ်းယောက်ျားတစ်ယောက်လေ မင်းက တဘက်လေးပဲ ပတ်ပြီး ရပ်နေရလား ငါက မကောင်းတဲ့သူတစ်ယောက်ဆိုရင်မင်းဘယ်လိုလုပ်မလဲ”
“ရှင်က မကောင်းတဲ့သူတစ်ယောက် ဖြစ်နှင့်ပြီးသားပဲ မဟုတ်ဘူးလား”
ဇီယာသည် မျက်လုံးလှန်၍ ပြန်လည် ခွန်းတုံ့ပြန် ပြောဆိုလိုက်ကာ သူမ၏မျက်လုံးများတွင် အာရန်အား မထိတထိစနောက်လိုသော
အရိပ်အယောင်များ အနည်းငယ်လင်းလက်သွားခဲ့သည်။
“ဒါပေမဲ့ ရှင်က အပြင်လူသူစိမ်းတစ်ယောက်တော့ မဟုတ်ဘူးလေ...” ဟု သူမသည် အစောပိုင်းစကားကို ဆက်လိုက်သော်လည်း သူမ၏အသံမှာ အနည်းငယ် ပိုနိမ့်ကျသွားသဖြင့် ရှင်းရှင်းလင်းလင်း ကြားရမူခက်ခဲသွားစေ၏။
“ပြီးတော့ ကျွန်မက ဒီမှာရင်ဘတ်ကို တဘက်နဲ့ ပတ်ထားသေးတယ်လေ လုံးဝ ကိုယ်တုံးလုံးကြီးရပ်နေတာမှ မဟုတ်တာ”
သူမသည် အာရန်အား မျက်နှာချင်းဆိုင် စိုက်ကြည့်လိုက်ပြီး သူမ၏ တဘက်ဖြင့် တင်းတင်းကျပ်ကျပ် ရစ်ပတ်ထားသော ကျစ်လျစ်သွယ်လျှသည့် ကိုယ်လုံးလေးအား ဂုဏ်ယူစွာဖြင့်ပင် ရင်ကော့၍ ပြလိုက်သေး၏။
“ပြုတ်ကျစမ်း” ဟု အာရန်သည် တီးတိုးရေရွတ်လိုက်သည်။
ဤမိန်းကလေးသည် သူ့အား ပြန်လည် စနောက်ရန် ကြိုးစားနေသောကြောင့် သူမကို သင်ခန်းစာပေးရန် ဆုံးဖြတ်လိုက်သည်။
အာရန်သည် သူ၏စကားလုံးများနှင့်အတူ နဂါးလျှာအစွမ်းသည်အသက်ဝင်သွားကာ ဇီယာ၏သွယ်လျသော ခန္ဓာကိုယ်လေး ပတ်ပတ်လည်တွင် ပတ်ထားသော ထိုတဘက်ကို သက်ရောက်မှုစေခဲ့၏။
ဇီယာသည် အာရန်အား စနောက်ကာ စိုက်ကြည့်နေဆဲမှာပင် သူမ၏ ခန္ဓာကိုယ်တွင် ထူးခြားမှုတစ်ခုကို ခံစားလိုက်ရသည်။
ရုတ်တရက် သူမ၏ ပတ်ဝန်းကျင်သည် အနည်းငယ် ပို၍ အေးစက်လာသည်ဟု ခံစားမိလိုက်သည်။
သူမသည် သူမ၏အရေပြားအား အပြင်လေများ လာရောက်ထိမှန်နေသည်ကို ပို၍ ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသည်။
သူမ ခန္ဓာကိုယ်တွင် ဘာမှဝတ်မထားသည့်အလားပင်ဖြစ်နေ၏။
ထို့ကြောင့် အနည်းငယ် စိတ်ရှုပ်ထွေးစွာဖြင့် သူမ၏ ခေါင်းကို အောက်သို့ ငုံ့ကြည့်လိုက်ရာ သူမ၏ခြေရင်းနားတွင် ပြုတ်ကျနေသော တဘက်လေးကို တွေ့လိုက်ရသည်။
သူမ၏ ရင်သားများနှင့် အခြားအစိတ်အပိုင်းအားလုံးသည် အာရန်၏ ရှေ့တွင် လုံးဝပွင့်လင်းမြင်သာစွာ ဖွင့်လှစ်မိလျက်သား ဖြစ်နေခဲ့လေသည်။
“အား...”
မျက်စိတစ်မှိတ်အတွင်းမှာပင် ဇီယာ၏ မျက်နှာလေးသည် လုံးဝနီရဲတက်သွားခဲ့၏။
သူမသည် တဘက်ကို ကောက်ယူရန် လျင်မြန်စွာ ကျိုးစားလိုက်သော်လည်း အာရန်သည် ရှေ့သို့တိုးလာကာ သူမ၏ လက်ကောက်ဝတ်များကို ဖမ်းချုပ်ထားလိုက်သည်။
သူမကောက်ယူထားသော တဘက်သည် သူမ၏ ကိုင်ထားသောလက်မှ ရုတ်တရက် အံ့အားသင့်မှုကြောင့် အားနည်းသွားသဖြင့် မြေပြင်ပေါ်သို့ ပြန်လည် ပြုတ်ကျသွားခဲ့သည်။
အာရန်သည် သူမ၏ လက်ကောက်ဝတ်နှစ်ဖက်စလုံးကို ဖမ်းချုပ်ထားလိုက်ကာ သူမ၏ လက်ကို အပေါ်သို့ ကိုင်မြှောက်လိုက်ရင်း သူမ၏ လက်ဖမိုးလေးများကို စု၍ နောက်ရှိနံရံနှင့် ဖိကပ်ထားလိုက်၏။
“ဘာဖြစ်တယ်ပြောပါဦး”
အာရန်က ဇီယာအား ခပ်နောက်နောက်ဟန်ဖြင့် စိုက်ကြည့်ရင်း မေးလိုက်သည်။
“မင်းခုတော့ နည်းနည်း ရှက်တက်သွားပြီမလား”
“ရှင်..ရှင် မကြည့်နဲ့”
ဇီယာ၏မျက်နှာသည် ခရမ်းချဉ်သီးတစ်လုံး ကဲ့သို့ နီရဲနေရင်း အာရန်အား အော်ဟစ်ပြောလိုက်သည်။
ထိုအခိုက်အတန့်တွင် သူမ၏ စိတ်အစဥ်သည် တစ်စုံတစ်ခု၏ လုံးဝလွှမ်းမိုးခြင်းကို ခံထားရဟန်ဖြင့် ဖြောင့်ဖြောင့်တန်းတန်းပင် စဉ်းစားဆင်ခြင်နိုင်စွမ်း မရှိတော့ပေ။
သူမသည်လည်း မဟာအကြီးအကဲတစ်ဦးဖြစ်ကာ အာရန်၏အပြုအမူကို အမှန်တကယ်ပြန်လည် တုံ့ပြန်နိုင်ကြောင်းကိုပင် မေ့လျော့နေခဲ့မိသည်။
သူမ၏ခွန်အားက သူမ၏ ခန္ဓာကိုယ်မှ လုံးဝစွန့်ခွာသွားသည့်အလား အာရန်အား ပြန်လည်ခုခံရန်ပင် မကြိုးစားနိုင်တော့ပေ။
“ဘယ်နေရာကို မကြည့်ရဘူးလို့ ပြောချင်တလဲ”
အာရန်သည် ထိုသို့မေးလိုက်ပြီးနောက် သူ၏အကြည့်ကို ဇီယာ၏ ခေါင်းမှ ခြေဖျားအထိ ရည်ရွယ်ချက်ရှိရှိ စူးစမ်းဟန်ဖြင့် စူးစိုက်ကြည့်လိုက်၏။
“ဘယ်နေရာမှမကြည့်နဲ့ ဟိုးဘက်ကို လှည့်”
ဇီယာ၏မျက်နှာသည် ခရမ်းချဉ်သီးကဲ့သို့ နီမြန်းနေရင်း ဆက်လက်အော်ဟစ်လိုက်သည်။
“အော် ဟုတ်ပါပြီ”
အာရန်သည် အပြစ်ကင်းဟန်ဖြင့် ခေါင်းညိမ့်ပြလိုက်သည်။
သူသည် အနည်းငယ် ပြန်လည် နောက်ဆုတ်လိုက်သည်။
သို့သော် ဇီယာတစ်ယောက် စိတ်သက်သာရာရလုနီးပါးအချိန်တွင် ရှေ့သို့ ပြန်လည် တိုးလိုက်ပြီး သူ၏နှုတ်ခမ်းများကို သူမ၏နားများဆီသို့ ပို၍နီးကပ်စေလိုက်၏။
“ငါက မကောင်းတဲ့သူတစ်ယောက်လို့ မင်းအစောပိုင်းက မပြောခဲ့ဘူးလား” ဟု အာရန်သည် သူမ၏ နားနားတွင်ကပ်လိုက်ကာ တီးတိုးပြောလိုက်ပြီးနောက် သူ၏ ခေါင်းကို အောက်သို့ငုံ့လိုက်ကာ သူမ၏ပခုံးကို ညင်သာစွာ ကိုက်ချလိုက်သည်။
အာရန်သည် ဇီယာ၏ ညာဘက်လက်ကို လွတ်ပေးလိုက်ပြီး သူ၏လက်ချောင်းများက သူမ၏လည်ပင်းကို ထိတွေ့လိုက်ကာ ဖြည်းဖြည်းချင်း အောက်သို့ ရွေ့လျားသွားခဲ့သည်။
“အွမ့်.....”
ဇီယာသည် ရည်ရွယ်ချက်မရှိပဲ ထူးခြားသည့် အာမေဋိတ် အသံတစ်သံကို ညီးညူလိုက်မိကာ ထိုသို့ အာရန်ရှေ့တွင် ညီးညူမိလိုက်သော
ကြောင့်ပင် မိမိကိုယ်မိမိ အတော်လေး ရှက်ရွံ့စိတ်များဝင်လာ မိလိုက်၏။
#Catfoot