← Chapters

အစီအစဉ်

Vol. 24 Ch. 339

အစီအစဉ်

Vol. 24 Ch. 339

…

“တောင်း..တောင်းပန်ပါတယ်”

ဇီယာသည် သူမ၏ အောက်နှုတ်ခမ်းကို ကိုက်ရင်း တီးတိုးပြောဆိုလိုက်မိ၏။

သူမသည် လုံးဝရှုံးနိမ့်သွားပြီဟု ခံစားလိုက်ရသည်။

အာရန်၏လက်ချောင်းများ ဇီယာ၏လည်ပင်းအောက်သို့ လျှောဆင်းသွားသောအခါ သူမသည် မျက်လုံးများ မှေးစင်းမိတော့မတတ်ပင် ဖြစ်သွားခဲ့သည်။

သို့သော် အာရန်၏လက်များသည် သူမ၏ အခြားတစ်စုံတစ်ခုကို မထိတွေ့မီမှာပင် သူမ၏ ခန္ဓာကိုယ်ပေါ်မှ ထွက်ခွာသွားခဲ့သည်ဟု ခံစားလိုက်မိသည်။

ထို့နောက် အာရန်သည် သူမ၏ လက်ကောက်ဝတ်များကိုလည်း လွှတ်ပေးလိုက်သည်။

သံသယများဖြင့် ဇီယာသည် သူမ၏ မျက်လုံးများကို ဖွင့်ကြည့်လိုက်ရာ ကျောခိုင်းထားသော အာရန်၏ နောက်ကျောကိုသာ တွေ့လိုက်ရ၏။

သူသည် သူမအား လုံးဝလွှတ်ပေးလိုက်ပြီဖြစ်သည်။

ဤကိစ္စနှင့်ပတ်သက်၍ သူမမည်သို့ ခံစားနေရသည်ကိုပင် သူမကိုယ်သူမ ခွဲခြာနိုင်စွမ်းမရှိတော့ပေ။

တစ်ဖက်တွင် သူမလွတ်မြောက်သွားခြင်းအတွက် စိတ်သက်သာရာရသည်ဟု ခံစားလိုက်ရသော်လည်း အခြားတစ်ဖက်တွင်မူ တစ်စုံတစ်ရာကို ဆုံးရှုံးသွားသည်ဟု ခံစားလိုက်ရပြန်သည်။

ဇီယာသည် သူမ၏တဘက်ကို လျင်မြန်စွာ ပြန်ယူလိုက်ပြီး ရှက်ရွံ့မှု၊ စိတ်သက်သာရာရမှုနှင့် အလိုမကျမှုစသည့် ခံစားချက်များ ရောနှောနေလျက် သူမကိုယ်သူမ ပြန်ပတ်ထားလိုက်သည်။

သူမသည် အာရန်ကို လှမ်းခေါ်ခြင်းပင် မပြုမိတော့ပေ။

သူမ၏ ပါးပြင်များတွင် သူမကိုယ်တိုင်ပင် ရှင်းရှင်းလင်းလင်းမသိနိုင်သေးသည့် စိတ်လှုပ်ရှားမှုများ ရောနှောနေဆဲ ဖြစ်ကြောင်းထင်ရှားနေလေ၏။

“မင်းက တော်တော်ကို ဒုက္ခပေးတဲ့ အမျိုးသမီးပဲ” ဟု အာရန်သည် နံရံကို သက်တောင့်သက်သာ မှီရင်း ပြန်ပြောလိုက်သည်။

“နောက်တစ်ကြိမ်ဆို ငါဒီလောက် ကြင်နာတတါမှာမဟုတ်တော့ဘူး”

ဇီယာသည် အာရန်၏ကျောပြင်ကို ငေးကြည့်နေမိခဲ့သည်။ ထိုခဏတာအတွင်း အခန်းတစ်ခုလုံး သည် လုံးဝတိတ်ဆိတ်သွားလေသည်။

သူမသည် အဝတ်အစားများကို သေချာစွာ ပြန်လည် ဝတ်ဆင်လိုက်သည်။

တအောင့်အကြာတွင် သူမအဆင်သင့်ဖြစ်သွားသော်လည်း အာရန်အား ခေါ်ရန်အတွက်မူ သူမ၏ စိတ်သည် အဆင်သင့်ဖြစ်မနေခဲ့သေးပေ။

တိတ်ဆိတ်မှုသည် တံခါးခေါက်သံတစ်ခုကြောင့် ပျက်စီးသွားရ၏။

“ဆရာရှင့် ကျွန်မ သူတို့ကို လွှတ်ပေးလိုက်ပါပြီ ဒါပေမယ့် သူတို့ ဘာဆက်လုပ်ရမယ်မှန်း မသိ ဖြစ်နေကြပုံရတယ်”

တံခါး၏သော့ကို ဘုန်းတော်ကြီးများက ဖျက်ဆီးထားပြီးဖြစ်သော်လည်း ယူလင်းသည် မလေးမစားပြုမူမိသလိုဖြစ်မည်စိုး၍ တိုက်ရိုက် ဝင်မလာခဲ့ပေ။

“သူတို့ကို ဒီတိုင်းပဲ စောင့်နေပါစေတော့ သန့်စင်ပရောဟိတ်မအနေနဲ့ ကုန်သည်တွေကိုလည်း မကြာခင် လွှတ်ပေးတော့မှာပဲလေ သင်္ဘောလည်း ထွက်ခွာဖို့အတွက် ပြန်လည်ပြင်ဆင်ထားသင့်ပြီ” ဟု အာရန်သည်် တံခါးကို တွန်းဖွင့်ပေးရင်း ပြန်ဖြေလိုက်သည်။

အာရန်သည် ဇီယာရှိရာ နောက်သို့ လှည့်မကြည့်သော်လည်း သူမအဝတ်လဲနေသည်ကို မမြင်ရဟု မဆိုလိုပေ။

သူ၏သတ္တမအာရုံသည် ထိုကိစ္စတွင် အတော်လေး အသုံးဝင်ခဲ့၏။

ဇီယာ အဝတ်လဲပြီးစီးကြောင်း သေချာမှသာ တံခါးကိုဖွင့်ပြီး ဇီယာနှင့်အတူ အခန်းမှ ထွက်လာခဲ့ခြင်းဖြစ်သည်။

အာရန်သည် သူ၏စိတ်ထဲတွင် အစောပိုင်း စနောက်မှုသည် အနည်းငယ် လွန်သွားသလားဟုပင် တွေးမိလိုက်သည်။

သူသည် ဇီယာကို စိတ်ဆိုးစေခဲ့သားဟုပင် မသေချာပေ။

သို့သော် သူသည် မည်သည့်အားနည်းချက် သို့မဟုတ် ရှက်ရွံ့မှုကိုမှ ပြသ၍မရပေ။

သူသည် နတ်ဆိုးတစ်ပါးဖြစ်သင့်သည်မဟုတ်ပါလား...။

သာမန်လူများပိုင်ဆိုင်သော ရှက်ရွံ့ခြင်း နှင့် အခြားအားနည်းချက်များကို ထုတ်ဖော်မိ၍ မဖြစ်ပေ။

အာရန်သည် သင်္ဘောပေါ်မှ ဆင်းသက်လိုက်ကာ သူ့အား မမှတ်မိသော အခြားကုန်သည်များကို နှုတ်ခွန်းဆက်သလိုက်သည်။

သင်္ဘောပေါ်ရှိ ဧည့်သည်များအတွက်မူ အာရန်သည် သူတို့ထဲမှ တစ်ဦးဟု မမှတ်မိနိုင်ကြပေ။

သူတို့နှင့်အတူ သင်္ဘောပေါ်တွင် ပါလာခဲ့သော ယခင်ခရီးသွားမှာ ယခုသူတို့ရှေ့ရှိ အမျိုးသားနှင့် လုံးဝကွဲပြားခြားနားသော သူတစ်ဦးဖြစ်လေ၏။

ထို့နောက် အာရန်သည် အလှပဂေးနှစ်ဦးနှင့်အတူ အပြင်ဘက်သို့ လှမ်းထွက်လာခဲ့သည်။

ဇီယာတို့နှစ်ဦးသည် သင်္ဘောပေါ်သို့ တက်၍လိုက်လာစဥ်ကပင် ဂိတ်တံခါးပေါက်မှတဆင့် သင်္ဘောအခန်းအတွင်းသို့ တိုက်ရိုက် ဝင်ရောက်ခဲ့ကြခြင်း ဖြစ်သဖြင့် သူမတို့ နှစ်ယောက် ထိုသင်္ဘော အတွင်း ၎င်းတို့နှင့် အတူတကွ လိုက်ပါလာခဲ့သည်ကို မည်သူမျှ သတိမထားမိခဲ့ကြပေ။

အာရန်တို့တွင် သူတို့၏ ဝတ်ရုံရှည်များသာမရှိနေခဲ့ပါက လူများသည် သူတို့အားလည်း သန့်စင်ဘုရားကျောင်း၏ တစ်စိတ်တစ်ပိုင်းဟုသာ ထင်ခဲ့မိကြမည် ဖြစ်သည်။

သို့သော် အာရန်၏ဝတ်စုံကိုမြင်တွေ့လိုက်ကြရသောအခါ သန့်စင်အင်ပါယာမှ သူတို့ကို ဖမ်းထားခဲ့ခြင်းထက် များစွာပို၍ ကြောက်ရွံ့မိကြလေသည်။

သူတို့ရှေ့ရှိ လူများထဲမှ နှစ်ဦးသည် မိစ္ဆာဂိုဏ်း၏ မဟာအကြီးအကဲများဖြစ်နေလေသည်။

မိစ္ဆာဂိုဏ်းနှင့် ၎င်း၏အဖွဲ့ဝင်များသည် ၎င်းတို့ကဲ့သို့ တောင်ပိုင်းတိုက်ကြီးမှ သူများကို မုန်းတီးကြသည်။

တောင်ပိုင်းတိုက်ကြီးအတွက်လည်း ထိုနည်းအတိုင်းပင်ဖြစ်၏။

သူတို့အတွက်မူ မိစ္ဆာဂိုဏ်းမှ လူများသည် လူသားဆန်မှုမရှိသော လုံးဝမကောင်းဆိုးဝါးများ ဖြစ်သည်ဟု ယုံကြည်ထားကြလေသည်။

အာရန်နှင့် ဇီယာကို ကြည့်ရင်း လူများစွာသည် တုန်ယင်နေကြသည်။

သူတို့သည် အချုပ်အနှောင်မှ လွတ်မြောက်သွားပြီဖြစ်ကြသော်လည်း သူတို့သည် ကြောက်ရွံ့မှုကို မဖုံးကွယ်နိုင်ကြပေ။

အာရန်က မိမိကိုယ်တိုင် ရှင်းပြရန် စိတ်မဝင်စားတော့ပေ။

သူတို့ ပို၍ကြောက်လေလေ၊ သူတို့ကို နားဝင်အောင်ပြောဆိုရန် ပို၍ခက်ခဲလေလေ ဖြစ်၏။

သူဘာပြောပြော သူတို့က သူ့ကို ယုံကြည်ကြမည်မဟုတ်ပေ။

နောက်ဆုံးတွင် သူပြောရမည့်စကားများကို ရိုးရှင်းစွာ ပြောပြီး ပြန်လည် ထွက်သွားခဲ့သည်။

သူတို့သည် သူ၏ အစာ မဖြစ်လိုပါက သင်္ဘောအနီးတွင်သာ နေခဲ့ရန် မှာကြားခဲ့ခြင်းဖြစ်၏။

ဤခြိမ်းခြောက်မှုသည် သူတို့၏ကြောက်ရွံ့မှုကြောင့် ထူးဆန်းစွာ အလုပ်ဖြစ်ခဲ့သည်။

ထွက်ပြေးလိုသူများပင် ကြောက်ရွံ့မှုကြောင့် ဒူးများ တုန်ယင်လျက် ရှိနေခဲ့ကြသည်။

အကယ်၍ အနောက်တိုက်မှ သူတို့ထွက်ပြေး၍ ပြန်လည် ဖမ်းမိခဲ့ပါက တောင်ပိုင်းတိုက်ကြီးနှင့် ညှိနှိုင်းခြင်း ပြုလုပ်ခံရနိုင်လေသည်။

သို့သော် မိစ္ဆာဂိုဏ်း၏ မဟာအကြီးအကဲတစ်ဦးကို စိတ်ဆိုးစေမိပါက လျင်မြန်သော သေခြင်းတရားသည်သာ သနားညှာတာမှုဟု ခေါ်ဆိုနိုင်ပေတော့မည်ဖြစ်၏။

အာရန်သည် မိန်းကလေးနှစ်ဦးနှင့်အတူ ထွက်ခွာသွားသော်လည်း ထိုလူများသည် နောက်တွင် ငြိမ်သက်စွာ ကျန်ရှိခဲ့ကြလေသည်။

အချို့မှာ အလွန်ကြောက်လန့်နေကြသဖြင့် သင်္ဘောထဲသို့ပင် ပြန်လည် မဝင်ရဲခဲ့ကြဘဲ သူတို့၏ မူလနေရာများမှ တစ်လက်မပင် မလှုပ်ရှားခဲ့ကြပေ။

ကုန်သည်များနှင့် သင်္ဘောပေါ်မှ အခြားသူများ ပြန်လာသည်ကို မြင်ရမှသာ သူတို့ အနည်းငယ်မျှသော မျှော်လင့်ချက်များ ပြန်လည်ရှင်သန်လာခဲ့၏။

အာရန်မျှော်လင့်ထားသည့်အတိုင်း ကုန်သည်များကို သန့်စင်ပရောဟိတ်မက ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်သည်။

သန့်စင်ပရောဟိတ်မသည် ထိုကုန်သည်များမှာ သူမတို့ သန့်စင်အင်ပါယာမှ လိုအပ်သော အရင်းအမြစ်များကို ယူဆောင်လာရန် ဤနေရာသို့ ရောက်ရှိလာခဲ့ကြသူများ ဖြစ်ကြောင့် ၎င်းတို့အား ဆက်လက် ထိန်းသိမ်းထားခြင်းသည် အဓိပ္ပာယ်မရှိကြောင်း သဘောပေါက် လိုက်သောကြောင့်လည်း ဖြစ်လေသည်။

ကုန်သည်များသည် သင်္ဘောပေါ်သို့ သို့ လျင်မြန်စွာ ပြန်လာခဲ့ပြီး ဘုန်းတော်ကြီးများ၏ ကိုယ်ခန္ဓာများ လွင့်ထွက်သွားခြင်းကြောင့် ပျက်စီးသွားခဲ့ကြသော အပြင်နံရံများကို ပြင်ဆင်ခဲ့ကြသည်။

ကုန်သည်အတော်များများက နောက်ဘာဆက်လုပ်ရမည်ကို ဆွေးနွေးနေခဲ့လေသည်။

သူတို့ထဲမှ အချို့သည် တောင်ပိုင်းတိုက်ကြီးသို့ ပြန်သွားရန် အကြံပြုခဲ့ကြသော်လည်း အများစုက သူတို့၏ပစ္စည်းများကို သန့်ရှင်းသောမြို့တော်သို့ ပို့ဆောင်ရန် ဤခရီးကို ဆက်လက်သွားရန်သာ အကြံပြုခဲ့ကြ၏။

ယခု သူတို့သည် လွတ်မြောက်သွားပြီဖြစ်သောကြောင့် နားလည်မှုလွဲခြင်း တစ်ခုခု ဖြစ်ခဲ့မည်မှာ ရှင်းလင်းသွားလေသည်။

ယခု အချိန်နောက်ကြောင်း ပြန်လှည့်ပြေးပါက ထိုနားလည်မှုလွဲမှားခြင်းသည် ပိုမို၍သာ ကြီးထွားလာလိမ့်မည်ဟု တွေးမိလိုက်ကြသည်။

ဤသို့ဖြင့် နောက်ဆုံးတွင် ကုန်သည်များသည် သူတို့၏ နဂိုအစီအစဉ်များကို မပြောင်းလဲရန်သာ ဆုံးဖြတ်ခဲ့လေသည်။

သင်္ဘောကြီးသည် လေလမ်းကြောင်းအတွင်းသို့ ပြန်လည်မြှင့်တက်စေလိုက်ကာ သန့်စင်မြို့တော် ခရီးစဥ်ကိုသာ ပြန်လည်ဆက်လက်လိုက်သည်။

....

အာရန်သည် ယူလင်းနှင့်အတူ မြို့စား၏ မြို့တော်သို့ ဝင်ရောက်လိုက်သည်။

ဇီယာကမူ သူမရိုက်နှက်ခဲ့သော ဘုန်းတော်ကြီးများကို ကြိုးဖြင့် ချည်နှောင်၍ ခေါ်ဆောင်လာခဲ့သည်။

သူမသည် ၎င်းတို့အား ဆန်အိတ်များကဲ့သို့ ကြိုးဖြင့် ဆွဲယူလာခဲ့ခြင်းဖြစ်၏။

သန့်စင်ပရောဟိတ်မက သူတို့အား လာမခေါ်ခဲ့သောကြောင့် အာရန်က သူတို့ကို ပြန်လာပို့ရန်သာ ဆုံးဖြတ်လိုက်သည်။

ဇီယာသည် သတိလစ်နေသော ဘုန်းတော်ကြီးများကို အခြားဘုန်းတော်ကြီးများက သူတို့ကို ကုသပေးပြီး ကူညီပေးနိုင်ရန် မြို့ဝင်ပေါက်အနီးတွင် ထားရစ်ခဲ့လိုက်သည်။

သန့်စင်ပရောဟိတ်မ၏ ဧည့်သည်များဖြစ်သော သူတို့သုံးဦးသည် မည်သည့် တားမြစ်ချက်မှ မကြုံရဘဲ မြို့စားအိမ်တော်အတွင်းသို့ ဝင်ရောက်နိုင်ခဲ့သည်။

အာရန်တို့သုံးဦးအား လုံခြုံသောဧရိယာတစ်ခုအတွင်း ဧည့်ခန်းသုံးခန်းပင် ခွဲဝေပေးခဲ့သည်။

သို့သော် ၎င်းကိုအား တစ်ညလုံး စောင့်ကြည့်ရန်အတွက် စီစဥ်ထားခြင်းဖြစ်ကြောင်းမှာ ထင်ရှားလေသည်။

သန့်စင်ပရောဟိတ်မသည် သူမကိုယ်တိုင် စောင့်ကြည့်နိုင်သော်လည်း ဖြစ်နိုင်ပါက ထိုစက်ဆုပ်ဖွယ်ကောင်းသော အော်ရာကို အနည်းငယ်မျှပင် အာရုံခံလိုခြင်းမရှိပေ။

မကြာမီ ဧည့်သည်သုံးဦးအား သူတို့၏အခန်းများတွင် နေရာချပေးခဲ့ပြီး မျက်လုံးများစွာက ထိုအခန်းများအား မသိမသာ စောင့်ကြည့်နေခဲ့ကြသည်။

ထိုနေရာတစ်ခုလုံးသည် အများအားဖြင့် တိတ်ဆိတ်ငြိမ်သက်လျက်ရှိနေခဲ့၏။

သို့သော် ညလယ်ပိုင်း သန်ခေါင်ယံအချိန်သို့ရောက်သောအခါတွင် အာရန်၏ အခန်းဆီမှ တံခါးတစ်ချပ် ပွင့်လာခဲ့ပြီး အထဲမှ တစ်စုံတစ်ဦး ထွက်လာခဲ့သည်။

#Catfoot

All Chapters