← Chapters

နံရံတွေကတော်တော်ပါးတယ်

Vol. 24 Ch. 340

နံရံတွေကတော်တော်ပါးတယ်

Vol. 24 Ch. 340

....

အာရန်သည် သူ့အား စောင့်ကြည့်နေသူများ၏ မျက်စိများအောက်မှပင် သူ၏အခန်းမှ ထွက်လာခဲ့သည်။

ထို ညနက်သန်းခေါင်ယံအချိန် အာရန်သည် သူ၏ အခန်းမှ ထွက်ခွာလာသောအခါ စောင့်ကြည့်သူအချို့သည် သူ၏ရည်ရွယ်ချက်အား

သံသယဝင်သွားခဲ့ကြသည်။

သို့သော် အာရန်သည် ဝေးဝေးသို့ မသွားခဲ့ပေ။ သူသည် သိပ်မဝေးသော အခန်းဖြစ်သည့် မဟာအကြီးအကဲဇီယာတည်ရှိရာ အခန်းသို့ ရိုးရှင်းစွာပင် ဝင်‌ရောက်သွားခဲ့သည်။

စောင့်ကြည့်သူများက မဟာအကြီးအကဲနှစ်ဦးသည် ထိုကဲ့သို့သောအချိန်တွင် အဘယ်ကြောင့် တွေ့ဆုံရသည်ကို စူးစမ်းလိုစိတ်များ ဖြစ်ပေါ်လာခဲ့ကြသည်။

သို့သော် မကြာမီမှာပင် သူတို့၏စူးစမ်းလိုစိတ်များသည် စိတ်မသက်မသာမှုများ အဖြစ်သို့ ပြောင်းလဲသွားခဲ့၏။

အခန်းထဲမှ ကျယ်လောင်သော အော်ဟစ် ညည်းတွားသံအချို့သည် အဆီးအတားမရှိပဲ စင်္ကြံလမ်းတစ်လျှောက် ပဲ့တင်ထပ်လျက် ထွက်ပေါ်လာသောကြောင့် ဖြစ်လေသည်။

“ဘယ်လိုလူလဲဟ” ဟု စောင့်ကြည့်သူတစ်ဦးက မှတ်ချက်ပြုလိုက်သည်။

“သူများစံအိမ်မှာတောင် သူရဲ့ တနှာစိတ်ကို ခဏလောက်ချုပ်တည်းထားဖို့ သည်းမခံနိုင်ဘူးလား”

စင်္ကြံလမ်းလေးသည် ညည်းတွားသံများဖြင့် ပြည့်နှက်နေခဲ့သော်လည်း ကံကောင်းစွာဖြင့် ဧည့်သည်များ အနှောင့်အယှက်မရှိ အနားယူနိုင်စေရန် ဒီဇိုင်းထုတ်ထားသော အသံလုံစနစ်များကြောင့် ယူလင်းတည်ရှိရာ အခန်းအတွင်းသို့မူ ထို ညည်းသံများ မဝင်ရောက်ခဲ့ပေ။

စိတ်ဝင်စားစရာကောင်းသည်မှာ ထိုအခန်းများအား အပြင်မှအသံများကို အတွင်းမှ မကြားနိုင်သော်လည်း အတွင်းမှ အသံများကိုမူ အပြင်မှ ကြားရစေရန် ဆောက်လုပ်ထားခြင်းပင် ဖြစ်လေ၏။

၎င်းသည် ဧည့်သည်များ လုံခြုံစေရန်နှင့် လိုအပ်ပါက အကူအညီတောင်းသံကို ကြားနိုင်စေရန် ပြုလုပ်ထားခြင်းဖြစ်သည်ဟု ဆိုထားသော်လည်း အမှန်တကယ် ရည်ရွယ်ချက်မှာ စောင့်ကြည့်လေ့လာရန်သာ ဖြစ်သည်။

ထိုသို့ ဇီယာ၏အခန်းဆီမှ ညည်းသံများ ဆက်လက်ထွက်ပေါ်နေစဉ် အိမ်တော်၏ အတွင်းပိုင်းတစ်နေရာတွင် ဂိတ်ပေါက်တစ်ခု ပွင့်လာခဲ့သည်။

ထိုဂိတ်ပေါက်ဆီမှ လူငယ်တစ်ဦး ထွက်ပေါ်လာပြီး ဝါးမြိုသူမှ ဒဏ္ဍာရီဆန်ဆန်ဖြင့် သူရဲကောင်းအကယ်ဒမီမှ ထွက်ခွာခဲ့စဉ်က ဝတ်ဆင်ခဲ့သည့် အနက်ရောင် ဝတ်ရုံကို ဝတ်ဆင်ထားလေသည်။

ထိုလူ၏မျက်နှာမှာ ဝါးမြိုသူနှင့် အသွင်အပြင်ခြင်း တူညီနေခဲ့သည်။

ဂိတ်ဝင်ပေါက်မှ ထွက်လာစဉ် သူ၏မျက်နှာမှာ အနည်းငယ်ဖြူဖျော့နေခဲ့၏။

သူသည် နံရံအားအကူအညီယူ၍ ခဏခန့်ရပ်နေခဲ့ပြီး မငြိမ်မသက်ဖြစ်နေသော သူ၏ နှလုံးခုန်နှုန်းကို တည်ငြိမ်သွားစေရန် ခဏခန့် အသက်ခပ်ပြင်းပြင်း ရှူထုတ် လုပ်နေခဲ့ရသည်။

“မင်း ဘယ်သူလဲ ဒီမှာ ဘာလုပ်နေတာ...”

အာရန်တစ်ယောက် အမောဖြေနေစဥ် လူတစ်ယောက်၏ အသံကို ကြားလိုက်ရသည်။

တစ်စက္ကန့်မျှပင် မဆိုင်းဘဲ သူသည် ထိုနေရာမှ ပျောက်ကွယ်သွားကာ အရှိန်မြှင့်တင်မှုအစွမ်းဖြင့် ထိုအစောင့်၏ နောက်ကျောဘက်သို့ ရောက်ရှိသွားခဲ့သည်။

သူ၏လက်ထဲတွင် ဓားတစ်ချောင်းပေါ်လာခဲ့ပြီး ထိုဓားဖြင့် အစောင့်၏ နောက်ကျောသို့ ထိုးစိုက်ချလိုက်ကာ သူ၏ပါးစပ်ကို အခြားလက်ဖြင့် ပိတ်ထားလိုက်သည်။

ထိုအစောင့် သေဆုံးသွားသည်နှင့်အတူ သူ၏ ခုခံမှုသည်လည်း ရပ်တန့်သွားခဲ့၏။

အာရန်သည် ထိုအစောင့်၏အလောင်းကို သူ၏စနစ်သိုလှောင်ခန်းအတွင်းသို့ ထည့်ထားလိုက်ရာ မည်သူမျှ သတိထားမိမည်မဟုတ်တော့ပေ။

ထိုလူကို သတ်သည့်အချိန်၌ပင် အာရန်သည် မိစ္ဆာဂိုဏ်း၏ မဟာအကြီးအကဲ တစ်ဦးအစွမ်းများအစား အခြားသူရဲကောင်းများထံမှ ခိုးယူခဲ့သည့် စွမ်းရည်များကိုသာ အသုံးပြုခဲ့သည်။

မဟာအကြီးအကဲရန် သည် ဇီယာ၏အခန်းထဲတွင်သာ ရှိနေရမည် ဖြစ်သည်။

သူသည် အဘယ်ကြောင့် ထိုသူနှင့် ဆက်စပ်နိုင်ရမည်နည်း။

ဤမြို့စားအိမ်တော်တွင် ဝါးမြိုသူအဖြစ် ပြောင်းလဲလိုက်ရခြင်း၏ တစ်ခုတည်းသောပြဿနာမှာ သူ၏စွမ်းရည်များကို ကောင်းချီးနယ်မြေအောက်တွင် ဖိနှိပ်ခံထားရခြင်းပင် ဖြစ်၏။

သို့သော် အာရန်သည် သူ၏တည်ရှိမှုကို ဖိနှိပ်ထားသောကြောင့် ပရောဟိတ်မမှာ သေခြာစွာအာရုံစူးစိုက်၍ အိမ်တော်တစ်ခုလုံးကို စောင့်ကြည့်နေခဲ့ခြင်းမျိုးမရှိပါက သူမက သူ့အား ရှာဖွေတွေ့ရှိမည်ကို စိုးရိမ်စရာမလိုအပ်ပေ။

ထိုအစောင့်ကို သတ်လိုက်စဉ်တွင် အာရန်သည် လီရွန်း၏ စွမ်းရည်များကို အသုံးပြုကာ အစောင့်၏မှတ်ဉာဏ်များကို စစ်ဆေးကြည့်ရန်လည်း မမေ့လျော့ခဲ့ပေ။

အားနည်းသော အစောင့်သည် သူအား မည်သို့မျှ မခုခံနိုင်ခဲ့ပေ။ အထူးသဖြင့် သေလုမျောပါးဖြစ်နေသော အချိန်တွင်ဖြစ်လေသည်။

ထိုအစောင့်၏ အကူအညီဖြင့် အာရန်သည် အိမ်တော်၏ အတွင်းပိုင်းဖွဲ့စည်းပုံနှင့် အစောင့်များကို မည်သည့်နေရာများတွင် ချထားသည်ကို နားလည်နိုင်ခဲ့သည်။

၎င်းသည် အမှန်တကယ်ခံတပ်တစ်ခုဖြစ်ဟန်ရသော်လည်း သန့်စင်မြို့တော်ရှိ အကာအကွယ်များနှင့် နှိုင်းယှဉ်ပါက ဤနေရာသည် ထိုမျှ မဟုတ်သေးကြောင်း သဘောပေါက်လိုက်၏။

အာရန်သည် အစောင့်အဖြစ် ဟန်ဆောင်ရန်ပင် စိတ်မဝင်စားတော့ပေ။

ဤသို့ဖြင့် ဝါးမြိုသူအဖြစ်နှင့်ပင် အာရန်သည် အစောင့်များအားလုံး သတိမထားမိပဲ သာသာယာယာပင် အနိုင်ယူနိုင်ခဲ့လေသည်။

အထူးသဖြင့် အရှိန်မြှင့်တင်မှု၏ အကူအညီဖြင့်ဖြစ်၏။

တစ်ခုတည်းသောပြဿနာမှာ ဂိုဏ်းချုပ်ဘုန်းတော်ကြီးနှင့် ပရောဟိတ်မပင်ဖြစ်သည်။

အကယ်၍ သန့်စင်ပရောဟိတ်မသာ ရောက်ရှိလာမည်ဆိုပါက သူမအား တိုက်ခိုက်ရန်မှာ ရူးသွပ်နေသူတစ်ဦးသာ ပြုလုပ်ဝံ့လိမ့်မည်ဖြစ်၏။

ဤသို့ဖြင့် အာရန်သည် ဤအခွင့်အရေးများအား အပြည့်အဝအသုံးချနိုင်ခဲ့လေသည်။

သူသည် အကျဥ်းထောင်ခန်းများရှိရာ ဆီသို့ လျှောက်သွားနေစဥ် သူ၏ ရှည်လျားသောဝတ်ရုံသည် လေနှင့်အတူ လွင့်မျောနေခဲ့သည်။

မှိန်ဖျော့ဖျော့ အလင်းရောင်မှိန်ပျပျဖြင့် လင်းလက်နေသော အကျဥ်းထောင်လမ်းလေးသည် တိတ်ဆိတ်လျက်ရှိနေခဲ့သည်။

ကင်းလှည့်နေသော အစောင့်အချို့၏ ခြေသံများမှအပ မည်သည့်အသံမျှ မကြားရပေ။

အာရန်နှင့် ကြုံတွေ့ခဲ့ရသော ခြေသံများသည် မလိုအပ်သော ပြဿနာများကို ရှောင်ရှားနိုင်ရန် အာရန်မှ ၎င်းတို့ကို လျှင်လျှင်မြန်မြန်ပင် အဆုံးသတ်ပေးလိုက်ခြင်းကို ခံခဲ့ရလေသည်။

...

ဤသို့ဖြင့် အာရန်တစ်ယောက် အကျဥ်းခန်းများအတွင်းသို့ ချဉ်းကပ်နေစဉ်တွင် ဇီယာသည် သူမ၏ ကုတင်ပေါ်တွင် လဲလျောင်းလျက်ရှိနေခဲ့၏။

သူမ၏မျက်နှာမှာ နီရဲလျက်ရှိနေပြီး မလိုအပ်ပါဘဲ ညစ်ညမ်းသော အသံအချို့ကို ပြုလုပ်နေခဲ့ရသည်။

သူမ၏အသံများကို အပြင်ရှိ လူအများကြားကြမည်ကို စဥ့်စားမိလိုက်သောအခါ သူမ သည် မကြာခဏ မျက်နှာကို လက်ဝါးနှင့် ပြန်ရိုက်မိခဲ့သည်။

သို့သော် သူမ ဘာမှမတတ်နိုင်ခဲ့ပေ။ ဤသည်မှာ အာရန်တစ်ယောက် သူမ၏အခန်းအတွင်းသို့ ဝင်ရောက်လာပြီးနောက် ရုတ်တရက် ပျောက်ကွယ်သွားခြင်းမပြုမီ အထူးတောင်းဆိုခဲ့သော အရာလည်းဖြစ်လေသည်။

ထိုအခိုက်အတန့်မှစ၍ သူသည် ပြန်မရောက်လာတော့ပေ။ သူအခန်းမှ ထွက်ခွာသွားပြီဖြစ်ကြောင်း သူမသေချာသိနေခဲ့၏။

သူမသည် အာရန် အဘယ်ကြောင့် သူမကို ဤသို့လုပ်စေချင်သည်ကို မသိရပေ။

သူဘာတွေ စီစဉ်နေတာလဲဟု မေးခွန်းများစွာရှိနေသော်လည်း သူမသည် အာရန်ညွှန်ကြားခဲ့သည့်အတိုင်း ဆက်လက် ညည်းညူနေမိခဲ့သည်။

ဤသို့ဖြင့် ထိုညည်းသံများပြုလုပ်နေစဥ်မှာပင် ဇီယာသည် စိတ်ထဲတွင် အရာတစ်ခုကို စမ်းသပ်ကြည့်ရန် ဖြတ်ကနဲ အတွေးတစ်ချက်ပေါ်လာခဲ့ကာ ထိုအရာကို ပိုမိုလက်တွေ့ကျစေရန်အတွက် သူမသည် အာရန် ကိုယ်တိုင် သူမအား ထိတွေ့နေသည်ဟု စိတ်ကူးယဉ်လိုက်ပြီး သူမ၏ အစိတ်အပိုင်းအချို့ကို သူမကိုယ်တိုင် စတင် လှုံ့ဆော်ရန် ကျိုးစားမိလိုက်လေသည်။

....

“အရှင်မ ပြင်ဆင်ခိုင်းထားတဲ့အရာတွေ ခုမနက်အစောပိုင်းမှာတင် ပြီးစီးပါလိမ့်မယ်”

အာရန် စိုးရိမ်နေသော ဂိုဏ်းအုပ်ဘုန်းတော်ကြီးသည် သန့်စင်ပရောဟိတ်မ၏ အခန်းထဲသို့ ရောက်ရှိနေခဲ့သည်။

သို့သော် သူသည် အာရန်၏ လှည့်စားမှုများအကြောင်းကို လုံးဝမသိနေခဲ့ပေ။

“ကျွန်မတို့ ဧည့်သည်တွေ ဘယ်လိုနေလဲ သံသယဖြစ်စရာ တစ်ခုခုများတွေ့မိသေးလား”

သန့်စင်ပရောဟိတ်မသည် ပြတင်းပေါက်ရှေ့တွင် ရပ်လျက်ရှိကာ ဝေးကွာသော နေရာတစ်ခုဆီမှ လင်းလက်နေသော လမင်းကြီးကို ငေးကြည့်ရင်း မေးလိုက်သည်။

“တပည့်မဆိုတဲ့ တစ်ယောက်ကတော့ အိပ်ပျော်နေပုံရတယ် သူမ အခန်းထဲမှာပဲ ငြိမ်သက်စွာ ရှိနေပါတယ် မဟာအကြီးအကဲရန်နဲ့ ဇီယာကတော့...”

ဂိုဏ်းချုပ်ဘုန်းတော်ကြီးသည် သူ၏စကားကို ဆက်ရန် အနည်းငယ်တွန့်ဆုတ်နေခဲ့သည်။

အသန့်ရှင်းဆုံး စင်ကြယ်သူ နတ်ဘုရားမတစ်ဦးအလား တင်စားထားကြသော သန့်စင်ပရောဟိတ်မအား ထိုအရာကို မည်သို့စတင်ပြောပြရမည်ကိုပင် ဘုန်းတော်ကြီးသည် အခက်တွေ့သွားရလေသည်။

“သူတို့ဘာဖြစ်လို့လဲ ကျွန်မကိုယ်တိုင် စုံစမ်းကြည့်ဖို့လိုသလား”

သန့်စင်ပရောဟိတ်မက ဝိုင်ခွက်ထဲမှ ဝိုင်တစ်ငုံကိုသောက်ရင်း မေးလိုက်၏။

“အာ ဟို..ဟို မဟာအကြီးအကဲတစ်ယောက်....သူ...သူလုပ်နေပုံရတာက... မဟာအကြီးအကဲဇီယာကိုပါ”

ဂိုဏ်းချုပ်ဘုန်းတော်ကြီးသည် အထစ်ထစ်အငေ့ါ‌ငေ့ါဖြင့် ပြန်လည် လျှောက်တင်လိုက်သည်။

“အခန်းထဲကအသံတွေကို အပြင်ကကြားနိုင်တယ်ဆိုတာ သူထားသိပုံမရဘူး”

သန့်စင်ပရောဟိတ်မသည် ဇီယာ၏အခန်းအတွင်းသို့ လေ့လာကြည့်ရန် သူမ၏ စောင့်ကြည့်စွမ်းရည်ကို အသုံးပြုတော့မည့်ဆဲဆဲတွင် ဂိုဏ်းချုပ်ဘုန်းတော်ကြီး၏ စကားများကို ကြားလိုက်ရသဖြင့် ခဏတာ တွေဝေသွားကာ သူမ၏ စွမ်းရည်ကို လျင်မြန်စွာ ရပ်တန့်လိုက်သည်။

“ဒီ ရိုင်းစိုင်းတဲ့ တရိစ္ဆာန်ကောင်တွေ”

သူမသည် မျက်လုံးတစ်ချက် လှန်ရင်း ပြောလိုက်သည်။

သူမ၏ စွမ်းရည်ကို လျင်မြန်စွာ ရပ်တန့်လိုက်ခြင်းသည် ထိုကဲ့သို့သောအရာကို သူမကိုယ်တိုင် မမြင်လိုသောကြောင့် ဖြစ်၏။

သူမသည် သူမ၏ စောင့်ကြည့်စွမ်းရည်များကို နောက်ထပ်အသုံးမပြုတော့ပေ။

“ကျုပ် သူတို့ကို တားရမလား”

ဂိုဏ်းချုပ်ဘုန်းတော်ကြီးသည် သန့်စင်ပရောဟိတ်မ စက်ဆုပ်ရွံရှာနေသည်ကို သဘောပေါက်ရင်း မေးလိုက်သည်။

သန့်စင်ပရောဟိတ်မသည် ထိုကဲ့သို့သောအရာများကို လွန်စွာမုန်းတီးကြောင်း သန့်စင်အင်ပါယာတစ်ခုလုံးသည် ကောင်းစွာသိရှိထားကြလေသည်။

#Catfoot

All Chapters