← Chapters

အမေ့လျော့ခံ ဓားမြှောင်တစ်လက်

Vol. 24 Ch. 342

အမေ့လျော့ခံ ဓားမြှောင်တစ်လက်

Vol. 24 Ch. 342

...

အာရန်သည် အလင်းရောင် မှိန်ဖျော့ဖျော့လေးသာ လင်းလက်နေသော ပင်လယ်နဂါးဧကရီ၏ အခန်းထဲသို့ ဝင်လိုက်ကာ သူ၏ ထင်ရှားသောသွင်ပြင်ကြောင့် ပင်လယ်နဂါးဧကရီ၏ အကြည့်အား ဆွဲဆောင်နိုင်ခဲ့လေသည်။

“မင်းမြင်တဲ့အတိုင်းပဲ ငါတို့က တစ်ဖက်တည်းပဲ”

အာရန်က သန့်စင်ပရောဟိတ်မက ဖန်တီးထားသော သံကြိုးများကို လှမ်းကိုင်ကြည့်လိုက်ရင်း တည်ငြိမ်စွာ ပြောလိုက်သည်။

“မင်းကို ထိခိုက်စေဖို့ င့ါမှာ ရည်ရွယ်ချက်မရှိဘူး”

သူသည် ထိုကောင်းချီးအစွမ်းများပြည့်နှက်နေသည့် သံကြိုးများအား ဖျက်ဆီးမိခြင်းကို အတတ်နိုင်ဆုံး ရှောင်ကြဉ်လိုခဲ့၏။

ထိုသို့လုပ်ဆောင်မိပါက သန့်စင်ပရောဟိတ်မအား အသိ‌ပေးမိသလိုဖြစ်သွားမည်ကို သိနေခဲ့သောကြောင့်လည်း ဖြစ်သည်။

အစားထိုးအနေဖြင့် သူသည် နံရံဟောင်းများနှင့် တွဲချည်ထားသော သံကြိုးများကို အာရုံစိုက်နေခဲ့မိသည်။

ထို့နောက် အာရန်သည် သူ၏ ခွန်အား အပြည့်အဝကို အသုံးပြ၍ နံရံမှ သံကြိုးများကို ဆွဲချွတ်လိုက်ကာ ပင်လယ်နဂါးဧကရီအား တစ်စိတ်တစ်ပိုင်း လွတ်လပ်မှုကို ပေးလိုက်သည်။

ပင်ပန်းနွမ်းနယ်၍ နုံးချိနေသော ပင်လယ်နဂါးဧကရီသည် သူမ၏လက်များ လွတ်မြောက်သွားသည်နှင့် ချက်ချင်းပင် ဟန်ချက်ပျက်၍ လဲကျသွားခဲ့၏။

သူမသည် ကြမ်းပြင်ထက်သို့ ဒူးထောက်လဲကျတော့မည့်ဆဲဆဲတွင် အာရန်က သူမ၏ပခုံးကို ဖေးမကာ ဆွဲထူပေးလိုက်သည်။

“မင်းအဆင်ပြေရဲ့လား” ဟု အာရန်သည် သူမအား ညင်သာစွာဖြင့် ဘေးနားရှိ သစ်သားခုံတန်းလျားငယ်လေးတစ်ခုပေါ်သို့ ချပေးလိုက်ကာ အနားယူစေရင်း မေးလိုက်သည်။

သန့်စင်ပရောဟိတ်မ၏ စွမ်းအင်များဖြင့် ဖန်တီးထားသော သံကြိုးများသည် သူမ၏ခြေကျင်းဝတ်၊ လက်ကောက်ဝတ်နှင့် လည်ပင်းတဝိုက်တွင် ရစ်ပတ်ချည်နှောင်ထားဆဲပင်ဖြစ်ပြီး အလွန်အမင်း တင်းကျပ်နေလေသည်။

“အွမ်...”

ပင်လယ်နဂါးဧကရီက စကားပြောရန် ကြိုးစားသော်လည်း ပါးစပ်ပိတ်မိနေသောကြောင့် စကားတစ်လုံးမျှ မဆိုနိုင်ခဲ့ပေ။

“အော် ဟုတ်သားပဲ” ဟု အာရန်က ပြန်ပြောလိုက်သည်။

“မင်းရဲ့ သံကြိုးတွေကို ဖယ်ရှားပေးဖို့လိုနေသေးတာပဲ ဒါပေမယ့် ဒါကိုလုပ်ရင် သန့်စင်ပရောဟိတ်မကို အသိပေးသလိုဖြစ်မိသွားလိမ့်မယ် ဒါကြောင့် ဒါတွေဆီကနေ လွတ်တာနဲ့ မင်း ချက်ချင်း ငါနဲ့အတူ ထွက်ပြေးမှရမယ် နားလည်လား”

ပင်လယ်နဂါးဧကရီသည် အာရန်မည်သူမည်ဝါဖြစ်မှန်းကို မသိနိုင်သဖြင့် အနည်းငယ်စိတ်ရှုပ်ထွေးနေသေးသော်လည်း သူမသည် ခေါင်းညိတ်ပြလိုက်၏။

သူမသည် သူ၏ ခန္ဓာကိုယ်အတွင်းမှ နဂါးသွေးမျိုးဆက်၏ သန့်ရှင်းစင်ကြယ်မှုကို ခံစားမိခဲ့သောကြောင့်ဖြစ်လေ၏။

သူ၏ နဂါးသွေးမျိုးဆက်သည် သူမကိုယ်တိုင်ထက်ပင် ပို၍ သန့်စင်နေခဲ့သည်။

အစောပိုင်း နဂါးလျှာအစွမ်းကို အသုံးပြုရာတွင်လည်း ကောင်းကင်နဂါး၏ အနှစ်သာရအချို့ကို ခံစားမိလိုက်ပြီး ထိုအရာက သူသည် သူမထက်ပို၍ သွေးမျိုးဆက်သန့်စင်ကြောင်းဖော်ပြနေခဲ့သည်။

သူမအတွက် သူသည် ပင်လယ်နဂါးများ ကိုးကွယ်နေသော ကောင်းကင်နဂါး၏ အမှန်တကယ် အမွေဆက်ခံသူတစ်ဦးနှင့်ပင် တူညီနေခဲ့၏။

ထိုသူ၏ အော်ရာတစ်ခုသည်ပင် သူမအား မိသားစုတစ်ခုကဲ့သို့ နွေးထွေးမှုကို ပေးစွမ်းနေပြီး ဤလူကိုယ်တိုင်က သူမအား ဖမ်းဆီးရာတွင် ပါဝင်ခဲ့သည်ကိုမူ လုံးဝမသိနိုင်ခဲ့ပေ။

ပင်လယ်နဂါးဧကရီသည် လွတ်လပ်မှုကို လိုချင်သော်လည်း သူမရှေ့ရှိလူကို အန္တရာယ်ဖြစ်စေလိုခြင်းမရှိပေ။

သူသာ ကောင်းကင်နဂါး၏ အစစ်အမှန်မျိုးဆက်ဖြစ်ပါက သူမသည် သူ့အား ကာကွယ်ရမည့် တာဝန်ရှိလေသည်။

သူမသည် ခေါင်းညိတ်ပြလိုက်ပြီး ယခုအတွက် သူ၏ညွှန်ကြားချက်များကို လိုက်နာရန် သဘောတူညီခဲ့ပြီးဖြစ်သည်။

“သုံး... နှစ်... တစ်...”

အာရန်က နဂါးလျှာအစွမ်းကို ထပ်မံအသုံးပြုရင်း ရည်ရွတ် လိုက်သည်။

ပင်လယ်နဂါးဧကရီသည် သူ၏ နဂါးလျှာအစွမ်း အသုံးပြုသည်ကို မြင်စေခဲ့သော်လည်း သူ အမှန်တကယ် ရွတ်ဆိုလိုက်သည့်စကားလုံးများကို သူမ မကြားစေရန် တိုးတိုးလေးသာရွတ်ဆိုခဲ့ခြင်းဖြစ်၏။

အဘယ်ကြောင့်ဆိုသော် သူမသာ ထိုအရာကို ကြားနိုင်ခဲ့ပါက သူသည် အမှန်တကယ် နဂါးလျှာအစွမ်းကို အသုံးပြုနေခြင်းမဟုတ်ကြောင်း သဘောပေါက်သွားမည်ဖြစ်သောကြောင့်ပင်တည်း။

အစားထိုးအနေဖြင့် သူသည် နဂါးလျှာအစွမ်းကို အသုံးပြု၍ ပင်လယ်နဂါးဧကရီ၏ အော်ရာကို သူ၏ ပို၍သန့်စင်သော အော်ရာဖြင့် ဖုံးအုပ်စေခဲ့ခြင်းဖြစ်လေသည်။

ထို့ကြောင့် ယီလန်မှ ဝိညာဥ်စွမ်းအင်များအသုံးပြု၍ ဂိတ်တံခါးပေါက်တစ်ခု ဖန်တီးနေသည်ကို သူမ မခံစားမိခဲ့ခြင်းဖြစ်သည်။

၎င်းသည် ဂိုဏ်းအုပ်ဘုန်းတော်ကြီး နာသန်နီရယ်ကို သူသတ်ခဲ့စဉ်က လုပ်ဆောင်ခဲ့သည့်အတိုင်း အားနည်းသောရနံ့ကို ဖျောက်ဖျက်ရန် ပို၍ အားကောင်းသောရနံ့တစ်ခုဖြင့် ဖုံးအုပ်လိုက်ခြင်းနှင့် ဆင်တူလေ၏။

သူမျှော်လင့်ထားသည့်အတိုင်းပင် ပင်လယ်နဂါးဧကရီသည် သံသယအနည်းငယ်မျှပင် မဝင်မိခဲ့ပေ။

သူမသည် သန့်စင်ပရောဟိတ်မ၏ ကောင်းချီးအစွမ်းဖြင့် ကန့်သတ်ခံထားရပြီးသား ဖြစ်နေခြင်းကလည်း အာရန်အား လှည့်ဖြားနိုင်ရန် ပို၍ပင် အထောက်အကူပြုပေးနေလေသည်။

ယီလန်သည် ဝိညာဉ်နယ်မြေနှင့် ချိတ်ဆက်ထား ဂိတ်တံခါးပေါက်တစ်ခုကို ဖန်တီးလိုက်ပြီး ထိုဂိတ်တံခါးပေါက်ကိုပင် သန့်စင်တော်ဝင်မြို့တော်အနီးရှိ နေရာတစ်ခုနှင့် ထပ်မံ၍ ချိတ်ဆက်လိုက်သည်။

ထိုသို့ဂိတ်ပေါက်များကို ချိတ်ဆက်ပြီးသည်နှင့် ဟင်းလင်းပြင်ဆိုင်ရာ ဥပဒေသများ လှုပ်ရှားသွားမှုကြောင့် ပင်လယ်နဂါးဧကရီသည် သူတို့၏ ချိတ်ဆက်မှု ဆုံမှတ်များကို ထောက်လှမ်းနိုင်ခြင်းမရှိတော့ပေ။

အကယ်၍ ထောက်လှမ်းနိုင်ခဲ့လျှင်ပင် ၎င်းသည် ဝိညာဉ်များနှင့် မသက်ဆိုင်ဘဲ သူမ၏ မျက်လုံးများတွင် အာရန်၏ နဂါးလျှာအစွမ်းကြောင့်ဟုသာ ထင်သွားခဲ့မိမည်သာ ဖြစ်လေ၏။

အာရန်သည် ချိတ်ဆက်ထားသည့် ဂိတ်တံခါးပေါက်ကို တစ်ချက်ကြည့်လိုက်မိပြီး သူ၏သွေးများမှာ အေးခဲလုနီးပါးပင် ဖြစ်သွားခဲ့ရသည်။

သာမန်ဂိတ်ပေါက်ငယ်လေးများသည် သူ့အတွက် အန္တရာယ်မရှိနိုင်သော်လည်း ထိုခံစားမှု‌‌ဝေဒနာဆီမှတော့ လွတ်မြောက်နိုင်မည်မဟုတ်ပေ။

ဤဟန်ဆောင်မှုကို ဆက်လက် ထိန်းသိမ်းထားနိုင်ရန် သူသည် ဤကဲ့သို့ ဝိညာဥ်လောကကို ဖြတ်၍ ဂိတ်ပေါက်နှစ်ခုကို ချိတ်ဆက်ထားခြင်းအား မလွှဲမသွေ ဖြတ်ကျော်ရမည်ဖြစ်လေ၏။

သူသည် အမှန်တကယ် ထိုသို့ လုပ်သင့်၊ မလုပ်သင့်ကို အနည်းငယ် စိတ်ရှုပ်ထွေးနေခဲ့သည်။

သို့သော် ကံမကောင်းစွာဖြင့် ထိုသံကြိုးများကို ဖြတ်လိုက်ပါက သန့်စင်ပရောဟိတ်မသည် ဤနေရာသို့ ချက်ခြင်း ရောက်ရှိလာမည်ဖြစ်သောကြောင့် သူ့တွင် အခြားရွေးချယ်စရာများ မရှိတော့ပေ။

သူသည် သန့်စင်ပရောဟိတ်မရောက်လာ၍ သူ့အား မဖမ်းမိနိုင်ခင်မှာပင် ဤနေရာမှ ဦးစွာထွက်ခွာရမည်ဖြစ်လေသည်။

ဂိတ်တံခါးပေါက်များ ချိတ်ဆက်ပြီးနောက် အာရန်သည် ၎င်းအား ကြည့်ရှုခြင်းကို ရပ်တန့်လိုက်သည်။

“အခု ဒီသံကြိုးတွေကို ချိုးဖျက်ဖို့ အချိန်ရောက်ပြီ ဒါကြောင့် မခုခံနဲ့နော်” ဟု အာရန်သည် ပင်လယ်နဂါးဧကရီအား သတိပေးလိုက်ရင်း တောင်ပိုင်းတိုက်ကြီးမှ ယူဆောင်လာခဲ့သော ရတနာ ဓားမြှောင်တစ်ခုကို ထုတ်ယူလိုက်သည်။

နဂါးလျှာအစွမ်းသက်သက်ဖြင့် သူသည် ဤသံကြိုးများကို ချိုးဖျက်နိုင်စွမ်းမရှိပေ။

အာရန်သည် သူ၏ အဆိပ်လည်ဆွဲကို အသုံးပြုနိုင်သော်လည်း ၎င်းသည် သူ၏ အချက်အလက်ကို ဖော်ထုတ်မိရာရောက်သွားမည်ဖြစ်လေသည်။

အဘယ်ကြောင့်ဆိုသော် ၎င်းသည် ဓားဧကရာဇ်၏ အော်ရာနှင့်အတူ ချိတ်ဆက်နေသောကြောင့် ပင်တည်း။

သို့သော် အာရန်သည် ဤသံကြိုးများကို ဒီအတိုင်း ထားခဲ့၍လည်း မရပေ။

၎င်းတို့သည် ပင်လယ်နဂါးဧကရီကို သူ၏ ထိန်းချုပ်မှုအောက်တွင် ဆက်လက် ထိန်းသိမ်းထားရာတွင်မူ အသုံးဝင်သော်လည်း နောက်ပိုင်းတွင် သန့်စင်ပရောဟိတ်မအား သူမကို ရှာဖွေတွေ့ရှိရန် အကူအညီဖြစ်စေမည် ဖြစ်သောကြောင့်ပင်တည်း။

သူသည် ၎င်းတို့ကို ချိုးဖျက်ပြီး ဤနေရာတွင် ထားခဲ့ရမည်ဖြစ်လေသည်။

မဟုတ်ပါက နောက်ပိုင်းတွင် ပို၍ကြီးမားသော ရှုပ်ထွေးမှုများအတွင်းသို့ ရောက်ရှိသွားလိမ့်မည် ဖြစ်၏။

သူသည် ပြင်ပရတနာများနှင့် သူ၏ ကိုယ်ပိုင်ခွန်အားကိုသာ အသုံးပြုနိုင်မည် ဖြစ်သည်။

သူ၏ခွန်အားကို ဓားမြှောင်အတွင်းသို့ ပို့လွှတ်လိုက်ကာ သံကြိုးများကို ထိုးဖြတ်ချလိုက်သည်။

ချွင်း...

ထို့နောက် အာရန် ၏ ထို ရတနာဓားမြှောင်သည် သံကြိုးများကို ထိမှန်သွားခဲ့သည်။

သို့သော်....

“ဟမ်”

အာရန်၏ မျက်လုံးများ ကျဉ်းမြောင်းသွားရသည်။

ရတနာဓားမြှောင်သည် အပိုင်းပိုင်းအစစ ကွဲကြေသွားပြီး နေရာအနှံ့သို့ ပျံကျဲထွက်သွားသောကြောင့်ဖြစ်လေ၏။

တစ်ချိန်တည်းမှာပင် သံကြိုးများတွင်မူ ခြစ်ရာကလေး တစ်ခုမျှပင် မရှိခဲ့ပေ။

‘ခြစ်ရာတောင် မရှိဘူးလား’

အာရန်သည် ဤသံကြိုးများ၏ ခိုင်ခန့်မှုကြောင့် အံ့အားသင့်သွားခဲ့ရသည်။

ပြဿနာမှာ သူ၏ခွန်အားတွင် မဟုတ်ဘဲ ရတနာဓားမြှောင်၏ ခံနိုင်ရည်တွင် ဖြစ်ဟန်ရသည်။

ဤကဲ့သို့ အဆင့်မြင့်ဓားမြှောင်ဖြင့်ပင် ဤသံကြိုးများကို ချိုးဖျက်နိုင်ခြင်း မရှိခဲ့ပေ။

သူ၏ အချက်အလက်များကို ဖော်ထုတ်မိနိုင်သည့် စွမ်းရည်များကို အသုံးပြုရုံမှအပ အခြားရွေးချယ်စရာမရှိတော့ဘူးလားဟုပင် တစ်ချက်တွေးမိလိုက်သည်။

အာရန်သည် ခေါင်းကို လျင်မြန်စွာ ခါယမ်းလိုက်ပြီး ဤအတွေးများကို ချက်ခြင်း ပယ်ချလိုက်သည်။

သူ၏အချက်အလက်များကိုသာ ဖော်ထုတ်မိလိုက်ပါက သန့်စင်ပရောဟိတ်မ ရောက်မလာခင်မှာပင် ပင်လယ်နဂါးဧကရီသည် သူ့အား ချက်ခြင်း ပြန်လည်တိုက်ခိုက်မည်သာတည်း။

သူမသည် သူ၏ ယခု သွေးမျိုးဆက် သန့်စင်သော နဂါးအော်ရာကြောင့်သာ သူ့အား အလေးထား၍ ဆက်ဆံနေခဲ့ခြင်း ဖြစ်လေသည်။

ထို့နောက် အာရန်သည် သူ၏ စနစ်သိုလှောင်ခန်းအား တစ်ချက်ရှိုးကြည့်လိုက်ရင်း သူအသုံးပြုနိုင်သည့် အခြားပစ္စည်းများ ရှိမရှိ ထပ်မံ ကြည့်ရှုလိုက်ရာ ရုတ်တရက် သူကိုယ်တိုင်ပင်မေ့လျော့လုနီးပါးဖြစ်နေသောပစ္စည်းတစ်ခုကို သတိထားမိလိုက်၏။

‘ဒီ မပြည့်စုံသေးတဲ့ ဓားမြှောင်...’

အာရန် ၏ အကြည့်သည် မကြာမှီကာလတစ်ခုက ကမ်းရိုးတန်းမြို့လေးတွင် သူရရှိခဲ့သော ဓားမြှောင်လေး တစ်ချောင်းပေါ်သို့ ကျရောက်သွားခဲ့သည်။

ဤဓားမြှောင်ကြောင့်ပင် သူသည် ဝိညာဥ်လမ်းလျှောသူနှင့် ရင်ဆိုင်တွေ့ခဲ့ရခြင်းဖြစ်ပြီး ထိုကမ်းရိုးတန်းမြို့လေးအပေါ်တွင်လည်း ကပ်ဘေးတစ်ခုကို ကျရောက်စေခဲ့မိလေသည်။

၎င်းသည် မပြည့်စုံသေးသော်လည်း အကယ်၍ ပြီးပြည့်စုံသွားပါက အရှင်သခင်တစ်ဦးကိုပင် သတ်ဖြတ်နိုင်သည်အထိ စွမ်းအားကြီးမားသော ဓားမြှောင်တစ်လက် ဖြစ်လေသည်။

သို့သော် ဤမပြည့်စုံသောပုံစံတွင်ပင် ၎င်းသည် ဒဏ္ဍာရီအဆင့်ဓားမြှောင်တစ်လက်ပင် ဖြစ်နှင့်ပြီးသား မဟုတ်ပါလား...။

#Catfoot

All Chapters