← Chapters

နှုတ်ဆက်လက်ဆောင်

Vol. 24 Ch. 343

နှုတ်ဆက်လက်ဆောင်

Vol. 24 Ch. 343

....

ပြဿနာသည် လက်နက်၏ ခံနိုင်ရည်သာဖြစ်ပါက အာရန်မှာ ထိုပြဿနာကို အလွန်ခံနိုင်ရည်အားမြင့်မားသော အရာတစ်ခုဖြင့် အစားထိုး၍ ဖြေရှင်းနိုင်သည်ဟု ယုံကြည်မိသည်။

အရှင်သခင်သတ်ဓားမြှောင်သည် မပြည့်စုံသေးသော်လည်း ၎င်းသည် ဒဏ္ဍာရီအဆင့် လက်နက်တစ်ခု ဖြစ်နေဆဲပင်ဖြစ်၏။

ပို၍အရေးကြီးသည်မှာ ၎င်းကို သူ၏ အခြားအချက်အလက်များနှင့် ဆက်စပ်၍ မရနိုင်ခြင်းပင် ဖြစ်သည်။

ဤဓားမြှောင်သည် ရန်နစ်ခရိုလိုင်းလက်ထဲတွင် ရှိနေကြောင်း သိရှိထားသူများမှာ သေဆုံးသွားကြပြီဟုဆိုနိုင်သည်။

သို့မဟုတ် သူ၏ လက်အောက်တွင် အစေခံစာချုပ်ဖြင့် ရောက်ရှိနေပြီဟုလည်းပြော၍ ရလေသည်။

၎င်းသည် မပြည့်စုံသေးသော်လည်း အာရန်သည် ဤဓားမြှောင်ကို ကိုင်လိုက်သည်နှင့် မည်မျှထူးခြားသည်ကို ခံစားသိရှိနိုင်လေသည်။

အကယ်၍ ၎င်းလက်နက်သာ ပြီးစီးသွားပါက မည်သို့သောလက်နက်မျိုး ဖြစ်လာနိုင်မည်ကို သူ အမှန်တကယ် သိလိုနေခဲ့သည်။

ကံမကောင်းစွာဖြင့် ဤဓားမြှောင်ကို ပြီးမြောက်အောင် ပြုလုပ်နိုင်သည့် လုပ်ငန်းစဉ်ကို သန့်စင်ပရောဟိတ်မတစ်ဦးတည်းသာ သိရှိထားပြီး သူမသည် ဤအရာကို ပြင်ပလူများအား ပြောပြစရာအကြောင်းတော့ မရှိပေ။

အာရန်သည် ထိုအရှင်သခင်သတ်ဓားမြှောင်ကို ခိုင်မြဲစွာ ဆုပ်ကိုင်ထားလိုက်ပြီး အောက်သို့ ထိုးစိုက်ချလိုက်ရာ ပင်လယ်နဂါးဧကရီ၏ လည်ပင်းကို ချုပ်နှောင်ထားသော သံကြိုးများကို ဦးစွာ ဖျက်ဆီးပစ် လိုက်သည်။

ဓားမြှောင်သည် သံကြိုးများနှင့် ထိတွေ့လိုက်သောအခါ မည်သည့်အသံမျှ မထွက်ပေါ်ခဲ့ပေ။

အသံအားလုံးသည် ၎င်းတို့အား စုတ်ယူသည့် လေဟာနယ်တစ်ခုနှင့် ထိမှန်လိုက်သကဲ့သို့ပင်ဖြစ်လေသည်။

အာရန်သည် ယခင်ဓားမြှောင်များကို အသုံးပြုခဲ့စဉ်က ခံစားခဲ့ရသည်နှင့် မတူဘဲ ထိမှန်လိုက်စဉ် မည်သည့်တန်ပြန်မှုကိုမျှ မခံစားခဲ့ရပေ။

တန်ပြန်တုံ့ပြန်မှု မရှိသော်လည်း သံကြိုးများသည် ပြင်းထန်သော သက်ရောက်မှုကိုခံလိုက်ရကြောင်း သိသာလေ၏။

ထို့နောက် သံကြိုးများတစ်လျှောက် အက်ကြောင်းများ စတင်ပြန့်ကားလာကာ သူမ၏ လည်ပင်းနှင့်အတူ ဦးခေါင်းတစ်ခုလုံးကို ကန့်သတ်ထားသော သံကြိုးများသည် ထောင်သောင်းချီသော အစအနများအဖြစ် ပြောင်းလဲပျက်စီးသွားလေသည်။

လည်ပင်းဆီမှ သံကြိုးများ ပျောက်ကွယ်သွားပြီးနောက် ပင်လယ်နဂါးဧကရီ၏ ပါးစပ်အား ချိတ်ပိတ်ထားမှုသည် အလိုအလျှောက် ပြန်လည်ပြေပျောက်သွားခဲ့သည်။

တစ်ချိန်တည်းမှာပင် အာရန်သည် သူမ၏လက်များနှင့် ခြေထောက် ပတ်လည်ရှိ သံကြိုးများကို ဆက်လက်ဖျက်ဆီးလိုက်လေ၏။

သူသည် အမှားအနည်းငယ်ပြုလုပ်မိသည်နှင့် သူမ၏လက်များကို ဖြတ်တောက်မိနိုင်သောကြောင့် ထိုသို့ပြုလုပ်ရာတွင် အလွန်သတိထားနေခဲ့ရသည်။

ကံကောင်းစွာဖြင့် သူ၏ အာရုံစူးစိုက်မှုကြောင့် တစ်ကြိမ်မျှပင် လွဲချော်မှုများ မဖြစ်ပေါ်ခဲ့ပေ။

သံကြိုးများသည် တစ်ခုပြီးတစ်ခု ပျက်စီးသွားခဲ့ကာ ၎င်းတို့၏ အပိုင်းအစများသည် မည်သည့်အရာမျှမကျန်ခဲ့ပဲ လုံးဝပျောက်ကွယ်သွားခဲ့လေသည်။

၎င်းတို့သည် သူတို့၏ မူလသန့်စင်သော ကောင်းချီးစွမ်းအင်အဆင့်သို့ ပြန်လည်ရောက်ရှိသွားခြင်း ဖြစ်နိုင်သည်။

....

ထိုသို့ သံကြိုးများ ‌ပျောက်ကွယ်သွားသည့်အချိန်တွင် သီးသန့်အခန်းတစ်ခုအတွင်း ရှိနေသည့် သန့်စင်ပရောဟိတ်မသည် သူမ၏ဦးခေါင်းထက်တွင် နာကျင်မှုဝေဒနာ အနည်းငယ်ကို ခံစားလိုက်ရ၏။

သူမ၏ လက်ထဲမှ ဝိုင်ခွက်သည်လည်း မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့ကာ သူမ၏မျက်နှာအမူအရာသည် မှောင်မိုက်သွားခဲ့သည်။

သူမသည် တစ်စက္ကန့်မျှပင် အချိန်မဆွဲတော့ဘဲ ဖြစ်ပျက်နေသည်ကိုစူးစမ်းရန် သူမသည် ပင်လယ်နဂါးဧကရီကို ချုပ်နှောင်ထားသည့် အကျဥ်းထောင်ခန်းအတွင်းသို့ လျင်မြန်စွာ ပြေးဝင်သွားခဲ့သည်။

သူမနှောင့်နှေး၍ မဖြစ်ကြောင်းလည်း သဘောပေါက်လိုက်မိလေသည်။

သန့်စင်ပရောဟိတ်မသည် အကျဥ်းထောင်ခန်းအတွင်းသို့ ဂိတ်ပေါက်တစ်ခုဖြင့် ရောက်သွားသောအခါ ထိုနေရာရှိ အစောင့်များသည် မြေပြင်ပေါ်တွင် လဲလျောင်းနေသည်ကို တွေ့လိုက်ရလေသည်။

တစ်ချိန်တည်းမှာပင် ပင်လယ်နဂါးဧကရီသည် ကန့်သတ်ထားမှုများဆီမှ လုံးဝလွတ်မြောက်ပြီဖြစ်ကာ သူမနှင့်အတူ အမျိုးသားတစ်ဦး ရပ်နေသည်ကို လည်း သတိထားမိလိုက်သည်။

“ရှင်က..... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မလဲ...”

သန့်စင်ပရောဟိတ်မသည် ပင်လယ်နဂါးဧကရီလွတ်မြောက်သွားသည်ကို အံ့အားသင့်ခဲ့သော်လည်း သူမဘေးရှိ လူကို မြင်လိုက်ရသောအခါတွင်မူ အံ့အားသင့်မှုအပြင် ထိတ်လန့်တုန်လှုပ်မှုတစ်ခုကိုပင်ထပ်မံ ခံစားလိုက်ရ၏။

သူမတစ်ဦးတည်းသာမက အခြားအရှင်သခင်များသည်လည်း ထိုမျက်နှာကို မည်သည့်အခါမျှ မေ့ဖျောက်နိုင်မည်မဟုတ်ပေ။

အဘယ်ကြောင့်ဆိုသော် သူတို့အားလုံး အတူတကွ ပူးပေါင်း၍ပင် ထိုသူကို လိုက်လံရှာဖွေခဲ့ကြသော အချိန်တစ်ခု ရှိခဲ့ဘူးသောကြောင့်ပင်တည်း...။

ထိုအချိန်က သူမသည် ထိုသူအား အမှန်တကယ် သတ်ဖြတ်ခဲ့သူမဟုတ်သော်လည်း နောက်ဆုံးမြင်ခဲ့စဥ်က ထိုသူ၏ အမူအရာမှာ သေဆုံးခြင်းထက်ပင် ပိုမိုဆိုးရွားနေခဲ့ပြီးဖြစ်၏။

ထို့ကြောင့် ထိုသူသည် အဘယ့်ကြောင့် သူမရှေ့တွင် ယခုကဲ့သို့ အကောင်းအတိုင်း ရပ်နေနိုင်ရသနည်း။

သူမ အံ့အားသင့်နေစဉ်မှာပင် ဝါးမြိုသူအဖြစ် ဟန်ဆောင်ထားဆဲဖြစ်သော အာရန်သည် သန့်စင်ပရောဟိတ်မကို မျက်စိတစ်ဖက်မှိတ်ပြလိုက်သည်။

ထို့နောက်အာရန်သည် သန့်စင်ပရောဟိတ်မအာရုံအနည်းငယ်ပျံ့လွင့်သွားသည်ကို အခွင့်ကောင်းယူကာ ပင်လယ်နဂါးဧကရီ၏ လက်ကို လျင်မြန်စွာ ဆုပ်ကိုင်လိုက်၏။

ထို့နောက် အာရန်သည် ဘေးနားရှိ ယီလန်အဆင်သင့် ဖန်တီးထားသည့် ဂိတ်ပေါက်အတွင်းသို့ အလျင်အမြန်ဝင်ရောက်၍ ဂိတ်ပေါက်သည် ချက်ချင်းပင် ပြန်ပိတ်သွားခဲ့သည်။

ပင်လယ်နဂါးဧကရီသည် သန့်စင်ပရောဟိတ်မအတွက် လက်ဆောင်တစ်ခု ချန်ထားခဲ့ရန်မူ မမေ့လျော့ခဲ့ပေ။

သူမ၏ နဂါးလျှာအစွမ်းကို အသုံးပြုနိုင်ပြီဖြစ်၍ ကျန်ရှိနေသော အကျဉ်းသားများ ချုပ်နှောင်ထားသော အခြားထောင်ခန်းများကို ဖွင့်ပေးလိုက်လေသည်။

သူမကဲ့သို့ ခြိမ်းခြောက်နိုင်စွမ်းမရှိသောကြောင့် ထိုအကျဥ်းသားများ၏ အခန်းများသည် သူမ ကဲ့သို့ ခိုင်ခံ့ခြင်းမျိုးမရှိကြချေ။

သို့သော် သူတို့သည် အနည်းဆုံး သန့်စင်ပရောဟိတ်မအတွက် ပြဿနာအချို့ကို ဖန်တီးပေးခဲ့နိုင်ပြီး ထိုအရာကပင် သူမအား အချိန်အနည်းငယ်ခန့် အာရုံပျံ့လွင့်စေရန် လုံလောက်လေသည်။

“ဒီလောက်ကြာပြီးမှ နောက်ဆုံးတော့ ပြန်လည် လွတ်လပ်ခွင့်ရပြီ”

အကျဥ်းထောင် အခန်းများ ပွင့်လာသည်နှင့်အမျှ ထိုအထဲမှအကျဥ်းကျနေသည့် အကျဥ်းသားများသည် တစ်ယောက်ပြီးတစ်ယောက် အပြင်ဘက်သို့ ထွက်လာခဲ့ကြသည်။

သူတို့ထဲမှ အတော်များများသည် သန့်စင်ပရောဟိတ်မအား မြင်လိုက်ရသည်နှင့် နှုတ်ခမ်းများကို ပြန်သပ်မိလိုက်ကြ၏။

သူတို့သည် ယခင်က သန့်စင်ပရောဟိတ်မကို ကိုယ်တိုင် မြင်ဘူးသည်အထိပင် အခွင့်အရေးများ မရဘူးခဲ့ကြပေ။

သူတို့သည် သူမမှာ အများသိထားသည့် ပရောဟိတ်မအဖြစ် ဝတ်စုံကိုဝတ်ဆင်ထားခြင်းလည်း မဟုတ်ခဲ့သောကြောင့် သူမနှင့် သန့်စင်ပရောဟိတ်မအား ဆက်စပ်မ‌တွေးမိခဲ့ကြခြင်းလည်း ဖြစ်လေသည်။

ထို့အပြင်သူတို့သည် မိန်းမများနှင့် မထိတွေ့ရသည်မှာ အချိန်များစွာကြာနေပြီဖြစ်ရာ ယခုကဲ့သို့ အလွန်ချောမောလှပသော အမျိုးသမီးတစ်ဦးအားမြင်လိုက်ရသောအခါ သူတို့ကိုယ်တိုင်၏ ဆင်ခြင်နိုင်စွမ်းများပင် ပျောက်ဆုံးသွားကြလေ၏။

“သူလေးက လှရက်နိုင်လိုက်တာ... ငါတို့ရဲ့ လွတ်လပ်ခွင့်ကို ဒီလို လှပတဲ့အမျိုးသမီးနဲ့အတူ ပွဲခံလိုက်ကြရင် မကောင်းဘူးလား”

အကျဥ်းသားတစ်ဦးမှ သန့်စင်ပရောဟိတ်မဆီသို့ ချဉ်းကပ်ရင်း သူ၏အဖော်များအား မေးလိုက်သည်။

“ငါတို့ မြန်မြန်ထွက်ပြေးသင့်တယ်ထင်တယ် ဂိုဏ်းအုပ်ဘုန်းတော်ကြီးက အချိန်မရွေး ဒီကို ရောက်လာနိုင်တယ် အချိန်ဖြုန်းချင်ရင်တော့ အဲဒါက မင်းတို့ထိုက်နဲ့မင်းတို့ကံပင်”

အကျဥ်းသားအုပ်စုတစ်စုသည် သန့်စင်ပရောဟိတ်မ၏ အလှအပကြောင့် အာရုံထွေပြား နေစဉ်တွင် ထွက်ပြေးရန် ပို၍စိတ်ဝင်စားနေသော အခြားအကျဥ်းသားများလည်း ရှိနေခဲ့ကြ၏။

သူတို့သည် အမျိုးသမီးတစ်ဦး မည်မျှပင် လှပသည်ဖြစ်စေ သူတို့၏လွတ်လပ်ခွင့်ကို ထိုအတွက်နှင့် စွန့်စားလိုခြင်းမရှိကြပေ။

“ဟေ့ မင်းတို့က ဘာကြောက်နေကြတာလဲ ငါတို့က ဒီမှာ လူအင်အားဒီလောက်တောင့်တာ ဒီဂိုဏ်းအုပ်ဘုန်းတော်ကြီး တစ်ပါးတည်းကိုများ စိုးရိမ်စရာလိုသေးလို့လား သူက သန့်စင်ပရောဟိတ်မမှ မဟုတ်....”

အကျဥ်းသားတစ်ဦးသည် ကိုယ့်ကိုကိုယ်ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သော်လည်း သူ၏ စကား မပြီးဆုံးခင်မှာပင် သူ၏လည်ပင်းတစ်ဝိုက်တွင် နာကျင်မှုတစ်ခုကို ရုတ်တရက် ခံစားလိုက်ရသည်။

ထို့နောက် သူ၏ခေါင်းသည် ဘေးဘက်သို့ လျှောကျသွားရာ ခဲ့လေသည်။

သူတစ်ဦးတည်းသာမက ထွက်ပြေးရန်ကြံစည်နေကြသူများပင် အလားတူ ကြုံတွေ့ခဲ့ရပြီး သူတို့၏ကိုယ်ခန္ဓာများ တောင့်တင်းသွားကြကာ သူတို့၏ဦးခေါင်းများ သည် မြေပြင်ပေါ်သို့ အစီအရီ လိမ့်ကျသွားခဲ့ကြသည်။

ဤကဲ့သို့ စွမ်းအားမျိုး..... ထိုအမျိုးသမီး မည်သူမည်ဝါဖြစ်သည် နှင့်ပတ်သက်၍ နောက်ဆုံးအချိန်တွင် သူတို့၏ စိတ်များထဲ၌ သံသယများ မရှိတော့ပေ။

“သန့်စင်ပရောဟိတ်မ..”

သန့်စင်ပရောဟိတ်မကို မြည်းစမ်းကြည့်ရန် ပြောဆိုခဲ့သော အကျဥ်းသားသည် သူ၏ခေါင်းမြေပြင်ပေါ်သို့ ပြုတ်ကျသွားသော်လည်း သူ၏မျက်လုံးများမှ သူ၏ ကံဆိုးမှုကို မယုံကြည်နိုင်ဖြစ်နေဟန်ရလေသည်။

သန့်စင်ပရောဟိတ်မသည် တစ်ချက်မျှပင် မလှုပ်ရှားခဲ့သော်လည်း သူမ၏ ကြီးမားသော စွမ်းအားမှာ ထင်ရှားလွန်းလှလေသည်။

သူမသည် ယနေ့တစ်နေ့လုံးတွင် အံ့အားသင့်စရာများ တစ်ခုပြီးတစ်ခု ဆက်တိုက် ကြုံတွေ့ခဲ့ရပြီး ပင်လယ်နဂါးဧကရီ၏ လွတ်မြောက်မှုသည် အဆိုးဝါးဆုံးဖြစ်သည်ဟုယူဆ၍ ရလေသည်။

သို့သော် ပို၍ဆိုးဝါးသည်မှာ သူမသည်ထို နတ်ဆိုးဝါးမြိုသူကို ကိုယ်တိုင် မြင်တွေ့ခဲ့ရခြင်းပင်ဖြစ်၏။

သူသည် မကြာသေးမှီက တောင်ပိုင်းတိုက်ကြီးတွင် ပေါ်ထွက်လာသည်ဟူသော ကောလာဟလများကို ကြားခဲ့ရသော်လည်း ၎င်းသည် ချဲ့ကားထားသော ကောလာဟလတစ်ခုသာဟု သူမ မှတ်ယူထားခဲ့သည်။

ယခု သူမကိုယ်တိုင် မြင်တွေ့ရသောအခါမှသာ ၎င်းနှင့်ပတ်သက်၍ သေခြာသွားခဲ့ခြင်းပင်ဖြစ်သည်။ ၎င်းသည် နတ်ဆိုးဝါးမြိုသူ စစ်စစ်ဖြစ်လေသည်။

အထူးခြားဆုံးမှာ သူသည် နောင်အနာဂတ်တွင် အရှင်သခင်တစ်ဦးကို သတ်ဖြတ်ရန် သူမကိုယ်ဖန်တီးထားခဲ့သော အရှင်သခင်သတ်ဓါးကို ကိုင်ဆောင်ထားခြင်းပင် ဖြစ်နေ၏။

၎င်းဓါးမြှောင်ပျောက်ကွယ်သွားသောအခါ အခြားအရှင်သခင်တစ်ဦးဦး၏ လက်ချက်ဖြစ်မည်ဟု သူမယူဆမိခဲ့သည်။

သို့သော် သူမမပါဘဲ သူတို့သည် ၎င်းလက်နက်ကို ပြီးပြည့်စုံသည့်အဆင့်အထိ ပြုလုပ်နိုင်မည်မဟုတ်ခြင်းကြောင့် သူမသည် ၎င်းအပေါ်ကို သိပ်၍ စိတ်မပူခဲ့ခြင်းဖြစ်သည်။

သို့သော် ၎င်းကိုရရှိသွားသူသည် ဝါးမြိုသူအမှန်တကယ် ဖြစ်နေကာ သူသည် မှန်ကန်သောနည်းလမ်းတစ်ခုကို ရှာဖွေနိုင်ခဲ့ပါက သူမ၏ အကူအညီ မလိုအပ်ဘဲနှင့်ပင် ၎င်းကို အမှန်တကယ် ပြီးပြည့်စုံအောင် ပြုလုပ်စွမ်းရှိလေသည်။

အချိန်အတော်ကြာပြီးနောက် ပထမဆုံးအကြိမ်အဖြစ် သူမသည် ဆိုးဝါးသော စိတ်အနှောက်အယှက်ဖြစ်ခြင်း တစ်ခုကို ပြန်လည် ခံစားလိုက်ရသည်။

“သူ ငါ့ ပိုင်နက်ထဲကိုတောင် ငါသတိမထားမိပဲ ဘယ်လိုလုပ် ဝင်လာနိုင်ခဲ့ရတာလဲ ဒါမှမဟုတ် သူက အတွင်းထဲမှာ အရင်ကတည်းက ကြိုရောက်နှင့်ပြီးသား ဖြစ်နေလို့လား”

ထိုအတွေးသည် သူမ၏စိတ်ထဲတွင် ဦးစွာပေါ်ထွက်လာပြီး သူမ၏အကြည့်သည် အာရန်၏ အခန်းရှိရာဆီသို့ လှည့်လိုက်မိသည်။

သူတို့သည် သူမ၏ နယ်မြေအတွင်းသို့ သူမကိုယ်တိုင် ခေါ်ဆောင်လာခဲ့သော သီးသန့် ပြင်ပမှ လူများဖြစ်နေခဲ့၏။

#Catfoot

All Chapters