← Chapters

အခန်း(၈၉၁) ရုပ်သေးများနှင့် ထောင်ခြောက်

Vol. 55 Ch. 891

အခန်း(၈၉၁) ရုပ်သေးများနှင့် ထောင်ခြောက်

Vol. 55 Ch. 891

“ရှင်က ဆာရီရယ် လက်အောက်ကဆိုတာ ကျွန်မလည်း သိတယ်။ ကျွန်မတို့ရဲ့ အခြေအနေက မတူကြဘူး။ ကျွန်မက တိုက်ခိုက်ဖို့ ဖိအား‌ပေးခံရတာ။ ရှင် ကျွန်မကို သတ်ချင်တယ် ဆိုရင်တော့ ကျွန်မ ဘာမှ ပြောစရာ မရှိဘူး။” လက်စလီ၏ အမူအရာက သနားစရာ ကောင်းနေပြီး အထူးသဖြင့် ထိုကဲ့သို့ ဝမ်းနည်းနေသော မျက်လုံးများပင် ဖြစ်လေသည်။ ထိုအရာက လူအများအား အလိုလို ဂရုဏာ သက်စေ၏။

ဒီအမျိုးသမီးက ဒီတစ်ခေါက် လျို့ဝှက်နယ်မြေကို စေတန် စေလွှတ်လိုက်တဲ့ အစွမ်းထက်ပုဂ္ဂိုလ်ဆိုတာ အသေအချာပဲ။ သူ့ရဲ့ ရည်ရွယ်ချက်က တစ်ဖနီကို တစ်နေရာရာမှာရှိတဲ့ “တံခါး”ဆီ လိုက်ပို့ပေးပြီးတော့ ဆာရီရယ်အဖွဲ့က ပြိုင်ဘက်တွေကို အနိုင်ယူဖို့ ဖြစ်ရမယ်။

ချန်လွေ့က သေသေချာချာ သိသွားခဲ့သည်။ ဒါက အထူး ပြိုင်ပွဲ တစ်ခုပဲ။ စေတန်အဖွဲ့ဖြစ်ဖြစ်၊ ဆာရီရယ်အဖွဲ့ပဲ ဖြစ်ဖြစ်၊ သူတို့အားလုံးက အထိန်းချုပ်ခံထားရတဲ့ နယ်ရုပ်တွေပဲ။ သူတို့က ဒီကျားကွက်ပေါ်မှာ အချင်းချင်း သတ်ပြီးတော့ ဝါးမျိုကြရတယ်။ ဒီကစားပွဲနောက်ကွယ်မှာရှိတဲ့ ကစားသမား နှစ်ယောက်က နတ်ဘုရား-ယောင်အဆင့် နှစ်ယောက်ဖြစ်တဲ့ စေတန်နဲ့ ဆာရီရယ်တို့ပဲ။

ယွမ်သလင်းကျောက် တည်နေရာက နတ်ဘုရား-ယောင် အဆင့် အစွမ်းထက်ပုဂ္ဂိုလ်ကိုတောင် အချိန်မရွေး လုံးဝ ချေမှုန်းပစ်နိုင်တယ်လို့ အက်ဂ်လက်စ် ပြောခဲ့ဖူးတယ်။ အလင်းအမှောင် ခန္ဓာကိုယ်ရှိတဲ့ အထူးခန္ဓာအမျိုးအစားကပဲ အသက်ရှင်နိုင်မယ်။ စေတန်အဖွဲ့ဖြစ်ဖြစ်၊ ဆာရီရယ်အဖွဲ့ ဖြစ်ဖြစ်၊ သူတို့ရဲ့ ခန္ဓာအမျိုးအစားတွေက အတော်လေး ထူးခြားပြီးတော့ စွမ်းရည်အမျိုးမျိုး ပိုင်ဆိုင်ကြတယ်။ သူတို့က အန္တရာယ်တွေ အများကြီး ရင်ဆိုင်ခဲ့ရပေမဲ့ အသက်ရှင်ကျန်နေတုန်းပဲ။ ဒါပေမဲ့ တစ်ယောက်မှာမှ အလင်းအမှောင်ခန္ဓာကိုယ် မရှိဘူး။

ပျောက်ဆုံးနယ်မြေနဲ့ ကြောက်မက်ဖွယ်ရာ မိုးပျံနယ်မြေ အထဲမှာ နတ်ဘုရား-ယောင် စွမ်းအားကို ကန့်သတ်ထားတဲ့ အထူးစည်းမျဉ်း တစ်ခုခု ရှိလောက်တယ်။ ဒါပေမဲ့ တစ်နေရာကမှ အက်ဂ်လက်စ်ပြောတဲ့နေရာ မဟုတ်ဘူး။ ဒါပေမဲ့ “တံခါး”နောက်မှာရှိတဲ့ ဖရိုဖရဲဘုံက အန္တရာယ် အများဆုံးပဲ။ နတ်ဘုရားအဆင့်နဲ့ အနီးကပ်ဆုံး ဖြစ်တဲ့ စေတန်နဲ့ ဆာရီရယ်လို အစွမ်းထက် ပုဂ္ဂိုလ်တွေတောင် အဲဒီနေရာကို‌ ခြေမချရဲကြဘူး။ အဲဒါကြောင့် သူတို့က ဒီနယ်ရုပ်တွေကိုပဲ ထိန်းချုပ်ပြီးတော့ သွားခိုင်းတာ။

နတ်ဘုရား-ယောင်အဆင့် နှစ်ယောက်သားကြားတွင် အခြားသော အပြန်အလှန် နားလည်မှုများ၊ စည်းမျဉ်းများ ရှိမရှိ ချန်လွေ့ မသိပေ။ ထိုကဲ့သို့ စကားပွဲမျိုး၌ မည်သည့် နယ်ရုပ်ကိုမဆို အချွန်မရွေး စွန့်ပစ်နိုင်ကြောင်းကိုသာ သိသည်။ နောက်ဆုံး ရှင်ကျန်သော နယ်ရုပ်သည်ပင် အဆုံးသတ် မကောင်းနိုင်လောက်ပေ။

ချန်လွေ့၏ လက်ရှိစွမ်းအားဖြင့်ဆိုလျှင် စေတန်နှင့် ဆာရီရယ်တို့ကို ယှဉ်ရန် လုံးဝ မဖြစ်နိုင်ပေ။ ထို့ကြောင့် အကောင်းဆုံး နည်းလမ်းမှာ ကစားပွဲမှ ထွက်ပြေးရန်ပင်။ သူက ကြောက်မက်ဖွယ်ရာ မိုးပျံနယ်မြေတွင် [ ကြယ်ဂိတ် ] ကို အသုံးပြုခဲ့ပြီး တစ်ခါတည်း ထွက်ပြေးရန်မှာ ပြဿနာ မဟုတ်သော်လည်း နောက်ဆက်တွဲများက ပိုမို၍ ပြင်းထန် သွားပေလိမ့်မည်။

သူက ဆာရီရယ်နှင့် တွေ့ခဲ့စဉ်က “အက်ဂ်ယော” ဟူသော နာမည်ကို သုံးခဲ့ပြီးပြီ ဖြစ်ကာ ဆာရီရယ်ကလည်း သူ၏ “ပျက်စီးခြင်းခန္ဓာကိုယ်”ကို တန်ဖိုးထားနေဟန်တူသည်။ မိစ္ဆာမျက်ဆံ တံဆိပ်ပြားကပင် အခြား လှည့်ကွက်များ ရှိနိုင်ပြီး သေချာ စောင့်ကြပ်ရပေမည်။ ထို့အပြင် ယခု တစ်ခေါက် လျို့ဝှက်နယ်မြေသို့ ချန်လွေ့ ရောက်လာရခြင်းမှာ အရေးပါ‌သော တာဝန်တစ်ခု ရှိပြီး ၎င်းမှာ “ဇနီးလောင်း” တစ်ဖနီကို ပြန်ခေါ်သွားရန် ဖြစ်သည်။ ထိုအရာက နတ်ဆိုးဘုံ၏ ငြိမ်းချမ်းသော ပေါင်းစည်းရေးအတွက် အရေးအပါဆုံး အခြေအနေတစ်ရပ်လည်း ဖြစ်၏။

ချန်လွေ့က အလျင်အမြန် တွေးနေစဉ် သူ့မျက်လုံးများက မကျေမနပ်ဖြစ်နေသော လက်စလီထံ ရောက်သွားသည်။ သတ်ဖြတ်ချင်စိတ်က တဖြည်းဖြည်း အားကောင်းလာ၏။ “အခြေအနေ မတူပေမဲ့ မင်းက ဒီကို ရောက်လာမှတော့ သေဖို့ ပြင်ဆင်ထားသင့်တယ်....”

“ခဏနေပါဦး...” လက်စလီ၏ ခန္ဓာကိုယ် တုန်လှုပ်သွားပြီး မျက်နှာမှ မျက်ရည်များ စီးကျလာခဲ့သည်။ “ရှင်က ကျွန်မထက် ပိုပြီးတော့ အစွမ်းထက်တယ်။ အဲဒါကြောင့် ကျွန်မကို သတ်ဖို့က မခက်ပါဘူး။ ရှင် အခု တမင်တကာ ချုပ်ထိန်းတဲ့နည်းကို သုံးလိုက်တာက ကျွန်မဆီကနေ သတင်းအချက်အလက်တွေ လိုချင်လို့ပဲ ဖြစ်ရမယ်။ ကျွန်မ ရှင့်ကို အားလုံး ပြောပြနိုင်တယ်။ ကျွန်မက အကြွင်းမဲ့ နာခံတဲ့ ရှင့်ရဲ့ အစေခံအနေနဲ့တောင် တာဝန်ထမ်းဆောင်ပါတယ်။ ကျွန်မကိုသာ မသတ်ပါနဲ့....”

“မင်းကို အသက်ရှင်ခွင့် ပေးရမယ် ဟုတ်လား။” ချန်လွေ့က သရော်ပြုံး ပြုံးလိုက်သည်။ “မင်းက ငါ့ရဲ့ လျို့ဝှက်ချက်တွေ အများကြီးကို မြင်ပြီးသွားပြီ။ အဲဒါတောင် အသက်ရှင်ချင်နေသေးတာလား။”

“သခင်။” လက်စလီက ဂရုမစိုက်နိုင်တော့ပေ။ သူ၏ အခေါ်အဝေါ်ပင် ပြောင်းလဲသွား၏။ “သခင်က ကြယ်ကြွေ တမန်ဓား၊ အမျက်ဘုရင်ချပ်ကာနဲ့ နတ်ဆိုးဒိုင်းကာ တစ်ချိန်တည်းမှာ ပိုင်ဆိုင်ထားတယ်။ သခင့်ကို နတ်ဆိုးဘုံ တစ်ခုလုံးမှာ ပြိုင်စံရှားတဲ့ ပါရမီတစ်ယောက်လို့ သတ်မှတ်လို့ ရနိုင်တယ်။ ပြီးတော့ သခင်က အနာဂတ်မှာ ဖော်ပြလို့ မရအောင် အင်အားကြီးမားတဲ့ တည်ရှိမှုတစ်ခု ဖြစ်လာမှာ သေချာတယ်။ ကျွန်မ သခင့်နောက် လိုက်ချင်ပါတယ်။ ထင်ယောင်မှားဒိုင်းကာ ဘယ်မှာရှိလဲဆိုတာက ကျွန်မ ပြောပြပေးနိုင်တယ်။ သခင့်ကို အဆောင်ပစ္စည်း (၇)ခုလုံး စုဆောင်းဖို့ ကူညီပေးပါ့မယ်။”

လက်စလီက အသေအချာပင် ချန်လွေ့ကိုယ်ပေါ်မှ အဆောင်ပစ္စည်းများ၏ ဇစ်မြစ်ကို မြင်လိုက်ရသည်။ နောက်ဆုံး စကားက ချန်လွေ့၏ မျက်လုံးများကို လက်ခနဲ ဖြစ်သွားစေပြီး အနည်းငယ် စိတ်ဝင်စားဟန်တူသည်။ “မင်းက ငါ့ဆီမှာ အညံ့ခံမှာလား။”

“ဟုတ်ကဲ့ပါ။” လက်စလီ၏ မျက်လုံးများက မျှော်လင့်ချက်များ ပြည့်နှက်သွားခဲ့သည်။ “ကျွန်မက လီဗျာသန် တော်ဝင်မိသားစုက လက်ကျန် မိသားစုဝင် တစ်ယောက်ပဲ။ ကျွန်မရဲ့အဖေက တော်ဝင်ရတနာသိုက်ကို ထိန်းချုပ်ခဲ့ပြီးတော့ မသေခင်မှာ ပိုက်ဆံတွေ အများကြီးကို အချိန်မီ လွှဲပြောင်းခဲ့တယ်။ အဲဒါတွေက အခုအထိ ကျွန်မရဲ့ လက်ထဲမှာ ရှိနေတုန်းပဲ။ ပြီးတော့ ကျွန်မမှာ နတ်မိစ္ဆာ မျက်လုံး ပါရမီ ရှိတယ်။ အဲဒါက သခင့်လောက် အစွမ်းမထက်ပေမဲ့ ကျွန်မက တိုင်းပြည်အဆင့် နောက်ဆုံးပိုင်းအထိ လေ့ကျင့် ထားခဲ့တယ်။ ကျွန်မက သခင့်ရဲ့ ညာလက်ရုံး ဖြစ်နိုင်ပါတယ်။ အနာဂတ်မှာ သခင်က နတ်ဘုရားတစ်ပိုင်းအဆင့်ကို ရောက်သွားမယ်ဆိုရင် ကျွန်မက သခင့်ရဲ့ အစွမ်းအထက်ဆုံး ယုံကြည်သူ ဖြစ်လာနိုင်ပါတယ်။ သခင်သာ လက်ခံမယ်ဆိုရင် ကျွန်မရဲ့ စွမ်းရည်၊ ကြွယ်ဝမှုနဲ့ ခန္ဓာကိုယ်အပါအဝင် အားလုံးကို ပုံအပ်ပါ့မယ်။ ကျွန်မမှာ ယောက်ျားတွေကို အိပ်ယာထက်မှာ အကြီးမားဆုံး ပျော်ရွှင်မှု ရစေနိုင်တဲ့ မွေးရာပါ အထူးခန္ဓာအမျိုးအစား တစ်ခုလည်း ရှိတယ်။ သခင် မယုံဘူးဆိုရင် စမ်းကြည့်လို့ ရပါတယ်....”

လက်စလီ၏ အသက်ရှူသံက အနည်းငယ် မြန်လာပြိး မျက်နှာပေါ်တွင် ဖုံးကွယ်မထားသော မျက်နှာချိုသွေးခြင်း ရှိနေခဲ့သည်။ သူ၏ခန္ဓာကိုယ်မှ ချပ်ကာကလည်း အလိုလို ကွာကျသွားပြီး ဖွံ့ဖွံ့ဖြိုးဖြိုးနှင့် ဆွဲဆောင်မှုရှိသော ခန္ဓာကိုယ် တစ်ခု ပေါ်လွင်လာခဲ့သည်။ ထို့နောက် ထူးခြားသော ခန္ဓာကိုယ်ရနံ့ ပျံ့နှံ့လာခဲ့သည်။ အဖြူရောင် အသားအရေက ရေနှင့် ပြုလုပ်ထားသကဲ့သို့ပင် နူးညံ့နေခဲ့သည်။ ဆွဲဆောင်မှု ရှိသော မျက်လုံးများက ရှက်တတ်သော အငွေ့အသက် ရှိနေပြီး ပုရိဿများကို ချက်ချင်း အနိုင်ကျင့်ရန် မြူဆွယ် နေသကဲ့သို့ပင်။

“ငါပြောချင်တာက....” ချန်လွေ့က ထိုမြူဆွယ်မှုကို ခုခံချင်နေဟန်တူသော်လည်း လက်စလီထံမှ အကြည့်ကို မလွှဲနိုင်ခဲ့ပေ။ သူ၏ စိတ်ထဲ၌ .... ထိုအမျိုးသမီးကို ပုံစံ အမျိုးမျိုးဖြင့် အဓမ္မပြုကျင့်သော ပုံရိပ်များကို စိတ်ကူးနေပြီး မျက်လုံးများ ပြူးနေခဲ့သည်။

ထိုအချိန် လက်စလီ၏ မျက်လုံးများက တောက်ပ နေခဲ့ပြီး နတ်မိစ္ဆာမျက်လုံး စွမ်းအားက အဆုံးစွန်အထိ ရုတ်တရက် မြင့်တက်သွားခဲ့သည်။ ကြောက်မက်ဖွယ်ရာ စိတ်ဝိညာဉ် စွမ်းအားတစ်ခုက ချန်လွေ့၏ မျက်လုံးများကို ဖောက်ထွင်း သွားခဲ့ပြီး သူ့ဝိညာဉ်တစ်ခုလုံးကို လုံးဝ ဖုံးလွှမ်းလိုက်ဟန် တူလေသည်။

ထိုသို့ တိုက်ခိုက်ပြီးနောက် လက်စလီ၏ မျက်နှာက အလွန်အမင်း ဖြူဖျော့သွားခဲ့သည်။ သူ့ခန္ဓာကိုယ်ပေါ်မှ အငွေ့အသက်က ရုတ်တရက် မှိန်ကျသွား၏။ သူက အစစ်အမှန် မီးတောက် အချုပ်အနှောင်၏ ချုပ်တည်းခြင်း သက်ရောက်မှုကို ပယ်ဖျက်နိုင်ရန်အတွက် လျို့ဝှက် ပညာရပ်ကို စွမ်းအား အကုန်အသုံးပြုလိုက်သည်မှာ သိသာပေသည်။

ကြီးကြီးမားမား ပေးဆပ်ခဲ့ရသော်လည်း ထိုအမျိုးသမီးက လုံးဝ မတုံ့ဆိုင်းခဲ့ဘဲ စွမ်းအားကုန် အသုံးပြုခဲ့သည်။ ထိုအရာက ခုနက တောင်းပန်နေသော ပုံစံနှင့် လုံးဝ ကွဲပြား နေလေသည်။ အထူးအစွမ်းထက် ပုဂ္ဂိုလ်အဆင့်သို့ လေ့ကျင့်နိုင်သူ တစ်ယောက်က သာမန်မဟုတ်သည်မှာ အသေအချာပင်။

ထိုအချိန်၌ သူက အပြင်ဘက်မှ သာမန်သာ ထင်ရသော မျက်နှာဖုံးတစ်ခုကို မြင်လိုက်ရ၏။ ထို့နောက် သူ၏ စွမ်းအား အကုန်လုံး အသုံးပြုခဲ့သော လျို့ဝှက်ပညာရပ်က အသံ လုံးဝ မထွက်ဘဲ ပျောက်ကွယ်သွားတော့သည်။

“ငါပြောချင်တာက....” ချန်လွေ့က လက်စလီကို ဝမ်းနည်းစွာဖြင့် ကြည့်သည်။ “မင်းရနံ့ထဲက အဆိပ်က ငါ့ကို ဘာမှမလုပ်နိုင်ဘူး။ ပြီးတော့လည်း ငါ့မှာရှိတာက အဆောင် ပစ္စည်း (၃)ခုတည်း မဟုတ်ဘူး။ နတ်ဘုရား-ဝါးမျို မျက်နှာဖုံးလည်း ပါတယ်။”

နတ်ဘုရား-ဝါးမျို မျက်နှာဖုံး၏ အထူးဂုဏ်သတ္တိ တစ်ခုက ဝိညာဉ်ထိန်းချုပ်မှုအားလုံး ပြီးခြင်းပင်။

လက်စလီ၏ မျက်နှာအမူအရာက အနည်းငယ် ပို၍ပင် ဖြူဖျော့သွားခဲ့ပြီး သွေးများက ဒွါရ (၅)ပေါက်မှ တပြိုင်တည်း ထွက်လာကြတော့သည်။ သူ့စွမ်းအားကလည်း အနိမ့်ဆုံး အဆင့်အထိ ရောက်ရှိသွားခဲ့ပြီး ချန်လွေ့၏ မျက်နှာဖုံး နောက်မှ အဝါရောင် အလင်းတစ်ခု ယဲ့ယဲ့လေး ပေါ်ထွက် လာခဲ့သည်။ လက်စလီက စိတ်တုန်လှုပ်သွားသည်ကိုသာ ခံစားလိုက်ရပြီး သူ၏ဝိညာဉ်က ဝေဝါးသွားခဲ့သည်။ နတ်ဘုရား-ဝါးမျို မျက်နှာဖုံး၏ အကျော်ကြားဆုံး လုပ်ဆောင်ချက်ကို ရုတ်တရက်‌ တွေးမိလိုက်သောအခါ သူက ကြောက်လန့်သွားတော့ဘူး။ “မဟုတ်ဘူး။ ကျွန်မ တကယ် အညံ့ခံချင်ပါတယ်။ ကျွန်မ.....”

သူ၏အသံက တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး မျက်လုံးများက အရောင်မှိန်သွားခဲ့သည်။ ကြားထဲတွင် ရံဖန်ရံခါ ရုန်းကန်မှုများ ရှိနေသော်လည်း နောက်ဆုံးတွင် သူက တိတ်ဆိတ်သွားတော့သည်။

လက်စလီ သတိပြန်ဝင်လာသောအခါ ချန်လွေ့အပေါ် သူ၏အကြည့်များက အလွန်အမင်း ကိုင်းရှိုင်းနေခဲ့သည်။ “သခင်....”

မူလက နတ်ဘုရား-ဝါးမျို မျက်နှာဖုံးမှာ ချန်လွေ့ထက် အဆင့်နိမ့်သော သူများကိုသာ ရုပ်သေးအဖြစ် ပြောင်းလဲ နိုင်သေလည်။ ချန်လွေ့နှင့် လက်စလီတို့က တိုင်းပြည်အဆင့် ထိပ်သီးပိုင်းများ ဖြစ်ကြသော်လည်း ချန်လွေ့က [ မီးသင့်နဂါး ဝင်စီးခြင်း ] ကို အသက်သွင်းလိုက်သောအခါ သူ့စွမ်းအားက နတ်ဘုရားတစ်ပိုင်းအဆင့်နှင့် လုံးဝ နီးကပ်သွားခဲ့ပြီး S+ နှင့် S++ အဆင့်ကြားသို့ ရောက်သွားခဲ့သည်။ အရေးကြီးဆုံးမှာ အဆုံးတွင် လက်စလီ ကြံရာမရ ပြုလုပ်ခဲ့သော တိုက်ခိုက်မှုက သူကိုယ်တိုင်၏ စိတ်ဝိညာဉ်ကို ကြီးကြီးမားမား ထိခိုက် သွားစေခြင်းပင်။ အကြိမ်များစွာ ကြိုးစားပြီးနောက် ချန်လွေ့က နောက်ဆုံးတွင် လက်စလီကို ရုပ်သေးအဖြစ် အောင်အောင်မြင်မြင် ပြောင်းလဲနိုင်ခဲ့၏။

ချန်လွေ့က ကျေနပ်စွာဖြင့် လက်စလီကို ခေါင်းညိတ် ပြလိုက်သည်။ [ မီးသင့်နဂါးဝင်စီးခြင်း ] စွမ်းအား ပျောက်ကွယ် သွားခဲ့ပြီး သူ၏မျက်နှာကလည်း ပင်ပန်းမှုများ ပြည့်နှက်သွားခဲ့သည်။ ခြေသလုံးအိမ်တိုင် ဝိညာဉ်များနှင့် ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ရခြင်းက အတော်လေးကို ပင်ပန်းစရာကောင်းခဲ့ပြီး လက်စလီကို ပြောင်းလဲရန်အတွက် [မီးသင့်နဂါးဝင်စီးခြင်း] အခြေအနေကို ထိန်းထားရန် အတော်လေး ကြိုးစားအားထုတ်ခဲ့ရသည်။ ထို့ကြောင့် သူက တမင်တကာပင် အညှို့ခံရဟန်ဆောင်လိုက်ပြီး လက်စလီကို စတင်လှုပ်ရှားစေကာ သူ အားအနည်းဆုံး ဖြစ်နေချိန်၌ အောင်အောင်မြင်မြင်နှင့် ထိန်းချုပ်နိုင်ခဲ့လေသည်။ သို့မဟုတ် ပါက [ ဓူဝံကြယ်နီအသွင်ပြောင်းခြင်း ] ကို အသက်သွင်းပြီး ပြုလုပ်နိုင်လေသည်။ သို့သော်လည်း ထိုအရာက အင်အား ပိုကုန်စေလိမ့်မည်။

“လက်စလီ။ အခု မင်းအကြောင်း ငါ့ကို အကုန်လုံး ပြောပြ။”

“ဟုတ်ကဲ့ပါ။ သခင်။” ယခုတွင် လက်စလီက နတ်ဘုရား-ဝါးမျိုမျက်နှာဖုံး၏ ရုပ်သေး ဖြစ်နေပြီ ဖြစ်သည်။ ထိုအရာများ မပြောနှင့် သူ့ကိုယ်သူ သတ်သေခိုင်းလျှင်ပင် တုံ့ဆိုင်းမည် မဟုတ်ပေ။

စေတန်က အထူး အစွမ်းထက်ပုဂ္ဂိုလ် အများအပြားကို ထိန်းချုပ်ထားကြောင်း လက်စလီက ပြောပြခဲ့ပြီး သူက ယခုတစ်ခေါက်တွင် ဆာရီရယ်ထက်ပို၍ စေလွှတ်ခဲ့သည်။ တစ်ဖနီအပြင် ၁၈ယောက် ရှိသည်။ နတ်ဘုရားတစ်ပိုင်း အဆင့် ၂ယောက်ရှိပြီး တိုင်းပြည်အဆင့့် ၇ယောက်ရှိကာ နတ်ဆိုးအရှင်သခင်အဆင့် ၉ယောက် ရှိလေသည်။

စေတန်အဖွဲ့၏ ပထမဆုံးတာဝန်က “တံခါး” ဆိုသည်ကို ရှာဖွေရန်၊ ဆာရီရယ် အဖွဲ့ကို သတ်ပစ်ရန် မဟုတ်ဘဲ ဒြပ်စင် အပိုင်းအစများကို ရှာဖွေရန် ဖြစ်သည်။ အကြောင်းမှာ တံခါးကို ဖွင့်ရန်အတွက် ဒြပ်စင်အပိုင်းအစများက လိုအပ်သော ကုန်ကြမ်းများ ဖြစ်နေခြင်းကြောင့်ပင်။ လက်စလီနှင့် အခြားသူများက ဒြပ်စင် အပိုင်းအစများ ရှာဖွေရန် စေလွှတ်ခြင်း ခံလိုက်ရသည်။ ချန်လွေ့နှင့် မတွေ့ခင် လက်စလီက အပိုင်းအစ (၃) ခု ရပြီးနေပြီ ဖြစ်သည်။ ယခုတွင် သဘောတူထားသော ပြန်ဆုံရန် အချိန်သို့ မရောက်ခင် ၁၀ရက် လိုနေသေးသည်။ ထိုအချိန်၌ သူတို့က ပြန်ဆုံရန် သဘောတူထားသော နေရာသို့ ပြန်ကြမည် ဖြစ်သည်။

တစ်ဖနီက မနိုးသေးဘဲ အထူးသလင်းကျောက် ခေါင်းတလားထဲ၌ အိပ်နေပြီး စွမ်းအားတစ်မျိုးမျိုး စိမ့်ထွက် မလာစေရန် ဖြစ်နိုင်သည်။ လိုအပ်သော ဒြပ်စင် အပိုင်းအစ များကို စုဆောင်းပြီးသည်နှင့် တစ်ဖနီကို လွှတ်ကာ တံခါးကို သွားရှာဖွင့်ပေးမည်။

စေတန်အဖွဲ့မှ နတ်ဘုရား-တစ်ပိုင်းအဆင့် အန်ကွစ်က ဆာရီရယ်အဖွဲ့ကို ရှင်းပစ်ရန်အတွက် ထောင်ခြောက်တစ်ခု ဆင်ထားကြောင်း လက်စလီက ပြောပြသည်။ လက်ရှိတွင် ဆာရီရယ်အဖွဲ့က....ငါးစာကို ဟပ်လိုက်ပြီ ဖြစ်သည်။

ရိုမန်နှင့် ဒေလီယာကဲ့သို့ အဖွဲ့ဝင်များသာဆိုလျှင် ချန်လွေ့က အသက်ရင်းရလျှင်ပင် ချက်ချင်းပင် သွားရောက် ကယ်ဆယ်မည် ဖြစ်သော်လည်း ခီရက်ဇ်ဆာနှင့် အခြား သူများက အပြန်အလှန် လျို့ဝှက် ကြံစည်မှုများဖြင့် အကျိုးအမြတ်ကို အခြေခံသော ပေါင်းစည်းမှု တစ်ခုသာ ဖြစ်လေသည်။ ခီရက်ဇ်ဆာက ချန်လွေ့ကို သတ်ပစ်ရန် အတွက် အမှတ်အသားကိုပင် အသက်သွင်းခဲ့သည်။ ထိုကဲ့သို့ “အဖွဲ့သားများ” သေဆုံးသည်မှာ ဝမ်းနည်းစရာ မရှိပေ။

ချန်လွေ့က တစ်ဖနီကို စိုးရိမ်နေခဲ့သည်။ သူက သလင်းကျောက် ခေါင်းတလားထဲ၌ ပိတ်မိနေကြောင်း ကြားလိုက်သောအခါ အနည်းငယ် မျက်မှောင်ကြုတ်ပြီး သေချာတွေးတောပြီးနောက် ဆုံးဖြတ်ချက်တစ်ခု ချမှတ် လိုက်တော့သည်။

“ဒြပ်စင်သလင်းကျောက်တွေ ရဖို့အတွက် ခြေသလုံး အိမ်တိုင် ဝိညာဉ်တွေကို အတူတူ သတ်ကြတာပေါ့။ အချိန်ကျလာရင် လူပုမယ့်နေရာကို ငါ မင်းနဲ့အတူ တိတ်တိတ်လေး လိုက်သွားမယ်။”

“ဟုတ်ကဲ့ပါ။ သခင်။”

ထိုအချိန် ဆာရီရယ်အဖွဲ့က အခြားနေရာတစ်ခုတွင် ခြေသလုံးအိမ်တိုင် ဝိညာဉ်တစ်အုပ်ကို တိုက်ခိုက်နေသည်။ ခီရက်ဇ်ဆာ၏ မျက်လုံးများ အရောင်လက်နေပြီး အနီးအနားရှိ ခြေသလုံးအိမ်တိုင် ဝိညာဉ်များ အစိုင်အခဲ ဖြစ်သွားကြသည်။ ထိုအရာက နတ်ဘုရားတစ်ပိုင်းအဆင့် မယ်ဒူဆာ၏ သန္ဓေပြောင်း ပါရမီ ဖြစ်သည်။ ဝိညာဉ်များကပင် ထိုကဲ့သို့ အထူး [ ကျောက်ဖြစ်ခြင်း ] ၏ စွမ်းအားကို မခုခံနိုင်ကြပေ။

“ဝုန်း...ဝုန်း...ဝုန်း...” ခီရက်ဇ်ဆာ၏ ဆံပင်က လှုပ်ရှားနေပြီး အစိုင်အခဲ ဖြစ်သွားသော ဝိညာဉ်များက အမှုန့် ဖြစ်ကာ ပျောက်ကွယ်သွားခဲ့ကြသည်။ မယ်ဒူဆာ၏ မျက်နှာက ဖြူဖျော့သွားခဲ့ပြီး ခြေသလုံးအိမ်တိုင် ဝိညာဉ်များ၏ တိုက်စားခြင်း ဘေးထွက်ဆိုးကျိုးများကို ခံစားနေရ၏။

“မဒမ်- ခီရက်ဇ်ဆာ။ ကယ်ပါဦး။” သာ့စ်ဖီးက အကာအကွယ် မှော်ဒိုင်းကာ ပြိုလဲသွားပြီးနောက် ခြေသလုံး အိမ်တိုင် ဝိညာဉ်များ၏ တိုက်ခိုက်မှုကို မခုခံနိုင်တော့ပေ။

ခီရက်ဇ်ဆာက သာ့စ်ဖီး၏ အကူအညီ အော်တောင်းသံကို လျစ်လျူရှုထားသည်။ သူ့မျက်လုံးများက တိုင်းပြည်အဆင့် ခြေသလုံးအိမ်တိုင် ဝိညာဉ်ကို ချေမှုန်းပြီးမှ ကျန်ခဲ့သော သလင်းကျော်က အပိုင်းအစတစ်ခုပေါ်သို့ ရောက်သွားသည်။ သူက အပိုင်းအစကို ယူလိုက်ရာ သန့်စင်သော ဥပဒေသ စွမ်းအားကို ခံစားလိုက်မိပြီး ပျော်ရွှင်သွားခဲ့သည်။ “ဒါက တကယ့်ကို ဒြပ်စင်အပိုင်းအစ တစ်ခုပဲ။ အန်ရီရယ်။ နင်ရဲ့ သတင်းအချက်အလက်က အတော်လေး အသုံးဝင်တယ်။ ဒီတစ်ခေါက် နင် ကောင်းကောင်း လုပ်ခဲ့တယ်။”

ထိုအချိန် သာ့စ်ဖီးက နတ်ဆိုးအရှင်သခင်အဆင့် ခြေသလုံး အိမ်တိုင် ဝိညာဉ်များ၏ ထိုးဖောက် ဝင်ရောက်ခြင်း ခံလိုက်ရသည်။ သူ၏အရေပြားက ဆိုးဆိုးရွားရွား ရုပ်ပျက် ဆင်းပျက် ဖြစ်သွားခဲ့ပြီး အော်ဟစ်လိုက်တော့သည်။ ခီရက်ဇ်ဆာ၏ မျက်နှာပေါ်တွင် ရက်စက်သော အပြုံးတစ်ခု လက်ခနဲ ဖြစ်သွားခဲ့သည်။ သူ ထွက်သွားရန် ပြင်လိုက်စဉ် တစ်ခုခုကို တွေးလိုက်မိပြီး လက်ကို ဝှေ့ရမ်းကို ခြေသလုံး အိမ်တိုင် ဝိညာဉ်များအားလုံးကို ဖျက်ဆီးပစ်လိုက်သည်။ ထို့နောက် သူက တိုင်းပြည်အဆင့် ခြေသလုံးအိမ်တိုင် ဝိညာဉ်များဆီသို့ တည်တည့် ပျံသွားလိုက်တော့သည်။

All Chapters