← Chapters

ခရမ်းလနှလုံးသားကျင့်စဉ်ကျမ်း

Vol. 1 Ch. 3

ခရမ်းလနှလုံးသားကျင့်စဉ်ကျမ်း

Vol. 1 Ch. 3

အခန်းတွင်း၌ ယွဲ့ဝူယောင်၏စိတ်ထဲ အနည်းငယ်ရှုပ်ထွေးနေသည်။

“ဆရာ တပည့်တို့ ကို ခေါ်လာတာ မကောင်းတဲ့ရည်ရွယ်ချက်တစ်ခုခုရှိလိမ့်မယ်... ဒါပေမဲ့ ချုပ်နှောင်ထားတာ မဟုတ်ပြန်ဘူး တပည့်တို့ဆီက လိုချင်တာ တစ်ခုခုရှိနေမလား” ယွဲ့ဝူယောင်သည် တွေးတွေးဆဆ ဖြင့် ပြောလိုက်၏။

“အဆင်ပြေပါတယ်... သူတို့မှာ ဘာရည်ရွယ်ချက်ပဲရှိရှိ ပြသနာမရှိဘူး.. ခုတပည့်ကို ကျင့်စဉ်တစ်ခုသင်ပေးမယ်”

ဟွမ်းသည် လက်သင်္ကေတ တစ်ခုလုပ်လိုက်သည့်အခါ မမြင်နိုင်သည့် အတားဆီး တစ်ခုပေါ်လာပြီး အခန်းတစ်ခုလုံးအား ဖုံးအုပ်သွား၏။ ထိုအတားဆီးကို ပြင်ပမှ မစူးစမ်းနိုင်စေရန်ပြုလုပ်လိုက်ခြင်းဖြစ်၏။

“တပည့် ကျင့်ကြံခြင်းနဲ့ပတ်သတ်ပြီး ဘယ်လောက်ထိ သိထားလဲ”

သူမ၏ ဆရာသည် အဆင်ပြေသည်ဟု ဆိုသောကြောင့် သူမသည် မြို့သခင် နှင့်ပတ်သတ်ပြီး များများစားစား မတွေးတော့ချေ။ ကျင့်စဉ်သင်ရမည်ဖြစ်ရာ အနည်းငယ် စိတ်လှုပ်ရှားလာလေသည်။

“တပည့် သိသလောက်ဆိုရင်

ချီစုစည်းခြင်းအဆင့်၊

ချီသန့်စင်ခြင်းအဆင့်၊

အခြေခံအုတ်မြစ်အဆင့်၊

ရွှေအမြူတေအဆင့် ပြီးတော့

အခြေတည်ဝိဉာဏ်အဆင့် ဆိုပြီးသိထားတယ်”

သူမသိသလောက်သာပြောလိုက်လေ၏။

သစ်စိမ်းမြို့၌ ရွှေအမြူတေအဆင့် စွမ်းအားရှင်သည် ကလန်ခေါင်းဆောင်နှင့် မြို့သခင် နှစ်ဦးတည်းသာရှိလေသည်။ အထက်အဆင့်များအား သူမ မသိသည်မှာ သဘာဝကျပေသည်။ သစ်စိမ်းမြို့သည် မြို့ငယ်လေးသာဖြစ်သော ရွှေအမြူတေအဆင့်အား ထိပ်သီးအဆင့်ဖြစ်သည်ဟု မှတ်ယူရ ပေမည်။ အဆင့်ကြီး တစ်ခုတိုင်း၌လည်း ကနဦးအဆင့် အလတ်လတ် အဆင့် နဲ့ အထွတ်ထိပ်အဆင့်ဟူ၍ အဆင့်သေး သုံးဆင့်ရှိလေသည်။

“ဒီအဆင့်တွေအထက်မှာ နတ်ဘုရားတွေရှိတယ်လို့တော့ကြားဖူးတယ် “

“အင်း... အခြေတည်ဝိညာဉ်ပြည့်စုံသွားရင် သူတော်စင်အဆင့်ကို တက်ရောက်နိုင်လိမ့်မယ်.. သူတော်စင် အဆင့် ပြီးရင်တော့ နတ်ဘုရားအဆင့်တွေရှိတယ်၊ အခြေခံအုတ်မြစ်တည်ဆောက်ပြီးတာနဲ့ ကျင့်ကြံခြင်းလမ်းစဉ်ကို ဝင်ရောက်သလိုမျိုး သူတော်စင် အဆင့်ကိုကျော်ဖြတ်ပြီး နတ်ဘုရား တစ်ပိုင်း အဆင့်ကိုဝင်ရောက်သွားရင် မသေမျိုးလမ်းစဉ်ရဲ့အစကို လျှောက်လှမ်းနိုင်ပြီ၊

နတ်ဘုရားတစ်ပိုင်းအဆင့်၊

ကောင်းကင်နတ်ဘုရားအဆင့်၊နဲ့

နတ်ဘုရင်အဆင့်ရဲ့ ဆိုပြီးရှိတယ် အဲ့နောက်မှာ

နတ်အင်ပါယာ အဆင့်ဆိုတဲ့အဆင့်က ဒီလောကကြီးရဲ့ အထွတ်ထိပ်တည်ရှိမှုတွေပဲ” ဟွမ်းသည် သူမ သိသင့်သည့်ကျင့်ကြံခြင်းလမ်းစဉ်နဲ့ ပတ်သတ်သည့် ဗဟုသုတ များသင်ပြနေ၏။ ယွဲ့ဝူယောင်သည် တိတ်တဆိတ် နားထောင်မှတ်သားနေ၏။

“တပည့် မင်းသိသင့်တာတွေ သိသွားပြီဆိုတော့ ဆရာက ကျင့်စဉ်တစ်ခုသင်ပေးမယ်”

ထို့နောက် ယွဲ့ဝူယောင်၏ နဖူးအား ထိလိုက်ပြီး ခရမ်းလကျင့်စဉ်ကျမ်းအား ဝိညာဉ် အတွင်းသို့ တိုက်ရိုက်ထည့်သွင်းလိုက်၏။

“ဒီကျင့်စဉ်ကို ခရမ်းလနှလုံးသားကျမ်း လို့ခေါ်ပြီး ခရမ်းလဝိညာဉ် နဲ့ ခရမ်းလနှလုံးသား ဆိုပြီး အဆင့်နှစ်ဆင့်ရှိတယ်။ ခရမ်းလဝိညာဉ်အဆင့်နားလည်သွားရင် လရဲ့စွမ်းအားကို ခံစားမိလာလိမ့်မယ်။ လရဲ့စွမ်းအားက သာမန်ကြင့်ကြံသူတွေ မခံစားနိုင်ပေမဲ့ ဒီကျင့်စဉ် ကျင့်ထားတဲ့သူတွေအတွက်တော့ တန်ဖိုးမဖြတ်နိုင်တဲ့အရာပဲ။ လစွမ်းအင်ကို စုပ်ယူပြီး ကျင့်ကြံရင် သာမန် ချီစွမ်းအားထက် အဆပေါင်းများစွာ သာလွန်တယ်။ ဒါပေမဲ့ ခရမ်းလနှလုံးသားကျင့်စဉ်ကို ကျင့်ဖူးကြတဲ့လူအများစုက ခရမ်းလဝိညာဉ်အဆင့်ပဲနားလည်ကြတယ်။ ခရမ်းလနှလုံးသားအဆင့်ထိရောင်အောင်ကျင့်ကြံနိုင်တဲ့သူ အနည်းငယ်ပဲရှိခဲ့တယ်။ ကျင့်စဉ်ကိုအတော်လေးနားလည်လာပြီဆိုရင် မင်းအတွက် တိုက်ခိုက်ရေး နည်းစနစ်တွေပါနားလည်လာပြီး အသုံးပြုနိုင်လိမ့်မယ်”

ဟွမ်း ပြောနေသည်ကို ခဏတာ ရပ်နားပြီးနောက် ဆက်ပြောလေ၏

“ပြီးတော့... ကျင့်စဉ်နဲ့ လိုက်ဖက်တဲ့ ဓားတစ်ချောင်းကို မင်းရဲ့စိတ်ဝိညာဉ်ထဲ ထည့်ပေးထားတယ်။ အခုချိန်တော့ မင်း ခံစားမိမှာ မဟုတ်သေးဘူး ဒါပေမဲ့ ခရမ်းလနှလုံးသား အဆင့်ကို နားလည်သွားပြီရင် ဒီဓားကို ထုတ်ယူနိုင်လိမ့်မယ်”

ယွဲ့ဝူယောင်သည် သူမ၏ဆရာသင်ပေးမည့်ကျင့်စဉ်မှာ အစွမ်းထက်ကျင့်စဥ်ဖြစ်လိမ့်မည်ဟု တွေးထားခဲ့ပေမဲ့ သည်လောက်ထိ သာလွန်စွာအစွမ်းထက် နေမည်ဟုမထင်ထားခဲ့မိပေ။ ကျင့်ကြံသူများအတူတူဖြစ်နေရင်တောင် သူမသည် ဤကျင့်စဉ်ကြောင့် တစ်ခဏ အတွင်း ပိုပြီး အစွမ်းထက်လာနိုင်၏။ ဤကျင့်စဉ်၏ အဆင့်သည် ဘာအဆင့်မှန်း မသိသော်လည်း သူမ သိခဲ့သမျှကျင့်စဉ်များထက် များစွာသာလွန်မှန်းသိလေသည်။

ယွဲ့ဝူယောင်သည် သစ်စိမ်းမြို့တွင် နေစဉ်က အဆင့်နိမ့် ကျင့်စဉ်တစ်ခုရရန်ပင် မလွယ်ကူခဲ့ပေ။ လဲ့ကလန်ခေါင်းဆောင်၏ မွေးစားခြင်း ခံရသော်လည်း သူမသည် ကလန်အတွင်း၌ အေးချမ်းစွာ မနေခဲ့ရပေ။ ကလန်ခေါင်းဆောင်သည် သူမအား ကာကွယ်မှု တစ်ချို့ပေးခဲ့သော်လည်း အပြည့်ဝ ကာကွယ်မှု မပေးနိုင်ပေ။ သူမသည် ကိုယ့်အားကိုယ်သာ ကိုးခဲ့ရပြီး ချီသန့်စင်ခြင်းအဆင့်ရောက်အောင် ကြိုးစားခဲ့ရသည်။ သူမ သည်အစွမ်းထက်သူ တစ်ဦး ဖြစ်လာပြီး သူမဆရာ ဂုဏ်ယူနိုင်ရစေရန် ဆုံးဖြတ်ချက်ချခဲ့၏။ ထို့ပြင် သူမအစွမ်းထက်လာလေ သူမ၏ မိဘများအား ရှာတွေ့နိုင်ရန် အခွင့်ရေး ပိုများလေမည်ဖြစ်သည်။

“ဆရာ စိတ်မပျက်စေရပါဘူး...” ထို့နောက် သူမသည် ချက်ချင်း ကျင့်ကြံဖို့ ပြင်လိုက်လေ၏။

ဟွမ်းတို့ နှစ်ဦးအား နေရာချထားခဲ့ပေးပြီးနောက် ကျိုးဟန်သည်အလောတကြီး မြို့သခင် ခန်းမ အတွင်းသို့ဝင်လာ၏။

“မြို့သခင် ကျုပ်တင်ပြစရာရှိပါတယ်”

မြို့သခင် လုချောင်းယန် သည် သူ၏ ခမ်းမအတွင်း၌ ထိုင်နေလေ၏။ သူ၏ပုံစံသည် တပ်မှုးကျိုးဟန် နှင့်ယှဉ်လျင် အနည်းငယ်နုပျိုနေပြီး အစွမ်းထက် အရှိန်ဝါနှင့် ပြည့်စုံနေ၏။ တပ်မှုး၏ ပုံစံအား မြင်ပြီး အနည်းငယ်မျက်မှောင်ကြုက်လိုက်၏။

“တပ်မှုးကျိုး ဒဏ်ရာ ရလာတာလား ဒီမြို့ထဲမှာ ခင်ဗျားကို ဒဏ်ရာရအောင်လုပ်နိုင်ဖို့ဆိုတာ ကျုပ်တောင် မသေချာဘူး ဘယ်လိုဖြစ်တာလဲ”

တပ်မှုးကျိုးဟန်သည် မြို့သခင်ဟောင်း လုချောင်းယန်၏ အဖေ လက်ထက်ကတည်းက အမှုထမ်းလာသူဖြစ်ပေသည်။ ထို့အပြင် သူ၏ အယုံကြည်ရဆုံးလူယုံတစ်ဦး‌လည်းဖြစ်ပေသည်။ ထို့ကြောင့် မြို့သခင်လုချောင်းယန် သည် စိုးရိမ်တကြီး မေးလိုက်၏။

“ဒါက.. မြို့သခင် စုံစမ်း ခိုင်းလိုက်တဲ့လူငယ်ကြောင့်ပါ” တပ်မှုးကျိုးဟန်သည် မဝံမရဲ ပြောလိုက်လေ၏။

“အကြောင်းစုံပြောပြ..” မြို့သခင်လုချောင်းယန်သည် အံ့ဩသွားပြီးမေးလိုက်၏။

တပ်မှုးကျိုးဟန် သည် ဟွမ်းနှင့် ယွဲ့ဝူယောင် မြို့ထဲသို့ ဝင်လာသည့်အချိန်၌ အနည်းငယ်ထူးဆန်းနေသောကြောင့် မြို့သခင်ထံတင်ပြခဲ့သည်။ ထိုနှစ်ယောက်သည် ကျင့်ကြံမှုအဆင့် မရှိသောကြောင့်ဖြစ်၏။ ဟွမ်း၏ပုံစံသည် သေမျိုးမျှသာ ဖြစ်၏။ ယွဲ့ဝူယောင်သည်လည်း ဒန်တျန် ပြန်ကောင်းသွားပြီဆိုပေမဲ့ လုံးဝ ပြန်မကြင့်ကြံရသေးသောကြောင့် သာမန်လူမျှသာဖြစ်သည်။ တပ်မှုးကျိုးဟန်အတွက်ထူးဆန်းရသည်မှာ တုဟယ် မြို့သည် သေမျိုးများ ဝင်ရောက်ခြင်းမရှိသောကြောင့်ဖြစ်သည်။

ထိုနှစ်ယောက်သည် မြို့အား အန္တရာယ်ပေးနိုင်မည့် မိစ္ဆာမျိုးနွယ်များ ဖုံးကွယ်ပြီး ဝင်ရောက်လာခြင်း ဖြစ်မည်ကို စိုးရိမ်၍ မြို့သခင်သည် တပ်မှုးကျိုးဟန်အား စုံစမ်းရန် စေလွှတ်ခဲ့၏။

“ဒီလိုပါ... အဲ့ဒီလူငယ်ကို လျစ်လျူရှုပြီး မိန်းကလေးကို ခေါ်သွားဖို့ စမ်းသပ်ခဲ့ပါတယ်။ မိန်းကလေးက ငြင်းတာကြောင့် အတင်းကျပ်ခေါ်မယ့် ပုံစံနဲ့ ခြိမ်းချောက်ခဲ့မိပါတယ်၊

ဒါပေမဲ့ အဲ့ဒီလူငယ်က ကျုပ်ကိုတစ်ချက်ကြည့်ပြီး လိုက်ခဲ့မယ့်အကြောင်းပြောပါတယ်... အဟွတ်..” တပ်မှုးကျိုးဟန်သည် အဖြစ်ပျက်အား ရှင်းပြနေရင်း ချောင်းဆိုး၍ သွေးထပ်အန်မိလေသည်။

မြို့သခင်သည် တပ်မှုး၏ အခြေနေအားစစ်ဆေးကြည့်ရင်း ပို၍မျက်မှောင်ကြုပ်လာသည်။

“တပ်မှုးကျိုး ခင်းဗျားရဲ့ သွေးစီးဆင်းမှုက ပရမ်းပတာဖြစ်နေတယ် သူတို့နှစ်ဦးက အသာတကြည်လိုက်လာရဲ့နဲ့ ဘယ်လိုဒဏ်ရာရလာတာလဲ”

“အဲ့ဒီလူရဲ့ အကြည့်တစ်ချက်ကြောင့်ပါ” တပ်မှုးကျိုးဟန်သည် ခါးသီးစွာဖြေလိုက်သည်။

မြို့သခင်၏ မျက်လုံးများ ပြူးကျယ်လာလေသည်။

“အကြည့်တစ်ချက်‌ ကြောင့်ဟုတ်လား” မြို့သခင်လုချောင်းယန်သည် မယုံနိုင်ဖြစ်ပြီးမေးလိုက်မိ၏။

ထို့နောက် တပ်မှုးကျိုးဟန်သည် ဆက်ပြော၏။

“ဟုတ်ပါတယ်... ကျုပ် သေခြင်းရှင်ခြင်းတိုက်ပွဲပေါင်းများစွာကို မကြောက်မရွံ့တိုက်ခိုက်လာခဲ့တာ မြို့သခင်အသိပါပဲ၊

ဒါပေမဲ့ အဲ့ဒီလူနဲ့ အကြည့် စက္ကန့်ပိုင်းတစ်ချက်ပဲ ဆုံမိတာ တစ်သတ်စာလောက် ငရဲရောက်သွားတဲ့အတိုင်းခံစားခဲ့ရတယ်၊

ပြီးတော့ သူဆီက ဘာစွမ်းအင်လှိုင်းမှ မထခဲ့ဘူး အကြည့်သက်သက်တင်ပဲ၊

ပြောရရင် အဲ့ဒီလူက ကျုပ်ကို သက်ညာပေးခဲ့တာဖြစ်လိမ့်မယ်”

မြို့သခင်သည် တပ်မှုးကျိုးဟန်၏ စကားများကြားပြီးနောက် အတော်မှင်သတ်သွား၏။ အကြောင်းမှာ သူ၏ တပ်မှုးသည် အနီးနာရှိ မြို့ပေါင်းများစွာက ကြောက်ရသည်အထိ အစွမ်းထက်လေသည်။ သူသည် အခြေတည်ဝိညာဉ်ကနဦး အဆင့်တွင်သာရှိပြီး တပ်မှုးကျိုးဟန်သည် အခြေတည်ဝိညာဉ် အထွတ်ထိပ် ပညာရှင်ဖြစ်၏။ ထို့အပြင် သူ၏ဖခင်လက်ထပ်ကတည်းက တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး သူထက်လဲ တိုက်ပွဲ များစွာ ကြုံဖူးသူဖြစ်သည်။ သည်လိုလူကတောင် ထိုလူငယ်လေး၏ အကြည့်တချက်အောင် သွေးပြောင်းပြန်စီးနေပြီး ဒဏ်ရာရရှိခဲ့လေရာ ထိုလူငယ်သေ ကျိန်းသေ အစွမ်းထက် ပညာရှင်တစ်ဦး ဖြစ်လိမ့်မည်ဖြစ်သည်။

“မြို့သခင် သူတို့နှစ်ဦးကို မြို့သခင်အိမ်တော်ထဲ ခေါ်လာခဲ့ရတယ် မိန်းကလေးက အဲ့ဒီလူရဲ့တပည့်ဖြစ်မယ်”

တပ်မှုးကျိုးဟန်သည် အစက ဟွမ်းတို့၏ စွမ်းအား ကိုစမ်းသပ်ပြီး သူ၏ ထိန်းချုပ်မှုအောက်ရှိလျှင် ပြန်လွှတ်ပေးမည်ဖြစ်သည်။ သို့ပေမဲ့ ဟွမ်းသည် လိုက်ခဲ့မည်ဟုဆိုသော်လည်း သူအား အကြည့်တစ်ချက်ဖြင့် ဒဏ်ရာရစေခဲ့သောကြောင့် အတော်လေးလန့်သွားခဲ့ရ၏။ သို့သော် ဒဏ်ရာသည် မပြင်းထန်ပေ။ မဟုတ်လျှင် စားသောက်ဆိုင်ထဲတွင်ပင် သွေးအန်နေခဲ့မည်ဖြစ်သည်။

“ဒဏ်ရာသက်သာစေတဲ့ဆေးလုံးသောက်လိုက်ဦး”

မြို့သခင်သည် ဆေးလုံးတစ်လုံးအား ထုတ်ပေးလိုက်သည်။ ထိုဆေးလုံးသည် ရှားပါးသည် မဟုတ်သော်လည်း အတန်သင့် ဈေးကြီး၏။ ဒဏ်ရာသက်သာစေသည့် အကျိုးသက်ရောက်မှုသည်လည်းကောင်းမွန်၏။

“ကျုပ် မဆင်မခြင်လုပ်မိသွားတာကြောင့် အခုလိုဖြစ်ခဲ့ရတာပါ မြို့သခင်အပြစ်ပေးတာခံယူပါ့မယ်”

ဆေးလုံးသောက်ပြီးနောက် တပ်မှုးကျိုးဟန်က နောင်တရစွာဖြင့်ပြောလိုက်သည်။

“တပ်မှုး ကျိုး ခင်ဗျားအမှားကြောင့် မဟုတ်ပါဘူး၊

ပြီးတော့ ခင်ဗျားက တမင်လုပ်ခဲ့တာမှမဟုတ်ဘူးလေ၊

အဲ့ဒီလူက သူတော်စင် အဆင့်ဆိုရင်လဲ ကျုပ်တို့ အများကြီးမှ မစော်ကားမိသေးတာ တောင်းပန်လို့ရနိုင်ပါတယ်၊

သူတို့ရှိတဲ့ အဆောင်ကိုသွားကြမယ်”

မြို့သခင်သည် အလောတကြီးပြောပြီးနောက် ထွက်သွားကြတော့သည်။

…..

လောကကြီးတွင် အားနည်းသူများသည် အင်အားကြီးသူအား မဆန့်ကျင်နိုင်သည်မှာ သာမန် ဖြစ်ရပ်တစ်ခုသာဖြစ်၏။ သူတော်စင် အဆင့်ဆိုသည်မှာလဲ တပ်မှုးကျိုးဟန်လိုလူမျိုး ဆယ်ယောက် ရှိလျှင်တောင် မဆန့်ကျင်နိုင်သည့် တည်ရှိမှုမျိုးဖြစ်သည်။

မြို့သခင်နှင့် တပ်မှုးကျိုးဟန်တို့သည် ဟွမ်းရှိရာ ခြံဝင်းထဲသို့ရောက်လာပြီးနောက် မြင်လိုက်ရသည့် မြင်ကွင်းကြောင့် မေ့လဲလုမတက်ဖြစ်သွားရ၏။

အကြောင်းမှာ ဟွမ်းသည် ခြံဝန်းထဲရှိ ကျောက်စားပွဲနားရှိ ထိုင်ခုံပေါ်တွင်ထိုင်နေပြီး လူငယ်လေးတစ်ဦးသည် ဘေးနားရှိ ပန်းခင်းထဲတွင်စိုက်ဝင်နေသောကြောင့်ဖြစ်၏။ ထိုလူငယ်လေးသည်ဆွဲရမ်း၍ ကိုင်ပေါက်ခံထားရပုံရသည်။ အဘယ့်ကြောင့်ဆိုသော် လှပသည့် ပန်းခင်းသည်လည်း ထိုလူငယ်လွင့်စင်ခဲ့သောအရှိန်ကြောင့် အကုန်ပျက်စီးကြေမွကုန်၏။

မြို့တော်သခင်လုချောင်းယန်သည် ဟွမ်းအနားသိုအလျင်မြန်ရောက်လာပြီး ပြောလိုက်၏။

“စီနီယာ ကျုပ်တို့ ဒီကောင့်ကို မသိဘူးလို့ပြောရင်ယုံမှာလား”

တပ်မှုးကျိုးဟန် “...”

…..

All Chapters