ငရဲကိုးဘုံမီးကျင့်စဉ်
Vol. 1 Ch. 6
မုန့်ချန်အာ ထွက်သွားပြီးနောက် လုရှင်းချန်သည် ဟွမ်းကို ရေနွေးကြမ်း ငှဲ့ပေးလိုက်သည်။ ထို့နောက် သူ၏ ပန်ကန်လုံးထဲသို့ ငှဲ့ပြီးသောက်လိုက်၏။
“မင်းကြိုက်နေတာ အဲ့ကောင်မလေးပေါ့”
“ဖူး...”
“အဟွတ်..အဟွတ်”
ဟွမ်း၏ စကားသံကြောင့် ရေနွေးသီးမလိုပါ ဖြစ်သွား၏။
“ဆ...ဆရာ ဘယ်လို...သိ..သိတာလဲ” ဟွမ်း၏ ရုတ်တရက်ဆန်သည့် စကားကြောင့် လုရှင်းယန်သည် စကားများ ထစ်အ သွား၏။ ဤအကြောင်းကို နှစ်ပေါင်းများစွာ အတူနေလာသည့် သူ၏ဖခင်လဲ မသိသလို မုန့်ချန်အာ ကိုယ်တိုင်လဲ မသိပေ။ သို့သော် သူ၏ဆရာသည် ခနသာ အတူနေရသေးပေမဲ့ ချက်ချင်းသိသွားခဲ့၏။ ရုတ်တရက်ကြက်သီးများထလာသည်။
“မင်းဆရာ့ကို တိုက်တုန်းက ပန်းခင်ပျက်စီးသွားချိန် ပိုပြီး ဒေါသထွက်လာတယ်လေ၊
ပြီးတော့ ဒီပန်းခင်းက အဲ့မိန်းကလေး ပြုစုပျိုးထောင်ထားတဲ့ ပန်းပင်တွေဖြစ်နေရော၊
ပြီးတော့ မင်းသူမအတွက် ထိုက်ရွှမ်ဂိုဏ်းထဲဝင်နိုင်အောင် စဉ်းစားပေးတက်တတယ်၊
ဒါနဲ့တင် အတည်ပြုဖို့ မလုံလောက်သေးပေမဲ့ မင်းသူမကို မြတ်နိုးနေတဲ့အကြည့်နဲ့ ကြည့်တဲ့အပြင် သူမနဲ့ စကားပြောချိန်မှာလည်း မင်း နှလုံးခုန်နှုန်းက မြန်ဆန်လွန်းနေတယ်” ဟွမ်းသည် လုချင်းယန်အား တည့်တည့်ကြည့်ပြီး မနားတမ်းပြောလိုက်သည်။
လုရှင်းယန် “...”
“ဆရာက ဒေါင့်စေ့အောင်ပြောသွားတော့ တပည့်က ငြင်းလို့တောင်မရတော့ဘူး” လုရှင်းယန်သည် အတော်လေးရှက်ရွံ့စွာ ပြောလိုက်၏။ ဟုတ်ပေ၏ ဤခြံဝန်းလေးရှိ ပန်းခင်းသည် မုန့်ချန်အာ စိုက်ပျိုးထားခြင်းဖြစ်သည်။ ထို့အပြင်သူမ အားလပ်ချိန်တိုင်း ဤခြံဝန်းထဲတွင် တိတ်ဆိတ် လာရောက် အနားယူလေ့ရှိ၏။
ထိုအချိန်များတွင် လုရှင်းယန် သည်လည်း မယောင်မလည်နှင့် ဤခြံဝန်းအပြင်တွင် ဟိုယောင်ယောင် ဒီယောင်ယောင် လုပ်လေ့ရှိလေသည်။ ထို့ကြောင့် ဟွမ်းဤခြံဝန်းထဲတွင်ရှိနေသည်ကို တွေ့သည့်အခါ ဘာမှ မစဉ်းစားမိတော့ပဲ တိုက်ခိုက်ရန် ပြင်ခဲ့၏။ ထို့အပြင် ပန်းပင်များ ပျက်စီးသွားခြင်းကြောင့် သူ၏ ပိုမိုဒေါသထွက်လာပြီး အားကုန်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“ကောင်ကလေး ခုချိန်မှာ အချစ်ရေးထက် ကျင့်ကြံမှုကို ပိုပြီး အားထုတ်သင့်တယ်၊
ဒီလောကကြီးမှာ မင်းချစ်တဲ့သူတွေကို ကာကွယ်ချင်ရင် ကာကွယ်နိုင်စွမ်းရှိအောင် အရင်ကြိုးစားသင့်တယ်” ဟွမ်းသည် ထိုစကားပြောရင်း သူ၏ မျက်ဝန်းထဲ ဝမ်းနည်းရိပ်များ တစ်ခဏတာ ဖြတ်ပြေးသွားပြီး ပြန်ပျောက်ကွယ်သွား၏။
“ဟုတ်ကဲ့ပါ ဆရာ တပည့်ကြိုးစားမှာပါ” လုရှင်းယန်သည် သူ၏လက်သီးအား ကျစ်ကျစ်ပါအောင်ဆုပ်ထားလိုက်၏။
“မင်းရဲ့ခန္ဓာကိုယ်က ယန်ဓာတ်အားကောင်းတယ်၊ အဲ့ဒါကြောင့် မီးကျင့်စဉ်တွေက မင်းနဲ့လိုက်ဖက်လိမ့်မယ်”ထိုနောက် ဟွမ်းသည် လုရှင်းယန်၏ နဖူးအား လက်နှင့်ထိလိုင်ပြီး ကျင့်စဉ်တစ်ခု လွှဲပေးလိုက်၏။
“ဒီကျင့်စဉ်ကို ငရဲကိုးဘုံမီးကျင့်စဉ်လို့ခေါ်တယ်၊ ဒီကျင့်စဉ်မှာ
မီးဝိညာဉ်ပြောင်းလဲခြင်း အဆင့်၊
ငရဲကိုးဘုံ မီးနှလုံးသား အဆင့်၊
ငရဲကိုးဘုံ မီးနယ်မြေ အဆင့်၊
ဆိုပြီး အဆင့် သုံးဆင့်ရှိတယ်၊
မီးဝိညာဉ်ပြောင်းလဲခြင်းအဆင့်ကိုအောင်မြင်သွားရင် လောကမှာ ရှိတဲ့ မီးတောက်တွေကို သိပ်မခက်ခဲပဲ စုပ်ယူနိုင်လိမ့်မယ်၊ ဒါပေမဲ့ မင်းစိတ်က လုံလောက်အောင် မသန်မာရင် ပထမအဆင့်မှာတွင်ပဲ မင်းဝိညာဉ်ကို မီးလောင်ပြီးသေဆုံးနိုင်တယ် အောင်မြင်သွားရင်တော့ မင်း မီးတောက်အမျိုးစားတစ်ချို့ကလွဲရင် အခြားမီး တွေက မင်းကို ဒုက္ခမပေးနိုင်တော့ဘူး ဒုတိယအဆင့်နဲ့ တတိယအဆင့်က မင်းရဲ့နားလည်မှုပေါ်မူတည်လိမ့်မယ်” ဟွမ်းသည် သေချာလေးရှင်းပြလိုက်၏။
“အဲ့လောက်တောင် မိုက်တာလား” လုရှင်းယန်သည် အံ့ဩမှင်သက်စွာပြောလိုက်၏။ သူ့၏ဆရာ ရှင်းပြချက်နဲ့တင် စိတ်လှုပ်ရှားလာသည်။
ပထမအဆင့် နဲ့တင် ဒီလောက်ထိ ကြမ်းနေပြီဖြစ်ရာ တတိယအဆင့်ထိသာ နားလည်နိုင်သွားရင်တော့ မီးတောက်အင်ပါယာတောင် ဖြစ်လာနိုင်၏။
“ပေါက်ကရတွေ လျောက်တွေးမနေနဲ့တော့ သွားကျင့်ကြံချေ” လုရှင်းယန်၏ မျက်နှာတွင် အမူရာ မျိုးစုံပေါ်နေသောကြောင့် ဟွမ်းသည် ကျင့်ကြံခိုင်းလိုက်တော့သည်။
“ဟုတ်..ဟုတ်” လုရှင်းယန်၏ အသံသည် ရွှင်မြူးနေသည်။ ဟွမ်းကို အရိုသေပေး၍ ခြံဝင်းထောင့် တစ်နေရာတွင် ထိုင်ကာ စတင်ကျင့်ကြံတော့သည်။
ဟွမ်းသည် လုရှင်းယန်အား ကြည့်ကာ အသာ ခေါင်းရမ်း မိသွား၏။ ထို့နောက် လက်သင်္ကေတ တစ်ခုလုပ်လိုက်သည့်အခါ အသံလုံအစီရင် တစ်ခုပေါ်လာသည်။ ထိုအစီရင်သည် လုရှင်းယန်၏ ကျင့်ကြံခြင်းကို အနှောက်ယှက် မဖြစ်စေရန် တားဆီးပေး၏။
ထို့နောက် ယွဲ့ဝူယောင်ရှိရာ အခန်းသို့ကြည့်လိုက်ပြီးနောက် အခန်းတွင်ရှိသည့် အသံလုံအစီရင်အား ရုတ်သိမ်းလိုက်သည်။
ရက်အနည်းငယ်ကြာပြီးနောက်...
ဟွမ်းသည် ဤရက်များအတွင်း သူထိုင်နေသည့်နေရာမှ မထခဲ့ပေ။ လုရှင်းယန်သည်လဲ နားလည်မှုများ အတော်လေး ရနေပြီ ဖြစ်သည့်အတွက် ဆက်လက်ကျင့်ကြံနေခြင်း ဖြစ်၏။
မုန့်ချန်အာသည်လဲ ဤရက်များအတွင်း ဟွမ်းအတွက် စားသောက်ဖွယ်ရာများ ပြင်ပေးခြင်း၊ သူမ၏ ပန်းခင်းအား ပြုပြင်နေခြင်းနှင့်ကုန်ဆုံးခဲ့၏။
သူမပြုပြင်နေရင်းအကြောင်းမှာ ‘ကျွန်တော့်တာဝန်ထား’ ဆိုသည့်အကောင်သည် ကျင့်ကြံခြင်းတွင် နစ်မြုပ်သွားသောကြောင့်ဖြစ်သည်။
လုချောင်းယန်သည်လဲ နေ့စဉ်လာရောက်ပြီး ဟွမ်းနှင့်စကားစမည်ပြောလေ့ရှိသည်။ ထို့အပြင် သူ့သားကျင့်ကြံနေသည်ကို မြင်ပြီး အတော်လေးကျေနပ်နေ၏။ ပုံမှန်ဆိုလျှင် သည်ကောင်လေးသည် အပျော်ပါးမက်ပြီး လက်ယျားလက်ယျားနေတက်၏။ ထို့ကြောင့် လုချောင်းယန်သည် ဝမ်းသာမျက်ရည်များပါစို့နေသည်။
‘စီနီယာဟွမ်းဆီ တပည့်ခံခိုင်းလိုက်ရတာ အတော်လေးထိုက်တန်သား’
“စီနီယာ ထိုက်ရွှမ်ဂိုဏ်း ဝင်ခွင့်ယှဉ်ပြိုင်ပွဲက နီးလာပြီ၊ အဲ့ဒါကြောင့် ကျုပ်တို့ မနက်ဖြန်ကျရင်
ချောင်အာကို ခေါ်ပြီး ထိုက်ရွှမ် မြို့ကို သွားတော့မလို့”
လုချောင်းယန်သည် သူထိုက်ရွှမ်မြို့ကို သွားမည့် အကြောင်း လာရောက်အကြောင်းကြားခြင်းဖြစ်သည်။
ထိုအချိန်တွင် အနီးနားရှိ ဝိညာဉ်စွမ်းအင်များ သည် ယွဲ့ဝူယောင် ရှိရာ အခန်း တွင်းသို့ စုစည်းဝင်ရောက်သွားသည်ကို လုချောင်းယန် ခံစားမိသွား၏။
“ဒါက အခြေတည်ဝိညာဉ် အဆင့်ကိုတက်လှမ်းနေတာပဲ” လုချောင်းယန်သည် အံ့ဩသွားပြီး ယွဲ့ဝူယောင် ရှိရာ အခန်းသို့ လှမ်းကြည့်လိုက်၏။ ကျိုးဟန်သည်လဲ ဝိညာဉ်စွမ်းအင်များ စုစည်းနေသည်ကို ခံစားမိပြီးနောက် ဟွမ်းရှိရာ ခြံဝန်းသို့ အပြေးလွှားရောက်လာ၏။
“မြို့သခင် သူမက အခြေတည်ဝိညာဉ် အဆင့်ကို တက်ဖို့ကြိုးစားနေပြီလား” ကျိုးဟန်သည် မျက်လုံးများပြူးကျယ်စွာ လုချောင်းယန်ကို မေးလိုက်၏။ ထို့နောက် နှစ်ယောက်သား ပြိုင်တူ ဟွမ်းကိုလိုက်လေသည်။ ဟွမ်းသည် စိတ်မဝင်စားသည့် ဟန်ဖြင့် ရေနွေးကြမ်းသာ ဆက်လက်သောက်နေ၏။
လုချောင်းယန် “...”
ကျိုးဟန် “...”
‘စီနီယာရဲ့ တပည့်က အဆင့်တက်ဖို့ ကြိုးစား နေတာလေ၊ နည်းနည်းတော့ အံ့ဩဟန်ပြပါဦး’
နှစ်ဦးသား ပြောစရာစကားပျောက်ဆုံးနေ၏။
ဤရက်ပိုင်းများအတွင်း ယွဲ့ဝူယောင်သည် မရပ်မနား ကျင့်ကြံနေခဲ့၏။ သူမသည် ခရမ်းလနှလုံးသား ကျမ်းအား အနည်းငယ်နားလည်ပြီးနောက် ဆက်တိုက်ကျင့်ကြံခဲ့သည်။
ချီစုစည်းခြင်း ၊ ကနဦး အလယ်လတ် အထွတ်ထိပ်
ချီသန့်စင်ခြင်း၊ ကနဦး အလယ်လတ် အထွတ်ထိပ် ဆက်တိုက်ဆိုသလို အဆင့်များတိုးတက်သွားပြီးနောက် တစ်ရက်အတွင်း အခြေခံအုတ် မြစ်တည်ဆောက်ပြီးစီးသွား၏။
သာမန်ကျင့်ကြံသူတွေဆိုလျှင် အခြေခံ အုတ်မြစ် အဆင့်ရောက်ရှိရန် ငါးနှစ်လောက်ကြိုးစားရပေမည်။ သို့သော် သူမကျင့်သည့် ခရမ်းလ ကျမ်းသည် အဆင့်လွန်ကျမ်း တစ်ခုဖြစ်ပြီး လ၏စွမ်းအားကိုပါ စုပ်ယူနိုင်သောကြောင့် သာမန် ကျင့်ကြံသူများနှင့်ယှဉ်လျင် အဆပေါင်းများစွာသာလွန်၏။
“ဒါက အိမ်မက်တစ်ခုလိုပဲ၊ မနေ့ကအထိငါက သေမျိုးဖြစ်တုန်းရှိသေးတာ၊
ငါ့ရဲ့ပါရမီက သာမန်ထက် အနည်းငယ်ပဲသာလွန်တယ်၊
ဒါပေမဲ့ ဒီကျင့်စဉ်ကျမ်းကြောင့် တစ်ရက်အတွင်း ကျင့်ကြံသူတစ်ဦးဖြစ်သွားပြီ”
ဟုတ်ပေသည် ချီသန့်စင်ခြင်း အဆင့်တွင် ချီစွမ်းအား တိုးတက်ပြီး အဆင့်နိမ့် တိုက်ခိုက်ရေးနည်းစနစ်များ ထုတ်သုံးနိုင်သော်လည်း ကျင့်ကြံသူဟု ခေါ်ဆို၍ မရသေးပေ။ အခြေခံအုတ်မြစ် တည်ဆောက်ပြီးမှသာ ကျင့်ကြံသူတစ်ဦး ဖြစ်လာပြီး သက်တမ်းလဲ တိုးတက်လာမည်ဖြစ်သည်။
နှစ်ရက်ကြာပြီးနောက်
“ငါ အခြေခံအုတ်မြစ်အထွတ်ထိပ်ထိ ရောက်သွားပြီပဲ ဆက်ပြီးတော့ ရွှေအမြူတေ ဖွဲ့ဖို့ကြိုးစားကြည့်မယ်”
သူမသည် သုံးရက်တာ ကျင့်ကြံပြီးနောက် ထူးဆန်းမှုမခံစားရတော့ပဲ ယုံကြည်ချက် အပြည့်ရှိလာလေသည်။
ရွှေအမြူတေအဆင့်တွင် ဒန်တျန်သည် ရွှေရောင်အမြူတေ အဖြစ်သို့ပြောင်းလဲသွားပြီး ပိုမိုကြီးမားကျယ်ပြန့်လာမည်ဖြစ်သည်။ ထို့အပြင် တိုက်ခိုက်ရေးစွမ်းအား အမြန်နှုန်း များ ဆယ်ဆလောက်ပိုမို တိုးလာသည့်အပြင် တိုက်ခိုက်ရေး နည်းစနစ်များအတွက် ချီစွမ်းအင်သုံးစွဲမှုသည်လည်း လျော့ချပေး၏။
သူမ၏ချီစီးဆင်းမှုသည် ချောမွှေ့နေပြီး သူမ၏ ဒန်တျန် အား ရွှေအမြူတေအဖြစ်ပြောင်းလဲရန်ကြိုးစားခဲ့၏၊ သူမ၏ မျက်မှာထက်တွင် ချွေးစများ သီးနေပြီးနောက် သူမ၏ ဒန်တျန်သည် ရွှေရောင်သို့ပြောင်းလဲသွားခဲ့၏။
“ဒီလိုပဲအဆင့်တက်သွားတာလား” သူမသည် ခရမ်းလကျမ်းအား အနည်းငယ်သာ နားလည်သေးသောကြောင့် အဆင့်တက်ရာတွင် ခက်ခဲမည်ဟုထင်ခဲ့၏။ သူမသည် ရွှေမြူတေ ဖွဲ့ရာတွင်လည်း အခက်ခဲ မရှိခဲ့ပေ။
ယွဲ့ဝူယောင်သည် ရွှေအမြူတေအဆင့် ကျင့်ကြံသူ ဖြစ်ပြီးနောက် သူမ ချီစွမ်းအင် များသည် များစွာ သိပ်သည်း ကျစ်လစ်လာ၏။
“ဒီကျင့်စဉ်ကို အနည်းငယ်နားလည်သွားတိုင်း ကျင့်ကြံခြင်းအဆင့်တက်သွားတယ်...
ပထမအဆင့်ဖြစ်တဲ့ ခရမ်းလဝိညာဉ်အဆင့်ကိုသာ နားလည်သွားပြီး ကျင့်ကြံနိုင်ရင် ဘယ်အဆင့်ထိများ တက်သွားနိုင်မလဲ မသိဘူး”
“ဆက်ကျင့်ကြံမယ်”
တစ်ပတ်ကြာပြီးနောက်
ယွဲ့ဝူယောင်သည် ဤအတောတွင်း စက္ကန့်ပိုင်းမျှ အနားမယူပဲ ကျင့်ကြံခြင်းတွင်နစ်မြုပ်နေခဲ့၏။
ထိုအချိန်တွင် သူမ၏ ကိုယ်တွင်းသို့ ဝိညာဉ်စွမ်းအင်များ စုဝေး ဝင်ရောက်လာခဲ့၏။ ထိုအချိန်တွင် သူမ၏ ခန္ဓာကိုယ်တွင် ခရမ်းရောင် အလင်းတန်းများသည် စက္ကန့်အပိုင်းအတွင်းသာပေါ်ပေါက်လာပြီး ပြန်လည်ပျောက်ကွယ်သည်။ ထို့နောက် သူမ၏ သိစိတ်ထဲတွင် ဝိညာဉ်စွမ်းအင်များစုဝေးလာပြီး ဝိညာဉ်ပင်လယ်တစ်ခုဖြစ်တည်လာခဲ့၏။ ထိုဝိညာဉ်ပင်လယ်သည် အကန့်သတ်မဲ့သည်ဟု ထင်ရလောက်အောင် ကျယ်ဝန်း၏။ ထို့အပြင် အနီးနားရှိဝိညာဉ်စွမ်းအားများကို အရူးမူးစုပ်ယူနေသည်။ ဝိညာဉ်စွမ်းအား စုပ်ယူနှုန်းသည် အလွန်ပင်မြန်ဆန်ပြီး အကန့်သတ်ရှိမည့်ပုံမရချေ။
အခြေတည်ဝိညာဉ်အဆင့်တွင် ဝိညာဉ်စွမ်းအား များစုပ်ယူနိုင်မည်ဖြစ်သော်လည်း အကန့်သတ်ဖြင့်သာရှိ၏။ အခြေတည်ဝိညာဉ်အဆင့်ကျင့်ကြံသူတစ်ဦး၏ ဝိညာဉ်ပင်လယ် ကျယ်ပြန့်မှု အပေါ်မူတည်သည်။
‘ဒီလောက်ကြီးက မလွန်ဘူးလား ဘာမှ မကျင့်ကြံရသေးတဲ့သူတစ်ယောက်က ဆယ်ရက်ဝန်းကျင်လောက်ပဲ ကျင့်ကြံလိုက်တာ အခြေတည်ဝိညာဉ် အဆင့်ကို ချိုးဖြတ်သွားတယ်’
လုချောင်းယန်နှင့်ကျိုးဟန်တို့သည့် အလွန်ပင် အံ့ဩ၍မဆုံးဖြစ်နေတော့သည်။ သူတို့သည် အခြေတည်ဝိညာဉ်အဆင့်ရောက်ရန် နှစ်တစ်ရာကျော် ကျင့်ကြံခဲ့ရသည်ကို တွေးမိရင်း မျက်ရည်ဝဲလာသည်။ လုချောင်းယန်သည် ငယ်စဉ်က ထူးချွန်သည့် ပါရမီရှင်ဖြစ်ခဲ့ပြီး အခြေတည်ဝိညာဏ်အဆင့်ရောက်ရန် နှစ်ပေါင်းခြောက်ဆယ် ကျော်သာ ကုန်ဆုံးခဲ့သည်။ သူ့ကိုယ်သူ ပါရမီအနည်းငယ်ရှိသည်ဟု တွေးထင်ထားသော်လည်း ယွဲ့ဝူယောင်နှင့် ယှဉ်လျှင် အမှိုက်သာ ဖြစ်ပေ၏။
ခဏကြာပြီးနောက် ယွဲ့ဝူယောင်သည် အပြင်သို့ထွက်လာခဲ့၏။ သူမသည် ခရမ်းနုရောင် ဂါဝန်အရှည်လေးဝတ်ဆင်ထား၏။ သူမ၏ အသားရည်သည်လည်း လွန်ခဲ့သည် ဆယ်ရက်ကထက် ပို၍ချော့မွေ့နေပြီး အရမ်းလှပလာသည်။
သူမနှင့်ယှဉ်လျှင် မုချန်အာ၏ လှပမှုသည် အနည်းငယ် မိန်ဖျော့သွား၏။
သူမသည် စိတ်ဓာတ်ကျနေသည်ပုံစံဖြင့် ဟွမ်း အနားကို လျှောက်လာခဲ့၏။
‘မိန်းမငယ်လေး ဆယ်ရက်လောက် ကျင့်ကြံယုံနဲ့ အခြေတည်ဝိညာဉ် အဆင့် ကျင့်ကြံသူ ဖြစ်လာတာလေ၊ ပျော်နေရမှာမဟုတ်ဘူးလား၊ မျက်နှာပေါ်က ဝမ်းနည်းတဲ့ အမူရာက ဘာကြီးတုန်း’
လုချောင်းယန်နှင့်ကျိုးဟန်တို့သည့် သူမ၏ အမူရာကို တွေ့ပြီးနောက် စိတ်ထဲတွင် မေးခွန်းပေါင်းများစွာ ပေါ်ထွက်လာ၏။
“ဆရာ... တပည့်ရဲ့ နားလည်မှုက မလုံလောက်လို့ ခရမ်းလဝိညာဉ် အဆင့်ကို မအောင်မြင်ခဲ့ဘူး၊ တပည့်ညံ့ပါတယ်”
လုချောင်းယန် နှင့် ကျိုးဟန် “...”
…..