အေးခဲသောလ၏ ရိုက်ချက်
Vol. 1 Ch. 7
ယွဲ့ဝူယောင်သည် အနည်းငယ် ဝမ်းနည်းနေပြီး သူမ၏ဆရာက စိတ်ပျက်စေမှာ စိုးရိမ်နေသည်။ အစက သူမသည် ဒီရက်အတွင်း အပြည့်ဝ နားလည်နိုင်မည်ထင်ခဲ့သည်။ သို့သော် အမှန်တရားက အတော်လေး ရက်စက်လွန်း၏။
“အဆင်ပြေပါတယ် သုံးပုံတစ်ပုံနားလည်နေပြီ၊ အလောတကြီးမလုပ်ပဲ ဖြေးဖြေးချင်းကြိုးစား”
ဟွမ်းသည် အနည်းငယ်ကျေနပ်သည် လေသံဖြင့်ပြောလိုက်သည်။
“အခြေတည်ဝိညာဉ် အဆင့်ရောက်သွားလို့ ဂုဏ်ပြုပါတယ် မိန်းကလေးယွဲ့”
လုချောင်းယန်နှင့်ကျိုးဟန်တို့သည့် ပြိုင်တူပြောလိုက်၏။ ပြီးနောက် ယွဲ့ဝူယောင်ကို ပြုံးပြလိုက်ကြ၏။
“ကျေးဇူးတင်ပါတယ်...” ယွဲ့ဝူယောင်သည် အပြုံးလေးဖြင့်ပြောလိုက်၏။ သူမ၏ အပြုံးလေးသည် အေးချမ်းလွန်းလှ၏။
“တပည့်အတွက် အဆင့်တက်လက်ဆောင်ရှိတယ်။ အဲ့ဒါက တပ်မှုးကျိုးဟန်က တပည့်နဲ့ တိုက်ခိုက်မယ်တဲ့” ဟွမ်းသည် အနည်းငယ်ပြုံး၍ ပြောလိုက်သည်။
ယွဲ့ဝူယောင် “...”
လုချောင်းယန် “...”
ကျိုးဟန် “...”
သူတို့သုံးယောက်လုံး၏ အပြုံးသည် အေးခဲသွားပြီး ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွား၏။
“ဆ..ဆရာ... တပည့်က ခုမှ အခြေတည်ဝိညာဉ် အဆင့်ကို ရောက်တာလေ တပ်မှုးကျိုးဟန် နဲ့တိုက်ခိုက်တာက ဖြစ်နိုင်ပါ့မလား” ယွဲ့ဝူယောင်သည် ထစ်ထစ်ငေါ့ငေါ့ဖြင့် ပြောလိုက်၏။
“ဟုတ်ပါတယ် စီနီယာ မိန်းကလေးယွဲ့က ခုမှ အဆင့်တက်ပြီးတာဆိုတော့၊ သူမအဆင့်ကို တည်ငြိမ်အောင် အရင်လုပ်သင့်တယ် အဆင့်မတည်ငြိမ်ခင် တိုက်ခိုက်မှု လုပ်ရင် မိန်းကလေးယွဲ့ ဒဏ်ရာရသွားမှာစိုးရိမ်မိပါတယ်”
ကျိုးဟန်သည် ယွဲ့ဝူယောင်သာ ဒဏ်ရာရသွားလျှင် ဟွမ်း၏ ဒေါသနှင့် ရင်ဆိုင်ရမည်ကို ကြောက်ရွံ့သောကြောင့် ပြောလိုက်သည်။
လုချောင်းယန်သည်လဲ ပြောစရာစကားမဲ့နေ၏။
“ပြသနာ မရှိဘူး ကျုပ်တပည့်က ခင်ဗျားကို ညှာမှာမဟုတ်ဘူး” ဟွမ်းသည် အတည်ပေါက်ဖြင့်ပြောလိုက်၏။
‘ဆရာရေ တပည့်က ခုမှ အဆင့်တက်လာတဲ့ အခြေတည်ဝိညာဉ်အဆင့် ကျင့်ကြံသူ ပေါက်စလေးပါ၊ တပည့်က တပ်မှုးကျိုးဟန်ကို ညှာမှာ မဟုတ်ဘူးဆိုတာက ဘာကြီးတုန်း’
ယွဲ့ဝူယောင် “...”
လုချောင်းယန် “...”
ကျိုးဟန် “...”
“ဆရာ..” သူမစကားပြောရန် ပြင်လိုက်သည့်အချိန်တွင် ခြံထောင့်တွင် ကျင့်ကြံနေသော လုရှင်းယန် သည်ပြောင်းလဲမှု တစ်ခု ဖြစ်ပေါ်လာ၏။ ထိုအရာသည် လုရှင်းယန်၏ ဘေးတွင် ရွှေရောင်အလင်းတန်းများပေါ်ပေါက်လာပြီး သူ၏ ဒန်တျန်သည် အမြူတေ အဖြစ်သို့ ပြောင်းလဲနေခြင်းဖြစ်သည်။
လုချောင်းယန်သည် အလွန်ပင် ပျော်ရွှင်သွားပြီး မျက်ရည်များပါ ကျဆင်းလာသည်။ သူ၏ သားသည် အခြေခံအုတ်မြစ်ပါ တည်ဆောက်ပြီးနောက် ရွှေအမြူတေ ဖွဲ့နိုင်တော့မည်ဖြစ်၏။
လုရှင်းယန်၏ ဒန်တျန်သည် ဆယ်ငါးမိနစ် ဝန်းကျင်ခန့် ချီစွမ်းအင်များ စုပ်ယူပြီးနောက် အမြူတေ အဖြစ်ပြောင်းလဲသွား၏။
ထို့နောက် သူသည်ရပ်တန့်လိုက်ပြီး သူ၏ ခန္ဓာကိုယ်အား စစ်ဆေးပြီးနောက် ကျေနပ်သွားသည်။
‘ငါအတော်အစွမ်းထက်လာပြီပဲ’
သူသည် ယွဲ့ဝူယောင်၏ အဆင့်တက်ခဲ့ပုံကို မသိသေးသောကြောင့် သူကိုယ်သူ အတော်လေးကျေနပ်မိနေသည်။
“ဆရာ... တပည့်က ရွှေအမြူတေ အဆင့်ကို ရောက်သွားပြီ၊ ဒါပေမဲ့ ကျင့်စဉ်ရဲ့ ပထမအဆင့်ကို မအောင်မြင်သေးဘူး” လုရှင်းယန်သည် အနည်းငယ်အားမရသည့်ပုံစံဖြင့် သူ၏ ဆရာကို အရိုသေပေးပြီးပြောလိုက်သည်။
“မဆိုးဘူး... မင်းကျင့်စဉ်အရ မီးစွမ်းအင် ကြွယ်ဝတဲ့ နေရာမှာဆို ပိုသင့်တော်တယ်၊ အဲ့ဒါမှ ဒီထက်ပိုပြီး အဆင့်တက်နိုင်မှာ၊ ဒါကြောင့်စိတ်ဓာတ်မကျနဲ့”
“ယောင်အာ.. ဒါက မင်းရဲ့ ဆရာတူမောင်လေးပဲ” လုရှင်းယန်အား နှစ်သိမ့်ပြီးနောက် ယွဲ့ဝူယောင်နှင့် မိတ်ဆက်ပေးလိုက်၏။
“ဆရာတူမောင်လေး” ယွဲ့ဝူယောင်သည် လုရှင်းယန်ကို ခေါင်းငြိမ့်ပြလိုက်သည်။
“ဆရာတူအစ်မ” လုရှင်းယန်သည် ယွဲ့ဝူယောင်ကိုကြည့်ပြီးနောင် လေးစားမှု ပြလိုက်၏။ သူ၏ ဆရာတူ အစ်မသည် အခြေတည်ဝိညာဉ် အဆင့်ရှိသည်ကို တွေ့ပြီးနောက် အံ့အားသင့်သွားသည်။
‘ဆရာတူအစ်မက ငယ်ငယ်လေးနဲ့ အခြေတည်ဝိညာဉ် အဆင့် ကိုတောင်ရောက်နေပြီ၊ ငါလဲကြိုးစားရမယ်’
“အဖေသား ရွှေအမြူတေ ကျင့်ကြံသူတစ်ယောက်ဖြစ်သွားပြီ” ထို့နောက်သူ၏ ဖခင်အား အရိုသေပေးလိုက်၏။
“မင်းအတွက် ဂုဏ်ယူတယ် ငါ့သား” လုချောင်းယန်သည် သူ၏သားကို ပြေးဖက်ပြီးပြောလိုက်၏။
ဟွမ်း၏ တပည့်ဖြစ်စေခဲ့သည်မှာ သူ၏ အမှန်ကန်ဆုံး ဆုံဖြတ်ချက်ဖြစ်ခဲ့၏။
“ဒါဆို... တိုက်ပွဲစကြတာပေါ့”
ယွဲ့ဝူယောင် “...”
လုချောင်းယန် “...”
ကျိုးဟန် “...”
လုရှင်းယန် “???”
“မင်းရဲ့ ဆရာတူအစ်မကို မင်းဦးလေးကျိုး နဲ့ တိုက်ခိုက်ခိုင်းမလို့လေ”
လုချောင်းယန်သည် သူ၏သားကိုရှင်းပြလိုက်၏။ လုချင်းယန်သည် အံ့ဩသွားသော်လည်း နားလည်သည့်သဘောဖြင့် ခေါင်းငြိမ့် လိုက်၏။
‘တပ်မှုးကျိုးဟန်နဲ့ တိုက်ခိုက်ရင် ငါ့ရဲ့ တိုက်ခိုက်ရေး အတွေ့ကြုံလဲ တိုးလာလိမ့်မယ်’
ယွဲ့ဝူယောင်သည် အကောင်းဘက်ကတွေး၍ တိုက်ခိုက်ရန် ပြင်ဆင်လိုက်၏။
“ကောင်းပါပြီ ကျုပ်တို့ လေ့ကျင့်ရေး ကွင်းကို သွားကြတာပေါ့” ကျိုးဟန်သည် မတက်သာသည့် ပုံစံဖြင့် လက်ခံလိုက်လေသည်။ ငြင်း၍လည်းမရပေ။
လေ့ကျင့်ရေးကွင်းတွင်
ယွဲ့ဝူယောင် နှင့် ကျိုးဟန် တို့သည် မျက်နှာ ချင်းဆိုင် အနေထားဖြင့် ရပ်နေကြ၏။
ပွဲကြည့်ပရိတ်သတ် သုံးဦးသည် တိတ်တဆိတ်ကြည့်နေကြသည်။
“မိန်းကလေးယွဲ့ စတိုက်ပါ” ကျိုးဟန်သည် ပြောလိုက်၏။ ထိုသို့ပြောသည်မှာ သူသည် အထင်သေး၍ မဟုတ်ပေ။
“ကောင်းပြီ” စကားဆုံးသည်နှင့် ယွဲ့ဝူယောင်သည် ကျိုးဟန်ရှေ့သို့ ချက်ချင်းရောက်လာပြီး လက်ဝါးဖြင်ရိုက်လိုက်၏။
“မြန်လိုက်တာ” ကျိုးဟန်သည် ချက်ချင်းပဲ မနှောင့်နှေးရဲ့ လက်သီးဖြင့်ထိုးပြီး တားဆီးလိုက်၏။
သို့သော် သူသည် ယွဲ့ဝူယောင် ထိခိုက်သွားမည်စိုးရိမ်သောကြောင့် သူစွမ်းအား၏ သုံးဆယ်ရာခိုင်နှုန်းဖြင့်သာ ထုတ်သုံးခဲ့၏။
“ဝုန်း...” ယွဲ့ဝူယောင်၏ လက်ဝါးရိုက်ချက်နှင့် ကျိုးဟန်၏ လက်သီး တို့ ဆုံတွေ့ပြီးနောက် လေ့ကျင့်ကွင်းတစ်ခုလုံး ဖုန်မှုန့်များလွင့်စင်ကုန်သည်။
သို့သော် ယွဲ့ဝူယောင်၏ အင်အားသည် ထင်ထားသည်ထင်ပိုကြီးမားသောကြောင့် ကျိုးဟန်သည်။ နောက်သို့ ခြေသုံးလှမ်းဆုတ်လိုက်ရ၏။
ထို့နောက် ယွဲ့ဝူယောင်သည် သူမ၏ လက်ကို ပြန်ရုတ်သိမ်းလိုက်ပြီး နောက်ထပ်တစ်ချက် ထပ်ရိုက်လိုက်ပြန်၏။
ယခုတစ် ချက်တွင်တော့ ကျိုးဟန်သည်မပေါ့ဆရဲ၊ သူ၏ အင်အား တစ်ဝက်လောက်သုံးပြီး တားဆီးလိုက်သည်။ သို့သော်လည်း ခြေလှမ်းသုံးလှမ်းခန့် ထပ်ဆုတ်လိုက်ရပြန်၏။
ထိုအချင်းရာကို ကြည့်၍ လုချောင်းယန်သည် မျက်မှောင်ကြုပ်သွား၏။
‘တပ်မှုးကျိုးက သူအင်အားတစ်ဝက်လောက်တောင် ထုတ်သုံးထားတာ၊ သူ့ရဲ့ထိုးနှက်ချက်ကို သာမန် အဆင့်တက်ထားတဲ့ အခြေတည်ဝိညာဉ်အဆင့်ဆိုရင် ထိပ်တိုက်ရင်ဆိုင်နိုင်မှာမဟုတ်ဘူး၊ ဒါပေမဲ့ အခု မိန်းကလေးယွဲ့က တောင် ဖိနှိပ်နိုင်နေတယ်’
သို့ပေမဲ့ လုချောင်းယန် မသိသည်မှာ ယွဲ့ဝူယောင် ကျင့်ထားသည့် ခရမ်းလ နှလုံးသားကျမ်းသည် နတ်ဘုရားအဆင့် ကျမ်းများထက်များစွာ သာလွန်၏။ ဤလောက်မျှသာ ထူးခြားချက်မရှိလျှင် အဆင့်လွန်အဆင့်ဟု ခေါ်ဆိုရန် မထိုက်တန်ပေ။ သို့သော်လည်းကျိုးဟန်သည် အားကုန်ထုတ်သုံးထားခြင်းမရှိပေ။
“ဆရာတူအစ်မက အတော်ကြမ်းတာပဲ” လုရှင်းယန်သည် သူ၏ ဆရာတူအစ်မ ကို အားကျကာ လက်သီးကျစ်ကျစ်ပါအောင်ဆုပ်ထားမိ၏။
“ကြယ်ကြွေလက်ဝါး”
“လရိပ်ကန်ချက်”
“ကြယ်ခြွေကန်ချက်”
“လရိပ်လက်ဝါးရိုက်ချက်”
ဟွမ်း “...”
ဤအရာများသည် တိုက်ခိုက်ရေးနည်းစနစ်များ မဟုတ်ပေ။ သူမ၏ ရိုးရိုး ရိုက်ချက် ကန်ချက်များကို ပါးစပ်ထဲရှိရာ နာမည်များ လျှောက်အော်နေခြင်းဖြစ်သည်။
သို့သော် သူမ၏ တိုက်ခိုက်ချက်များသည် တစ်ချက်ထက် တစ်ချက် ပို၍ အားပြင်းလာ၏။ ပြီးနောက် ကျိုးဟန်အား အသက်ရှုခွင့် မပေး၊ တရစပ် တိုက်ခိုက်နေပြီး တိုက်ခိုက်သည့် အရှိန်သည်လည်း ပို၍ မြန်ဆန်လာသည်။
ကျိုးဟန်သည် အောက်စည်းမှ ခုခံနေရသည်ဆိုသော်လည်း အဆင်ပြေနေသေး၏။ ယွဲ့ဝူယောင်တိုက်ခိုက်ချက်များသည် အားပြင်းပြီး ကြမ်းတမ်းလှပေမဲ့ သူထိန်းနိုင်သည့် စည်းအတွင်းရှိနေသေး၏။ သို့သော်လည်း သိပ်တော့မဟန်လှချေ။ သူ၏ ချီစွမ်းအား အတော်လေးကုန်ဆုံးနေသောကြောင့်ဖြစ်သည်။
‘ဒီလောက်တိုက်ခိုက်နေတာတောင် ချီစွမ်းအင် မကုန်သေးဘူးလား၊ သူမကို ကြည့်ရတာ မမောတဲ့ အပြင် တိုက်ခိုက်နှုန်းလဲ မြန်ပြီး အားလဲ ပိုပြင်းလာတယ်’
တိုက်ချက်အတော်များများ ဖလှယ်ပြီးနောက် ယွဲ့ ဝူယောင်သည်ရပ်တန့်လိုက်၏။
“စီနီယာ ကျိုးဟန် ကျွန်မတို့ တိုက်ကွက်တစ်ခုစီသုံးပြီး အနိုင်ရှုံးသတ်မှတ်ကြမလား” သူမသည် ခရမ်းလနှလုံးသားကျမ်းထဲက နည်းစနစ်တစ်ခုကို စမ်း၍ သုံးကြည့်ချင်နေ၏။
“ကောင်းပြီလေ မိန်းကလေးယွဲ့ တိုက်ကွက်ထုတ်ကြတာပေါ့”
“စီနီယာကျိုးဟန် သတိထားပါ” ကျိုးဟန်ကို သတိပေးလိုက်ပြီးနောက် သူမသည် တိုက်ခိုက်ရန်ပြင်လိုက်၏။
တဖြေးဖြေး ပတ်ဝန်းကျင်၏ အပူချိန်သည် ကျဆင်းလာသည်။
ထို့နောက် ယွဲ့ဝူယောင်၏ လက်ဖဝါးထဲတွင် အဖြူရောင် လ၏စွမ်းအင်များစုစည်းလာ၏။
ထိုစွမ်းအင်များသည် အရွယ်ရောက်ပြီးသားလူ၏ မျက်နှာလောက်သာရှိသည့် လက်ဝါးသဏ္ဌာန်ဖြစ်တည်လာသည်။ ထို့အချိန်တွင် သူမ၏ လည်ပင်းတွင်ဆွဲထားသော မှိန်ပျနေသည့် လပုံစံ ဆွဲသီးလေးသည် ခရမ်းရောင် လက်သွား၏။ သို့သော်တစ်ခဏမျှသာဖြစ်၏။
ဟွမ်းသည် ထိုအဖြစ်ပျက်ကို ကြည့်ရင်း အနည်းငယ်မျက်မှောင်ကြုတ်သွား၏။
ထို့နောက် လေ့ကျင့်ကွင်းပြင်ကြီး တစ်ခုလုံး အအေးဓာတ်များလွမ်းခြုံလာ၏။ သူမသည် ထိုစွမ်းအင်များကို အချိန်အနည်းအတွင်းစုစည်းလိုက်သည်။
ထို့အပြင် အအေးဓာတ်များသည် လေ့ကျင့်ကွင်း အပြင်မှ ကြည့်နေသည့် သူများပါ သက်ရောက်လာ၏။
လုချောင်းယန်သည် သူ၏သားအား ချီစွမ်းအင်ဖြင့် ကာကွယ်ပေးလိုက်၏။ သူကိုယ်တိုင်လဲ ခဲသွားမတက် အေးနေသည်။
‘အတော်ကြောက်စရာကောင်းတာပဲ’
“အေးခဲသောလ၏ ရိုက်ချက်” သူမသည် ထို့သိုရေရွတ်ပြီးနောက် တိုက်ခိုက်လိုက်၏။
ထိုအချိန်တွင် ရုတ်တရက်ဆိုသလို သူမ၏ စွမ်းအင်များသည် ခရမ်းရောင်သို့ပြောင်းလဲလာသည်။ ထို့အပြင် သူမ၏စွမ်းအင်များပါ ထိုက်လက်ဝါးက စုပ်ယူနေ၏။ ထိုစွမ်းအင်များသည် သူမ၏ ထိန်းချုပ်မှုအောက်မှ လွှတ်သွားပြီးနောက် ကျိုးဟန် ဆီသို့ ဦးတည်သွားလေ၏။
“စီနီယာကျိုးဟန် ရှောင်လိုက်...” သူမသည် အလောတကြီး အော်လိုက်၏။
သို့သော်ရှောင်ရန် မဖြစ်နိုင်တော့ပေ။ ထိုလက်ဝါးသည် မြန်ဆန်လွန်းသည့် အရှိန်ဖြင့်သွားနေ၏။ ကျိုးဟန်သည် ချက်ချင်း ကာကွယ်ရန်ပြင်လိုက်၏။
“မြေအကာကွယ်” ကျိုးဟန်သည် လက်ပုံစံတစ်ခု ဖော်ထုတ်ပြီးနောက်ရေရွတ်လိုက်၏။ သူသည် တိုက်ခိုက်ရန်ထက် ကိုယ့်ကိုယ်ကို ကာကွယ်ရန်ရွှေးချယ်လိုက်ရသည်။ ချက်ချင်းအဝါရောင်အလင်းလှိုင်းများသည် သူ့ခန္ဓာတစ်ခုလုံ လွမ်းခြုံကာကွယ်သွား၏။ ထိုအကာကွယ်နည်းစနစ်သည် အကောင်းဆုံး နည်းစနစ်မဟုတ်သော်လည်း အဆင့်တူ ရန်သူများ၏ တိုက်ခိုက်မှုကို မိနစ်အနည်းငယ် ထိန်းထားနိုင်၏။
ယွဲ့ဝူယောင်၏ စွမ်းအင်လက်ဝါးနီးကပ်လာလေလေ သူ၏ စိတ်ထဲ မကောင်းသည့် ခံစားချက်များ ပိုပြင်းထန်လာလေလေဖြစ်၏။ တည်နေရာတစ်ခုလုံးသည် အေးစက်နေသော်လည်း သူသည် ချွေးစီးများ ကျဆင်းနေ၏။
“ဒုန်း...”
ထိုလက်ဝါးသည် ကျိုးဟန်၏ အကာကွယ်ကို ထိမှန်သွား၏။ သူ၏ အကာကွယ် သည်ချက်ချင်းပြိုကွဲသွားသည်။
“မဖြစ်နိုင်ဘူး...” လုချောင်းယန်သည် အံ့ဩလွန်းပြီး ရေရွတ်မိ၏။
…..