မင်းကိုငါ စကားပြောခွင့်ပေးထားလို့လား
Vol. 1 Ch. 8
“မဖြစ်နိုင်ဘူး...” လုချောင်းယန်သည် အံ့ဩလွန်းပြီး ရေရွတ်မိ၏။
အဘယ့်ကြောင့်ဆိုသော် ကျိုးဟန် ၏ ခန္ဓာကိုယ်သည် ရေခဲများဖြင့်ဖုံးလွှမ်းနေသည်။ထူးဆန်းသည်မှာ ထိုရေခဲများသည် ခရမ်းရောင်ဖြစ်နေ၏။ သလင်းကျောက်ကဲ့သို့ ကြည်လင်နေပြီး အသည်းခိုက်အောင် ခံစားရသည့် အအေးဓာတ်ကြောင့်မဟုတ်လျှင် သလင်းကျောက်ဟုသာထင်ကြမည်ဖြစ်သည်။
ယွဲ့ဝူယောင်သည် သူမ၏ စွမ်းအင်များကို ထိုလက်ဝါးက စုပ်ယူသွားသောကြောင့် အားနည်းသွားခဲ့၏။ ထို့ကြောင့် လဲကျ လုနီးပါး ဖြစ်သည့်အချိန်တွင် ဟွမ်းကရုတ်တရက်ရောက်လာပြီး သူမကိုထိန်းလိုက်သည်။ ထို့နောက် ဝိညာဉ်စွမ်းအင်များကို သူမ ၏ ကျောမှတဆင့် သွင်းပေးလိုက်၏။
‘ဆရာရဲ့ ဝိညာဉ်စွမ်းအားတွေက အတော်သန့်စင်တာပဲ၊ ပြီးတော့ အနည်းငယ်နဲ့တင် ငါ့ဝိညာဉ်စွမ်းအင် တွေ ပြန်ပြည့်လုနီးပါးဖြစ်သွားပြီ’
“ဆရာ.. စီနီယာ ကျိုးဟန် ကို ကူညီပေးပါဦး”
ယွဲ့ဝူယောင်သည် စိုးရိမ်တကြီး အကူညီတောင်းလိုက်သည်။
ကျိုးဟန်သည် ထိုရေခဲများအား ဖြိုခွဲရန်ကျိုးစားနေ၏။ မည်မျှပင် ကြိုးစားသော်လည်း အရာထင်ပေ။
လုချောင်းယန်သည် ရေခဲရုပ်တုဖြစ်နေသည့် ကျိုးဟန် ဆီသို့ သွားခဲ့၏။ သို့သော် ရေခဲရုပ်တု နားရောက်ချိန်တွင် သူသည် ရှေ့ဆက်၍ မလှမ်းနိုင်ဖြစ်နေသည်။ အကြောင်းမှာ သူ၏ ခြေထောက်များပါ စတင်ခဲလာပြီဖြစ်သည်။
ဟွမ်းသည် သေးငယ်သည် အလင်းလှိုင်း တစ်ခုထုတ်ဖော်လိုက်၏။ ထို့နောက်တွင် ခဲနေသည့် နေရာသို့ လှမ်းပစ်လိုက်လေသည်။ ချက်ချင်းပင် ရေခဲများပျောက်ကွယ်သွား၏။ အပူချိန်သည်လည်း ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။
‘ဒီမိန်းကလေးက ကြောက်စရာကောင်းလိုက်တာ၊ ငါ့ရဲ့အစွမ်းထက်ဆုံး နည်းစနစ်သာ ထုတ်သုံးမိရင် ငါသေနေလောက်ပြီ’
ရေခဲများကွယ်ပျောက်ပြီးနောက် ကျိုးဟန်၏ ပထမဆုံးအတွေးဖြစ်၏။ သူ့အတွေးမမှားပေ။ ဘယ်ကြောင့်ဆိုသော် သူ၏အစွမ်းထက်ဆုံးနည်းစနစ်ထုတ်သုံးရင်တောင် ကာကွယ်နိုင်မှာမဟုတ်ပေ။ ထို့အပြင် ထိုနည်းစနစ်သည် စွမ်းအင် အများပြားသုံးရ၏။သူသာ ထုတ်သုံးခဲ့လျှင် ဝိညာဉ်စွမ်းအင်များ လျော့နည်းသွားမည်ဖြစ်သည်။ ထိုအချိန်တွင် ရေခဲရုပ်ထု ဖြစ်သွားလျှင်တော့ သူ၏အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်သောကြောင့် ဖြစ်သည်။
ယခုကျိုးဟန်သည် အတော်လေး အားနည်းနေ၏။ ရုပ်ထု ဖြစ်နေချိန်တွင် သူခန္ဓာကိုယ်အား ဝိညာဉ်စွမ်းအင် နှင့် အဆက်မပျက် ကာကွယ်နေရသောကြောင့်ဖြစ်၏
“ဝိညာဉ်စွမ်းအင် အတော်လေးသုံးလိုက်ရလို့ ပင်ပန်းသွားတာ၊ အနားယူလိုက်ရင် သက်သာသွားလိမ့်မယ်” ဟွမ်းသည် ယွဲ့ဝူယောင်ကဲ့သို့ ဝိညာဉ်စွမ်းအင် ကို ကျိုးဟန် အား မသွင်းပေးခဲ့ပေ။ စတွေ့တုန်းက ယွဲ့ဝူယောင်ကို ခြိမ်းခြောက်ခဲ့ခြင်းကြောင့် အပြစ်ပေးသည့်သဘောဖြစ်သည်။ သို့သော် ဤအပြစ်ပေးမှုသည် အသက်ညှာဆုံးဖြစ်သည်ကိုတော့ ကျိုးဟန်မသိခဲ့ပေ။
“သွားစို့ ယောင်အာ...” ဟွမ်းသည် ယွဲ့ဝူယောင်ကို ခေါ်၍ လေ့ကျင့်ကွင်းမှ ထွက်သွားလေသည်။
“ထိုက်ရွှမ်ဂိုဏ်းကို သွားမဲ့နေ့ကျ ကျုပ်တို့လဲ လိုက်ခဲ့မယ်” ထွက်ပေါက်နားရောက်မှ ဟွမ်းသည် သတိရသွားဟန်ဖြင့်ပြောလိုက်၏။
“ဟုတ်ကဲ့.. ကျုပ်တို့ အကြောင်းကြားလိုက်ပါ့မယ်” လုချောင်ယန် ချက်ချင်း ပြောလိုက်၏။ သိုသော် ဟွမ်းသည် ထွက်သွားပြီဖြစ်သည်။
“ဦးလေးကျိုး အဆင်ပြေရဲ့လား” လုရှင်းယန်သည် စိုးရိမ်တကြီး လာမေး၏။
“ဘာမှမဖြစ်ပါဘူး.. အနားယူလိုက်ရင်ကောင်းသွားမှာ” ကျိုးဟန်၏ ပင်ပန်းနေသည့် အသံဖြင့်ပြောလိုက်၏။
လုရှင်းယန်သည် စိတ်အေးသွားပြီးနောက် သူ၏ဆရာနောက်လိုက်ရန် နှုတ်ဆက်ခဲ့၏။
“မြို့သခင် မိန်းကလေးယွဲ့က ကြောက်ဖို့ကောင်းပေမဲ့ သူ့ဆရာက ပိုပြီးကြောက်စရာကောင်းတယ်” ကျိုးဟန်သည် တုန်ယင်စွာပြောလိုက်၏။
“ဟုတ်တယ် မိန်းကလေးယွဲ့ ရဲ့ ရေခဲစွမ်းအင်က ထူခြားပြီး အတော်လေးကြောက်စရာကောင်းတယ်၊ အနီးနားကပ်မိတဲ့ ကျုပ်ကိုပါ ခဲစေခဲ့တယ်၊ ဒါပေမဲ့ သူမဆရာက လက်တစ်ချက်ယမ်းလိုက်ယုံနဲ့ ပျောက်ကွယ်သွားတာပဲ” လုချောင်းယန်သည် လေးကန်စွာ ပြောလိုက်သည်။
“ကျုပ် သူတို့ကို အများကြီး မစော်ကားခဲ့မိလို့တော်သေးတယ်၊ မဟုတ်ရင် ဒီချိန် အသက်ရှင်မှာ မဟုတ်လောက်တော့ဘူး” ကျိုးဟန်သည် စိတ်သက်သာရာ ရသွားသည်။
“ကျုပ် ခင်ဗျားကို လိုက်ပို့မယ်” ထို့နောက် လုချောင်းယန်သည် ကျိုးဟန်ကို တွဲ၍ ထွက်ခွာသွား၏။
…..
“ဆရာ ခရမ်းလနှလုံးသားကျင့်စဉ် ဆိုတဲ့အတိုင်းပဲ ရေခဲစွမ်းအင်တောင် ခရမ်းရောင်နော်” သူတို့၏ ခြံဝန်းပြန်နေသည့်လမ်းတွင် ယွဲ့ဝူယောင်သည် အံ့ဩစွာပြောလိုက်၏။
ဟွမ်း “...”
“ခရမ်းရောင် စွမ်းအင်ကြောင့် ခရမ်းလနှလုံးသားကျမ်း လို့ နာမည်ပေးထားတာမဟုတ်ဘူး၊ ဒီကျင့်စဉ် ကျင့်ခဲ့ကြတဲ့သူတွေတိုင်း လည်း ရေခဲစွမ်းအင် ရတာမဟုတ်ဘူး”
ဟွမ်းသည် ရှင်းပြလိုက်၏။ ထို့နောက် ဆက်ပြော၏။
“ဒါက ခရမ်းလ မျိုးနွယ်ရဲ့ ကျင့်စဉ်တစ်ခုပဲ၊
ပြီးတော့ ဒီကျင့်စဉ်ရဲ့ အဓိက အချက်က လေထုကို အေးခဲစေတာပဲ၊ ယောင်အာလို ရေခဲစွမ်းအင် တိုက်ရိုက် သုံးတာမျိုးမဟုတ်ဘူး၊ နားလည်မှု လုံလောက်ရင် လေဟာနယ်တွေပါ ခဲအောင်လုပ်နိုင်တယ်”
“အဲ့လောက်တောင် မိုက်တာလား၊
တပည့်က ဘာလို့ကွဲထွက်နေရတာလဲ၊ ကျင့်ကြံတဲ့ပုံစံ မှားသွားလို့လား” ယွဲ့ဝူယောင်သည် စိတ်ဓာတ်ကျစွာပြောလိုက်၏။
“စိတ်မပူနဲ့ ဒီတိုင်းဆက်ကျင့်ကြံ” ဟွမ်းသည်အဘယ်ကြောင့် ရေခဲစွမ်းအင်အပြင် ခရမ်းရောင်ပါ ဖြစ်နေရသည်ဆိုတာကို အကြောင်းစုံမပြောခဲ့ပေ။ သူကိုယ်တိုင် အနည်းငယ်ရှုပ်ထွေးနေ၏။
“ဆရာတူအစ်မ တစ်ကယ်ကြမ်းတယ်” လုရှင်းယန်သည် နောက်မှ လိုက်မှီလာပြီးနောက် ယွဲ့ဝူယောင်ကိုပြောလိုက်၏။
“မဟုတ်ဘူး... ငါက စွမ်းအားကို သေချာမထိန်းချုပ်နိုင်သေးဘူး.. တပ်မှုးကျိုးဟန်သာ အစွမ်းကုန်တိုက်မယ်ဆိုရင် ဒီလိုရလဒ် ဖြစ်ဖို့ခဲယဉ်းမယ်” ယွဲ့ဝူယောင်သည် သူ၏ ဆရာတူမောင်လေးကို ပြောလိုက်သည်။
ဟုတ်ပေသည်။ သူမသည် ယခုမှ အဆင့်တက်ထားခဲ့သူဖြစ်၏။ သူမ၏ ကိုယ်ပိုင်စွမ်းအား အတိမ်အနက်ကိုလဲ သေချာမသိသေးပေ။ ထို့အပြင် ဤနည်းစနစ်ကိုလဲ ခုမှ စသုံးခြင်းလဲဖြစ်၏။ နောက်ပိုင်း ကျွမ်းကျင်သွားရင်တော့ အဆင့်တူမှာ ပြိုင်ဘက်ကင်း ဖြစ်ကောင်းဖြစ်နိုင်ပေမည်။
“ရှင်းယန် မင်းက မီးစွမ်းအင် ပေါတဲ့ နေရာမှာ ကျင့်ကြံဖို့ လိုအပ်တယ်၊ ထိုက်ရွှမ်မြို့ရောက်မှ စုံစမ်းကြည့်ရအောင်” ဟွမ်းသည် သူ၏ ဒုတိယတပည့်တွေးကာ ပြောလိုက်၏။
“ကျေးဇူးပါဆရာ” လုရှင်းယန်သည်အတော်လေးပျော်သွားခဲ့သည်။
….
နောက်နေ့တွင်၊ ထိုက်ရွှမ်ဂိုဏ်းဝင်ခွင့် အခမ်းနားသည် လဝက်လောက်လိုသေးသည်။ ထို့ကြောင့် မြင်းလှည်းဖြင့် သွားရန်သာပြင်ဆင်ခဲ့၏။ ဟွမ်း၊ ယွဲ့ဝူယောင်၊ လုရှင်းယန်၊ လုချောင်းယန် နှင် မုန့်ချန်အာတို့သာ သွားမည်ဖြစ်သည်။ ကျိုးဟန်သည် ဒဏ်ရာမသက်သာသေးသောကြောင့် နေခဲ့၏။
မြင်းလှည်းသည် ထိုလူငါးယောက် သက်တောင့်သက်သာ စီးလို့ရသည်အထိ ကျယ်ဝန်းသည်။ ထို့ပြင် မြင်းနှစ်ကောင်ဖြင့် ဆွဲရသည့်လှည်းဖြစ်၏။
သူတို့ ငါးယောက်သည် အသီးသီး နောက်ရာယူပြီးနောက် စတင်ထွက်ခွာခဲ့၏။
ထိုက်ရွှမ်မြို့သည် တုဟယ်မြို့နှင့် မဝေးလွန်းသော်လည်း နီးကပ်နေသည်တော့မဟုတ်ပေ။ တုဟယ်မြို့မှ မြင်းလှည်းနှင့် ငါးရက်လောက် ခရီးနှင်ရပေသည်။
ယွဲ့ဝူယောင်နှင့် လုရှင်းယန်တို့သည် တလမ်းလုံးကျင့်ကြံနေခဲ့၏။
ဟွမ်းသည် အပြင်ဘက် ရှုခင်းသာကြည့်နေခဲ့၏။
သုံးရက်ကြာပြီးနောက်...
လုချောင်းယန်သည် မုန့်ချန်အာကို လိုအပ်သည့် အရာများကို သင်ကြားပေးနေ၏။မုန့်ချန်အာသည် ငယ်စဉ်ကတည်းက သူ၏ မျက်စိရှေ့တွင် ကြီးပျင်းလာသော ကလေးဖြစ်၏။ ထို့ကြောင့် သူ၏ သမီးအရင်းကဲ့ ချစ်မြတ်နိုးပေသည်။
ထို့အချိန်တွင် ဟွမ်းသည် မုန့်ချန်အာကို ကြည့်လိုက်၏။
“မိန်းကလေးမုန့် ဒီကျောက်စိမ်းပြားလေးယူထား၊ မင်းအသက်အန္တရာယ်ရှိလာတဲ့ အချိန်မျိုးမှာ ခွဲလိုက်၊ ဒါက အိမ်တော်မှာနေတုန်းက အကူညီဖြစ်စေခဲ့လို့ပဲ” ဟွမ်းသည် ထို့သို့ပြောပြီးနောက် ကျောက်စိမ်းပြားလေးပေးလိုက်၏။
“မခံယူဝံ့ပါဘူး အရှင်.. အိမ်တော်မှာတုန်းက ကျွန်မလုပ်ရမဲ့ ကိစ္စမို့လုပ်ပေးခဲ့တာပါ” မုန့်ချန်အာသည် ထိတ်လန့်သွားပြီး ပြောလိုက်၏။
“အဆင်ပြေပါတယ်...ယူထားလိုက်”
“ကျေးဇူးတင်ပါတယ်အရှင်..” မုန့်ချန်အာသည် ကျေးဇူးတင်စွာဖြင့် ယူလိုက်သည်။ ထို့နောက် ဟွမ်းကို အရိုသေပေးလိုက်၏။
‘နတ်ဘုရား တစ်ပါးရဲ့ အကာကွယ်ကို ချန်အာ ကရသွားတာပဲ အတော်လေးကံကောင်းတယ်’
လုချောင်းသည် အတော်လေးအံ့ဩသွား၏။ ထိုနောက် ပြုံးသွားလေသည်။ ချန်အာအတွက် အနည်းဆုံးတော့ စိတ်ချရသွားပြီဖြစ်၏။
“ဝုန်း..”
ဟွမ်းတို့ မြင်းလှည်းရှေ့မှဖြတ်၍ ခန္ဓာကိုယ်တစ်ခု လွင့်စင်လာသည်။ ထို့နောက် ဘေးဘက်ရှိ သစ်ပင်နှင့် တိုက်သွား၏။ ထို့နောက်တွင် တူညီ ဝတ်စုံနှင့် လူနှစ်ဦး ရောက်လာသည်။ ခေါင်းဆောင်သည် အခြေတည်ဝိညာဉ် အဆင့်ဖြစ်ပြီး နောက်လိုက်သည် ရွှေအမြူတေ အဆင့်ဖြစ်၏။
“ခေါင်းဆောင်... ဒီကောင်က အတော်ခေါင်းမာတဲ့ ကောင်ပဲ” နောက်လိုက်တစ်ဦးသည်ပြောလိုက်၏။
“ထွက်မပြေးနိုင်အောင် သူ့ခြေထောက်ကို ရိုက်ချိုးလိုက်...” ခေါင်းဆောင်သည်သူ၏ ထိုနောက်လိုက်အားပြောလိုက်၏။
“ဟုတ်ကဲ့ခေါင်းဆောင်” နောက်လိုက်သည်ဖြေလိုက်၏။
“ရပ်လိုက်စမ်း” ထိုစကားပြောလိုက်သူမှ လုချောင်းယန် ဖြစ်၏။
“ခင်ဗျားက ဘယ်သူလဲ” ခေါင်းဆောင်ဖြစ်သူက မျက်မှောင်ကြုပ်ပြီး လေသံ မာမာနှင့်ပြောလိုက်သည်။
“ကျုပ်က တုဟယ်မြို့သခင်ပဲ၊ ခင်ဗျား အဆင့်နဲ့ ရွှေအမြူတေကျင့်ကြံသူကို အနိုင်ကျင့်တာက ကိုယ့်အဆင့်ကို နှိမ့်ချနေတာ မဟုတ်ဘူးလား”
“ကျုပ်က ကျုးဟုန် ဓားအလင်းစံအိမ် ရဲ့ ဒုခေါင်းဆောင်၊ ဒါက ကျုပ်တို့ ဓားအလင်းစံအိမ်ရဲ့ ကိစ္စပဲ၊ ပြီးတော့ ခင်ဗျားနဲ့မဆိုင်ဘူး.. ကိုယ့်လမ်းကိုသွား.. မဟုတ်ရင် ခင်ဗျားတို့ တုဟယ်မြို့ပါ ဒုက္ခရောက်သွားမယ်” ကျုးဟုန်သည် ခြိမ်းခြောက်လိုက်၏။ ဓားအလင်းစံအိမ်၏ ခေါင်းဆောင်သည် သူတော်စင်အဆင့် ကျင့်ကြံသူဖြစ်၏။ ထို့ကြောင့် တုဟယ်လို မြို့ငယ်လေးတစ်ခုအတွက် စိတ်ထဲမထားပေ။
“စိတ်ဝင်စားစရာပဲ... ကောင်လေး မင်းက အဲ့အဖိုးကြီးရဲ့ အမွေခံပေါ့” ဟွမ်းသည် ဒဏ်ရာရနေသည့်ကောင်လေးကို မေးလိုက်၏။
ကျုးဟုန်သည် အတော်လေးအံ့ဩသွား၏။
‘ဟမ် သေမျိုးလား၊ ဒီလူ ဘယ်လိုရောက်လာမှန်းတောင် မသိလိုက်ဘူး’
“ကောင်လေး ဝင် မရှုပ်ချင်စမ်းနဲ့ ဖယ်စမ်း”
ကျုးဟန်သည် အော်ငေါက်လိုက်၏။
လုချောင်းယန် “...”
‘ဒီသောက်ရူးက သေချင်နေတာပဲ’ လုချောင်းယန်၏ အတွေးဖြစ်၏။
“မင်းကိုငါ စကားပြောခွင့်ပေးထားလို့လား”
…..