← Chapters

ပိုင်ကျန့်ယွီ

Vol. 1 Ch. 9

ပိုင်ကျန့်ယွီ

Vol. 1 Ch. 9

“မင်းကိုငါ စကားပြောခွင့်ပေးထားလို့လား”

ဟွမ်းသည် လှည့်မကြည့်ပဲပြောလိုက်၏။ ထို့နောက် ကျုးဟုန် နှင့် သူ၏ နောက်လိုက်သည် နည်းနည်းမျှပင် လှုပ်မရတော့ချေ။

‘ဘာဖြစ်တာလဲ...ငါလှုပ်လို့မရတော့ဘူး’

“ခင်ဗျားက... အဟွတ်...ဟွတ်...” ဒဏ်ရာရနေသည့် ကောင်လေးက မေးရန်ပြင်လိုက်၏။

ထိုကောင်လေးသည် ပိုင်ကျန့်ယွီ ဖြစ်ပြီး အသက် ၁၅ နှစ်သာ ရှိသေး၏။ သူသည် ဒဏ်ရာ များစွာ ရထားပြီး စွမ်းအင်ကုန်ခမ်းနေ၏။ သို့သော် သူ၏ မျက်လုံးအစုံသည် စူးရှနေသည်။

“မင်းအဲ့ဒါကို အပြည့်ဝ အမွေဆက်ခံပြီးပြီလား”

ဟွမ်းသည် ပိုင်ကျန့်ယွီ ကို စိုက်ကြည့်ပြီးမေးလိုက်၏။

“စီနီယာ ဘာတွေပြောနေတာလဲ ကျုပ်မသိဘူး”

ပိုင်ကျန့်ယွီ သည် တည်ငြိမ်သည့် အမူယာ ဖြင့်ငြင်းလိုက်၏။ သို့သော် သူ၏ စိတ်ထဲအလွန်မင်း လန့်နေ၏။

‘ဒီလူ ဘယ်လိုသိတာလဲ၊ ကျုးဟုန်တို့တောင် မသိဘူးလေ’

ဟုတ်ပေသည်။ ကျုးဟုန်သည် ထိုအရာကို လိုချင်သောကြောင့် အတင်းကြပ်ဖိအားပေးနေခြင်းဖြစ်၏။ သို့သော် ဤအရာသည် ဘာမှန်းသူတို့ မသိပေ။

“စိတ်ဝင်စားဖို့ကောင်းတယ်၊ ငါ့ရှေ့မှာ အတက်နိုင်ဆုံး တည်ငြိမ်အောင် ထိန်းထားနိုင်တယ်၊ တော်တော်လေးတော့ အားနည်းသေးတယ်” ဟွမ်းသည် သူပြောချင်ရာများသာပြောနေသည်။ ထို့နောက် ဆက်ပြောလိုက်၏။

ဟွမ်း “ကူညီရမလား”

“ကျုပ်...”

“ကျုပ်ကို ကူညီပေးပါ...” ပိုင်ကျန့်ယွီသည် အနည်းငယ် စဉ်းစားပြီးနောက် အကူညီပေးရန်ပြောလိုက်၏။

‘ကျုးဟုန် တို့ကိုတောင် သူ့စကားနဲ့တင် နည်းနည်းလေးမှ မလှုပ်နိုင်တော့ဘူး၊ ငါဘာတက်နိုင်မှာလဲ၊ ပြီးတော့ မသေချာသေးပေမဲ့ ငါ့ရထားတဲ့အမွေနှစ်ကို သူသိတယ်၊ ငါ့အပေါ်ကို သတ်ဖြတ်လိုစိတ်မရှိဘူးလို့တော့ ထင်ရတာပဲ’

“ကောင်းပြီ.. ယောင်အာ၊ ရှင်းယန်” ဟွမ်းအသံကြားသည်နှင့် ထိုနှစ်ဦးသည် အနားသို့ရောက်လာ၏။

ထို့နောက် ပိုင်ကျန့်ယွီသည် ချက်ချင်းသတိလစ်သွား၏။ သူသည် သတိလစ်မသွားစေရန် စိတ်ကို တင်းခံထားခဲ့ရ၏။ သို့သော် ဟွမ်းသည် သူအပေါ် မကောင်းသည့်စိတ်မရှိဘူးဟု ထင်မိသောကြောင့် စိတ်ကို ဖြေလျော့လိုက်ခြင်းဖြစ်သည်။

“သူတို့နဲ့ လေ့ကျင့်လိုက်ကြ” ဟွမ်းသည် ကျုးဟုန်တို့ကို ချုပ်ထားသည်မှ လွှတ်ပေးလိုက်သည်။ ထိုနှစ်ဦး၏ အကြားအာရုံနှင့် အမြင်အာရုံကို မပိတ်ပင်ထားသောကြောင့် ဖြစ်ပျက်သမျှကို သိရှိနေ၏။

‘ဒီလူက ငါတို့ကို သူ့တပည့် တွေလေ့ကျင့်ဖို့ ငါတို့ကို အသုံးချနေတာပဲ၊ ပီးတော့ ကြောက်စရာကောင်းတယ်’

“ဟုတ်ကဲ့ပါ ဆရာ” ယွဲ့ဝူယောင်နှင့် လုရှင်းယန် တို့သည် တိုက်ခိုက်ရန် ပြင်လိုက်ကြ၏။

“စီနီယာ၊ ဒီကောင်လေးအတွက် ကျုပ်တို့ ဓားအလင်းအိမ်တော်နဲ့ ရန်သူဖြစ်ခံမလို့လား” ကျုးဟုန်သည် တုန်လှုပ်နေသော်လည်း အားတင်းပြီးပြောလိုက်၏။ သို့သော် ချိန်းခြောက်သည့် ပုံစံပေါက်နေ၏။

“မင်းတို့ စံအိမ်က အင်ပါယာအဆင့်ကျင့်ကြံသူရှိလား” ဟွမ်းသည် အမူယာ မပြောင်းလဲပဲ မေးလိုက်၏။

‘လာနောက်နေတာလား၊ အင်ပါယာအဆင့်တွေက ကန်စွန်းရွက်၊ ချဉ်ပေါင်ရွက် ပေါသလိုပေါတယ်ထင်နေတာလား’ ကျုးဟုန်သည့် သူ၏ ရင်ဘက်မှ သွေးများ လည်ချောင်းဆီ တက်လာသလို ခံစားလိုက်ရ၏။

“ငါ့တပည့်တွေကို အနိုင်ယူနိုင်ရင် ဒီကောင်လေးကိုပါ ခေါ်သွား” ဟွမ်းသည် ဆက်ပြောလိုက်၏။

ကျုးဟုန်၏ မျက်လုံးသည် အရောင်လက်သွား၏။ သူ့တွင် မျှော်လင့်ချက်ရှိသေးသောကြောင့်ဖြစ်သည်။

‘ရွှေအမြူတေနဲ့ အခြေတည်ဝိညာဥ် ကနဦး အဆင့်လေးတွေ’

“ပုလဲ့ အဲ့ကောင်လေးကို တိုက်လိုက်” ကျုးဟုန်သည် သူ၏ နောက်လိုက်အား အမိန့်ပေးလိုက်၏။

လုရှင်းယန်သည် ရှေ့သို့ တက်လာပြီးတိုက်ခိုက်ရန် ပြင်လိုက်၏။

“ကောင်လေးလက်နက်ထုတ်လိုက်”

ထိုသို့ပြောပြီးနောက် ပုလဲ့၏လက်ထဲတွင် ဓားတစ်ချောင်း ပေါ်လာပြီး လုရှင်းယန်ကို ခုတ်လိုက်၏။ ထိုခုတ်ချက်မှ ပေါ်ထွက်လာသည် အပြာရောင် အလင်းတန်းသည် လုရှင်းယန်ဆီသို့ ဦးတည်သွား၏။

“ဘာလက်နက်မှ မလိုသေးဘူး”

ထိုအချိန်တွင် ပတ်ဝန်းကျင်ရှိ အပူချိန်များ မြင့်တက်လာပြီးနောက် လုရှင်းယန် ၏ လက်သီးမှ အနီရောင်မီးတောက်များ ထွက်ပေါ်လာသည်။

ထို့နောက် ပုလဲ့၏ ဓားချက်ကို သူ၏ လက်သီးဖြင့် တားဆီးလိုက်၏။

“ဝုန်း...”

ပုလဲ့၏ ဓားအလင်းတန်းနှင့် လုရှင်းယန်၏ လက်သီး ထိပ်တိုက်ဆုံသွားသည့်အချိန်တွင် စွမ်းအင်ပေါက်ကွဲသံကြီး ထွက်ပေါ်လာခဲ့၏။

လုရှင်းယန်သည် ငရဲကိုဘုံမီးကျင့်စဉ်ကို တလမ်းလုံးလေ့ကျင့်နေခဲ့သည်။ သူအနည်းငယ် နားလည်မှုရသွားတိုင်း သူ၏စွမ်းအင်များ မြင့်တက်လာခဲ့ခြင်းဖြစ်၏။

လုရှင်းယန်သည် ချက်ချင်းပင် ပုလဲ့ အနားသို့ ပြေးသွားခဲ့သည်။ ထို့နောက် အနီရောင်မီးများ တောက်နေသည့် လက်သီးဖြင့် ပုလဲ့၏ ရင်ဘက်ကို ထိုးချလိုက်၏။ လုရှင်းယန်၏ အမြန်နှုန်းသည် ယွဲ့ဝူယောင်အား မမှီသေးပေ။ သို့ပေမဲ့ တစ်ဖက်လူသည်လဲ ကျိုးဟန် မဟုတ်ချေ။ ထို့ကြောင့် ပုလဲ့သည် မရှောင်နိုင်တော့ပေ။ သူသည် သတိကပ်သွားပြီးနောက် ဓားဖြင့် ခုတ်လိုက်၏။

“ဘုန်း...” ပုလဲ့သည် ချက်ချင်းလွင့်စင်သွား၏။

သူသည် ဓားဖြင့်မခုတ်လိုက်ရပေ။ လုရှင်းယန်၏ လက်သီးကအရင် သူ့ရင်ဘက်ဆီ ရောက်သွားသောကြောင့် လွင့်စင်ပြီးနောက် ကျောက်တုံးကြီးဖြင့် တိုက်မိသွားသည်။

ပုလဲ့၏ရင်ဘက်တစ်ဝှိုက်ရှိ အဝတ်စားသည် မီးများလောင်ကျွမ်းသွားခဲ့၏။ ထိုနေရာတွင် မဲနက်နေသည့် ဒဏ်ရာ ကြီးပေါ်လာခဲ့သည်။ ထို့နောက်သွေးတလုတ် အန်လိုက်ရ၏။

‘ငါ့သားရဲ့ စွမ်းအားက ရွှေအမြူတေ ကျင်ကြံသူနဲ့တောင်မတူဘူး၊ သူ့ဆရာက အတော်လေး အစွမ်းထက်တဲ့ ကျင့်စဉ်ပေးထားတာထင်တယ်’

လုချောင်းယန်သည် သူသား၏ စွမ်းအားကိုမြင်ပြီးနောက် အတော်လေးသဘောကျပျော်ရွင်နေ၏။

‘ဒီကောင်လေး အတော်အစွမ်းထက်လာပြီပဲ’

မုန်ချန်အာသည် ထိုသို့တွေးလိုက်၏။

‘ဒီလူရဲ့ တပည့်တွေကို လျော့တွက်လို့မရတော့ဘူး၊ အားလုံးထဲမှာ ဟိုမိန်းကလေးတော့ အဆင့်အနိမ့်ဆုံးပဲ’ ကျုးဟုန်သည် မုန့်ချန်အာကို လှမ်းကြည့်လိုက်သည်။

သူတို့သည် အတွေးကိုယ်စီနဲ့ ဖြစ်နေကြသည်။သို့သော် ဟွမ်းနှင့် ယွဲ့ဝူယောင်ကတော့ ငြိမ်သက်စွာ ကြည့်နေကြ၏။

“ခွေးကောင်” ပုလဲ့သည် အတော်လေးဒေါသထွက်လာသည်။ ထိုက်နောက် တိုက်ခိုက်ရန်ပြင်လိုက်၏။

“ဝုန်း” ပုလဲ့ တိုက်ခိုက်ရန်ပြင်နေချိန်တွင် လုရှင်းယန်၏ လက်သီးသည် ထက်မံဝင်ရောက်လာခဲ့၏။ ဤတစ်ကြိမ်တွင်လဲ ရင်ဘက်ရှိ ဒဏ်ရာကို ထပ်ပြီး ထိုးလိုက်ပြန်သည်။ ပုလဲ့သည် သူ့နောက်ရှိ ကျောက်တုံးကြီး ထပ်မံတိုက်မိပြန်၏။ သိုသော် ယခုအကြိမ်တွင်တော့ ကျောက်တုံးကြီးပါ ကွဲကြေသွားပြီး ပုလဲ့သည်လည်း ပေ တစ်ရာခန့်ထိ လွင့်စင်သွားခဲ့ရတော့သည်။

သေသလား ရှင်သလားတော့မသိရပေ။

“ဆရာ ဒီကောင်က ခဏလေးနဲ့ မှောက်သွားပြီ” လုရှင်းယန်သည် ဟွမ်းကိုလှမ်းပြောလိုက်၏။

ထိုအချိန်တွင် ကျိုးဟုန်၏ မျက်လုံးသည် အရောင်လက်သွားခဲ့သည်။ ထို့နောက် ချက်ချင်း ဆိုသလို မုန့်ချန်အာ ဘေးတွေ ပေါ်လာပြီးနောက် ဓားဖြင် ချိန်ရွယ်ရန်ပြင်လိုက်၏။

သို့သော် မုန့်ချန်အာ အနားတွင် ချက်ချင်းဆိုသလို ခရမ်းရောင် ရေခဲအကာကွယ်လွှာ တစ်ခုပေါ်လာခဲ့၏။ မုန့်ချန်အာ အတော်လေး လန့်သွားလေသည်။

“ထင်တာမမှားဘူးဆိုရင်၊ ရှင့်ပြိုင်ဘက်က ကျွန်မပါ၊ ဘာကြောင့် ယုတ်ညံ့တဲ့ ကိစ္စကို လုပ်ချင်ရတာလဲ”

ယွဲ့ဝူယောင်သည် ကျုးဟုန် အနီးတွင် ပေါ်လာပြီးနောက် လက်ဝါးဖြင့်ရိုက်လိုက်ရန် အလျင်မြန်ရောက်လာသည်။

ကျုးဟုန်သည် ချက်ချင်းပင် ယွဲ့ဝူယောင် ကို ဓာအလင်းတန်း သုံးချက် လွှဲလိုက်၏။ ထို ဓားအလင်းတန်းသည် ပုလဲ့ ပစ်လွှတ်သည့် ဓာအလင်းတန်းထက် ဆယ်ဆခန့် ပိုမို အားကောင်း၏။ သူသည်မပေါ့ဆရဲပေ။ သူ၏ စွမ်းအား ငါးဆယ်ရာခိုင်နှုန်းခန့်ပါဝင်၏။

သူမသည် ရှေ့က နှစ်ခု အား အသာယာ ရှောင်တိမ်းလိုက်၏။ သို့သော် တတိယ ဓားချက်ကို ရှောင်လွဲ၍မရတော့ပေ။ ထို့ကြောင့် သူမ၏လက်ဝါးဖြင့် ထိပ်တိုက် ရင်ဆိုင်လိုက်၏။

“ဝုန်း...” ထိုအလင်းတန်းကြောင့် သူမ၏အရှိန်သည် ရပ်တန့်သွား၏။

“မဖြစ်နိုင်တာ” ဤဓားချက်သည် ရိုးရှင်းသော်လည်း သူ၏ ဝိညာဉ်စွမ်းအား များစွာ ထည့်သွင်းထားခြင်းဖြစ်၏။

ကျုးဟုန်သည် အံကြိတ်လိုက်ပြီး ဓားအတွင်းသို့ ဝိညာဉ် စွမ်းအား များစွာထည့်သွင်းလိုက်သည်။

“ဖျတ်စီးခြင်း ဓားအလင်းလှိုင်း” ရှိသမျှအားကုန်လွှဲ၍ ယွဲ့ဝူယောင်ဆီသို့ ဓားချက် ပစ်လွှတ်လိုက်၏။

ယွဲ့ဝူယောင်သည် လေးနက်သွားပြီး သူမ၏ လက်ဖဝါးတွင် ဝိညာဉ်စွမ်းအင်များ စုစည်းလိုက်လေသည်။ ပတ်ဝန်းကျင်၏ အပူချိန်သည် ချက်ချင်း ကျဆင်းသွား၏။ ထို့နောက် ပြင်းထန်လှသည် အအေးဓာတ် ထွက်ပေါ်လာ၏။

‘ဆရာတူအစ်မက အတည်တိုက်တော့မယ်’

လုရှင်းယန်သည် ထိုအရာကို မြင်သည်နှင်တပြိုင်နက် မုန့်ချန်အာ ဆီသို့ အလျှင်မြန် ပြေးသွားပြီးခဲ့သည်။ ထို့နောက် ရေခဲအလွှာဖြင့် ကာကွယ်ပေးထားသည့် သူမကို ပွေ့ချီ၍ ဟွမ်းအနီးသို့ ရောက်လာခဲ့၏။

ထိုအအေးဒဏ်ကို မီးဓာတ်ရှိသော လုရှင်းယန်ပင် မခံနိုင်ခဲ့ချေ။ မုန့်ချန်အာဆိုလျှင်တော့ ပြောနေစရာ မလိုတော့ပေ။ ဟွမ်းသည် သူတို့ နှစ်ဦးအား အကာကွယ် တစ်ခုလုပ်ပေးလိုက်၏။ ထိုမှသာ သက်သာသွားသည်။

“အေးခဲသောလ၏ရိုက်ချက်” ယွဲ့ဝူယောင်သည် ချက်ချင်းပင် တိုက်ခိုက်လိုက်၏။ ထိုလက်ဝါး ဖြတ်သွားသည့် လမ်းကြောင်း တစ်ခုလုံး အေးခဲ့ပြီးကျန်ခဲ့၏။

“ဝုန်း.......”

စွမ်းအင်နှစ်ခု ထိတွေ့သွားသည့် အချိန်တွင် ပေါက်ကွဲသံ အကျယ်ကြီးပေါ်လာခဲ့၏။

ကျုးဟုန်သည် မကောင်းသည့်ခံစားချက်များဖြစ်ပေါ်နေပြီး စိုးထိတ်နေ၏။

ထို့နောက်တွင် ကျုးဟုန်၏ ဓားအလင်းလှိုင်းသည် ပျောက်ကွယ်သွားပြီဖြစ်၏။ သို့သော် ယွဲ့ဝူယောင်၏ လက်ဝါးချက်သည် သူ့ကို ထိမှန်သွားခဲ့သည်။ ရှောင်တိမ်းချိန်တောင် မရခဲ့ချေ။

“ဒီစွမ်းအားလောက်နဲ့ ဓားပြလုပ်နေကြတာလား”

‘ကျုပ်လဲ အစ်မကြီး နဲ့ မတွေ့ခင်အထိ၊ အခြေတည်ဝိညာဉ်အဆင့်မှာ သောက်ရမ်းကြမ်းတဲ့ လူတစ်ယောက်ပါ၊ ကျုပ်က စွမ်းအားနိမ့်နေတာ မဟုတ်ဘူး၊ အစ်မကြီး ကိုက သောက်ရမ်းကြမ်းနေတာ’

ကျုးဟုန်သည် အော်ပြောလိုက်ချင်စိတ်ပေါက်သွားသည်။ သို့သော် ပြောခွင့်မရခဲ့ချေ။ ခရမ်းရောင်ရေခဲ ရုပ်တု ဖြစ်သွားသည့်အတွက် ထိုစကားများကို ရင်ထဲတွင်သာ သိမ်းထားခဲ့လိုက်ရသည်။

“မိန်းကလေးယွဲ့ က ပိုပြီးအစွမ်းထက်လာပြီ” လုချောင်ဟန်သည် ယွဲ့ဝူယောင်အနီးရောက်လာပြီး ပြောလိုက်၏။

“မြို့သခင်က မြှောက်နေပါပြီ၊ ကျွန်မ လိုအပ်ချက်တွေရှိပါသေးတယ်” ယွဲ့ဝူယောင်သည် တည်တည်ငြိမ်ငြိမ်ဖြင့်သာပြာလိုက်၏။

“စီနီယာ မှောင်တော့မယ် ရှေ့နားကြရင် နားဖို့ နေရာရှာရလိမ့်မယ်၊ ဒီကောင်လေးကိုရော ဘယ်လိုလုပ်မလဲ” လုချောင်းယန်သည် သတိလစ်နေသည့် ပိုင်ကျန့်ယွီ လက်ညိုးထိုးပြီးမေးလိုက်၏။

“ခေါ်ခဲ့လိုက်” ဟွမ်းစကားကြားပြီးနောက် လုရှင်းယန်သည် ပိုင်ကျန့်ယွီ ကို လှည်းပေါ်တင်လိုက်၏။ ပြီးနောက်မြင်းလှည်းသည် ထွက်ခွာ သွားတော့သည်။

ထိုအချိန်တွင် ကျုးဟုန်ကို ခဲထားခဲ့သော ရေခဲများ ပျောက်ကွယ်သွားခဲ့၏။ ကျုးဟုန်သည် ပျော်ရွှင်သွားသည်။ သိုသော် သူ၏ ပျော်ရွှင်မှုသည် ကြာကြာမခံလိုက်ရချေ။ အနက်ရောင် မီးတောက်သည် သူ၏ ခန္ဓာကိုယ်အား ချက်ချင်းလောင်ကျွမ်းသွားခဲ့၏။

“မဟုတ်ဘူး...” သူ၏ ဝိညာဉ်ပါ မကျန်ခဲ့ချေ။

သတိမေ့နေသော ပုလဲ့ သည်လဲ ထိုနည်းတူပင် ဖြစ်ပျက်သွားခဲ့သည်။ ထို့နောက် ဤ လမ်းလေးသည် ပြန်လည်တိတ်ဆိတ်ငြိမ်သက်သွား၏။ ဓားအလင်းစံအိမ်၏ ဒုခေါင်းဆောင်သည် ဤသို့ လူမသိ သူမသိသေဆုံးခဲ့ရခြင်းဖြစ်၏။

…..

ပိုင်ကျန့်ယွီသည် သတိရလာခဲ့သည်။ ညနက်နေပြီဖြစ်၏။

“ဆရာ ဒီကောင်လေး နိုးလာပြီ” လုချောင်းယန်သည် အကြမ်းရည် သောက်နေသည့် ဟွမ်းကို အသိပေးလိုက်၏။

“ကျုပ်ကို ကယ်တင်ပေးခဲ့လို့ ကျေးဇူးတင်ပါတယ်” ပိုင်ကျန့်ယွီသည် အားနည်းစွာ ပြောလိုက်၏။

“မင်း ငါ့တပည့်ဖြစ်ချင်လား” ဟွမ်းသည် မေးလိုက်၏။

“ကျုပ်...” ပိုင်ကျန့်ယွီသည် အနည်းငယ် စဉ်းစားနေ၏။

‘ဒီလူက အတော်လေးအစွမ်းထက်မှာတော့ဘကျိန်းသေတယ်၊ ဒါပေမဲ့ ငါဆရာတင်လိုက်သင့်လား’

ပိုင်ကျန့်ယွီ အနေဖြင့် အတွေးများနေသည်မှာ သဘာဝကျပေသည်။ သူရထားသည့် အမွေ နှစ်ကို ဟွမ်းကသိနေခြင်းဖြစ်သည်။

“လူအိုကြီး ခုထိ ထွက်မလာသေးဘူးလား”

…..

All Chapters