← Chapters

တတိယတပည့်

Vol. 1 Ch. 10

တတိယတပည့်

Vol. 1 Ch. 10

“လူအိုကြီး ခုထိ ထွက်မလာသေးဘူးလား” ဟွမ်းသည် ပိုင်ကျန့်ယွီကို ကြည့်ပြီး ငေါက်လိုက်၏။

“စီနီယာ ဘာကို...” ပိုင်ကျန့်ယွီသည် ကြောင်အသွား၏။

“ဟားဟား... မိတ်ဆွေဟောင်းကြီး အရင်လို ဒေါသကြီးနေတုန်းပဲ” ပိုင်ကျန့်ယွီ ၏ မျက်ခုံးနှစ်ခုကြားမှ အလင်းတင်း တစ်ခုထွက်လာခဲ့သည်။ ထို့နောက် ဝိညာဉ် ပုံစံဖြင့် အဖိုးကြီးတစ်ဦးထွက်ပေါ်လာသည်။

ပိုင်ကျန်ယွီသည် အတော်လေး လန့်သွား၏။

“ဒီအဖိုးကြီးကဘယ်သူလဲ၊ ဘာလို့ ငါ့ဝိညာဥ် ပင်လယ်ထဲ ကထွက်လာတာလဲ’

ထိုဝိညာဉ်အဖိုးကြီးကို ဓားနတ်ဆိုး ဟု ခေါ်ကြသည်။ အကြောင်းမှာ သူသက်ရှင်ခဲ့စဉ်က သူ၏ဓား ကိုင်ထားချိန်တွင် နတ်ဆိုးသဖွယ် ရက်စက်လွန်းသောကြောင့်ဖြစ်သည်။

“လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ထောင်လောက်က အသက်ခံခဲ့ရတဲ့လူအိုကြီးကို ဒီလိုနေရာမှာ တွေ့ရတာ အံ့ဩစရာပါပဲ...” ဟွမ်းသည် ထိုသို့ပြောလိုက်သော်လည်း အံ့ဩဟန်မရချေ။ သူသည် ပိုင်ကျန့်ယွီကို စတွေ့ကတည်းက ဒီအဖိုးကြီးကို တွေ့ရှိခဲ့ခြင်းဖြစ်၏။

“သတ်...” ဓားနတ်ဆိုးပြောမည့်အချိန်တွင် ဟွမ်းသည် သူ့အား စိုက်ကြည့်လိုက်ခြင်းကြောင့် ပြောမည့်စကားရပ်တန့်သွား၏။ ထို့နောက် ဆက်ပြောလိုက်၏။

“ရောင်းရင်းဟွမ်း... သင်လဲ ဒီကိုရောက်နေတာလား” ဓားနတ်ဆိုးသည် မဝံ့မရဲမေးလိုက်၏။ ဟွမ်းသည် ပိုင်ကျန့်ယွီကို ကြည့်နေသည့်အချိန်ကတည်းက သူတည်ရှိမှု မပေါ်ပေါက်စေရန် ပုန်းကွယ်နေခဲ့ရ၏။ သို့သော်လည်း ဟွမ်း၏ လက်မှ မလွတ်မြောက်ခဲ့ချေ။

“ဟိုခွေးကောင်က အသုံးမကျမှန်း သိပေမဲ့ ဒီလောက်ထိ အသုံးမကျမှန်း ခုမှသိလိုက်ရတယ်၊ ဒီလိုလူအိုကြီး တစ်ယောက်ကိုတောင် သေချာအဆုံးမသတ်နိုင်ဘူး” ဟွမ်းသည် တီးတိုးရေရွတ်လိုက်၏။

‘ခွေးကောင်ဆိုတာဘယ်သူကိုပြောတာတုန်း၊ မဟုတ်မှလွဲရော အဲ့ဒီလူကိုလား’ ဓားနတ်ဆိုးသည် ထိုသို့တွေးမိပြီး မျက်လုံးပြူးသွားလေ၏။ ထို့နောက်ပြောလိုက်၏။

“ရောင်းရင်းဟွမ်းလဲ အဲ့ဒီနယ်မြေကနေ နှင်ထုတ်ခံခဲ့ရတာလား၊ ဒါဆိုဘဝတူတွေပဲ”

“ဒီကောင်လေးက မင်းအသုံးချမဲ့ ခန္ဓာကိုယ်လား” ဟွမ်းသည် ဓားနတ်ဆိုး၏စကားများကို ဂရုမစိုက်ချေ။ သူပြောချင်ရာ ပြောနေ၏။

“မ...မဟုတ်ပါဘူး။ ရောင်းရင်းဟွမ်း အထင်လွဲနေပါပြီ” ဓားနတ်ဆိုးသည် ပြာယာခပ်သွားပြီးနောက် အလျင်စလိုရှင်းပြလိုက်၏။

“စီနီယာ.. ဒီအဖိုးကြီးက ကျုပ်ခန္ဓာကိုယ် လုမှာဆိုတာ ဘာကိုယ်ပြောတာလဲ” ပိုင်ကျန့်ယွီ သည် စိတ်ရှုပ်ထွေးစွာမေးလိုက်၏။

“မင်းခန္ဓာကိုယ်က မွေးရာပါ ဓားသန္ဓေခန္ဓာကိုယ်ရှိတယ်၊ မင်း ဒီအဖိုးကြီးရဲ့ အမွေကို ရုတ်တရက်ကြီး ရသွားတာက၊ ကံကောင်းလွန်းလို့လား ၊တိုက်ဆိုင်လို့လား” ဟွမ်းသည် ရှင်းပြလိုက်၏။

ပိုင်ကျန့်ယွီသည် အတော်လေးအံ့ဩသွား၏။

သူသည် ကျီလင်းမြို့၏ အမဲလိုက်သမား တစ်ဦးဖြစ်၏။ သူသည် မိဘဆွေမျိုးသားချင်းများမရှိသည့် တစ်ကောင်ကြွက်သာဖြစ်၏။ ထို့အပြင် ချီသန့်စင်ခြင်း အဆင့်သာရှိ၏။ သူသည် အမဲလိုက်၍ရခဲ့သည်တောကောင်များကို ပုလဲ့ဆီကို တင်သွင်းရသည်။

တစ်နေ့အမဲလိုက်ရင်း အမှတ်တမဲ့ဖြင့် သေတ္တာငယ်လေးတစ်လုံး တွေ့ခဲ့ရသည်။ သူ့သေတ္တာကို စူးစမ်းရင်း ဖွင့်လိုက်သည့်နောက် အလင်းတန်းတစ်ခုသည် သူ၏ မျက်ခုံးနှစ်ခုကြားတိုးဝင်သွားခဲ့သည်။ ထို့နောက် သတိမေ့သွားခဲ့၏။

သူသည် သတိလစ်နေချိန် သူ၏ အိမ်မက်ထဲတွင် ဓားနည်းစနစ်များ သုံးပြနေသည့် အမဲရောင် အရိပ်တစ်ခုကို ကြည့်နေခဲ့ရ၏။ သတိရလာပြီးနောက် ထို နည်းစနစ်များကို နားလည်နေခဲ့သည်။ ထို့ကြောင့် စမ်းသပ်ကြည့်ရင်း သူသည် ဓားလမ်းစဉ်ပေါ်သို့ မသိမသာရောက်သွားခဲ့၏။

လအနည်းငယ်ကြာပြီးနောက် သူသည် ရွှေအမြူတေ အဆင့်သို့ ရောက်သွားခဲ့သည်။ ထိုအချင်းရာကို ပုလဲ့ သိရှိသွားပြီးနောက် ရတနာတစ်ခုခု ရခဲ့သည်ဟု ထင်သွားခဲ့သည်။ ထို့နောက် ကျုးဟုန် နှင့်ပေါင်း၍ လုယူခြင်းဖြစ်၏။

‘ဒါက ကံကောင်းလို့လား၊ တိုက်ဆိုင်တာလား၊ မဟုတ်သေးဘူး... အစကတည်းက ကြိုတင်ကြံစည်ထားတာဆိုရင်ရော...’ ပိုင်ကျန့်ယွီသည် အတွေးများစွာ တင်ရောက်လာပြီးနောက် တုန်လှုပ်သွား၏။

“ကျန့်ယွီ မင်း အထင်လွဲတာပါ၊ ငါ ရှင်သန်စဉ်တုန်းက တပည့်တစ်ယောက်မှမရှိခဲ့ဘူး၊ ဒါကြောင့် ငါ သေဆုံးသွားပြီးနောက် ငါ့ဓားအမွေ ဆက်ခံသူ ရှိအောင် ထားခဲ့တာ” ဓားနတ်ဆိုးသည် ပိုင်ကျန့်ယွီအား အစောတလျင် ရှင်းပြလိုက်သည်။

“ဒါဆို ဒီကောင်လေးက အမွေဆက်ဆံပြီးပြီလေ ၊ မင်းက ဘာလို့ သူ့ဝိညာဉ်စွမ်းအားတွေ စုပ်ယူနေတာလဲ၊ သူကြီးပျင်းလာတာကို ကြည့်ချင်လို့လို့တော့ မပြောနဲ့နော်” ဟွမ်းသည် လောင်စာထပ်ထည့်လိုက်၏။

စွမ်းအားမြင့် ကျင့်ကြံသူများသည် သူတို့သေဆုံးခါနီးဆိုလျင် သူတို့၏ နည်းစနစ်များ ပျောက်ကွယ်မသွားစေရန် အမွေနှစ်များ ထားခဲ့၏။ ပုံမှန်ဆိုလျင် သူတို့အမွေဆက်ဆံသူနှင့် ဆုံပြီးရင် အမှာတမ်းခြွေရမ်အတွက် ဝိညာဉ်အပိုင်းစ ငယ်လေးများ ခွဲထုတ်ထားခဲ့ကြသည်။ ထိုဝိညာဉ်စ သည် အမွေဆက်ခံသူနှင့်တွေပြီးသည့်နောက် စိတ်ချသွားပြီး ပျောက်ကွယ်သွားကြမည်ဖြစ်သည်။ သို့သော် ဓားနက်ဆိုးသည် မပျောက်ကွယ်သည့်အပြင် သူ၏ တည်ရှိမှုပါ ဖုံးကွယ်ထားခဲ့၏။ ထို့အပြင် ပိုင်ကျန့်ယွီထံမှညဝိညာဉ်စွမ်းအားပါ စုပ်ယူနေခဲ့ခြင်းဖြစ်သည်။

“ဒါ..” ဓားနတ်ဆိုးသည် ရှုံမဲ့နေ၏။

“စီနီယာ ကျုပ်ဘယ်လိုလုပ်သင့်လဲ” ပိုင်ကျန့်ယွီသည် ဟွမ်းကိုမေးလိုက်၏။ သူသည် ကြိုးကြိုးစားစားကျင့်ကြံခဲ့လျင်တောင် သူများအတွက် ကြိုးစားပေးသလိုဖြစ်နေမည် ဖြစ်သည်။

“ကောင်းပြီ၊ ခုန ငါမေးထားတဲ့မေးခွန်းကို ဖြေလို့ရပြီ၊ ဒါပေမဲ့ မဆုံးဖြတ်ခင်သေချာ စဉ်းစား” ဟွမ်းသည် ရွှေးချယ်ခွင့်ပေးလိုက်၏။

ပိုင်ကျန့်ယွီသာ သူကိုဆရာ အဖြစ် အသိမှတ်ပြုမည် ဆိုလျှင် ဒီကိစ္စကို ရှင်းပေးလိုက်မည်ဖြစ်၏။ သူ၏ တပည့်မဖြစ်ချင်ဘူးဆိုလျင်လည်း ကိစ္စမရှိပေ။ ကျန်တာတော့ ပိုင်ကျန့်ယွီ အပိုင်းသာဖြစ်၏။

“ကျုပ်...” ပိုင်ကျန့်ယွီသည် စဉ်းစားနေ၏။

“ကျန့်ယွီ ဒီကောင့်ကို မယုံနဲ့၊ ငါက ကျင့်ကြံခြင်းလောကမှာ ရက်စက်လို့ ဓားနတ်ဆိုးလို့ခေါ်ကြတယ်၊ ဒါပေမဲ့ ငါ့ရက်စက်မှုက ဟွမ်းနဲ့ ယှဉ်ရင် ဘာမှ မဟုတ်ဘူး၊ သူ့ကို ဆရာတင်လိုက်ရင် ခြင်္သေ့ဂူထဲ မျက်စိမှိတ်ဝင်သွားတာနဲ့ အတူတူပဲ၊ အနည်းဆုံးတော့ ငါက ဓားလမ်းစဉ်ကို ညွှန်ပြပေးနိုင်တယ်၊ မင်းအတွက် ကြီးကျယ်တဲ့ အောင်မြင်မှုတွေ ရလာနိုင်တယ်” ဓားနတ်ဆိုးသည် ဟွမ်းကို နိမ့်ချပြီး အနာဂတ် ပိုင်ကျန့်ယွီ ရရှိလာနိုင်မည့် ကျော်ကြားမှုနှင့် မက်လုံးပေးလိုက်၏။

“အဲ့ဒီအချိန်မှာ ခင်ဗျားက ကျုပ်ခန္ဓာကိုယ်ကို ယူသွားမှာမလား” ပိုင်ကျန့်ယွီသည်သလျော်လိုက်၏။

ဓါးနတ်ဆိုး “မင်း..”

“စီနီယာ...စိတ်မပြောင်းသေးဘူးဆိုရင်၊ ကျုပ်ကိုတပည့်အဖြစ်လက်ခံပေးပါ” ပိုင်ကျန့်ယွီသည် ဟွမ်းကို ဦးညွှတ် ပြီးပြောလိုက်၏။

ဓားနတ်ဆိုးသည် ပိုင်ကျန့်ယွီ၏ အနာဂတ် အန္တရာယ်မှန်းသိရှိပြီးနောက် ကြောက်လန့်သွားရသည်။ ဟွမ်း၏အကြောင်းသေချာမသိသေးသော်လည်း ဓားနတ်ဆိုးနှင့် ယှဉ် လျှင် အန္တရာယ် ရှိသည့်ပုံမပေါ်ချေ။ ထို့အပြင် ဟွမ်းသည် အတော်အစွမ်းထက်မည်ဟု တွေးမိ၏။ အဘယ်ကြောင့်ဆိုသော် ဓားနတ်ဆိုး ကိုယ်တိုင် ကြောက်လန့်နေသောကြောင့်ဖြစ်သည်။

လုရှင်းယန်သည် သူတို့ပြောနေသည်များအား နားမလည်သော်လည်း စိတ်ဝင်တစားကြည့်နေ၏။

‘ငါက ဆရာတူညီလေး တစ်ယောက်ရတော့မှာပဲ’

ယွဲ့ဝူယောင်သည့် ကျင့်ကြံခြင်းတွင် နစ်မြုပ်နေ၏။

လုချောင်းယန်နှင့် မုန့်ချန်အာတို့သည်လည်း စိတ်တင်တစားနားထောင်နေကြသည်။

“ဒီနေ့ကစပြီး မင်းက ငါ့ရဲ့ တတိယမြောက်တပည့်ပဲ” ဟွမ်းသည်လက်ခံလိုက်သည်နှင့်တပြိုင်နက် ပိုင်ကျန့်ယွီသည် အရိုသေပေးလိုက်သည်။ သူသည် ဟွမ်း၏ တတိယတပည့်ဖြစ်လာခဲ့၏။

“ကောင်လေး မင်းဒီလူက ဘယ်လိုလူဆိုတာမျိုးရောသိရဲ့လား၊မင်းအခုလို အဆင့်ရောက်အောင် ငါလုပ်ပေးထားတာနော် “ ဓားနတ်ဆိုးသည် အစောတလျင်ပြောလိုက်၏။

“ဆရာက ခင်ဗျားလို ဒုက္ခပေးမဲ့သူမဟုတ်ဘူး၊ ပြီးတော့ ခင်ဗျားက ဒီလောက်ကြောက်နေတာ ဆိုတော့ ကျိန်းသေ ဆရာက ပိုအစွမ်းထက်လိမ့်မယ်၊ အဲ့ဒါကြောင့် ခင်ဗျားအမွေကို စိတ်ထဲတောင်ထည့်မှာမဟုတ်ဘူး” ပိုင်ကျန့်ယွီသည် ဓားနတ်ဆိုကို အထင်သေးသည့်အကြည့်ဖြင့်ပြောလိုက်သည်။

“ကောင်လေး..မင်း..”

“နားညီးတယ်” ဓားနတ်ဆိုးဆက်ပြောမည့်အချိန်တွင် ဟွမ်းသည် ဖြတ်ပြောလိုက်၏။ ဟွမ်းသည် သူ၏ လက်နှင့် ဓားနတ်ဆိုး၏ ဝိညာဉ်ရှိရာသို့ ဖမ်းဆုပ်လိုက်၏။ ထိုအချိန်တွင် ဓားနတ်ဆိုး၏ ဝိညာဉ်သည် ချက်ချင်းပင် ဟွမ်း၏ လက်ထဲသို့ရောက်သွား၏။

“ဟွမ်း ငါ့ကို သက်ညာပေးပါ၊

ဒီကောင်လေးကိုလဲ မလိုချင်တော့ဘူး၊ ငါ့ကို ထွက်သွားခွင့်ပြုပါ” ဓားနတ်ဆိုးသည် အကြောက်ကန် ငြင်းနေ၏။ သို့သော် ဟွမ်းသည် ချက်ချင်းပင် ဓားနတ်ဆိုး၏ ဝိညာဉ်ကို လုံးချေလိုက်၏။

“ဓားနတ်ဆိုးရဲ့ သိစိတ်ကို ဖယ်ရှားလိုက်ပြီ၊

ဒီအရာက မင်းရဲ့ ဓားလမ်းစဉ်အတွက် အထောက်ကူပြုလိမ့်မယ်၊ ဒီလူက အရင်က တော်တော်အားကောင်းခဲ့တယ်၊ ဝိညာဉ် အဖြစ်ပဲ ရှိနေရင်တောင် အထင်သေးလို့မရဘူး၊ ဒါကြောင့် အလောတကြီးမစုပ်ယူနဲ့” ဟွမ်းသည် ပိုင်ကျန့်ယွီ၏ ဝိညာဉ်ပင်လယ် ထဲကို ထည့်သွင်းပေးလိုက်သည်။

“ကျေးဇူး တင်ပါတယ် ဆရာ” ပိုင်ကျန့်ယွီသည် စိတ်ရင်းဖြင့်ကျေးဇူးတင်မိနေ၏။ ထို့အပြင်သူသည်ရိုးသားသည့်လူတစ်ယောက်ဖြစ်၏။ သူကိုယ်တိုင်မသိခဲ့သည့် အနာဂတ်က အန္တရာယ်ကိုလည်းရှင်းပေးခဲ့သည်။ သူသည် ရုတ်တရက် ကျင့်ကြံခြင်းလောကထဲသို့ ရောက်လာခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ကျင့်ကြံခြင်းလောကနဲ့ ပတ်သတ်သည့် ဗဟုသုတ အသိပညာများသိပ်မရှိပေ။

ထိုအချိန်တွင် ဟွမ်းသည် ရောက်လာခဲ့ခြင်းကြောင့် ကျင့်ကြံခြင်းလောကသည် ထင်သလောက်မရိုးရှင်းသည်ကို သိရှိခဲ့ရသည်။

“တတိယညီလေး..ငါက မင်းရဲ့ ဒုတိယအကိုလုရှင်းယန်ပဲ၊ ဆရာတူအစ်မ ယွဲ့ဝူယောင်က အစ်မကြီးဖြစ်သွားပြီ ဟီးဟီး” လုရှင်းယန်သည် ပိုင်ကျန့်ယွီ၏ အနားသိုရောက်လာပြီး ပုခုံးဖက်ကာ ရယ်ရယ် မောမော ပြောလိုက်၏။

“ဒုတိယအကို...” ပိုင်ကျန့်ယွီသည် လေးစားမှုပြလိုက်၏။

ထိုစဉ် ပူပြင်းလှသည့် အလင်းတန်း တစ်ခုသည် ကောင်းကင်ထက်တွင် ဖြတ်သန်းသွား၏။

ထိုအပူရှိန်သည် မီးစွမ်းအား ကျင့်ကြံနေသည့် လုရှင်းယန်၏ စိတ်ထဲတွင် မသက်မသာ ခံစားမိလိုက်၏။ သူတို့အားလုံးသည် ထိုအလင်းတန်းကို လှမ်းကြည့်လိုက်၏။ သို့သော် မြန်လွန်းလှသဖြင့် မြင်ကွင်းမှ ပျောက်ကွယ်သွားသည်ဖြစ်၏။

“မင်းတို့ ဒီမှာ စောင့်နေကြဦး” ဟွမ်းသည် ထိုအရာကို စိတ်ဝင်စားသွားပြီးနောက် ချက်ချင်း နေရာမှ ပျောက်ကွယ်သွား၏။

….

ကောင်းကင် ထက်တွင် ကျားတစ်ကောင်သည် အမြန်နှုန်း ဖြင့်ပျံသန်းနေသည်။ သူ၏ အရှိန်သည် အလွန် လျင်မြန်လှ၏။

“အဆင့်နိမ့်လူသားတွေကများ ငါ့ကို ဖမ်းမိနိုင် မယ်ထင်နေတာလား...ဟာသပဲ”

ထို့နောက် ထိုးကျားသည် မျက်မှောင်ကြုတ်သွားပြီး ချက်ချင်း ရပ်တန့်လိုက်ရ၏။ အကြောင်းမှာ သူ၏ ပျံသန်းရာလမ်းကြောင်းတည့်တည့်တွင် အဖြူဝတ်လူတစ်ဦး ပိတ်ရပ်နေသောကြောင့်ဖြစ်၏။

“လူသား မသေချင်ရင် လမ်းဖယ်လိုက်စမ်း”

…..

All Chapters