ကောင်းကင်ကျားမျိုးနွယ်
Vol. 1 Ch. 11
“လူသား မသေချင်ရင် လမ်းဖယ်လိုက်စမ်း”
ထိုကျားသည် ချက်ချင်း ဟိန်းဟောက်လိုက်၏။
“ကြောင်ပေါက်လေး မဆိုးဘူး၊ မင်းမှာရှိတဲ့ မီးစွမ်းအင်က အတော်လေးကောင်းတယ်၊ အဲ့ဒါကြောင့် မင်းရဲ့ မီးဝိညာဉ်ကို ထုတ်ပေး ငါယူမယ်” ဟွမ်းသည် ထိုကျားကို သေချာစစ်ဆေးနေရင်းပြောလိုက်၏။
“ငါ့နာမည် ချီဟူ ကွ၊ ငါက ကောင်းကင်ကျားမျိုးနွယ်က ကျားတစ်ကောင်ကွ၊ ကြောင်ပေါက်လေး မဟုတ်ဘူး ကျားကွကျား” ချီဟူ သည် ဒေါသတကြီးရှင်းပြ၏။
“နေပါဦး..၊ဘာကိုလိုချင်တာ...” ကြောင်ပေါက်လေး ဟု ခေါ်ခံရခြင်းကို ဒေါသထွက်သွားခဲ့သည်။ ထို့ကြောင့် နားကြားမှာသည်အထင်နှင့်ထပ်မေးလိုက်၏။
“မင်းရဲ့ မီးဝိညာဉ်လေ” ဟွမ်းသည် ထပ်ပြောလိုက်၏။
“လူသား အတင့်ရဲလှချေလား၊ ငါတို့ ကောင်းကင်ကျားမျိုးနွယ်ကို ဟာသလို့ထင်နေလား၊ အခု ချက်ချင်းဖယ်စမ်း၊ မဖယ်ရင် မင်းကိုတိုက်တော့မယ်” ချီဟူ၏ ဒေါသများသည် အလွန်မင်း မြင့်တက်လာ၏။
သူ၏ မီးဝိညာဉ် ထုတ်ပေးလိုက်မှတော့ သူတကယ့်ကြောင်ပေါက်လေး ဖြစ်သွားပေမည်။ ကောင်းကင်ကျား မျိုးနွယ်ကို လာရှုပ်နေတာလား။ ဒီကောင်အသက်မရှင်ချင်တော့ဘူလား။
ချီဟူသည် သူတော်စင်အဆင့်ရောက်နေသည့်သားရဲတစ်ကောင်ဖြစ်၏။ သူတော်စင်အဆင့်သည် မရှားပါးသော်လည်း ကျင့်ကြံသူတိုင်းရောက်နိုင်သည့် အဆင့်မဟုတ်ပေ။ သားရဲများ၏ သက်တမ်းသည် လူသားများထက် ရှည်လျားသည်။ ထို့အပြင် သူတို့ သားရဲမျိုးစိတ်နှင့် ဆိုင်သည့် တိုက်ခိုက်ရေးနည်းစနစ်များသည် မွေးရာပါ ဖြစ်ပြီး သင်ကြားရန်မလိုအပ်ပေ။ သို့သော် လူသားများကဲ့သို့ အလွယ်တကူ မကျင့်ကြံနိုင်ပေ။ အဆင့်တစ်ခုတက်ရန် လူသားများထက် ဆယ်ဆခန့် ခက်ခဲပေသည်။ ထို့ကြောင့် သားရဲများသည် ကျင့်ကြံရင်း အစွမ်းထက်လာသည့်သားရဲထက် အရိုင်းစိတ်ဝင်သွားသည့် သားရဲများ ပို၍များပေသည်။ ထို့အပြင် နတ်ဘုရင် အဆင့်ရောက်မှသာ လူသားအသွင်းပြောင်းနိုင်ခြင်းဖြစ်သည်။
ထို့နောက် ချီဟူသည် သူ၏ပါးစပ်ဟလိုက်၏။ သူ၏ ပါးစပ်တွင် မီးစွမ်းအင်များ စုစည်းလာလေသည်။ ထို့နောက် ချက်ချင်းပင် မှုတ်ထုတ်လိုက်၏။
“ငါ့ရဲ့အခမ်းနားဆုံး တိုက်ကွက်ကိုကြည့်လိုက်”
“သွားစမ်း မီးဘောလုံး...”
ထိုမီးဘောလုံးသည် အရှိန်ဖြင့် ဟွမ်းဆီ ဦးတည်သွားသည်။
သို့သော် မထင်မှတ်ထားသည့်အရာဖြစ်လာခဲ့၏။
“ရွှီး...ဖောက်.ဖောက်...”
ထိုမီးဘောလုံးသည် လမ်းတဝက်တင် မီးတောက်ငယ်လေးများအဖြစ်ကွဲထွက်သွားသည်။ ထို့အပြင် မီးတောက်ငယ်လေးများသည် မီးပန်းများအဖြစ် ပေါက်ကွဲကုန်သည်။ တကယ်ပင်ခမ်းနားလှ၏။
မိုးသောက်လင်းခါနီးအချိန် ကောင်းကင်ထက်တွင် ကျားတစ်ကောင်နှင့် လူတစ်ဦး မျက်နှာချင်းဆိုင် ရပ်နေကြ၏။ သူတို့၏ အလယ်တွင် မီးပန်းများဖောက်ထားသည့်အတိုင်း လှပလွန်းနေသည်။ ဤမြင်ကွင်းသည် အလွန်ပဏာသင့်လှ၏။ သို့သော် တစ်ခုခုတော့ လွဲနေသည်။
ဟွမ်း “...”
“မင်းအစွမ်း ဒါအကုန်ပဲဆိုရင် မီးဝိညာဉ် ထုတ်ပေးလိုက်၊ အပင်ပန်း မခံနဲ့တော့” ဟွမ်းသည် လက်ပုံစံတစ်ခုလုပ်ရန်ပြင်လိုက်၏။ ထိုအတွင် ဒေါသထွက်နေသည့် အသံထွက်ပေါ်လာ၏။
“တိရစ္ဆာန်ကောင် မင်းကို မိပြီ သေဖို့ပြင်ထား” ထိုအသံထွက်လာပြီးနောက် စွမ်းအင်ချိန်းကြိုးများပေါ်ထွက်လာသည်။ ထိုစွမ်းအင် ချိန်းကြိုးများသည် ချီဟူ ထံ ဦးတည်လာခဲ့၏။
ချီဟူသည် ချက်ချင်းပင် ဟွမ်း၏ အနောက်သို့ ပြေးသွားခဲ့သည်။ ထို့ကြောင့် ထိုစွမ်းအင် ချိန်းကြိုးများသည် ဟွမ်း ကို တိုက်ခိုက်လိုက်၏။ သို့သော် ဟွမ်းသည် လက်ဖြင့် အသာယာ တားဆီးလိုက်သည်။
“ဘယ်သူလဲကွ ငါတို့ ချမ်ယွမ် ဂိုဏ်းရဲ့ ကိစ္စကို ဝင်နှောက်ယှက်ရဲတာ” လူနှစ်ဦးရောက်လာခဲ့၏။
ထိုနှစ်ဦးသည် ချမ်ယွမ်ဂိုဏ်း၏ အကြီးကဲနှစ်ဦးဖြစ်သည်။ တစ်ဦးသည် ဆံပင်များဖြူစွတ်နေပြီး ခန္ဓာကိုယ်သည် ပိန်ပါးလှသည့်အဖိုးကြီးဖြစ်၏။ ထိုဖိုးကြီးကို လီယန် ဟု ခေါ်ပြီး ချမ်ယွမ်ဂိုဏ်း၏ ဒုတိယအကြီးကဲဖြစ်သည်။ နောက်တစ်ဦးသည် အသားညိုညို ကတုံး နှင့်လူကြီးဖြစ်သည်။ ထိုလူအမည်မှာ ဝူလင်းတုန် ဖြစ်၏။ သူတို့သည် သူတော်စင်အဆင့်များ ဖြစ်ကြ၏။
ဒုအကြီးကဲ လီယန်သည် ဟွမ်းကို မြင်ပြီးနောက် သူသည် ဟွမ်း၏ စွမ်းအား အတိမ်နက်ကို မခံစားမိပေ။ ထိုနောက် အနည်းငယ်သတိကပ်သွား၏။
“ဒီက ရောင်းရင်းက ဘယ်သူများလဲ မသိဘူး၊ သင့်ရဲ့နောက်က ကျားစုတ်က ကျုပ်တို့ ချမ်ယွမ်ဂိုဏ်းရဲ့ ဆေးပင်တွေကို ခိုးသွားလို့ပါ၊ ဒါကြောင့် စီနီယာ ဖယ်ပေးလို့ရမလား” ဒုအကြီးကဲ လီယန်သည် ချမ်ယွမ်ဂိုဏ်းက ဆိုသည့်နေရာကို အားထည့် ၍ပြောလိုက်၏။ ချမ်ယွမ်ဂိုဏ်းသည် ထိုက်ရွှမ်ဂိုဏ်းနှင် ယှဉ်လို့ မရသော်လည်း ထိုက်ရွှမ်ဂိုဏ်းအောက် တစ်ဆင့်သာနိမ့်၏။ ထို့ကြောင့် ယဉ်ယဉ်ကျေးကျေးပြောသည့်ပုံပေါက်သော်လည်း ဂိုဏ်း၏ နာမည်သုံး၍ ဖိနိပ်လိုက်ခြင်းဖြစ်၏။
“ကြောင်ပေါက်လေး မင်းကို ဒုတိယ ရွေးချယ်စရာပေးမယ်၊ ငါ့တပည့်ရဲ့ ပဋိညာဉ် သားရဲလုပ်မလား” ဟွမ်းသည် ထိုနှစ်ဦးပြောသည်ကို ဂရုမစိုက်ချေ။ ကောင်းကင်ကျား ချီဟူကို သာမေးလိုက်၏။
“မဖြစ်နိုင်ဘူး..” ကောင်ကင်ကျား ချီဟူ သည် ချက်ချင်းငြင်းလိုက်၏။
‘လူသားတစ်ယောက်ရဲ့ ပဋိညာဉ်သားရဲ လုပ်ရမယ်တဲ့လား ဟာသပဲ၊ အိမ်မက်မက်နေလိုက်’
“ကောင်းပြီ ဒါဆို သေလိုက်တော့” ဟွမ်းသည် လက်ဟန်ပြင်လိုက်၏။
“ခဏလေးနေပါဦး....ကျုပ်စဉ်းစားမယ်...ကောင်းပြီ ကျုပ်လုပ်မယ်” ကောင်ကင်းကျား ချီဟူသည် အလျင်စလိုပြောလိုက်၏။
‘ထိုအဖိုးကြီးနှစ်ဦးရဲ စွမ်းအင်ချိန်းကြိုးတွေတောင် အသာလေး တားလိုက်တာ၊ ငါ့ကို တကယ်သတ်လောက်မယ်၊ ဒီလူ့လက်က လွတ်ခဲ့ရင်တောင် အရူးလိုလိုက်နေတဲ့ အဖိုးကြီး နှစ်ဦးက ရှိသေးတယ်’
“ဟေ့လူ... ကျုပ်တို့ကို မျက်နှာသာမပေးတာလား”
ဝူလင်းတုံသည် ဒေါသထွက်လာခဲ့သည်။
‘ဒီဘက်မှာ လူနှစ်ယောက်ရှိသေးတယ်လေ အဖက်လုပ်ပါဦး၊ ကျုပ်တို့က ချမ်ယွမ်ဂိုဏ်းရဲ့ အကြီးကဲတွေပါ၊ လမ်းဘေး လူမိုက်တွေမဟုတ်ဘူး’
“ဒီကြောင်လေးက ကျုပ်တပည့်ရဲ့ ပဋိညာဉ် သားရဲ ဖြစ်ချင်တယ်တဲ့၊ အဲ့တော့ ကျုပ်ခေါ်သွားမယ်” ဟွမ်းသည် ကြီးစိုးစွာပြောလိုက်၏။
“မင်း...” ဝူလင်းတုန် ပြောရန်ပြင်လိုက်ချိန်တွင် ဒုအကြီးကဲ လီယန်သည် တားလိုက်၏။
“ရောင်းရင်း ရဲ့နာမည်ကို သိလို့ရမလား” ဒုအကြီးကဲ လီယန်သည် ထိန်းချုပ်ပြီးမေးလိုက်၏။
“ဟွမ်း...” ဟွမ်းသည် အစတွင်တော့ ဒီလို ပုရွတ်ဆိတ်လေးတွေကို အဖက်လုပ်ရန် စိတ်မကူးခဲ့ချေ။ သို့သော် သူ၏ တပည့်များအတွက် သူ့နာမည် ကို ဤကုန်းမြေကြီးတွင် တည်ဆောက်ရန် စဉ်းစားမိသွား၏။
“ရောင်းရင်း...ဒီ လင်းယွမ် နယ်မြေတစ်ခုလုံးမှာ ရောင်းရင်းရဲ့ နာမည်ကို မကြားဖူးဘူး... တစ်ခြားနယ်မြေက...” လီယန်သည် တစ်ဖက်လူ၏ အဆင့်ကို မသိရှိသေးသောကြောင့်သတိထား၍ မေးလိုက်၏။
“စကားတွေရှည်မနေပါနဲ့ မင်းတို့ တိုက်ချင်နေတယ်မလား၊ တိုက်မယ်လေ” ဟွမ်းသည် လီယန် စကားဆုံးအောင် မစောင့်ချေ။ ဖြတ်ပြောလိုက်၏။
“ကောင်းတယ်... ကောင်းတယ်...ကျုပ်တိုက်မယ်” ဝူလင်းတုန်သည် သူ၏ ဒေါသများကို ဖောက်ခွဲပစ်ချင်နေ၏။
“မလိုဘူး...နှစ်ယောက်လုံးလာခဲ့” ဟွမ်းသည် အထက်စီးကပြောလိုက်၏။
“ပြီးမှ အနိုင်ကျင့်တယ် မပြောနဲ့” ဝူလင်းတုန် ချက်ချင်းတိုက်ခိုက်လိုက်၏။
ထို့နောက် လီယန်သည်လဲ မတုံ့ဆိုင်းချေ။ နှစ်ဦးသား ပြိုင်တူ တိုက်ခိုက်လိုက်ကြ၏။
လီယန် သည် စွမ်းအင် ချိန်းကြိုးများ ထုတ်လိုက်သည်။ ထိုချိန်ကြိုးများသည် ဟွမ်းဆီကို တိုက်ရိုက် ဖောက်ဝင်လာ၏။
“နှေးတယ်...” ဟွမ်းသည် အသာယာရှောင်တိမ်းလိုက်၏။
ထိုအပြင် ဝူလင်းတုန် သည် သူ၏ လက်သီးတွင် ဝိညာဉ်စွမ်းအင်များ ထည့်သွင်းလိုက်သည်။ ထို့နောက် ဟွမ်းအနီးသို့ ချက်ချင်းရောက်လာပြီး ထိုးချလိုက်၏။
“နှေးသေးတယ်...” ဟွမ်းသည် မည်သို့မျှ မတုံ့ပြန်သေးပေ။
ဝူလင်းတုံသည် ပို၍ ဒေါသထွက်လာကာ သူ၏ နည်းစနစ် သုံးရန်ပြင်လိုက်၏။ သို့သော် ထိုအချိန်မှာပဲ သူ၏ မျက်နှာတွင် လက်သီးတစ်လုံး ဝင်လာခဲ့သည်။
“အောက်ကိုဆင်းသွားတော့..” ဟွမ်းသည် ဝူလင်းတုန်ကို ထိုးချလိုက်၏။
“ခွပ်...”
မည်သည့်အချိန်ကတည်းက ဟွမ်းရောက်လာမှန်း ဝူလင်းတုန် မသိခဲ့ပေ။ ထိုလက်သီးချက်သည် ဝိညာဉ် စွမ်းအင် မပါချေ။ သို့သော် ဝူလင်းတုန်သည် သူ၏ အမူယာ ပျက်ယွင်းကာ အောက်သို့ ကျသွားခဲ့သည်။ သွေးများလည်း အန်လာခဲ့၏။
“မြန်လိုက်တာ...” လီယန် သည် ထိုအဖြစ်ပျက်ကိုတွေ့ပြီး အလွန်တုန်လှုပ်သွားသည်။ သို့သော် ဘာမှစဉ်းစားချိန်မရခဲ့။ သူမျက်နှာထက်တွင် လက်သီးတစ်လုံးရောက်နေခဲ့ပြီဖြစ်သည်။
“မင်းလဲ ဆင်းသွားတော့...” အမြင့်ပေ တစ်သောင်းကျော် မြင့်သည့်ကောင်းကင် ထက်မှ အရှိန်နှင့်ကျဆင်းသွားလေသည်။
“ခွပ်”
ထိုနှစ်ဦး ကျနေသည့် အရှိန်သည် အလွန်လျှင်မြန်လွန်းနေပြီး နှစ်ဦးသား ရှေ့ဆင့်နောက်ဆင့် ဖြစ်နေ၏။ ဤအတိုင်းသာ ကျသွားရင်တော့ သူတော်စင်အဆင့်ဆိုလျှင်တောင် အသားပုံနှစ်ခုဖြစ်သွားမည်မှာ ကျိန်းသေပင်။ကျနေချိန်တွင် သူတို့၏ အရှိန်ထိန်းရန် ဝိညာဉ်စွမ်းအား ထုတ်သုံးသော်လည်း မရခဲ့ချေ။
“သေပြီဟ... သောက်ကျားစုတ်ကြောင့်..”
ထိုကျားကြောင့်သူတို့ ယခုလိုဖြစ်ရခြင်းဖြစ်လေသည်။
‘ငါ့နဲ့ဘာဆိုင်တုန်းဟ၊ မင်းတို့ဘာသာ ဖျင်ယားပြီး သွားချတာမဟုတ်ဘူးလား’
ထို့နောက် မြေပြင်သို့ရောက်ရန် မီတာဝက်လောက် အကွာတွင် သူတို့၏ ခန္ဓာကိုယ်များ ရပ်တန့်သွားခဲ့၏။
‘ဟူး...တော်သေးတာပေါ့..အမ် နေပါဦး...ငါတို့သေပြီလား..မဟုတ်သေးဘူး’ သူတို့ကိုယ်သူတို့ ပြန်စစ်ဆေးနေကြ၏။ ပြီးနောက်မှ ဟွမ်းသည် သူတို့ နှစ်ယောက်ကို ထိန်းပေးထားခဲ့ ခြင်းဖြစ်လေသည်။
ထို့နောက် မြေပြင်ပေါ် ပစ်ချလိုက်၏။
ဟွမ်းသည် ထိုနှစ်ယောက်အား မသတ်ခဲ့ပေ။ သူသည် ယခင်က ကျော်ကြားမှုကို ဂရုမစိုက်သော်လည်း ယခု သူတွင် တပည့်များရှိနေပြီ ဖြစ်သည်။ ထို့ကြောင့် ဂုဏ်သတင်း လိုအပ်ပေသည်။ ထိုဂုဏ် ကို ဤနှစ်ယောက်မှ စတင်သွားမည်ဖြစ်၏။ ထို့ကြောင့် ကယ်တင်ပေးခဲ့လေသည်။
“ကျေးဇူးတင်ပါတယ်...စီနီယာ” လီယင်သည် တုန်တုန်ယင်ယင်ဖြင့်ပြောလိုက်၏။ ရောင်းရင်းမှ စီနီယာသို့ ပြောင်းလဲ သုံးစွဲလိုက်လေသည်။ တစ်ဖက်လူနှင့် သူတို့သည် တူညီသည့် အဆင့်တန်းတွင် မရှိချေ။
“သက်ညှာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် စီနီယာ..” ဝူလင်းတုန်သည်လည်း အတော်လေး ကြောက်ရွံ့သွား၏။
“ဒီကြောင်ပေါက်လေးကို ခေါ်သွားလို့ရပြီလား” ဟွမ်းသည် တည်ငြိမ်စွာမေးလိုက်၏။
“ရ...ရပါတယ် စီနီယာ၊ စီနီယာ သဘောပါ” အကြီးကဲ နှစ်ယောက်လုံးသည် တုန်ယင်စွာဖြေလိုက်၏။
“လူတွေက သူတို့ရဲ့ အခေါင်းမြင်မှသာ မျက်ရည်ကျရကောင်းမှန်းသိတာပဲ” ဟွမ်းသည် တီးတိုးရေရွတ်လိုက်၏။
လီယန် “...”
ဝူလင်းတုန် “...”
“ကြောင်ပေါက်လေး သွားစို့” ဟွမ်းသည် ကောင်းကင်ကျား ကို ခေါ်၍ ထွက်သွားလေသည်။
“လာပါပြီဗျ...” ချီဟူသည် ကပ်ဖားယပ်ဖားလေသံဖြင့်ပြောလိုက်သည်။
ကောင်းကင်ကျား ချီဟူ သည် ထိုလူသား သုံးဦး တိုက်ခိုက်သည့် အချိန်တွင် ထွက်ပြေးရန်ပြင်ဆင်ထား၏။ သို့သော် ထိုတိုက်ပွဲသည် မိနစ်ဝက်တောင် မကြာခဲ့ချေ။ တိုက်ပွဲဆိုသည်ထက် တစ်ဖက်သတ် ရိုက်နက်ပွဲ ဟု ခေါ်ဆိုခြင်းက ပိုမှန်ပေမည်။ ဟွမ်း၏ ရိုက်နက်မှုအား မြင်ပြီးနောက် ထွက်ပြေးမည့် အစီစဉ်ကို စွန့်လွှတ်လိုက်ခဲ့၏။ မဟုတ်လျှင် သူ၏ သနားစရာကောင်းသည့် အသက်လေးသည် မည်သည့်နေရမှ ထွက်သွားမည်တောင် သိလိုက်ရမှာ မဟုတ်ချေ။
“ဒုတိယအစ်ကို... ဒီလူက အတော်လေး ကြောက်စရာကောင်းလွန်းတယ်” ဝူလင်းတုန် သည် ဟွမ်းတို့ ထွက်ခွာသွားပြီးနောက်ပြောလိုက်၏။
“နတ်ဘုရားတစ်ပိုင်း အဆင့်တောင် ကျော်လွန်နေလောက်တယ်...ငါတို့ကို သတ်မသွားတာပဲ အတော်ကျေးဇူးတင်ရမယ်၊ အကိုကြီးဆီ အမြန်သတင်းပို့ရမယ်” လီယန်သည် ခေါင်းခါ၍ ပြောလိုက်၏။ ထို့နောက် ဆက်ပြောလိုက်၏။
“တတိယညီလေး ငါ့ကိုထူဦး”
ဝူလင်းတုန် “???”
“ကျုပ်ထလို့မရဘူး၊ ဒူးတွေက အားမရှိတော့ဘူး”
ဝူလင်းတုန်သည် သူ၏ ပြောင်နေသည့် ကတုံးအား ပွတ်၍ ငိုချင်သည့် မျက်နှာထားဖြင့် ပြောလိုက်၏။
“ဒါဆို ဆက်ထိုင်ကြတာပေါ့ကွာ”
…..