ငရဲကိုးဘုံမီးတောက် ဖြစ်တည်လာခြင်း
Vol. 1 Ch. 12
ယွဲ့ဝူယောင်သည် ဆက်လက်ကျင့်ကြံနေဆဲဖြစ်၏။ လုရှင်းယန် နှင့် ပိုင်ကျန့်ယွီ တို့သည်လည်း သူတို့၏ နည်းစနစ်များကို စစ်ဆေးလေ့ကျင့်နေကြသည်။
‘ဒီကလေး တွေ အတော်ကြိုးစားကြတာပဲ’ လုချောင်းယန် သည် တွေးလိုက်မိ၏။
“သခင်ကြီး အနားမယူတော့ဘူးလား” မုန့်ချန်အာ သည် လုချောင်းယန် အတွက် အကြမ်းရည် ငဲ့ပေးလိုက်သည်။
“ချန်အာ မင်းလည်းလေ့ကျင့်နေသင့်တယ်၊ တုဟယ်လို မြို့ငယ်လေးမှာ မင်းရဲ့တက်လမ်းက သေးငယ်တယ်၊ ထိုက်ရွှမ်ဂိုဏ်းကို ဝင်နိုင်သွားရင် ငါလည်းစိတ်အေးရပြီ” လုချောင်းယန် သည် သက်ပြင်းချကာပြောလိုက်၏။
“သခင်ကြီး... ကျွန်မရဲ့ အရည်ချင်းက နိမ့်ကျလွန်းတယ်၊ ထိုက်ရွှမ်ဂိုဏ်းကို ဝင်နိုင်ပါ့မလား” မုန့်ချန်အာသည် အားငယ်စွာ ပြောလိုက်၏။
“ဘာမှ အားငယ်စရာမရှိဘူး၊ မင်းလုပ်နိုင်ပါတယ်၊ ပြီးတော့ ငယ်ငယ်ကတည်းက မင်းအာရုံစိုက်လိုက်ရင် မလုပ်နိုင်တာမရှိခဲ့ဘူးမလား” လုချောင်းယန်သည် တွေးတောပြီးပြောလိုက်သည်။
မုန့်ချန်အာသည် တိတ်ဆိတ်သွား၏။
ထိုအချိန်တွင် ဟွမ်းသည် ရုတ်တရက် ပေါ်လာခဲ့သည်။ သူ၏ဘေးတွင်လဲ ကျားတစ်ကောင်ပါလာ၏။
“စီနီယာ ပြန်လာပြီလား...” လုချောင်းယန်ပြောလိုက်သည်။
ပိုင်ကျန့်ယွီနှင့် လုရှင်းယန်တို့သည် လေ့ကျင့်ခြင်းကို ရပ်နားက အပြေးရောက်လာခဲ့၏။
“ဆရာ...မနက်စာအတွက် ကျားတစ်ကောင်ဖမ်းလာတာလား၊ ကျုပ်ခုတ်လိုက်ရတော့မလား” ပိုင်ကျန့်ယွီသည် မေးလိုက်၏။ ထိုကျားသည် အလွန်ပင်ကြီးမားလေသည်။ သာမန်ကျား နှစ်ကောင်စယလောက်ရှိ၏။
ဟွမ်း “...”
“ဟမ့်...အဆင့်နိမ့်လူသား မီးနဲ့ မှုတ်ခံချင်နေပြီလား” ချီဝူသည် ကျွဲမြီးတိုသွားပြီး ခြိမ်းချောက်လိုက်၏။
“ဟင်...စကားလဲပြောနိုင်တယ်” ပိုင်ကျန့်ယွီ သည် အတော်လေးအံ့ဩသွားသည်။ ထို့နောက် ဆက်ပြောလိုက်၏။
“မီးရော မှုတ်နိုင်တာလား၊ ဒါဆိုအတော်ပဲ ဒီကောင်ကို ကင်ဖို့ ဒုတိယအစ်ကို မပင်ပန်းတော့ဘူး”
ကောင်းကင်ကျား “...”
‘ငါ့မီးနဲ့တောင် ငါ့ပြန်ကင်ဦးမှာလား၊ ဟင်းခပ်မှုန့်တွေပါ ရှာပေးရဦးမလား’
ကောင်းကင်ကျား သည် နီရဲသည့် မျက်လုံးများနှင့် စိုက်ကြည့်နေ၏။
သူအတော်ဒေါသထွက်နေခြင်းဖြစ်၏။ ရွှေအမြူတေအဆင့်လောက်နဲ့ကောင်က သူ့ကို ကင်စားချင်နေသည်တဲ့လား။ အံ့ဩလို့ မဆုံးဘူး။
ဟွမ်း၏ တပည့် ဖြစ်နေသည့်အတွက်ကြောင့်သာ သူ၏ဒေါသများကို မထုတ်ဖော်ရဲခြင်း ဖြစ်၏။ မဟုတ်လျှင် ဘယ်သူက ဘယ်သူ့ကို စားမလဲဆိုတာ ပြလိုက်ချင်သေး၏။
“ဒီကောင်က မီးဓာတ်ရှိတယ်၊ အဲ့ဒါကြောင့် ရှင်းယန် ရဲ့ ပဋိညာဉ်သားရဲ လုပ်ခိုင်းမလို့၊ သူငြင်းရင်တော့ ကျန့်ယွီ မင်းကင်စားလို့ရတယ်” ဟွမ်းသည် ပြောလိုက်၏။ ပိုင်ကျန့်ယွီ သည် ဒီကျားက စားဖို့ မဟုတ်ကြောင်းသိလိုက်ရသည့်အခါ အနည်းငယ် စိတ်ပျက်သွား၏။ သို့သော် ဟွမ်း၏ နောက်ဆက်တွဲ စကားကြောင့် သူ၏ မျက်လုံးအရောင်လက်လာ၏။
လုရှင်းယန် သည် အတော်လေး အံ့ဩသွားခဲ့သည်။
“ဆရာ ဒီကျားက တပည့်နဲ့ ပဋိညာဉ်စာချုပ်ချုပ်ရမှာလား”
“ဟုတ်တယ်၊ မင်းရဲ့ကျင့်စဉ်အရ မီးဓာတ် အမျိုးစား သားရဲနဲ့ စာချုပ်ချုပ်ရင် မင်းစွမ်းအင်စုပ်ယူတဲ့အခါ ပိုပြီး မြန်ဆန်လိမ့်မယ်၊ ပြီးတော့ မင်းတို့စာချုပ်ကြောင့် အပြန်အလှန်အကျိုးပြုလိမ့်မယ်” ကောင်ကင်ကျား ၏ မီးဂုဏ်သတ္တိကြောင့် သူတို့ ကျင့်ကြံတိုင်း ပိုမို လွယ်ကူပေမည်ဖြစ်သည်။
“အရှင်...ဒီကောင်လေးက အဆင့်နိမ့်တယ် ကျုပ်စွမ်းအားတွေကို ခံနိုင်မှာ မဟုတ်သေးဘူး” ချီဟူ သည် စောဒက တက်လိုက်၏။ သူသည် အဆင့်နိမ့်ကောင်လေးတစ်ဦးနှင့် ဝိညာဉ်စာချုပ်မချုပ်ဆိုချင်ပေ။ ချက်ချင်းပင် ပိုင်ကျန့်ယွီ၏ မျက်လုံးများသည် တောက်ပလာပြီး ဒယ်အိုးများပြင်ဆင်လိုက်၏။
‘ချီးတဲ့မှ...’ ချီဟူသည် ငိုချင်သော်လည်းမျက်ရည်ကျမလာပေ။ ထို့နောက် လုရှင်းယန်ဆီသို့ သူ၏ သွေးတစ်စက် ပစ်လွှတ်လိုက်၏။ ထို့နောက်လုရှင်းယန်နှင့် ပေါင်းစပ်သွား၏။
လုရှင်းယန်၏ မျက်နှာသည် ရှုံမဲ့သွား၏။ ထို့နောက် သူ၏ အသားများသည် နီရဲလာပြီး အငွေ့များပါထွက်လာခဲ့၏။
“အား....” ထို့နောက် လုရှင်းယန်၏ ကိုယ်အတွင်းတွင် သွေးများဆူပွက်လာသည်။ ထိုနောက် ချီဟူ၏ သွေးတွင်းရှိ မီးစွမ်းအင်သည် လုရှင်းယန်၏ တစ်ကိုယ်လုံးအား လောင်ကျွမ်းနေ၏။
‘ငါ့သား မင်းလုပ်နိုင်ရမယ်’ လုချောင်းယန်သည် စိုးရိမ်နေ၏။
ထိုစဉ်တွင် လုရှင်းယန် ဆီမှ အနီရောင် မီးတောက်တစ်ခု ပေါ်ထွက်လာခဲ့၏။ ထို့နောက် ချီဟူ၏ သွေးတွင်းရှိ မီးစွမ်းအင်ကို ဝါးမျိုရန်ကြိုးစားနေသည်။
‘ဒီကောင်လေးမှာ မီးတောက်တစ်ခုရှိတာလား၊ မဟုတ်သေးဘူး ဒါက ကျင့်စဉ်တစ်ခုခုကိုသုံးပြီး ဖြစ်တည်လာတဲ့မီးတောက်ပဲ၊ ဒါပေမဲ့ ဘာလို့ ငါ့သွေးထဲက မီးစွမ်းအင်ကို ဝါးမြိုဖို့ ကြိုးစားနိုင်တာလဲ’
သာမန် ဝိညာဉ်စွမ်းအင် သုံး၍ ဖော်ထုတ်သည့် မီးတောက်များသည် မီးဝိညာဉ် မရှိပေ၊ ထို့ကြောင့် အခြားမီးစွမ်းအင်များကို မဝါးမျိုနိုင်ပေ။ သူတို့သည် အသုံးပြုသူ ၏ စွမ်းအားအပေါ်မူတည်သည်။ သို့သော် လုရှင်းယန်၏ မီးတောက်များသည် ဝိညာဉ်စွမ်းအားသုံး၍ ပေါ်လာသည် ဖြစ်သော်လည်း ချီဟူ၏ မီးစွမ်းအင်ကို ဝါးမျိုရန် ကြိုးစားနေ၏။
နာရီဝက် ကြာပြီးနောက် ချီဟူ၏ သွေးတွင်းရှိ မီးစွမ်းအင်များသည် ထိုအနီရောင်မီးတောက်၏ ဝါးမြိုခြင်းခံလိုက်ရ၏။ ထို့နောက် ချီဟူ၏ သွေးသည် လုရှင်းယန်၏ ဝိညာဉ်ပင်လယ်တွင်း တစ်နေရာတွင် ဖြစ်တည်လာသည်။ ထို့နောက် လုရှင်းယန် နှင့် ချီဝူသည် ဆက်နွယ်ချက် တစ်ခုပေါ်လာခဲ့သည်။
သို့သော် မပီးသေးချေ။ လုရှင်းယန်၏ ဝိညာဉ်ပင်လယ်တွင် အနီရောင်မီးတောက်ငယ်လေးတစ်ခု တည်ရှိနေ၏။ ထိုအရာသည် မီးတောက်တစ်ခု ဖြစ်ပေါ်လာခြင်းဖြစ်၏။
ထို့နောက် လုရှင်းယန်၏ မျက်လုံးများပွင့်လာခဲ့၏။ ထို့နောက် သူ၏လက်ဖြန့်လိုက်ရာ အနီရောင်မီးတောက်လေးတစ်ခု ပေါ်ထွက်လာ၏။
“ဆရာ.. တပည့်က မီးတောက်တစ်ခု ရသွားပြီ” လုရှင်းယန်သည် အလွန်ပင် ပျော်ရွှင်စွာပြောလိုက်၏။ သူသည် မီးတောက်ကြောင့် အဆင့်ကြီးတစ်ခု မတက်ခဲ့သော်လည်း ရွှေအမြူတေ အထွတ်ထိပ်သို့ရောက်ရှိသွားပြီဖြစ်၏။
“ဒီမီးတောက်ကို နာမည်ပေးလိုက်” ဟွမ်းသည် သဘောကျစွာ ပြောလိုက်၏။
“ငရဲကိုးဘုံမီးကျင့်စဉ်ရဲ့ နာမည်ကိုယူသုံးလိုက်မယ်၊ ငရဲကိုဘုံးမီးတောက် လို့ခေါ်မယ်” လုရှင်းယန်သည် မီးတောက်ထုတ်ဖော်ထားသည်လက်ကို မြှောက်၍ ဝင်ကြွားစွာ ပြောလိုက်သည်။
“ဒုတိယအစ်ကို မီးတောက်တစ်ခုရသွားလို့ ဂုဏ်ပြုပါတယ်... ဒါပေမဲ့ အရင်ဆုံး အဝတ်စားလေး ပြန်ဝတ်သင့်တယ်” ပိုင်ကျန့်ယွီသည် ဂုဏ်ပြုစကားပြောလိုက်၏။
ပြုံးရွင်နေသည့် လုရှင်းယန်သည် အေးခဲသွား၏။ သူတွင်မည်သည့်အဝတ်စားမှ ရှိမနေချေ။ မီးစွမ်းအားကျင့်ကြုံသူ တစ်ယောက်အနေဖြင့် အအေးဒဏ်ကို သိပ်မှုပေ။ သို့သော် ယခုတွင်တော့ အလွန်အေးစက်သည်လေများ တိုက်ခက်နေသည့်အလားခံစားနေရ၏။
“ငါ့သား အရွယ်ရောက်လာပြီပဲ” လုချောင်းယန်သည် တိုးညှင်းစွာပြောလိုက်၏။
‘အစ်မ ချန်အာတော့ မမြင်လောက်ဘူးမလား၊ သွားပြီ ငါ့ဂုဏ်သိက္ခာတွေ’ ချက်ချင်းပင် ဤနေရာမှ ထပြေးလေသည်။
‘ရေထဲခုန်ချပြီး အဆုံးစီရင်လိုက်ရမလား’ သူသည် ရှက်လွန်း၍ သက်သေချင်စိတ်တောင်ပေါက်နေ၏။
ဟွမ်းသည် ခေါင်းခါပြီး ပြုံးလိုက်၏။ ထို့နောက် ယွဲ့ဝူယောင် ရှိရာသို့ကြည့်လိုက်သည်။
‘ဒီကောင်မလေး တအားကို ကြိုးစားကျင့်ကြံနေတာပဲ၊ မင်းအစွမ်းထက်လာရင်တောင် မင်းရဲ့ မိဘတွေကို...’ ဟွမ်းသည် သူ့အတွေးများကို ရပ်တန့်လိုက်၏။
“ထိုက်ရွှမ်မြို့ကို သွားကြမယ်၊ ကြောင်ပေါက်လေး မင်းအရွယ်စားကို ချုံ့လိုက်”
ထို့နောက် ထွက်ခွာသွားကြတော့သည်။
…..
ထိုက်ရွှမ်မြို့သည် လင်းယွမ်နယ်မြေရှိ အခြားမြို့များထက် အတော်လေးကြီးမား၏။ ထို့ပြင် ထိုက်ရွှမ်ဂိုဏ်း၏ တောင်အောက်တွင် တည်ဆောက်ထားခြင်းဖြစ်၏။ ထိုက်ရွှမ်ဂိုဏ်းအတွက် တပည့်လက်ခံရာတွင် မြို့ထဲသို့ ဆင်း၍လက်ခံကြခြင်းဖြစ်၏။
ထိုက်ရွှမ်မြို့တွင် အဖွဲ့စည်းများနှင့် အိမ်တော်များစွာလည်း ရှိသေးသည်။ မြို့ထဲတွင် ကျင့်ကြံသူများစွာဖြင့် စည်ကားလျက်ရှိပြီး နေ့စဉ် ရောင်းဝယ်ဖောက်ကားမှုများလုပ်ဆောင်ကြသည်။
ရက်အနည်းငယ်ကြာပြီးနောက် ဟွမ်းတို့အုပ်စုသည် ထိုက်ရွှမ်မြို့သို့ရောက်ရှိလာခဲ့သည်။
“မြို့တံတိုင်းကြီးကအမြင့်ကြီး၊ မြို့ကြီးကလဲ အတော်ကြီးတာပဲ” ပိုင်ကျန့်ယွီသည်အံ့သြစွာပြောလိုက်၏။ သူ၏ရုပ်ရည်သည် သာမန်ဖြစ်သော်လည်း သူ၏ မျက်လုံးအစုံသည် ဓားသွားများကဲ့သို့ စူးရှနေ၏။
“တတိယညီလေး၊ ဒါက လင်းယွမ်နယ်မြေရဲ့ အကြီးဆုံးမြို့လေကွာ၊ ဒီလောက်တော့ သာမန်ပဲ၊ မြို့ထဲ လျှောက်ကြည့်ရအောင်” လုရှင်းယန်သည် သူ့၏ ဆရာတူညီလေး၏ ပခုံးဖက်၍ ပြောလိုက်၏။ သူ၏ ပုံစံသည် အလွန်ပင်နွေးထွေးလှပြီး အသားဖြူဖြူ နှင့် အတော်လေးချောသည့် လူငယ်လေးဖြစ်သည်။
“မြို့ထဲမှာ တည်းဖို့ နေရာအရင် ရှာရမယ်” လုရှင်းယန်နှင့် ပိုင်ကျန့်ယွီ ဆရာတူညီအစ်ကို နှစ်ဦးလျှောက်သွားရန် ပြင်နေသည့်အချိန်တွင် ယွဲ့ဝူယောင်သည် ဝင်ပြောလိုက်၏။ သူမသည် အရင်ကထက် ပို၍တည်ငြိမ်လာခဲ့သည်။ သူမသည် အလွန်ပင် လှပသော်လည်း အေးစက်သည့် ပုံပေါက်နေ၏။ သူမ၏ကျင့်စဉ်ကြောင့်လား ဟွမ်း၏ အမူကျင့်များကူးသွားခြင်းကြောင့်လားတော့ မသိပေ။
“မိန်းကလေးယွဲ့ စိတ်မပူပါနဲ့၊ ဒီကိစ္စကျုပ်လုပ်လိုက်ပါ့မယ်” လုချောင်းယန်သည် ထိုက်ရွှမ်မြို့သို့ အကြိမ်အနည်းငယ်ရောက်ဖူးလေသည်။ သူသည်အရင်ကတော့ ဤအရာများကို ကိုယ်တိုင်လုပ်စရာမလိုပေ။ ဤအကြိမ်တွင်တော့ သူသည် အစေခံတစ်ဦးအလားခံစားမိသည်။ သို့သော်လည်း မမှုချေ။ သူ့သား၏ ဆရာဖြစ်သောကြောင့် ထိုက်တန်သည်ဟု ခံစားရသည်။
“သခင်ကြီး ကျွန်မလဲ လိုက်ခဲ့မယ်” သူမသည် ဤအရာများလုပ်ဆောင်ရာတွင် ကျွမ်းကျင်သောကြောင့် မုန့်ချန်အာသည် ပြောလိုက်၏။ သူမသည် အေးချမ်းလှသည့် အလှကိုပိုင်ဆိုင်ထားသည်။ ထို့အပြင် ယွဲ့ဝူယောင်၏ အလှနှင့် ယှဉ်လျှင် အနည်းငယ် မိန်လျှသွားသော်လည်း အရွယ်ရောက် ပြီးသား မိန်းမပျိုလေးဖြစ်သည်။ ထို့ကြောင့် ရှိသင့်သည့် ခန္ဓာကိုယ်အချိုးစားသည် ယွဲ့ဝူယောင်ထက် သာလေသည်။
“အဖေ ချီဟူကို ခေါ်သွားလိုက်၊ ဒီကောင်းကင်ကျားနဲ့ ပဋိညာဉ်ဆက်သွယ်ချက်ရှိတော့ သားတို့ရှာရမခက်တော့ဘူးပေါ့” ချီဟူသည် လမ်းတစ်လျှောက်လုံး ကြောင်တစ်ကောင် အရွယ်စားလောက်ဖြင့်သာလိုက်ခဲ့ရ၏။ ကောင်းကင်ကျားမျိုးနွယ်က ကျားတစ်ကောင်က ယခုလို အရွယ်စားခြုံ့လိုက်ရသည်က အလွန်ပင်ရှက်စရာကောင်းလှ၏။ ထိုကြောင့် သူ၏ မျက်နှာထက်တွင်တော့ စိတ်ဓာတ်ကျနေဟန်ရှိသည်။ သို့သော်လုရှင်းယန်၏ စကားကြောင့် သူ၏ စိတ်ဓာတ်ကျနေသည့် မျက်လုံးများသည် အရောင်လက် လာပြီး ချက်ချင်းပင် မုန့်ချန်အာ၏ ပုခုံးပေါ်သို့ ပြေးတက်သွား၏။
လုရှင်းယန် “...”
“ကောင်းပြီလေ ဒါဆို ကျုပ်တို့ မြို့ထဲ လျှောက်ကြည့်ဦးမယ်” ဟွမ်းသည် တပည့်သုံးယောက်ကို ခေါ်၍ ထွက်သွားလေသည်။
ထိုက်ရွှမ်မြို့၏ တောင်ဘက်ရှိ ဈေးသည် လက်နက်များ၊ အဆောင်ပစ္စည်းများ၊ ကျင့်ကြံသူများနှင့် ပတ်သတ်သည့် အရာများအား ရောင်းချရာနေရာဖြစ်သည်။ ထိုဈေးသို့ ဟွမ်းတို့ ဆရာတပည့် လေးဦးသည် တောင်ကြည့်မြောက်ကြည့် နှင့်ရောက်လာ၏။
“ဒီဈေးကြီးက ကျုပ်တို့ တစ်မြို့တစ်ဝက်စာလောက်ရှိတယ်” လုရှင်းယန်သည် မှင်သက်စွာပြောလိုက်၏။ ယွဲ့ဝူယောင်နှင့် ပိုင်ကျန့်ယွီ တို့သည်လည်း ထိုနည်းတူ အံ့ဩနေကြ၏။
“တပည့်တို့ လျှောက်ကြည့်နှင့်...” ဟွမ်းသည် ထိုသို့ပြောပြီးနောက် ပျောက်ကွယ်သွား၏။
ငါးမိနစ်ခန့်ကြာပြီးနောက်...
“အစ်မကြီး ကျုပ်တို့ လက်နက်တွေကြည့်ရအောင်” လုရှင်းယန်သည် လက်နက်ပစ္စည်းအရောင်းဆိုင်ကို ညွှန်ပြပြီးပြောလိုက်၏။
“သွားကြတာပေါ့...” ယွဲ့ဝူယောင်သည် ပြောလိုက်၏။ ထို့နောက် ဆိုင်အတွင်းသို့ ဝင်သွားကြသည်။
ဆိုင်အတွင်းတွင် ဧည့်သည်များမရှိချေ။ ထို့ကြောင့် တိတ်ဆိတ်နေ၏။ ပိုင်ကျန့်ယွီသည် ဓားမျိုးစုံ တင်ထားသည့် ကောင်တာသို့ရောက်ပြီး စပ်စုနေ၏။ ထိုဓားများသည် အဆင့်မြင့်ဓားများ ဖြစ်ကြ၏။
“အဆင့်မြင့်အရည်သွေးတွေပဲ၊ တော်တော်ကောင်းတဲ့ဓားတွေ၊ ခက်တာက ငါဓားသုံးရတာမကြိုက်ဘူး၊ တတိယညီလေး မင်းကြိုက်တဲ့ ဓားရှိရင် ရွေးလိုက် ငါဝယ်ပေးမယ်” လုရှင်းယန်သည် သူ၏ ညီငယ်ကိုပြောလိုက်သည်။
“နေပါစေ၊ ဒုတိယအစ်ကို ဓားတွေက ဈေးကြီးမဲ့ပုံပဲ” ပိုင်ကျန်ယွီသည် စိုးရွံ့စွာပြောလိုက်၏။
“စိတ်မပူနဲ့၊ ငါမှာ ပိုက်ဆံအချို့ရှိပါတယ်၊ ဆိုင်ရှင် ဒီဓားက ဘယ်လောက်လဲ” လုရှင်းယန်သည် ဓားတစ်ချောင်းကိုညွှန်ပြပြီး ဈေးနှုန်းမေးလိုက်၏။ ထိုဓားသည် ပိုင်ကျန့်ယွီအကြည့်မခွာနိုင်ဖြစ်နေ၏။ ၎င်းဓားသည် အတော်လေးပါးလွှာပြီး လေးပေလောက်ရှည်၏။
သက်လတ်ပိုင်းအရွယ်ဆိုင်ရှင်သည် ချက်ချင်းရောက်လာပြီး ပြောလိုက်၏။
“ကောင်လေး မင်းတကယ်ကြည့်တက်တာပဲ၊ ဒီဓားရဲ့ နောက်ခံကို မသိဘူးဆိုပေမဲ့ သူ့မှာသုံးထားတဲ့ သတ္ထုက အရမ်းအဆင့်မြင့်တယ်၊ ဒါပေမဲ့ ဒီဓားမှာ အက်ကြောင်းတွေရှိနေလို့ ဘယ်သူမှစိတ်မဝင်စားကြဘူးလေ၊ အဲ့ဒါကြောင့်ဈေးလျှော့ပေးလိုက်မယ် အဆင့်မြင့်သလင်းကျောက် ဆယ်တုံးပဲပေး”
လုရှင်းယန် “...”
ပိုင်ကျန့်ယွီ “...”
ယွဲ့ဝူယောင် “...”
လုရှင်းယန်သည် သူ၏ ရင်ဘက်ကို ဆင်ဆယ်ကောင်လောက်နင်းသွားသည်ဟု ခံစားလိုက်ရ၏။