← Chapters

စတုတ္ထတပည့်

Vol. 1 Ch. 14

စတုတ္ထတပည့်

Vol. 1 Ch. 14

ဟွမ်းသည် လျှိုမင်ယွမ်ကို သူ၏စွမ်းအင်ဖြင့် အကာကွယ်ပေးထား၏။ ထို့ကြောင့် လျှိုမင်ယန်သည် အာကသထဲတွင်ရပ်တည်နေနိုင်ခြင်းဖြစ်၏။ ထျမ်းယွမ်ကုန်းမြေကြီး၏ကျင့်ကြံသူများမှ အခြေခံအုတ်မြင့်အဆင့်နှင့် အာကာသထဲရောက်ဖူးသည်မှာ သူသည်ပထမဦးဆုံး ကျင့်ကြံသူဖြစ်ပေလိမ့်မည်။

“ဘယ်လိုမြင်လဲ...”ဟွမ်းသည် လျှိုမင်ယန်ကို မေးလိုက်၏။

လျှိုမင်ယွမ်သည် အလွန်ပင် အံ့ဩလျက်ရှိသည်။ စိတ်ထဲတွင် တုန်လှုပ်မိနေသည်။

“အတော်အံ့ဩစရာကောင်းတာပဲ၊ အဆင့်မြင့်ကျင့်ကြံသူဖြစ်လာရင် ဒီလိုလုပ်နိုင်ပြီလား” ထျန်းယွမ်ကုန်းမြေကြီးတစ်ခုလုံးကိုအပေါ်စီးကနေမြင်နေရပြီးဖြစ်၏။ ကြီးမားကျယ်ပြန့်လှသည် ထျန်းယွမ်ကုန်းမြေသည် အာကာသအတွင်းတွင် အစက်ပြောက်မျှသာဖြစ်လေသည်။

“မင်းစွမ်းအားနဲ့မင်းဒီနေရာမှာ ရပ်တည်နိုင်တဲ့အချိန်ရောက်ရင် လင်းဟွေ့က မင်းအတွက်ဘာအဓိပ္ပါယ်ရှိသေးလဲ” ဟွမ်းသည်တည်ငြိမ်စွာပြောလိုက်၏။

‘ငါစွမ်းအားနဲ့ ဒီနေရာကို ရပ်တည်နိုင်တဲ့အချိန်လား၊ လင်းဟွေ့ကငါ့အတွက် ဘာအဓိပ္ပါယ်ရှိသေးလဲ’ လျှိုမင်ယွမ်သည် အတွေးထဲ နစ်မြောနေ၏။ ထို့နောက် ဟွမ်းသည် လျှိုမင်ယွမ်ကို ခေါ်၍ ပျောက်ကွယ်သွား၏။ လျှိုမင်ယန်သတိဝင်လာသည့်အခါ သူတို့နှစ်ဦးသည် စမ်ချောင်းအနီးသို့ပြန်ရောက်နေခဲ့ပြီဖြစ်သည်။

မိနစ်အနည်းငယ်ကြာပြီးနောက် လျှိုမင်ယွမ်သည် ဒူးထောက်ပြီးပြောလိုက်၏။

“စီနီယာ ကျုပ်ကို တပည့်အဖြစ်လက်ခံပေးပါ...”

“ဘာအတွက်လဲ...” ဟွမ်းသည် မေးလိုက်၏။

“စီနီယာရဲ့ လမ်းပြမှုကြောင့် ကျုပ်အမြင်မှန်ရသွားပါပြီ..၊ကျုပ်လက်စားချေချင်တဲ့စိတ်ကြောင့် နစ်မွန်းမနေသင်ဘူး၊ ကိုယ့်မှာသာ လုံလောက်တဲ့စွမ်းအားရှိရင် လင်းဟွေ့ကိုလဲ ကြောက်စရာမလိုတော့ဘူး၊ အဲ့ဒါကြောင့် ကျုပ်အစွမ်းထက်လာချင်တယ်၊ စီနီယာသင်ပြပေးပါ” လျှိုမင်ယွမ်သည် သူ၏စိတ်က ရှင်းလင်းလာသည်။ သူ၏လက်စားချေချင်စိတ်တွင် နစ်မွန်းမနေတော့ချေ။ ဟွမ်းကဲ့သို့အစွမ်းထက်သူတစ်ဦးဖြစ်ချင်စိတ်သည် ပြင်းထန်လာ၏။ သို့မှသာ သူ့ကို အနာဂတ်တွင် မည်သူမျှအနိုင်ကျင့်နိုင်တော့မည်မဟုတ်ပေ။

“မင်းက ငါ့ရဲ့ စတုတ္ထ တပည့်ပဲ...” ဟွမ်းသည် ကျေနပ်သည့်လေသံဖြင့်ပြောလိုက်၏။ ဟွမ်းသည် ဤကလေးကို ပျိုးထောင်ပေးချင်ခဲ့သည်။ သို့သော် သူ့တွင် လက်စားချေချင်စိတ်သည် ပြင်းထန်လွန်းပေသည်။ အနာဂတ်တွင် ထိုစိတ်ကြောင့် မကောင်းသည့် အမှောင်ဘက်ခြမ်းသို့ ကူးပြောင်းသွားမည်ကို စိုးရိမ်ခဲ့၏။ ထို့ကြောင့် လျှိုမင်ယွမ်ကို လမ်းကြောင်းတစ်ခုပြသပေးခဲ့ခြင်းဖြစ်သည်။

“ကျေးဇူတင်ပါတယ်ဆရာ..” လျှိုမင်ယန်သည် လေးလေးနက်နက် အရိုသေပြုလိုက်၏။

ထို့နောက်ဟွမ်းသည် မျက်မှောင်အနည်းငယ်ကြုပ်သွား၏။

“ဘာဖြစ်လို့လဲဆရာ..”လျှိုမင်ယွမ်သည် ထိုအရာကို သတိထားမိပြီးမေးလိုက်သည်။

“မင်းရဲ့ ဆရာတူ အစ်မကြီးနဲ့ အစ်ကိုတွေပြသနာဖြစ်နေတယ်” ထို့နောက် ချက်ချင်းပင် လျှိုမင်ယွမ်ကိုခေါ်၍ပျောက်ကွယ်သွား၏။

…..

လွန်ခဲ့သောနာရီအနည်းငယ်က

ယွဲ့ဝူယောင်နှင့် လုရှင်းယန်သည် ပိုင်ကျန့်ယွီအတွက် ဓားဝယ်ပေးပြီးနောက် သုံးဦးသား ဆိုင်အတွင်းမှ ထွက်လာခဲ့ကြသည်။

“အစ်မကြီး ကျုပ်တို့ အဖေ့ဆီ ပြန်နှင့်ကြမလား” လုရှင်းယန်သည် သူတွင် ပိုက်ဆံမရှိတော့သောကြောင့် သူ၏ ဖခင်ကို လွမ်းလာလေ၏။

“အင်း...သွားကြမယ်လေ၊ ဆရာက ငါတို့ကိုရှာဖို့မခက်ပါဘူး” ထို့နောက် သူတို့သုံးဦးသည် တည်းခိုခန်းအိမ်ယာ ဘက်သို့ ဦးတည်သွားကြသည်။

“ရပ်စမ်း...” ဘေးဘက်မှ သတ်လတ်ပိုင်းလူရွယ်၏ အသံထွက်လာလေသည်။ ယွဲ့ဝူယောင်တို့သည် လှည့်ကြည့်လိုက်ရာ အညိုရောင်အသားရည်၊ ခန္ဓာကိုယ်သည်တုတ်ခိုင် တောင့်တင်းလှသည့် လူထွားကြီးတစ်ဉီးကိုတွေ့လိုက်၏။ သူ၏ကြွက်သားများသည်လည်း အမြောင်းမြောင်းထနေသည်။

“ဘာကိစ္စလဲ”

ယွဲ့ဝူယောင်သည် မျက်မှောင်ကြုပ်သွားပြီးမေးလိုက်၏။

“မင်းကြည့်ရတာ သန်မာမဲ့ ပုံပဲ... လာတိုက်ခိုက်ရအောင်” ထိုလူထွားကြီးသည် ယွဲ့ဝူယောင်ကို လက်ညိုးထိုးပြီးပြောလိုက်၏။

လုရှင်းယန် “...”

ပိုင်ကျန့်ယွီ “...”

‘ဒီကောင်ပြသနာလာရှာတာလား’

“မင်းတိုက်ချင်တယ်ဆို ငါအဖော်ပြုပေးမယ်” လုရှင်းယန်သည် ယွဲ့ဝူယောင်ရှေ့ သို့သွားလိုက်သည်။ ထို့နောက် ထိုလူထွားကြီးကို မျက်နှာချင်းဆိုင်ပြီး ပြောလိုက်၏။

“မရဘူး...မင်းကအားနည်းတယ်၊ သူမကမှ သန်မာတာ” ထိုလူထွားကြီးသည် လုရှင်းယန်ကို အထင်သေးသည့် အကြည့်ဖြင့်ပြောလိုက်သည်။

“မင်း...” လုရှင်းယန်သည် ကျွှဲမြီးတိုသွား၏။ သူသည်ချက်ချင်း တိုက်ခိုက်ရန်ပြင်လိုက်သည်။

“ဒီလူက တော်တော်အားကောင်းတယ်၊ ပြီးတော့ အခြေတည်ဝိညာဉ်အဆင့် အထွတ်ထိပ်မှာပဲ၊ ကျုးဟုန်ထက် ပိုအားကောင်းတယ်” ယွဲ့ဝူယောင်သည် လုရှင်းယန် ကိုတားလိုက်၏။

“ကောင်းပြီလေ တိုက်ကြတာပေါ့” ယွဲ့ဝူယောင်သည် တိုက်ခိုက်ရန်ပြန်လိုက်၏။

“ဟား..ဟား... ကောင်းတယ် ငါ့နာမည် ထျယ်ရှန်း၊ ငါအခွင့်ရေးမယူဘူး၊ မိန်းကလေးအရင်စတိုက်ပါ” ထျယ်ရှန်းသည် ပြောလိုက်၏။

ယွဲ့ဝူယောင်သည် သူမ၏ လက်ထဲ ချီစွမ်းအင်များစုစည်းလိုက်သည်။ ထို့နောက် လက်ဖဝါးဖြင့် ထျယ်ရှန်း၏ ရင်ဘက်ကို တိုက်ခိုက်လိုက်သည်။ ထျယ်ရှန်းသည် အလေးနက်ဖြစ်သွားပြီး ခုခံရန်ပြင်လိုက်၏။ သူ၏ လက်နှစ်ဘက်ကို ရင်ဘက်တွင်ကာလိုက်သည်။

“ဝုန်း..”

ထျယ်ရှန်း ရပ်နေသည့်ခြေထောက်အောက်ရှိ မြေများ အနည်းငယ်ကွဲအက်သွား၏။ သို့သော် ထျယ်ရှန်းသည် တစ်လက်မပင်မရွေ့ချေ။

“ဒီလူအတော်လေးအားကောင်းတာပဲ အစ်မကြီးရဲ့ လက်ဖဝါးကို ချီစွမ်းအင် မသုံးပဲ ကာကွယ်လိုက်တာ” လုရှင်းယန်သည် ပြောလိုက်၏။

“ဒုတိယအစ်ကို အစ်မကြီးနိုင်ပါ့မလား” ပိုင်ကျန့်ယွီသည် ယွဲ့ဝူယောင်အတွက် စိုးရိမ်သွား၏။

“စိတ်မပူနဲ့ အစ်မကြီးက အတည်မတိုက်သေးဘူး၊ ဒါက ငါတို့ အားနည်းနေလို့ ဖြစ်ရတာ၊ မဟုတ်ရင် အစ်မကြီး တိုက်စရာလိုမှာမဟုတ်ဘူး” လုရှင်းယန်သည် လက်သီးကျစ်ကျစ်ပါအောင် ဆုပ်လိုက်၏။

“ကျုပ်လဲ အမြန် အားကောင်းအောင်လုပ်ရမယ်၊ ပြီးရင် အစ်မကြီးကို ပြန်ကာကွယ်ပေးမယ်” ပိုင်ကျန့်ယွီသည် အံ့ကြိတ်လိုက်မိ၏။ သူတို့ အားနည်းနေခြင်းအတွက် ကိုယ့်ကိုယ်ကို သာ အားမလို အားမရ ဖြစ်နေကြ၏။

“မိန်းကလေး မင်းတော်တော်အားကောင်းတယ်”

ထိုရိုက်ချက်ကြောင့် သူ၏ လက်နှစ်ဖက် အနည်းငယ်ထုံကျဉ်သွားသည်။

ထို့နောက် ထျယ်ရှန်းသည် သူမ၏ လက်ဖဝါးကို တွန်းထုတ်ရန်ပြင်လိုက်၏။ ယွဲ့ဝူယောင်သည် ချက်ချင်းပင် နောက်သို့ ခုန်လိုက်၏။

“ငါတိုက်တော့မယ်” ထို့နောက် သူသည် ယွဲ့ဝူယောင် နောက်သို့ပြေးလိုက်၏။ ထို့နောက် လက်သီးဖြင့် ထိုးချလိုက်၏။

“ဝုန်း...” ယွဲ့ဝူယောင်သည် ထျယ်ရှန်း၏ လက်သီးကို တိုက်ရိုက် မခုခံခဲ့ချေ။ ထို့ကြောင့် ထျယ်ရှန်း၏ လက်သီးသည် မြေပြင်ကို ထိုးခွဲလိုက်၏။ ဤလက်သီးထဲတွင် ချီစွမ်းအင်များပါဝင်လေသည်။ ထို့ကြောင့် တော်တော်ပြင်းထန်လှ၏။ မြေပြင်သည် ခြောက်လက်မခန့် ကျွံဝင်ပြီး အက်ကွဲကုန်သည်။

ယွဲ့ဝူယောင်သည် ချက်ချင်းပင် လေပေါ် ခုန်တက်သွားခဲ့သည်။ ပြန်ကျလာသည့်အချိန်တွင် သူမ၏ ခြေထောက်ဖြင့် ထျယ်ရှန်းကို တိုက်ခိုက်လိုက်သည်။ သူမ၏ အရှိန်သည် မြန်လွန်းလှ၏။ ထျယ်ရှန်းသည် ယွဲ့ဝူယောင်၏ ကန်ချက်ကို သူ၏ ဘယ်လက်နှင့် တားဆီးလိုက်၏။

“ဝုန်း...”

ထို့နောက် သူ၏ ညာလက်တွင် ချီစွမ်းအင်များစုစည်းပြီး ယွဲ့ဝူယောင်၏ ဝမ်းဗိုက်ကို ထိုးချလိုက်၏။ ယွဲ့ဝူယောင်သည် ထျယ်ရှန်းကို ကန်ထားသည့် ခြေထောက်ကို ကွေး၍ အရှိန်ယူလိုက်သည်။ ထို့နောက် ချက်ချင်းပင် လေပေါ်တွင် တပတ်လှည့်ပြီး မြေပြင်ပေါ်သို့ အသာယာ ဆင်းလိုက်၏။

“မိန်းကလေး မင်းက ရှောင်ပဲရှောင်နေတော့မှာလား” ထျယ်ရှန်းသည် အားမရသည့်ပုံစံဖြင့်ပြောလိုက်သည်။

“နင်က ခန္ဓာကိုယ် ကျင့်ကြံသူတစ်ယောက်ပဲ၊ ဒါကြောင့် ငါ့ရဲ့ ချီစွမ်းအင်နဲ့က ထိပ်တိုက်ရင်ဆိုင်ဖို့ မဝံရဲဘူး” သူမသည် သူမ၏ အမြန်နှုန်းကို အားကိုး၍ ထျယ်ရှန်း၏ တိုက်ချက်များကို ရှောင်ရှားခဲ့ခြင်းဖြစ်သည်။ တကယ်တမ်း ယွဲ့ဝူယောင်သည် သူမစွမ်းအား၏ အကန့်သတ်ကို သိချင်သောကြောင့် ချီစွမ်းအင် သက်သက်ဖြင့် တိုက်ခိုက်နေခြင်းဖြစ်သည်။

ထျယ်ရှန်းသည် အလွန်သန်မာ၏။ သူမ၏ ရိုက်ချက် ကန်ချက်များကို ဒဏ်ရာမရစေပဲ ခုခံနိုင်၏။ သို့သော် သူမသည် အခြေတည်ဝိညာဉ် အလယ်လတ်တွင်သာ ရှိသေးခြင်းကြောင့်လဲ ဖြစ်နိုင်ပေသည်။ ပြီးလျင် သူမသည် ခန္ဓာကိုယ်ကျင့်ကြံသူလဲ မဟုတ်ပေ။ တစ်ဖက်က ပြန်တွေးကြည့်လျှင် ထျယ်ရှန်းလို ခန္ဓာကိုယ် ကျင့်ကြံသူတစ်ယောက်ကို ယခုလို တိုက်နိုင်ခြင်းက သာမန် အခြေတည်ဝိညာဉ် အလယ်လတ်ဆင့်များအတွက် ခဲယဉ်းနိုင်သည်။

“ဒါဆို ဝိညာဉ်စွမ်းအားသုံးပြီးတိုက်” ထျယ်ရှန်းသည် မမှုဘူးဟူသည့် အမူရာဖြင့်ပြောလိုက်၏။ သူသည် တိုက်ပွဲဆာလောင်နေသည့်အလားဖြစ်နေ၏။

“ဒီကောင် အသက်ရှုရတာကို ငြီးငွေ့နေလို့လား” လုရှင်းယန်သည် တီးတိုးရေရွတ်လိုက်၏။ သူ၏ ဦးလေးကျိုးလို လူတောင် ရေခဲရုပ်တု ဖြစ်သွားလို့ ခုထိ အိပ်ယာထဲက မထရသေးဘူးလေ။

“တတိယညီလေး အစ်မကြီးက တကယ်တိုက်တော့မှာ ခပ်ဝေးဝေးက ကြည့်ရအောင်” ပိုင်ကျန့်ယွီကို ခေါ်၍ နောက်ဆုတ်သွားခဲ့၏။ ပိုင်ကျန့်ယွီသည် အနည်းငယ်နားမလည်နိုင်ဖြစ်သွားခဲ့သည်။ အကြောင်းမှာ ယွဲ့ဝူယောင် တိုက်ခိုက်သည်ကို မမြင်ဖူးသောကြောင့်ဖြစ်သည်။

“ကောင်းပြီ” ယွဲ့ဝူယောင် ထိုသို့ပြောပြီးနောက် ပတ်ဝန်းကျင်၏ အပူချိန်သည် အလွန်မင်း ကျဆင်းသွား၏။

“ပြိုင်ဘက်ကောင်းပဲ” ထျယ်ရှန်းသည် လေးနက်သွားပြီး သူ၏ လက်သီးတွင်လဲ ဝိညာဉ်စွမ်းအင်များ ထည့်သွင်းပြီး ထိုးလိုက်၏။ ယခုအချိန်တွင်တော့ ယွဲ့ဝူယောင်သည် မရှောင်တော့ပေ။ သူမ၏ လက်ဖဝါးနှင့် ထိပ်တိုက် ရင်ဆိုင် ခုခံလိုက်၏။

“ဝုန်း...”

“ဘုန်း...ဘုန်း” သူတို့၏ ဝိညာဉ် စွမ်းအင်များ ထိပ်တိုက်တွေ့ဆုံမှုကြောင့် ပတ်ဝန်းကျင်ရှိ အရာဝထ္ထုပစ္စည်းများပင် ပျက်စီးကုန်၏။ အဝေးမှ ကြည့်နေသည့် လုရှင်းယန် နှင့် ပိုင်ကျန့်ယွီ တို့ပင် စွမ်းအင်၏ အဖျားခပ်မှုကြောင့် နာကျင်သွားရ၏။ သို့သော် အပေါ်ယံသာဖြစ်၏။

‘ဒီလောက် အကွာဝေးလဲ မရသေးဘူးလား’

ပိုင်ကျန့်ယွီသည် ယခုမှ နားလည်သွားခြင်းဖြစ်သည်။

ထိုက်ရွှမ်မြို့၏ အလယ်တွင် မြင့်မားလှသည့် အဆောက်ဦးကြီးတည်ရှိသည်။ ထိုနေရာသည် ထိုက်ရွှမ်မြို့၏ အုပ်ချုပ်သူ နေထိုင်ရာ နေရာဖြစ်သည်။ ထိုအုပ်ချုပ်သူသည် မြို့တစ်ခုလုံး၏ ကိစ္စများကို စီမံကိုင်တွင်ရသည် သူတစ်ဦးဖြစ်သည်။ ထိုလူသည် ရှဲ့လန်ဖြစ်ပြီး အုပ်ချုပ်သူရှဲ့ဟု ခေါ်ကြ၏။ သူသည် နတ်ဘုရားတစ်ပိုင်းအဆင့် ဖြစ်၏။

“ပြင်းထန်လွန်းတဲ့ ဝိညာဉ်စွမ်းအင်တွေ... ဒီမျိုးမစစ်က တိုက်ခိုက်နေပြန်ပြီလား...” အုပ်ချုပ်သူရှဲ့သည် တစ်စုံတစ်ခုကို တွေးမိသွားပြီးနောက် ချက်ချင်းပင် ပျောက်ကွယ်သွား၏။

ထိုက်ရွှမ်မြို့ထဲရှိ ကျင့်ကြံသူများသည်လည်း သတိထားမိပြီးရောက်လာကြသည်။

“တိုက်ပွဲရူးက တိုက်ခိုက်နေပြန်ပြီလား”

“ဒီတစ်ခါ ကံဆိုးတဲ့သူက ဘယ်သူလဲဟ”

“ဟေ့ မိန်းကလေးတစ်ယောက်ပဲ”

“ဒီကောင် တိုက်ခိုက်စရာလူကုန်သွားလို့ မိန်းကလေးတွေတောင် အလွတ်မပေးတော့ဘူးလား”

“ဒီကောင် အချုပ်ခန်းထဲ ထပ်အိပ်ရတော့မယ်ထင်တယ်၊ သူနဲ့တိုက်တဲ့ မိန်းကလေးတော့ သနားစရာပဲ သူမပါ အချုပ်ခန်းထဲ ဝင်ရတော့မယ်”

“မိန်းကလေးက အတော်လှတယ်ဟ ထိုက်ရွှမ်မြို့ကို ခုမှ ရောက်ဖူးတဲ့သူထင်တယ်၊ မြို့ထဲမှာ မတိုက်ခိုက်ရဘူးဆိုတဲ့ စည်းမျဉ်းရှိတာ သိပုံမရဘူး”

ပွဲကြည့်ပရိတ်သတ်များသည် ဖြစ်ရိုးဖြစ်စဉ်တစ်ခုကို ပြောနေသည့်အလား တီးတိုးပြောဆိုနေကြသည်။

“ချီးတဲ့မှ...၊ ဒီလိုစည်းမျဉ်းရှိတာလား” ထိုလူများတစ်ယောက်တစ်ပေါက်ပြောနေသည်များကိုကြားပြီးနောက် လုရှင်းယန်နှင့် ပိုင်ကျန့်ယွီတို့ ထိတ်လန့်သွားကြ၏။

ထျယ်ရှန်းသည် ယွဲ့ဝူယောင်၏ စွမ်းအားကို အလွန်ပင် အံ့ဩသွားသည်။ သူ၏ တိုက်ခိုက်မှုကို ဤမိန်းကလေးသည်။ တုတ်တုတ်မျှ မလှုပ်ခုခံထား၏။ သူ၏ လက်သီးနှင့် ယွဲ့ဝူယောင်၏ လက်ဖဝါး ကြားရှိ စွမ်းအင် များသည် လည် အင်အားချင်းပြိုင်ဆိုင်နေကြ၏။ ထို့နောက် ထျယ်ရှန်းသည် သူ၏ လက်အေးခဲသလိုခံစားလာရသည်။

‘မဖြစ်နိုင်ဘူး ငါ့ခန္ဓာကိုယ်က ဒီလောက်ထိ သန်မာတာကို ဒီမိန်းကလေးရဲ့ စွမ်းအင်ကို မခုခံနိုင်ဘူးလား’

ထို့နောက် ချက်ချင်းပင်သူ၏ လက်ကို ရုပ်သိမ်းပြီး နောက်သို့ ဆုတ်လိုက်၏။ သို့သော် သူမထင်မှတ်ထားသည့်အရာဖြစ်လာခဲ့သည်။

ယွဲ့ဝူယောင်သည် ချက်ချင်းပင် ထျယ်ရှန်း အနီးသို့ရောက်လာခဲ့သည်။ ထို့နောက် ထျယ်ရှန်း၏ ဝမ်းဗိုက်ကို ကန်လိုက်လေသည်။

“မြန်လိုက်တာ”ထျယ်ရှန်းသည် မရှောင်နိုင်တော့ချေ။ ယွဲ့ဝူယောင်၏ ကန်ချက် ကြောင့် ခြေငါးလှမ်းခန့်ထိ နောက်ဆုတ်လိုက်ရ၏။

“တကယ်ကြမ်းတာဟ...”

…..

All Chapters