← Chapters

ရန်ငြိုးဟောင်း

Vol. 55 Ch. 892

ရန်ငြိုးဟောင်း

Vol. 55 Ch. 892

ခီရက်ဇ်ဆာ ဦးဆောင်သော ဆာရီရယ် အဖွဲ့က “သော့”ကို ရှာဖွေနေရင်း ဥပဒေသ အပိုင်းအစများ ရရှိရန် အတွက် ခြေသလုံးအိမ်တိုင် ဝိညာဉ်များကို ရှာဖွေနေ၏။ တိုင်းပြည်အဆင့် ထိပ်သီးပိုင်းဖြစ်သော ဆာရာက ပြင်းထန်သော တိုက်ပွဲတစ်ခုတွင် သေဆုံးသွားခဲ့သော်လည်း သူတို့က ပူးပေါင်းဆောင်ရွက်ရာတွင် ပိုမို၍ ကျွမ်းကျင် လာခဲ့ပြီး ဥပဒေသ အပိုင်းအစ အများအပြားကို အတော်လေး ရရှိလာခဲ့သည်။

ခီရက်ဇ်ဆာက ၈ခု၊ ပါတိုက ၃ခု၊ ချူအီရိုက ၁ခု၊ မာတွန်က ၁ခု ရရှိခဲ့ပြီး အန်ရီရယ်နှင့် သာ့စ်ဖီးတို့က လက်ဗလာနှင့် ဖြစ်နေသည်။ ထိုကဲ့သို့ ခွဲဝေခြင်းက အသေအချာပင် ခီရက်ဇ်ဆာအတွက် သာနေလေသည်။ သို့သော်လည်း ခီရက်ဇ်ဆာက စွမ်းအား ကြီးမားလွန်းလှသည့်အတွက် ကျန်သောသူများက ဘာမှ မပြောရဲကြပေ။ သူတို့အားလုံး ပူးပေါင်းလိုက်လျှင်ပင် နိမ့်ကျနေသေးသည်။ တစ်ဖက်တွင် ခြေသလုံးအိမ်တိုင်ဝိညာဉ်များ၏ အထူးဂုဏ်သတ္တိက အတော်လေး ကိုင်တွယ်ရ ခက်ခဲပြီး ခီရက်ဇ်ဆာ၏ ပါရမီကို ၎င်းတို့ကို ချုပ်ထိန်းရန် ကောင်းကောင်း ထိရောက်ပေသည်။ သူတို့က အဖွဲ့ထဲမှ ထွက်သွားပြီး တစ်ယောက်တည်း လှုပ်ရှားမည်ဆိုလျှင် တိုင်းပြည်အဆင့် ထိပ်သီးပိုင်း ဖြစ်သော ပါတိုသည်ပင် ၎င်းတို့ကို အမဲလိုက်နိုင်ရန် ခက်ခဲပေလိမ့်မည်။ ထို့အပြင် တိုင်းပြည်အဆင့် ခြေသလုံးအိမ်တိုင် ဝိညာဉ်တိုင်းက ဥပဒေသ အပိုင်းအစ ဖြစ်လာစေသည် မဟုတ်ပေ။ တစ်ခုခု လွဲချော်သွားလျှင် ဆာရာက အကောင်းဆုံး ဥပမာပင် ဖြစ်၏။

အန်ရီရယ်နှင့် သာ့စ်ဖီးတို့က မကန့်ကွက်ရဲကြပေ။ သို့သော်လည်း သူတို့က အဖိုးတန်သော ခြေသလုံး အိမ်တိုင် ဝိညာဉ်အုပ်စု သို့မဟုတ် “သော့”ကို ရှာတွေ့လျှင် နောက်ထပ် ဥပဒေသအပိုင်းအစကို ခွဲဝေပေးမည်ဟု ခီရက်ဇ်ဆာက ကတိပေးခဲ့လေသည်။

အမှန်တကယ်၌ အဖိုးတန်အရာများ ပိုင်ဆိုင်ခြင်းက အခြားသူများ၏ မနာလိုစိတ်ကို ကြီးမားလာစေနိုင်ကြောင်း သေသေချာချာ သိကြသည်။ သူတို့က ဥပဒေသ အပိုင်းအစ တစ်ခုကို ရလျှင်ပင် ကြာကြာ ထိန်းထားနိုင်မည် မဟုတ်ပေ။ သူတို့က ခီရက်ဇ်ဆာကို ပို၍ပင် နာခံရုံသာ တတ်နိုင်၏။

သူတို့တွင် တန်ဖိုးအနည်းငယ်သာ မရှိခဲ့လျှင်၊ အပြင်လောက၌ ဖြစ်နေခဲ့လျှင်၊ သူတို့၏ အသက်များကို ထိုအထူးအစွမ်းထက်ပုဂ္ဂိုလ်များ နှုတ်ယူသွားလိုက်လေပြီ။

သို့ရာတွင် ဥပဒေသ အပိုင်းအစကို စုပ်ယူခြင်း၊ နားလည်ရန် ကြိုးစားခြင်းတို့က အချိန်အတော်ပေးရပြီး ခီရက်ဇ်ဆာ ကိုယ်တိုင်ကပင် ချက်ချင်း မစုပ်ယူရဲပေ။ “အဖွဲ့သား”များ အားလုံးက လျို့ဝှက်ကြံစည်ကြသူများ မဟုတ်ကြပေလော။ ထို့ပြင် ပထမဦးစားပေးမှာ တာဝန်ကို ပြီးမြောက်စေပြီး ထိုနေရာမှ အမြန်ဆုံး ထွက်သွားနိုင်ရန် ဖြစ်သည်။ ဆာရီရယ်၏ ဆုလာဒ် မပါလျှင်ပင် ထို ဥပဒေသ အပိုင်းအစများ တစ်ခုတည်းက အလွန်ကြီးမားသော အကျိုးရလာဒ်များဟု ယူဆ၍ ရနိုင်ပေသည်။

“မဒမ်-ခီရက်ဇ်ဆာ။ ကျွန်မ ခြေသလုံးအိမ်တိုင် စိတ်ဝိညာဉ် တစ်သုတ်ကို တွေ့ထားတယ်။” လမ်းရှာသူ အန်ရီရယ်က မောဟိုက်နေပြီး ခီရက်ဇ်ဆာကို ပြောလိုက်၏။ “အရေအတွက်က.... ၅၀၀ကနေ ၆၀၀အထိ ရှိနိုင်တယ်။ ဒါပေမဲ့ သူတို့ထဲမှာ အထူးအစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက် ရှိလောက်တယ်။ အဲဒီအဟုန်ကို ကျွန်မ အာရုံခံမိတော့ အနားကပ် မသွားရဲတော့တာ။ မဒမ်ရဲ့ ကြေးခွံက အငွေ့အသက်ကို ကာကွယ်ထားပေးတာ မဟုတ်ရင် ကျွန်မကို သတိထားမိသွားလောက်တယ်။”

“သိပ်ကောင်းတယ်။” ခီရက်ဇ်ဆာက မတ်တတ် ရပ်လိုက်သည်။ အရေအတွက် ၅၀၀-၆၀၀ က အဖွဲ့အတွက် နှိမ်နင်းရန် လွယ်ကူပေသည်။ “ငါပြောတဲ့အတိုင်း ငါလုပ်တယ်။ ဒီတစ်ခေါက် ဥပဒေသ အပိုင်းအစ တစ်ခုကို ရမယ်ဆိုရင် အဲဒါက မင်းဟာပဲ။”

“မဒမ်။ ကျွန်မက ဒီနေရာကနေ ဘေးကင်းကင်းနဲ့ ထွက်သွားချင်ရုံပါ။” အန်ရီရယ်က ခါးသက်သက်နှင့် ပြုံးလိုက်၏။ “ကျွန်မကို မဒမ်က ကာကွယ်ပေးပြီးတော့ အဲဒီ ဥပဒေသ အပိုင်းအစကိုလည်း မဒမ်ကို ပေးအပ်တာလို့ သ‌ဘောထားလိုက်ပါ။”

အန်ရီရယ်က အလိုက်သိကြောင်း မြင်သည့်အခါ ခီရက်ဇ်ဆာက ကျေနပ်သော အမူအရာတစ်ခု ပြသလိုက်၏။ “ကောင်းပြီ။ ငါ့ရဲ့ စွမ်းရည်တွေကို အကောင်းဆုံး သုံးပြီးတော့ ငါမင်းကို ကာကွယ်ပေးမယ်။”

ထိုစကား၏ ယုံကြည်စိတ်ချရမှုက မများလှသော်လည်း တစ်ဖက်လူ၏ မျက်လုံးထဲ၌ မိမိက ပုရွက်ဆိတ် တစ်ကောင်သာ ဖြစ်ကြောင်း သိသည့်အတွက် အန်ရီရယ်က မေးခွန်းထုတ်မရဲဘဲ အလျင်အမြန် ကျေးဇူးတင်လိုက်၏။

ခီရက်ဇ်ဆာက အမိန့်ပေးလိုက်သည်။ “အားလုံးပဲ။ ခြေသလုံးအိမ်တိုင် ဝိညာဉ်တွေကို အတူတူ အမဲသွားလိုက် ကြတာပေါ့။”

ထိုစဉ် အခြားတစ်ဖက်၌ ချန်လွေ့က အေးအေးဆေးဆေး ပျံသန်းနေ၏။

“လက်စလီ။ မင်းပေးခဲ့ ထောက်လှမ်းရေး မြေပုံက ခြေသလုံးအိမ်တိုင် ဝိညာဉ်တွေကို လွယ်လွယ်ရှာနိုင်တဲ့ အဓိကနေရာတွေပဲ။ ပြီးတော့ မင်းရဲ့ ကိုယ်ယောင်ဖျောက် ပါရမီနဲ့ ရေဒြပ်စင်က အဲဒီဝိညာဉ်တွေကို မျှားခေါ်ဖို့အတွက် အကောင်းဆုံးပဲ။ မင်းက အဲဒီဝိညာဉ်တွေကို ဖျက်လိုက်တဲ့ အခါ ငါက အလွယ်လေး ရှင်းပစ်နိုင်တယ်။ ၇ရက်အတွင်း ငါတို့က ဥပဒေသ အပိုင်းအစ ၂၁ ရခဲ့ပြီ။” ချန်လွေ့က သဘောကျသည်ကို ဖော်ပြလိုက်သည်။

လက်စလီက နှိမ့်ချပြောလိုက်သည်။ “ချီးမွမ်းတဲ့အတွက် ကျေးဇူးတင်ပါတယ်။ သခင်။ မြေပုံပေါ်က အမှတ်အသားက တကယ်တော့ လွန်ခဲ့တဲ့ သုံးလေးရက်တုန်းက ကျွန်မ သတိထားမိသွားတဲ့ ခြေသလုံးအိမ်တိုင် ဝိညာဉ်တွေ လှုပ်ရှားနေတဲ့ နေရာပါ။ ကျွန်မရဲ့ စွမ်းအားက နိမ့်ကျတဲ့အတွက် သူတို့ကို ရန်မစရဲခဲ့ပါဘူး။ သခင်က တကယ့် အစွမ်းထက်ပုဂ္ဂိုလ်ပါ။ နတ်ဘုရားတစ်ပိုင်းအဆင့် ခြေသလုံးအိမ်တိုင် ဝိညာဉ်တွေကို အလွယ်လေး သတ်ပစ်နိုင်တယ်။”

ထိုရက်များအတွင်း ချန်လွေ့က လက်စလီနှင့် ပူးပေါင်းပြီး ခြေသလုံးအိမ်တိုင် ဝိညာဉ် အများအပြားကို အမဲလိုက်ခဲ့သည်။ အထူးသဖြင့် ယမန့်နေက သူတို့သည် နတ်ဘုရားတစ်ပိုင်းအဆင့် ခြေသလုံးအိမ်တိုင် ဝိညာဉ်ရှိသော ‌ခြေသလုံးအိမ်တိုင် ဝိညာဉ်အုပ်စုကို ရှာတွေ့ခဲ့သည်။ ချန်လွေ့က [ဓူဝံကြယ်နီအသွင်ပြောင်းခြင်း]ကို အသုံးပြုပြီး ၎င်းကို တစ်ချက်တည်း သုတ်သင်ပစ်လိုက်ရာ ပို၍ တန်ဖိုး ကြိးမားသော နတ်ဘုရားတစ်ပိုင်းအဆင့် ဥပဒေသ သလင်းကျောက် စက်လုံးကို ရရှိခဲ့လေသည်။

တိုင်းပြည်အဆင့် အပိုင်းအစများကဲ့သို့ မဟုတ်ဘဲ နတ်ဘုရားတစ်ပိုင်း အဆင့်က ပြီးပြည့်စုံသော သလင်းကျောက် စက်လုံးတစ်ခု ဖြစ်သည်။ ၎င်းထဲတွင် ပါဝင်သော ဥပဒေသက ပို၍ အင်အားကြီးပြီး ပြည့်စုံကာ တန်ဖိုးက တိုင်းပြည်အဆင့် အပိုင်းအစများထက် များစွာ သာလွန်သည်။ နတ်ဘုရားတစ်ပိုင်းအဆင့်က နတ်ဘုရား-ယောင် အဆင့် မတိုင်ခင် တစ်ဆင့် ဖြစ်ပြီး ‌ဥပဒေသ အပိုင်းအစဟု မခေါ်နိုင်တော့ဘဲ ဥပဒေသမှ ဆင့်ကဲ၍ ပြောင်းလဲလာသော စွမ်းအားတစ်ခု ဖြစ်သွားလေပြီ။ ၎င်းက “နတ်ဘုရားဘဝ-ယောင်”ဟုခေါ်သော “နတ်”နှင့် နီးစပ်သည်။ သို့သော်လည်း ယခုအထိ ချန်လွေ့က နတ်ဘုရား-ယောင်အဆင့် ခြေသလံုးအိမ်တိုင် ဝိညာဉ် တစ်ကောင်ကိုမှ မတွေ့ရသေးပေ။ ၎င်းကို အထူးစည်းမျဉ်း တစ်ခုခုက ကန့်သတ်ထားပုံရသည်။

“ဒီလျို့ဝှက်ဆန်းကြယ်နယ်မြေက ဘာလဲ။ အင်အားကြီး ဝိညာဉ်တွေ အများကြီး ရှိနေတယ်။ အဆုံးမဲ့ နိးပါးပဲ နတ်ဆိုးအရှင်သခင် အဆင့် ခြေသလုံးအိမ်တိုင် ဝိညာဉ်တွေကတောင် စိတ်ကူး နိုင်တာထက် ကျော်လွန်တဲ့ ကြောက်မက်ဖွယ်ရာ ပမာဏအထိ ရှိနေတယ်။ အပြင်မှာသာဆိုရင် သူတို့က တစ်လောကလုံးရဲ့ တည်ရှိမှုကိုတောင် ဖျက်ဆီးပစ်နိုင်တယ်။ သူတို့က ဒီမှာရှိတဲ့ မတူညီတဲ့ အားတွေကလည်း ဖြစ်လာတာလား၊ ဒါမှမဟုတ် တကယ့်လူတစ်ယောက် သေပြီးတော့မှ သန္ဓေပြောင်း ဝိညာဉ် ဖြစ်သွားတာလား။” ထိုအရာက ကြောက်မက်ဖွယ်ရာ မိုးပျံနယ်မြေကို ရောက်ပြီးကတည်းက ချန်လွေ့၏ အကြီးမားဆုံး ဝေခွဲမရသောအရာ ဖြစ်သည်။

“ဥပဒေသအပိုင်းအစကို ကြည့်မယ်ဆိုရင်...ဒီလို ဝိညာဉ် တည်ရှိမှုမျိုးက တကယ့် အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက် သေဆုံးသွားပြီးတော့မှ ဖြစ်လာတာမျိုးပဲ။ ပြီးတော့ သူတို့က အသက်ရှိနေတုန်းက အတော်လေး အစွမ်းထက်ခဲ့ကြတယ်။ မဟုတ်ရင် သေပြီးတဲ့အခါ ဝိညာဉ်တည်ရှိမှုမျိုး ဖြစ်လာမှာ မဟုတ်ဘူး။ အဲဒါကြောင့် ဒီမှာရှိတဲ့ အားအနည်းဆုံး ခြေသလုံးအိမ်တိုင် ဝိညာဉ်ကတောင် နတ်ဆိုးအရှင်သခင် အဆင့် ဖြစ်နေတာ။”

ချန်လွေ့က ပင့်သက်ရှိုက်လိုက်၏။ “ဒါဆိုရင် အချိန် အတောအတွင်း တစ်ခုထဲမှာ သေသွားတဲ့သူ အရေအတွက်က ခြေသလုံးအိမ်တိုင် ဝိညာဉ် အ‌‌ရေအတွက် ထက်ကို များတာပေါ့။ တကယ်တမ်း ဘာဖြစ်ခဲ့တာလဲ။”

လက်စလီက ခေါင်းခါလိုက်ရာ ချန်လွေ့က တစ်ခုခုကို ရုတ်တရက် တွေးလိုက်မိသည်။ “နတ်ဘု‌ရားတွေရဲ့ နေဝင်ချိန် ဆိုတာကို ကြားဖူလား။”

“နတ်ဘုရားတွေရဲ့ နေဝင်ချိန်လား။” လက်စလီက ကြက်သေသေသွားခဲ့သည်။ “ရှေးစာအုပ်တချို့မှာ မပြည့်စုံတဲ့ မှတ်တမ်းအချို့ တွေ့ဖူးတယ်။ ဒဏ္ဍာရီအရတော့ လောက အကုန်လုံးမှာ ကပ်ဘေးကြီးတစ်ခု ဖြစ်ခဲ့ပြီးတော့ နတ်ဘုရားတွေကတောင် ထာဝရ အိပ်စက်သွားခဲ့တယ်။ ဒါပေမဲ့ အဲဒါက ဒဏ္ဍာရီလား၊ အစစ်အမှန်လားဆိုတာ ဘယ်သူမှ မသေချာခဲ့ဘူး။ နတ်ဘုရားတွေက နှစ်ပေါင်း များစွာကြာအောင် အံ့သြဖွယ်ရာတွေ မလုပ်ခဲ့တာ အမှန်ပဲ။ ပြီးတော့ အဲဒါကြောင့်ပဲ ဒီဒဏ္ဍာရီတွေ ဖြစ်လာတာ နေမယ်။”

ချန်လွေ့က မျက်မှောင်ကြုတ်လိုက်၏။ လက်စလီ ပြောသည်မှာ ကတ်သရင်းဆီက ချန်လွေ့ သိထားသည်နှင့် ဆင်တူသည်။ နတ်ဘုရားများက နှစ်ပေါင်းများစွာ ကြာအောင် အံ့သြဖွယ်ရာများ မပြုလုပ်ခဲ့သော်လည်း ဒဏ္ဍာရီလာ နတ်ဘုရား၏ အချိန်အယူအဆက သာမန်လောကနှင့် လုံးဝ ကွဲပြားပေသည်။ နတ်ဘုရားတစ်ပါး၏ သမ်းဝေခြင်းကပင် နှစ်ထောင်ပေါင်းများစွာ ကြာလောက်၏။ နေအဖွဲ့အစည်းကို ဥပမာ ထားပါ။ နေအဖွဲ့အစည်း ဖန်တီးခြင်းနှင့် ဆင့်ကဲ ပြောင်းလဲခြင်းတို့က နှစ်သန်းပေါင်း ရာနှင့်ချီထက် ပိုကြားခဲ့သော်လည်း ချန်လွေ့ အတွက် သုံးလေးနှစ်သာ ကြာမြင့်ခဲ့သည်။

ထို့ကြောင့် ဒဏ္ဍာရီလာ နတ်ဘုရားများ အိပ်စက် နေမနေကို မည်သူမှ သေချာ မသိနိုင်ကြပေ။

“ဟုတ်သားပဲ။ သခင်။ ဥပဒေသ အပိုင်းအစဆိုတဲ့ အသုံးအနှုန်းကို မပြည့်စုံတဲ့ မှတ်စုစာအုပ် အ‌ဟောင်း တစ်ခုမှာ ကျွန်မ တွေ့ခဲ့ဖူးတယ်။” လက်စလီက တစ်ခုခုကို တွေးမိလိုက်ဟန်တူသည်။ “အဲဒီမှတ်စုထဲမှာ အပိုင်းပိုင်း ဖြစ်နေတဲ့ ဖော်ပြချက်တွေ ရှိတယ်။ ဥပမာ အသက် အမြုတေ၊ ဥပဒေသ အပိုင်းအစ၊ ဖန်တီးခြင်းနဲ့ ပျက်စီးခြင်းရဲ့ လျို့ဝှက်ချက် ဆိုတာမျိုးပေါ့.....”

အသက်အမြုတေ.......၊ ဖန်တီးခြင်းနဲ့ ပျက်စီးခြင်း လျို့ဝှက်ချက် ဟုတ်လား......။ ချန်လွေ့က အရေးကြီးသော အရာတစ်ခုခုကို ထိမိလိုက်သလို ဖြစ်သွားပြီး မေးလိုက်၏။ “အဲဒီ မှတ်စုစာအုပ်ကို ဘယ်သူ ရေးခဲ့တာလဲ။”

“အဲဒီစာအုပ်က မပြည့်စုံဘူး။ လူတစ်ယောက်ရဲ့ နာမည် ဖြစ်လောက်တဲ့ “ဖိုက်သွန်”ဆိုတာကိုတော့ ဖော်ပြထားတယ်။ ဒါပေမဲ့ အဲဒါက စာရေးသူ ဟုတ်မဟုတ်တော့ ကျွန်မလည်း မသိဘူး။”

ဖိုက်သွန်.....။ ချန်လွေ့က ထိုနာမည်ကို တစ်ခါမှ မကြားဖူးပေ။ ယခုတွင် သူ့၌ နတ်ဘုရားတစ်ပိုင်း အဆင့်ကို ယှဉ်ပြိုင်နိုင်စွမ်း ရှိနေပြီ ဖြစ်သော်လည်း ထိုလောကအကြောင်း သူ၏ အသိပညာများက နတ်ဆိုးအရှင်သခင်အဆင့် တစ်ယောက်လောက် မကောင်းမွန်သေးပေ။ သူက မြေဒြပ်စင်ဘုရင်နှင့် အက်ဂ်လက်စ်တို့ ကဲ့သို့သော အတွေ့အကြုံ ရှိသူများထံမှ အဖြေများ ရှာနိုင်လောက်ပေ၏။

“မင်းတို့ သွားပြီးတော့ လူစုဖို့အတွက် အချိန် သိပ်ပြီး မလိုတော့ဘူး။” ယခုတွင် အရေးအကြီးဆုံးမှာ တစ်ဖနီနှင့် ငွေသေတ္တာတို့ပင်။ ချန်လွေ့က ထိုအကြောင်းများကို စဉ်းစားပြီး အင်အားမဖြုန်းတီးချင်ပေ။ “ဒီတစ်ခေါက် တာဝန်မှာ ငါမင်းကို အပိုင်းအစ (၇)ခု ပေးမယ်။ လူစုမယ့် နေရာကို သွားကြတာပေါ့။ ငါ မင်းနောက်ကနေ [ တိတ်တဆိတ် ] သုံးပြီးတော့ လိုက်သွားမယ်။ တစ်ဖနီကို တွေ့တဲ့အခါကျရင် အခြေအနေကြည့်ပြီး လှုပ်ရှားကြမယ်။”

“ဟုတ်ကဲ့ပါ။ သခင်။”

ချန်လွေ့နှင့် လက်စလီတို့၏ လမ်းတလျှောက်၌ အတားအဆီး မကြုံခဲ့ရသော်လည်း ထိုအချိန်၌ ခီရက်ဇ်ဆာတို့ အဖွဲ့က ကြီးမားသော အန္တရာယ်တစ်ခုနှင့် ရင်ဆိုင်နေခဲ့ရသည်။

အန်ရီရယ်၏ လမ်းပြမှုအောက်တွင် ဆာရီရယ်တို့ အဖွဲ့က ခြေသလုံးအိမ်တိုင် ဝိညာဉ်များ ၅၀၀-၆၀၀ အုပ်စုကို တွေ့ခဲ့ရသည်။ သို့သော်လည်း အရေအတွက်က တိုက်ပွဲ အစ၌ ရုတ်တရက် ဆယ်ဆ တိုးသွားခဲ့ပြီး ဆက်လက် တိုးနေဆဲ ဖြစ်ကာ တစ်လွှာပြီးတစ်လွှား ဝိုင်းခံလိုက်ရ၏။ ပို၍ပင် ကြောက်စရာကောင်းသည်မှာ ပါတိုကဲ့သို့ အထူးအစွမ်းထက် ပုဂ္ဂိုလ်ကပင် နတ်ဘုရားတစ်ပိုင်းအဆင့် ခြေသလုံးအိမ်တိုင် ဝိညာဉ်များ တစ်ကောင်မက ရှိနေသော အငွေ့အသက်ကို အာရုံခံလိုက်မိခြင်းပင်။

ဆာရီရယ်တို့အဖွဲ့မှ အားလုံး ထိတ်လန့်သွားကြပြီး ခံစစ် အခင်းအကျင်း ဖွဲ့စည်းရန်အတွက် အလျင်အမြန်ပင် အချင်းချင်း အနားကပ်လိုက်ကြ၏။

ခြေသလုံးအိမ်တိုင် ဝိညာဉ်များကို တစ်စုံတစ်ခုက ဆွဲဆောင်နေကြောင်း ခီရက်ဇ်ဆာ အာရုံခံလိုက်မိပြီး ထိုအာရုံစိုက်မှုက လမ်းရှာသူ “အန်ရီရယ်” ဖြစ်နေ၏။ ခီရက်ဇ်ဆာက ‌ဒေါသတကြီး အော်ပြောလိုက်သည်။ “ဒါက ထောင်ခြောက်ပဲ။ အန်ရီရယ် ......”

အန်ရီရယ်က ထူးထူးဆန်းဆန်း ပြုံးလိုက်သည်။ “ခီရက်ဇ်ဆာ။ နင့်လိုမျိုး ခြယ်လှယ်လွန်းတဲ့သူလည်း ဒီလုိ ထောင်ခြောက်ထဲကို ကျသွားတယ်လား။ အခုမှပဲ ဒါက ထောင်ခြောက်ဆိုတာကို သိသွားတယ်ပေါ့။”

“မင်းက အန်ရီရယ် မဟုတ်ဘူး။ မင်းက ဘယ်သူလဲ။ မဟုတ်ဘူး။ အန်ရီရယ်ဆီမှာ ငါ တိတ်တိတ်လေး ထည့်ခဲ့တဲ့ အမှတ်အသားက မပြောင်းသွားဘူး။ ဒါက.....” ခီရက်ဇ်ဆာက ရုတ်တရက် တုံ့ပြန်လိုက်သည်။ “[ရုပ်သေးပညာ]။ ဘယ်ဇီဘတ် တော်ဝင်မိသားစု....”

“ပင်လယ်သေက တိုက်ပွဲကို မှတ်မိလား။ ငါနင့်ကို ဒီမှာ ရန်သူတစ်ယောက် အနေနဲ့တောင် တွေ့ရမယ်လို့ မထင်ထားခဲ့ဘူး။ နင် လမ်းရှာဖို့ လွှတ်လိုက်တဲ့ မိန်းမက ဟိုးကတည်းက အဖမ်းခံရပြီးတော့ ရုပ်သေး ဖြစ်သွားပြီ။ ငါ့အဖွဲ့သားတွေက ရုပ်သေး အငွေ့အသက် မထွက်အောင်လို့ ပါရမီအစွမ်းတစ်ခု သုံးထားခဲ့တယ်။ ဒါက နင့်ကို ထောင်ခြောက်ဆီ တစ်လှမ်းချင်း ရောက်သွားအောင် ဦးဆောင်ဖို့အတွက် အခွင့်အရေးကောင်း တစ်ခုပဲ။ နောက်ဆုံး အခိုက်အတန့်ကို ခံစားလိုက်ဦး။ ဒီတစ်ခေါက် အတိတ်က ရန်ငြိုးးကို ငါ လက်စားချေနိုင်ခဲ့ပြီ။”

“ဗက်ဇယ်နာ....” ခီရက်ဇ်ဆာက အံကြိတ်ပြီး ရန်သူ၏ နာမည်ကို ပြောလိုက်သည်။

“ဟားဟား...” အန်ရီရယ်၏ ရယ်သံ ရုတ်ချည်း ရပ်တန့်သွားခဲ့ပြီး ခီရက်ဇ်ဆာ၏ ဒေါသအောက်၌ ချေမှုန်းခံလိုက်ရလေသည်။

ဗက်ဇယ်နာက ခြောက်လှန့်ရေးသမား မဟုတ်ပေ။ ခြေသလုံးအိမ်တိုင် ဝိညာဉ်များ ပိုပို၍ များလာခဲ့သည်။ ခန့်မှန်းခြေအရ တစ်သောင်းကျော်နိုင်ပြီး နတ်ဘုရား တစ်ပိုင်း အဆင့်က ၆ကောင် ရှိနေသည်။

လူတိုင်း၏ အမူအရာက ကြီးကြီးမားမား ပြောင်းလဲ သွားတော့သည်။ ယခုတွင် တိုက်ခိုက်ရန်၊ ခုခံရန်က ရွေးချယ်စရာ မဟုတ်တော့ဘဲ ထွက်ပြေးရန်ကပင် ပြဿနာ တစ်ခု ဖြစ်နေလေပြီ။

ခီရက်ဇ်ဆာက အံကြိတ်လိုက်ပြီး သာ့စ်ဖီးကို ဆွဲကိုင်ကာ စွမ်းအားများကို လည်ပတ်လိုက်သည်။ သာ့စ်ဖီး၏ ခန္ဓာကိုယ်က ရုတ်တရက် နီရဲလာခဲ့ပြီး ချက်ချင်းပင် ကြောက်မက်ဖွယ်ရာ အဆင့်တစ်ခုအထိ ‌‌ရောက်ရှိသွား၏။ ချဉ်းကပ်လာသော နတ်ဆိုးအရှင်သခင်အဆင့် ဝိညာဉ်များက အမှန်တကယ်ပင် အငွေ့ပျံ သွားခဲ့သည်။

“မဒမ်- ခီရက်ဇ်ဆာ....” သာ့စ်ဖီးက မိမိ၏ ခန္ဓာကိုယ်မှာ ပူဖောင်းကဲ့သို့ ရောင်ကိုင်းလာပြီး အချိန်မရွေး ပေါက်ထွက် သွားနိုင်ကြောင်းကိုသာ ခံစားနေရသည်။ သူက အလွန်ပင် ကြောက်လန့်နေခဲ့ပြီး စကားမဆုံးသေး ခင်မှာပင် ကြောက်မက်ဖွယ်ရာ ပြန့်ကားမှုကြောင့် စကားမပြောနိုင် တော့ပေ။

ခီရက်ဇ်ဆာက သာ့စ်ဖီး၏ စိတ်ဝိညာဉ်မီးတောက် ပါရမီကို လှုံ့ဆော်ပြီး “ဗုံးခန္ဓာ”အဖြစ် ပြောင်းလဲရန်အတွက် လျို့ဝှက် ပညာရပ်တစ်ခုကို သုံးခဲ့ကြောင့် ပါတို၊ ချူအီရိုနှင့် မာတွန်တို့ ကဲ့သို့သော တိုင်းပြည်အဆင့်များက သေသေချာချာ မြင်ခဲ့ရသည်။ ခီရက်ဇ်ဆာ သူ့ကို တိတ်တိတ်လေး တစ်ခုခု ပြုလုပ်ခဲ့ပုံရသည်။ ထို့ကြောင့် သူက သာ့စ်ဖီးကို တမင်တကာ မသတ်ခဲ့ခြင်းပင်။

သို့ရာတွင် သူတို့ကို နတ်ဘုရား တစ်ပိုင်းအဆင့် ခြေသလုံးအိမ်တိုင် ဝိညာဉ်များက ဝိုင်းရံနေကြပြီ ဖြစ်ပြီး သာ့စ်ဖီး၏ စိတ်ဝိညာဉ်စွမ်းအား တစ်ခုတည်းဖြင့် ထွက်ပြေး လွတ်မြောက်ရန်က ခက်ခဲနေသေးသည်။

ထိုအရာကို ခီရက်ဇ်ဆာလည်း သ‌ဘောပေါက်သည်။ သေရေးရှင်ရေး ဖြစ်နေပြီဖြစ်ရာ သူက ဂရုမစိုက်နိုင်တော့ပေ။ သူ့လက်ထဲ၌ ဥပဒေသ အပိုင်းအစ အများအပြား ရှိနေသည်။ ခြေသလုံးအိမ်တိုင် ဝိညာဉ်များ၏ တိုက်ခိုက်မှုကို ခုခံရန် [ကျောက်ဖြစ်ခြင်း]ကို အသုံးပြုနေရင်း သာ့စ်ဖီး၏ ခန္ဓာကိုယ်ထဲသို့ ပူးပေါင်းရန်အတွက် စွမ်းအင်နှင့် အသက်ဓာတ်များ အလျင်အမြန် ကုန်ဆုံးသွားခဲ့ရသည်။ သာ့စ်ဖီး၏ ခန္ဓာကိုယ်ထဲမှ စွမ်းအင်က ရုတ်တရက် မိုးထိုးသွားခဲ့သည်။ ၁၀ဆ၊ အဆ၂၀၊ အဆ၃၀....

ခဏအကြာ သာ့စ်ဖီးက အလုံးတစ်လုံးအဖြစ် ပြောင်းလဲသွားပြီး ထိန်းမရသိမ်းမရ အပူရှိန်တစ်ခု ထုတ်လွှတ်နေကော ပေါက်ကွဲရန် အသင့်ဖြစ်နေ၏။

ပါတိုနှင့် အခြားသူများ အားလုံးက အံ့သြဖွယ်ရာ အငွေ့အသက်ကို အာရုံခံမိသည့်အခါ ထိတ်လန့်စွာဖြင့် နောက်ဆုတ်သွားလိုက်ကြသည်။

“ဝုန်း.....”

အနီရောင်အလင်းက ကြွယ်ဝလှပြီး ကြောက်မက်ဖွယ်ရာ အပူရှိန်က ပေါက်ကွဲထွက်သွားသည်။ ထိုကဲ့သို့သော ဥပဒေသ အပိုင်းအစများ၏ ပေါက်ကွဲမှုနှင့် မီး စိတ်ဝိညာဉ် စွမ်းအား ပေါင်းစပ်ခြင်းက အလွန်အမင်း ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှသည်။ အထူးသဖြင့် ၎င်းက ခြေသလုံး အိမ်တိုင် ဝိညာဉ်များကို ကြီးကြီးမားမား ထိခိုက်စေပြီး ၎င်းတို့အားလုံးက အငွေ့များ ဖြစ်သွားကြသည်။ ပေါက်ကွဲမှု အလယ်နှင့်နီးသော နတ်ဘုရားတစ်ပိုင်းအဆင့် ဝိညာဉ် များကလည်း စုတ်ပြတ်သတ်သွားပြီး ယာယီ ပြန်ကောင်းရန် မဖြစ်နိုင်တော့ပေ။

ခီရက်ဇ်ဆာ၏ ပုံရိပ်က အဟုန်မှတတဆင့် လျှပ်စီး ကဲ့သို့ပင် အဝေးသို့ ပျောက်ကွယ်သွားခဲ့သည်။ ပါတိုနှင့် အခြားနှစ်ယောက်က နောက်ဆက်တွဲဒဏ်ကို ခံစားလိုက်ရပြီး ခဏအကြာ သူတို့ကို ခြေသလုံးအိမ်တိုင် ဝိညာဉ်များ အုပ်မိုးသွားတော့သည်။

All Chapters