အနိုင်ရရှိသူ
Vol. 55 Ch. 903
ချန်လွေ့ ‘ပေါက်ကွဲ’ သွားသည့်အချိန်တွင် အခြား တစ်နေရာရှိ ‘အခြား’ ချန်လွေ့မှာ စူပါစနစ်၏ စွမ်းအားကို အသုံးပြု၍ မိစ္ဆာမျက်ဆံတွင် ကပ်ငြိနေသော ဆာရီရယ်၏ နောက်ဆုံးစွမ်းအားကို လုံးဝ ဖျက်ဆီးပစ်လိုက်သည်။
ဆာရီရယ်၏ ဝိညာဉ်ခံစားမှုတွင် ထို‘အစေခံ’နှင့် ချိတ်ဆက်ထားသော ‘မျိုးစေ့’သည် လုံးဝပျက်စီး သွားခဲ့သည်။ ဆာရီရယ်သည် ယခင်က ‘အစေခံ’ တွင် မိစ္ဆာမျက်ဆံ၏ အငွေ့အသက်ကို မည်သည်ကြောင့် မခံစားမိခဲ့သည်ကို အနည်းငယ် သံသယရှိခဲ့သည်။ ယခု ချန်လွေ့ သေဆုံးသွားသည်ကို မြင်တွေ့လိုက်ရပြီး မိစ္ဆာမျက်ဆံ ‘မျိုးစေ့’လည်း ပျက်စီးသွားသောအခါ သူ့သံသယများ ပုံမှန် အတိုင်း ပျောက်ကွယ်သွားတော့သည်။
ဆာရီရယ် အတွက် ပုရွက်ဆိတ်တစ်ကောင်၏ သေရေး ရှင်ရေးနှင့် ထိုကဲ့သို့သော လှည့်ကွက်မျိုးက အရေးမပါပေ။ သူ၏ အာရုံစိုက်မှုက ငွေသေတ္တာများ အားလုံးအပေါ်၌ ဖြစ်သည်။ စေတန်က ငွေသေတ္တာကို ပိတ်ရန် လုံးဝ မထိန်းချုပ် ခဲ့သည့်အတွက် ယခုတွင် သူတို့နှစ်ယောက်လုံးက ငွေသေတ္တာများ၏ ဖျက်ဆီးခြင်း ဇစ်မြစ်စွမ်းအားကို ခုခံရန် အကောင်းဆုံး ကြိုးစားနေကြသည်။
ငွေသေတ္တာ ၂ လုံး၏ ပျက်စီးခြင်း မူလဇစ်မြစ်က ၁ နှင့် ၁ ပေါင်းသလို မရိုးရှင်းလှပေ။ ပေါင်းစပ်မှုက တစ်ဝက်ပင် မပြည့်သေးသော်လည်း ထွက်ပေါ်လာသော အရှိန်အဟုန်က အတော်လေး ကြောက်စရာကောင်းလှသည်။ နတ်ဘုရား-ယောင်များ၏ ခန္ဓာကိုယ်ကပင် ၎င်းကို မခံနိုင်ဘဲ တစ်စစီ ပျောက်ကွယ်နေလေသည်။
ဆာရီရယ်တွင် အထူး ပြန်လည်ရှင်သန်နိုင်စွမ်းရှိသော [လမင်းဝိညာဉ်ခန္ဓာ] ရှိသည်။ အစပိုင်း၌ သူက ခံနိုင်ရည်နဲ့ ပြန်လည်ရှင်သန်နိုင်စွမ်းတွင် လုံးဝ အသာစီးရနေသော်လည်း ထိုဖျက်ဆီးစွမ်းအားက သာမန်စွမ်းအား မဟုတ်ဘဲ နတ်ဘုရား-ယောင်များပင် လုံးဝ ခံနိုင်ရည်မရှိသည့် အပြင်းထန်ဆုံး ဇစ်မြစ်စွမ်းအား ဖြစ်သည်။ တစ်ချိန်တည်းမှာပင် စေတန်က နောက်ဆုံး နတ်ဘုရား-ယောင်တိုက်ပွဲမှ ရရှိခဲ့သော ငွေသေတ္တာများနှင့် ပေါင်းစပ် ထားသည့်အတွက် ဖျက်ဆီးနိုင်စွမ်းကို အထူးခံနိုင်ရည် ရှိပြီး အသာစီးရရှိနေသည်။ ထို့အပြင် ဆာရီရယ်က ချန်လွေ့ကို ငွေသေတ္တာ ရရှိစေရန်အတွက် အသက်ကို လောင်မြိုက်စေသော လျှို့ဝှက်နည်းလမ်းကို တုံ့ဆိုင်းမှုမရှိဘဲ အသက်သွင်းခဲ့ကာ ဒဏ်ရာနှင့် စေတန်ကို အကျဉ်းချရန် ရုန်းကန်ခဲ့ရသည်။ ထိုကဲ့သို့ အခြေအနေအောက်မှာ သူ့ခန္ဓာကိုယ်က ပြိုလဲမည့် လက္ခဏာများ စတင်ပြသလာ၏။
ဆာရီရယ်သည် ငတုံး မဟုတ်ပေ။ စေတန်၏ ထောင်ချောက်ထဲသို့ ကျရောက်ခဲ့ကြောင်း သူနားလည်သည်။ ထိုအတိုင်းဆက်သွားပါက ငွေသေတ္တာကို ရရှိမည် မဟုတ်ရုံသာမက အသက်ပါ အန္တရာယ်ရှိလာနိုင်သည်။
ယခုတစ်ကြိမ်သည် အကြီးမားဆုံး ဆုံးရှုံးမှုပင် ဖြစ်သည်။ 'အစေခံ'များအားလုံး ပျက်စီးသွားရုံသာမက သိပ်မကြာခင် ရရှိတော့မည့် ငွေသေတ္တာများကိုပါ ဆုံးရှုံးခဲ့ရသည်။
သို့သော် ယနေ့တိုင် အသက်ရှင်ကျန်ရစ်ခဲ့သည့် နတ်ဘုရား-ယောင် အဆင့်တစ်ယောက် အနေဖြင့် ဆာရီရယ်သည် အသက်ရှင်သန်ခြင်း၏ အရေးကြီးပုံကို မည်သူထက်မဆို ပိုမိုနားလည်ခဲ့သည်။ ငွေသေတ္တာသည် အဖိုးတန်သော်လည်း အသက်နှင့်ယှဉ်လျှင် အရေးမကြီးပေ။ ထို့အပြင် ငွေရောင်သေတ္တာ ၂ လုံးသာ ရှိခြင်းကြောင့် ပျက်စီးခြင်းစာအုပ်ကို ပြီးပြည့်စုံစေမည် မဟုတ်သဖြင့် စေတန်လည်း သိသာထင်ရှားသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်မဟုတ်ပေ။
ထိုသို့တွေးလိုက်သောအခါ ဆာရီရယ်သည် အံကြိတ်ကာ အကျပ်အတည်းမှ ရုန်းထွက်ရန် သူ၏ အခြေခံစွမ်းအားကို တဖန် လောင်မြိုက်စေလိုက်သည်။ သူ၏ခန္ဓာကိုယ်သည် မီးခိုးငွေ့များအဖြစ် ပြောင်းလဲသွားသည်။ အလင်းရောင် ရှိသော မီးခိုးငွေ့များပတ်လည်ရှိ လေဟာနယ်တွင် အက်ကွဲကြောင်းများစွာ ပေါ်လာပြီး အလင်းရောင်ရှိသော မီးခိုးငွေ့များသည် အက်ကွဲကြောင်းများထဲသို့ အလျင်အမြန် ဝင်ရောက်ပျောက်ကွယ်သွားသည်။
ငွေသေတ္တာများ ဖြည်းဖြည်းချင်း ပိတ်သွားပြီး အရာရာကို လွှမ်းခြုံထားသည့် ဖျက်ဆီးခြင်း အငွေ့အသက်လည်း တဖြည်းဖြည်း ပျောက်ကွယ်သွား၏။
စေတန်က အသက်ပြင်းပြင်းရှူလိုက်သည်။ မူလက ပျက်စီးပြီး ပိန်လှီနေသော ခန္ဓာကိုယ်သည် ပြန်လည် ကြည်လင်ပြည့်ဝလာသည်။ သူ၏ မျက်နှာပေါ်တွင် ကျေနပ် ဂုဏ်ယူသည့် အပြုံးတစ်ခု ပေါ်လာသည်။ ထိုလျို့ဝှက် ဆန်းကြယ် နယ်မြေဖြစ်စဉ်၌ အကြီးဆုံး အနိုင်ရရှိသူမှာ သူပင်ဖြစ်ကြောင်း သံသယဖြစ်စရာမရှိပေ။
သို့သော်လည်း ကြံစည်မှုများစွာဖြင့် ပြည့်နေသော စေတန်ပင်လျှင် သူသာ တစ်ဦးတည်းသော အနိုင်ရသူ မဟုတ်ကြောင်း မသိခဲ့ပေ။
နောက်ထပ် အနိုင်ရသူတစ်ဦးမှာ ‘သေဆုံး’ သွားပြီ ဖြစ်သော လူသားတစ်ဦး၊ ချန်လွေ့ ဖြစ်သည်။
ဖျက်ဆီးခြင်း အငွေ့အသက်ထဲတွင် ပေါက်ကွဲသွားသူမှာ ‘ပညာရှင် သတ်သေဗုံးသမား’ အသူရာ ဖြစ်သည်။
ချန်လွေ့၏ ခန္ဓာကိုယ်အစစ်အမှန်မှာ [ကြယ်ဂိတ်] ထဲသို့ လွန်ခဲ့သော အချိန်ကတည်းက ဝင်ရောက်သွားခဲ့ပြီ ဖြစ်သည်။ နတ်ဘုရား-ယောင် ကိုယ်ပွားနှစ်ခု (တကယ်တော့ အစစ်အမှန်များ)နှင့် ရင်ဆိုင်ရန် သူသည် ထိုမျှမိုက်မဲသူ မဟုတ်ခဲ့ပေ။ မထွက်ခွာခင် သူသည် ဆာရီရယ် ကို ဆင့်ခေါ်သည့် မိစ္ဆာမျက်ဆံ တံဆိပ်ပြားကို အသူရာထံ ချန်ထားခဲ့သည်။
ချန်လွေ့သည် အသူရာကို ငွေသေတ္တာကို လုယူစေရန် ထိုနေရာတွင် ထားခဲ့ခြင်းမဟုတ်ပေ။ အကြောင်းမှာ ၎င်းသည် အန္တရာယ်ရှိသည့်အရာ ဖြစ်သောကြောင့်ပင်။ သူသည် ဆာရီရယ်နှင့် ‘အက်ဂ်ယော’ ဟူသော အမည်ကို အသုံးပြုခဲ့ဖူးသည်။ နတ်ဘုရား-ယောင် ကိုယ်ပွားနှစ်ဦး၏ လက်ထဲမှ ကံကောင်းထောက်မစွာ အသက်ရှင်လွတ်မြောက် ခဲ့လျှင်ပင် သူ့ဆွေမျိုးများနှင့် သူငယ်ချင်းများကို ထိခိုက် စေနိုင်ပြီး ငြိမ်းချမ်းမှု ရရှိတော့မည် မဟုတ်ပေ။
မူလအစီအစဉ်အရ အသူရာ၏ ရည်ရွယ်ချက်မှာ ‘သေခြင်းရှာခြင်း’ ဖြစ်သည်။ ဆာရီရယ် ရှေ့တွင် သေခြင်း၊ ‘အက်ဂ်ယော’ အမည်ကို ဖျက်သိမ်းခြင်း၊ ထို့အပြင် စေတန် မြင်အောင် သေခြင်းဖြင့် အလားအလာရှိသော လျှို့ဝှက် အန္တရာယ်များကို လုံးဝဖျက်သိမ်းနိုင်မည် ဖြစ်သည်။ ‘အက်ဂ်ယော’သည် နတ်ဆိုးဘုံမှ ပျောက်ကွယ်သွားရမည် ဖြစ်ပြီး ဆာရီရယ် နှင့် ယှဉ်ပြိုင်နိုင်သော စွမ်းအားကို အမှန်တကယ် ရရှိမည့်အချိန်အထိ ဖြစ်သည်။
ချန်လွေ့အတွက် အံ့အားသင့် စရာမှာ မူလက ခေါင်းခံသူ အဖြစ်သာ အသုံးပြုခဲ့သော အသူရာသည် အမှန်တကယ် ကံကောင်းမှုနှင့် ကြုံတွေ့ခဲ့ရခြင်း ဖြစ်သည်။ စေတန်က ထုတ်လွှင့်ခဲ့သော ခန္ဓာကိုယ်အစစ်အမှန်သည် နတ်ဘုရား-ယောင်တိုက်ပွဲတွင် ရရှိခဲ့သော ပထမဆုံး ငွေသေတ္တာကို ယူလာခဲ့သည်။ သူသည် ဖရိုဖရဲဘုံမှ ငွေသေတ္တာနှင့် ပေါင်းစပ်ပြီး ဖျက်ဆီးခြင်း ဇစ်မြစ်ကို လုံးဝ ထိန်းချုပ်လိုခဲ့ပြီး ၎င်းမှာ နတ်ဘုရား-ယောင်နှစ်ဦးက ပြောခဲ့သည့် ပျက်စီးခြင်းစာအုပ် ဖြစ်သည်။ ဆာရီရယ်တွင်လည်း ကိုယ်ပိုင် အစီအစဉ်များ ရှိသည်။ ရလဒ်အနေဖြင့် အသူရာကို ငွေရောင်သေတ္တာကို ယူဆောင်ရန် အမိန့်ပေးခဲ့သည့်အခါ စေတန်က ငွေရောင်သေတ္တာများကို ဖွင့်လိုက်ပြီး အသူရာ ဖျက်ဆီးခံခဲ့ရသည်။
သို့သော်လည်း နတ်ဘုရား-ယောင် နှစ်ဦးစလုံးသည် ‘ပုရွက်ဆိတ်’ ဖျက်ဆီးခံရခြင်း၏ အမှန်တရားကို မမှန်းဆ နိုင်ခဲ့ကြပေ။ အသူရာ၏ ဖျက်ဆီးခြင်း ခန္ဓာကိုယ်ဖြင့်ပင် ဇစ်မြစ်စွမ်းအားနှစ်ခုကို မခုခံနိုင်လျှင်တောင် ထိုမျှ လျင်မြန်စွာ ဖျက်ဆီးခံရမည် မဟုတ်ပေ။ သေခြင်းသည် သရုပ်ဆောင်ခြင်း မျှသာ ဖြစ်သည်။ အရေးအကြီးဆုံးမှာ ဖျက်ဆီးမခံရခင် အသူရာသည် စေတန်၏လက်ထဲရှိ ငွေသေတ္တာနှစ်ခု ပေါင်းစပ်မှုမှ မူလဥပဒေသ အငွေ့အသက် အားလုံးကို မချေဖျက်ဘဲ သတင်းအချက်အလက်များကို စုပ်ယူသည့် နည်းလမ်းကို အသုံးပြုခဲ့ခြင်း ဖြစ်သည်။
၎င်းသည် ငွေသေတ္တာများကို မထိခိုက်စေသော မှတ်ဉာဏ် ပုံစံတစ်ခုနှင့် ညီမျှပေသည်။
အသူရာသည် အယောင်ဆောင် တစ်ဦးဖြစ်ပြီး အမှန်တကယ် သေဆုံးမည်မဟုတ်ပေ။ အချိန်ကျလာလျှင် အသူရာ ပြန်လည် ကောင်းမွန်လာပြီး ချန်လွေ့သည် ထိုကိုယ်ပွားနှင့် ပြန်လည်ပေါင်းစပ်ပြီးနောက် အသူရာ စုပ်ယူထားသော ဖျက်ဆီးခြင်း ဇစ်မြစ် ဥပဒေသကို အပြည့်အဝ နားလည်သည်အထိ တစ်ဆင့်ချင်း နားလည် နိုင်မည် ဖြစ်သည်။ ၎င်းသည် ငွေသေတ္တာ ၃ လုံးနှင့် ပျက်စီးခြင်းစာအုပ်၏ စာမျက်နှာ ၃ ခုမှ ထိုးထွင်းသိမြင်မှုများ အားလုံးကို စုစည်းခဲ့သည်ဟု ဆိုလိုသည်။
ချန်လွေ့သည် ယခုတစ်ကြိမ် ငွေသေတ္တာကို မရရှိခဲ့သော်လည်း ဥပဒေသ အပိုင်းအစများ၊ ဖျက်ဆီးခြင်း ဇစ်မြစ်အကြောင်း နားလည်မှု၊ ရှေ့ဆက်ရမည့်လမ်းနှင့်… တစ်ဖနီ ဘေးကင်းစွာ ပြန်လာခြင်း အပါအဝင် အားလုံးက ငွေသေတ္တာတန်ဖိုးထက် များစွာ သာလွန်ခဲ့သည်။
ချန်လွေ့သည် ယခုအခါ လေထဲတွင် ဝဲနေသော ကျွန်းတစ်ကျွန်းပေါ်တွင် ရှိနေသည်။
သူသည် [ကြယ်ဂိတ်]ဖြင့် ကြောက်မက်ဖွယ်ရာ မိုးပျံနယ်မြေသို့ ပြန်ရောက်ခဲ့ခြင်း ဖြစ်သည်။
ကြောက်မက်ဖွယ်ရာ မိုးပျံနယ်မြေသည် နောက်ဆုံး ဖရိုဖရဲဘုံ အတွင်းတွင် မရှိခဲ့ပါ။ ချန်လွေ့သည် ဤနေရာတွင် [ကြယ်ဂိတ်]နှင့် ကြယ်အမှတ်ကို စမ်းသပ်ခဲ့ဖူးပြီး ပုံမှန်အတိုင်း အသုံးပြုနိုင်ခဲ့သည်။ စမ်းသပ်မှုအတွင်း သူသည် ထိုနေရာတွင် ကြယ်မှတ်တစ်ခုကိုလည်း သတ်မှတ်ခဲ့သည်။
သူ ကြောက်မက်ဖွယ်ရာ မိုးပျံနယ်မြေသို့ ပြန်လာခြင်း၏ အကြောင်းရင်းမှာ ကြိုတင်ကာကွယ်ရန်သာ ဖြစ်သည်။ ဆာရီရယ်၏ ခွန်အားမှာ မသေးလှဘဲ လျို့ဝှက်ဆန်းကြယ် နယ်မြေသည် မိစ္ဆာမျက်ဆံ၏ အာရုံခံစားမှုကို ရှုပ်ထွေးစေရန် အကောင်းဆုံးနေရာ ဖြစ်လောက်ပေသည်။
ယခု အသူရာ ‘သေဆုံး’ သွားပြီ ဖြစ်သောကြောင့် သူသည် စေတန်နှင့် ဆာရီရယ်တို့ကို အောင်မြင်စွာ လှည့်စားနိုင်ခဲ့ပြီ ဖြစ်ကာ အမှောင်လသို့ ဘေးကင်းစွာ ပြန်သွားနိုင်ပြီ ဖြစ်သည်။
ယခုတွင် အမှောင်လတွင် ‘အက်ဂ်ယော’ ပျောက်ကွယ်သွားရုံသာမက လူသား ချန်လွေ့ကိုလည်း လူတိုင်းရဲ့ မျက်စိအောက်ကနေ ဖြည်းဖြည်းချင်း ပျောက်ကွယ် သွားစေသည်မှာ အကောင်းဆုံးပင်။ အရိပ်နက်အင်ပါယာနှင့် သွေးရောင်အင်ပါယာ၏ ဧကရီနှစ်ပါး (တစ်ပါးက ဧကရီလောင်း)နှင့် ‘အက်ဂ်ယော’၏ လက်ထပ်ပွဲကို အချိန်ဆွဲထားရုံသာ ရှိနိုင်သည်။ မည်သို့ပင် ဆိုစေကာမူ ရိုင်ဇန်သည်လည်း စဉ်းစားချင့်ချိန် တတ်ပေသည်။ ယခု အခက်ခဲဆုံး ပြဿနာမှာ အမှောင်လရှိ ငွေသေတ္တာ ဖြစ်ကြောင်း ချန်လွေ့ ခံစားမိနေသည်။
ဒီငွေရောင်သေတ္တာနဲ့ အခြားနှစ်လုံးရဲ့ အကြီးဆုံး ကွာခြားချက်က အလယ်မှာ သေတ္တာလေး တစ်လုံး ပါနေတာပဲ။ ဒီသေတ္တာလေးက ‘ပုံမှန်’ မဟုတ်ပါဘူး။ စေတန်နှင့် ဆာရီရယ်တို့၏ စကားဝိုင်းမှ ချန်လွေ့သည် ငွေသေတ္တာအတွက် နတ်ဘုရား-ယောင် တိုက်ပွဲ လျှို့ဝှက်ချက် တချို့ကို ကြားခဲ့ရသည်။ အထူးသဖြင့် ဖိုက်သွန် ဟူသော နာမည်ပင်။
နတ်ဘုရားနှစ်ပါး၏ အခြေအနေကိုကြည့်ခြင်းအားဖြင့် ဖိုက်သွန်သည် ဆာရီရယ်နှင့် စေတန်တို့ကဲ့သို့ အဆင့်တူ အစွမ်းထက် ပုဂ္ဂိုလ်တစ်ဦး ဖြစ်လောက်သည်။ ငွေသေတ္တာ အတွက် ယှဉ်ပြိုင်ရာတွင် သူသည် မိမိကိုယ်ကို လောင်မြိုက်စေကာ ဝိညာဉ် တစ်ခုတည်းဖြင့် ငွေသေတ္တာကို ယူဆောင်၍ ထွက်ပြေးခဲ့သည်။ ထို့နောက် အတုအယောင် ငွေသေတ္တာများစွာကို ဖန်တီးခဲ့သည်။ စေတန်နှင့် ဆာရီရယ်တို့သည် ယခုအချိန်အထိ အစစ်အမှန် ငွေရောင်သေတ္တာကို ရှာမတွေ့သေးပေ။
ထိုသို့ဆိုလျှင် ယခု သက်တန့်တောင်ကြားရှိ ပြန်လည် ရှင်သန်ခြင်းရေစင်ထဲမှ ငွေသေတ္တာထဲတွင်...
ဖိုက်သွန် လား။
သေတ္တာလေးလား။
ချန်လွေ့သည် အသူရာ၏ ဖန်တီးမှုနှင့် ဇိုလာ၏ သက်တန်တောင်ကြား၌ နောက်ဆုံးအကြိမ် မမျှော်လင့်ဘဲ အဆင့်တက်သွားခဲ့သည်ကို ရုတ်တရက် သတိရလိုက်ပြီး မျက်မှောင်ကြုတ်မိသည်။
ချန်လွေ့သည် [ကြယ်ဂိတ်] ကိုဖွင့်ကာ အမှောင်လသို့ ပြန်ရန်ပြင်ဆင်နေစဉ် ရုတ်တရက် တစ်စုံတစ်ယောက်က ထိုဘက်သို့ အလျင်အမြန် ရွေ့လျားလာနေသည်ကို ခံစားလိုက်ရသည်။ သူ အနည်းငယ် အံ့အားသင့်သွားသည်။ သူသည် [တိတ်တဆိတ်] ကို အသက်သွင်းပြီး ပုန်းနေခဲ့သည်။
ဆံပင်ညို၊ ကိုယ်လုံးကိုယ်ထည် ပြည့်ပြည့်ဖုံးဖုံးနှင့် နူးညံ့သိမ်မွေ့သော မျက်နှာသွင်ပြင်ရှိသည့် အမျိုးသမီးတစ်ဦး သူ့မျက်စိရှေ့တွင် ပေါ်လာသည်။ သူသည် ပင်ပန်းနွမ်းနယ် နေပြီး ခန္ဓာကိုယ်တွင် ဒဏ်ရာများစွာ ရရှိထားပုံရသည်။
“ထူးဆန်းလိုက်တာ။ တစ်ခုခု လှုပ်ရှားနေတာကို ငါ သေသေချာချာ ခံစားမိလိုက်ပါတယ်။” ထိုအမျိုးသမီးက သံသယဖြစ်ဟန်ဖြင့် ပတ်ဝန်းကျင်ကို သေသေချာချာ ကြည့်ရှုနေသည်။
ဒီအမျိုးသမီးက စေတန်အဖွဲ့က နတ်ဘုရားတစ်ပိုင်း နှစ်ဦးထဲက တစ်ဦးဖြစ်တဲ့ ဗက်ဇယ်နာ ဘယ်ဇီဘတ်ပဲ။
ချန်လွေ့က ဖရိုဖရဲဘုံသို့ တံခါးကို တစ်ဖနီ ဖွင့်နေစဉ် ခီရက်ဇ်ဆာသည် ခြေသလုံးအိမ်တိုင် ဝိညာဉ် ပင်လယ်ကြီးကို ဆွဲဆောင်ခဲ့တာကို သတိရမိလိုက်သည်။ ဗက်ဇယ်နာနှင့် အန်ကွစ်တို့သည် ခြေသလုံးအိမ်တိုင် ဝိညာဉ် ပင်လယ်ကြီးကို လမ်းကြောင်းပြောင်းခိုင်းခဲ့ရပြီး နောက်ဆုံးတွင် အန်ကွစ် တစ်ယောက်တည်း ပြန်လာခဲ့သည်။ ဗက်ဇယ်နာ သေပြီလို့ ထင်ခဲ့ပေမဲ့ သူက အသက်ရှင်နေတုန်းပဲ။
အမှန်တကယ်၌ ဗက်ဇယ်နာက ခီရက်ဇ်ဆာ၏ “ဗုံးခန္ဓာ”ဖြင့် ထောက်ခြောက်ဆင်ခံရပြီး ခြေသလုံးအိမ်တိုင် ဝိညာဉ်များ၏ ဝိုင်းရံခြင်းကို ခံခဲ့ရသည်။ မည်သို့ပင် ကြိုးစားပါစေ မခုခံနိုင်ခဲ့ပေ။ သူက အသက်ရှင်ရန် နည်းလမ်း မရှိတော့ပြီဟု ထင်လိုက်ပြီး မျက်လုံးများမှိတ်ကာ သေခြင်းကို စောင့်ဆိုင်းနေစဉ်မှာပင် ခြေသလုံးအိမ်တိုင် ဝိညာဉ်များက ရုတ်တရက် အရူးအမူးဖြစ်သွားသကဲ့သို့ပင် သူကို ပစ်ထားကာ ရှေ့ကို တိုးဝင်သွားခဲ့ကြသည်။ မကြာခင်မှာပင် ခြေသလုံးအိမ်တိုင် ဝိညာဉ်များက အကြောင်းရင်း မသိရဘဲ ကြောက်ကြောက်လန့်လန့် ထွက်ပြေးသွားခဲ့ပြီး ဗက်ဇယ်နာကို လုံးဝ ဂရုမစိုက်တော့ပေ။
ဗက်ဇယ်နာက မည်သည့်အရာ ဖြစ်သွားခဲ့ကြောင်းကို နားမလည်ခဲ့ပေ။ သူ ရှေ့ကို အပြေးအလွှားရောက်လာတဲ့အခါ အရာရာကို ဝါးမြိုနေသော အလင်းတံခါး ပိတ်သွားသည့် နောက်ဆုံး အခိုက်အတန့်ကိုသာ မြင်လိုက်ရသည်။ ဗက်ဇယ်နာက နောက်ဆုံးမျှော်လင့်ချက်ကို လက်လွတ်သွားပြီ ဖြစ်ကြောင်း နားလည်လိုက်သည်။ သူ ခဏတာ ကံကောင်းစွာ အသက်ရှင်သန်ခဲ့သော်လည်း ယခုနေရာကနေ ထာဝရ ထွက်ခွာနိုင်တော့မည် မဟုတ်ပေ။
အရှုံးမပေးတတ်သော ဗက်ဇယ်နာက ခြေသလုံးအိမ်တိုင် ဝိညာဉ်များကို သတ်ခြင်း၊ ဥပဒေသ အပိုင်းအစများကို စုဆောင်းခြင်း၊ အန်ကွစ် ထုတ်ပြခဲ့သော မှော်စက်ဝိုင်းကို ပြန်စဉ်းစားခြင်း အပါအဝင် အပြင်ထွက်ရန် နည်းလမ်းများကို အဆက်မပြတ် ရှာဖွေကြိုးစားနေခဲ့သည်။ တံခါးဖွင့်ရန် နည်းလမ်းကို တိတိကျကျ သိသော်လည်း သော့မပါဘဲ အခွင့်အလမ်းက အလွန်နည်းပါးလှသည်။ သို့သော်လည်း ဖြစ်နိုင်ချေကို ရှိနေသေးသရွေ့ သူ လက်မလွှတ်ချင်ပေ.....
“ဒီတော့ ခင်ဗျားက မသေသေးဘူးပေါ့။”
ရုတ်တရက် ထွက်ပေါ်လာသော စကားကြောင့် ဗက်ဇယ်နာ အံ့အားသင့်သွားပြီး သူရှေ့တွင် လူရိပ်တစ်ခုကို မြင်လိုက်ရသည်။ ၎င်းမှာ အဖွဲ့သား ‘ရိုင်ကိုနန်’ ဖြစ်နေသည်။
“မင်းပဲ။” အပြည့်အဝ သတိထားနေသော ဗက်ဇယ်နာက သက်ပြင်းချလိုက်သည်။ ထို‘ရိုင်ကိုနန်’ သည် တိုင်းပြည်အဆင့် အစွမ်းသာရှိပြီး သူ အလွယ်တကူ ထိန်းချုပ်နိုင်သည်။ ထို့အပြင် ထိုသူ ရှိနေခြင်းကြောင့် သူ တစ်ယောက်တည်း မဟုတ်တော့ပေ။ ထိုပတ်ဝန်းကျင်၌ အထီးကျန်ခြင်းသည် သေခြင်းထက် ပိုမိုကြောက်စရာကောင်းနိုင်သည်။
“ထွက်သွားချင်လား။” ချန်လွေ့က ဗက်ဇယ်နာ၏ အားနည်းချက်ကို တစ်ခွန်းတည်းနဲ့ ထိသွားခဲ့သည်။ “ကျုပ် ခင်များကို ခေါ်ထုတ်သွားနိုင်တယ်။”
“ဘယ်လို ထွက်သွားရမလဲဆိုတာ သိလား။” ရုတ်တရက် ဗက်ဇယ်နာက တစ်ခုခုကို သတိရလိုက်တယ်။ “မင်း အဲဒီ တံခါးကနေ ထွက်လာတာလား။”
သူ အစက ချန်လွေ့ စုပ်ယူခံရတဲ့ မြင်ကွင်းကို မမြင်ခဲ့ပေ။ သို့သော် ထိုအချိန်၌ ‘ရိုင်ကိုနန်၏ အခြေအနေနှင့် ယုံကြည်မှုအပြည့် လေသံကို စဉ်းစားပြီး သူ၏ နှလုံးခုန်နှုန်း ရုတ်တရက် မြန်လာခဲ့သည်။ ဒီကောင် လိမ်နေတာ မဟုတ်လောက်ဘူး။
“သတ်မှတ်ချက် တစ်ခုပဲ ရှိတယ်။ အညံ့ခံရမယ်။”
“ဘာပြောတယ်။” ဗက်ဇယ်နာက နားကြားလွဲလေ သလားဟု ထင်လိုက်သည်။ ချန်လွေ့၏ မတုံ့ပြန်သောပုံစံကို မြင်ရာ ဒေါသတကြီး ရယ်လိုက်၏။ “မင်း ရူးနေတာလား။ ငါ့ကို အညံ့ခံခိုင်းတယ် ဟုတ်လား။ မင်း ထွက်သွားတဲ့နည်းလမ်းကို ပြောဖို့ ၁၀စက္ကန့် အချိန်ပေးမယ်။ မဟုတ်ရင် ငါက ရုပ်သေးရုပ်ဆီကနေ အဲဒါကိုပဲ အဖြေတောင်းမယ်။ လှည့်စားဖို့ မကြိုးစားနဲ့။ ငါ မင်းကို အခွင့်အရေးပေးမှာ မဟုတ်ဘူး။ နတ်ဘုရားတစ်ပိုင်း အစွမ်းထက် ပုဂ္ဂိုလ် တစ်ယောက်ရဲ့ ရှေ့မှာ မင်း သတ်သေလို့တောင် မရဘူး။”
“သတ်သေတာလား။ ကျုပ်တို့ နှစ်ယောက်ကြားက ကွာခြားချက်ကို ခင်ဗျား နားမလည်သေးဘူး ထင်တယ်။ ခင်ဗျား ဒဏ်ရာမရရင်တောင် ကျုပ် ပြိုင်ဘက် မဟုတ်ဘူး။” ချန်လွေ့က ခေါင်းခါလိုက်သည်။ “ထပ်ပြောမယ်။ ကျုပ်ဆီမှာ အညံ့ခံ။ ကျုပ် ခင်ဗျားကို ခေါ်သွားရုံတင်မကဘူး၊ ပိုပြီး အစွမ်းထက်တဲ့ စွမ်းအားနဲ့ ယုံကြည်မှုကိုလည်း ပေးမယ်။”
“ဟာသပဲ။” ဗက်ဇယ်နာက လက်ကို တအား လှုပ်လိုက်ရာ ကြီးမားတဲ့ စွမ်းအားတစ်ခုက ချန်လွေ့ဆီ တည့်တည့် ရောက်ရှိလာသည်။ “မင်း ငါ့ကို တကယ်ပဲ ဒေါသထွက်အောင် လုပ်နိုင်သွားပြီ။ ငါ မင်းကို အသေအချာ ဖမ်းပြီးတော့ ရုပ်သေးရုပ် လုပ်ပစ်မယ်။”
ထိုတိုက်ခိုက်မှုက ချန်လွေ့ကို တည့်တည့် ထိမှန်ပြီး အပြင်းအထန် ပေါက်ကွဲသွားခဲ့သည်။ သို့သော် သူက ယင်ကောင်များစွာအဖြစ် ပေါက်ကွဲသွားပြီး ထိုယင်ကောင်များ လူပုံစံအဖြစ် အလျင်အမြန် ပြန်လည် စုစည်းသွားတာကြောင့် ဒီတိုက်ခိုက်မှုက လုံးဝ အရာမထင်ဖြစ်သွားခဲ့သည်။
ဗက်ဇယ်နာ၏ မျက်နှာအမူအရာ လုံးဝပြောင်းလဲသွားပြီး ချန်လွေ့၏ မျက်နှာပေါ်တွင် ရုတ်တရက် ပေါ်လာသော မျက်နှာဖုံးကို စိုက်ကြည့်လိုက်သည်။ “နတ်ဘုရား-ဝါးမျို မျက်နှာဖုံး....”
အဆောင်ပစ္စည်း (၇)မျိုးထဲမှ တစ်မျိုးဖြစ်သော ဘယ်ဇီဘတ် တော်ဝင်မိသားစုမှ အန္တိမ အဆောင်ပစ္စည်း။
“မင်းက အင်ပါယာရဲ့ တော်ဝင်မိသားစုလား။ ဘယ်ဇီဘတ် တော်ဝင်မိသားစု လက်ရှိ ခေါင်းဆောင်လား။” ဗက်ဇယ်နာက အစမ်းသဘော မေးကြည့်လိုက်သည်။ သေချာသည်မှာ သူသည် နတ်ဘုရားဝါးမျိုအင်ပါယာ၏ တော်ဝင်မိသားစုမှ မဟုတ်လောက်ပေ။
“မဟုတ်ဘူး၊ ကျုပ်က ဘယ်ဇီဘတ် တော်ဝင်မိသားစုက မဟုတ်ဘူး၊ ကျုပ်မှာ နတ်ဘုရား-ဝါးမျို မျက်နှာဖုံး တစ်ခုတည်း ရှိတာ မဟုတ်ဘူး…” ချန်လွေ့၏ ကိုယ်ပေါ်မှာ နောက်ထပ် သံချပ်ကာ အမည်းတစ်စုံ ပေါ်လာပြီး လက်ထဲမှာ ဓားတစ်ချောင်းကို ကိုင်ထား၏။ “အမျက်ဘုရင်ချပ်ကာ၊ ကြယ်ကြွေတမန်ဓားနဲ့ ထင်ယောင်မှား နတ်ဆိုးဒိုင်းလည်း ရှိသေးတယ်။”
ထိုလက်နက်များ ပေါ်လာခြင်းကြောင့် ဗက်ဇယ်နာက အလွန်အမင်း အံ့အားသင့်သွားခဲ့သည်။ အဆောင်ပစ္စည်း (၇)ခုကို အသိအမှတ်ပြုထားတဲ့ တော်ဝင်မိသားစုတွေပဲ အမြဲသုံးခဲ့ကြတာ။ တော်ဝင်မဟုတ်တဲ့ မိသားစုတွေက အသုံးပြုနိုင်တယ်လို့ တစ်ခါမှ မကြားဖူးဘူး၊ တစ်ယောက် တည်းက လက်နက်တစ်ခုထက် ပိုပြီးတော့ တစ်ချိန်တည်း အသုံးပြုနိုင်တယ်လို့လည်း တစ်ခါမှ မကြားဖူးဘူး။
“အိုး ပြီးတော့… [ဓူဝံကြယ်အသွင်ပြောင်းခြင်း]လည်း ရှိသေးတယ်။”
ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဟုန် ရုတ်တရက် ပေါ်ထွက်လာပြီးနောက် မြင်ကွင်းတစ်ခုလုံး ကြယ်များဖြင့် ထွန်းလင်းတောက်ပလာသည်။
အနီရောင် ကြယ်အလင်းချပ်ကာဖြင့် ဖုံးအုပ်ထားသော ပုံရိပ်ကို ကြည့်ရင်း၊ ကြီးမားကျယ်ပြန့်သော တိုင်းပြည်၏ ယုံကြည်မှု အငွေ့အသက်ကို ခံစားရင်း၊ အထူးသဖြင့် ညာဘက်လက်မောင်းမှ ကြောက်မက်ဖွယ် ကောင်းသော အနီရောင်စွမ်းအားများ ပေါက်ကွဲထွက်နေသည်ကို ခံစားရင်း ဗက်ဇယ်နာ၏အသံ တုန်ရီသွားခဲ့သည်။ “ရှင်က ဘယ်သူလဲ။”
“ခင်ဗျားကို နောက်ဆုံးရွေးချယ်ခွင့်ပေးဖို့ ၁၀စက္ကန့် အချိန်ပေးမယ်။ အညံ့ခံမလား။ နတ်ဘုရား-ဝါးမျိုမျက်နှာဖုံးရဲ့ ရုပ်သေးရုပ် အဖြစ်ခံမလား။ ဒါမှမဟုတ်… ဒီနေရာက ခြေသလုံးအိမ်တိုင် ဝိညာဉ်များတွေရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ချင်လား.......”