← Chapters

ရလာဒ်။ နတ်ဘုရား-ယောင်များ၏ တိုက်ပွဲ

Vol. 55 Ch. 902

ရလာဒ်။ နတ်ဘုရား-ယောင်များ၏ တိုက်ပွဲ

Vol. 55 Ch. 902

စေတန်၏ ထိုးနှက်ချက်သည် မထင်မရှား ဖြစ်သော်လည်း ယခင်က “ကြိမ်နှုန်းမြင့်” နက်နဲသော စွမ်းအားထက် အဆ ရာပေါင်းများစွာ ပို၍ ကြောက်မက်ဖွယ်ကောင်းလှသည်။ ချန်လွေ့သည် ရှောင်တိမ်းရန် သို့မဟုတ် ခုခံရန် နေရာလွတ် လုံးဝမရှိကြောင်း ရှင်းရှင်းလင်းလင်း ခံစားမိလိုက်သည်။

ဒီထိုးချက်က နတ်ဘုရားတစ်ပိုင်းအဆင့်ကို အများကြီး ကျော်နေလောက်တယ်။

ဆာရီရယ် ပြောသည်မှာ မှန်ပုံရသည်။ စေတန်သည် လျှို့ဝှက်နည်းဖြင့် သူ၏ကိုယ်ပိုင်ခန္ဓာကို တဖြည်းဖြည်း ထုတ်ဖော်နေသည်။ ဆိုလိုသည်မှာ ၎င်းသည် နတ်ဘုရား တစ်ပိုင်းအဆင့် ကိုယ်ပွား သာမကဘဲ မကြာမီ နတ်ဘုရား-ယောင်အဆင့် ဖြစ်လာမည့်သူ ဖြစ်သည်။

ဥပဒေသကို ကြည့်လျှင် “တိုင်းပြည်ဖန်တိးခြင်း” ဆိုသည်မှာ ဥပဒေသကို နားလည်ခြင်း ဖြစ်ပြီး၊ နတ်ဘုရားတစ်ပိုင်းသည် ပို၍ပြည့်စုံသော ဥပဒေသကို နားလည်ခြင်း ဖြစ်ကာ နတ်ဘုရား-ယောင်များသည် အများအားဖြင့် ဥပဒေသ စွမ်းအား တစ်ခုထက် ပို၍ ပိုင်ဆိုင်ကြသည်။ သို့သော် အခြေခံ ကွာခြားချက်မှာ ဥပဒေသ ပေါင်းစပ်မှုတွင် တည်ရှိသည်။ မူလဇစ်မြစ်နှင့် နီးစပ်လေလေ စွမ်းအား ပိုမိုပြင်းထန်လေလေဖြစ်သည်။

စေတန်သည် သူ၏ စွမ်းအားကို ချန်လွေ့နှင့် တူညီသော အဆင့်အထိ နှိမ်ထားလျှင်ပင် သူ၏ အရှိန်အဝါနှင့် အချိန်ဥပဒေသ စွမ်းအားသည် ချန်လွေ့ထက် များစွာ သာလွန်သည်။

ချန်လွေ့သည် အသူရာကို အသုံးပြု၍ ပျက်စီးခြင်း၏ မူလဇစ်မြစ်ကို ထိတွေ့နားလည်နိုင်သော်လည်း သူ၏ ကိုယ်ပိုင်စွမ်းအား အလွန်အားနည်း သောကြောင့် ခန္ဓာကိုယ်က ဝိညာဉ်ကို မလိုက်နိုင်သကဲ့သို့ ဖြစ်နေပြီး သူ၏ စွမ်းအားအစစ်အမှန်ကို ထုတ်ဖော်နိုင်ခြင်းမရှိပေ။ အဆင့်တူ အနေအထားတွင် သူသည် ပြိုင်ဘက်အားလုံးနီးပါးကို နှိမ်နှင်းနိုင်သည်။ အဆင့်မြင့်သူ ဖြစ်စေကာမူ သူသည် [ဓူဝံကြယ်အသွင်ပြောင်းခြင်း]၏ ခွန်အားကို အသုံးပြု၍ ပိုမိုပြင်းထန်သော ဥပဒေသ စွမ်းအားကို ထုတ်ဖော်ကာ နတ်ဘုရားတစ်ပိုင်းအဆင့်နှင့် ယှဉ်ပြိုင်နိုင်သည်။ သို့သော် ဥပဒေသနှင့် အမှန်တကယ် ပေါင်းစပ်ထားသော နတ်ဘုရား-ယောင်များ၏ ရှေ့တွင် သူ ခုခံနိုင်စွမ်းမရှိပေ။ ယခုပင် [ဓူဝံကြယ် အသွင်ပြောင်းခြင်း] ကို အသက်သွင်းနိုင်လျှင်ပင် စေတန်၏ ထိုးနှက်ချက်ကို ရှောင်တိမ်းနိုင်မည် မဟုတ်ပေ။

ချန်လွေ့ ခပ်သဲ့သဲ့ ပြုံးလိုက်ပြီး သူ့ကို ထိုးနှက်တော့မည့် ကြီးမားသော စွမ်းအားကို ကြည့်ပြီး မလှုပ်မယှက်နေခဲ့သည်။ ခုခံသည်ဖြစ်စေ၊ မခုခံသည်ဖြစ်စေ ရလဒ်တစ်ခုတည်းသာ ရှိသည်။ သေဆုံးခြင်းပင်။

ချန်လွေ့သည် ထိုလက်ဖဝါးအောက်တွင် ပျက်စီး တော့မည့် အချိန်တွင် စေတန်၏ စွမ်းအားသည် ရုတ်တရက် ရပ်တန့်သွားသည်။ လှိုင်းကြမ်းများ ရုတ်တရက် ရေခဲအဖြစ် ခဲသွားပြီး စီးဆင်းနိုင်ခြင်း မရှိတော့သကဲ့သို့ ဖြစ်နေသည်။ ၎င်းသည် စေတန်၏ ကရုဏာကြောင့် မဟုတ်ဘဲ ဆာရီရယ်ကြောင့် ဖြစ်သည်။

ဆာရီရယ်၏ အကျဉ်းချ ဥပဒေသသည် အလွန်ပင် အစွမ်းထက်သည်။ စေတန်ပင်လျှင် မခံမရပ်နိုင် ဖြစ်သွား၏။ သူ၏ ခန္ဓာကိုယ် တဖျတ်ဖျတ်လင်းလက်ကာ အဝေးသို့ ရောက်ရှိနေပြီ ဖြစ်သည်။ ချန်လွေ့သည် ထိုအခွင့်အရေးကို အသုံးချကာ ချက်ချင်း ရွှေ့ပြောင်းသွားသည်။

ဆာရီရယ် လှောင်ပြောင်လိုက်သည်။ “ကိုယ့်ကိုယ်ကို အစွမ်းထက်ဆုံး နတ်ဘုရား-ယောင်လို့ ပြောခဲ့တယ် မဟုတ်လား။ အခုတော့ အားနည်းတဲ့သူကို အရင် တိုက်ခိုက်နေတာလား။ ငါနဲ့ တိုက်နေတုန်း ငါ့အစေခံက ငွေသေတ္တာကို ယူသွားမှာ ကြောက်နေတာလား။”

အစေခံတဲ့လား။ ချန်လွေ့၏ မျက်လုံးများ လင်းလက်သွားသည်။ ဆာရီရယ်က သူ့ကို ကာကွယ်ရန်အတွက် အမှန်တကယ် ကူညီခဲ့ခြင်း မဟုတ်ကြောင်း သူ ကောင်းကောင်းသိသည်။ နတ်ဘုရား-ယောင်များ၏ အမြင်၌ တိုင်းပြည်အဆင့် မဆိုထားဘိ၊ နတ်ဘုရားတစ်ပိုင်းအဆင့်ပင်လျှင် အချိန်မရွေး စွန့်ပစ်နိုင်တဲ့ ပုရွက်ဆိတ်တစ်ကောင်သာ ဖြစ်သည်။

ဆာရီရယ်သည် စေတန်၏ စွမ်းရည်များကို ကောင်းစွာ သိပြီး သူ့နှင့် တန်းတူဖြစ်သည်။ ပုံမှန်အခြေအနေတွင် မည်သူမျှ သူ့ကို ဘာမှမလုပ်နိုင်ပေ။ ဤအချိန်တွင် ထပ်တိုးအချက်တစ်ခုသည် အလွန်အရေးကြီးသည်။ တိုင်းပြည်အဆင့် “အစေခံ”တစ်ဦး ပိုများလာခြင်းသည် စေတန်ကို အနိုင်ယူရန် မဖြစ်နိုင်သော်လည်း ငွေသေတ္တာကို ရရှိရန် သော့ချက် ဖြစ်လာနိုင်သည်။ အနည်းဆုံး စေတန်ကို အာရုံပျံ့လွင့်အောင် လုပ်နိုင်၏။

စေတန်က လျစ်လျူရှုစွာ ပြုံးလိုက်ပြီး ရှင်းပြခြင်းမရှိပေ။ သို့သော် ထိုလူသားပုရွက်ဆိတ်၏ စွမ်းရည်က အနည်းငယ် မမျှော်လင့်ထားသလို ဖြစ်နေသည်။ သူက ကြောက်မက် ဖွယ်ရာ မိုးပျံနယ်မြေမှာ ငါ့ဆီကနေ ပုန်းကွယ်နိုင်ခဲ့တယ်။ အခုတော့ သူ့ခန္ဓာကိုယ်ပေါ်မှာ အလင်းခန္ဓာအမျိုးအစားနဲ့ အငွေ့အသက်ကို ငါ မခံစားမိဘူး။ သူက ဆာရီရယ်ရဲ့ မိစ္ဆာမျက်ဆံ အကာအကွယ် စွမ်းအားကို ရသွားတာ ဖြစ်မယ်။

ဆာရီရယ်၏ အငွေ့အသက် ထိုးတက်လာပြီး အစွမ်း ထက်လှသော ဥပဒေသစွမ်းအားသည် စေတန်ကို ခိုင်မြဲစွာ ချုပ်နှောင်ထားလိုက်သည်။ ခုနက အလျင်စလိုဖြစ်ခဲ့ခြင်းနှင့် မတူဘဲ ယခုတစ်ကြိမ်တွင် ဆာရီရယ်၏ အရှိန်အဝါသည် ထုတ်လွှတ်ရန် အဆင်သင့် ဖြစ်နေလေပြီ။ စေတန်သာ ထပ်မံ အာရုံပျံ့လွင့်ပါက သူ၏ စွမ်းအားအပြည့်ဖြင့် ပြင်းပြင်းထန်ထန် ထိမှန်မည်ဖြစ်ပြီး ငွေသေတ္တာ ဆုံးရှုံးနိုင်ခြေ တိုးလာမည် ဖြစ်သည်။ “ပုရွက်ဆိတ်” ပျက်စီးသွားလျှင်ပင် တန်ဖိုးရှိသည်။

စေတန်သည် ဆာရီရယ်၏ အစီအစဉ်များကို ဖောက်မြင်လိုက်ပြီး ချန်လွေ့ကို ဆက်လက် လိုက်လံခြင်း မရှိတော့ပေ။ သူက ပေါ့ပေါ့ပါးပါး ပြောသည်။ “ဆာရီရယ်၊ မင်း ယုံကြည်မှု ရှိနေတဲ့ပုံပဲ။ ဒါဆိုရင် အစွမ်းထက်ဆုံး နတ်ဘုရား-ယောင်ဆိုတဲ့ ဘွဲ့က ကိုယ့်ဘာသာကိုယ် ပြောတာ၊ ဟုတ်လား မဟုတ်ဘူးလားဆိုတာ ငါ မင်းကို ပြပေးမယ်။”

ထိုသို့ပြောပြီးနောက် စေတန်သည် လက်ညှိုးထိုးကာ အော်ပြောလိုက်သည်။ “အက်ကွဲစမ်း...”

ဆာရီရယ် ပတ်လည်ရှိ နေရာလွတ်သည် ရုတ်တရက် ပြင်းထန်စွာ လိမ်သွားပြီး အမှန်တကယ် ကွဲထွက်သွားသည်။ တစ်ချိန်တည်းမှာပင် ဆာရီရယ်၏ ခန္ဓာကိုယ်လည်း ကွဲအက်သွား၏။

အဝေးကပင် ချန်လွေ့သည် အစွမ်းထက်သော ဥပဒေသကို ခံစားနိုင်သည်။ ကြည့်ရုံဖြင့် သူ၏ ဝိညာဉ်သည် အက်ကွဲသွားသကဲ့သို့ ခံစားရသည်။ သူ၏ ခိုင်မာသော စိတ်ဆန္ဒမရှိပါက ပြင်းထန်စွာ ဒဏ်ရာရနိုင်ခဲ့သည်။ ၎င်းသည် လှည့်စားခြင်းမဟုတ်ဘဲ အမှန်တကယ် ခံစားမှု ဖြစ်သည်။ ထို့ကြောင့် သူသည် အနောက်ဘက်သို့ ဆက်လက်၍ ပျံသန်းကာ အကွာအဝေးကို ပို၍ ခွာလိုက်သည်။

ဆာရီရယ်၏ ခန္ဓာကိုယ် ကွဲအက်သွားသော်လည်း စေတန်သည် လုံးဝ ကာကွယ်ခြင်းကို လျော့မချပေ။ သူ၏ မျက်လုံးများ လင်းလက်ကာ အော်ပြောလိုက်သည်။ “ဖြတ်တောက်စမ်း....”

ဆာရီရယ်၏ ကွဲအက်နေသော ခန္ဓာကိုယ်သည် အပိုင်းအစများစွာ ကွဲသွားသည်။ ကံကောင်းထောက်မစွာပင် ချန်လွေ့သည် အခွင့်အရေးကို ခပ်စောစော မြင်လိုက်ပြီး စွမ်းအားနယ်နိမိတ်မှ ထွက်ခွာသွားခဲ့သည်။ ဆာရီရယ်၏ စွမ်းအား နှောင့်ယှက်မှုနှင့်အတူ သူသည် ကျန်ရှိသော စွမ်းအားဖြင့် မထိခိုက်ခဲ့သော်လည်း အစွမ်းထက် ပုဂ္ဂိုလ်နှစ်ဦး၏ အောက်ရှိ ပင်လယ်ရေပြင်တွင် ပင့်ကူမျှင် ပုံသဏ္ဌာန် အက်ကြောင်းများစွာသည် အချိန်ကြာမြင့်စွာ မပိတ်နိုင်ခဲ့ပေ။

ဖြတ်တောက်ခံရပြီး အက်ကွဲသွားသော ဆာရီရယ်၏ အပိုင်းအစများစွာသည် ရုတ်တရက် လင်းလက်လာကာ စေတန်ကို ကြည့်နေသော ထူးဆန်းသော မျက်လုံးများစွာ အဖြစ် ပြောင်းလဲသွားသည်။ စေတန်၏ ခန္ဓာကိုယ်သည် မမြင်နိုင်သော မျက်လုံးများဖြင့် ချုပ်နှောင်ခံထားရသကဲ့သို့ တုန်လှုပ်သွားသည်။

“ကြမ္မာဆိုး နာမည်နဲ့ ငါမင်းကို ကျိန်စာတိုက်တယ်။ အားနည်းစေ! နှေးကွေးစေ! ကြောက်ရွံ့စေ! ကန်းစေ! လှုပ်မရစေ! ရောဂါရစေ! ပုပ်သိုးစေ!”

ကျိန်စာတစ်ခုပြောတိုင်း စေတန်၏ ခန္ဓာကိုယ်သည် ပြောင်းလဲသွားသည်။ သူ၏ အရေပြားပေါ်တွင် အမှတ် အသားများ၊ အမာရွတ်များ၊ ပုပ်ဆွေးမှုများပင် အလျင်အမြန် ပေါ်လာသည်။ ၎င်းသည် ရိုးရိုးရှင်းရှင်း အားနည်းစေသော မှော်ပညာ မဟုတ်တော့ဘဲ ကျိန်စာဥပဒေသ ဖြစ်သွားလေပြီ။

“ကြမ္မာဆိုး… ကပ်ဘေး… (၇)ခန်းလား…..” လုပ်ဆောင်ချက်များ သာမက စေတန်၏ စကားလုံးများပင် ထိုအထူး စည်းမျဉ်း၏ စွမ်းအားအောက်တွင် နှေးကွေး လာသည်။

မျက်တောင်တစ်မှိတ်အတွင်း ထိုဖြတ်တောက်ခြင်းနှင့် ကွဲအက်ခြင်းသည် “ဗီဒီယိုပြန်ဖွင့်ခြင်း” ကဲ့သို့ နောက်ပြန် ဆုတ်သွားပြီး မျက်လုံးပေါင်းများစွာသည် ဆာရီရယ်၏ ခန္ဓာကိုယ်အဖြစ် ပြန်လည်စုစည်းသွားသည်။ ၎င်းသည် စေတန်၏ အချိန်ဥပဒေသကို အသုံးပြု၍ အချိန်စီးဆင်းမှုကို ပြောင်းလဲပြီး [ကြမ္မာဆိုးကပ်ဘေး(၇)ခန်း] မတိုင်မီ ခန္ဓာကိုယ်သို့ ပြန်သွားခြင်းဖြစ်သည်မှာ ထင်ရှားသည်။ သို့သော် သူ၏ ခန္ဓာကိုယ်မှာမူ လုံးဝမပြောင်းလဲဘဲ ကြောက်မက်ဖွယ်ရာကောင်းသော ကျိန်စာ အခြေအနေတွင် ရှိနေဆဲဖြစ်သည်။

စေတန် ထပ်မံ လင်းလက်သွားပြီး သူ့ပတ်ဝန်းကျင်ရှိ မြင်ကွင်းသည် ချက်ချင်း ထပ်နေသော အလွှာများ ဖြစ်လာသည်။ ၎င်းသည် နေရာလွတ်ကို အလျင်အမြန် ပြောင်းလဲနေသကဲ့သို့ ဖြစ်နေသော်လည်း ကျိန်စာမှ လွတ်မြောက်နိုင်ခြင်း မရှိသေးပေ။

“ကြမ္မာဆိုးကို အချိန်၊နေရာ ပြောင်းလဲလို့ မရနိုင်ဘူး။” ဆာရီရယ် မျက်လုံးများ မှိတ်တုတ်မှိတ်တုတ်ဖြင့် လှောင်ပြောင် လိုက်သည်။ သူသည် ကျိန်စာစွမ်းအားကို ထပ်မံ တိုးမြှင့်လိုက်သည်။ “မင်း တခြား ဘုံဌာနတွေကို ထွက်ပြေးပြီး တခြားအချိန်ကို ပြန်သွားရင်တောင် ကြမ္မာဆိုး ကပ်ဘေးကနေ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး။”

“ငါ… အရာရာအတွက် ပြင်ဆင်ထားတယ်၊ ငါ… ဉာဏ်ကောင်းတယ်၊ ငါ… အလှတရားတွေ ပြည့်စုံတယ်…” စေတန်၏ လည်ချောင်းသံ အသံထွက်ပေါ်လာခဲ့သည်။

“ကျောက်မျက်မျိုးစုံ ငါ့ကိုယ်ပေါ်မှာ ဝတ်ဆင်ထားတယ်။ ပတ္တမြား၊ ဥဿဖယား၊ စိန်၊ မြပြာ၊ ရောင်စုံကျောက်၊ နဂါးသွဲ့၊ အပြာရောင်ကျောက်၊ အစိမ်းရောင်ကျောက်၊ နီလာ၊ ရွှေ၊ ငါ့လက်ထဲမှာ ကောင်းမွန်တဲ့ ဗုံနဲ့ ပလွေတွေ…”

“ငါ့စိတ်ထဲမှာ ငါက ဂုဏ်ယူပြီး လှပတယ်။ ပျက်စီးနေတဲ့ ဉာဏ်ပညာကြောင့် ငါ ဂုဏ်ယူတယ်....”

“ငါ ပြာအဖြစ် ပြောင်းလဲသွားတယ်၊ သန့်ရှင်းသော ဝိညာဉ်တော်ကို စော်ကားတယ်၊ လောကမှာ မရှိတော့ဘူး၊ ငါကငါ ဖြစ်နေတုန်းပဲ။”

စေတန်၏ စကားလုံးများ ပိုမို ချောမွေ့လာပြီး သူ၏ အသံသည် တစ်ကမ္ဘာလုံးကို ပဲ့တင်ထပ်ကာ ပို၍ကျယ်လောင် လာသည်။ ချန်လွေ့သည် သူ၏ စိတ်ထဲတွင် တဝီဝီမြည်သံသာ ကြားရပြီး စေတန်၏ ခန္ဓာကိုယ်မှ ပြင်းထန်သော အလင်းရောင်စက်ဝိုင်းတစ်ခု ထွက်လာကာ သူ့နောက်တွင် အလင်းတောင်ပံ ၆စုံ ပေါ်လာသည်ကို မြင်လိုက်ရသည်။ သို့သော် အလင်းတောင်ပံများမှာ အနက်ရောင်ဖြစ်ပြီး ချန်လွေ့ကို အလွန်သန့်ရှင်းသော ခံစားမှု ပေးစွမ်းနေသည်။ ကြမ္မာဆိုး ကျိန်စာကြောင့် ဖြစ်ပေါ်လာသော အားနည်းချက် များသည် မြင်သာသောနှုန်းဖြင့် လျင်မြန်စွာ မှေးမှိန်သွားပြီး လုံးဝ ပျောက်ကွယ်သွားလေသည်။

စေတန် ပြန်လည်ကောင်းမွန်လာသည့် ချက်ချင်းဆိုသလို အချိန်ပြောင်းပြန် လှန်မှုကြောင့် ပေါင်းစပ်သွားခဲ့သော အက်ကွဲခြင်းနှင့် ဖြတ်တောက်ခြင်းတို့သည် ချက်ချင်း အရှိန်မြှင့်တင်သွားပြီး ဆာရီရယ်၏ ခန္ဓာကိုယ် ထပ်မံ ကြေမွသွားပြန်သည်။

ထိုတစ်ကြိမ်တွင် ဆာရီရယ်သည် မျက်လုံးအဖြစ် ပြောင်းလဲခြင်းမရှိဘဲ သူသည် နှာခေါင်းရှုံ့လိုက်သည်။ အပိုင်းအစများသည် အလိုအလျောက် ပြန်လည်စုစည်းကာ သူ၏ မူလပုံစံသို့ ပြန်လည်ရောက်ရှိလာသည်။ သူသည် လုံးဝ ဒဏ်ရာမရခဲ့ သကဲ့သို့ပင် ဖြစ်သော်လည်း သူ၏ မျက်ခုံးနှစ်ခုကြားတွင် ဒေါင်လိုက် မျက်လုံးတစ်လုံး ရှိနေသည်။

စေတန်သည် သူ၏ လက်များကို အနည်းငယ် ဝှေ့ယမ်းလိုက်သောအခါ အနက်ရောင် တောင်ပံ ၁၂ ခု ပျံ့နှံ့သွားပြီး သူက ချီးကျူးလိုက်သည်။ “[လမင်းဝိညာဉ် ခန္ဓာ] ပီသပါပေတယ်။ ရာဖယ်ရယ်ရဲ့ [အလင်းပြန်လည် ရယူခြင်းခန္ဓာ] နှင့် ယှဉ်လို့ရတယ်။ ဒါက တကယ်ပဲ အက်ကွဲခြင်းနှင့် ဖြတ်တောက်ခြင်း၏ ထိခိုက်မှုတွေကို လျစ်လျူရှုနိုင်တာပဲ။”

“ဟမ့်။ ကြမ္မာဆိုးကိုတောင် ရှောင်ရှားနိုင်တဲ့ မင်းရဲ့ စော်ကားမှု စွမ်းအားနဲ့ ဘယ်လို နှိုင်းယှဉ်လို့ ရနိုင်မမှာလဲ။” ဆာရီရယ်က လှောင်ပြောင်ပြုံးနေပုံရသည်။ သူ၏ တတိယ မျက်လုံး၏ သူငယ်အိမ်သည် တဖြည်းဖြည်း ရွှေရောင်သို့ ပြောင်းလဲသွားသည်။ နှစ်ဖက်စလုံးသည် ပိုမိုပြင်းထန်သော ထိုးနှက်ချက်အတွက် ပြင်ဆင်ရန် စွမ်းအားကို လျင်မြန်စွာ စုဆောင်းနေကြသည်။

စေတန်ဖြစ်စေ၊ ဆာရီရယ်ဖြစ်စေ၊ ထိုအချိန်တွင် ၎င်းသည် “ကိုယ်ပွား” မဟုတ်တော့ဘဲ ပုံရိပ်လျှို့ဝှက်နည်းလမ်းဖြင့် ပြောင်းလဲထားသော ခန္ဓာအစစ်အမှန်ဖြစ်သည်။

ထိုနှစ်ဦးသည် နတ်ဘုရား-ယောင်၏ အမြင့်ဆုံး အဆင့်တွင် ရှိနေပြီး ၎င်းတို့ကြားမှ တိုက်ပွဲသည် ချန်လွေ့၏ မျက်လုံးများကို ဖွင့်ပေးခဲ့သည်။ စေတန်နှင့် ဆာရီရယ် တို့သည် တိုင်းပြည်အဆင့် သို့မဟုတ် နတ်ဘုရားတစ်ပိုင်း အဆင့်ရှိသူများကဲ့သို့ တိုက်ခိုက်ရန် တိုင်းပြည်ကို အသက်မသွင်းကြဘဲ “အရှိန်အဝါ” နှင့် ဆင်တူသော စွမ်းအား တစ်မျိုးကို အသက်သွင်းခဲ့ကြသည်။

ထိုစွမ်းအားမျိုးတွင် ဥပဒေသနှင့် ယုံကြည်မှု၏ အဆုံးမဲ့ လျှို့ဝှက်ဆန်းကြယ်မှုများ ပါဝင်နေသည်။ အမှန်တကယ်တွင် ၎င်းသည် ပိုမို သန့်စင်ထိရောက်သော တိုင်းပြည် စွမ်းအားဖြစ်ပြီး နတ်ဘုရားများသာ ပိုင်ဆိုင်သော “နတ်ဘုရား အဟန့်”နှင့် ရေးရေးလေး နီးစပ်နေပြီဖြစ်သည်။

ဆာရီရယ်၏ တတိယမျက်လုံးရှိ ရွှေရောင်အလင်းသည် တိုက်ခိုက်ရန် စတင်တော့မည့်အချိန်တွင် သူသည် ရုတ်တရက် တစ်ခုခုကို တွေ့ရှိလိုက်သည်။ သူ အံ့အားသင့်ကာ ဒေါသတကြီး အော်လိုက်၏။ “မဟုတ်ဘူး။ ငွေသေတ္တာ! စေတန်၊ မင်း တကယ်ပဲ…”

“မင်း နောက်ဆုံးတော့ သတိထားမိသွားပြီပေါ့… ကံဆိုးချင်တော့ နောက်ကျသွားပြီ။” စေတန် ပြုံးလိုက်သည်။ သူ၏ လက်ထဲရှိ ငွေသေတ္တာက ရုတ်တရက် ကြီးမားလာပြီး ပုံသဏ္ဌာန်လည်း ပြောင်းလဲသွား၏။ ပို၍တိကျစွာ ပြောရလျှင် ၎င်းသည် ငွေရောင်သေတ္တာ နှစ်လုံး ပေါင်းစပ်နေခြင်း ဖြစ်သည်။

“မင်းရဲ့ ကြမ္မာဆိုးစွမ်းအား မပါခဲ့ရင် ငါ့ရဲ့ အရှိန်အဝါ တစ်ခုတည်းနဲ့ သူတို့ကို ပေါင်းစပ်နိုင်မှာ မဟုတ်ဘူး။” စေတန် ရယ်လိုက်သည်။ “နှစ်ပေါင်းများစွာ ကြာအောင် ငါ ဒီသေတ္တာကို သန့်စင်ပြီး ငါ့ခန္ဓာကိုယ်နဲ့ ပေါင်းစပ်ခဲ့တယ်။ ဒီ ပျက်စီးခြင်းစာအုပ်ရဲ့ စာမျက်နှာ နှစ်ခုကို ပေါင်းစပ်ပြီးတာနဲ့ ငါ့ကိုယ်ထဲမှာ သိမ်းထားနိုင်တယ်။ မင်း ငါ့ကို သတ်နိုင်တဲ့ စွမ်းရည်မရှိရင် ဘယ်တော့မှ ယူသွားနိုင်မှာ မဟုတ်ဘူး! ငါပြောခဲ့သလိုပဲ၊ မင်းဦးနှောက်က ငါ့ဦးနှောက်လောက် ဘယ်တော့မှ အသုံးဝင်မှာ မဟုတ်ဘူး…”

ထိုအခါမှ ဆာရီရယ်သည် သူ၏ ယခင်စွမ်းအားသည် စေတန်၏ အစီအစဉ်ကို အထောက်အကူပြုခဲ့ကြောင်း သိလိုက်ရသည်။ သူ ဒေါသထွက်သွား၏။ သူ၏ တတိယမျက်လုံးရှိ ရွှေရောင်အလင်းသည် ရုတ်တရက် အနီရောင်ရင့်ရင့်သို့ ပြောင်းလဲသွားခဲ့သည်။ “ဒီလိုဆိုရင်တော့ သေလိုက်တော့။”

ချက်ချင်းဆိုသလို ကောင်းကင်တွင် သွေးနီရောင် လမင်း နှစ်စင်း ပေါ်လာသည်။ ရှေးဟောင်းမှော်စာများကဲ့သို့ ကျိန်စာပေါင်းများစွာသည် လေထဲတွင် လွင့်မျောနေပြီး ရုပ်မြင်သံကြားရှိ ပုံအတွင်း ပုံပြသမှုကဲ့သို့ သေးငယ်သော “လောကများ” ပေါ်ထွက်လာသည်။

လောကကြီးတစ်ခုထဲမှ မရေမတွက် နိုင်သော လောကငယ်များစွာ။

ဒါက စာအုပ်ပေါင်းချုပ်ခန်းမရဲ့ စတုတ္ထအလွှာမှာရှိတဲ့ “လောကကြီး” ပဲ!

လက်စသတ်တော့ ဒါက ဆာရီရယ်ရဲ့ တိုင်းပြည် ဖြစ်နေတာကိုး။ ချန်လွေ့ ချက်ချင်းတုံ့ပြန်လိုက်သည်။

တိုင်းပြည်ထဲမှာ အတော်လေး ထူးခြားတဲ့ ယုံကြည်မှု စွမ်းအားတစ်မျိုး စွဲစွဲမြဲမြဲ တည်ရှိနေတယ်။ အသိပညာ။ လူမှုအဖွဲ့အစည်း။

ဆာရီရယ်၏ ကိုယ်ခန္ဓာသည် ကြီးမားသော မျက်လုံး အဖြစ် လျင်မြန်စွာ ပြောင်းလဲလာ၏။

စေတန်သည် ဆာရီရယ်က ဒေါသတကြီးဖြင့် အားထုတ်နေကြောင်း သိလိုက်ပြီး သူ၏ ကာကွယ်ခြင်းကို လျှော့မချရဲပေ။ သူ၏ တိုင်းပြည်မှာ ချန်လွေ့ ရင်းနှီးသော ဆက်ရက်ခ်တောင်ပင် ဖြစ်သည်။ သို့သော် ပြီးခဲ့သည့် အသူရာချောက်နက်ကို ဖယ်ရှားစဉ်ကနှင့် မတူဘဲ အဓိကအပိုင်းမှာ တောက်ပနေသော အပင်ကြီးတစ်ပင် ဖြစ်သည်။ ထိုအပင်သည် အလွန်ပြင်းထန်သော အသက် စွမ်းအားဖြင့် ပြည့်နှက်နေပြီး ကြီးမားသော အရှိန်အဝါကို ထုတ်ဖော်နေသည်။

စေတန်၏ ကိုယ်ခန္ဓာလည်း မြွေအဖြစ် ပြောင်းလဲသွား၏။ ထိုမြွေသည် ရှေးကျပြီး ထူထဲသော အငွေ့အသက်ဖြင့် ပြည့်နေသော အရှေ့တိုင်းနဂါးနှင့် အနည်းငယ် ဆင်တူသည်။ ၎င်းက ကျောက်မျက်ရတနာကဲ့သို့ တောက်ပနေ၏။

ထို့နောက် ချန်လွေ့သည် ကောင်းကင်နှင့် မြေကြီး ကွဲအက်သွားသကဲ့သို့ ခံစားလိုက်ရသည်။ ပင်လယ်ရေ၊ ကျွန်း၊ အချိန်၊ နေရာ… အရာရာအားလုံး ပျက်စီးသွားသည်။

အထူးစွမ်းအား တစ်ခုက သူ့ကို ကာကွယ်ပေးထားခြင်း မရှိပါက ချန်လွေ့ လုံးဝလွတ်မြောက်မည် မဟုတ်ပေ။

နောက်စက္ကန့်တွင် တိုင်းပြည်နှစ်ခု ပျောက်ကွယ်သွားပြီး ဧရာမမျက်လုံးနှင့် ရှေးဟောင်းမြွေတို့ သည်လည်း လူခန္ဓာကိုယ် ပုံစံသို့ ပြန်လည်ရောက်ရှိလာသည်။ သူတို့သည် တစ်ဦးလက်ကို တစ်ဦး ကိုင်ထားကြပြီး အံ့အားသင့်ဖွယ် စွမ်းအားသည် ၎င်းတို့ကြားတွင် ဆန့်ကျင်ဘက်သို့ တည်ရှိနေသည်။ ပင်လယ်ရေတွင် ဧရာမ ရေဝဲကြီးတစ်ခု ပေါ်လာပြီး တစ်ခါတစ်ရံ အရှိန်အဟုန်ပြင်းစွာ လှုပ်ရှားကာ တစ်ခါတစ်ရံ ရေခဲသွားသည်။ ၎င်းသည် အချင်း ကီလိုမီတာ ထောင်ပေါင်းများစွာ ကျယ်ဝန်းသည်။

ပေါင်းစပ်နေသော ငွေသေတ္တာများက လေထဲတွင် လွင့်မျောနေကြသည်။

“အခုပဲ....” ဆာရီရယ်၏ အသံက ချန်လွေ့၏ စိတ်ထဲတွင် ထွက်ပေါ်လာသည်။

ဆာရီရယ်သည် ထိုအချိန်လေးအတွက် ချန်လွေ့ကို ကာကွယ်ရန် ကြိုးစားနေခဲ့ခြင်း ဖြစ်သည်။ သူသည် ငွေသေတ္တာများနှင့် စေတန်ကို မိစ္ဆာမျက်ဆံ စွမ်းအားဖြင့် ခွဲထုတ်ရန် အစွမ်းကုန် ကြိုးစားခဲ့သော်လည်း ချန်လွေ့ကို လျှို့ဝှက်စွာ ယူသွားရန် အမိန့်ပေးခဲ့သည်။ သူ အောင်မြင်ပါက ငွေသေတ္တာ နှစ်လုံးသည် ဆာရီရယ် အပိုင် ဖြစ်လာလိမ့်မည်။

ချန်လွေ့၏ ကိုယ်ခန္ဓာ တဖျတ်ဖျတ် လင်းလက်သွားသည်။ သူသည် ငွေရသေတ္တာများ ရှေ့သို့ ရောက်ရှိလာပြီ ဖြစ်သည်။ စေတန်၏ အနက်ရောင် တောင်ပံများ ရုတ်တရက် ပျံ့နှံ့သွားပြီး အစွမ်းထက်သော ခွန်အား ပေါက်ကွဲထွက်လာသည်။ ဆာရီရယ်၏ တတိယမျက်လုံးမှ သွေးများ ထွက်လာ သော်လည်း သူသည် ဒဏ်ရာရနေသည့်ကြားမှ စေတန်ကို ဆက်လက် ထိန်းချုပ်ထားနေသည်။

ထိုအချိန် ချန်လွေ့၏လက်သည် ငွေသေတ္တာများနှင့် နီးကပ်နေပြီး စေတန်က ရုတ်တရက် ထူးဆန်းသော အပြုံးကို ပြသခဲ့သည်။ တစ်ခုနှင့်တစ်ခု ချိတ်ဆက်နေသော သေတ္တာ နှစ်လုံး ရုတ်တရက် ပွင့်သွား၏။

ငွေသေတ္တာများကို ရစ်ပတ်ထားသော ဆာရီရယ်၏ မိစ္ဆာမျက်ဆံစွမ်းအား ချက်ချင်း ကြေမွသွားသည်။ အတိုင်း အဆမရှိ ကြီးမားသော ပျက်စီးခြင်း စွမ်းအားသည် နေရာလွတ်တစ်ခုလုံးကို ချက်ချင်း ပြည့်နှက်သွားပြီး ပင်လယ် ရေဝဲသည် ရုတ်တရက် ပြိုကျသွားသည်။ စေတန်နှင့် ဆာရီရယ်ပင် ထိုကြောက်မက်ဖွယ်စွမ်းအားကို မခံနိုင်ကြပေ။ ၎င်းတို့၏ ကိုယ်ခန္ဓာများတွင် မတူညီသော ပမာဏဖြင့် ပျက်စီးမှုများ ဖြစ်ပေါ်လာခဲ့သည်။

ချန်လွေ့သည် ပထမဦးဆုံး ထိခိုက်ခံရသူ ဖြစ်သည်။ သူသည် အထူး ကိုယ်ခန္ဓာအမျိုးအစားကြောင့် ခဏတာ ခံနိုင်ခဲ့ပုံရသော်လည်း နောက်ဆုံးတွင် ခုခံနိုင်ခြင်း မရှိခဲ့ပေ။ သူ၏ ခန္ဓာကိုယ်သည် ပူဖောင်းကဲ့သို့ ဖောင်းကားလာပြီး ပေါက်ကွဲသွားတော့သည်။

All Chapters