← Chapters

ကျွန်မက လင်းယန်ပါ

Vol. 8 Ch. 106

ကျွန်မက လင်းယန်ပါ

Vol. 8 Ch. 106

ကျန်းစီဖေးသည် ဘေးနားတွင် ရပ်နေသည့် ကျူမန်ချန်ကို တစ်ချက်ကြည့်၍ "အင်း..." ဟု ပြောလိုက်သည်။

ကျူမန်ချန်က ဖြတ်ပြောလိုက်သည်။

“ဟားဟား... တစ်စုံတစ်ယောက်က စီဖေးရဲ့ အလုပ်ကို တမင်သက်သက် နှောင့်ယှက်ဖို့ ကြိုးစားခဲ့တာ။ သူမကို ပေးထားတဲ့ ဇာတ်ရုပ်တွေက ကျေးလက်ကားတွေချည်းပဲ။ စီဖေးကလည်း မခံနိုင်တော့လို့ ကုမ္ပဏီကနေ ထွက်ခဲ့တာ။ အဲ့ဒီလူ သူ့ရဲ့လုပ်ရပ်တွေကို ပြန်စဉ်းစားပြီး သူစီမံခန့်ခွဲတဲ့ အနုပညာရှင်တွေအတွက် ဘယ်အရာက အကောင်းဆုံးလဲဆိုတာ စဉ်းစားလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ သူတို့က ပိုက်ဆံရှာတဲ့ ကိရိယာတွေပဲ မဖြစ်သင့်ဘူး”

ကျန်းစီဖေးပတ်ပတ်လည်တွင် လူများ ပြည့်နှက်နေခြင်းနှင့် နှိုင်းယှဉ်ပါက ကျောက်ဟုန်လင်းပတ်ဝန်းကျင်က လုံးဝရှင်းလင်းနေသည်။

ဒူအိုဒူအိုက သူတို့ လိမ်ပြောနေသည်များကို ကြည့်၍ ဒေါသကြောင့် မျက်လုံးများ နီရဲနေသည်။ "သစ္စာဖောက်တွေ…အား… ငါအရမ်း ဒေါသထွက်တာပဲ။ သူတို့က ဘာလို့ ဒီလောက် ရိုင်းစိုင်းရတာလဲ။ အစ်မလင်း မရှိရင် သူမ ဒီနေ့ ဒီနေရာကို ရောက်လာပါ့မလား။ ကျေးဇူးမသိရုံသာမက အစ်မလင်းရဲ့ ဂုဏ်သတင်းကိုပါ ဖျက်ဆီးနေတယ်။ ဒါကို ငါလက်မခံနိုင်ဘူး။ သတင်းထောက်တွေကို အမှန်အတိုင်း ရှင်းပြရမယ်"

"သူတို့ ပြောတာတွေက မဟုတ်ဘူး..." ဟု ဒူအိုဒူအိုက အော်ပြီး လူအုပ်ထဲသို့ တိုးဝင်ရန် ကြိုးစားသည်။ သို့သော် ကျန်းစီဖေးကို သတင်းထောက်များ အများအပြား ဝိုင်းထားသောကြောင့် သူတို့၏အာရုံများ အားလုံးက ကျန်းစီဖေးဆီ၌သာ ရှိနေသည်။ မည်သူမျှ သူမကို စိတ်ဝင်စားခြင်း မရှိကြပေ။

ကင်မရာသမားတစ်ဦးက ဒူအိုဒူအိုကို ရိုင်းရိုင်းစိုင်းစိုင်း တွန်းထုတ်လိုက်ရာ သူ၏ပစ္စည်းများနှင့် သူမကို ပြင်းပြင်းထန်ထန် ထိမှန်သွားသည်။

တစ်ချိန်တည်းမှာပင် ထောင့်တစ်နေရာတွင် ပုန်း၍ ဂိမ်းကစားနေသည့် လင်းယန်က သူမနားကြပ်ကိုဖြုတ်ပြီး သူမလက်များနှင့် ခန္ဓာကိုယ်ကို ပျင်းရိစွာ အကြောဆန့်လိုက်သည်။

တစ်စုံတစ်ယောက်က ဒူအိုဒူအိုကို ထပ်မံတိုက်မိတော့မည့်အချိန်တွင် လင်းယန်က သူမ၏လက်ကို ဆွဲ၍ ထောင့်တစ်နေရာသို့ ခေါ်သွားလိုက်သည်။

“လင်းယန် ဘာလို့ ငါ့ကို ဆွဲတာလဲ။ ငါသူတို့ကို ရှင်းပြချင်တာ” ဟု ဒူအိုဒူအိုက မခံမရပ်နိုင်စွာ ပြောလိုက်သည်။

“ဒါကို စိတ်မပူနဲ့။ မင်းကို လူတွေ အာရုံစိုက်စေချင်ရင် လွယ်တဲ့နည်းလမ်းတစ်ခုရှိတယ်” ဟု လင်းယန်က ပျင်းရိစွာ ပြောလိုက်သည်။

ဒူအိုဒူအိုက သူမကို ဆူပူလိုက်သည်။

"ဘယ်လိုလုပ် လွယ်မှာလဲ။ ဘယ်သူက ငါတို့စကားကို နားထောင်မှာလဲ။ ဖျော်ဖြေရေးလောကမှာ ငါတို့လိုလူတွေက ပြောခွင့်မရှိဘူး"

လင်းယန်က ဤအချက်ကို ကောင်းစွာသိထားသည်။

သူမက ကန့်ကွက်ခြင်းမပြုဘဲ ထိုသတင်းထောက်များ၏ နောက်တွင် ရပ်၍ တည်ငြိမ်သောလေသံဖြင့် ရှင်းရှင်းလင်းလင်း ပြောလိုက်သည်။

“မင်္ဂလာပါရှင် ခဏလေး ဝင်ပြောခွင့်ပြုပါ။ ကျွန်မကို အင်တာဗျူးချင်တဲ့သူများ ရှိပါသလား”

“သောက်ကျိူးနည်း….မင်းဘယ်သူလဲ။ သွားစမ်း”

သတင်းထောက်တစ်ဦးက ကျန်းစီဖေးကို ကြည့်နေသောကြောင့် သူ့ခေါင်းပင်လှည့်မကြည့်ဘဲ ပြောလိုက်သည်။

လင်းယန်က ခဏတာ ပြုံးလိုက်သည်။

“ကျွန်မက လင်းယန်ပါ”

လင်းယန် စကားပြောခြင်း ရပ်လိုက်သည့်အချိန်တွင် စတူဒီယိုတစ်ခုလုံး တိတ်ဆိတ်သွားသည်။ စက္ကန့်အနည်းငယ်ကြာတော့ သူတို့က သူမဆီသို့ ဖြည်းဖြည်းချင်း လှည့်ကြည့်ကြသည်။

“ဘာ… လင်းယန်လား”

“သူမက တကယ်ပဲ လင်းယန်လား။ အား”

ဒူအိုဒူအိုက နာကျင်မှုကြောင့် နောက်သို့ အနည်းငယ်ဆုတ်သွားသည်။

“အတည်ပြောတာလား။ လင်းယန်က အင်တာဗျူး မလုပ်ဘူးထင်တာပဲ။ သူမက အမြဲတမ်း သူ့လက်ထောက်ကိုပဲ ကိုယ်စားပြောခိုင်းတာ”

လင်းယန်သည် လည်ချောင်းရှင်းရန် ချောင်းဟန့်လိုက်ပြီး “မင်္ဂလာပါရှင် သတင်းထောက်မောင်နှမများရှင်။ ကျွန်မက လင်းယန်ပါ။ သိချင်တာများရှိပါက မေးမြန်းနိုင်ပါပြီရှင်” ဟု ပြောကြားခဲ့သည်။

မကြာသေးမီက အရှုပ်တော်ပုံများစွာနှင့် ပတ်သက်နေသော မင်းသမီးတစ်ဦးက အင်တာဗျူးဖြေကြားရန် သဘောတူလိုက်ပြီဖြစ်သည်။ သူမ၏ အင်တာဗျူးက ဇာတ်လိုက်မင်းသမီး၏ အင်တာဗျူးထက် ပိုမိုပေါက်ကွဲအားကောင်းပြီး စိတ်လှုပ်ရှားဖွယ် ကောင်းလိမ့်မည်ဟု မျှော်လင့်ရသည်။

လင်းယန်၏ နာမည်က အတင်းအဖျင်းသတင်းများနှင့် နောက်ဆုံးပေါ် အရှုပ်တော်ပုံကြီးများအားလုံးကို လွှမ်းခြုံထားသည်။

အတင်းအဖျင်းနှင့် အရှုပ်တော်ပုံများကို အဓိကထားသော လူပြိုန်းကြိုက်မဂ္ဂဇင်းများနှင့် အွန်လိုင်းပလက်ဖောင်းများမှ သတင်းထောက်အများအပြားက သူမဆီသို့ ပြေးလာခဲ့ကြသည်။ သို့သော် ပရော်ဖက်ရှင်နယ် သတင်းထောက်အများစုမှာ လင်းယန်ကဲ့သို့သော ဆယ်လီမျိုးများကို မုန်းတီးကြသည့်အတွက် မရွေ့ဘဲ ကျန်ရှိနေခဲ့ကြသည်။ ထို့အပြင် သူတို့ကို ကျူမန်ချန်က ငှားရမ်းထားခြင်းဖြစ်သောကြောင့် သူတို့တွင် လုပ်ဆောင်ရန် အလုပ်တစ်ခုရှိနေခြင်းမှာ သဘာဝကျသည်။

လင်းယန်သည် လူအုပ်ကို လှည့်ပတ်ကြည့်ရှုကာ ပြုံးပြလိုက်ပြီး “ဒီနေ့ ကျွန်မ သိတာတွေ ဘာမှ ဖုံးကွယ်ထားမှာ မဟုတ်ဘူး။ အကုန်ပြောပြီးမှ ရပ်မှာ။ သိချင်တာမှန်သမျှ ဖြေပေးနိုင်ပါတယ်” ဟု ပြောဆိုခဲ့သည်။

လင်းယန်က ဆက်လက်၍ “ဪ ဟုတ်သားပဲ… ဥပမာ… ရှန်ချောင်မူးနဲ့ ကျွန်မ ဘယ်လို…” ဟု ဆွဲပြောလိုက်သည်။

ယခင်က မရွေ့ခဲ့သော သတင်းထောက်အနည်းငယ်က စိတ်လှုပ်ရှားမှုကြောင့် သူတို့မျက်လုံးများ လင်းလက်တောက်ပလာပြီး သူမဆီသို့ အပြေးအလွှား ရောက်ရှိလာကြသည်။

လင်းယန်က ထပ်မံဖြည့်စွက်၍ “ဪ နောက်ပြီး… ဝေရှုဖုန်းနဲ့ ကျွန်မကြားက လျှို့ဝှက်ချက်တွေ…” ဟု ပြောဆိုခဲ့သည်။

သူမ စကားမဆုံးမီမှာပင် လူအများအပြား သူမဆီသို့ ထပ်မံပြေးလာကြသဖြင့် စကားပြတ်တောက်သွားသည်။ ကျူမန်ချန်က ဖိတ်ခေါ်ထားသော သတင်းထောက်များပင် စိတ်ဝင်စားလာကြသည်။

လင်းယန်က ရှင်းရှင်းလင်းလင်း ပြောဆိုခဲ့သည်မှာ “အဲ့ဒီညက ထန်ကျားရီနဲ့ ကျွန်မ ကြားမှာ တစ်ခုခု ဖြစ်ခဲ့တယ်။ ဟန်ရီရွှမ်နဲ့ လင်းရွှေယာတို့နဲ့ ကျွန်မရဲ့ ရာဇဝင်နဲ့ ရန်ငြိုးတွေ၊ ဘာကြောင့် ဖြစ်ခဲ့ရတယ်ဆိုတာ အသေးစိတ် ပြောပြမယ်… နောက်ပြီး ပေရှုနန်ပါ ဘာလို့ ကျွန်မနဲ့ ပတ်သက်လာရတာလဲဆိုတာ…”

မျက်စိတစ်မှိတ်အတွင်းမှာပင် သတင်းထောက်များအားလုံး သူတို့၏ ကင်မရာများဖြင့် လင်းယန်ဆီသို့ လှည့်၍ အလျင်အမြန် ပြေးလာကြသည်။

လုပ်ငန်းနယ်ပယ်တွင် နာမည်ကြီး ဆယ်လီများစွာရှိသော်လည်း ကျန်းစီဖေးက အထူးချွန်ဆုံး မဟုတ်သေးပေ။ ထို့အပြင် သူမ၌ စိတ်လှုပ်ရှားဖွယ် အတင်းအဖျင်းသတင်းများလည်း မရှိပေ။ ကျန်းစီဖေး၏ မန်နေဂျာပြောင်းလဲမှုနှင့် သူမ၏ ဇာတ်လိုက်မင်းသမီးအဖြစ် ပါဝင်မှုများရှိနေသော်လည်း လင်းယန်ကမူ အတင်းအဖျင်းနှင့် ပေါက်ကွဲအားကောင်းသည့် သတင်းများ၏ ဘုရင်မအဖြစ် ရှိနေဆဲပင်။

All Chapters