← Chapters

လုံးဝ ပျောက်ကွယ်သွားခြင်း

Vol. 8 Ch. 115

လုံးဝ ပျောက်ကွယ်သွားခြင်း

Vol. 8 Ch. 115

တစ်ခုခု မှားနေပြီဆိုတာ သူတို့ သိနေခဲ့ကြပြီ။ ဘယ်လိုလုပ် လင်းယန်လို သရုပ်ဆောင် အရမ်းညံ့တဲ့သူက ဒီလို ကြီးမားတဲ့ ထုတ်လုပ်ရေးမှာ ဇာတ်ရုပ်ရနိုင်တာလဲ။ ဒါက လင်းရွှေယာက သူမကို ကူညီခဲ့လို့ပဲ။

သစ္စာဖောက်တွေအကြောင်း ပြောရမယ်ဆိုရင် လင်းယန်က သစ္စာဖောက်ရဲ့ ပုံရိပ်ပါပဲ။

ပညာအရည်အချင်းနှင့် ကျွမ်းကျင်မှု မရှိသည့် D-list မင်းသမီးတစ်ဦးက နာမည်ကြီးရန်အတွက် တခြားသူများကို ထိခိုက်နစ်နာအောင်နှင့် အသရေဖျက်ရန် မသမာသည့်နည်းလမ်းများကို အရှက်မရှိ အသုံးပြုခဲ့သည်။

သူမသည် နာမည်ကြီးအောင် လုပ်ရန်အတွက် ကြောက်စရာကောင်းသည့် ထုတ်လုပ်မှုများ အမျိုးမျိုးတွင် ပါဝင်ခဲ့သည်။

သူမ၏ ညီမလေးကတော့ မြို့တော်ပြဇာတ်နှင့် ပြဇာတ်ကျောင်း၏ ထိပ်တန်းကျောင်းသူတစ်ဦးပင်။ သူမက ထက်မြက်သည်၊ ဉာဏ်ကောင်းသည်၊ ကြင်နာတတ်သည်၊ ထို့အပြင် ပရဟိတလုပ်ငန်းများကို အကြီးအကျယ် ထောက်ခံသူတစ်ဦးလည်း ဖြစ်သည်။

သူမကို နိုင်ငံ၏ နတ်သမီးလေးဟု ကျယ်ကျယ်ပြန့်ပြန့် သိကြသည်။ သဘာဝကျစွာပင် လင်းရွှေယာ၏ ပါးစပ်မှ ဘာပဲထွက်လာထွက်လာ လူတိုင်း ယုံကြည်ကြမှာပဲ။ သူမ၏ နူးညံ့သိမ်မွေ့သည့်၊ အားနွဲ့သည့် ပုံစံက လူတိုင်းကို သူမကိုယ်စား ဒေါသထွက်စေပြီး ချက်ချင်း ပေါက်ကွဲကုန်ကြသည်။

လင်းယန်က စကားတစ်ခွန်းမှ မပြောဘဲ ရပ်နေခဲ့ပြီး လင်းရွှေယာ၏ သရုပ်ဆောင်မှုကို လေ့လာစောင့်ကြည့်နေခဲ့သည်။ ယခုချိန်မှာ လင်းရွှေယာက နှုတ်ခမ်းမဲ့ကာ လင်းယန်ကို ကြည့်နေသည်။ သူမ၏ မျက်နှာအမူအရာတွင် မထီမဲ့မြင်ပြုသည့် အရိပ်အယောင်လေး ရှိနေသည်။

သူမက စိတ်ထိခိုက်နေပုံရသည့် ပုံစံဖြင့် လင်းယန်ဆီ လျှောက်သွားသည်။

“ညီမလေး… ညီမလေး မမကို မုန်းနေသေးတယ်ဆိုတာ မမသိပါတယ်။ မမတို့ ငယ်ငယ်တုန်းက ညီမလေးကို အရုပ်တွေ အကုန်ပေးခဲ့တယ်။ ကြီးလာတော့လည်း အလှကုန်တွေ ပေးခဲ့တယ်။ ညီမလေး နိုင်ငံခြားသွားချင်တယ်လို့ ပြောတုန်းကတောင် အထက်တန်းကျောင်းမှာ အချိန်ပိုင်းအလုပ်တွေ လုပ်ပြီး ညီမလေးကို ထောက်ပံ့ခဲ့တယ်။ ဒီအရာတွေ အားလုံးက အရေးမကြီးပါဘူး… ဒါပေမယ့်… အချစ်က တစ်ဖက်သတ် မဟုတ်ဘူး။ မမ လက်လျော့ချင်တယ်ဆိုရင်တောင် မလုပ်နိုင်ဘူး…”

လင်းရွှေယာ၏ ရင်တွင်းစကားများက သတင်းထောက်များကို ထိမိစေခဲ့ပြီး သူတို့၏ တုံ့ပြန်မှုက ခန့်မှန်းလို့ရခဲ့သည်။

“လင်းရွှေယာက လွန်ခဲ့တဲ့ တစ်ချိန်က သူမ ညီမအကြောင်း အင်တာဗျူးတစ်ခု လုပ်ခဲ့တယ်။ လင်းယန်က သူမရဲ့ ဆိုးသွမ်းပြီး ကြောက်စရာကောင်းတဲ့ ညီမလေးလို့ ထင်ခဲ့တာ”

သူတို့က လင်းယန်ဘက်ကို လှည့်ကြည့်လိုက်ကြပြီး သူတို့၏ မျက်လုံးများက ဒေါသနှင့် တောက်လောင်နေသည်။

“လင်းယန် မင်း အရမ်းလွန်လွန်းတယ်။ မင်း ညီမရဲ့ ယောကျ်ားကို ဘယ်လိုလုပ် လိုချင်နိုင်ရတာလဲ”

“ဟုတ်တယ် ရွှေယာရဲ့ ကြင်နာမှုကြားကတောင် မင်း သူမကို အကြိမ်ကြိမ် ထိခိုက်ခဲ့တယ်။ မင်းလိုချင်တာ မရတော့ ကောလဟာလတွေ ဖန်တီးတယ်။ ဘုရားရေ ကမ္ဘာပေါ်မှာ ဒီလို ရက်စက်တဲ့ ညီမလေး ရှိနိုင်တာလား။ မင်းလို အမှိုက်တွေက ဖျော်ဖြေရေးလောကကို ညစ်ညမ်းစေတယ်”

“သူမက Angel’s Shelter ကို တည်ထောင်တယ်ဆိုပြီး Weibo မှာတောင် တင်ခဲ့သေးတယ်။ ရွှေယာရဲ့ ရည်းစားကို လုယူတာ ဘေးဖယ်ထား၊ သူမရဲ့ အလုပ်အတွက်ပါ အကြွေးယူဖို့ ကြိုးစားခဲ့တယ်။ ဘာလို့ ပစ္စည်းခိုးတာကို ဒီလောက်ကြိုက်နေရတာလဲ”

ထိုမကောင်းသည့်စကားများကြားထဲတွင် လင်းရွှေယာက လင်းယန်ဆီသို့ တိုးကပ်လာသည်။ သူမက လင်းယန်၏ နားနား ကပ်၍ တမင်တကာ တိုးတိုးလေး ပြောလိုက်သည်။

“လင်းယန် ငါတို့ ကလေးဘဝကတည်းက ငါက နင့်ထက် ပိုထူးချွန်ခဲ့တယ်။ အရာရာတိုင်းမှာ ပိုကောင်းခဲ့တယ်။ ဒါပေမယ့် နင် ကံကောင်းခဲ့တယ်ဆိုတာ ဒေါသထွက်စရာ အချက်ပဲ။ နင်က ကံကောင်းတာကိုပဲ အားကိုးပြီး အရာရာတိုင်းမှာ ငါ့ကို အနိုင်ယူတယ်။ အခုတော့ နင့်ရဲ့ တကယ့်အရောင်အဆင်းနဲ့ အရည်အချင်းကို လူတိုင်း မြင်အောင် ငါ လုပ်ပေးမယ်”

“ငါ့အတွက်တော့ နင်က ပုရွက်ဆိတ်တစ်ကောင်ထက်တောင် အကူအညီမဲ့တယ်။ ငါ့ရှေ့မှာ ဒူးထောက်ပြီး ဖိနပ်သန့်ရှင်းပေးဖို့တောင် နင်က မထိုက်တန်ဘူး။ နင် တစ်သက်လုံး ဒီနိမ့်ကျတဲ့ အနေအထားမှာပဲ နေသွားရလိမ့်မယ်… နားလည်လား”

လင်းရွှေယာ၏ စကားများကြောင့် လင်းယန်က သူမနှုတ်ခမ်းကို တွန့်ကွေးလိုက်သည်။ သူမ အသက်နှင့်လဲပြီး ကာကွယ်ပေးခဲ့သည့် ညီမလေး၌ ဤကဲ့သို့ ကိုယ်ကျိုးရှာပြီး ညစ်ညမ်းသည့် အတွေးများ ရှိနေလိမ့်မည်ဟု မည်သည့်အခါကမျှ မထင်ခဲ့ဖူးပေ။

(T/L လင်းယန်က အစ်မဖြစ်ပြီး လင်းရွှေယာကညီမနော်။ ကြာပန်းဖြူက အခြားသူတွေကိုလှည့်စားထားပြီး သူ့ကိုယ်သူအစ်မလုပ်နေတာ)

ဤတစ်ခါတွင်မူ သူမ ဒေါသမထွက်သလို စိတ်လည်း မလွတ်သွားခဲ့ပေ။ ထိုအစား ဖုန်မှုန့်များ နောက်ဆုံးတွင် ကျသွားသကဲ့သို့ စိတ်သက်သာရာရသွားခဲ့သည်။ နောက်ဆုံးတွင် သူမ ညီမအပေါ်ထားသည့် သည်းခံမှုနှင့် ချစ်ခြင်းမေတ္တာ၏ နောက်ဆုံးအပိုင်းလေးပါ လုံးဝ ပျောက်ကွယ်သွားခဲ့ခြင်းပင်။

လင်းရွှေယာက အေးစက်စက် လှောင်ပြောင်လိုက်သည်။

“ညီမလေး မရုန်းကန်ပါနဲ့တော့။ ဒီကမ္ဘာပေါ်မှာ ဘယ်သူမှ နင့်ကို ငါ့ထက် ပိုနားမလည်ဘူး။ နင့်ရဲ့ အားနည်းချက်တွေ အကုန်လုံးကို ငါသိတယ်။ ဒါကြောင့် အရာရာတိုင်းက ငါ့ထိန်းချုပ်မှုအောက်မှာပဲ။ နင်က… အသုံးမကျတဲ့ အမှိုက်ပုံကြီးပဲ…”

လင်းယန် ခေါင်းထောင်လိုက်ပြီး သူမ၏ မျက်လုံးများက လင်းရွှေယာ၏ မျက်နှာကို ဖိအားပေးနေသည့် ဟန်ပန်ဖြင့် ပျင်းရိစွာ ဖြတ်သန်းသွားသည်။

“လင်းရွှေယာ နင်က ငါ့ကို တကယ် နားလည်တယ်လို့ ထင်နေတာလား”

သူတို့ မိသားစုဘဝတုန်းကဆိုလျှင်မူ သူမက အရာအားလုံးကို သူမကို ထုတ်ဖော်ပြောပြမှာ သေချာသည်။

ယခု လင်ရွှေယားကတောင် ငါ့ကိုသူစိမ်းတစ်ယောက်လို သဘောထားပြီဆိုတော့ ဘာဖြစ်လို့ သူမကို ငါ့ထိခိုက်စေမည့် လက်နက်တွေ ပေးထားရမှာလဲ။

All Chapters