← Chapters

တိမ်လွှာဓါး

Vol. 2 Ch. 17

တိမ်လွှာဓါး

Vol. 2 Ch. 17

“နတ်ဘုရင်ထိုက် ပြောတာ သဘာဝကျပါတယ်” ချမ်ယွမ်ဂိုဏ်းချုပ်သည် ထိုက်ရွှမ်ဂိုဏ်းချုပ်ကို ကျေးဇူးတင်မိ၏။ အဘယ်ကြောင့်ဆိုသော် ထိုက်ရွမ်ဂိုဏ်းချုပ်သည် ထိုအကြောင်းကို သူတို့အားမပြောပဲ နေရာဆယ်ခုစာ လက်ဝါးကြီး အုပ်လိုက်

လျှင်လည်း သူတို့သိမည်မဟုတ်ပေ။ သို့သော် ထိုက်ရွှမ်ဂိုဏ်းချုပ်သည် သူတို့၏ ဂိုဏ်းများအတွက်လည်း အခွင့်ရေးပေးခဲ့၏။ သူတို့ဂိုဏ်း၏ လူငယ်များ ပါဝင်နိုင်ခြင်း၊ မပါဝင်နိုင်ခြင်း သည်တော့ ထိုလူငယ်များအပေါ်တွင်သာ မူတည်တော့သည်။

“ပြီးတော့ အဲ့ဒီလူငယ်ဆယ်ဦးက ဘယ်ဂိုဏ်း၊ ဘယ်အိမ်တော်ကဖြစ်ဖြစ် ကျုပ်တို့ ထိုက်ရွှမ်ဂိုဏ်းက အရင်းမြစ်တွေ ထောက်ပံ့ပေးမယ်”

ထိုက်ဟုန်ကျွင်းသည် အနိုင်ရရှိတဲ့ ထိပ်တန်း ဆယ်ဦးကို ကျင့်ကြံရေးအရင်းမြစ်များ ထောက်ပံ့မည်ဖြစ်သည်။ မည်မျှပင် ပါရမီရှိပါစေ ကျင့်ကြံရေး အရင်းမြစ်များ နည်းပါးလျှင် အချိန်တိုအတွင်း အောင်မြင်မှုရရှိရန် မလွယ်ကူပေ။ ထိုကြောင့် နည်းစနစ်ကောင်းများ အပြင် ကျင့်ကြံရေး အရင်းမြစ်များသည်လည်း ပါရမီရှင်တစ်ဦးအတွက် အဓိကထောက်တိုင် ဖြစ်လေသည်။

“ကျေးဇူးတင်ပါတယ် နတ်ဘုရင်ထိုက်” ဂိုဏ်းချုပ်နှစ်ဦးသည် အလွန်ပျော်ရွင်သွားခဲ့ကြသည်။ ထို့ကြောင့် လေးစားမှုပြလိုက်၏။ ထိုက်ရွှမ်ဂိုဏ်းချုပ်သည် သူတို့ထက် များစွာငယ်ရွယ်ပြီး သူတို့ထက် အင်အားကြီးသော်လည်း မျှတအောင် လုပ်ဆောင်ခဲ့သည်။ ထို့အပြင် သူတို့ဂိုဏ်း၏ လူငယ်များသာ ထိပ်တန်းဆယ်ဦးထဲ ဝင်နိုင်ခဲ့လျှင် ထိုက်ရွှမ်ဂိုဏ်း၏ အရင်းမြစ်များနှင့် ပျိုးထောင်ခြင်းခံရမည်ဖြစ်သည်။ သူတို့၏ ဂိုဏ်းနှစ်ခုပေါင်းလိုက်လျှင် တောင် ထိုက်ရွှမ်ဂိုဏ်း၏ ကြွယ်ဝမှုကို ယှဉ်နိုင်မည်မဟုတ်ပေ။ ထို့ကြောင့် လင်းယွမ်နယ်မြေ၏ ထိပ်ဆုံးဂိုဏ်းဖြစ်နေရခြင်းမှာ သံသရဝင်စရာမရှိပေ။ ထို့အပြင် ထိုက်ရွှမ်ဂိုဏ်းသည် အင်ပါယာတစ်ပါး ပိုင်ဆိုင်ထားသည့် ဂိုဏ်းလည်းဖြစ်၏။

“ကျုပ်တို့ နောက်နှစ်ဝက်နေရင် ကျုပ်တို့ဆီက လူငယ်တွေခေါ်ပြီး ထိုက်ရွှမ်ဂိုဏ်းကိုလာခဲ့ပါ့မယ်...အခုသွားခွင့်ပြုပါဦး” ဂိုဏ်းချုပ်နှစ်ဦးသည် နှုတ်ဆက်လိုက်၏။ သူတို့သည် ဤနှစ်ဝက်အတွင်း အလုပ်များတော့မည်ဖြစ်သည်။ ထို့နောက် သူတို့ နှစ်ဦး၏ မျက်နှာထက်တွင် အပြုံပန်းများဝေစာကာ ထွက်ခွာသွားကြလေသည်။

ဂိုဏ်းချုပ်နှစ်ဦး ထွက်ခွာပြီးနောက် ထိုက်ဟုန်ကျွင်းသည် အတွေးနက်သွား၏။ လွန်ခဲ့သည့် ဆယ်ငါးနှစ်က အဖြစ်ပျက်၊ နတ်အင်ပါတစ်ပါးကြွေလွင့်ခြင်း၊ အင်းအားကြီးမားလှသည့် နယ်မြေကျူးကျော်သူ၊ ထိုအရာများတွေးမိပြီးနောက် လေးကန်စွာ သက်ပျင်းချလိုက်၏။

“အစစ်မှန် အစွမ်းထက် လူငယ်တွေ ရှိစေဖို့ မျှော်လင့်ရမှာပဲ...”

ထို့နောက် သူသည် အဆုံးမဲ့တောင်တန်းမှ ထွက်ခွါသွားတော့သည်။

…

ထိုက်ရွှမ်မြို့ လုချောင်းယန် ငှားထားသည့်အိမ်တော်

လုချောင်းယန် ငှားထားသည် အိမ်တော်သည် အလွန်ကြီးကျယ်ခမ်းနားခြင်းမရှိသော်လည်း သပ်ရပ်လှပသော အိမ်တော်တစ်ခုဖြစ်၏။ ၎င်းသည် ရွှေအိုရောင် တောက်ပနေသည့် အမိုးစွန်းများ၊ နူးညံ့သိမ်မွေ့စွာ ထွင်းထုထားသည့် သစ်သားတိုင်များနှင့် ကျောက်သားနံရံများဖြင့် ပေါင်းစပ်တည်ဆောက်ထားသည်။ အိမ်တော်ပတ်လည်တွင် စိမ်းလန်းစိုပြည်သော သစ်ပင်ငယ်များစွာလည်းရှိနေ၏။

ထို့အပြင် ဥယျာဉ်ငယ်လေးတစ်ခုရှိပြီး ထိုဥယျာဉ်ငယ်သည် ကျောက်စရစ်များ ခင်းကျင်းထားသည် လမ်းငယ်လေးတစ်ခုနှင့် ထိုလမ်းဘေးဝဲယာတွင် သစ်ခွနွယ်ပင်များက သဘာဝအတိုင်း ပေါက်ရောက်နေကြသည်။ ထိုဥယျာဉ်၏ အလယ်တွင် ကြည်လင်သော ရေကန်ငယ်လေးတစ်ခုရှိသေးသည်။ ထိုရေကန်ထိပ်ဖျားတွင် နားနေဆောင်လေးတစ်ခုလည်းရှိသေး၏။

အိမ်တော်၏ အတွင်းပိုင်းသည်လည်း အပြင်ပန်းကဲ့သို့ပင် သပ်ရပ်လှပသည့် နှစ်ထပ်အိမ်တော်လေးဖြစ်သည်။ ထို့အပြင် အပေါ်အောက် ငါးခန်းစီပါဝင်၏။

“ဝါး... တော်တော်လှပတာပဲ” ပိုင်ကျန့်ယွီသည် အံ့ဩနှစ်သက်မှုများနှင့် ပြည့်နက်နေ၏။ သူသည် ချို့တဲ့စွာ နေခဲ့ရခြင်းကြောင့် ဤအရာများသည်တော့ သူ့အတွက် အထူးဆန်းပင်ဖြစ်တော့၏။

လုရှင်းယန် အတွက်သည်တော့ ထူးဆန်းသည့်အရာမဟုတ်ချေ။ သူ၏ မြို့သခင်အိမ်တော်သည် ဤထက်ပင် ကြီးကျယ်ခမ်းနားသေး၏။

လျှိုမင်ယန် သည်လည်း အထူးဆန်းကြီး မဖြစ်မိပေ။ သူသည် ဗဟိုကုန်းမြေမှ လင်းအိမ်တော်၏ အစေခံဖြစ်ခဲ့သောကြောင့် ဤအိမ်တော်မျိုးထက် ခမ်းနားသည်များကို တွေ့ဖူးပေသည်။

ယွဲ့ဝူယောင်သည် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။

“မြို့သခင် ဒီလိုအိမ်မျိုးငှားခဲ့တာ ဘယ်လောက်ကုန်ကျလဲ”

“မိန်းကလေးယွဲ့ အရမ်းကြီးတော့ မကုန်ကျပါဘူး၊ တပည့်ရွေးချယ်ပွဲက ဆယ်ရက်လောက်လိုသေးတယ်လေ၊ အဲ့ဒါကြောင့် တစ်လစာငှားလိုက်တာ၊ တစ်လစာကို အလယ်လတ် သလင်းကျောက် တစ်ရာလောက်ပဲ”

ယွဲ့ဝူယောင် “...”

‘အဲ့ဒါက သိပ်မကုန်ကျတာလား၊ တစ်လကို အဆင့်နိမ့်သလင်းကျောက် တစ်သောင်းပေးနေရတာလေ’

တကယ်တမ်းတွင် ဤငှားခသည် သက်သာသေးသည်ဟု ပြောရမည်။ ထိုက်ရွှမ်မြို့ထဲတွင် ဒီထက် ခမ်းနားပြီး ဈေးကြီးပေးရသည့် အိမ်တော်များလည်းရှိ၏။ မြို့တော်သခင်တစ်ယောက်အနေဖြင့် ဤမျှလောက်ကုန်ကျငွေသည် မမှုသေးချေ။

“ရောက်လာကြပြီလား” မုန့်ချန်အာသည် အိမ်တော်အတွင်းတွင် လိုအပ်သည်များကို နေရာချထားပေးနေ၏။

“ဒီနေ့တော့ အနားယူကြတော့...” ဟွမ်းသည် သူ၏တပည့်များကို အနားယူစေခဲ့ပြီးနောက် သူသည် ဥယျာဉ်ထဲရှိ နားနေဆောင်ဘက်သို့ ထွက်လာခဲ့သည်။ ထို့နားနေဆောင်တွင် သူသည် တိတ်ဆိတ်စွာ ထိုင်လိုက်ပြီးနောက် အတွေးထဲ နစ်မြောသွားဟန်ရ၏။

‘အစ်ကိုကြီး...ယောင်အာကို ဒီကုန်းမြေကြီးထဲမှာပဲ ထားသင့်လား၊ ဒါပေမဲ့ အဲ့ဒီလူတွေက ဒီကိုနေရာကို တစ်ကြိမ်တွေ့ဖူးသွားပြီ၊ နောက်ထပ်တစ်ကြိမ် ထပ်တွေ့ဖို့ဆိုတာလဲ မကြာလောက်တော့ဘူး...’

ဟွမ်းသည် ခရမ်းရောင်ကျောက်စိမ်းပြားလေးကိုကြည့်လိုက်သည်။

…

အိမ်တော်၏ ဧည်းခန်းထဲတွင်

“စတုထ္ထညီလေး မင်းအကြောင်းပြောပြ” လုရှင်းယန်သည် လျှိုမင်ယွမ်၏ အကြောင်းကို စပ်စုလိုက်၏။

“သိပ်တော့စိတ်ဝင်စားစရာမကောင်းပါဘူး...”

လျှိုမင်ယန်သည် သူ၏ ဘဝ ဖြစ်ကြောင်းကုန်စင်ကို ပြောပြလိုက်၏။

“တောက်...စတုတ္ထညီလေး အဲ့ကောင်နဲ့ တွေ့ရင် ငါရဲ့ ဓားနဲ့ ပိုင်းပစ်မယ်” ပိုင်ကျန့်ယွီသည် လျှိုမင်ယန်အစား အန်ကြိတ်လိုက်မိ၏။

“ဒါနဲ့ မင်းရဲ့ သခင်မလေးလင်းက အတော်လှလား၊ မင်းဘယ်တုန်းက စကြိုက်သွားတာလဲ” လုရှင်းယန်သည် စိတ်ဝင်စားဟန်နှင့်မေးလိုက်၏။

“ဒုတိယအစ်ကို ကျုပ်က သခင်မလေးလင်းကို ကြိုက်တယ်လို့ မပြောမိပါဘူး” လျှိုမင်ယွမ်သည် မျက်လုံးအပြူးသားနှင့်ဖြေလိုက်သည်။

“မင်းက သခင်မလေးလင်းကို ကြိုက်နေလို့ လင်းဟွေ့က နှိပ်စက်ခဲ့တာဆို” လုရှင်းယန်သည် ချက်ကျလက်ကျ ပြောလိုက်၏။

“အဲ့ဒါအထင်လွဲတာပါ၊ ကျုပ်ဖြင့် သူမနဲ့ တစ်ခါပဲ ဆုံဖူးတာ၊ အဲ့ဒါတောင်သူမက ခိုင်းစရာရှိလို့ ကျုပ်ကသွားလိုက်ရတာလေ၊ ဘယ်လိုဖြစ်ပြီးကြိုက်သွားမှာလဲ” လျှိုမင်ယွမ်သည် အတင်းကန်ငြင်းလိုက်၏။

တကယ်တော့ လင်းဟွေ့သည် အထင်လွဲခဲ့ခြင်းဖြစ်သည်။ သို့ပေမဲ့ လျှိုမင်ယွမ်၏ စိတ်ထဲတွင် သခင်မလေးလင်းက နေရာယူထား မယူထားဆိုတာတော့ သူကိုယ်တိုင်တောင် မသိသေးချေ။

“အနားယူကြတော့...” ယွဲ့ဝူယောင်သည် သူတို့၏ စကားဝိုင်းကို သိမ်းခိုင်းလိုက်တော့၏။ ထို့နောက် သူမသည် အောက်ထပ်တွင်ရှိသော ထောင်စွန်းအခန်းတစ်ခုကို ရွေးသွားခဲ့၏။

“ဟုတ်ကဲ့...” သူတို့၏ စကားဝိုင်းကို ချက်ချင်းရပ်နားခဲ့ကြပြီး အနားယူရန်အပေါ်ထပ်သို့ တက်သွားကြ၏။ သူတို့၏ အစ်မကြီးကို ချစ်ကြောက် ရိုသေ ရပေသည်။

….

နောက်နေ့ နံနက်တွင်...

“ဆရာ” တပည့်လေးဦးသည် ဟွမ်းရှိရာ နားနေဆောင်လေးဆီသို့ရောက်လာခဲ့ကြသည်။ ဟွမ်းသည် တစ်ညလုံး ဤနေရာတွင်သာ နေခဲ့၏။ သူအတွက် အိပ်စက်အနားယူရန်မလိုအပ်ပေ။

“ယောင်အာ မင်းအဆင့်တက်တော့မှာပဲ” သူသည် ယွဲ့ဝူယောင်ကို ကြည့်ကာ ပြောလိုက်၏။

“အစ်မကြီးက သူတော်စင် အဆင့်ရောက်တော့မှာပေါ့” လုရှင်းယန်နှင့် ပိုင်ကျန့်ယွီ နှစ်ဦးသား မျက်လုံးအစုံ သည် ပြူးကျယ်သွားပြီး ပါးစပ်ပါ အဟောင်းစားဖြစ်သွားခဲ့ကြ၏။

“အစ်ကိုကြီးတို့ အစ်မကြီး အဆင့်တက်တာက ဆန်းလို့လား” လျှိုမင်ယန်သည် ဘာမျှမသိသည့်ပုံစံဖြင့်ပြောလိုက်၏။ သူ့အတွက်တော့ အစ်မကြီးက စံပြပုဂ္ဂိုလ် တစ်ယောက် ဖြစ်လာခဲ့၏။

“ဆန်းတာပေါ့ကွ၊ အခြေတည်ဝိညာဉ် အဆင့်ရောက်ထားတာတောင် တစ်ပတ်မပြည့်သေးဘူး၊ အထွတ်ထိပ်အဆင့်ပါရောက်နေပြီလေ၊ အခု အဆင့်ထပ်တက်ရင် သူတော်စင်အဆင့်ဖြစ်ပြီကွ” လုရှင်းယန်သည် ထိုအကောင်လေးအား ရင်နာစွာဖြင့်ရှင်းပြလိုက်၏။ သို့သော်လည်း သူ၏လေသံတွင် ဂုဏ်ယူမှုများပါဝင်နေ၏။

“ဆရာ အဆင့်တွေတော့ မြင့်တက်လာပေမဲ့ အခုထိ ခရမ်းလဝိညာဉ်အဆင့်ကို မအောင်မြင်နိုင်သေးဘူးဖြစ်နေတယ်” ယွဲ့ဝူယောင်သည် အားမရသည့်လေသံဖြင့်ပြောလိုက်၏။

လုရှင်းယန် “...”

ပိုင်ကျန့်ယွီ “...”

လျှိုမင်ယွမ် “...”

‘အစ်မကြီးက အင်ပါယာအဆင့်ရောက်သွားရင်တောင် ကျေနပ်ပါ့မလား’

“ဒါကို လောစရာမလိုဘူး၊ အဆင့်တက်လာတယ်ဆိုကတည်းက မင်းနားလည်မှုပိုများလာပြီဆိုတဲ့သဘောပဲလေ” ဟွမ်းသည် တည်ငြိမ်စွာ ထပ်ပြောလိုက်၏။

“အနည်းငယ်နားလည်တိုင်း အဆင့်တက်သွားတယ်၊ အဲ့ဒါဆို ပထမအဆင့် အကုန်နားလည်သွားရင် ဘယ်အဆင့်ထိရောက်သွားမှာလဲ” ယွဲ့ဝူယောင်သည် သိချင်စိတ်များ ပြင်းပြနေ၏။

“ကြိုပြောလိုက်ရင် ဘယ်စိတ်ဝင်စားစရာကောင်းတော့မလဲ၊ မင်းကိုယ်တိုင်နားလည်ပြီး သိရှိလာမှ ပိုပြီး ပိတိဖြစ်ရမယ်မဟုတ်လား” ဟွမ်းသည် မပြောပြပေ။

“ဟုတ်ကဲ့ပါ...” ယွဲ့ဝူယောင်သည် ချက်ချင်းပင် အဆင့်တက်ချင်စိတ်ပေါက်လာ၏။

“ရှင်းယန် မင်းရော ရွှေအမြူတေ အထွတ်ထိပ်ရောက်နေပြီပဲ၊ မဆိုးဘူး၊ ဟိုကြောင်ပေါက်စနဲ့ စွမ်းအင်မျှပြီးကျင့်ကြံ၊ ဒါက မင်းအတွက်ပိုပြီး ထိရောက်တယ်” ဟွမ်းသည် လုရှင်းယန်ကို ကြည့်ပြီး ညွှန်ကြားလိုက်၏။

“ဟုတ်ကဲ့ပါ..ဆရာ.. ဒီကောင်က နည်းနည်း အပျင်းကြီးတယ်” လုရှင်းယန်သည် သူ၏ ပခုံးပေါ်ထိုင်နေသည့် ကောင်းကင်ကျားကို ကြည့်ရင်းပြောလိုက်၏။ သူ၏ အဆင့်အား မကျေနပ်နိုင်ဖြစ်နေ၏။ သို့သော် သူ၏ ငရဲကိုးဘုံမီးတောက်ငယ်လေးသည် တဖြေးဖြေးအားကောင်းလာနေသည်။

“ဒုတိယအစ်ကို အဲ့ကောင်ကို ကင်စားကြမလား” ပိုင်ကျန့်ယွီသည် ဇွဲမလျော့သေးပေ။

လုရှင်းယန် “...”

ချီဟူ “...”

‘မင်းနဲ့ငါက ဘယ်တုန်းကရန်ငြိုးများရှိခဲ့လို့လဲ၊ မင်းအပေါ် အကြွေးများတင်ထားမိလို့လား၊ ငါကသူတော်စင်အဆင့်သားရဲကွ’

ကောင်ကင်ကျား၏ မျက်လုံးများ နီရဲလာ၏။ သူသည် ဟွမ်းကိုသာ မကြောက်ရရင် ဤရွှေအမြူတေ ကျင့်ကြံသူကို ပြားနေအောင် တက်နင်းပစ်မိလောက်မည်။

“ကျန်ယွီ... မနေ့က ဓားတစ်ချောင်းဝယ်လာတယ်ဆို” ပိုင်ကျန့်ယွီကို ကြည့်၍ မေးလိုက်၏။

“ဟုတ်တယ်..ဆရာ..အစ်မကြီးနဲ့ ဒုတိယအစ်ကိုတို့က ဝယ်ပေးတာ” သူသည် ထိုဓားကို နှုးညံ့စွာ ထုတ်လိုက်၏။ ထို့နောက် ဟွမ်းကို ပြလိုက်သည်။

“ဓားကောင်းပဲ၊ နည်းနည်းတော့ အက်နေတယ်..ပြသနာ မရှိဘူး” ထို့နောက် ဟွမ်းသည် သူ၏ စွမ်းအင်များကို ဓားအတွင်းသို့ စီးဆင်းစေလိုက်၏။ မိနစ်အနည်းငယ် ကြာပြီးနောက် ထိုဓား အပြာရောင် အလင်းမှုန်လေးများပေါ်လာခဲ့၏။

တပည့်လေးဦးသည် အံ့ဩစွာကြည့်နေကြသည်။

ထို့နောက် ထိုဓားအတွင်းမှ လက်သီးစုပ်လောက်သာရှိသည့် ကလေးငယ်လေးတစ်ဦးပေါ်လာခဲ့သည်။ ထိုကလေးငယ်လေးသည် ဓား၏ဝိညာဉ်ဖြစ်သည်။

“ဟင် ဒါဘယ်နေရာလဲ” ဓားဝိညာဉ်သည် မျက်လုံးလေး ပေကလပ် ပေကလပ်လုပ်ပြီး မေးလိုက်၏။

“ခင်ဗျားက ကျုပ်ကို နှိုးပေးခဲ့တာလား၊ ခင်ဗျား အတော်ကို စွမ်းအားကြီးတာပဲ” ဟွမ်းကိုကြည့်၍ မေးလိုက်၏။

ယွဲ့ဝူယောင်တို့သည် အံ့ဩသွား၏။ တစ်လျောက်လုံး တွေ့ခဲ့သမျှ ပုဂ္ဂိုလ်တိုင်းက သူတို့ဆရာ၏ စွမ်းအားကို မမြင်နိုင်ခဲ့ကြပေ။ သို့သော်ထိုဓားက စွမ်းအားကြီးကြောင်း ချက်ချင်းပြောနိုင်လေသည်။

“ဒီဓား အကြောင်းပြော” ဟွမ်းသည် သူမေးချင်သည့်မေးခွန်းသာမေးလိုက်၏။

“ဒီဓားကို တိမ်လွှာဓားလို့ ခေါ်တယ်၊ ကျုပ်က ဒီဓားရဲ့ ဓားဝိညာဉ် ရှောင်ယွင် ပဲ”

All Chapters