← Chapters

ချုးယွီဟွာ

Vol. 2 Ch. 20

ချုးယွီဟွာ

Vol. 2 Ch. 20

တစ်ဖက်တွင် ဟွမ်းသည် ထိုက်ရွှမ်မြို့တွင်းသို့ လည်ပတ်ကြည့်ရှုနေသည်။ တကယ်တမ်းတွင်တော့ သူသည် အလုပ်ရှာနေခြင်းဖြစ်၏။ ယွဲ့ဝူယောင်၏ စကားကြားပြီးနောက် သူသည် အတော်လေးစိတ်မကောင်းဖြစ်သွားခဲ့ရသည်။ ထို့ကြောင့် သူတပည့်များ မျက်နှာမငယ်စေရန် ငွေရှာဖို့ ဆုံးဖြတ်လိုက်သည်။ သို့မှသာ ဆရာကောင်းဖြစ်လာမည်ဟုတွေးထား၏။

ထို့နောက် သူသည် ထိုက်ရွှမ်မြို့တော်၏ တာဝန်ခန်းမ ရှေ့သို့ရောက်ရှိလာခဲ့သည်။

“ကောင်လေးလာ အလျှင်လိုနေတယ်၊ ငါ့နောက်လိုက်ခဲ့” ဟွမ်းသည် တာဝန်ခန်းမ အတွင်းသို့ဝင်ရောက်ရန် ပြင်နေချိန်တွင် အသက် ငါးဆယ်ခန့်အရွယ် လူကြီးတစ်ဦးသည် ရောက်ရှိလာခဲ့သည်။ ထို့နောက် ချက်ချင်းပင် ဟွမ်း၏လက်ကို ဆွဲ၍ ခေါ်သွားတော့သည်။ ဟွမ်းသည် ထိုလူဆွဲရာနောက်သို့ပါသွားခဲ့၏။

ငါးမိနစ်ခန့်သွားပြီးနောက် အိမ်တော်တစ်ခုရှေ့သို့ ရောက်ရှိလာသည်။ ထိုအိမ်တော်သည် ချီယင်းအိမ်တော်ဖြစ်ပြီး ထိုက်ရွှမ်မြို့ရှိ ကုန်သည်အိမ်တော်လည်းဖြစ်သည်။ ချီယင်းအိမ်တော်သည် ကုန်စည်ပစ္စည်း အမျိုးစားများစွာကို အရောင်းအဝယ် ပြုလုပ်သည့် ကုန်သည်အိမ်တော်ဖြစ်သည်။

“သခင်မလေး...အလုပ်သမားတစ်ဦးတော့ ထပ်ခေါ်လာခဲ့ပြီ၊ ဒီလောက်ဆို သွားလို့ရလောက်ပြီ” ထိုလူသည် အိမ်တော်ရှေ့ တွင်ရပ်နေသောအမျိုးသမီးတစ်ဦးကိုပြောလိုက်၏။ ထိုအမျိုးသမီးသည် ချီယင်းအိမ်တော်၏ သခင်မလေးချုးယွီဟွာ ဖြစ်သည်။ သူမသည် အသက်နှစ်ဆယ်ကျော်အရွယ်ဟု ထင်ရလောက်အောင် လှပနေ၏။ သူမ၏အလှသည် ရင့်ကျက်တည်ငြိမ်သည့် အလှမျိုးဖြစ်သည်။ အစိမ်းနုရောင်ပိုးသားဝတ်စုံကို ဝတ်ဆင်ထားပြီး သူမ၏ ခါးတွင်ချီယင်းအိမ်တော်ဟု ရေးထိုးထားသည် ကျောက်စိမ်းပြားလေးကို ချိတ်ဆွဲထားသည်။

“ဦးလေးမု အလုပ်သမားတွေက ရောက်လာပြီ၊ ထားပါ ခေါ်လာပြီးမှတော့ ပြန်လွှတ်ဖို့က မသင်လျော်ဘူး၊ ပြင်လိုက်တော့...ခနနေထွက်ကြမယ်” သူမသည် အမိန့်ပေးလိုက်၏။

ထို့နောက် ဦလေးမုသည် အထုပ်ပိုးများ အပြည့်တင်ဆောင်ထားသည့် မြင်းလှည်း ငါးစီးရှိရာသို့ ခေါ်လာခဲ့သည်။ နောက်ရှိမြင်းလှည်းလေးစီပေါ်တွင် မြင်းထိန်းရာနေရာ၌ လူတစ်ဦးစီရှိနေပြီဖြစ်သည်။ သို့သော် ထိပ်ဆုံးကမြင်းလှည်းသည် အထုတ်ပိုးများမပါပေ။ ထို့ပြင် နောက်က လှည်းများနှင့်ယှဉ်လျှင် ထည်ဝါလှသည်။

ထို့နောက် ချုးယွီဟွာသည် ရောက်ရှိလာပြီး ထိုမြင်းလှည်းအတွင်း ဝင်ထိုင်လိုက်၏။ ထို့နောက် ဦးလေးမုသည် ဟွမ်းကို သူ၏ဘေးနားရှိနေရာတွင် ထိုင်ရန်ပြောလိုက်၏။ ထို့နောက် ဦးလေးမုသည် မြင်းလှည်းကို မောင်းကာစတင်ထွက်ခွာလိုက်သည်။

“အလျင်လိုနေတာနဲ့ ဒီက ရောင်းရင်းလေးကို မိတ်မဆက်ရသေးဘူး၊ ကျုပ်နာမည်မုလင်းပါ၊ ချီးယင်းအိမ်တော်ရဲ့ အလုပ်သမားခေါင်းဆောင်ပဲ” မုလင်းသည် မြင်းလှည်းမောင်းရင်း မိတ်ဆက်လိုက်သည်။

“ကျုပ်က ဘာလုပ်ပေးဖို့လိုအပ်တာလဲ” ဟွမ်းသည် ခုထိ နားမလည်သေးပေ။ မုလင်းသည်လည်းသေချာရှင်းမပြရသေးချင်းကြောင့်ဖြစ်သည်။ သူ့တွင် ငွေရှာရမည့် ရည်ရွှယ်ချက်သာ မရှိလျင် ထိုလူကို ဖူးယောင်နေအောင် ရိုက်မိမှာကျိန်းသေပင်။

“ဒီရက်ပိုင်း ကျုပ်တို့ ချီယင်းအိမ်တော်က ကုန်ပစ္စည်းတွေ ပို့ရတာများနေတယ်လေ၊ အခုလဲ ကျောက်စိမ်းမြို့က ကုန်ပစ္စည်းတွေ အရေးပေါ်လိုလို့ သွားပို့ပေးရမှာလေ၊ လူအင်အားက မလုံမလောက်ဖြစ်နေလို့၊ ပြီးတော့ ရောင်းရင်းလေးက တာဝန်ခန်းမရှေ့မှာ ရပ်နေတာနဲ့ အလုပ်ရှာနေတယ်ထင်ပြီး ကျုပ်က ချက်ချင်းဆွဲခေါ်လာခဲ့တာ” မုလင်းသည် ရယ်မောရင်းပြောလိုက်၏။ ကျောက်စိမ်းမြို့သည် ထိုက်ရွှမ်မြို့နှင့် သိပ်မဝေးလှချေ၊ နေ့ဝက်လောက်တင်သာသွားရသည့်ခရီးဖြစ်၏။

“ဒါဆို ကျုပ်က လုပ်အားခ ဘယ်လောက်ရမှာလဲ” ဟွမ်းသည် အဓိက အချက်ကိုသာ မေးလိုက်၏။ မြင်းလှည်းအတွင်း ထိုင်နေသည့် ချုးယွီဟွာသည် တိတ်တဆိတ် သာထိုင်နေသည်။

“အလယ်လတ် သလင်းကျောက် ငါးရာ ပေးမှာပါ” မုလင်းသည် ဖြေလိုက်၏။ ဤသည်မှာ သင့်တင့်သည့် လုပ်အားခ ဖြစ်ပေသည်။

“ကောင်းပြီ” ဟွမ်းသည် မည်သည်မှ ထပ်မမေးတော့ချေ။

နေ့ဝက်ခန့် ခရီးနှင်ပြီးနောက် ကျောက်စိမ်းမြို့ရှိ ကုန်ပစ္စည်းများ ပို့ရမည့် ရွီးအိမ်တော်ကိုရောက်ရှိခဲ့၏။ ထိုအိမ်တော်၏ ခြံဝန်းထဲတွင် မြင်းလှည်းများကို ရပ်လိုက်လေသည်။ ချုးယွီဟွာသည် လှည်းအတွင်းမှ ထွက်လာပြီးနောက် မျက်မှောင်ကျုံ့သွားခဲ့၏။

မည်သူမျှ မရှိသလို တိတ်ဆိတ်နေ၏။ ရွီးအိမ်တော်ရှေ့တွင်လဲ အစောင့်များ ရှိမနေခဲ့ချေ။

“သခင်မလေး တစ်ခုခုတော့ ထူးဆန်းတယ်၊ အိမ်တော်တံခါးဖွင့်ထားပြီး အစေခံတွေရော အစောင့်တွေရော တစ်ယောက်မှ မရှိဘူး၊ ကျုပ်ဝင်ကြည့်လိုက်ဦးမယ်” မုလင်းသည် ထိုသို့ပြောပြီး ရွီးအိမ်တော်အတွင်းဝင်သွားလိုက်၏။

ထိုအချိန်တွင် ဓားတစ်ချောင်းသည် ရုတ်တရက်ပေါ်လာပြီး မုလင်း ဆီသို့ ပျံသန်းလာသည်။ မုလင်းသည် ချက်ချင်းပင် သူ၏ ဓားထုတ်ပြီး ထိုဓားကို တားဆီးလိုက်သည်။ ထိုဓားသည် ပစ်လွှတ်လိုက်သည့် လူဆီသို့ ပြန်ရောက်သွားလေသည်။ ထိုသူသည် ဓားကို ဖမ်းလိုက်ပြီးနောက် အိမ်တော်အတွင်းမှ တစ်လမ်းချင်းလျှောက်လာခဲ့သည်။ ထိုလူ့ကို မြင်သည့် အခါ မုလင်းသည် မျက်နှာပျက်သွားပြီးရေရွတ်လိုက်၏။

“ဟေးကျန့်...မင်း မသေသေးဘူးပေါ့”

ချုးယွီဟွာသည် တုန်လှုပ်သွားသည်။

‘ဟေးကျန့်၊ ဒီကိုဘယ်လိုလုပ်ရောက်နေတာလဲ’

“ကံဆိုးစွာနဲ့ ငါ့အသက်ရှင်နေသေးတာပဲ၊ မိတ်ဆွေဟောင်းတစ်ယောက် အသက်ရှင်နေသေးတဲ့အတွက် သခင်မလေးချုး ရော ဝမ်းမသာဘူးလား” ဟေးကျန့်သည် လမ်းလျှောက်လာရင်းပြုံးကာ ပြောလိုက်သည်။ သို့သော် သူ၏ အပြုံးသည် အလွန်ကြောက်စရာကောင်းပေ၏။ သူ၏ပါး တစ်ခြမ်းတွင်လည်း အမာရွတ်အကြီးကြီး ရှိနေခဲ့သည်။

မုလင်းသည်ချက်ချင်းပင် ချီုးယွီဟွာရှေ့မှ ရပ်ပြီး တိုက်ခိုက်ရန်အသင့်ပြင်ထားသည့် အနေထားဖြင့် ရပ်လိုက်၏။

“မင်း ရွီးအိမ်တော်ကလူတွေကို ဘာလုပ်လိုက်တာလဲ၊ ဒီမြို့က ထိုက်ရွမ်ဂိုဏ်းရဲ့ ပိုင်နက်ထဲမှာဆိုတာ မင်းသိရဲ့လား...အခုချက်ချင်းထွက်သွားစမ်း” မုလင်းသည် သတိထားပြီးပြောလိုက်၏။ မိစ္ဆာကျင့်ကြံသူတစ်ယောက်သည် အတော်လေးယုတ်မာပြီး ရက်စက်တက်ပေသည်။ ချုးယွီဟွာလည်း ထိတ်လန့်နေ၏။

“ဒီနေ့ သခင်မလေးချုး ကိုကျေးဇူးလာဆပ်တာပါ” ဟေးကျန့်သည် သူတို့နှစ်ဦး၏ ရှေ့တွင်ရပ်လိုက်၏။ ထို့နောက် သူ၏ အရှိန်ဝါကိုထုတ်ဖော်လိုက်သည်။

ထို့နောက် မြင်းလှည်းပေါ်ရှိ အစေခံ များသည် ချုးယွီဟွာအနားသို့ရောက်ရှိလာပြီးကာကွယ်ထားကြသည်။ သို့သော် သူတို့၏ ကျင့်ကြံဆင့်သည် အဆင့်မြင့်ဆုံးမှ အခြေခံအုတ်မြစ်တွင်သာရှိလေသည်။ အလုပ်သမားလေးဟွမ်းသည်တော့ ထိုင်ရာမှပင် ထမလာချေ။ သူ့နှင့် မည်သို့မျှမသက်ဆိုင်သည့်အလား မြင်းလှည်းပေါ်တွင် ထိုင်နေခဲ့သည်။

“အခြေတည်ဝိညာဉ်အထွတ်ထိပ်အဆင့်လား” မုလင်းသည် အံ့ဩစွာရေရွတ်လိုက်၏။ သူနှင့် ချုးယွီဟွာတို့သည် အခြေတည်ဝိညာဉ်အလယ်လတ်အဆင့်တွင်သာရှိကြ၏။ ထို့အပြင် ချုးယွီဟွာသည် အတော်လေးအားနည်းပေသည်။

“ရှင် ဘာကိုလိုချင်တာလဲ” ချုးယွီဟွာသည် မေးလိုက်သည်။

“မင်းရဲ့အသက်...” ထိုအချိန်တွင် အစေခံများသည် ဟေးကျန့်ဆီပြေး၍ တိုက်ခိုက်လိုက်ကြသည်။ သို့သော်အင်အားသည် မမျှတပေ ဟေးကျန့်၏ ဓားချက်ဖြင့်သေဆုံးကုန်ကြသည်။

ချုးယွီဟွာ၏ ရင်ထဲ တင်းကြပ်သွား၏။ ထို့အချိန်တွင် ဟေးကျန့်သည် ချုးယွီဟွာကို စတင်တိုက်ခိုက်လိုက်သည်။ သူ၏ ဓားနှင့် ချုးယွီဟွာကို ထိုးလိုက်၏။ မုလင်းသည် လျင်မြန်စွာ တားစီးလိုက်သည်။ သို့သော်လည်း ဟေးကျန့်၏ တိုက်ခိုက်မှုသည် ပြင်းထန်သောကြောင့် မုလင်းသည် နောက်သို့ခြေသုံးလှမ်းခန့်ဆုတ်သွားရလေသည်။

“နည်းနည်းတော့ အလုပ်ရှုပ်တာပဲ...ခင်ဗျားကိုအရင်ရှင်းမယ်” ဟေးကျန့်သည်ရေရွတ်လိုက်၏။ သို့ပေမဲ့ သူ၏အပြုံးသည် မပျောက်ကွယ်သွားပေ။

“ဒီကောင်အတော်အားကောင်းလာတယ်” မုလင်း၏ ဓားကိုင်ထားသည့်လက်သည် တုန်ခါနေ၏။

ထို့နောက် မုလင်းသည် သူအရင် စတင်တိုက်ခိုက်လိုက်သည်။ သူ၏ ဓားနှင့် ဟေးကျန့်၏ လည်တိုင်သို့ ခုတ်ရန်ကြံရွယ်လိုက်သည်။ ထို့နောက် လေပေါ် ခုန်တက်၍ အားကုန်သုံးကာ ခုတ်ချလိုက်သည်။

ဟေးကျန့်သည် ချက်ချင်းပင် သူ၏ ဓားဖြင့် ခုခံလိုက်သည်။

“ချွမ်...” ဓားနှစ်ချောင်းကန့်လန့်ဖြတ် အနေထားဖြင့် တွေ့ဆုံသွားသည်။

ထိုအချိန်တွင် ချုးယွီဟွာ၏ လက်ထဲတွင် ဓားတစ်ချောင်းပေါ်လာခဲ့သည်။ ထို့နောက် မုလင်း၏ ဓားကို ခုခံထားသည် ဟေးကျန့် အနီးသို့ရောက်လာခဲ့သည်။ သူမသည် ချက်ချင်းပင် ဟေးကျန့်၏ ရင်ဘက်သို့ချိန်ရွယ်ပြီးထိုးလိုက်လေသည်။

ဟေးကျန့်သည် ချုးယွီဟွာချည်းကပ်လာသည်ကို သတိထားမိပြီးနောက် မုလင်း၏ ဓားကို တွန်းထုတ်လိုက်သည်။ ပြီးနောက် ချုးယွီဟွာ ၏ ဓားကို ရှောင်တိမ်းရန် ခန္ဓာကိုယ်ကို လှည့်လိုက်ပြီး နောက်သို့ဆုတ်လိုက်လေသည်။

သို့သော် ချုးယွီဟွာသည် နောက်ဆုတ်သွားသည့် ဟေးကျန့်ကို သူမ၏ ဓားနှင့် အဆက်မပြတ် တိုက်ခိုက်လိုက်သည်။

“ချွမ်...ချွမ်...ချွမ်..”

ဟေးကျန့်သည် ထိုဓားချက်များကို အသာယာတားဆီးလိုက်သည်။

“မင်းအရင်တုန်းကလို အားနည်းနေတုန်းပဲ” ဟေးကျန့်သည် ချုးယွီဟွာနှင့် တိုက်ခိုက်ရင်းပြောလိုက်သည်။ ချုးယွီဟွာသည် ဘာမျှမကြားသည့်အလား ဆက်တိုက် သူမ၏ ဓားဖြင့် ဆက်တိုက်ခုတ်ပိုင်းနေသည်။

ထို့အပြင် တစ်ဖက်ရှိ မုလင်းသည် ဟေးကျန့် အနားသို့ လျှပ်တပြတ် ရောက်လာခဲ့၏။ သူ၏ ဓားကို လက်နှစ်ဖက်လုံးနှင့် ဆုပ်ကိုင်ထားသည်။ ထို့နောက် မုလင်း၏ဓားတွင် ဝိညာဉ်စွမ်းအင်များရစ်ပတ်လာ၏။ ထိုဓားကို ဟေးကျန့်၏ လက်တစ်ဖက်ကို ခုတ်ပိုင်းလိုက်သည်။

ဟေးကျန့်သည် မျက်မှောင်ကျုံ့သွားခဲ့သည်။ ထို့နောက် အဆက် မပြတ်တိုက်ခိုက်နေသည့် ချုးယွီဟွာကို သူ၏ဓားတွင် ဝိညာဉ်စွမ်းအင်များစွာ ထည့်သွင်းလိုက်ပြီး အားပြင်းပြင်း တိုက်ခိုက်လိုက်၏။

“ဝုန်း..”

ထိုတိုက်ခိုက်ချက်ကို ချုးယွီဟွာသည် တားဆီးနိုင်လိုက်သော်လည်း အတော်ဝေးဝေး လွင့်စင်သွားခဲ့သည်။ ထို့နောက် သူမ၏ မြင်းလှည်းတစ်စီးနှင့် ဝင်တိုက်သွားပြီး အတော်လေးနာကျင်နေသည်။ သူမသည် တိုက်ခိုက်ရေးတွင် အတွေ့ကြုံ နည်းပါးပြီး အင်အားသည်လည်း အခြားအခြေတည်ဝိညာဉ်အဆင့်များနှင့်ယှဉ်လျင် နိမ့်ကျပေသည်။ ဟေးကျန့်ကိုသူမသည် အသည်းသည်တိုက်ခိုက်ခဲ့သော်လည်း ဟေးကျန့်အတွက်မူ အပြင်းပြေ ကစားနေယုံမျှသာဖြစ်ခဲ့၏။ ထို့ကြောင့် ဟေးကျန့်၏ အင်းအားပြင်းသည့် တိုက်ခိုက်ချက်ကြောင့် သူမသည် အတော်လေး ထိနာသွားခဲ့ရသည်။

ထို့နောက် ဟေးကျန့်သည် ဝိညာဉ်စွမ်းအင် များစွာထည့်သွင်းပြီးနောက် မုလင်းတိုက်ခိုက်လာသည့် ဓားကို ထိပ်တိုက်ခုခံလိုက်၏။

“ဝုန်း...ဝုန်း”

မုလင်းနှင့် ဟေးကျန့် သည် ဆက်မပြတ် တိုက်ခိုက်နေပြီး အချိန်အနည်းငယ်ကြာလာသည့်အခါ မုလင်းသည် မောပန်းလာခဲ့သည်။ သူ၏ တိုက်ခိုက်ချက်များသည် တစ်စထက်တစ်စ အားအင်လျော့ကျလာသည်။

“တိုက်ပွဲဆုံးသတ်မယ်” ဟေးကျန့်သည် စိတ်မရှည်တော့ပေ။ အပြင်းထန်တိုက်ခိုက်လိုက်သည်။ ထို့နောက် ဟေးကျန့်သည် အပေါ်စီးက နေပြီးမုလင်းကို ဓားဖြင့် ခုတ်လိုက်လေသည်။ မုလင်းသည် ထိုဓားချက်ကို အားကုန်သုံး၍ ခုခံရန်ပြင်လိုက်၏။

သို့သော် ဟေးကျန့်သည် ရုတ်တရက်ပျောက်ကွယ်သွားသည်။ ထို့နောက် သူ၏လက်တွင် ဝိညာဉ်စွမ်းအင်များ စုစည်းလိုက်သည်။ ချက်ချင်းပင် မုလင်းနောက်တွင် ပေါ်လာခဲ့ပြီး ကျောကို လက်ဝါးဖြင့်ရိုက်လိုက်လေသည်။ အစောက တိုက်ခိုက်ချက်သည် အယောင်ပြတိုက်ခိုက်ခြင်းသာဖြစ်လေသည်။

မုလင်းသည် ချက်ချင်းပင် သွေးများအန်ထွက်သွား၏။ ပြီးနောက် တုန်ယင်စွာ ရေရွတ်လိုက်သည်။

“အဆိပ်ပဲ...” မုလင်းသည် တုန်ယင်သွား၏။ ထို့နောက် လဲကျသွားသည်။ သူ၏ ချီစွမ်းအင်နှင့် အဆိပ်များကို ဖယ်ထုတ်ရန်ကြိုးစားလိုက်၏။ သို့သော် သူ၏ ပါးစပ်မှ သွေးများသည် ဆက်တိုက် အန်ထွက်လာပြီး ထိုသွေးများသည် အနက်ရောင်သို့ပြောင်းလဲ သွား၏။

“ဟုတ်တယ်...ကျုပ်မှာ အချိန်သိပ်မကျန်တော့ဘူးလေ၊ ကျောက်စိမ်းမြို့သခင်ပါ ရောက်လာရင် ဒုက္ခများတော့မှာ... ဒီတော့ မြန်မြန်ဖြေရှင်းဖို့လိုအပ်နေပြီ” ဟေးကျန့်သည် အလျင်လိုနေ၏။ မဟုတ်ရင် ဒီထက်ကြာအောင် တိုက်ခိုက်ဦးမှာ ဖြစ်ပေသည်။

“ချီစွမ်းအင် နဲ့ ဝိညာဉ်စွမ်းအင် တွေ ထုတ်မသုံးဖို့ အကြံပေးတယ်၊ မဟုတ်ရင် ခင်ဗျားသွေးကြောတွေ ပေါက်ကွဲပြီး သေဆုံးသွားလိမ့်မယ်” ထို့နောက် မုလင်းကို ဂရုမစိုက်တော့ချေ။ မြင်းလှည်း အနီးတွင် လဲကျနေသည့် ချုးယွီဝဟွာဆီသို့ တလှမ်းချင်း လျှောက်လာခဲ့၏။

“သခင်မလေးချုး ဒီလိုနေ့ရောက်လာလိမ့်မယ်လို့ တွေးထားဖူးလား...”

All Chapters