အသည်းသန်ကျင့်ကြံကြသူများ
Vol. 2 Ch. 23
ထိုက်ရွှမ်မြို့ ငှားရမ်းထားသည့် အိမ်တော်တွင် တိတ်ဆိတ်လျှက်ရှိသည်။ အကြောင်းမှာ တပည့်လေးဦးသည် ကျင့်ကြံနေကြခြင်းဖြစ်သည်။
လျှိုမင်ယွမ်သည် သူ၏ အခန်းအတွင်းတွင် ဝိညာဉ်ပေါင်းစည်းခြင်းကျမ်း၏ ဝိညာဉ်ထိမ်းချုပ်ခြင်း အဆင့်ကို နားလည်အောင် လုပ်ဆောင်နေသည်။ သူ၏ဆရာသည် အခန်းတွင်းတည် အသံလုံ အစီရီတစ်ခု ပြုလုပ်ပေးထားခဲ့သည်။ သူ၏အခန်းအတွင်းတွင် ပြင်ပအသံများဖြင့် မနှောက်ယှက်နိုင်တော့ပေ။
လျှိမင်ယွမ်သည် တင်ပလ္လင်ခွေထိုင်ပြီး မျက်လုံးမှိတ်မျက်လုံးမှိတ်ထားက တရားထိုင်သည့် အနေထားဖြင့် ကျင့်ကြံနေသည်။ အချိန်တော်ကြာပြီးနောက် သူ၏ စိတ်သည့် တည်ငြိမ်လာသည့်အခါ ပတ်ဝန်းကျင်ရှိ သဘာဝစွမ်းအင်များကို ထင်ထင်ရှားရှား ခံစားနိုင်လာသည်။ ထို့အပြင် ထိုစွမ်းအင်များသည် ဝဲဂယက်ထပြီး သူ့ခန္ဓာကိုယ်ထဲ စီးဝင်လာသည်။ ထိုအခိုက်တန့်တွင် ခန္ဓာကိုယ်ထဲတွင် ပူနွေးလာသည်ကို ခံစားလာရသည်။ တဖြေးဖြေးနှင့် သူ၏ ခန္ဓာကိုယ်တွင် ချွေးသီးချွေးပေါက်များ ကျဆင်းလာခဲ့သည်။
အချိန်အနည်းငယ် ကြာပြီးနောက် သူ၏ ခန္ဓာကိုယ်သည် နာကျင်စပြုလာခဲ့သည်။ အချိန်ကြာလာလေ နာကျင်မှုသည် ပြင်းထန်လာခြင်းဖြစ်သည်။ သို့သော် သူသည် မရပ်တန့်ခဲ့ပေ။ ဤမျှနာကျင်မှုကြောင့်သာ ရပ်တန့်ခဲ့လျှင် အနာဂတ်တွင် အမှောင်ဝိညာဉ်ကို ထိန်းချုပ်နိုင်မည်မဟုတ်ပေ။ ထို့ကြောင့် အံ့ကြိတ်ရင်း ဆက်လက် ကျင့်ကြံနေခဲ့သည်။
ထို့နောက်တွင် သူ၏ ခန္ဓာကိုယ် ချွေးပေါက်များမှ ချွေးများနှင့်အတူ မဲညစ်နေသည် အချွဲရည်များ ထွက်လာခဲ့သည်။ ထိုအရာများသည် သူ၏ ကိုယ်တွင်းရှိ မသန့်စင်သည့် စွမ်းအင်များကို ဖယ်ထုတ်လိုက်နိုင်ခြင်းဖြစ်သည်။
“ဒါ အနည်းငယ်အောင်မြင်မှုရသွားတာလား” လျှိုမင်ယွမ်သည် တီးတိုးရေရွတ်လိုက်၏။ ထို့နောက် သူသည် ခန္ဓာကိုယ် သန့်စင်ရန် ကျင့်ကြံခြင်းကို ခေတ္တရပ်နားလိုက်သည်။
သို့သော် သူမသိလိုက်သည်မှာ အချိန်တိုတို အတွင်းမှာ ကျင့်ကြံရုံနှင် ဤဝိညာဉ်ပေါင်းစည်းခြင်းကျင့်စဉ်ကို အနည်ငယ်နားလည်သွားသည့်လူမှာ သူပထမဆုံးဖြစ်သည်ကိုပင်။
…
ပိုင်ကျန့်ယွီ၏ စွမ်းအားသည် နိမ့်ကျနေသေးသည်။ ထို့ကြောင့် ဓားဝိညာဉ်သည် သူ၏ စွမ်းအား အပြည့်ဝ မရသေးခင် ဓားသခင်အဖြစ် အသိမှတ်ပြုရန် ပိုင်ကျန့်ယွီ ကိုပြောလိုက်သည်။ ထို့နောက် သူသည် တိမ်လွှာဓါးနှင့် ပေါင်းစပ်ရန် ကြိုးစားလိုက်သည်။ ထိုကဲ့သို့ ဓားဝိညာဉ်ရှိသည့် ဓားမျိုးကို အညံ့ခံစေပြီး ပေါင်းစပ်ရန်မှာ မလွယ်ကူပေ။ ပိုင်ကျန့်ယွီသည် ဓားသန္ဓေ ခန္ဓာကိုယ်ရှိသော်လည်း ဓားဝိညာဉ် ကို အညံ့ခံအောင် လုပ်နိုင်သည့်စွမ်းရည် မရှိသေးချေ။ သို့သော် သူ့တွင် အစွမ်းထက် ဆရာတစ်ဦးရှိသည်။
“ကောင်လေး...မင်းရဲ့ သွေးတစ်စက်ကို တိမ်လွှာဓားပေါ် ချလိုက်” ရှောင်ယွင်သည် စိတ်ပါလက်ပါနှင့် ညွှန်ကြားလိုက်သည်။ စိတ်မပါလို့လည်းမရချေ။
ပိုင်ကျန့်ယွီသည် သွေးတစ်ဆက်ဖောက်ထုတ်လိုက်ပြီးနောက် တိမ်လွှာဓါးပေါ်တွင် ချလိုက်သည်။
“ပြီးရင် ဓားထဲကို မင်းရဲ့ ဝိညာဉ်စွမ်းအင်တွေဆက်တိုက်သွင်းနေလိုက်” ရှောင်ယွင်သည် တစ်ဆင့်ချင်းရှင်းပြနေ၏။
ပိုင်ကျန့်ယွီသည် ရှောင်ယွင်ပြောသည့်အတိုင်း တစ်သွေ မတိမ်းလိုက်လုပ်နေသည်။ အနည်းငယ်ကြာပြီးနောက် ရှောင်ယွင်သည် ပိုင်ကျန့်ယွီ၏ ဝိညာဉ်ပင်လယ်ထဲသို့ ဝင်ရောက်သွားခဲ့သည်။
“ကောင်လေး အခုကစပြီး မင်းပြင်ထန်တဲ့ နာကျင်မှုတွေ ခံစားရတော့မယ်၊ မင်းသတိလက်လွတ်ဖြစ်ပြီး ဓားအတွင်းပို့နေတဲ့ ဝိညာဉ်စွမ်းအင်တွေကို ရပ်တန့်လိုက်လို့ လုံးဝမရဘူး၊ မဟုတ်ရင် မင်းဝိညာဉ်ပင်လယ်က ပျက်စီးသွားမှာ၊ မင်းစိတ်အသင့်မပြင်ရသေးရင် လက်လျှော့လိုက်” ရှောင်ယွင်သည် ဝိညာဉ်ပင်လယ်အတွင်းမှ အသိပေးလိုက်သည်။ ဓားဝိညာဉ်နှင့်ပေါင်းစည်းခြင်းမှာ လုရှင်းယန်နဲ့ ချီဟူတို့ ပဋိညာဉ်ပြုခြင်းကဲ့သို့ မလွယ်ကူသလို နည်းလမ်းလည်း မတူညီပေ။ သားရဲနှင့် ပဋိညာဉ်ပြုခြင်းသည် ကောင်းကင်ကျားချီဟူအသိမှတ်ပြုရုံနှင့် အလွယ်တကူပေါင်းစည်းနိုင်ပေသည်။ သို့သော် ဓားဝိညာဉ်နှင့် ပေါင်းစည်းခြင်းသည် ဓားဝိညာဉ်က အသိမှတ်ပြုယုံနှင့် မပေါင်းစည်းနိုင်ပေ။
“ကျုပ် ဘယ်လောက်နာကျင်မှု ခံစားရပါစေ ရင်ဆိုင်မယ် လုံးဝလက်မလျှော့နိုင်ဘူး” ပိုင်ကျန့်ယွီသည် ပြတ်သားစွာ ပြောလိုက်၏။ သူ၏ မျက်လုံးအစုံသည် စူးရှ တောက်ပနေသည်။
“ဒါဆို စပြီ” ရှောင်ယွင်သည် အသိပေးပြီးနောက် ပိုင်ကျန့်ယွီနှင့် ပေါင်းစပ်ရန် ပြင်လိုက်၏။ ထို့နောက် ရှောင်ယွင်သည် တိမ်လွှာဓားအတွင်းသို့ ပိုလွှတ်ထားသည့် ပိုင်ကျန့်ယွီ၏ ဝိညာဉ်စွမ်းအင်များကို စုပ်ယူလိုက်ပြီး သူ၏ စွမ်းအင်များနှင့် ပေါင်းစပ်လိုက်သည်။ ထို့နောက် ထိုပေါင်းစပ်ထားသည့် ဝိညာဉ်စွမ်းအင်များကို ပိုင်ကျန့်ယွီ၏ ဝိညာဉ်ပင်လယ်အတွင်းသို့ ပြန်လည်ထုတ်လွှတ်လိုက်သည်။
“အား...”
ထိုအခိုက်တန့်တွင် ပိုင်ကျန့်ယွီ၏ ဝိညာဉ်ပင်လယ်သည် တုန်ခါလာပြီးနောက် နာကျင်စွာ ဟစ်ကြွေးလိုက်၏။ သို့သော် သူသည် စိတ်မလွတ်ရဲချေ။ ဓားအတွင်းပို့လွှတ်နေသည် စွမ်းအင်များ ပြတ်တောက်သွားမည်ကို စိုးရိမ်၏။ ထို့ကြောင့် သူ၏ သွားများ ကြွေကျမတက် အံ့ကြိတ်ထားပြီး နာကျင်မှုကို သည်းခံရန်ကြိုးစားလိုက်သည်။
သို့သော် ထိုနာကျင်မှုသည်ဟာသမဟုတ်ပေ။ ခန္ဓာကိုယ်နာကျင်ခြင်းသည် မည်မျှပင်ပြင်းထန်ပါစေ သည်းခံနိုင်သေးသည်။ သို့သော် ဤကိစ္စသည် ဝိညာဉ်၏ နာကျင်ခြင်းဖြစ်သည်။ သူ၏ ဝိညာဉ်အား ဓားဖြင့် တစ်ထှစ်ခြင်း လှီးဖြတ်နေသကဲ့သို့ နာကျင်နေခြင်းဖြစ်သည်။ ချွေးများသည်လည်း ရေချိုးထားသည့်အတိုင်း ရွဲနစ်နေ၏။
ပိုင်ကျန့်ယွီသည် သတိလစ်မတက်ဖြစ်နေသည်။ သို့သော် အေးစက်စက်မျက်နှာထားရှိပေမဲ့ နွေးထွေးမှုပေးသည့် သူ၏အစ်မကြီး၊ ကြင်နာပြီး သွေးရင်းသဖွယ်ဆက်ဆံပေးသည် သူ၏ဒုတိယအစ်ကို၊ သူကာကွယ်မှုပေးရမည့် စတုတ္တညီငယ် နှင့် သူဘဝ၏ အရေးကြီးဆုံး လူတစ်ဦးဖြစ်တဲ့ သူ၏ဆရာ၊ သူတို့၏ မျက်နှာများကို မြင်ယောင်လာပြီး အဆုံးစွန်ထိ သတိမလစ်စေရန် အားတင်းထားရသည်။
မိနစ်အနည်းငယ်ကြာပြီးနောက် တိမ်လွှာဓါးသည် သူ၏ ဝိညာဉ်ပင်လယ် အတွင်းသို့ ဝင်ရောက်လာသည်။ ထိုအချိန်မှာပဲ ပိုင်ကျန့်ယွီသည် သတိလစ်သွားခဲ့သည်။ သူသည် တိမ်လွှာဓါးနှင့် ပေါင်းစပ်ခြင်းအောင်မြင်သွားခဲ့ပြီဖြစ်သည်။ ထိုဓားသည် သူ၏ အသက်၊ သူ၏ ဝိညာဉ် ဖြစ်လာခဲ့သည်။
တိမ်လွှာဓါးပိုင်ရှင် အရှင်သခင်ကျို့ယွင်နှင့် မတူညီသည်မှာ ကျို့ယွင်သည် ဓားဝိညာဉ်ကို မွေးဖွားစေခဲ့သော်လည်း ပိုင်ကျန့်ယွီကဲ့ သို့ ပေါင်းစပ်ခြင်း မပြုလုပ်ခဲ့ပေ။ သူသည် ဓားသန္ဓေမရှိသလို ဓားကို အဓိက အသုံးပြုသူမဟုတ်ပေ။ တိမ်လွှာဓားကို သူ၏ တိုက်ခိုက်ရေး နည်းစနစ်များကို ဖော်ရန် ကြားခံ အဖြစ်သုံးခဲ့ခြင်းသာဖြစ်၏။
သို့သော် ပိုင်ကျန့်ယွီသည် သူက တိမ်လွှာဓါး၊ တိမ်လွှာဓါးက သူ၊ တစ်သားတည်းဖြစ်တည်သွားပြီဖြစ်သည်။ သူသေဆုံးလျှင် တိမ်လွှာဓားလည်း ပျက်စီးသွားမည် ဖြစ်ပြီး၊ တိမ်လွှာဓား ပျက်စီးသွားလျှင်လည်း သူသေဆုံးရမည်ဖြစ်သည်။
သို့သော်လည်း သူသည် မပျော်ရွှင်နိုင်သေးပေ၊ သတိလစ်သွားပြီဖြစ်သောကြောင့်ဖြစ်သည်။
…
“ခဏလောက် အနားယူပါရစေဦး” ကောင်းကင်ကျားချီဟူသည် ငိုမဲ့မဲ့နှင့်ပြောနေသည်။
သူသည် လုရှင်းယန်၏ ပဋိညာဉ် သားရဲ ဖြစ်သွားပြီးကတည်းက သားရဲတစ်ကောင်၏ လွပ်လပ်ခွင့်များ ဆုံးရှုံးသွားသည်ဟု ခံစားခဲ့ရသည်။ အကြောင်းမှာ သူ့တွင် နားချိန် မရှိခဲ့ချေ။ လုရှင်းယန်၏ ကျင့်ကြံမှုကို အထောက်ပံ့ပေးနေရခြင်းကြောင့်ဖြစ်သည်။
‘သားရဲမျိုးနွယ်အဖွဲ့ချုပ်ကို တိုင်သင့်လား’
လုရှင်းယန်သည် သူ့စွမ်းအား တိုးတက်စေရေးအတွက် ကောင်းကင်ကျား၏ မီးစွမ်းကို ငှားရမ်းကျင့်ကြံနေရခြင်းဖြစ်သည်။ အကြောင်းမှာ ထိုက်ရွှမ်မြို့တွင် မီးစွမ်းအင် အားကောင်သည့် နေရာမရှိသောကြောင့်ဖြစ်သည်။
ထို့အပြင် ကောင်းကင်ကျားသည် သူတော်စင် အဆင့်သားရဲဖြစ်သည်။ ထို့ကြောင် ရွှေအမြူတေအဆင့် လုရှင်းယန် အတွက် အဆင်ပြေသေးသည်။ အဆင်မပြေသည့်သူ ကတော့ ကောင်းကင်ကျားပင်ဖြစ်သည်။
နေ့နေ့ညည သူ၏ စွမ်းအင်များကို လုရှင်းယန် ကျင့်ကြံနိုင်ရန် ထုတ်ဖော်ထားရသည်။ လုရှင်းယန်သည် ထိုမီးစွမ်းအင်များကို စုပ်ယူရင်း ငရဲကိုးဘုံမီးကျင့်စဉ်ကို နာလည်အောင် ကြိုးစားနေ၏။ ထိုကျင့်စဉ်၏ ပထမအဆင့်ကို အတော်လေး နားလည်နေပြီဖြစ်သည်။ သူသည် မီးတောက်တစ်ခုကို ဖြစ်တည်လာစေခြင်းက သက်သေပင်ဖြစ်သည်။ သူ၏ ငရဲကိုဘုံးမီးတောက်ငယ်လေးသည်လည်း တစ်နေ့ထက်တစ်နေ့ အားကောင်းလာခဲ့သည်။ ထိုအခန်းတွင်းအပူချိန်သည် လွန်စွာပြင်းထန်လှပေသည်။ လုရှင်းယန်၏ အခန်းတွင်သာ ဝင်ရောက်ရန်ကြိုးစားပါက အခြေတည်ဝိညာဉ် အဆင့်ကျင့်ကြံသူဆိုလျင်တောင် ဝိညာဉ်စွမ်းအင်များ ထုတ်သုံးပြီး ထိုအပူဒဏ်ကို အံတုရပေမည်။
“မရဘူး အခြေတည်ဝိညာဉ်အဆင့်ကို ရောက်ဖို့လိုအပ်တယ်” သူသည် ယွဲ့ဝူယောင်နှင့် ထျယ်ရှန်း တိုက်ခိုက်စဉ်ကတည်းက သူ၏ အင်အားကို အားမလိုအားမရဖြစ်ခဲ့သည်။ ထို့ပြင် သူသည် ဒုတိယ တပည့်ဖြစ်၏။ ယွဲ့ဝူယောင်ကဲ့သို့ပင် ညီငယ်များ အားကိုးရသည့် အကိုကြီးတစ်ယောက်ဖြစ်ချင်ပေသည်။
‘ငါမီးစွမ်းအင် ကြွယ်ဝတဲ့ နေရာတစ်ခုကို ရှာသင့်တယ်၊ ဒါမှ ငါ့ရဲ့ ငရဲကိုးဘုံမီးတောက်က အဆင့်တက်နိုင်မှာ’
…
အခန်း တစ်ခုတွင် အေးစက်လှသည် အငွေ့သက်များဖြင့်ပြည့်နှက်နေသည်။ ထိုအခန်းတွင်းရှိ အအေးဓာတ်သည် လွန်စွာပြင်းထန်လှသည်။ သူတော်စင်ကနဦးအဆင့် ကျင့်ကြံသူတစ်ယောက်ဝင်သွားလျှင်တောင် ထိုအအေးဒဏ်ကြောင့် ခဲသွားနိုင်ပေမည်။ ထိုအခန်းသည် ယွဲ့ဝူယောင် ကျင့်ကြံရာ အခန်းဖြစ်ပေသည်။
သူမ၏ ဒန်တျန်ရှိ ချီစွမ်းအင်များသည် တဖြေးဖြေး ကွယ်ပျောက်နေပြီဖြစ်သည်။ မိနစ်အနည်းငယ်ကြာပြီးနောက် ချီစွမ်းအင်များ လုံးဝ ပျောက်ကွယ်သွားခဲ့သည်။ သူမ၏ မျက်နှာသည် ဖြူဖျော့နေပြီး အလွန်မင်း နာကျင်နေသည့်ပုံပေါ်သည်။ သို့သော်လည်း သတိမလွတ်စေရန် သူမ၏စိတ်ကို ထိန်းချုပ်ထားရ၏။ သူမသည် ထိုချီစွမ်းအင်များအားလုံးကို စွမ်းအင်သွေးကြောများအတွင်းသို့ ပေါင်းစပ်နေခြင်းဖြစ်သည်။
ချီစွမ်းအင်များ ဗလာဖြစ်သည့်အထိ စွမ်းအင်သွေးကြောများနှင့်ပေါင်းစည်းလိုက်ခြင်း ဖြစ်သည်။ သူမသည် အဆင့်တက်တော့မည်ဖြစ်သည်။
သူတော်စင်အဆင့်တွင် ချီစွမ်းအင်များကို ဝိညာဉ်စွမ်းအင်အဖြစ် ပြောင်းလဲ ခြင်းဖြစ်သည်။ ထို့အပြင် ဒန်တျန်ကို ဝိညာဉ်ပင်လယ်နှင့် ချိတ်ဆက်ကာ ဝိညာဉ်စွမ်းအင်များ သိုလှောင်နိုင်မည်ဖြစ်သည်။ ထိုသို့ချိတ်ဆက်ပြီးနောက် လုံလောက်သည် စွမ်းအင်များ စုစည်းနိုင်လျင် သူတော်စင် အဆင့်သို့ တက်ရောက်သွားမည် ဖြစ်သည်။
“ငါ့အဆင့် ကိုချိုးနှိမ်ထားဦးမယ်”
သို့သော် သူမ၏ ဒန်တျန်ကို ဝိညာဉ်ပင်လယ်နှင့် မချိတ်ဆက်သေးချေ။ သူမသည် သူတော်စင်အဆင့်သို့ မတက်ခဲ့ချေ။ အကြောင်းမှာ သူမ၏ ဝိညာဉ်ပင်လယ်ကို ဝိညာဉ်စွမ်းအားများ နှင့် သိပ်သည်းကျစ်လစ်စေရန်ဖြစ်သည်။ ဤလုပ်ရပ်သည် အလွန်ပင် အန္တရာယ်များလေသည်။ တစ်ချက်မှားသွားလျင်ပင် ဝိညာဉ်ပင်လယ် ပျက်စီးပြီး ကျင့်ကြံမှုများ ပျောက်ကွယ်သွားနိုင်သည်။ သို့သော် အောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့လျင်တော့ သူတော်စင် အဆင့်တွင် အဆင်တူများထက် များစွာ အားကောင်းလာနိုင်သည်။ ထို့အပြင် နတ်ဘုရားလမ်းစဉ်လျှောက်လမ်းရန်အတွက်လဲ လွယ်ကူလာနိုင်သည်။
“ငါ ဒီတစ်လောအတွင်း တိုက်ခိုက်ရေး နည်းစနစ်ကို ထုတ်သုံးနိုင်မှာ မဟုတ်ဘူး၊ ဒါပေမဲ့ အောင်မြင်သွားရင်တော့ တန်ပါတယ်” ယွဲ့ဝူယောင်သည် တီးတိုးရေရွတ်လိုက်၏။
…
“ကလေးတွေက စွမ်းအားရဲ့ အနှစ်သာရ သိရှိသွားကြပြီး...အပြင်းထန်ကြိုးစားနေကြပြီ”
လုချောင်းယန်သည် တိတ်ဆိတ်နေသည့် အိမ်တော်ကြီးကိုကြည့်ရင်း ပြုံးနေမိသည်။