← Chapters

ဖခင်တစ်ဦး၏ ခံစားချက်

Vol. 2 Ch. 25

ဖခင်တစ်ဦး၏ ခံစားချက်

Vol. 2 Ch. 25

အခန်း ၂၅

ဖခင်တစ်ဦး၏ ခံစားချက်

နောက်နေ့နံနက်တွင် မုလင်းသည် သတိရလာပြီဖြစ်သည်။ ထို့ကြောင့် သူတို့သည် ထိုက်ရွှမ်မြို့ပြန်ရန် ဆုံးဖြတ်လိုက်ကြသည်။ ထို့နောက် ကျောက်စိမ်းမြို့သခင်ကို နှုတ်၍ ထိုက်ရွှမ်မြို့သို့ပြန်လာကြသည်။

ထိုက်ရွှမ်ဂိုဏ်းအတွင်းတွင်

ထိုက်ရွှမ်ဂိုဏ်း ဂိုဏ်းချုပ် ထိုက်ဟုန်ကျွင်း သည် ဂိုဏ်းသို့ ပြန်ရောက်လာခဲ့ပြီးနောက် အကြီးကဲချုပ်ကို ဆင့်ခေါ်ခဲ့သည်။ ထိုအကြီးကဲချုပ်သည် ကျင်းဝူတောက် ဖြစ်ပြီး ကောင်းကင်နတ်ဘုရားအဆင့် ပညာရှင်တစ်ဦးဖြစ်၏။

“ဂိုဏ်းချုပ် ပြန်ရောက်ပြီလား” အကြီးကဲချုပ်သည် မေးလိုက်၏။

“အစ်ကိုကြီး နှစ်ယောက်ထဲ ရှိနေတဲ့အချိန် သက်တောင့်သက်သာပဲခေါ်ပါ” ထိုက်ဟုန်ကျွင်း သည် ပြောလိုက်သည်။

“ဘယ်လိုပဲ ဆရာတူညီအစ်ကိုလို့ပဲ ပြောပြော ဂုဏ်ပုဒ်တွေကို မေ့ထားလို့မရဘူးလေ၊ ဒါကမသင့်လျော်ဘူး”

အကြီးကဲချုပ်သည် ပြောလိုက်၏။ သူတို့သည် ထိုက်ရွှမ်ဂိုဏ်း၏ ဂိုဏ်းချုပ်ဟောင်း နတ်အင်ပါယာထျန်းရှီ၏ တပည့်ရင်းများ ဖြစ်သည်။ နတ်အင်ပါယာထျန်းရှီတွင် တပည့်လေးယောက်ရှိခဲ့သည်။ အကြီးကဲချုပ်သည် အကြီးဆုံးတပည့်ဖြစ်ပြီး ထိုက်ဟုန်ကျွင်းသည် တတိယတပည့်ဖြစ်၏။

“အကိုကြီးက ကျုပ်တို့ ငယ်စဉ်ကတည်းက ထိန်းကျောင်းပေးလာခဲ့တာလေ၊ ကျုပ်အတွက်တော့ ဂုဏ်ပုဒ်တွေက အရေးမကြီးဘူး”

ထိုက်ဟုန်ကျွင်းသည် ကျင်းဝူတောက်ထက် များစွာငယ်ရွယ်ပေသည်။ သို့ပေမဲ့ ထိုက်ဟုန်ကျွင်း၏ ပါရမီသည် အလွန်ပင် ထူးခြားခဲ့သည်။ အသက်ငါးရာမပြည့်မှီ နတ်ဘုရင်အဆင့် အထွတ်ထိပ်ရောက်ရှိနေသူဖြစ်သည်။ ထို့ကြောင့် နတ်အင်ပါယာ ထျန်းရှီသည် ထိုက်ဟုန်ကျွင်းကို ဂိုဏ်းချုပ်ရာထူးလွှဲအပ်ခဲ့ပြီး သူသည် အနားယူသွားခဲ့သည်။ တပည့်အားလုံးသည် မကန့်ကွက်ခဲ့ပေ။

“ဒါတွေထားပါ... အခု ဘာကိစ္စပြောမလို့လဲ” အကြီးကဲချုပ်သည် ပြိုင် မငြင်းခုန်ချင်တော့ပေ။ ထို့ကြောင့် လိုရင်းကို မေးလိုက်သည်။

ထို့နောက် ထိုက်ဟုန်ကျွင်းသည် သူဆွေးနွေးခဲ့သည့် အရာများကို အသေးစိတ်ရှင်းပြလိုက်သည်။

“ဂိုဏ်းချုပ် ဆုံးဖြတ်ချက်မှန်ပါတယ်၊ တစ်ခြားဂိုဏ်းက လူငယ်တွေက်ုလဲ အခွင့်ရေးပေးသင့်တယ်လေ” ကျင်းဝူတောက်သည် ခေါင်းငြိမ့်ပြီးထောက်ခံချက်ပေးလိုက်သည်။

“ရှောက်ထျန်း အခြေနေရောဘယ်လိုလဲ” ထိုက်ဟုန်ကျွင်းသည်မေးလိုက်၏။

“ရှောက်ထျန်းက သူတော်စင်အဆင့်ကို အခြေခိုင်သွားပြီ၊ သူရဲ့ ပါရမီက အတော်လေးကောင်းတယ်” ကျင်းဝူတောက်သည် သူ၏တပည့်အကြောင်းကို ကျေနပ်စွာပြောလိုက်၏။

ရှောက်ထျန်းသည် ကျင်းဝူတောက်၏ လက်ရင်းတပည့် ဖြစ်ယုံသာမက ထိုက်ဟုန်ကျွင်းသည် သူကိုယ်တိုင် အနီးကပ်ညွှန်ကြားပေးလေ့ရှိသည်။ ထို့ကြောင့် သူသည် အသက် နှစ်ဆယ့်ငါးနှစ် ဖြင့်ပင် သူတော်စင်အဆင့်သို့ရောက်ရှိနေပြီဖြစ်သည်။ ထိုက်ဟုန်ကျွင်းတွင် လက်ရင်းတပည့်တစ်ဦးမျှ မရှိသေးချေ။

“အကိုကြီး ဂိုဏ်းသားသစ်ရွေးချယ်မဲ့ရက်က နီးလာပြီမလား၊ ဒီတစ်ခေါက်တော့ ကျုပ်ရော ထိုက်ရွှမ်မြို့လိုက်ခဲ့မယ်” ထိုက်ဟုန်ကျွင်းသည် ပြောလိုက်သည်။

“ဂိုဏ်းချုပ်တပည့်လက်ခံဖို့ စဉ်းစားလိုက်ပြီလား၊ ဒါဆို ဂိုဏ်းချုပ်ပဲ အဲ့ကိစ္စကို ဦးဆောင်လိုက်တော့၊ ကျုပ်က နှစ်ဝက်မှာ ပြိုင်မဲ့ ပြိုင်ပွဲအတွက် တပည့်တွေကို ကြီးကြပ်လိုက်ဦးမယ်” ကျင်းဝူတောက်သည် အလုံးစုံ ဂိုဏ်းချုပ်ထံ တာဝန်လွဲအပ်လိုက်သည်။

“အဲ့ဒါအဆင်ပြေတယ်၊ ဒါပေမဲ့ ကျုပ်တပည့်တစ်ယောက်ရမရတော့ မသေချာဘူး” ထိုက်ဟုန်ကျွင်းသည် သက်ပျင်းချကာ ပြောလိုက်၏။ သူသည် တပည့်မလိုချင်၍ မဟုတ်ပေ သူ့စိတ်ကြိုက် မတွေ့သေးသောကြောင့် ဖြစ်သည်။

…

ထိုက်ရွှမ်မြို့ တာဝန်ခန်းမတွင်

ယွဲ့ဝူယောင်တို့ ဆရာတူတပည့် လေးဦးသည် သူတို့၏ ကျင့်ကြံမှုများကို ရပ်နားပြီးနောက် အလုပ်ရှာရန် တာဝန်ခန်းမသို့ ရောက်ရှိနေကြပြီဖြစ်သည်။

တာဝန်ခန်းမ အတွင်းတွင် စာရင်းလက်ခံစားပွဲတွင် ထိုင်နေသည့် စာရေး တစ်ယောက်သာရှိပေသည်။ လုပ်ဆောင်နိုင်သည့် တာဝန်များကို ဘုတ်ပြားအသီးသီးတွင် ချိတ်ဆွဲထားသည်။ စည်းကမ်းချက်သည် တစ်ခုသာရှိပေသည်။ ကိုယ်လိုချင်သည့် တာဝန်သည့်တာဝန်သည် ကိုယ့်စွမ်းရည်နှင့် ကိုက်ညီမှသာ ရယူလုပ်ဆောင်နိုင်မည်ဖြစ်သည်။

လုရှင်းယန်တို့သည် ထိုတာဝန်ကတ်ပြားများမှ သူတို့နှင့်ကိုက်ညီနိုင်မည် တာဝန်လုပ်ဆောင်ရန် ရှာဖွေနေသည်။ အချိန်အတော်ကြာရှာပြီးနောက် ကိုက်ညီသည့်တာဝန်မတွေ့ပေ။ ဆုလာဘ်နည်းပြီး အဆင့်နိမ့်လွန်းခြင်း၊ ဆုလာဘ်များသော်လည်း အဆင့်မြင့်လွန်းခြင်း တို့ကြောင့် ရွေးရခက်နေသည်။

“အစ်မကြီး ဒီအလုပ်ကို ယူကြမလား” လုရှင်းယန်သည် အဆင်ပြေလောက်သည်ဟုထင်ရသည့် ကတ်ပြားတစ်ခုကို ညွှန်ပြလိုက်သည်။

(အရိပ်တောင်ကြားရှိ အခြေတည်ဝိညာဉ်အဆင့် အဆင့် ဝံပုလွေသားရဲ သုံးကောင်ကို သတ်ရန် - အဆင့်မြင့်သလင်းကျောက် သုံးဆယ်)

“ကောင်းပြီ...အဲ့ဒါယူကြတာပေါ့” ယွဲ့ဝူယောင်သည် လက်ခံလိုက်၏။ သူတို့၏ စွမ်းအားနှင့်ဆိုရင် ဖြေရှင်းနိုင်လောက်မည်ဖြစ်သည်။ ဆုလာဘ်သည်လည်း သင့်တင့်ပေသည်။

“ဦးလေး ဒီတာဝန်ကို ယူမယ်” လုရှင်းယန်သည် ထိုကတ်ပြားကို စာရေးဆီပြလိုက်သည်။

“မရဘူး” စာရေးသည် မျက်မှောင် ကျုံ့သွားပြီးနောက် ငြင်းလိုက်သည်။ ထိုစာရေးသည် ကျန်းလီ ဟုခေါ်ပြီး သူတော်စင် အဆင့်ဖြစ်သည်။

“ဘာလို့လဲ” လုရှင်းယန်သည် ဖြေရှင်းချက်တောင်းလိုက်၏။

“မင်းတို့က ပြင်ပကျင့်ကြံသူတွေမလား၊ မင်းတို့ထဲမှာ သူတော်စင်အဆင့်မပါဘူး၊ အခြေတည် ဝိညာဉ် အဆင့်ဆိုရင်တောင် ငါးယောက် ပါမှခွင့်ပြုပေးနိုင်မယ်၊ တစ်ခြားတာဝန်ပြောင်းရွေးလိုက်” စာရေးကျန်း သည် ပယ်ချလိုက်သည်။

“ကျွန်မတို့မှာ အခြေတည်ဝိညာဉ် အဆင့် သုံးယောက်ပါတယ်လေ” ယွဲ့ဝူယောင်သည် စောဒက တက်လိုက်သည်။

ဟုတ်ပေသည် လုရှင်းယန်နှင့် ပိုင်ကျန့်ယွီတို့သည် အခြေတည်ဝိညာဉ်အဆင့်ရောက်ရှိသွားပြီဖြစ်သည်။ လျှိုမင်ယွမ်သည် အခြေတည်ဝိညာဉ်အဆင့် မရောက်သေးသော်လည်း ရွှေအမြူတေ အလယ်လတ်အဆင့်သို့ရောက်ရှိနေပြီဖြစ်သည်။

ယွဲ့ဝူယောင်သည် အဆင့်ဖိနိပ်ထားခြင့်ကြောင့်သာအဆင့်မတက်ခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း ပိုတိုးတက်လာသည်မှာတော့ ကျိန်းသေပင်။

လုရှင်းယန်သည် မီးစွမ်းအင်ကျင့်ကြံသူဖြစ်သော်လည်း သူ၏ အရှိန်ဝါသည် ပူပြင်းမှု အစား နွေးထွေးသည့် ခံစားချက်များပေးစွမ်းနေသည်။

ပိုင်ကျန့်ယွီသည် ဓားဝိညာဉ်နှင့်ပေါင်းစပ်ပြီးနောက် သူ၏ မျက်လုံးများ သည် အရင်ကထက် ပို၍ စူးရှ တောက်ပလာသည်။

လျှိုမင်ယွမ်၏ အဆင့်သည့် နိမ့်ကျနေသေးသော်လည်း သူ၏ဝိညာဉ်သည် ပို၍ သန်မာလာပြီဖြစ်သည်။

“မိန်းကလေး မင်းတို့မှာ အခြေတည်ဝိညာဉ် သုံးယောက်ပါပေမဲ့၊ ငါတို့က လုံခြုံမှုကို ဦးစားပေးပြီး တာဝန်တွေ လုပ်ဆောင်စေတာ၊ မင်းတို့လူငယ်တွေ သေဆုံးသွားရင် လင်းယွမ်နယ်မြေအတွက် နစ်နာဆုံးရှုံးမှုကြီးပဲ” စာရေးကျန်းသည် ရှင်းပြလိုက်သည်။

“ကျုပ်ပါရင်ရော ရမလား” တာဝန်ခန်းမထဲသို့ လူတစ်ဦးဝင်လာပြီးနောက် ပြောလိုက်သည်။

“ထျယ်ရှန်း” ပိုင်ကျန့်ယွီတို့သည် ထိုလူကို မြင်ပြီးနောက် အံ့ဩသွားသည်။

“မိန်းကလေးယွဲ့ ကျုပ်ရော အဲ့တာဝန်ထဲပူးပေါင်းလို့ရမလား” ထျယ်ရှန်းသည် ယွဲ့ဝူယောင်ကို မေးလိုက်၏။

“စာရေးက ခွင့်ပြုပေးတယ်ဆိုရင်တော့ ပူးပေါင်းကြတာပေါ့” ဘာပဲဖြစ်ဖြစ် သူမတို့၏ စွမ်းရည်ကို စမ်းသပ်ချင်သောကြောင့် ဤတာဝန်ကိုယူလိုက်ခြင်းဖြစ်သည်။ အကူတစ်ယောက်ပါလာလျှင်လည်း ပြသနာမရှိချေ။

“ဦးလေးကျန်း ကျုပ်ရောပါလိုက်မယ်လေ ဒါဆို ငါးယောက်ဖြစ်သွားပြီလေ၊ ခွင့်ပြုပေးလိုက်ပါ၊ လုပ်ပါ” သူခန္ဓာကိုယ် သူ့ဗလကြီးနှင့် ချွဲ့နွဲ့ပြောဆိုနေသည်မှာ လုံးဝကို မလိုက်ဖက်ချေ။ လုရှင်းယန်သည် မျက်နှာလွဲထားလိုက်ရသည်။

“ကောင်းပြီ မင်းတို့ငါးယောက် ဒီတာဝန်ကို ယူလိုက်ကြ” စာရေးကျန်းသည် ထျယ်ရှန်းသာ အုပ်ချုပ်သူရှဲ့လန်၏ တပည့်မဟုတ်လျှင် ထရိုက်မိမှာ ကျိန်းသေပင်။ ထျယ်ရှန်းဆီမှ စကားများ ထပ်မကြားချင်သောကြောင့် မတားတော့ပေ။ ထို့နောက် တည်နေရာမြေပုံတစ်ခု ထုတ်ပေးလိုက်ပြီး ထိုတာဝန် အသေးစိတ်ကို ရှင်းပြလိုက်တော့သည်။

ထိုတာဝန်ကို ရခဲ့ပြီးနောက် သူတို့ငါးဦးသည် တာဝန် ခန်းမအတွင်းမှထွက်လာခဲ့ကြတော့သည်။ ထို့နောက် အရိပ်တောင်ကြားသို့ ဦးတည်သွားကြလေသည်။

ထိုမြင်ကွင်းကို အဝေးမှ လူငယ်တစ်ဦးသည် ရပ်ကြည့်နေမိသည်။ ဟွမ်းတို့သည် ထိုက်ရွှမ်မြို့သို့ ပြန်ရောက်နေပြီဖြစ်သည်။ အိမ်တော်သွားမည့်အချိန်တွင် တပည့်လေးဦး တာဝန်းခန်းမထဲမှ ထွက်လာသည်ကိုမြင်ပြီး တိတ်တဆိတ် စောင့်ကြည့်နေခြင်းဖြစ်သည်။ သူသည် အရွယ်ရောက်လာတဲ့ကလေးတွေကို ပြင်ပလောကသို့ ထွက်ခွာခွင့်ပေးလိုက်ရသည့် ဖခင်တစ်ယောက်လို ခံစားချက်မျိုး ခံစားနေရသည်။

‘ကလေးတွေကို ယုံကြည်ပေးရမယ်၊ နောက်ကနေ လိုက်ကြည့်မနေသင့်ဘူး၊ သူတို့ဘဝကို သူတို့ ရုန်းကန်ရမှာပဲလေ၊ ငါကအမြဲတမ်းလိုက်စောင့်ရှောက်နိုင်မှာမှမဟုတ်ပဲ’

“စီနီယာဟွမ်း သူတို့က စီနီယာ တပည့်တွေလား” အနီးနားတွင် အတူရပ်ကြည့်နေသည့် ချုးယွီဟွာသည် မေးလိုက်၏။

“ဟုတ်တယ်” ဟွမ်းသည် ခေါင်းအသာညိမ့်ကာ ဖြေလိုက်၏။

“ငယ်ငယ်လေးနဲ့ အတော်အစွမ်းထက်နေကြပြီပဲ” ချုးယွီဟွာသည် သူတို့ကို အရှိန်ဝါများကို တွေ့မြင်ပြီး အားကျသည့်လေသံဖြင့် ပြောလိုက်၏။ သူတို့သည် သူမထက် ဆယ်နှစ်ဝန်းကျင်လောက် ငယ်ကြသော်လည်း သူမထက်ပင် အားကောင်းနေပြီဖြစ်သည်။

“မင်းလဲ သေချာကြိုးစားလိုက်ရင် အောင်မြင်လာနိုင်ပါတယ်” ဟွမ်းသည် နှစ်သိမ့်စကား ပြောလိုက်သော်လည်း ချုးယွီဟွာ၏ ခန္ဓာကိုယ်သည် ကျင့်ကြံရန် မသင့်တော်ပေ။ သူမသည် ချမ်းသာသည့်မိသားစုက ဖြစ်သောကြောင့် တန်ဖိုးကြီးဆေးလုံးများအကူညီနှင့် အဆင့်တက်ထားရခြင်းဖြစ်သည်။

“ကျေးဇူးတင်ပါတယ် စီနီယာ”

“အဆောင်တွေ ရေးဆွဲပြီးမှ ချီယင်းအိမ်တော်ကို လာခဲ့မယ်၊ အခုတော့ ခွင့်ပြုဦး” ဟွမ်းသည် နှုတ်ဆက်စကားဆိုပြီး ပျောက်ကွယ်သွား၏။ ဟွမ်းသည် လုပ်အားခလည်းရရှိပြီးဖြစ်၏။

ကျောက်စိမ်းမြို့တွင်ရှိစဉ်က ချုးယွီဟွာသည် သူ့ကို အားနာသည့် အမူရာဖြင့် တောင်းပန်ခဲ့သည်။ သူမတွင် သလင်းကျောက်များ ပါသော်လည်း ထိုက်ရွှမ်မြို့ရောက်မှ ပေးမည်ဟု ပြောခဲ့သည်။ ထို့နောက်ချက်ချင်းပင် ထုတ်ပေးလိုက်သည်။ သို့သော်လည်း ဟွမ်းသည် စိတ်ထဲမထားခဲ့ချေ။ သူမတို့နှင့်အတူတူပင် မြို့တော်သို့ပြန်လာခဲ့သေးသည်။

ဟွမ်း ပျောက်ကွယ်သွားသည့် နေရာကို ကြည့်ရင်း သူမသည် ဝမ်းနည်းသည့် ခံစားချက်များ ဖြစ်ပေါ်လာ၏။ အဘယ်ကြောင့်ဆိုတာတော့ သူမကိုယ်တိုင်ပင် မသိချေ။

“သခင်မလေး အိမ်တော်ကိုပြန်ကြစို့” အတွေးနက်နေသည့် ချုးယွီဟွာကို မုလင်းသည် ပြောလိုက်၏။

All Chapters