← Chapters

#ဗိမာန်၏အမိန့်တော်၊ ရိုးရှင်းသည့်ပြဇာတ်#

Vol. 75 Ch. 1064

#ဗိမာန်၏အမိန့်တော်၊ ရိုးရှင်းသည့်ပြဇာတ်#

Vol. 75 Ch. 1064

ကြီးကြပ်ရေးဗိမာန်က အဆင့်မြင့်ကြယ်နယ်မြေကို ကြီးကြပ်သည့် ကြားနေသဘောထားရှိသည့် တည်ရှိမှုတစ်ခုဖြစ်သည်။ 

သို့စေကာမူ နတ်သခင်အဆင့်ဂိုဏ်းများပင်လျှင် ကြီးကြပ်ရေးဗိမာန်ကို အတော်လေးသတိထားရပြီး သူတို့၏ကြီးကြပ်မှုကို လက်ခံရသည်။ 

နတ်သခင်အဆင့်ဂိုဏ်းများရှိ ထိုနတ်သခင်အဆင့်စွမ်းအားရှင်များမှလွဲ၍ တခြားမည်သူမှ သူတို့ဘာကြောင့် ကြီးကြပ်ရေးဗိမာန်ကို ကြောက်ရသလဲဆိုတာ မသိကြပါ။ 

နှင်းခဲဂိုဏ်းချုပ်နှင့် အကြီးအကဲများ ခန်းမထဲကနေ ထွက်လာကြပြီး တိမ်များကြား ထိုးဖောက်နေသည့် နတ်အလင်းကို မော့ကြည့်လိုက်ကြ၏။ 

ထို့ထဲတွင် ၀တ်စုံဖြူနှင့် ကိုယ်ခန္ဓာကို ဖုံးထားသည့် ပုံရိပ်အနည်းငယ် ရပ်နေကြသည်။ 

"၀တ်ရုံဖြူစစ်ဆေးသူ"

နှင်းခဲဂိုဏ်းချုပ်နှင့် အကြီးအကဲများ ထိတ်လန့်သွားကြသည်။ 

ယဲ့ချိုးပိုင်သိချင်စိတ်ဖြင့်မေးသည်။ 

"၀တ်ရုံဖြူစစ်ဆေးသူဆိုတာကဘာလဲ"

ဘေးက အကြီးအကဲတစ်ဦးရှင်းပြသည်။ 

"ကြီးကြပ်ရေးဗိမာန်နဲ့ အမှောင်ပိုင်နက်တို့က တင်းကျပ်တဲ့ ရာထူးအဆင့်ဆင့်ရှိတဲ့ ကြားနေဂိုဏ်းတွေပဲ၊ ဒီထဲက စစ်ဆေးသူရဲ့အဆင့်ကို သူတို့၀တ်ဆင်ထားတဲ့ ၀တ်ရုံရဲ့အရောင်နဲ့ သတ်မှတ်တယ်"

"ယေဘုယျအားဖြင့် ပြောရရင် အဖြူရောင်၀တ်စစ်ဆေးသူတွေ လှုပ်ရှားတိုင်း ဒါက ကြီးကြပ်ရေးဗိမာန်က အရေးကြီးတဲ့အရာတစ်ခုခုကို ကြေညာတာ ဒါမှမဟုတ် ကြီးမားတဲ့မရာတစ်ခုခု ဖြစ်ပျက်ခဲ့တယ်လို့ ဆိုလိုနေတာပဲ"

နှင်းခဲဂိုဏ်းချုပ်၏ အမူအရာက လေးနက်နေပြီးမေးသည်။ 

"ဘာလို့၀တ်ရုံဖြူစစ်ဆေးသူအားလုံး မြောက်၀င်ရိုးစွန်းကြယ်ဒေသကို လာကြသလဲဆိုတာ သိလို့ရမလား"

ဒီအချိန်တွင် နှင်းခဲဂိုဏ်းချုပ်က နှင်းခဲဂိုဏ်းအကြောင်းကို ပြောဆိုနေခြင်းမဟုတ်ဘဲ မြောက်၀င်ရိုးစွန်းကြယ်ဒေသအကြောင်း ပြောဆိုနေခြင်းပင်။ 

ဒါကလည်း နှင်းခဲဂိုဏ်းချုပ် မြောက်၀င်ရိုးစွန်းကြယ်ဒေသ၏ အရှင်သခင်ဖြစ်လာရန်အတွက် တဖြည်းဖြည်းကျင့်သား‌ရနေပြီဟု ဆိုလိုနေခြင်းဖြစ်သည်။ 

၀တ်ရုံဖြူစစ်ဆေးသူ အနည်းငယ်ခေါင်းညိတ်သည်။ 

"ခုနှစ်ရက်အတွင်းမှာ ကြီးကြပ်ရေးဗိမာန်ရဲ့ အဓိကအခန်းမှာ အဖွဲ့၀င်အသစ်စုဆောင်းမှုတစ်ခုရှိမယ်၊ အသက်ငါးဆယ်အောက်က ဘယ်သူမဆို နတ်ဘုရင်နယ်ပယ်ကနေ အထက်အဆင့်အထိ ပါ၀င်နိုင်တယ်၊ ဒီကိစ္စက အဆင့်မြင့်ကြယ်နယ်မြေရဲ့ ဖွံ့ဖြိုးမှုအတွက် အင်မတန်အရေးကြီးတယ်၊ ဒီတော့ မြောက်၀င်ရိုးစွန်းကြယ်ဒေသက အနည်းဆုံး လူငါးယောက်စေလွှတ်ရမယ်"

နှင်းခဲဂိုဏ်းချုပ် အနည်းငယ် ကြက်သေသေသွားသည်။ 

အသက်ငါးဆယ်အရွယ်ရှိရမည်ဖြစ်ပြီး အနည်းဆုံး နတ်ဘုရင်နယ်ပယ်ရှိရမည်။ သူတို့ မြောက်၀င်ရိုးစွန်းကြယ်ဒေသတစ်ခုလုံးကို စုဆောင်းလျှင်ပင် အားလုံးကို ရှာတွေ့နိုင်မည်မဟုတ်။ 

အကယ်၍ ရေခဲနတ်ဘုရားဗိမာန်၊ ရေခဲမြစ်ချိုင့်ဝှမ်းနှင့် အေးစိမ့်ရေခဲခန်းမတို့သာ မဖယ်ရှားခံရပါက သူတို့ရှာဖွေနိုင်လောက်သေးသည်။ 

သို့သော်ယခုတွင်မူ အရာအားလုံး ပြန်လည် လုပ်ဆောင်ရန် အချိန်ကျလာလေပြီ။ 

နှင်းခဲဂိုဏ်းချုပ် ကြည့်ရဆိုးသည့် အမူအရာဖြင့် ပြောသည်။ 

"မြောက်၀င်ရိုးစွန်းကြယ်ဒေသက မရှာ...."

ရှေ့ဆုံးက ၀တ်ရုံဖြူစစ်ဆေးသူ ကြားဖြတ်ပြောသည်။ 

"ငါကအမိန့်တွေကို လိုက်နာရုံပဲ၊ ငါ့မှာ မင်းတို့နဲ့ ဆွေးနွေးနေဖို့ အခွင့်အရေးမရှိပါဘူး၊ တကယ်လို့ ပြဿာနာတစ်ခုခုရှိတယ်ဆိုရင် အထက်ပုဂ္ဂိုလ်တွေနဲ့ ဆွေးနွေးဖို့အတွက် ကြီးကြပ်ရေးဗိမာန်ကို လာရောက်နိုင်ပါတယ်"

ထို့နောက် ၀တ်ရုံဖြူစစ်ဆေးသူများက နတ်အလင်းပျောက်ကွယ်သွားခြင်းနှင့်အတူ ပျောက်ကွယ်သွားကြလေတော့သည်။ 

အကြီးအကဲများ၏ အမူအရာများက ကြည့်ရဆိုးနေကြ၏။ 

"ဒါက ခြိမ်းခြောက်မှုတစ်ခုဖြစ်နေပြီဆိုတာ သိသာနေတာပဲ"

"ကြီးကြပ်ရေးဗိမာန်က ပုံမှန်ဆိုရင် ဒီလိုကိစ္စတွေကို ဂရုမစိုက်ဘူး၊ အခုသူတို့ စိတ်ပိုင်းဖြတ်ထားကြတော့ ကြီးမားတဲ့အရာ တစ်ခုခုဖြစ်ပျက်နေမှာကို ကျွန်တော်တို့ စိုးရိမ်မိတယ်"

"အခုနှင်းခဲဂိုဏ်းတစ်ခုလုံးမှာ ဂိုဏ်းချုပ်ရဲ့တပည့် ကျန်းချင်းလန်ကပဲ ဒီလိုအပ်ချက်နဲ့ ကိုက်ညီတယ်မလား"

နှင်းခဲဂိုဏ်းချုပ်၏ အမူအရာက အတော်လေးကြည့်ရဆိုးပြီး ဘာလုပ်ရမှန်းမသိတော့ပေ။ 

ဒီအချိန်မှာပင် မုဇီရှင်း ယဲ့ချိုးပိုင်ကို ကြည့်လိုက်သည်။ မုဇီရှင်းဘာကို ဆိုလိုနေသလဲဆိုတာ နားလည်သဖြင့် ယဲ့ချိုးပိုင်အပြုံးဖြင့် ခေါင်းညိတ်သည်။ 

"ကျွန်တော်တို့နဲ့ဆိုရင် လုံလောက်ပါပြီ"

"မင်းတို့နှစ်ယောက်လား" နှင်းခဲဂိုဏ်းချုပ် ယဲ့ချိုးပိုင်တို့ကို ကြည့်လိုက်၏။ 

"ဒါပေမယ့် မင်းတို့ထွက်သွားတော့မှာမလား"

ယဲ့ချိုးပိုင်ပြုံးသည်။ 

"ဒီကိစ္စကို နည်းနည်းတုံ့ဆိုင်းထားတာက ဘာမှမဖြစ်ပါဘူး၊ ဒါ့အပြင် ဇီရှင်း စီနီယာဆီကနေ စောင့်ရှောက်မှုအများကြီး ရခဲ့တယ်လေ၊ စီနီယာရဲ့ ကြင်နာမှုအတွက် ပြန်ပေးဆပ်တယ်လို့ သဘောထားလိုက်ပါ"

အကယ်၍ မုဇီရှင်း၊ ယဲ့ချိုးပိုင်နှင့် သူ့ဂျူနီယာညီနှစ်ဦးသာ ပါ၀င်လာပါက တကယ်ကို မှန်ပေသည်။

"မင်း ငါ့ရဲ့ကြင်နာမှုကို ပြန်ပေးဆပ်ခဲ့တာ ကြာပါပြီ" နှင်းခဲဂိုဏ်းချုပ် ပြုံးရင်း ခေါင်းညိတ်သည်။ 

"ဒါပေမယ့် အခုဒီထက်ပိုကောင်းတဲ့နည်း မရှိတော့ဘူး၊ နှင်းခဲဂိုဏ်းက မင်းတို့ကို ကျေးဇူးကြွေးတစ်ခု တင်သွားပြီလို့ပဲ မှတ်ယူလိုက်ပါ"

ဒီဖြစ်ရပ်ပြီးနောက် မြောက်၀င်ရိုးစွန်းကြယ်ဒေသရှိ ဧရာမတယ်လီပို့အစီအရင်တစ်ခုရှေ့တွင် ယဲ့ချိုးပိုင်၊ မုဇီရှင်း၊ မုဖူရှန်းနှင့် ဖန်ချန်းတို့ စုစည်းနေသောအခါ ကျန်းချင်းလန် အနည်းငယ်ကြက်သေသေသွားသည်။ 

မုဖူရှန်း အားကိုးရာမဲ့နေပုံရသည်။ 

"အစ်ကိုကြီး၊ နည်းနည်းလောက် နားလို့ရမလား၊ ကျွန်တော်တစ်ခုပြီးသွားတိုင်း နောက်တစ်ခုက အမြဲရောက်လာတယ်"

တစ်ခါတစ်ရံ ယဲ့ချိုးပိုင်၏ ထိရောက်မှုကြောင့် မုဖူရှန်းအတော်လေး သိမ်းသွင်းခံရသည်။ 

ဖန်ချန်းပြုံးသည်။ 

"ဒါမကောင်းဘူးလား၊ ဘာပဲဆိုဆို အထူးအစီအစဉ်တွေရှိတာမှ မဟုတ်တာ၊ ပိုပြီးလေ့ကျင့်လေလေ၊ ခွန်အားကို ပိုတိုးအောင် လုပ်နိုင်မှာပဲလေ"

ယဲ့ချိုးပိုင် နောက်ပြောင်သည့်အသွင် ဆူပူကြိမ်းမောင်းသည်။ 

"ကောင်းပြီ၊ ညည်းညူနေတာရပ်တော့၊ ဒီကိစ္စပြီးသွားတဲ့အခါကျရင် အိမ်ပြန်ပြီး မင်္ဂလာပွဲတစ်ခု ကျင်းပမယ်"

မင်္ဂလာပွဲလား!

မုဖူရှန်း၊ ဖန်ချန်းနှင့် ကျန်းချင်းလန်တို့၏ မျက်လုံးများက ပြူးကျယ်သွားပြီး ရှက်သွေးဖြာနေသည့် မုဇီရှင်းကို ကြည့်လိုက်ကြ၏။ 

"ဂုဏ်ယူပါတယ်၊ ဂုဏ်ယူပါတယ်" မုဖူရှန်း လက်သီးဆုပ်ကာ ပြုံးသည်။ 

ယဲ့ချိုးပိုင် သူ့ကိုစိုက်ကြည့်သည်။ 

"ဒီလိုနှုတ်နဲ့ပြော‌တာက အသုံးမ၀င်ဘူး၊ အချိန်ကျလာတဲ့အခါကျရင် ‌မင်းရဲ့ ကျေးဇူးသိတတ်မှုကို ဖော်ပြဖို့သတိရပါ၊ ဒါပေမယ့် မဟာနတ်သခင်မုရဲ့ စုဆောင်းမှုအရဆိုရင် ဒါက အရမ်းများတယ်လို့တော့ မထင်မိပါဘူး"

မုဖူရှန်း၏ မျက်နှာက တောင့်တင်းသွားပြီး တစ်ဖက်လှည့်ကာ တယ်လီပို့အစီအရင်ထဲသို့ ၀င်သွားလေတော့သည်။ 

"အဲဒီနေ့ သူ့မှာတစ်ခုခုရှိလာချင် ရှိလာမှာပေါ့"

မုဖူရှန်းထွက်ပြေးသွားတာကို ကြည့်ရင်း သူတို့ရယ်မောလိုက်ကြပြီးနောက် အထဲသို့ ၀င်လိုက်ကြသည်။ 

.....

မြောက်၀င်ရိုးစွန်းကြယ်ဒေသက ကြီးကြပ်ရေးဗိမာန်၏ အဓိကခန်းမနှင့် အတော်လေးဝေးသည်။ 

အာကာတယ်လီပို့အစီအရင်တစ်ခုရှိလျှင်ပင် ကြယ်နယ်မြေများဆီသို့ ကူးပြောင်းမှုအများအပြားလိုအပ်သည်။ 

စတုတ္ထနေ့တွင် ယဲ့ချိုးပိုင်နှင့်ကျန်သောသူများ အောင်မြင်စွာ ရောက်လာခဲ့ကြသည်။ 

ကြီးကြပ်ရေးဗိမာန်၏ အဓိကခန်းမက မည်သည့်ကြယ်နယ်မြေတွင်မှ မရှိဘဲ အမှောင်ထုထဲတွင် ရပ်နေသည့် ဧရာမရှေးဟောင်းနန်းတော်ကြီးတစ်ခုသာ ရှိပြီး ဒါက တန်ခိုးကြီး၊ ဂုဏ်ကျက်သရေရှိ၊ ထူးခြားကာ ဆန်းကြယ်သည်။ 

လေဟာနယ်က မငြိမ်မသက်ဖြစ်နေပြီး မုန်တိုင်းများက စုစည်းနေကြ၏။ 

သို့စေကာမူ ကြီးကြပ်ရေးဗိမာန်က ကျောက်တုံးကြီးတစ်တုံးပေါ်တွင် မြဲမြံစွာရှိနေပြီး တစ်ချိန်တည်းမှာပင် အပြင်ရံနံက ခြစ်ရာဟူ၍ပင်မရှိချေ။ ဒါကလည်း ကြီးကြပ်ရေးဗိမာန်က အင်မတန် အစွမ်းထက်တာကို သက်သေပြရန် လုံလောက်ပါသည်။ 

ကြီးကြပ်ရေးဗိမာန်အနီးတွင် အတားအဆီးတစ်ခုရှိပြီး ကျင့်ကြံသူများကို ဒီနေရာ၌ လွတ်လပ်စွာ သွားခွင့်ပေးထားပုံရသည်။ 

ဒီအချိန်တွင် ကျန်းချင်းလန်မေးသည်။ 

"စီနီယာ၊ အခုဘယ်ကိုသွားကြမလဲ"

ဒီစကားပြောလိုက်စဉ် ကျန်းချင်းလန် မုဖူရှန်းကို ကြည့်လိုက်၏။ 

မုဖူရှန်းလေးနက်စွာပြောသည်။ 

"ကျုပ်ကို စီနီယာလို့မခေါ်ပါနဲ့၊ ဒါက တစ်ခုခုကို ဖော်ပြနေသလို ဖြစ်နေလိမ့်မယ်၊ ပြီးတော့ ခင်ဗျား သူ့ကိုမေးသင့်တယ်၊ သူက ဒီမှာ ဘောစ့်ပဲ"

ထိုသို့ဆိုပြီးနောက် မုဖူရှန်း ယဲ့ချိုးပိုင်ကို လက်ညိုးထိုးပြသည်။ 

"ပြီးတော့အစ်ကိုကြီး၊ မရီးမျက်နှာကို ဖုံးထားဖို့အတွက် သတိပေးပါရစေ"

မုဇီရှင်း လုံး၀ကြက်သေသေသွားသည်။ သူမ၏ ရှက်ရွှံ့ကာ အနည်းငယ် နီမြန်းနေသည့် ပါးမို့မို့လေးများက ချစ်စရာကောင်းနေသည်။ 

ကျန်းချင်းလန် မှင်သက်နေသည်။ 

ရှင်ဘာလို့ ကျွန်မကိုကျ သတိမပေးရတာလဲ၊ ဘာလို့ခွဲခြားဆက်ဆံနေရတာလဲ!

ယဲ့ချိုးပိုင်ပြုံးသည်။ 

"ဘာမှမဖြစ်ပါဘူး၊ နှင်းခဲဂိုဏ်းချုပ် ပြောစကားအရဆိုရင် ငါတို့အရင်ဆုံး ဘယ်ကြယ်ဒေသကလဲဆိုတာကို တင်သွင်းပြီး ကြီးကြပ်ရေးဗိမာန်က ငါတို့ကို ဆင့်ခေါ်တာကို စောင့်ရမယ်"

ထို့နောက် သူတို့ ကြီးကြပ်ရေးဗိမာန်၏ ပထမထပ်ကို ၀င်သွားကြသည်။ 

ဒီနေရာက ကျင့်ကြံသူမျိုးစုံနှင့် ၀န်းရံခံထားရသည်။ 

သူတို့က ကြယ်ဒေသအသီးသီးက လာခဲ့ကြခြင်းပင်။ 

၀တ်ရုံနက်စစ်ဆေးသူတစ်ဦးကို ရှာပြီး ယဲ့ချိူးပိုင် မြောက်၀င်ရိုးစွန်းကြယ်ဒေသနှင့် သက်ဆိုင်သည့် တုံကင်ကို လက်လွှဲပေးသည်။ 

ဒါကိုမြင်သော် ၀တ်ရုံနက်စစ်ဆေးသူ လူတစ်ဦး၏ အရွယ်နှင့်အသက်ကို စမ်းသပ်သည့် ကျောက်တုံးတစ်တုံးကို ထုတ်ယူလိုက်၏။ 

အမှားအယွင်းမရှိတာကို အတည်ပြုပြီးနောက်တွင် ဒါကပြီးသွားခဲ့သည်။ 

မုဖူရှန်းကမူ လုချန်ရှန်း၏ အထူးကျောက်စိမ်းဆွဲသီးကိုသုံးပြီး သူ့ကျင့်ကြံခြင်းအဆင့်ကို ပြီးပြည့်စုံစွာ ဖုံးကွယ်ထားခဲ့သည်။

သို့သော် ယခုလေးတင် မုဖူရှန်းပြောခဲ့သည့်စကားက အမှန်တရားဖြစ်လာသည်။ 

မျှော်လင့်ထားသည့်အတိုင်းပင် လူအနည်းငယ် အပြုံးနှင့်အတူ လျှောက်လာကြသည်။ 

"မင်းတို့က မြောက်၀င်ရိုးစွန်းကြယ်ဒေသက နတ်သမီးနှစ်ဦးလား"

သူတို့က ကြမ်းတမ်းသော်လည်း လူတိုင်းတွင် ချစ်စရာကောင်းပြီး လှပသော နှလုံးသားရှိသည်။ သူတို့၏ခွန်အားနှင့် စွမ်းအားက ကျယ်ပြန့်လာပြီးနောက် ဒီလောကီရေးရာဆန္ဒကလည်း မကြုံစဖူး တိုးပွားလာကြသည်သာ။ 

မနီးမဝေးတစ်နေရာ၌ အနက်ရောင်၀တ်ရုံ၀တ်ဆင်ထားသည့် လူတစ်ဦး ဒီမြင်ကွင်းကို မြင်ပြီး ရှေ့သို့သွားချင်သော်လည်း သူရပ်လိုက်သည်။ 

အပိုင်း(1065) coming။ 

All Chapters