← Chapters

#‌ကမ္ဘာကြီး၏ ထိတ်လန့်မှု၊ လျှို့ဝှက်ချက်များ#

Vol. 75 Ch. 1053

#‌ကမ္ဘာကြီး၏ ထိတ်လန့်မှု၊ လျှို့ဝှက်ချက်များ#

Vol. 75 Ch. 1053

အစွမ်းထက်ဖိအားတစ်ခုက နှင်းခဲဂိုဏ်းတစ်ခုလုံးပေါ်သို့ ကျဆင်းလာသည်။ 

နတ်အလငါးက တောက်ပနေသော်လည်း နှင်းခဲဂိုဏ်းတပည့်အားလုံးကို အသက်ရှုကျပ်စေသည့် ဖိအားကို ခံစားရစေသည်။ 

ဒါက နှင်းခဲဂိုဏ်းအပေါ် ရေခဲနတ်ဘုရားဗိမာန်၏ ပထမဆုံးခွန်အားပြသခြင်းပေတည်း။ 

သူတို့က ကောင်းမွန်သည့် ရည်ရွယ်ချက်များနှင့် လာကြခြင်းမဟုတ်ပါ။ 

နှင်းခဲဂိုဏ်းအောက်ကို ရောက်နေကြပြီဖြစ်သည့် ကျင့်ကြံသူများအပြင် နှင်းခဲဂိုဏ်းအနီးတစ်ဝိုက်ကို ပုန်းနေကြသည့် တခြားဂိုဏ်းနှစ်ဂိုဏ်း၏ အဆင့်မြင့်လူများကလည်း တွေးနေကြသည်။ 

ဒီနေ့ကိစ္စက ကောင်းကောင်းမပြီးဆုံးသွားမှာကို သူတို့ကြောက်နေမိကြသည်။ 

ဒီအခိုက်အတန့်၌ ကျန်းချင်းလန် ယဲ့ချိုးပိုင်၏ခြံ၀င်းထဲသို့ ရောက်လာသည်။ 

"မကောင်းတော့ဘူး၊ ရေခဲနတ်ဘုရားဗိမာန်ရဲ့လူတွေက ဒီကိုရောက်နေကြပြီ၊ ရှင့်...."

သို့စေကာမူ ကျန်းချင်းလန် ခြံ၀င်းထဲကို ၀င်လာစဉ် ယဲ့ချိုးပိုင်ခြေချင်းချိတ်ထိုင်ကာ ကျင့်ကြံနေတာကို တွေ့လိုက်သဖြင့် သူမထိတ်လန့်သွား၏။ 

အလွန်အမင်း ထက်ရှိသည့်ဓားနတ်ဘုရားဆန္ဒက သုံးပေရှည်ဓားသွားများအဖြစ် အမှန်တကယ်ပြောင်းလဲကာ အရာတိုင်းကို ချိုးဖျက်ပစ်နိုင်ပုံရပြီး ပတ်၀န်းကျင်၌ ဖြတ်သန်းသွားသည်။ 

ကျန်းချင်းလန်က ယဲ့ချိုးပိုင်နှင့် နယ်ပယ်တူဖြစ်သည့် နတ်ဘုရင်နယ်ပယ် အလယ်အလတ်အဆင့်တွင် ရှိသော်လည်း သူမ ခုခံရန်အတွက် အခွင့်အလမ်းမရှိသလို ခံစားရသည်။ 

ဒီဓားပိုင်နက်ထဲတွင် ယဲ့ချိုးပိုင်သာ သတ်ရန်ရည်ရွယ်ချက်ရှိပါက သူမတွင် ရှင်ကျန်နေရန်အတွက် အခွင့်အ‌လမ်းမရှိဘူးဆိုတာ ကျန်းချင်းလန်ယုံကြည်သည်။ 

သူတို့နှစ်ဦးစလုံးက နတ်ဘုရင်နယ်ပယ် အလယ်အလတ်အဆင့်ဖြစ်သည့်တိုင် သူတို့အကြား မည်သည့်အတွက်ကြောင့် ဤမျှထိ ကြီးမားသည့် ကွာဟမှုတစ်ခု ရှိနေရလေသနည်း။ 

ရုတ်တရက် ဓားဆန္ဒက စတင်နောက်ဆုတ်သွားစဉ် ယဲ့ချိုးပိုင်မျက်လုံးများကို ဖြည်းဖြည်းချင်းဖွင့်လိုက်သည်။ 

သူ ကျန်းချင်းလန်၏ ထိတ်လန့်နေသည့် အကြည့်များနှင့် ဆုံသောအခါ သူမ၏ မျက်လုံးထဲတွင် ပြင်းထန်သည့် နာကျင်မှုတစ်ခုကို ခံစားလိုက်ရသဖြင့် ကျန်းချင်းလန် မျက်စိမှေးလိုက်မိသည်။ 

"ကျုပ်နားလည်ပြီ၊ သွားကြရအောင်"

.....

မျက်စိတစ်မှိတ်အတွင်းမှာပင် နှင်းခဲဂိုဏ်းဦးဆောင်သည့် အကြီးအကဲများက ရေခဲနတ်ဘုရားဗိမာန်ရှေ့ နှင်းခဲဂိုဏ်းအထက်တွင် ပေါ်လာခဲ့သည်။ 

အာဏာရှင်ဆန်သည့် အော်ရာတစ်ခု ထွက်လာပြီး ကောင်းကင်ကနေ ကျဆင်းလာသည့် ဖိအားကို လုံး၀ပိတ်ဆို့ပစ်သည်။ 

နှင်းခဲဂိုဏ်းချုပ် ရှေ့တွင်ရပ်ပြီး သတ်လတ်ပိုင်းအရွယ်လူနှင့် သူ့နောက်က အတော်လေးခန့်ညားသည့် လူငယ်ကိုကြည့်ရင်း နက်ရှိုင်းသောအသံဖြင့် မေးသည်။ 

"ငါတို့ရဲ့နှင်းခဲဂိုဏ်းက ရေခဲနတ်ဘုရားဗိမာန်ရဲ့ တောင်းဆိုချက်ကို သဘောမတူခဲ့ဘူးလို့ ငါထင်တယ်၊ ဒီလိုအရမ်းကာရော ၀င်လာတာက အရမ်းရိုင်းလွန်းတယ် မထင်ဘူးလား"

သက်လတ်ပိုင်းအရွယ်လူက ရေခဲနတ်ဘုရားဗိမာန်၏ခန်းမသခင် ရှန်းဖူယန်ဖြစ်သည်။ 

ရှန်းဖူယန်၏ မျက်နှာပေါ်၌ ခပ်ပေါ့ပေါ့အပြုံးတစ်ပွင့်ရှိသည်။ 

"လွန်ခဲ့တဲ့ခုနှစ်ရက်က နှင်းခဲဂိုဏ်းနဲ့ ငါဆွေးနွေးပြီးပြီ၊ အခုခုနှစ်ရက်ကုန်ဆုံးသွားပြီဆိုတော့ ငါတို့ရေခဲနတ်ဘုရားဗိမာန်က အဆင့်မြင့်ပုဂ္ဂိုလ်တွေအားလုံးက ဒီလိုရက်ရောတဲ့ မင်္ဂလာလက်ဆောင်တစ်ခုကိုတောင် ယူလာပြီး ကမ္ဘာကြီးကို ကြေညာလိုက်ပြီ၊ ဒါက ငါတို့ရဲ့ရိုးသားမှုကို ပြသနေတာပဲမလား"

ထို့နောက် ရှန်းဖူယန် အနည်းငယ်လက်ဝှေ့ယမ်းပြသည်။ 

နောက်က လူငယ်မှာနားလည်သည့်အလား လှပသည့် သစ်သားသေတ္တာတစ်လုံးကို လက်နှစ်ဖက်နှင့်ကိုင်ပြီး ရှေ့သို့လျှောက်လာကာ အနည်းငယ်ဦးညွတ်သည်။ 

"စီနီယာ၊ ဒါက ကျွန်တော်တို့ ရေခဲနတ်ဘုရားဗိမာန်ရဲ့တုံကင်ပါ၊ ကျေးဇူးပြုပြီး လက်ခံပေးပါ"

ထို့နောက် သူလူတိုင်းရှေ့တွင် သစ်သားသေတ္တာကိုဖွင့်လိုက်၏။ 

ထို့ထဲက တစ်ခုက ရေခဲပြာရောင်သလင်းတစ်ခုပင်။ 

ဒီပစ္စည်းကိုမြင်သောအခါ ဂိုဏ်းနှစ်ဂိုဏ်းမှ အထက်အဆင့်ပုဂ္ဂိုလ်များက ထိတ်လန့်သွားကြ၏။ 

"ကောင်းကင်ဘုံရေခဲမရီဒျန်လား"

"သူတကယ်အကုန်လုပ်နေတာပဲ၊ နှင်းခဲဂိုဏ်းသာ ဒီပစ္စည်းကို ရသွားမယ်ဆိုရင် သူတို့နောက်ထပ်ဂိုဏ်းချုပ်အဆင့်ပုံရိပ်တစ်ခုကို သေချာပေါက် ပျိုးထောင်နိုင်လိမ့်မယ်"

"ဒါက လူတစ်ယောက်ရဲ့ကံကြမ္မာကို ပြောင်းလဲပစ်နိုင်တဲ့ ပစ္စည်းတစ်ခုပဲ၊ ပြောရရင် ကျင့်ကြံသူရဲ့သွေးကြောကို အတင်းပြောင်းလဲပစ်နိုင်တယ်၊ ဒါ့အပြင် ဒါက ရေခဲနတ်ဘုရားဗိမာန်က နှင်းခဲဂိုဏ်း ထပ်ပြီး ပိုအားကောင်းလာမှာကို မကြောက်ဘူးလို့ ဆိုလိုနေတာမလား"

ဒီပစ္စည်းကိုမြင်သော် နှင်းခဲဂိုဏ်းချုပ် မျက်မှောင်ကြုတ်ရင်း အသေအချာ တွေးနေမိသည်။ 

လူငယ်ကပြုံးသည်။ 

"ဒါက ကျွန်တော်တို့ရေခဲနတ်ဘုရားဗိမာန်ရဲ့ ရိုးသားမှုကို သက်သေပြဖို့အတွက် လုံလောက်မှာပါ၊ ဒါ့အပြင် ကျွန်တော်ချန်ယုနင်က ဇီရှင်းအပေါ်ရိုးသားပါတယ်၊ စီနီယာ ကျွန်တော့်‌ဆန္ဒကို ဖြည့်ဆည်းပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်"

နှင်းခဲဂိုဏ်းချုပ် ထူးမခြားနားစွာပြောသည်။ 

"သူတော်စင်မိန်းမပျိုအတွက် ငါတို့ဆုံးဖြတ်ချက်ချလို့မရဘူး၊ သူကလက်ရှိ ငါတို့ရဲ့ နှင်းခဲဂိုဏ်းလျှို့ဝှက်နယ်မြေမှာ ရှိနေပြီး သီးသန့်ကျင့်ကြံနေတာကနေ ထွက်မလာသေးဘူး"

"ထိမ်းမြားလက်ထပ်တယ်ဆိုတာက မိဘတွေရဲ့တာ၀န်ပါ၊ ဇီရှင်းရဲ့ဆရာဖြစ်တဲ့ စီနီယာက သူ့ကိုယ်စား ဆုံးဖြတ်ချက်ချနိုင်ပါတယ်" ချန်ယုနင် အလျင်မလိုသည့်အသွင် ပြုံးသည်။ 

"ဒီတော့ စီနီယာသဘောတူနေသရွေ့ ဇီရှင်းကလည်း ငြင်းနိုင်မှာမဟုတ်ဘူးဆိုတာ ကျွန်တော်ယုံပါတယ်"

ဘေးက ရှန်းဖူယန် ထူးမခြားနားစွာ ပြောသည်။ 

"ငါတို့ဂိုဏ်းနှစ်ဂိုဏ်း အိမ်ထောင်ရေးမဟာမိတ်တစ်ခု ဖွဲ့နေသရွေ့ ဒါက နှင်းခဲဂိုဏ်းအတွင် သေချာပေါက် ကြီးကျယ်တဲ့ အရာတစ်ခုဖြစ်လာမှာပါ"

သေစမ်း!

နှင်းခဲဂိုဏ်းချုပ် သူတို့နှစ်ယောက်၏ အရှက်မဲ့လွန်းမှုအပေါ် စိတ်ထဲကနေ ကျိန်ဆဲလိုက်မိသည်။ 

"တကယ်လို့ သူတော်စင်မိန်းမပျိုက တာအိုလက်တွဲဖော်တစ်ယောက် ရှာချင်တယ်ဆိုရင် သူလည်း ပါရမီရှင်တစ်ယောက်ဖြစ်ဖို့ လိုတယ်"

ရှန်းဖူယန် အူလှိုက်သည်းလှိုက်ရယ်မောသည်။ 

"ငါ့သားက အသုံးမကျဘူးဆိုပေမယ့် မြောက်၀င်ရိုးစွန်းကြယ်ဒေသက ရွယ်တူတွေနဲ့ ယှဉ်မယ်‌ဆိုရင် သူကလူတိုင်းကို ငုံ့ကြည့်ဖို့အတွက် အရည်အချင်းပြည့်မီပါတယ်"

ဒီစကားလုံးများက မောက်မာသော်လည်း ဘယ်သူမှသူ့ကို မငြင်းနိုင်ပါ။ 

ချန်ယုနင်က ဒီရာထူးကို သယ်ဆောင်ထားရန်အတွပ် အမှန်တကယ် အရည်အချင်းရှိပါသည်။ 

သူက ယခုလိုငယ်ရွယ်သည့်အရွယ်မှာပင် နတ်အင်ပါယာနယ်ပယ် အစောပိုင်းအဆင့်ကို ရောက်နေပြီဖြစ်သလို ရေခဲနတ်ဘုရားသွေးကြောနှင့် ရေခဲနတ်ဘုရားဗိမာန်၏ နက်ရှိုင်းသော အခြေခံလည်းရှိသေးသည်။

ချန်ယုနင်က နောက်ထပ်နှစ်တစ်ထောင်အတွင်း ရေခဲနတ်ဘုရားဗိမာန်၌ နတ်သခင်နယ်ပယ်ကို ချိုးဖျက်၀င်ရောက်ရန် အမြင့်ဆုံးအခွင့်အလမ်းရှိသည့် ပါရမီရှင်တစ်ဦးဟု ဆို၍ရသည်။ 

သို့စေကာမူ ဂိုဏ်းချုပ်ပြုံးသည်။ 

"ဒါပေမယ့် သူတော်စင်မိန်းမပျိုမှာ တာအိုလက်တွဲဖော်တစ်ယောက် ရှိနေပြီးပါပြီ၊ သူ့နှလုံးသားက တခြားတစ်ယောက်နဲ့ပဲ သက်ဆိုင်တယ်၊ ယုနင်လက်လျှော့လိုက်တာ ပိုကောင်းပါတယ်"

ဂိုဏ်းချုပ်၏စကားလုံးများကို ကြားရသောအခါ လူတိုင်းအနည်းငယ် ထိတ်လန့်သွားကြ၏။ 

နှင်းခဲဂိုဏ်းက တကယ်ပဲ ရေခဲနတ်ဘုရားဗိမာန်ကို ငြင်းပစ်လိုက်တာလား!

ရေခဲနတ်ဘုရားဗိမာန်က သူတို့ပန်းတိုင်ကို မအောင်မြင်မချင်း လက်လျှော့မှာမဟုတ်တာ ရှင်းနေသည်။ 

ဒါ့အပြင် ဂိုဏ်းချုပ်စကားလုံးများနောက်မှ ဆိုလိုရင်းကလည်း သိသာနေသည်။ 

ရှန်းဖူယန်အနည်းငယ် မျက်မှောင်ကြုတ်ပြီး မေးသည်။ 

"မြောက်၀င်ရိုးစွန်းကြယ်ဒေသမှာ ငါ့သားထက် ပိုတော်တဲ့သူတစ်ယောက်ရှိနေတယ်လို့ ပြောနေတာလား"

တခြားတစ်ဘက်တွင် ချန်ယုနင်ပြုံးနေသည်။ 

သူယုံကြည်ပုံမပေါ်ပေ။ 

"ဒီလိုဆိုမှတော့ စီနီယာ အဲဒီလူကို ကျွန်တော််နဲ့ လာတွေ့ခွင့်ပေးလိုက်ပါ၊ ဇီရှင်းက ပါရမီရှိတဲ့လူတွေကို သဘောကျတာမို့ အဲဒီလူရဲ့ပါရမီနဲ့ ခွန်အားက ကျွန်တော့်ထက် သာလွန်နေမယ်ဆိုရင် ကျွန်တော် ဆန္ဒအလျောက် နှုတ်ထွက်မယ်"

သူ့အသံက အတော်လေးယုံကြည်မှုပြည့်၀နေသည်။ 

ရှန်းဖူယန်အနည်းငယ် မျက်မှောင်ကြုတ်နေသော်လည်း ဒီအကြောင်းကို တွေးပြီးနောက်တွင် သူမတားခဲ့ပေ။ 

ဂိုဏ်းချုပ် လှောင်ပြုံးပြုံးလိုက်သည်။ 

အောက်က မုဖူရှန်း ယဲ့ချိုးပိုင်ကို ကြည့်လိုက်သည်။ 

"ဒီဂိုဏ်းချုပ်က အတော်လေးအကြံအစည်များတာပဲ၊ ဒါပေမယ့် အစ်ကိုကြီးကတော့ မီးတောက်ပေါ်မှာ အကင်ခံလိုက်ရပြီ"

ဖန်ချန်းကလည်းပြုံးသည်။ 

"ဒီလိုဆိုရင်တောင် အစ်ကိုကြီးရဲ့လက်ရှိခွန်အားနဲ့ ဒါကပြဿာနာတစ်ခု မဟုတ်လောက်ပါဘူး"

အရင်ကဆိုပါက ကျန်းချင်းလန် သေချာပေါက် ပြန်ချေပပြောဆိုလိမ့်မည်။ 

သို့စေကာမူ ယဲ့ချိုးပိုင်ကျင့်ကြံနေသည့် မြင်ကွင်းကိုမြင်ပြီးနောက် သူမဘာတစ်ခုမှ မပြောနိုင်တော့ပါ။ 

ယဲ့ချိုးပိုင်ပခုံးတွန့်ရင်း လက်ထဲတွင် ငွေနဂါးဓားကို တင်းတင်းဆုပ်ပြီး ရေခဲဖုံးနေသည့်မြေကို ညာခြေနှင့် အနည်းငယ်ထိပြီး လူသောင်းချီ၏ အကြည့်များအောက်တွင် နှင်းခဲဂိုဏ်းဘေးသို့ ရောက်သွားခဲ့သည်။ 

ယဲ့ချိုးပိုင်၏ အော်ရာကို ခံမိစားသောအခါ မရေမတွက်နိုင်လောက်သည့် လူများတွင် ထူးဆန်းနေသည့် အမူအရာများရှိနေသည်။ 

တိမ်များကြား၌ အဖိုးအိုနှစ်ဦး စကားစမြည်ပြောနေကြသည်။ 

"နတ်ဘုရင်နယ်ပယ်အလယ်အလတ်အဆင့်လား၊ ဂိုဏ်းချုပ်ဘာကို ဆိုလိုနေတာလဲ"

"ဒါမှမဟုတ် ဒီကလေးမှာ ထူးခြားတာတစ်ခုခု ရှိနေလို့များလား"

"နယ်ပယ်နဲ့ သွေးကြောနှစ်ထပ်ကွမ်းဖိနှိပ်မှုအောက်မှာ သူ့မှာ ဘယ်လိုပဲကောင်းကင်ကို ဆန့်ကျင်နေတဲ့ ဆန်းကြယ်တဲ့လှုပ်ရှားမှုတွေရှိပါစေ သူလုပ်နိုင်တာ ဘာမှရှိမှာမဟုတ်ဘူး"

"စောင့်ကြည့်ကြရအောင်.... စောင့်ကြည့်ကြရအောင်"

ချန်ယုနင် အသံထွက်မတတ်ရယ်လုနီးပါးပင်။ သူယဲ့ချိုးပိုင်အားကြည့်ရင်း မျက်နှာ၌ အပြုံးတစ်ပွင့်ကို ထိန်းသိမ်းထားပြီး မေးသည်။ 

"မင်းကဇီရှင်းရဲ့တာအိုလက်တွဲဖော်လား၊ ကြည့်ရတာ မင်းက မြောက်၀င်ရိုးစွန်းကြယ်ဒေသက ဂိုဏ်းတွေထဲကလည်း မဟုတ်ပုံပဲ"

"ဒါပေမယ့် မင်းနယ်ပယ်ကိုကြည့်ရမယ်ဆိုရင်တော့...အင်း.....ငါသာမင်းဆိုရင် အန္တရာယ်ကို ရှောင်ရှားဖို့အတွက် ဆန္ဒအလျောက် နောက်ဆုတ်သွားမှာ"

ချန်ယုနင်၏ဖိအားကို ရင်ဆိုင်ရာ၌ ယဲ့ချိုးပိုင် ငွေနဂါးဓားကို ကိုင်ထားပြီး ကျောကို ဖြောင့်ထားသည်။ 

"ငါ့မှာ ဒီလိုအတွေးမျိုးရှိပြီး အားကောင်းသူကို ကြောက်ရုံမျှနဲ့ ငါ့ရဲ့တာအိုလက်တွဲဖော်ကို စွန့်လွှတ်မယ်ဆိုရင် ငါက ဇီရှင်းဘေးမှာ ရပ်ဖို့အတွက် မထိုက်တန်ဘူး"

"ဒါ့အပြင် ငါ့အမြင်အရပြောရရင် မင်းခံစားရမယ့် ဒဏ်ရာတွေက သေချာပေါက် ငါ့ထက်ပိုပြင်းထန်မှာပါ"

အပိုင်း(1054) coming။ 

All Chapters