← Chapters

#‌ကောင်းကင်အဆုံးသတ်ဓားချက်၊ ရေခဲနတ်ဘုရားဗိမာန်၏ ဆိုးကျိုး#

Vol. 75 Ch. 1055

#‌ကောင်းကင်အဆုံးသတ်ဓားချက်၊ ရေခဲနတ်ဘုရားဗိမာန်၏ ဆိုးကျိုး#

Vol. 75 Ch. 1055

ယဲ့ချိုးပိုင် လွန်ခဲ့သောငါးရက်အတွင်း ရှေးဦးမူလဓားကျမ်း၏ ပဉ္စမမြောက်ဓားချက်ကို ပြီးပြည့်စုံအောင် လုပ်ခဲ့သည်။ 

ဓားနတ်ဘုရားနယ်ပယ်ကို တက်လှမ်းပြီးနောက် သူပဉ္စမမြောက်ဓားချက်အတွက် အခြေခံလိုအပ်ချက်များနှင့် ကိုက်ညီသွားခဲ့သည်။ သို့စေကာမူ သူဒါကို တကယ့်တိုက်ပွဲတွင် အသုံးပြုလိုပါက နက်ရှိုင်းသည့် နားလည်မှာတစ်ခု လိုအပ်နေဆဲပင်။ 

တည်ငြိမ်သည့်အခြေခံနှင့် ခေးအောစ့်အနှစ်သာရဓားခန္ဓာ၏ အားဖြည့်မှုကြောင့်သာ မဟုတ်ပါက ဒီတကယ့်တိုက်ပွဲတွင် ယဲ့ချိုးပိုင် ဒါကို ထုတ်လွှတ်နိုင်မည်မဟုတ်။ 

လူတိုင်း၏ ထိတ်လန့်နေသည့် အကြည့်များအောက်တွင် ဓားနတ်ဘုရားဆန္ဒက ငွေနဂါးဓားကိုယ်ထည်ပတ်လည်၌ အနည်းငယ်မျှ ယိုစိမ့်ခြင်းမရှိဘဲ လည်ပတ်နေသည်။ 

သူ့ခွန်အားအားလုံးက ငွေနဂါးဓားထဲတွင် ပါ၀င်နေသည့်အလား ဒါက ယဲ့ချိုးပိုင်ကို အားအကောင်းဆုံး တိုက်ခိုက်မှုကို ထုတ်လွှတ်ခွင့်ပေးသည်။ 

"ဒါက တကယ်ပဲ နတ်ဘုရင်နယ်ပယ်ကျင့်ကြံသူတစ်ယောက် အသုံးပြုနိုင်တဲ့ လှုပ်ရှားမှုတစ်ခုလား..."

"ချန်ယုနင်ရဲ့ ရေခဲနတ်ဘုရားသွေးကြော ပေါက်ကွဲလာပြီးနောက်မှာတောင် သူက တန်ပြန်တိုက်ခိုက်နိုင်သေးတယ်ဆိုတော့ နှင်းခဲဂိုဏ်းက ဝှက်ဖဲကောင်းတစ်ခုကို တကယ်ဝှက်ထားခဲ့တာပဲ"

"ဒီဓားချက်က ချန်ယုနင်၏တိုက်ခိုက်မှုကို ချိုးဖျက်နိုင်မလားဆိုတာကတော့ ပြောဖို့ခက်တယ်၊ စောင့်ကြည့်ကြရအောင်"

ဗိမာန်သခင်ရှန်းဖူယန် ထိုဓားကိုကြည့်ရင်း နှလုံးသားထဲတွင် မကောင်းသည့်ခံစားချက်တစ်ခုရလာသည်။ 

ဒီဓားစွမ်းအားက အမှန်တကယ်ပင် နတ်အင်ပါယာနယ်ပယ်ကို ရောက်နေခဲ့သည်။ 

ချန်ယုနင်၏ရေခဲနတ်ဘုရားသွေးကြောကလည်း နယ်ပယ်ဖြတ်ကျော်တိုက်ခိုက်နိုင်သည့် သက်ရောက်မှုကို ရယူပေးနိုင်သော်လည်း သူတို့နှစ်ဦးအကြားက ခြားနားချက်ကို သူအလွယ်တကူမြင်နိုင်ပါသည်။ 

ဒီအချိန်မှာပင် ရေခဲပန်းဆွဲက ယဲ့ချိုးပိုင်၏ မျက်ခုံးကြားသို့ ချဉ်းကပ်နေလေပြီ။ 

ယဲ့ချိုးပိုင်၏မျက်လုံးထဲက အမူအရာက မပြောင်းလဲဘဲ ကျန်ရှိနေသည်။ 

ဓားနတ်ဘုရားဆန္ဒကို အမြင့်ဆုံးထိ စုစည်းပြီးနောက်တွင် သူဓားနှင့်အတူ ပိုင်းချလိုက်လေရာ ကျယ်လောင်သောမြည်သံနှင့်အတူ ရေခဲပန်းဆွဲနှင့် တိုက်မိသွားခဲ့သည်။ 

"ကောင်းကင်အဆုံးသတ်...."

ဘန်း....!

ဒီအခိုက်အတန့်မှာပင် ထိန်းချုပ်ထားသည့် ဓားနတ်ဘုရားဆန္ဒက အထိန်းအချုပ်မဲ့ ပေါက်ကွဲလာခဲ့သည်။ 

အလွန်အမင်းထက်ရှသည့် ရေခဲပန်းများက ရေခဲပန်းဆွဲပေါ်၌ ပွင့်လန်းနေလေပြီ။ 

အားနှစ်ခုတိုက်မိပြီး တစ်ခုကိုတစ်ခု ဖိနှိပ်လာစဉ် ပတ်၀န်းကျင်က လေဟာနယ်ကို တစ်လက်မချင်း ပြိုကွဲသွားစေသည်။ 

တစ်ခဏအကြာတွင် ဒီကမ္ဘာကြီးထဲက နှင်းမုန်တိုင်းက ဒီပိုင်နက်ထဲကို မကျူးကျော်နိုင်တော့ပါ။ 

သူအစွမ်းကုန်တိုက်ခိုက်ပြီး ရေခဲနတ်ဘုရားဆင်းသက်ခြင်းကို အသုံးပြုခဲ့သည့်တိုင် ဒီအတိုင်းအတာအထိ တွန်းအားပေးခံရသည်ကို ပုံဖော်ကြည့်ရန်သူသည် ချန်ယုနင်အတွက် ခက်ခဲသည်။ 

ဒါက သရေပွဲ သို့မဟုတ် သူတို့နှစ်ယောက်က အမှန်တကယ် ကိုက်ညီသည်ဟု ဆိုလိုနေခြင်းမဟုတ်။ 

ဒါက ချန်ယုနင်၏ ရှုံ့နိမ့်မှုကို ကိုယ်စားပြုသည်။ 

ကျင့်ကြံခြင်းနယ်ပယ်တွင်ဖြစ်စေ၊ သွေးကြောတွင်ဖြစ်စေ သို့မဟုတ် နောက်ခံနှင့် အခြေခံအုတ်မြစ်တွင်ဖြစ်စေ သူက တစ်ဘက်လူထက် အများကြီးသာလွန်နေသည်။ သို့စေကာမူ ယခုလိုအခြေအနေအောက်တွင် ဘယ်သူကပိုအားကောင်းသလဲဆိုတာကို ဆုံးဖြတ်ရန် ခက်ခဲနေဆဲပင်။ 

ချန်ယုနင်ဒါကို ဘယ်လိုလုပ် သည်းခံနိုင်မည်နည်း။ 

ချန်ယုနင်၏အမူအရာက အလွန်အမင်းကြည့်ရဆိုးနေပြီး လက်အစုံကိုဖြန့်ကာ ဒေါသတကြီးအော်ဟစ်လိုက်စဉ် မိုးနှင့်မြေကို တုန်ခါသွားစေသည်။ 

ချန်ယုနင်၏ကိုယ်ပေါ်ရှိ ပုံစံကွက်များကနေ တောက်ပသည့် အပြာရောင်နတ်အလင်းတစ်ခု ပွင့်လန်းလာပြီး ရေခဲပန်းတစ်ပွင့်အသွင်ကို ဖန်တီးနေသည်။ 

ဒီမြင်ကွင်းကိုမြင်သော် ရှန်းဖူယန်၏ အမူအရာကလည်း တဖြည်းဖြည်း မည်းမှောင်လာခဲ့သည်။ 

ဒီလှုပ်ရှားမှုက ချန်ယုနင်၏အဆီအနှစ်၊ ချီနှင့် ဝိဉာဉ်ကို အကြီးအမားကုန်ခမ်းစေလိမ့်မည်။ ဒါကိုသုံးပြီးနောက် နောက်ဆက်တွဲ သက်ရောက်မှုကလည်း အတော်လေးပြင်းထန်မည်သာ။ 

"မင်းငါ့ကိုတကယ်ပဲ ဒီအတိုင်းအတာအထိ တွန်းအားပေးနိုင်ခဲ့တယ်" ချန်ယုနင်၏ မျက်နှာကို အပြာရောင်ပုံစံကွက်များက လုံး၀ဖုံးထားသည်။ သူနက်ရှိုင်းသည့်အသံနှင့်အတူ အော်ဟစ်သည်။

"မင်းက ဒီနယ်ပယ်မှာတောင် ဒီအဆင့်ကို ရောက်နေပြီ၊ ရေခဲကမ္ဘာထဲကို ဂုဏ်ကျက်သရေနဲ့အတူ မြှုပ်နှံတာကို ခံလိုက်တော့"

အပြာရောင်အလင်း ပွင့်လန်းသွားသောအခါ အပြာရောင်ရေခဲပန်းကလည်း ယဲ့ချိုးပိုင်အထက်တွင် ဖြည်းဖြည်းချင်း စတင်ကျဆင်းလာသည်။ 

ဒါကအရမ်းနှေးသော်လည်း မျက်စိတစ်မှိတ်အတွင်းမှာပင် ရေခဲပန်းပွင့်ထောင်ချီက ယဲ့ချိုးပိုင်ပတ်လည်၌ လွင့်မြောနေကြ၏။ 

ဒီထောင်ချီသောရေခဲပန်းများက လေဟာနယ်ထဲက အော်ရာအားလုံးကို သိပ်သည်းထားပြီး ရုတ်တရက် ကျယ်ပြန့်သွားကာ ဖျက်ဆီးခြင်းအော်ရာတစ်ခုကို ထုတ်ဖော်သည်။ 

ဒီအော်ရာကို အာရုံခံမိသည့်တိုင် ယဲ့ချိုးပိုင်၏ အမူအရာက အတော်လေးတည်ငြိမ်နေသေးသည်။ အဆုံးမဲ့ရှင်ခြင်းဆန္ဒက ဓားပတ်လည်၌ ဖြည်းညင်းစွာ ရစ်ပတ်နေကြသည်။ 

ငွေနဂါးဓားကနေ ဆန်းကြယ်ကာ ရှေးဆန်သည့်အော်ရာတစ်ခု ထိုးထွက်လာပြီး တိုက်မိသည့် ရေခဲပန်းဆွဲများက ချက်ချင်းကြေမွပျက်စီးသွားကြရသည်။ 

တစ်ချိန်တည်းမှာပင် ယဲ့ချိုးပိုင်မရပ်ဘဲ အဆုံးစွန်ထိ စတင်ဖောင်းလာနေသည့် ရေခဲပန်းပွင့်များအားကြည့်ပြီး သူ့လက်ထဲက ငွေနဂါးဓားက ချက်ချင်းထွက်သွားကာ ယဲ့ချိုးပိုင်ကိုယ်အနီးတွင် စတင်လည်ပတ်ရင်း ပိုင်းဖြတ်နေသည်။ 

သွေးချီမုန်တိုင်းတစ်စင်း ရုတ်တရက် ဆင်းသက်လာခဲ့သည်။ 

ကောင်းကင်အဆုံးသတ်ဓားချက်က ကောင်းကင်ဘုံကိုပင် ပိုင်းဖြတ်နိုင်သည်။ ဒီရေခဲနတ်ဘုရားသွေးကြောက ဒီဓားချက်နှင့် ဘယ်လိုလုပ် ထိပ်တိုက်တွေ့ဆုံနိုင်မည်နည်း။ 

ဓားချီမုန်တိုင်းထဲတွင် ကျယ်ပြန့်နေသည့် ရေခဲပန်းပွင့်များက ဓားဆန္ဒကြောင့် တိတ်တဆိတ်ဖျက်ဆီးခံရသည်။ 

တစ်ခဏအကြာတွင် ကမ္ဘာကြီးထဲတွင် လွင့်မြောနေသည့် ရေခဲပန်းပွင့်များက မည်သည့်ခြေရာမှမကျန်ဘဲ လုံး၀ပျောက်ကွယ်သွားရတော့သည်။ 

အောက်တွင် ကျန်းချင်းလန် အတော်လေး အံ့ဩသင့်နေသော်လည်း ယဲ့ချိုးပိုင်ကို ထူးဆန်းသည့် အမူအရာဖြင့် ကြည့်နေမိဆဲပင်။ 

"ဒီလူရဲ့ခွန်အားက အရမ်းကြောက်စရာကောင်းမနေဘူးလား၊ အဓိကနယ်ပယ်ကြီး တစ်ခုပိုမြင့်နေတဲ့ မြောက်၀င်ရိုးစွန်းကြယ်ဒေသ လူငယ်မျိုးဆက်ထဲက နံပါတ်တစ်ပါရမီရှင်ကိုတောင် သူအနိုင်ယူနိုင်သေးတာလား"

ချန်ယုနင် ဒီမြင်ကွင်းကိုမြင်သောအခါ သူ့အမူအရာက ယှဉ်၍မရနိုင်လောက်အောင် ထိတ်လန့်သွားခဲ့သည်။ 

"မဖြစ်နိုင်တာ"

"မင်းခွန်အားနဲ့ မင်းဘယ်လိုလုပ် ရေခဲကမ္ဘာကို ချိုးဖျက်နိုင်ရတာလဲ"

ယဲ့ချိုးပိုင် ချန်ယုနင်၏မေးခွန်းကို အဖြေမပေးဘဲ ယင်းအစားထူးမခြားနားစွာကြည့်သည်။ 

"မင်းတိုက်ခိုက်ချင်သေးလား"

ချန်ယုနင်၏မျက်လုံးထဲတွင် ယဲ့ချိုးပိုင်၏ ဂရုမစိုက်သည့်အကြည့်နှင့် တည်ငြိမ်သည့် မေးခွန်းက သူ့မောက်မာသည့်နှလုံးသားကို နက်ရှိုင်းစွာ ထိုးစိုက်သွားသည့် ထက်ရှသောဓားများအသွင်။ 

"တိုက်မယ်"

ယဲ့ချိုးပိုင်အနည်းငယ် ခေါင်းညိတ်သည်။ သူ့လက်ထဲက ငွေနဂါးက အေးစက်သည့် အလင်းတစ်ချက်နှင့်အတူ လင်း၀င်းသွားပြီး ကြီးမားသည့်ဓားချက်တစ်ချက်က ချန်ယုနင်ကို ဆက်လက်ပိုင်းဖြတ်နေသည်။ 

သို့စေကာမူ ချန်ယုနင် ခုခံတော့မည့်အချိန်တွင် ပုံရိပ်တစ်ရိပ်က သူ့ရှေ့ကနေ ရုတ်တရက် ပိတ်ဆို့လိုက်သည်။ လက်ချောင်းတစ်ချက်တောက်လိုက်သည်နှင့် ယဲ့ချိုးပိုင်၏ဓားချက်က ပျက်စီးသွားရသည်။ 

ထိုသူက ရှန်းဖူယန်ပေတည်း။ 

"ရလဒ်ကဆုံးဖြတ်ပြီးသွားပြီ၊ ဆက်တိုက်ခိုက်နေစရာမလိုဘူး" ရှန်းဖူယန် တည်ငြိမ်စွာပြောသည်။ 

ယဲ့ချိုးပိုင်မကန့်ကွက်ပေ။ တစ်ဘက်လူက ဒီတိုက်ခိုက်မှုကို သေချာပေါက် ကြားဖြတ်လိမ့်မယ်ဆိုတာ သူခန့်မှန်းထားခဲ့သည်။ 

မဟုတ်ပါက ယခုတန်ပြန်သက်ရောက်မှုကြောင့် နာကျင်မှုကိုခံစားနေရသည့် ချန်ယုနင်မှာ ဒီဓားချက်ကို ဘယ်လိုလုပ် တားဆီးနိုင်မည်နည်း။ 

"ဒီလိုဆိုရင် အခုလေးတင်က ပြောခဲ့တဲ့ သဘောတူညီချက်အတိုင်း လုပ်ကြရအောင်၊ ခင်ဗျားတို့ ရေခဲနတ်ဘုရားဗိမာန်က နောက်ဆုတ်သွားမှာလား"

ရှန်းဖူယန် ယဲ့ချိုးပိုင်ကို အေးစက်သည့် အကြည့်ဖြင့် ကြည့်သည်။ 

"လူငယ်လေး၊ ဒါကငါ့သားရဲ့ ပေါက်တတ်ကရပြောတဲ့စကားတွေပဲ၊ အစကနေအဆုံးထိ ငါဒါကို သဘောမတူခဲ့ပါဘူး" ရှန်းဖူယန် ခပ်ရေးရေးပြုံးသည်။ 

"သူကငါ့သားဖြစ်ပြီး ရေခဲနတ်ဘုရားဗိမာန်ရဲ့ အနာဂတ်ဆက်ခံသူလည်း ဖြစ်တာမို့ သူဂိုဏ်းအတွက် ဦးစားပေးရမယ်"

"နှင်းခဲဂိုဏ်းက သူတော်စင်မိန်းမပျိုနဲ့ လက်ထပ်တာက ဂိုဏ်းဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုပဲ၊ ငါဒီပြောဆိုချက်ကို သဘောတူဖို့ ဆန္ဒမရှိပါဘူး၊ ငါအချိန်မီမတားခဲ့တာက မင်းတို့လူငယ်တွေရဲ့ခွန်အားကို မြင်ချင်လို့ပဲ"

စကားများစွာပြောပြီးနောက် သူက လိုချင်သည့်ပုံစံသို့ ပြန်သွားခဲ့သည်။ 

ဒါက ယဲ့ချိုးပိုင်၏ မျှော်လင့်ချက်အတွင်းတွင်သာရှိသည်။ 

ဂိုဏ်းချုပ် ယဲ့ချိုးပိုင်ရှေ့ကို ရောက်လာပြီး ရှန်းဖူယန်အားကြည့်သည်။ 

"ရှန်းဖူယန်၊ ရှင့်က ဂျူနီယာတစ်ယောက်ရဲ့ စကားလုံးကစားပွဲကို ကြားဖြတ်တဲ့ထိ အရမ်းအရှက်မဲ့နေလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး"

နှင်းခဲဂိုဏ်းချုပ်၏ စကားလုံးများက ရက်စက်လှသော်လည်း ရှန်းဖူယန်ဒေါသမထွက်ဘဲ ယင်းအစား တောက်ပစွာပြုံးသည်။ 

"သူ့ခွန်အားက ငါ့အဆင့်ကိုရောက်လာတဲ့ အခါကျရင် သူ့မှာလည်း ဒီလိုလုပ်ဖို့ အခွင့်အရေးရှိတယ်"

"ရှေးခေတ်ကတည်းက အားနည်းသူတွေက စည်းမျဉ်းတွေနဲ့ လိုက်ဖက်အောင်နေရပြီး အားကောင်းသူတွေကို စည်းမျဥ်းတွေကို လိုက်ဖက်အောင် ပြင်ဆင်တယ်"

ဒီနေရာတွင် ရှန်းဖူယန်မျက်နှာပေါ်က အပြုံးက တဖြည်းဖြည်းပျောက်ကွယ်သွားလေတော့သည်။ 

"အခုအဖွင့်ပွဲက အဆုံးသတ်သွားပြီဆိုတော့ အဓိကဟင်းလျာကို ဆက်သရမယ့် အချိန်ကျပြီ" ရှန်းဖူယန် ကောင်းကင်ဘုံရေခဲမရီဒျန်ကို ကိုင်ပြီး ရှေ့တိုးကာ ဂိုဏ်းချုပ်ရှေ့တွင် လွင့်မြောစေသည်။ 

"ငါတို့တူတူတိုးတက်အောင် လုပ်လို့ရအောင် ဒါကိုယူပြီး သူတော်စင်မိန်းမပျိုကို ရေခဲနတ်ဘုရားဗိမာန်နဲ့ လက်ထပ်ခိုင်းမလား ဒါမှမဟုတ် ငြင်းဆန်ပြီး ရေခဲနတ်ဘုရားဗိမာန်နဲ့ ရန်သူဖြစ်လာမလား"

အပိုင်း(1056) coming။ 

All Chapters