#တိုးတက်လာသည့် အခြေအနေ၊ နှင်းခဲဂိုဏ်းဆန္ဒ#
Vol. 75 Ch. 1056
ရှန်းဖူယန်၏စကားလုံးများက ခြိမ်းခြောက်မှုတစ်ခုဆိုတာ သံသယမရှိပေ။
ရေခဲတောင်ခြေရင်းက ကျင့်ကြံသူများ ဒါကိုကြားသော် ရှန်းဖူယန်က အနည်းငယ် အရှက်မဲ့လွန်းသလို သူတို့ခံစားရသော်လည်း သူတို့ဘာတစ်ခုမှ မပြောနိုင်ပါ။
မည်သို့ပင်ဆိုစေကာမူ သူက ပိုအားကောင်းပြီး သူတို့ကို တစ်ချက်တည်းနှင့် နင်းချေပစ်နိုင်တာကို သူကိုငြင်း၍မရပေ။
နှင်းခဲဂိုဏ်း၏ တပည့်တစ်ဦးချင်းစီနှင့် အကြီးအကဲများ၌ ဒေါသထွက်နေသည့် အမူအရာများရှိနေသည်။
ဒါကအရမ်းများလွန်းသည်။
ဂိုဏ်းချုပ် ရှန်းဖူယန်ကို ကြည့်ပြီး နှာခေါင်းရှုံ့သည်။
"ငါတို့အတွက် ရွေးချယ်စရာတစ်ခုတည်းပဲ ကျန်တော့ပြီး အဲဒါက ရှင်တို့ရဲ့ ရေခဲနတ်ဘုရားဗိမာန်နဲ့ ထိမ်းမြားခြင်းမဟာမိတ် ဖွဲ့တာပဲမလား"
ရှန်းဖူယန် လေးနက်စွာခေါင်းညိတ်သည်။
"ဒီလိုပါပဲ"
"သေချာတာပေါ့၊ မင်းသဘောမတူဖို့ကိုလည်း ရွေးချယ်လို့ရတယ်၊ ရေခဲနတ်ဘုရားဗိမာန်ရဲ့ အခြေခံနဲ့ဆိုရင် မင်းတို့ရဲ့နှင်းခဲဂိုဏ်းကို အနိုင်ယူဖို့ တန်ဖိုးနည်းနည်း ပေးဆပ်ရတယ်ဆိုပေမယ့် ဒါက ငါတို့ရဲ့ သည်းခံမှုအတိုင်းအတာထဲမှာ ရှိနေတုန်းပဲ"
နှင်းခဲဂိုဏ်းကို ပထမတန်းစားဂိုဏ်းများအကြား အလယ်အလတ်တန်းစားဂိုဏ်းတစ်ခုအဖြစ် မှတ်ယူ၍ရသည်။
သို့စေကာမူ အခြေခံအုတ်မြစ်နှင့် ရှေးခေတ်ကတည်းက လက်ဆင့်ကမ်းလာခဲ့သော ဂိုဏ်းတဖြစ်လဲ ရေခဲဗိမာန်တွင် ပထမတန်းစားဂိုဏ်းများအကြား ထိပ်တန်းအင်အားရှိသည်။ သူတို့က ထိုထိပ်တန်းပထမတန်းစားဂိုဏ်းများထက် ပိုအားကောင်းပေသည်။
ဂိုဏ်းချုပ်၏ အမူအရာက ကြည့်ရဆိုးသွားသည်။
"ရှင့်တို့ရဲ့ရေခဲနတ်ဘုရားဗိမာန်က အတော်လေးကြီးစိုးလွန်းတာပဲ၊ ရေခဲမြစ်ချိုင့်ဝှမ်းနဲ့ အေးစိမ့်ရေခဲခန်းမတို့က ရှင့်ဘက်ကနေရပ်တည်ပြီး မြောက်၀င်ရိုးစွန်းကြယ်ဒေသရဲ့ ဟန်ချက်ညီမှုကို ချိုးဖျက်ပြီး တစ်ဂိုဏ်းတည်း လွှမ်းမိုးခွင့်ပေးလိမ့်မယ်လို့ ရှင့်တကယ်ထင်နေတာလား"
ဒီကြယ်ဒေသက ဂိုဏ်းတိုင်းတွင် စွမ်းအား၏ ဟန်ချက်ညီမှုကို ထိန်းသိမ်းထားရန်အတွက် အချင်းချင်း တိတ်တိတ်ပုန်းနားလည်မှုရှိကြသည်။
ရေခဲနတ်ဘုရားဗိမာန်က အဓိကဂိုဏ်းလေးဂိုဏ်းအကြား အားအကောင်းဆုံးတည်ရှိမှုတစ်ခုပင်။
အတိတ်က အဓိကဂိုဏ်းသုံးဂိုဏ်း၏ ထိန်းချုပ်မှုနှင့် ဟန်ချက်ညီမှုများအကြား ရေခဲနတ်ဘုရားဗိမာန်က သတိထားခဲ့ရသည်။
အကယ်၍ ရေခဲနတ်ဘုရားဗိမာန်သာ နှင်းခဲဂိုဏ်းကို ဝါးမြိုပစ်ပါက သူတို့ကို ထိန်းချုပ်၍ရတော့မည်မဟုတ်။ ဟန်ချက်ညီမှုက ပျက်သွားမည်ဖြစ်ကာ ရေခဲနတ်ဘုရားဗိမာန်က မြောက်၀င်ရိုးစွန်းကြယ်ဒေသ၏ အရှင်သခင်ဖြစ်လာပေလိမ့်မည်။
"ရှင်တို့ဘယ်လောက်ကြာကြာ ကြည့်ချင်နေကြသေးလို့လဲ" ဒီနေရာတွင် ဂိုဏ်းချုပ် တိမ်များကြားသို့ကြည့်ပြီး ထူးမခြားနားစွာပြောသည်။
"ရှင့်တို့ လူအိုကြီးနှစ်ယောက်က ရေခဲနတ်ဘုရားဗိမာန်ကို သူတို့လုပ်ချင်တာတွေကို လုပ်ခွင့်ပေးတော့မှာလား"
သူမစကားပြောပြီးသည်နှင့်တစ်ပြိုင်နက် ကောင်းကင်က တိမ်များက နှစ်ခြမ်းကွဲသွားပြီး တိမ်နှစ်ခြမ်းကြားတွင် ရွှေရောင်အလင်းတစ်ခု ပြန့်ကြဲလာကာ ပညာရှိကဲ့သို့ အဖိုးအိုနှစ်ဦးအပေါ် လင်းလက်စေသည်။
ဒီမြင်ကွင်းကိုမြင်သောအခါ ကျင့်ကြံသူများ ရေရွတ်လိုက်မိကြ၏။
"အဲဒါ အေးစိမ့်ရေခဲခန်းမသခင်နဲ့ ရေခဲမြစ်ချိုင့်ဝှမ်းသခင်တို့ပဲ"
သူတို့နှစ်ယောက်စလုံးက နတ်သခင်နယ်ပယ်တစ်၀က်အဆင့်များဖြစ်ကြသည်။
"မင်းကရက်စက်တာပဲ၊ ညှိနှိုင်းရင်းနဲ့ ဖြေရှင်းလို့မရနိုင်တဲ့ အရာတစ်ခုခုရှိလို့လား" ရေခဲချိုင့်ဝှမ်းသခင်က မျက်နှာ၌ ခင်မင်ဖွယ်ရာအပြုံးနှင့်အတူ ပရဟိတသမားနှင့်တူသည်။ သူ့၏ရှည်လျားသည့် မျက်ခုံးများက သူမျက်နှာနှစ်ဘက်ခြမ်း၌ ရှည်လျားသည့် မုတ်ဆိတ်များပမာ တွဲလွဲကျနေသည်။
အေးစိမ့်ရေခဲခန်းမသခင်က ၀ဖိုင့်သည့်အဖိုးအိုတစ်ဦးဖြစ်သည်။ သူကပြုံးသည်။
"ငါတို့က ကြယ်ဒေသတစ်ခုတည်းကပါပဲ၊ တိုက်ခိုက်သတ်ဖြတ်နေစရာမလိုပါဘူး"
သူနှင့်စကားပြောရန် လွယ်ကူသည်ဟု ထင်ရသော်လည်း မြောက်၀င်ရိုးစွန်းကြယ်ဒေသက လူတိုင်း ဒီ၀ဖိုင့်သောအဖိုးအိုကို ထိတ်လန့်ကြောက်ရွှံ့စိတ်ဖြင့် ကြည့်နေကြသည်။
သူကပြုံးနေပုံရသော်လည်း အရာများကို လုပ်ဆောင်သောအခါ မယှဉ်နိုင်လောက်အောင် နှလုံးသားမဲ့ပြီး ရက်စက်သည်။
နှင်းခဲဂိုဏ်းချုပ် ဒါကိုမြင်သော်ပြောသည်။
"ငါတို့ညှိုနှိုင်းချင်ပေမယ့် ဂိုဏ်းချုပ်ရှန်းရဲ့ အဆိုပြုချက်က ငါတို့နဲ့ ငြိမ်းချမ်းစွာ ညှိုနှိုင်းဖို့အတွက် ရည်ရွယ်ချက်မရှိပုံရတယ်"
"ဒါဆို ဒါက မင်းရဲ့နှင်းခဲဂိုဏ်းအပြစ်ဖြစ်ရမယ်လေ၊ ဟုတ်တယ်မလား" ရေခဲချိုင့်ဝှမ်းသခင်ပြုံးသည်။
အေးစိမ့်ရေခဲခန်းမသခင် နှင်းခဲဂိုဏ်းချုပ်ကို အပြုံးဖြင့်ကြည့်သည်။
"မိန်းကလေး၊ ဂိုဏ်းချုပ်ရှန်းရဲ့အခြေအနေတွေက အတော်လေးကောင်းပုံပါပဲ၊ ဒါ့အပြင် သူက ကောင်းကင်ဘုံရေခဲမရီဒျန်လို ပစ္စည်းကောင်းတစ်ခုကိုတောင် ထုတ်ခဲ့တယ်၊ မင်းသဘောတူမှ ဒါကမင်းအတွက် အကျိုးရှိမှာနော်"
ဒီစကားလုံးများကိုကြားပြီးနောက် နှင်းခဲဂိုဏ်းချုပ်၏ နှလုံးသားက နစ်၀င်သွားသလို အကြီးအကဲများ၏ အမူအရာများကလည်း အကြီးအကျယ်ပြောင်းလဲသွားကြသည်။
ယဲ့ချိုးပိုင်၊ မုဖူရှန်းနှင့် ဖန်ချန်းတို့ တစ်ဦးကိုတစ်ဦးကြည့်လိုက်ကြ၏။
အခြေအနေမကောင်းဘူး!
ဂိုဏ်းချုပ် ရှန်းဖူယန်ကို ကြည့်လိုက်စဉ် သူ့မျက်နှာ၌ တည်ငြိမ်သည့်အပြုံးတစ်ခုကို တွေ့လိုက်ရသည်။
သို့စေကာမူ ဒီအပြုံးက ဒီကိစ္စက လုံး၀သူ့လက်ထဲ ကျရောက်နေသည့်အလား ယုံကြည်မှုနှင့် ပြည့်နှက်နေသည်။
"အေးစိမ့်ရေခဲခန်းမနဲ့ ရေခဲမြစ်ချိုင့်ဝှမ်းကြားက မဟာမိတ်ကိုရဖို့အတွက် ရှင့်ဒီကိစ္စကို သုံးချင်တာလား၊ နှင်းခဲဂိုဏ်းကို ဖိအားပေးပြီး ဒီကိစ္စကို ဖြေရှင်းဖို့ပေါ့"
ရှန်းဖူယန် နက်နဲလှသည့် အမူအရာဖြင့် ပြောသည်။
"မင်းနည်းလမ်းကမဆိုးဘူးဆိုပေမယ့် ဂိုဏ်းချုပ်လေးယောက်ထဲမှာ မင်းကို အငယ်ဆုံးလို့ ယူဆလို့ရတယ်မလား၊ မင်းတွေးလို့ရတဲ့အရာတစ်ခုကို ငါမတွေးနိုင်ဘူးလို့ ထင်နေတာလား"
ဂိုဏ်းချုပ်၏အမူအရာက ကြည့်ရဆိုးနေသည်။
"ငါတွေးနိုင်တာကို ရှင့်တွေးနိုင်မယ်လို့ မထင်ပါဘူး၊ အဲဒီလူအိုကြီးနှစ်ယောက်ကို မြောက်၀င်ရိုးစွန်းကြယ်ဒေသရဲ့ ဟန်ချက်ညီမှုကိုတောင် ချိုးဖျက်ဖို့အတွက် မတုံ့ဆိုင်းနေရအောင် ရှင့်ဘာကတိပေးခဲ့သလဲဆိုတာကိုပဲ ငါမတွေးနိုင်တာ"
ရှန်းဖူယန်အူလှိုက်သည်းလှိုက်ရယ်မောသည်။
"တကယ်လို့ ရေခဲနတ်ဘုရားဗိမာန်ကသာ မြောက်၀င်ရိုးစွန်းကြယ်ဒေသရဲ့ အရှင်သခင်ဖြစ်လာရင် သူတို့ရဲ့ အရင်းအမြစ်နဲ့ စိတ်၀င်စားမှုတွေကို ငါ၀င်စွက်ဖက်မှာမဟုတ်ဘူးလို့ သူတို့ကို ကတိပေးခဲ့တယ်၊ တကယ်တော့ ဒါက အရင်ကထက် ပိုတောင်များလိမ့်မယ် ဒါကောင်းတယ်မလား"
ဂိုဏ်းချုပ်နှာခေါင်းရှုံ့သည်။
"အဲဒီလူအိုကြီးနှစ်ယောက်က ဒါကိုတောင် ယုံတာလား"
"ငါယုံရမယ်လေ"
"ဂိုဏ်းချုပ်ရှန်းက ဒီအတွက် ကောင်းကင်ဘုံတာအိုကျမ်းကျိန်ချက်ကိုတောင် လုပ်ခဲ့တယ်၊ ဘာလို့သူ့ကို မယုံနိုင်ရမှာလဲ"
ဂိုဏ်းချုပ်နှစ်ဦးတည်ငြိမ်စွာပြုံးသည်။
ဒါကိုကြားသော် ဂိုဏ်းချုပ် ရှန်းဖူယန်ကို ကြည့်ရင်း နက်ရှိုင်းသည့်အသံဖြင့်ပြောသည်။
"ရက်ရောလှချည်လား၊ ဒီလိုတောင် လုပ်ရတဲ့အထိ ဒါကရှင့်အတွက် ဘာများအကျိုးရှိလို့လဲ"
သို့စေကာမူ ရှန်းဖူယန် ဘေးက အားနည်းနေသည့် ချန်ယုနင်ကို ကြည့်လိုက်၏။
"ဘာလို့လဲဆိုတော့ မင်းတို့ဂိုဏ်းက သူတော်စင်မိန်းမပျိုရဲ့ သွေးကြောနဲ့သာဆိုရင် ငါ့သားရဲ့ ရေခဲနတ်ဘုရားသွေးကြောက လုံး၀ပြီးပြည့်စုံသွားလိမ့်မယ်"
"ဒါကဘာကို ဆိုလိုတာလဲဆိုတာ မင်းသိမှာပါ"
နှင်းခဲဂိုဏ်းချုပ်ထိတ်လန့်သွား၏။
ပြည့်စုံသောရေခဲနတ်ဘုရားသွေးကြောဟူသည် ချန်ယုနင် လမ်းတစ်၀က်တွင် မသေသွားသရွေ့ နတ်သခင်နယ်ပယ်ကို သေချာပေါက်တက်လှမ်းနိုင်မည်ဟု ဆိုလိုနေခြင်းပင်။
ဒီကနေကြည့်မည်ဆိုပါက မြောက်၀င်ရိုးစွန်းကြယ်ဒေသအရင်းအမြစ်တစ်ချို့ကို ဆုံးရှုံးရခြင်းက တကယ်တော့ဘာမှမဟုတ်ပါ။
"ကောင်းပြီ၊ အခုမင်းဆုံးဖြတ်ချက်ချဖို့ အချိန်ကျပြီ" ရှန်းဖူယန်၏ မျက်နှာ၌ ဂရုမစိုက်သည့် အပြုံးတစ်ပွင့်ပေါ်လာသည်။
"ငါ့ရေခဲနတ်ဘုရားဗိမာန်ရဲ့ မင်္ဂလာလက်ဆောင်တွေကို လက်ခံချင်လား ဒါမှမဟုတ် ပျက်စီးမှုကို ကြိုဆိုချင်လား"
ဒီအချိန်တွင် နှင်းခဲဂိုဏ်း၏ တပည့်များနှင့် အကြီးအကဲများ အရှုံးပေါ်နေပုံရသည်။
ယခုအရာများက ဒီအနေအထားအထိ ပြောင်းလဲလာခဲ့ပြီဖြစ်လေရာ သူတို့ဘာတစ်ခုမှ မလုပ်နိုင်ပါ။ ရေခဲနတ်ဘုရားဗိမာန်တင်မဟုတ်ဘဲ အေးစိမ့်ရေခဲခန်းမနှင့် ရေခဲမြစ်ချိုင့်ဝှမ်းတို့လည်း ရှိသည်မဟုတ်ပေလော။
ဂိုဏ်းသုံးဂိုဏ်းအကြား ကွာဟချက်၌ နှင်းခဲဂိုဏ်း ရှင်သန်ရန်ဖြစ်နိုင်ချေက သုညသာ။
မုဖူရှန်း၏ အမူအရာက လေးနက်နေပြီး သူ့အော်ရာကို အချိန်မရွေး ထုတ်လွှတ်ရန် အဆင်သင့်ပြင်ထားသည်။
"နောက်ထပ်ပြင်းထန်တဲ့တိုက်ပွဲတစ်ခု ဖြစ်လာဖို့ပိုများနေပြီ...."
နှင်းခဲဂိုဏ်းချုပ်ခါးသီးစွာပြုံးသည်။
သူမ နှင်းခဲဂိုဏ်း၏သေခြင်းတရားနှင့် မုဇီရှင်းပို လက်လွှဲခြင်းကြားတွင် ရွေးချယ်မှုတစ်ခု လုပ်ဆောင်ရပေမည်။
ဂိုဏ်းတစ်ဂိုဏ်း၏ခေါင်းဆောင်ဖြစ်သည့်အပေါ် ဒါကအတော်လေးခက်ခဲသည်။ ဂိုဏ်းချုပ်အဖြစ် သူမ၏အဓိကပန်းတိုင်က ဂိုဏ်းကိုကာကွယ်ရန်နှင့် ချောမွေ့စွာ ကြီးထွားဖွံ့ဖြိုးလာနိုင်စေရန်ဖြစ်သည်။
ထို့နောက် ဂိုဏ်းချုပ် သူမနောက်က အကြီးအကဲများနှင့် အောက်က စိုးရိမ်ပူပန်နေသည့် တပည့်များအား ကြည့်လိုက်၏။ ရုတ်တရက် အရင်ဂိုဏ်းချုပ်ဖြစ်သည့် သူမဆရာပြောခဲ့တာကို သူမသတိရသွားမိသည်။
ကိုယ့်ရဲ့ ကိုယ်ပိုင်တပည့်တွေကိုတောင် မကာကွယ်နိုင်ဘူးဆိုရင် ဂိုဏ်းတစ်ဂိုဏ်းကို ဘယ်လိုကာကွယ်မလဲ!
မှန်ပေသည်။
"ဂိုဏ်းရဲ့ဘေးကင်းလုံခြုံရေးကို သေချာစေဖို့အတွက် ငါတို့တခြားသူတွေကို စတေးရမယ်ဆိုရင် ငါတို့ရှင်ကျန်နိုင်ရင်တောင် နာမည်ပဲ ကျန်ခဲ့လိမ့်မယ်...."
ရှန်းဖူယန်အနည်းငယ်မျက်မှောင်ကြုတ်သည်။ နှင်းခဲဂိုဏ်းချုပ်၏ စကားလုံးများနောက်ကွယ်က အဓိပ္ပာယ်ကို သူသိပါသည်။
အေးစိမ့်ရေခဲခန်းမသခင်နှင့် ရေခဲမြစ်ချိုင့်ဝှမ်းသခင်တို့်မှာ နောင်တရစွာ ခေါင်းခါယမ်းကြသည်။
နှင်းခဲဂိုဏ်း၏ အကြီးအကဲများနှင့် တပည့်များကမူ တစ်ခဏကြာကြက်သေသေနေကြပြီးနောက် သူတို့၏မျက်လုံးများက ပြတ်သားမှုနှင့် ပြည့်နှက်သွားကြ၏။ သူတို့၏မျက်နှာများမှ အကန့်အသတ်မဲ့ တိုက်ပွဲဆန္ဒများကို ပြသရင်း တစ်ချိန်တည်းတွင် အော်ဟစ်လိုက်ကြသည်။
"တိုက်ခိုက်မယ်"
"တိုက်ခိုက်ကြစို့"
"တိုက်ခိုက်ကြမယ်"
နှင်းခဲဂိုဏ်းက ဒီကမ္ဘာကြီးထဲတွင် သူရဲဘောကြောင်သူအဖြစ် နေရမည့်အစား အသေခံလိုက်မည်သာ။
အပိုင်း(1057) coming။