#ဒါဘယ်လိုအံ့ဖွယ်လဲ#
Vol. 75 Ch. 1058
"နှင်းခဲအစီအရင်" ရှန်းဖူယန်၏ မျက်ခုံးများက အနည်းငယ်ရှုံ့တွသွားပြီး လေးနက်သည့်အသံဖြင့်ပြောသည်။
"ဒါကို နှင်းခဲဂိုဏ်းတည်ထောင်သူ ဖန်တီးခဲ့တာလို့ ကောလဟလတွေရှိတယ်၊ တချိန်တည်းမှာပဲ ဒါက ရှေးခေတ်ကတည်းက အပြည့်အ၀စွမ်းအားကို တစ်ခါပဲ ထုတ်လွှတ်ခဲ့ဖူးတဲ့ စူပါသတ်ဖြတ်ခြင်းအစီအရင်တစ်ခုပဲ"
ထိုအချိန်က မြောက်၀င်ရိုးစွန်းကြယ်ဒေသက ကွဲပြားနေသည့်ဂိုဏ်းများနှင့် ပြည့်နှက်နေပြီး ရေခဲနတ်ဘုရားဗိမာန်၊ အေးစိမ့်ရေခဲခန်းမနှင့် ရေခဲမြစ်ချိုင့်၀ှမ်းတို့က တစ်ခုနှင့်တစ်ခု ဝိရောဓိဖြစ်နေခဲ့ကြသည်။
နှင်းခဲဂိုဏ်းကမူ နှင်းခဲအစီအရင်ကို အားကိုးကာ လက်ရှိအဓိကဂိုဏ်းသုံးဂိုဏ်းထက် ပိုအားကောင်းသည့် ဧရာမဂိုဏ်းသုံးဂိုဏ်းကို တစ်ဂိုဏ်းတည်းရင်ဆိုင်ခဲ့သည်။ ထို့နောက် သူတို့၏ထွက်ပေါက်များကို သုတ်သင်ပစ်ခဲ့ပြီး မြောက်၀င်ရိုးစွန်းကြယ်ဒေသ၌ စတုတ္ထမြောက်ဂိုဏ်းကြီးတစ်ဂိုဏ်း ဖြစ်လာခဲ့သည်။
အရင်က ရေခဲနတ်ဘုရားဗိမာန်ပင်လျှင် နှင်းခဲဘိုးဘေးနှင့်အတူ နှင်းခဲဂိုဏ်းကို သတိထားခဲ့ရသည်။
"ရှင့်ကအတော်လေး သိထားတာပဲ" နှင်းခဲဂိုဏ်းချုပ် တုံကင်တစ်ခုကိုထုတ်ယူပြီး မုဇီရှင်းထံပစ်ပေးသည်။ ထို့နောက် ဂိုဏ်းသုံးဂိုဏ်း၏ ဂိုဏ်းချုပ်များကို စိုက်ကြည့်ရင်း နှာခေါင်းရှုံ့သည်။
"ကြည့်ရတာ သမိုင်းက ထပ်ကျော့တော့မယ့်ပုံပဲ"
ရှေးခေတ်တုန်းက နှင်းခဲဂိုဏ်းတည်ထောင်သူဘိုးဘေးက နှင်းခဲအစီအရင်နှင့်အတူ လူသုံးယောက်ကို တစ်ဦးတည်းတိုက်ခိုက်ခဲ့သည်။
ယခုသူမက ရေခဲနတ်ဘုရားဗိမာန် အပါအဝင် အဓိကဂိုဏ်းသုံးဂိုဏ်းကို ဆန့်ကျင်တိုက်ခိုက်ရပေတော့မည်။
ဒီသမိုင်းက မည်မျှပင်ဆင်တူလေသနည်း။ သို့စေကာမူ အရင်က ဂုဏ်ကျက်သရေကို ပြန်လည်ရယူရန်အတွက် လုံလောက်ပါ့မလားဆိုတာကိုတော့ သူမမသိပါ။
ရေခဲမြစ်ချိုင့်ဝှမ်းသခင်ပြုံးသည်။
"အရင်က နှင်းခဲဘိုးဘေး ဘယ်လောက်တောင် အားကောင်းခဲ့သလဲ၊ အခုမင်းရဲ့ သူတော်စင်မိန်းမပျိုက ဘယ်လောက်အားကောင်းလို့လဲ၊ သူသာ ဒီအစီအရင်ရဲ့ အဓိကအစိတ်အပိုင်းဖြစ်မယ်ဆိုရင်တော့ ကြောက်စရာမလိုဘူး"
"ကြိုးစားကြည့်ရင် သိရမှာပေါ့"
နှင်းခဲဂိုဏ်းချုပ် မုဇီရှင်းကို လှမ်းကြည့်သည်။
မုဇီရှင်း တုံကင်ကိုထုတ်ယူပြီး လေးနက်စွာ ခေါင်းညိတ်ကာ လေပေါ်တက်သွား၏။ မုဇီရှင်း၀န်းကျင်၌ လေနှင့်နှင်းက အရူးအမူးစတင်လည်ပတ်နေပြီး ရေခဲနတ်သမီးတစ်ပါးအလား ထင်ရသည်။
"တပည့်တွေနဲ့အကြီးအကဲတို့၊ နားထောင်ကြ၊ နှင်းခဲအစီအရင်ကို အသက်သွင်းဖို့အတွက် သူတော်စင်မိန်းမပျိုကို ကူညီကြ"
နှင်းခဲဂိုဏ်းချုပ်အော်ဟစ်လိုက်သည်။
မုဇီရှင်း သူမကိုယ်ထဲက ဝိဉာဉ်ချီများကို တုံကင်ထဲ သွန်းလောင်းပြီးနောက် ရှေ့က လေဟာနယ်ထဲသို့ ပို့လွှတ်လိုက်၏။
တုံကင်က အလိုလိုစတင်လည်ပတ်သည်။
မူလကတည်ငြိမ်စွာ လွင့်မြောနေသည့် နှင်းပွင့်များက ဒီတဒင်္ဂ၌ အရူးအမူး စတင်ဆင်းသက်လာကြ၏။
ကျန်းချင်းလန်အပါအ၀င် ကိုယ်ပိုင်တပည့်များနှင့် အကြီးအကဲများအားလုံးတို့၏ အမူအရာများက လေးနက်နေကြသည်။
သူတို့နှင်းခဲဂိုဏ်း၏ကျင့်ကြံခြင်းကျင့်စဉ်ကို ကြားခံအဖြစ်သုံးကာ ခွန်အားကို အထဲသို့ ထည့်သွင်းပေးကြသည်။
ရုတ်ချည်းဆိုသလို တစ်ကမ္ဘာလုံးထဲက နှင်းမုန်တိုင်းများက အချိန်ရပ်တန့်သွားသည့်အလား ရပ်တန့်သွားခဲ့သည်။
ဒီလေဟာနယ်ထဲတွင် ကောင်းကင်မှ ဆင်းသက်လာကြသည့် ထူးဆန်းပုံရသော နှင်းပွင့်များက ကောင်းကင်ဘုံကိုးခုက နတ်သမီးအုပ်စုတစ်စုအလား ကခုန်နေကြ၏။ ၎င်းတို့က ရောယှက်ကာ မိုးနှင့်မြေအကြား ကခုန်ရင်း တောက်ပသည့် အလင်းဖြူတစ်ခုကို ထုတ်လွှတ်သည်။
ဒါကသိမ်မွေ့ပုံပေါ်သော်လည်း အနီးကပ်ကြည့်မည်ဆိုပါက ကောင်းကင်ကိုပင် ပြတ်တောက်သွားစေသည့် သလင်းပုံကြည်လင်သောဓားသွားတစ်ခုအဖြစ် သိပ်သည်းနေသည့်အသွင်။
ရေခဲနတ်ဘုရားဗိမာန်ဖြစ်စေ ရေခဲမြစ်ချိုင့်ဝှမ်း သို့မဟုတ် အေးစိမ့်ရေခဲခန်းမဖြစ်စေ သူတို့အားလုံး အေးစိမ့်လှသည့် သတ်ဖြတ်ခြင်းဆန္ဒကို ခံစားနေရသည်။
အေးစိမ့်ရေခဲခန်းမ မျက်မှောင်ကြုတ်သည်။
"နတ်ဘုရင်နယ်ပယ် နောက်ပိုင်းအဆင့်တစ်ယောက်က ဘယ်လိုလုပ် ဒီလိုခွန်အားမျိုးကို ထုတ်လွှတ်နိုင်ရတာလဲ၊ ဒီနှင်းခဲအစီအရင်က တကယ်ပဲ စူပါသတ်ဖြတ်ခြင်းအစီအရင်ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ထိုက်တန်ပါပေတယ်"
နတ်သခင်နယ်ပယ် တစ်၀က်အဆင့် ကျွမ်းကျင်သူတစ်ဦးပင်လျှင် ဒီအစီအရင်ကို လျှော့မတွက်ရဲပါ။
ရေခဲမြစ်ချိုင့်ဝှမ်းသခင်ပြုံးသည်။
"ဒါပေမယ့်အဆုံးမှာတော့ အစီအရင်ကို ဖန်တီးနေတဲ့လူရဲ့ နယ်ပယ်က အရမ်းအားနည်းနေတယ်လေ၊ သူသာ နတ်အင်ပါယာနယ်ပယ်ကို ရောက်နေမယ်ဆိုရင် ငါတို့ တကယ်သတ်ထားရဦးမယ်"
"မေ့လိုက်တော့၊ ဒါက လူငယ်မျိုးဆက်ကို အနိုင်ကျင့်တာနဲ့ တူနေပေမယ့် ဒါက ဂိုဏ်းစစ်ပွဲတစ်ခုဖြစ်နေတယ်လေ၊ ငါအများကြီး ဂရုစိုက်လို့မရဘူး၊ ဒီအစီအရင်ကို ငါကြိုးစားကြည့်ပါရစေ"
အေးစိမ့်ရေခဲခန်းမသခင် တိုက်ခိုက်ချင်နေသည်။
ရေခဲမြစ်ချိုင့်ဝှမ်းသခင်နှင့် အေးစိမ့်ရေခဲခန်းမသခင်တို့က နတ်သခင်နယ်ပယ်တစ်၀က်အဆင့် ခွန်အားနှင့်အတူ ပေါက်ကွဲသွားကြ၏။
အလွန်အမင်းအေးစက်သည့် ဓားသွားများအလား ထင်ရသည့် မရေမတွက်နိုင်လောက်သော နှင်းပွင့်များက အမှန်တကယ်ပင် စတင်ပြိုကွဲလာကြသည်။
ဂိုဏ်းများအကြားတိုက်ပွဲတွင် အဆင့်မြင့်ပုဂ္ဂိုလ်များ၏ တိုက်ခိုက်ရေးစွမ်းအားက တိုက်ပွဲဦးတည်ချက်ကို တိုက်ရိုက်သက်ရောက်နိုင်ပေသည်။
နှင်းခဲအစီအရင်က နတ်သခင်နယ်ပယ် တစ်၀က်အဆင့်တစ်ဦးကို တားဆီးကောင်း တားဆီးနိုင်ပေလိမ့်မည်။
သို့စေကာမူ နှစ်ဦးဆိုပါကရော!
မုဇီရှင်း၏နယ်ပယ်နှင့် သူမသေချာပေါက် ခံနိုင်ရည်ရှိမည်မဟုတ်။
နှင်းခဲဂိုဏ်းချုပ် အေးစက်စွာနှာခေါင်းရှုံ့ကာ အေးစိမ့်ရေခဲခန်းမသခင်ရှေ့သို့ ပျံ့သန်းသွားသည်။
ရှန်းဖူယန်ကလည်း နတ်သခင်နယ်ပယ် တစ်၀က်အဆင့်အော်ရာနှင့် ပေါက်ကွဲသွားခဲ့သည်။
တစ်ယောက်နှင့်နှစ်ယောက်!
သို့စေကာမူ ရှန်းဖူယန်၏ တကယ့်တိုက်ခိုက်ရေးစွမ်းအားက အနည်းငယ် ပိုအားကောင်းသည်။
ရေခဲတောင်အောက်ခြေက တစ်ကိုယ်တော်ကျင့်ကြံသူများက ဒီနေရာက တိုက်ပွဲ၏ သက်ရောက်ခံရခြင်းကနေ ကာကွယ်ရန်အတွက် မိုင်တစ်ရာအကွာကို ဆုတ်လိုက်ကြ၏။
ဒီမြင်ကွင်းကိုမြင်သော် သူတို့နောင်တရစွာ ခေါင်းခါယမ်းကြသည်။
"နှင်းခဲအစီအရင်နဲ့ဆိုရင်တောင် အဆင့်မြင့်ပုဂ္ဂိုလ်တွေရဲ့ တိုက်ခိုက်ရေးစွမ်းအားက အတော်လေးနိမ့်ကျနေဆဲပဲ"
"နှင်းခဲအစီအရင် ဖျက်ဆီးခံရသရွေ့ ဂိုဏ်းသုံးဂိုဏ်းက တပည့်တွေနဲ့ အကြီးအကဲတွေက ပြေး၀င်တိုက်ခိုက်လာကြပြီး နှင်းခဲဂိုဏ်းကလည်း သွေးချောင်းစီးသွားလိမ့်မယ်"
"အခြေအနေက မျှော်လင့်ချက်မဲ့နေပြီ၊ အနာဂတ်မှာ နှင်းခဲဂိုဏ်းက မြောက်၀င်ရိုးစွန်းကြယ်ဒေသကနေ ဖယ်ရှားခံရလိမ့်မယ်..."
နှင်းခဲဂိုဏ်းချုပ် ရှန်းဖူယန်နှင့် ကျန်တစ်ယောက်ကို ကြည့်ရဆိုးသည့် အမူအရာဖြင့် ကြည့်နေသည်။
သူမ၏စွမ်းရည်ကို လောင်ကျွမ်းပစ်ခြင်းက သူတို့နှစ်ယောက်ကို နှောင့်နှေးစေနိုင်သော်လည်း ဒါကဘယ်လောက်ကြာကြာ ခံနိုင်မည်နည်း။
မုဇီရှင်း ဘယ်လောက်ကြာကြာ ခံနိုင်မည်နည်း။
လက်ရှိအခြေအနေကို အခြေခံပါက မျိုးသုဉ်းသွားရန်ဟူသည် အချိန်တစ်ခုသာ လိုအပ်သည်။
နှင်းခဲဂိုဏ်းက သေချာပေါက် ဖျက်ဆီးခံရတော့မည်ဟု မရေမတွက်နိုင်လောက်သော သူများ တွေးနေကြစဉ် ရုတ်တရက် ပုံရိပ်တစ်ခု နှင်းခဲဂိုဏ်းချုပ်ဘေးတွင် ပေါ်လာခဲ့သည်။
ဒီလူကိုမြင်သောအခါ လူတိုင်းကြက်သေသေသွားကြ၏။
လူအများစုက ဒီလူကိုမသိကြပါ။
သို့စေကာမူ နှင်းခဲဂိုဏ်း၏ တပည့်များနှင့် အကြီးအကဲများကတော့ မှတ်မိကြသည်။
ကျန်းချင်းလန် အော်ဟစ်သည်။
"ရှင့်ဘာသွားလုပ်တာလဲ၊ ဂိုဏ်းချုပ်ရဲ့ တိုက်ပွဲမှာ ၀င်ရောက်စွက်ဖက်တာက သေခြင်းတရားကို လက်ယပ်ခေါ်နေတာနဲ့ အတူတူပဲ"
ဒီလူကိုမြင်သောအခါ နှင်းခဲဂိုဏ်းချုပ်ကလည်း အနည်းငယ်ကြက်သေသေသွားသည်။
"ဒါက မင်းတို့နယ်ပယ်နဲ့ ၀င်စွက်ဖက်နိုင်တဲ့ အရာတစ်ခုမဟုတ်ဘူး၊ မြန်မြန်ထွက်သွားတော့"
"အချိန်ကျလာတဲ့အခါကျရင် မင်းရဲ့ညီအစ်ကိုတွေနဲ့ သူတော်စင်မိန်းမပျိုနဲ့အတူ ထွက်သွားလိုက်...."
မုဖူရှန်းအားကိုးရာမဲ့စွာပြောသည်။
"ကျွန်တော်သာဆိုရင် သေချာပေါက်လှုပ်ရှားမှာမဟုတ်ဘူး"
"ကျွန်တော့်ရဲ့အစ်ကိုကြီးက ကျွန်တော့်ကို စမ်းကြည့်ဖို့ပြောထားလို့သာ ကျွန်တော် ၀င်ပါလာရတာပါ"
စမ်းကြည့်မယ်!
နှင်းခဲဂိုဏ်းချုပ် ဆွံအနေသည်။
ဘာကိုစမ်းနေတာလဲ!
မင်းလို နတ်ဘုရင်နယ်ပယ်ကျွမ်းကျင်သူတစ်ယောက်က နတ်သခင်တစ်၀က်ကျွမ်းကျင်သူတွေကြားက တိုက်ပွဲထဲမှာ ဘယ်လိုလုပ် ပါ၀င်လာရတာလဲ!
ဒါကသေခြင်းတရားကို ရှာနေတာနဲ့ မတူဘူးလား!
ရှန်းဖူယန်နှာခေါင်းရှုံ့သည်။
"ကြည့်ရတာ မင်းတို့ရဲ့နှင်းခဲဂိုဏ်းမှာ ဘယ်သူမှ မကျန်တော့ပုံပဲ၊ ဒါပေမယ့် မင်းရဲ့သတ္တိကတော့ ချီးကျူးထိုက်ပါတယ်၊ ဒီလိုကျင့်ကြံခြင်းနယ်ပယ်နဲ့ ငါတို့တိုက်ပွဲမှာတောင် မင်း၀င်စွက်ဖက်ရဲတယ်..."
မုဖူရှန်းရယ်မောကာ ငါးရောင်မိုးကြိုးက သူ့ကိုယ်ပတ်လည်၌ စတင်လွင့်မြောလာသည်။
"သတ္တိက သေချာပေါက်မလုံလောက်ပါဘူး...."
ဆန်းကြယ်ယင်ခရမ်းမိုးကြိုး၊ ကောင်းကင်အပြစ်ပေးနတ်မိုးကြိုး၊ ခြောက်ကိုးကောင်းကင်ဘုံမိုးကြိုး၊ တိုင်ဂျီယင်ယန်ကျင့်၀တ်နတ်မိုးကြိုးအပြင် သာမညဒြပ်စင်ငါးခုခေးအောစ့်အနှစ်သာရနတ်မိုးကြိုးတို့ကလည်း မုဖူရှန်းကိုယ်တစ်ဝိုက်၌ မိုးကြိုးနတ်ဘုရားတစ်ပါး ဆင်းသက်လာသည့်အလား စတင်ရစ်ပတ်လာကြသည်။
လူတိုင်း၏ ထိတ်လန့်နေသည့် အကြည့်များအောက်တွင် မုဖူရှန်းလက်ဖဝါးကို မြှောက်လိုက်ပြီး လက်ဖဝါးပေါ်တွင် ငါးရောင်စုံမိုးကြိုးကို ပုလဲများနှင့်ဆော့ကစားနေသည့် ရေနဂါးတစ်ကောင်အလား ဆော့ကစားနေသည်။
"ဒါက ကျုပ်ဇာတ်ကောင်နဲ့ နည်းနည်းဆန့်ကျင်နေပေမယ့် ကျုပ်ဘယ်လိုခံစားရသလဲဆိုတာ ကြိုးစားပြီး ပြောပြချင်သေးတယ်"
"ခင်ဗျားရဲ့ခွန်အားက ကျုပ်အမြင်ထဲက အတိုင်းဖြစ်ချင်ဖြစ်နေမှာပဲလေ"
ထို့နောက် ကောင်းကင်ဘုံကိုးခုတွင် မိုးကြိုးပစ်သံကြီးတစ်ချက်ထွက်လာပြီး မုဖူရှန်း၏ နတ်သခင်နယ်ပယ် တစ်၀က်အဆင့်အော်ရာကလည်း ရုတ်တရက် ပေါက်ကွဲသွားခဲ့သည်။
မိုးကြိုးပစ်သံများအလယ်တွင် နှင်းဖုံးကမ္ဘာကြီးတစ်ခုလုံးက တစ်ခဏကြာ မှောင်မိုက်သွားခဲ့သည်။
လူတိုင်းဒီမြင်ကွင်းကို မြင်သောအခါ ချက်ချင်းပင် ထိတ်လန့်သွားကြ၏။
ကျန်းချင်းလန်မှာမူ မိန်းမောတွေဝေနေမိသည်။
ရှင့်လုံလောက်အောင် အားမကောင်းဘူးလို့ ပြောခဲ့တာမလား၊ ရှင့်ပါရမီက အရမ်းကြီးမလုံလောက်တာမို့ ရေခဲပုံဆောင်ခဲလွင့်မြောလှေကားထစ်တွေအပေါ် တက်ဖို့အတွက် မကြိုးစားရဲဘူးလို့တောင် ပြောခဲ့တာမလား!
အခုရှင် ကျွန်မကို ရှင်က ဂိုဏ်းချုပ်တွေနဲ့ တူညီတဲ့အဆင့်မှာရှိနေတဲ့ နတ်သခင်နယ်ပယ် တစ်ဝက်အဆင့်ကျွမ်းကျင်သူတစ်ယောက်လို့ ပြောနေတာလား!
ဒါဘယ်လိုအံ့ဖွယ်လဲ!
သေစမ်း!
အပိုင်း(1059) coming။